အခန်း (၃၈)
သူက ချောမောပြီး လုပ်နိုင်စွမ်းရှိတယ်။
ပန်းဆိုင်သို့
ချောမောသည့် အမျိုးသားတစ်ယောက် ရောက်လာခြင်းမှာ အမျိုးသမီး ဝန်ထမ်းနှစ်ယောက်အား ပုံမှန်ထက်
စိတ်အားထက်သန်စေသည့်အပြင် ပန်းဆိုင်၏ ဖောက်သည်အရေအတွက်ကိုလည်း သိသိသာသာ တိုးလာစေသည်။
ရှီယွိယွဲ့ဗီလာဝန်းထဲမှ
ချမ်းသာသော အိမ်ရှင်မများတွင် ပုံမှန်အားဖြင့် အားလပ်ချိန်များစွာ ရှိကြသည်။
သူတို့
အိမ်နားမှ ပန်းဆိုင်တွင် ချောမောသော ဆိုင်မန်နေဂျာတစ်ယောက် ရောက်နေသည်ကို ကြားသောအခါ
အချိန်ရသည့်အခါတိုင်း ယွဲ့ကျီပန်းဆိုင်၌ နေ့လယ်ခင်း လက်ဖက်ရည်လာသောက်ရန် ချိန်းဆိုမှုများ
ပြုလုပ်ကြသည်။
ချန်ကျိုးက
သုံးရက်အတွင်း အလုပ်ကို ပိုင်ပိုင်နိုင်နိုင် သိရှိသွားခဲ့ပြီး ပန်းပို့ဆောင်ရေးလုပ်ငန်းအတွင်း
ဖြစ်လာနိုင်သည့် ယိုပေါက်တို့ကို စိစစ်ခဲ့ကာ ရှန်းမူမူထံ စာရွက်စာတမ်းများ တင်ပြခဲ့ရုံမျှမက
ဆိုင်သို့ ပုံမှန် လာလည်လေ့ရှိသော ဖောက်သည်များ၏ အနှစ်သက်ဆုံး ပန်းစည်း၊ အရောင်များ၊
ရနံ့နှင့် အကြိုက်ဆုံး ကွတ်ကီးတို့ကိုပါ စာရင်းပြုစုကာ အနာဂတ်တွင် အဖွဲ့ဝင် ဖောက်သည်များအတွက်
မွေးနေ့လက်ဆောင်များ ပြုလုပ်ပေးရန်ပင် အစီအစဥ်ဆွဲပေးခဲ့သည်။
ရက်အနည်းငယ်ကြာအောင်
လေ့လာပြီးနောက် ရှန်းမူမူကလည်း ချန်ကျိုး၏ ကာရိုက်တာနှင့် ပတ်သက်၍
အလွန် ကျေနပ်ခဲ့သည်။
ထို့ကြောင့်
သူမက ဆိုင်ကို စီမံခန့်ခွဲရန် သူနှင့် ယုံကြည်ချက်ရှိရှိ လွှဲထားလိုက်ပြီး သူမအတွက်
ခွင့်တစ်ရက်ယူကာ ပျော်ရွှင်စွာဖြင့် ပျင်းပျင်းရိရိ အိပ်စက်တော့သည်။
ရှန်းမူမူက
နေ့လယ်ခင်း နေသိပ်မပြင်းသည့်အချိန်၌ အပြင်ထွက်သွားခဲ့သည်။
သူမသည်
လာမည့် အပန်းဖြေခရီးအတွက် ပစ္စည်းပစ္စယတချို့ ဝယ်ယူရန် စီစဥ်ထားသည်။
"ရှင်
ကားပြန်မောင်းယူသွားလို့ ရတယ်။ ကျွန်မ အိမ်ကို တက္ကစီငှား ပြန်လိုက်မယ်။"
ရှန်းမူမူက
ကားထဲမှ ထွက်လာပြီးနောက် ကိုယ်ကို ကိုင်းကာ အထဲမှ ဒရိုင်ဘာကို
ပြောလိုက်သည်။
သူမက
စျေးဝယ်မထွက်ရသည်မှာ ကြာပြီဖြစ်သဖြင့် အချိန်မည်မျှကြာအောင် စိတ်လွတ်ကိုယ်လွတ် စျေးဝယ်ထွက်မိမည်လည်း
မသိသဖြင့် ဒရိုင်ဘာကို တစ်ချိန်လုံး စောင့်မနေစေချင်ခဲ့ဘဲ သူ့ကို
အရင် ပြန်လွှတ်လိုက်သည်။
ကျင်းမြို့က
အဆောက်အဦးများစွာနှင့် စည်ကားနေသော်လည်း ရှော့ပင်းမောလ်က အခြားနေရာများနှင့် မတူညီစွာ
သွားလာနေသည့်သူ သိပ်မများလှပေ။
သူမသည်
ရှော့ပင်းထွက်ပြီး ပစ္စည်းဝယ်ချင်သည်ဟု ပြောခဲ့သောကြောင့် ဒရိုင်ဘာက
သူမကို ဇိမ်ခံပစ္စည်းရောင်းဝယ်ရေးဆိုင်များ စုဝေးနေသည့် ကုန်တိုက်သို့ ပို့ပေးခဲ့သည်။
အတွင်းပိုင်း
အပြင်အဆင်က ဇိမ်ကျကာ ခမ်းနားထည်ဝါပြီး လျှပ်စစ်က အလကားရသကဲ့သို့ လေအေးပေးစက်ကို အမြင့်ဆုံးတင်ထားပေသည်။
ရှန်းမူမူက
နေကာမျက်မှန် အရောင်းကောင်တာတွင် ရပ်နေပြီး မသိမသာ သူမ လည်ပင်းကို ကျုံ့လိုက်သည်။
တစ်ဖက်က
နွေးထွေးသွားစေရန် ဖြစ်ပြီး အခြားတစ်ဖက်တွင် သူမသည် အံ့သြမှုကြောင့် အနည်းငယ် ပွင့်ဟနေသည့်
ပါးစပ်ကို ဆိုင်ဝန်ထမ်းအား မမြင်စေချင်သောကြောင့် ဖြစ်သည်။
အဲဒီနေကာမျက်မှန်တွေကို
စိန်စီထားလို့လား။
ဘာလို့
ဂဏန်းခြောက်လုံးတောင် ကျတာလဲ။
သူမက
လက်က မသိစိတ်အလျောက် လက်ကိုင်အိတ်ကို ထိလိုက်မိပြီး စိတ်ထဲ၌ ချီမော့အား တိတ်တိတ်လေး
ကျေးဇူးတင်သွားသည်။
ကံကောင်းစွာနှင့်
သူမထံ၌ ချီမော့ပေးထားသည့် ထပ်ဆောင်းကတ်ရှိနေပြီး ၎င်းကို ယူလာခဲ့မိသည်။
ဤကုန်တိုက်အတွင်းမှ
စျေးနှုန်းများက အလွန် မြင့်မားသောကြောင့် သူမ ကိုယ်ပိုင်ပိုက်ဆံနှင့် ပေးချေရလျှင်
နှလုံးသားလေး နာကျင်ရပေလိမ့်မည်။
ထိုသည်ကို
တွေးမိပြီးနောက် သူမ မျက်လုံးများက လင်းလက်သွားသည်။
သူမက
ဖုန်းကို ထုတ်ယူပြီး ချီမော့ထံ မက်ဆေ့ချ် ပို့လိုက်၏။ "ကျွန်မ နှင်းလျှောစီးပစ္စည်းတချို့
ဝယ်ချင်လို့။ ရှင် ပုံမှန်ဆို အဝတ်တွေကို ဘယ်ဆိုဒ်ဝတ်လဲ။"
သူမက
သကြားဖေဖေ၏ ပိုက်ဆံကို သုံးစွဲရန် စီစဥ်ထားသည့်အတွက် ကြည်လင်သော
အသိစိတ်နှင့် ကျေးဇူးတင်ခြင်းဟူသည့် စည်းမျဥ်းကို နားလည်ထားရပေမည်။
ချီမော့
ရှန်းမူမူ၏ မက်ဆေ့ချ်ကို လက်ခံရရှိသည့်အခါ အစည်းအဝေးအတွင်း၌ ဖြစ်သည်။
ထိုအချိန်၌
အစည်းအဝေးခန်း၏ အလယ်၌ ထိုင်နေပြီး သူ့အမူအရာက သီးသန့်ဆန်ကာ ဘာကိုမှ ဂရုမစိုက်ဟန် ရှိနေသည်။
ဖုန်းက
လင်းလာသည်ကို မြင်ပြီးနောက် သူက မျက်လွှာချရင်း ဖုန်းကို လက်ချောင်းသွယ်သွယ်များဖြင့်
ကောက်ယူလိုက်သည်။
နောက်တစက္ကန့်၌
အစည်းအဝေးစားပွဲတွင် ဝိုင်းထိုင်နေကြသော ဋ္ဌာနအကြီးအကဲများသည် အေးစက်၍ ခန့်ညားသော ဥက္ကဋ္ဌ၏
မျက်လုံးများက အနည်းငယ် ပင့်မလာပြီး သူ့လက်ထောက်အား အကြည့်တစ်ချက် ပေးလိုက်သည်အား မြင်လိုက်ရသည်။
သူ၏ အထူးလက်ထောက်က
ချက်ချင်း နားလည်သွားပြီး ကြေညာလိုက်၏။ "အစည်းအဝေး ခဏနားမယ်။ ဆယ်မိနစ်ကြာမှ အစည်းအဝေး
ဆက်လုပ်ပါမယ်။"
လူတိုင်း
ထွက်သွားပြီးနောက် ချီမော့က လည်သာထိုင်ခုံ၌ မှီကာ ထိုင်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ရင်း
ပြန်ဖြေလိုက်သည်။
"အထူးတလည်
ဝယ်စရာ မလိုပါဘူး။ ကိုယ်တို့ အဲဒီကို ရောက်တဲ့အခါ တစ်ယောက်ယောက်က
စီစဥ်ပေးပါလိမ့်မယ်။"
ရှန်းမူမူက
လျင်မြန်စွာ စာရိုက်လိုက်ပြီး မက်ဆေ့ချ် သုံးကြောင်း ဆက်တိုက်ပို့လိုက်သည်။
"ကျွန်မက
ကုန်တိုက်မှာ ရောက်နေပြီ။"
"ဘော့စ်ချီ
ရှင် နားမလည်ပါဘူး။ ခရီးမထွက်ခင် လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတာလည်း
ခရီးစဥ်ရဲ့ ပျော်ရွှင်စရာ အစိတ်အပိုင်းပဲ။"
"ဒါနဲ့
ချီရှောင်ပိုင်အတွက်ပါ တစ်စုံပြင်ဆင်ပေးရမှာ။ အဲဒါမှ သူ့ကို ဖယ်ထားတယ်လို့ မခံစားမိမှာလေ။
ရှင် သူ့ရဲ့ ဆိုဒ်ကို သိလား။"
အမျိုးသားက
မျက်လွှာချထားသည့်အတွက် မျက်တောင်ရှည်များက သူ့အကြည့်တို့ကို ဖုံးကွယ်ပေးထားသည်။ သူ့
လက်ချောင်းတို့က ဖုန်းစခရင်ထက် ရစ်ဝဲနေပြီး ဘာမှမနှိပ်ဘဲ အတွေးထဲ နစ်မြောနေပုံရသည်။
အခြားတစ်ဖက်တွင်
ရှန်းမူမူက မေးစေ့ကို လက်ဖြင့်ထောက်ထားရင်း ရှော့ပင်းမောလ်၏ စောင့်ဆိုင်းဧရိယာမှ ခြေတံရှည်ခုံတစ်ခုပေါ်တွင်
ထိုင်နေခဲ့ပြီး လှပသွယ်လျသော ခြေထောက်များကို ရှေ့နောက် လွှဲယမ်းနေခဲ့သည်။
တခဏကြာပြီးနောက်တွင်
သူမက ချီမော့ထံမှ သူ၏ အတိုင်းအတာကို မက်ဆေ့ချ် လက်ခံရရှိလိုက်သည်။
ထိုမက်ဆေ့ချ်အပြင်
နောက်တစ်ကြောင်း ထပ်ပါသေး၏။ "မင်း အခု ဘယ်ရှော့ပင်းမောလ်မှာလဲ။"
သူမက
ရှော့ပင်းမောလ်၏ နာမည်ကို မော့ကြည့်လိုက်ပြီး ဖုန်းကို ထိလိုက်ကာ ရုတ်တရက် သူမ စိတ်ထဲ၌
တောက်ပသည့် အကြံဉာဏ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ရှန်းမူမူ
: "ဟန့်လုံပလာဇာ၊ ဗိုလ်ချုပ်ကြီးချီရေ ဒီရှော့ပင်းမောလ်က ရှင့်ရဲ့ စီးပွားရေးတွေထဲက
တစ်ခုလားလို့ မဝံ့မရဲ မေးလို့ရမလား။"
ရှန်းမူမူ
: "ရုတ်တရက် လူတစ်စု ထွက်လာပြီး ကျွန်မကို 'မဒမ် စိတ်ကြိုက်ရွေးပါ။ ဥက္ကဋ္ဌချီက
ဒီည ငွေရှင်းပေးပါလိမ့်မယ်' လို့ ပြောတဲ့သူတွေ ရှိလာနိုင်မလား။"
ရှန်းမူမူ
: "အဲဒီလို ဖြစ်မယ်ဆိုရင် ကျွန်မကို ကြိုအသိပေးနော်။ ကျွန်မ အရမ်းလန့်သွားပြီး
ရှင့်ကို အရှက်ရစေမိမှာ စိုးလို့ပါ။"
မီလီယံနှစ်ဆယ်တန်သည့်
ရတနာလည်ဆွဲကို ပေါ့ပေါ့ပါးပါး ဝတ်ရန်ဟု ပြောပေးခဲ့သည့် အဖြစ်အပျက် ပြီးကတည်းက သူမက
ဤအမျိုးသား၏ ချမ်းသာမှုကို ရဲရဲတင်းတင်း ခန့်မှန်းလာမိပေသည်။
ချီမော့သာ
သူမကို 'ဒီမောလ်ကို ကိုယ်ပိုင်တာ။' ဟု ပြန်ဖြေလာခဲ့လျှင်ပင် သူမ အံ့သြမိလိမ့်မည် မဟုတ်ပေ။
ချီမော့က
ဖုန်းကို ကြည့်ရင်း နှုတ်ခမ်းတို့က သဘောတကျ တွန့်ကွေးသွားကာ ခပ်တိုးတိုးရယ်၍ ပြန်ဖြေလိုက်သည်။
"စိတ်ကူးယဥ်နေပြန်ပါပြီ။ ကိုယ်က ဒီအတိုင်း မေးလိုက်တာပါ။"
လွှမ်းမိုးချုပ်ကိုင်နိုင်သည့်
ဥက္ကဋ္ဌထံမှ မျှော်လင့်ထားသော စကားများကို မကြားလိုက်ရသောကြောင့် ရှန်းမူမူက အနည်းငယ်
ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကိုက်လိုက်သည်။
စကားအနည်းငယ်
ပြောပြီးနောက် သူမက အဓိကခေါင်းစဥ်ကို ပြောရန် စကားများကို အပိုင်းသုံးပိုင်း ခွဲလိုက်၏။
ရှန်းမူမူ
: "အမ်... ရှင်လည်း သိတာပဲ။ ပန်းဆိုင်က လတ်တလော မန်နေဂျာအသစ်တစ်ယောက် ငှားထားတယ်လေ။
သူက ကြည့်ကောင်းပြီး လုပ်နိုင်စွမ်းရှိတာကြောင့် ကျွန်မ သူ့ကို လစာမြင့်မြင့် ပေးထားရတယ်။"
အခြားတစ်ဖက်မှ
: "?"
ရှန်းမူမူ
: "ပန်းဆိုင်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးမှု လုပ်ငန်းစဥ်အတွင်း အလုပ်အတွက် အရင်းအနှီးတချို့
သိမ်းထားတာ ပိုကောင်းတယ်လေ။"
အခြားတစ်ဖက်မှ
: "အင်း"
ရှန်းမူမူ
: "အဲဒါကြောင့်... ကျွန်မ ဒီနေ့ ရှော့ပင်းထွက်ဖို့ ရှင်ပေးထားတဲ့ကတ်ကို သုံးလို့ရလား။"
အခြားတစ်ဖက်မှ
: "ကိုယ် မင်းကို ပေးပြီးသားပဲ။ မင်း စိတ်ကြိုက် သုံးလို့ ရပါတယ်။"
ရှန်းမူမူ၏
မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
နောက်ကျသော်လည်း
နောက်ဆုံး၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဥက္ကဋ္ဌကြီး၏ ဒိုင်ယာလော့ခ်က ပြောထွက်လာပြီ
ဖြစ်သည်။
သူမက
ချီမော့ကို အပြုံးလေးနှင့် အီမိုတီကွန် သုံးခုဖြင့် ပြန်ဖြေလိုက်သည်။
"ကျေးဇူးပါ
ဘော့စ်.jpg"
"ဘော့စ်က
အရမ်း ရက်ရောတာပဲ.jpg"
"ခြေထောက်နှိပ်ပေးပါရစေ
ဘော့စ်.jpg"
ချီမော့၏
အကြည့်များက စခရင်ပေါ်တွင် ကျရောက်နေပြီး သူ့မျက်လုံးများထဲတွင် နက်ရှိုင်းသော အတွေးတို့နှင့်
ပြည့်နေခဲ့သည်။
သူက အခုလေးတင်
သူမ ပြောသွားသည့် အကြောင်းကို တွေးနေဆဲ ဖြစ်သည်။
ကြည့်ကောင်းချောမောပြီး
လုပ်နိုင်စွမ်းရှိတယ်လား။
...
နှစ်နာရီကြာပြီးသည့်အခါ...
Down
Jacket တစ်ထည် ဝယ်ပြီးနောက် ရှန်းမူမူက အားကစားပစ္စည်းများ ရောင်းသည့်အထပ်သို့ သွားကာ
နှင်းလျှောစီးပစ္စည်း သုံးစုံနှင့် အသေးအမွှား ပစ္စည်းလေးတချို့ ရွေးချယ်လိုက်သည်။
အိတ်များကို
သယ်ရင်း သူမက မြေညီထပ်သို့ ဆင်းလာခဲ့၏။
ရှော့ပင်းမောလ်၏
ဆုံလည်တံခါးပေါက်နားသို့ ရောက်သည်နှင့် အပြင်ဘက်မှ လေအေးတစ်သုတ် ဝင်လာသည်ကို ခံစားမိလိုက်သည်။
ရှန်းမူမူ
ဝင်ပေါက်သို့ ရောက်သည့်အခါ အပြင်ဘက်၌ မိုးရွာနေကြောင်း သတိပြုမိလိုက်သည်။
နွေလယ်ခေါင်၏
ရာသီဥတုက တစ်စက္ကန့်တွင် နေကျစ်ကျစ်တောက်ပူကာ နောက်တစ်စက္ကန့်၌ မုန်တိုင်းကျလာတတ်သည်။
သူမက
တံခါးနားတွင် ရပ်၍ စိုးရိမ်ပူပန်နေစဥ် ဖုန်းမှ မက်ဆေ့ချ် ဝင်လာသံကို ကြားလိုက်ရသည်။
ချီမော့
: "အပြင်ဘက်မှာ မိုးတွေ ရွာနေတယ်။ မင်း အိမ်ပြန်တဲ့အခါ ဒရိုင်ဘာကို
ဖြေးဖြေးမောင်းဖို့ ပြောလိုက်ဦး။"
ရှန်းမူမူက
အိတ်များကို လက်တွင် ချိတ်လိုက်ပြီး လက်ကို အားအောင်လုပ်၍ ပြန်ဖြေလိုက်သည်။
"ကျွန်မ
ဒရိုင်ဘာကို ပြန်သွားခိုင်းလိုက်တယ်။ ဒါကြောင့် အခု တံခါးနားမှာပဲ
စောင့်နေရတယ်။ ကြည့်ရတာ ကျွန်မ ဒီနေ့ ရှင့်ပိုက်ဆံတွေ အများကြီး ဖြုန်းလိုက်မိလို့
မိုးနတ်မင်းကြီးက မိုးရွာချပြီး သတိပေးလိုက်တာ ဖြစ်ရမယ်။ [မျက်ရည်ထွက်အောင် ရယ်နေသော
အီမိုဂျီ]"
မက်ဆေ့ချ်ကို
ပြန်ပြီးနောက် သူမ အငှားယာဥ်အက်ပ်ကို ဖွင့်ရန် အခွင့်အရေးမရသေးခင် ရုတ်တရက် ရင်းနှီးသော
အသံတစ်ခုကို ကြားလိုက်ရသည်။
"အစ်မရှန်း"
သူမကို
ဤကဲ့သို့ ခေါ်သည့်သူ တစ်ယောက်သာ ရှိသည်။ ၎င်းက ချန်ကျိုး ပင်။
ရှန်းမူမူက
မိုးရေထဲကို ဖြတ်ကာ ကြည့်လိုက်သည့်အခါ ချန်ကျိုး၏ ကားက လမ်း၏ အခြားတစ်ဖက် မီတာအနည်းငယ်
ဝေးသည့်နေရာတွင် ရပ်ထားကြောင်း မြင်လိုက်ရသည်။
ကားပြတင်းပေါက်က
အနည်းငယ် ပွင့်ဟလာပြီး ချန်ကျိုးက မိုးရေထဲမှ ဖြတ်ကာ လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
"အစ်မရှန်း
ဒရိုင်ဘာကို စောင့်နေတာလား။ အခု ကားတွေက အရမ်းရှုပ်နေတာ။ ဘယ်နေရာကို
သွားမှာလဲ။ ကျွန်တော် လိုက်ပို့ပေးရမလား။"
ရှန်းမူမူက
မည်းမှောင်နေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အခြေအနေကို
အကဲဖြတ်ကြည့်သည့်အခါ မိုးက ခဏလေးနှင့် မတိတ်နိုင်သလို လမ်းကလည်း ပို၍ ရှုပ်လာတော့မည်
ဖြစ်သည်။
ထို့ကြောင့်
သူမက စိတ်အားထက်သန်နေသည့် ဝန်ထမ်းအသစ်လေးကို ယဥ်ကျေးမနေတော့ဘဲ အကူအညီမဲ့စွာ ပြုံးရင်း
မိုးရေထဲမှ ပြန်အော်လိုက်သည်။
"ကျေးဇူးပါ။
ကျွန်မ ရှီယွိယွဲ့ဗီလာကို ပြန်မှာ။"
ချန်ကျိုးသည်
ကားထဲ၌ ထီးတစ်ချောင်းကို မြင်မိသောကြောင့် ယူကာ သူမ ရပ်နေသည့် နေရာသို့ ပြေးသွားလိုက်သည်။
သူမ အိတ်ထဲမှ
ရှော့ပင်းအိတ်များကို မြင်သည့်အခါ လက်ဆန့်၍ ယူလိုက်၏။
"ကျွန်တော်
အိတ်တွေ အရင်သွားထားပေးမယ်။ အဲဒါဆို ဒါတွေကို ရေစိုတော့မှာ မဟုတ်ဘူး။"
သူက အိတ်ကို
ယူကာ ကားဆီသို့ အမြန်ပြေးသွားလိုက်သည်။
ထိုအချိန်၌
ရှန်းမူမူ၏ ဖုန်းက အသံမြည်လာခဲ့သည်။
ချီမော့ထံမှ
ခေါ်ဆိုခြင်း ဖြစ်သည်။
သူ၏ နက်ရှိုင်းသော
အသံတွင် တည်ငြိမ်မှုကို သယ်ဆောင်ထားသော်လည်း သူမသည် သူက ပုံမှန်ထက် စကားကို မြန်မြန်
ပြောနေကြောင်း ပြောနိုင်ပေသည်။
"ရုံးဆင်းချိန်ဖြစ်နေလို့
ကားက အရမ်းကျပ်နေတယ်။ မင်း ဒရိုင်ဘာကို မစောင့်တော့နဲ့။ ကိုယ်
လာကြိုလိုက်မယ်။ မောလ်နားမှာ ကဖီးတစ်ခုခု ခဏလောက် စောင့်နေလိုက်။ ကိုယ် သိပ်မကြာခင်
ရောက်မယ်။"
ရှန်းမူမူက
စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ "မလိုတော့ဘူး။ ကျွန်မ ကံကောင်းစွာနဲ့
ဝန်ထမ်းအသစ်လေးနဲ့ တွေ့ခဲ့ပြီး သူက လိုက်ပို့ပေးမယ်လို့ ပြောတယ်။"
ဖုန်းကို
ကိုင်ထားသည့် ချီမော့၏ လက်ချောင်းများက တင်းကျပ်သွားပြီး အချိန်မီမတုန့်ပြန်လိုက်နိုင်ပေ။
ထို့နောက် ဖုန်းတစ်ဖက်မှ နေ၍ လူငယ်တစ်ယောက်၏ စိတ်အားထက်သန်နေသော ကြည်လင်သည့် အသံတစ်ခု
ထွက်ပေါ်လာ၏။
"အစ်မရှန်း
ကျွန်တော် ပစ္စည်းတွေ သွားထည့်ထားလိုက်ပြီ။ သွားကြရအောင်။ ကျွန်တော်တို့မှာ ထီးတစ်ချောင်းတည်း
ရှိတာမို့ ကျေးဇူးပြုပြီး သည်းခံပေးပါဦး။"