အခန်း (၃၅)
ငါတို့ ဥက္ကဋ္ဌရဲ့ ဇနီးကို ထပ်ပြီး နှောက်ယှက်တာမျိုး အမျိုးသမီးတွေကို မလေးမစားပြုတာမျိုး
ထပ်ရှိလာရင် အဲဒီအခါကျ ထိခိုက်ဒဏ်ရာလေးတချို့တလေ ရရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးနော်
သုံးမိနစ်ကြာပြီးနောက်
မြေပြင်ကို ထိခတ်သည့် လည်သာရှူးဖိနပ်သံက နီးကပ်လာသည်။
အသံလာရာကို
မော့ကြည့်လိုက်သည့်အခါ ဓာတ်လှေကားထဲမှ ထွက်လာသည့် ကျစ်လျစ်တောင့်တင်းကာ မြင့်မားသော
အရပ်နှင့် ချောမောသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
သူ့မျက်လုံးများက
ရှန်းမူမူနှင့် ဆုံသွားသည့်အခိုက်အတန့်၌ အမျိုးသား၏ မျက်ဝန်းထောင့်များက နူးညံ့သိမ်မွေ့စွာ
ကွေးတက်သွားသည်။
ဇူလိုင်လ၏
ရာသီဥတုက ပူလောင်အိုက်စပ်သော်လည်း ရုံးခန်းအတွင်းမှာ လေအေးပေးစက်က အလွန် အားကောင်းသည်။
သူက ရှပ်အင်္ကျီကို
ကြယ်သီးအစုံတပ်ကာ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ အပေါ်ထပ်အင်္ကျီက သူ့လက်ဖျံပေါ်တွင် တွဲလွဲတင်ထားပြီး
သူ လက်ရှိ အလုပ်မလုပ်နေကြောင်း ပြသနေသည်။
ရှန်းမူမူက
ချီမော့ ကားသော့ကိုင်မထားသည်ကို မြင်၍ မေးလိုက်သည်။ "ရှင် ကား မမောင်းခဲ့ဘူးလား။"
ထိုစကားများ
ထွက်လာသည်နှင့် သူမသည် မေးခွန်းက အလွန် တုံးအသလို ခံစားမိလိုက်သည်။
သူက ပုံမှန်ဆိုလျှင်
ကားမောင်းစရာ မလိုပေ။ သူ သွားချင်သည့်နေရာကို ရှောင်ဝမ်က လိုက်ပို့ပေးလိမ့်မည် ဖြစ်သည်။
ဒီနေ့
ရှောင်ဝမ်က ဘယ်ရောက်နေတာလဲ။
သူမ၏
သံသယကို မမေးလိုက်ရသေးခင် သူမက ချီမော့ စကားကို ကြားလိုက်ရသည်။ "ကားပြုပြင်ထိန်းသိမ်းရေးအတွက်
ယူသွားဖို့ ခိုင်းလိုက်တာ။"
ရှန်းမူမူက
ချီမော့၏ ကားဂိုဒေါင်ထဲမှ များပြားလှသော ဇိမ်ခံကားများကို တွေးကြည့်ကာ စဥ်းစဥ်းစားစားနှင့်
ခေါင်းညိတ်လိုက်သည်။ "ကားတွေ အများကြီး ရှိတာလည်း ပြဿနာပဲ။ အလှည့်ကျ ပြုပြင်ထိန်းသိမ်းမှု
လုပ်ရတာ အချိန်အများကြီး ကုန်တယ်။"
သူမက
ပြောရင်းနှင့် အဖြူရောင် Porsche ကားထံ လျှောက်သွားနေရင်း အိတ်ထဲမှ ကားသော့ကို ထုတ်ကာ
မေးလိုက်သည်။ "ရှင် မောင်းချင်လား။ ကျွန်မပဲ မောင်းလိုက်ရမလား။"
အချိန်အကြာကြီး
အဖြေပြန်မလာသည့်အတွက် သူမက မော့ကြည့်လိုက်သည်။
သူမသည်
ချီမော့၏ မြင့်မားသော ပုံရိပ်က ကားတံခါးရှေ့၌ ရပ်နေကြောင်း မြင်လိုက်ရသည်။
သူ၏ ရှည်သွယ်သော
လက်ချောင်းများက ကားပြတင်းဘောင်၌ ကပ်ထားသည့် မှတ်စုကို ဖြုတ်ယူလိုက်သည်။
သူ၏ မျက်တောင်ရှည်များက
မျက်လုံးထဲမှ အလင်းကို ဖုံးကွယ်ထားပြီး သူ့မေးရိုးက တင်းကျပ်သွားကာ အေးစက်သည့် အငွေ့အသက်တို့
ထွက်ပေါ်လာသည်။
ရှန်းမူမူ
: ?
သူမက
တစ်ချက်လှမ်းကြည့်လိုက်သည်။
မှတ်စုစာရွက်ပေါ်၌
မလှမပ စာကြောင်း အနည်းငယ် ရှိသည်။
"ဟယ်လို
မစ္စ၊ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်။
ကျွန်တော်က
မစ္စနဲ့ မိတ်ဆွေ ဖြစ်ချင်လို့ပါ။
ကျွန်တော့် အသက်က ဒီနှစ် ၂၃ နှစ်ရှိပြီ။ အရပ်က 180cm ရှည်ပြီး ပုံမှန်အားဖြင့်
လေ့ကျင့်ခန်းလုပ်တာမို့ ဝမ်းဗိုက်ကြွက်သားတွေ ရှိတယ်။
တကယ်လို့
မစ္စ ဆန္ဒရှိရင် ကျွန်တော့် WeChat XXXXXXXXXXX မှာ လာ add နိုင်ပါတယ်။
(ပွေ့ဖက်)"
"ဖူး—"
ရှန်းမူမူက
အသံထွက်အောင် ရယ်မောလိုက်ပြီး သူမ မျက်လုံးထောင့်များက လှပစွာ ကွေးညွှတ်သွားသည်။
"စာကြောင်းလေး
နည်းနည်းနဲ့ စာလုံးပေါင်းအမှား သုံးခုတောင် ရှိတယ်။"
"ဒစ်စနေးကနေ
ထွက်ပြေးလာတဲ့ အမိုက်အမဲလေးပဲ။"
ရှန်းမူမူက
ဗိုက်ကို နှိပ်ကာ ရယ်နေပြီး မှတ်ချက်ပေးလိုက်သည်။
သူမ ဘေးမှ
အမျိုးသားက မတူညီသော အရှိန်အဝါနှင့် နက်ရှိုင်းသော မျက်လုံးများက သူဘာတွေးနေသလဲ မသိနိုင်ပေ။
ရယ်မောနေသည့်
မိန်းကလေးက သူ့လက်ထဲမှ မှတ်စုစာရွက်ကို ယူကာ သူမ၏ ဖုန်းကို ထုတ်လိုက်သည့်အခါမှ သူ၏
နက်ရှိုင်းမည်းမှောင်သော မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
"မင်း
သူ့ကို add မလို့လား။"
သူအသံက
ရေခဲနှင့် စိမ်ထားသကဲ့သို့ အေးစက်ကာ ခပ်နိမ့်နိမ့်နှင့် နက်ရှိုင်းလှသည်။
"သေချာပေါက် မဟုတ်ဘူးပေါ့။" ရှန်းမူမူက သူမ ဖုန်းမှ ကင်မရာကို ဖွင့်လိုက်သည်။
"ဒီလောက်ရယ်ရတဲ့ ကိစ္စကို၊ ထင်းရန်ပါ ကျွန်မနဲ့အတူ ရယ်ရအောင် ပို့ပေးမလို့လေ။"
ပြောပြီးနောက်
သူမက ဓာတ်ပုံရိုက်လိုက်သည်။
ထို့နောက်
သူမက လှည့်ပတ်ကြည့်ပြီး အမှိုက်ပုံးမတွေ့သဖြင့် မှတ်စုကို လုံးချေကာ ချီမော့လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"အမှိုက်ပစ်ဖို့ ကူညီပေးပါဦး။ ကျွန်မ စာပို့လိုက်ဦးမယ်။"
ကြီးမားသည့်
လက်ဝါးတစ်ခုက အနည်းငယ် တုန်ယင်နေသည့် လက်ချောင်းတို့ဖြင့် မှတ်စုစာရွက်ကို ခြေမွကာ
ကိုင်ထားသည်။ သူမကို ကြည့်နေသည့် အမျိုးသား၏ အကြည့်တို့ကပို၍ လျှို့ဝှက်နက်နဲလာသည်။
ရှန်းမူမူက
ဖုန်းကို ကိုင်ထားရင်း စာရိုက်နေကာ အကဲဖြတ်မှုပြုလုပ်နေသည်။
"အဲဒီစာချန်ခဲ့တဲ့
ကောင်လေးက တကယ်ပဲ 180cm ရှိမယ်ဆိုတာ ကျွန်မ လောင်းရဲတယ်။ ကျွန်မတို့အားလုံး သိကြတဲ့အတိုင်း
ကမ္ဘာပေါ်မှာ 169cm နဲ့ 179cm တွေက ခေတ်မစားဘူးလေ။ သူက သူ့အရပ်သူ ဂုဏ်ယူနေတာ ဖြစ်မယ်။"
ချီမော့
: "......"
အမျိုးသား၏
လက်ချောင်းများက တဖြေးဖြေး တင်းကျပ်လာပြီး အဖြူရောင်သို့ ပြောင်းသွားခဲ့သည်။
မှတ်စုစာရွက်က
ဘောလုံး သေးသေးလေးအဖြစ် ခြေမွခံလိုက်ရ၏။
.......
ရှီယွိယွဲ့ဗီလာသို့
သွားသည့် လမ်းတွင်....
ရှန်းမူမူက
အလွန် ဇဝေဇဝါ ဖြစ်နေသည်။
ချီမော့ကို
ကားပါကင်၌ ပထမဆုံး စတွေ့စဥ်၌ အလွန် ပုံမှန်ပင် ဖြစ်သည်။
သို့သော်
ကားထဲသို့ ရောက်ပြီးနောက် သူက တိတ်ဆိတ်နေကာ စကားပြောချင်ပုံမရတော့ပေ။
ကားက
မီးနီတစ်ခုတွင် ရပ်သွားသည့်အခါ ချီမော့က အေးစက်သည့် မျက်နှာနှင့် သူ့ဖုန်းထဲသို့ စာလုံးအနည်းငယ်
ရိုက်ထည့်ကာ ပို့လိုက်သည်။
ရှန်းမူမူက
၎င်းကို မျက်လုံးထောင့်မှ မြင်လိုက်ရသည်။ သူမက သူ ကုမ္ပဏီကိစ္စ စိတ်ပူနေသည်ဟု ခန့်မှန်းလိုက်ကာ
စကားထပ်ပြောဖို့ မကြိုးစားတော့ပေ။
သူမက
ကားပြတင်းကို အနည်းငယ် ချလိုက်၏။
နွေရာသီ
ညနေခင်း လေးငါးနာရီဝန်းကျင်၌ တိုက်ခတ်သည့်လေက ပူနွေးကာ သစ်ပင်ရနံ့တို့ကို သယ်ဆောင်လာသည်။
ကားအတွင်းမှ ဖိနှိပ်နေသော လေထုအခြေအနေက အနည်းငယ် ပြေလျော့လာ၏။
တစ်ချိန်တည်း၌
အခြားတစ်ဖက်တွင်...
လက်ထောက်သုန်း၏
ဖုန်းက နှစ်ကြိမ်ခန့် အသံမြည်လာသည်။
၎င်းမှာ
ဘော့စ်မှ စာပို့သောအခါ သတိပြုမိစေရန် အထူးတလည် ထားရှိထားသည့် နိုတီသံ ဖြစ်၏။
လက်ထောက်သုန်းက
ဖုန်းပေါ်မှ လိုတိုရှင်းမက်ဆေ့ချ်ကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်လာသည်။
ဖြစ်နိုင်လား။
တစ်စုံတစ်ယောက်က
တကယ်ပဲ ဘော့စ်ရဲ့ ဇနီးကို အနှောက်အယှက်ပေးရဲခဲ့တာလား။
လက်ထောက်သုန်းသည်
ချီမော့နောက်သို့ နှစ်ပေါင်းများစွာ လိုက်လာခဲ့ပြီး သူက သူ့ဘော့စ်၏ ကိုယ်ကျင့်စရိုက်ကို
ကောင်းစွာ သိရှိပေသည်။
သူက အပေါ်ယံ၌
တုံဏှိဘာဝေနေတတ်သော်လည်း အမှန်တကယ်၌ အလွန် ထိန်းချုပ်လိုစိတ်ပြင်းပြသူ ဖြစ်သည်။
သူ မျက်စိကျသွားသည့်
ပရောဂျက်မှန်သမျှ ရယူရန် ဘယ်သောအခါမှ ကျရှုံးသည်မျိုး မရှိပေ။ သူက အထီးကျန်ဝံပုလွေကဲ့သို့
သူ၏ ပိုင်နက်နယ်မြေကို ဘယ်သူ့ကိုမှ ထိခွင့်ပေးလိမ့်မည် မဟုတ်ပါချေ။
လက်ထောက်သုန်းက
တုန်ယင်သွားကာ တံတွေးမြိုချလိုက်သည်။ "......"
ယနေ့ခေတ်
လူငယ်များက အမှန်တကယ် ရဲတင်းလှသည်။
လက်ထောက်သုန်း၏
အလုပ်လုပ်သည့် စတိုင်လ်က မြန်ဆန်ပြီး တိကျကာ အကြင်နာကင်းရက်စက်သည်။
ဆယ်မိနစ်အတွင်းမှာပင်
သူက မြေအောက်ကားပါကင်၏ စောင့်ကြည့်ဗီဒီယိုကို ရယူပြီးဖြစ်သည်။
စုံစမ်းစစ်ဆေးမှုအချို့
ပြုလုပ်ပြီးနောက် သူသည် လူငယ်လေးများက အဆောက်အအုံအပြင်ဘက် fast food စားသောက်ဆိုင်အတွင်း၌
ကြွားဝါပြောဆိုနေသည်ကို မြင်လိုက်ရသည်။
သူသည်
သူတို့အသံများကို ကြားရန် အနားထိ ကပ်သွားရန်ပင် မလိုအပ်ခဲ့ပေ။
"အခုလေးတင်
ကားပါကင်မှာ တွေ့ခဲ့တဲ့ သူဋ္ဌေးမလေးရဲ့ ခါးသွယ်သွယ်နဲ့ လက်မောင်းဖြူဖြူလေးကို ပြန်တွေးရုံနဲ့
ငါ့တစ်ကိုယ်လုံး ပူလောင်လာသလိုပဲ။"
"ဘယ်သူက
မဟုတ်ဘူး ပြောလို့လဲ။ အဲဒီလောက် ခါးသွယ်သွယ်လေးနဲ့ သူမက အရမ်း နူးညံ့ပျော့ပျောင်းနေမှာပဲ
ဟုတ်တယ်မလား။"
တစ်ယောက်က
ညစ်ညမ်းစွာ ရယ်မောလိုက်သည်။
"ဟေး...
အဲဒီသူဋ္ဌေးမလေးရဲ့ WeChat ကို add နိုင်ဖို့ အချိန်ဘယ်လောက်ကြာမယ်လို့ ထင်လဲ။"
"ဒီကောင်ရဲ့
ချောမောတဲ့ အသွင်အပြင်နဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ဆို သုံးရက်ထက်တော့ ပိုမကြာလောက်ဘူး။"
"ကြာလွန်းတယ်။
အဲဒီသူဋ္ဌေးမလေးက ဒီညလောက်ဆို ဆက်သွယ်လာလိမ့်မယ်လို့ ခံစားရတယ်။ သိတယ်မလား ညဘက်မှာ
အထီးကျန်မှုကို ခံစားရဖို့ လွယ်တယ်လေ။"
စကားကို
ပြောလေ ရယ်သံများက ပိုကျယ်လာလေ ဖြစ်သည်။
သူ့လူများ၏
မြှောက်ပင့်စကားများကို ကြားသည့်အခါ အားရွှိုက်၏ ယုံကြည်ချက်က ပိုမိုမြင့်မားလာသည်။
သူက ဟန်ပန်တကြီးနှင့်
ဆံပင်ကို သပ်ရင်း ပြောလိုက်သည်။
"ငါ
သူမကို အောင်အောင်မြင်မြင် ရသွားတာနဲ့ ငါ့အတွေ့အကြုံကို မင်းတို့တွေနဲ့ မျှဝေပေးပါ့မယ်။"
လက်ထောက်သုန်း၏
လက်သီးက ကျစ်ကျစ်ဆုပ်သွားပြီး သူက ဇက်ချိုးလိုက်သဖြင့် အရိုးအဆက်များကြားမှ မြည်သံထွက်ပေါ်လာသည်။
ကျရောက်လာတော့မည့်
အန္တရာယ်ကို သတိမပြုမိသေးသည့် အားရွှိုက်က ဆက်ပြောနေသည်။
"ငါ
သူမရဲ့ ရုပ်ရည်ကိုပဲ မြင်လိုက်ပြီး အသံမကြားလိုက်ရတာ နှမြောစရာပဲ။ သူမ အိပ်ရာထဲမှာ
ဘယ်လိုအသံမျိုး ဖြစ်မလဲဆိုတာ မသိလိုက်ရဘူး——"
ရုတ်တရက်
ဘယ်နေရာက ပျံထွက်လာမှန်းမသိသော လက်သီးတစ်ချက်က သူ့ပါးရိုးပေါ် ကျရောက်လာပြီး သူ့စကားကို
နှောက်ယှက်လိုက်သည်။
သူက နာကျင်သွားသည့်
နေရာကို ပွတ်ရင်း ပြောလိုက်သည်။
"ဘယ်ခွေးကောင်က
ငါ့ကို လာထိုးတာလဲ။"
သူ့နောက်မှာ
ရပ်နေသော သူ့ထက် အရပ်ရှည်ပြီး ကြံ့ခိုင်ကျစ်လျစ်သည့် ကိုယ်လုံးကိုယ်ထည်နှင့် လူကို
မြင်သောအခါ ကြောင်အမှင်တက်သွားခဲ့သည်။
သူက စိတ်ထဲ၌
ကြောက်ရွံ့လာသော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ အသံမြှင့်၍ အော်လိုက်သည်။ "ဘာကောင်လဲ
မင်းက..."
လက်ထောက်သုန်းက
သူ့အား အထင်အမြင်သေးစွာ အဖက်မတန်သလို ကြည့်လိုက်သည်။ သူ့ဘော့စ်၏ 'မြန်မြန်အပြီးသတ်'
ဟူသော အမိန့်အတိုင်း စကားပြော၍ အချိန်မဖြုန်းဘဲ သူ့လက်သီးကသာ မှန်ကန်တိကျစွာဖြင့် မိုးရွာသလို
ကျဆင်းလာသည်။
အခြားလူများက
ကြက်သေသေနေကြပြီး ကူညီရန် ရှေ့တိုးလာချင်သော်လည်း တစ်ဖက်သတ်အခြေအနေကို မြင်သောအခါ ပါဝင်ပတ်သက်မိမည်ကို ကြောက်ရွံ့သွားကြသည်။ သူတို့က တွေဝေနေပြီး ကူညီရန် လက်မကမ်းရဲကြပေ။
ဒီ ရုတ်တရက်
ပေါ်လာတဲ့ ဝတ်စုံပြည့်နဲ့လူက ဘယ်သူလဲ။
အားရွှိုက်က
အပြင်ဘက်မှာ မှောင်ခိုလုပ်ငန်းနဲ့ ပတ်သက်တဲ့ သူဋ္ဌေးတချို့ကို
ဆန့်ကျင်မိခဲ့တာလား။
လက်ထောက်သုန်းက
ရပ်တန့်လိုက်ပြီး သူ့ခြေထောက်အောက်မှ အမျိုးသားကို အထင်အမြင်သေးစွာ ငုံ့ကြည့်လိုက်သည်။
နောက်ဆုံး၌ သူက ရှင်းလင်းချက်တစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။
"အဲဒီလက်သီးချက်တွေက
မင်းမရနိုင်တဲ့ဟာကို မတပ်မက်ဖို့ သင်ပေးတာလို့ မှတ်လိုက်။"
"ငါတို့
ဥက္ကဋ္ဌရဲ့ ဇနီးကို ထပ်ပြီး နှောက်ယှက်တာမျိုး အမျိုးသမီးတွေကို မလေးမစားပြုတာမျိုး
ထပ်ရှိလာရင် အဲဒီအခါကျ ထိခိုက်ဒဏ်ရာလေး တချို့တလေ ရရုံနဲ့ ပြီးသွားမှာ
မဟုတ်ဘူးနော်။"
ထို့နောက်
သူက အမျိုးသား၏ လက်များကို လိမ်လိုက်ပြီး ခက်ခက်ထန်ထန် ပြောလိုက်သည်။
"သိပြီလား။"
အရိုက်ခံလိုက်ရသည့်လူက
အညိုမည်းများဖြင့် ယောင်ယမ်းနေသော မျက်နှာနှင့် နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ့လက်များက
ကျောနောက်ဘက်တွင် ထိန်းချုပ်ခံထားရပြီး သူက အနောက်ဘက်မှ လူကို မမြင်နိုင်ဘဲ ထိုအမျိုးသားက
ချက်ချင်း သေနတ်ဆွဲထုတ်ကာ သူ့ကို သေအောင် ပစ်သတ်လိုက်တော့မလို ခံစားနေရပေသည်။ သူက ထပ်ကာထပ်ကာ
တောင်းပန်လိုက်၏။
"မှားသွားပါတယ်။
ကျွန်တော်မှားသွားပါတယ် အစ်ကို။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး။"
လက်ထောက်သုန်းက
စိတ်မရှည်စွာ လွှတ်ပေးလိုက်ပြီး သူ့လက်မှ ဖုန်များကို သုတ်လိုက်သည်။
သူက ကြောင်အမှင်တက်နေဆဲ
လူငယ်လေးများကို ကြည့်လိုက်သည်။
"ဒီအရွယ်လေးနဲ့
အလွယ်လမ်းလိုက်ချင်ကြတာ သောက်ရမ်း ရွံဖို့ကောင်းတယ်ဆိုတာ သိလား။"
သူ့ အကြည့်ကျရောက်ခံလိုက်ရသည့်
လူတိုင်းက တညီတညာတည်း နောက်ဆုတ်သွားကာ နာခံစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ကျွန်တော်တို့
ထပ်မလုပ်ရဲတော့ပါဘူး အစ်ကို။"
"တောင်းပန်ပါတယ်
အစ်ကို။"