ONGOING

၇၀ပြည့်နှစ်ဆီသို့ဖရဲသီးစနစ်နှင့်အတူကူးပြောင်းသွားခြင်း

Author: noveldominion

Viewers

149

Chapters

3

ONGOING

၇၀ပြည့်နှစ်ဆီသို့ဖရဲသီးစနစ်နှင့်အတူကူးပြောင်းသွားခြင်း

Author: noveldominion

Viewers:

149

Chapters

3


Title -70ခုနှစ်ဆီသို့ဖရဲသီးsystemနှင့်ကူးပြောင်းသွားခြင်း


ကျန်းလဲ့တစ်ယောက် လူသားတို့၏ ဉာဏ်ရည်အထက်မြက်ဆုံးအချိန်ဖြစ်သည့် တက္ကသိုလ်ဝင်ခွင့်ရခါစ အချိန်မှာပင် ခွေးသွေးဒရာမာ ဝတ္ထုတစ်ပုဒ်ထဲသို့ သုံးစားမရသည့် "အတင်းအဖျင်း" စနစ်တစ်ခုနှင့်အတူ အမြှောက်စာဇာတ်ကောင်လေးအဖြစ်ကံဆိုးမိုးမှောင်ကျကာ ကူးပြောင်းရောက်ရှိသွားရှာတော့သည်။


ထိုခေတ်ကား အရင်းအမြစ်များ အလွန်ရှားပါးလှသည့် ၁၉၇၀ ပြည့်နှစ်များ ဖြစ်၏။ အချိန်မရွေး အသက်ထွက်သွားနိုင်လောက်သည်အထိ အာဟာရချို့တဲ့ပြီး မျက်နှာလေးများပင် ညှိုးရော်နေကြသည့် မိသားစုဝင်များကို ကြည့်ရင်း ကျန်းလဲ့တစ်ယောက် အားကိုးရာမဲ့စွာ စိတ်ပျက်နေမိလျက်။


သို့သော်လည်း...


ဘေးအိမ်က ‌အ‌ေဒါ်ကြီးကျန်း သူတို့ကို ထပ်မံအနိုင်ကျင့်ပြန်သောအခါတွင်မူ အသုံးမကျဟု ထင်မှတ်ထားခဲ့သော စနစ်‌က ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့်...


"Host...အဒေါ်ကြီးကျန်းရဲ့ ယောက်ျားက မြုံနေတာ!"


ကျန်းလဲ့က အဒေါ်ကြီးကျန်း၏ သား ၅ ယောက်နှင့် သမီး ၃ ယောက်ကို လှမ်းကြည့်လိုက်ရင်း...


"!!!"


စနစ်: "ဒင်! အဒေါ်ကြီးကျန်းရဲ့ ယောက်ျားကိုသာ အမှန်တရား ဖွင့်ချလိုက်မယ်ဆိုရင် Host အနေနဲ့ အတင်းအဖျင်း Points 100 ရမှာပါ!"


စက်ရုံမှူးက အာဏာကိုအလွဲသုံးစားလုပ်ပြီး ကျန်းလဲ့ဝမ်းကွဲအစ်ကိုဖြစ်သူ၏ အလုပ်အကိုင်ကို သူ့တူမအတွက်သူ လုယူလိုက်သောအခါတွင်လည်း စနစ်က ထပ်မံ၍ တက်ကြွလာပြန်သည်။


"Host ရေ... ဒီစက်ရုံမှူးက အဝယ်‌ေတာ်အရာရှိနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာနေတာဗျ! သူ့ကိုသာ အရှက်ခွဲလိုက်ရင် အတင်းအဖျင်း Points 500 တောင် ရမှာနော်!"


ဇာတ်လိုက်မကို သဘောကျနေသည့် ပညာတတ်လူငယ်တစ်ဦးက ကျန်းလဲ့အား နာမည်ဖျက်စွပ်စွဲလာသောအခါတွင်လည်း စနစ်က နိုးကြားလာပြန်၏။ 


"Host..."


ကျန်းလဲ့ စနစ်၏ အရောင်းဆိုင်ထဲ ဝင်ကြည့်လိုက်သောအခါ ကွေကာအုပ် တစ်ဘူးလျှင် အတင်းအဖျင်း Points 5 points ၊ မန်ထိုတစ်လုံးလျှင် 1 point သာ ကျသင့်ကြောင်း တွေ့လိုက်ရသဖြင့် ရွှေတွင်းကြီးတူးမိသလိုပင် ခံစားလိုက်ရလေပြီ။


ထိုအချိန်မှစ၍ မူရင်းဝတ္ထု၏ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် အနိုင်နိုင် ရုန်းကန်နေရချိန်တွင် ကျန်းလဲ့ကမူ အတင်းအဖျင်းများမှ ရရှိသော နို့သကြားလုံးများ၊ ရှားပါးနို့မှုန့်များနှင့် ကုန်တိုက်ကြီးများတွင်ပင် ဝယ်မရနိုင်သော ခေတ်မီအဝတ်အစားများကို အသုံးပြုလျက် သူ၏ အားနည်းပိန်ချုံးနေသော မိသားစုဝင်များကို ဝဖြိုးကျန်းမာလာအောင် ပြုစုပျိုးထောင်ပေး‌ေတာ့၏။


မူရင်းဇာတ်လိုက်များမှာမူ သူတို့၏ ရှုပ်ထွေးလှသော အချစ်ကစားပွဲများကြားတွင်သာ နစ်မွန်းနေသဖြင့် ကျန်းလဲ့ကို သတိပင် မထားမိကြပေ။ သူတို့ သတိထားမိလိုက်ချိန်တွင်မူ သူတို့အထင်အမြင်သေးခဲ့သော "အမြှောက်စာ" လေး ကျန်းလဲ့မှာ ပီကင်းတက္ကသိုလ်သို့ပင် တက်ရောက်ခွင့် ရရှိသွားခဲ့‌ေလပြီ။


သို့သော် ကျန်းလဲ့တွင်လည်း သူတို့ကို ဂရုစိုက်နေရန် အချိန်မရှိ‌ေပ။ သူ၏ အာရုံစိုက်မှုအားလုံးဟာ တခြားတစ်ယောက်အပေါ်တွင်သာ စုပုံနေ‌ေလသည်။ ဤအမှိုက်ဝတ္ထုကို ဆုံးအောင်ဖတ်မိခဲ့ပြီး ဤနေရာသို့ ရောက်လာရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာလည်း ထိုသူပင် ဖြစ်၏။ ထိုသူမှာမူ မူရင်းဇာတ်ကြောင်း၌ ဆောင်းရာသီကိုပင် မကျော်နိုင်ခဲ့ရှာဘဲ ဝမ်းနည်းဖွယ် ကွယ်လွန်သွားခဲ့ရသည့် ထက်မြက်လွန်းလှသော ဇာတ်ကောင်‌ေလးတစ်ခုပင်။


ကျန်းလဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း: "ဒီတစ်ခါတော့ ငါ အဲဒီလို ထပ်အဖြစ်မခံတော့ဘူး!"


ဒါပေမဲ့... သူ အဲဒီသူကို ကာကွယ်ပေးလေလေ၊ အဲဒီသူ သူ့ကို ကြည့်တဲ့ အကြည့်ကြီးတွေက ထူးဆန်းလာလေလေပဲ။ ဒါက ဘာ တွေ ဖြစ်ကုန်တာလဲ?!


Reviews

Ellen

တစ်ရက်တစ်ပိုင်းတင်မှာလားဟင်

28 days ago
Ellen

တစ်ရက်တစ်ပိုင်းတင်မှာလားဟင်

28 days ago
Chapter3
22 Mar, 2026
Chapter2
22 Mar, 2026
Chapter1
22 Mar, 2026
Chapter3
22 Mar, 2026
Chapter2
22 Mar, 2026
Chapter1
22 Mar, 2026
Chapter3
22 Mar, 2026
Chapter2
22 Mar, 2026
Chapter1
22 Mar, 2026
Chapter1
22 Mar, 2026
Chapter2
22 Mar, 2026
Chapter3
22 Mar, 2026
Chapter1
22 Mar, 2026
Chapter2
22 Mar, 2026
Chapter3
22 Mar, 2026
Chapter1
22 Mar, 2026
Chapter2
22 Mar, 2026
Chapter3
22 Mar, 2026