အပိုင်း-14
(ဝိဉာဉ်နိုးထခြင်းအဆင့်သို့တက်ခြင်း၊ငှက်အော်သံကြီး)
ဖုန်းဟွာတစ်ညလံုးအနားယူရင်းသူမရဲ့ဆရာေပြာတဲ့အေကြာင်းအရာေတွကိုပြန်လည်ေတွးေတာေနခဲ့တယ်
သူမတို့ရှိနေတဲ့အဆင့်နိမ့်ကုန်းမြေကြီးဟာ အပိုင်းလေးပိုင်းခွဲခြာထားတယ် ပထမအကြီးဆံုအပိုင်းဟာအရှေ့ဘက်မှာရှိပြီး ငွေလဝံပုလွေဘုရင်ကအုပ်ချုပ်သူဖြစ်ကာ ေငွရောင်လမင်းကုန်းမြေလို့ခေါ်တယ်
ဒုတိယကအကြီးဆုံးအပိုင်းကတော့တောင်ဘက်မှာရှိကာ ကောင်းကင်စားစာငှက်တွေရဲ့သွေးမျိုးဆက်ပါတဲ့ တိမ်ပျံစာဘုရင်ကအုပ်ချုပ်သူဖြစ်ကာ အလင်းတိမ်တိုက်ကုန်းမြေကြီးလို့ခေါ်ပြီး
တတိယအကြီးဆုံးက မြောက်ဘက်မှာရှိကာ အလင်းဦးချိုသမင်ဘုရင်ကအုပ်ချုပ်သူဖြစ်ကာ
အစိမ်းရောင်လွင်ပြင်ကုန်းမြေကြီးလို့ေခါ်တယ်
အသေးဆုံးကုန်းမြေကြီးမှာတော့လူသားတွေဘဲမင်းမူကာ ထာဝရမိုးကုန်းမြေကြီးလို့ခေါ်တယ်
ဖုန်းဟွာဟာသူမရဲ့ဆရာနဲ့အတူသွားရင် ဒီကုန်းမြေနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေကိုလည်းသင်ယူခဲ့ရတယ်
သူမတို့နေထိုင်တဲ့နေရာဟာ တိမ်ပျံဘုရင်အုပ်ချုပ်တဲ့ အလင်းတိမ်တိုက်ကုန်ေမြကြီးပင်အခုသူမတို့ဆရာတပည့်နှစ်ယောက် အလင်းတိမ်တိုက်ကုန်းမြေကြီးကနေထာဝရမိုးကုန်းမြေ ကိုဖြတ်သန်းဖို့ဆုံးဖြတ်ထားခဲ့တယ်
ပြီးတော့သူမဆရာသင်ပေးတဲ့သားရဲကမ္ဘာကျင့်စဉ်
ထိုကျင့်စဉ်မှာ
သီးခြားပိုင်းဖြတ်ခြင်း
ကမ္ဘာတည်ငြိမ်ခြင်းနှင့်
ဆက်သွယ်ချက်ဆိုပြီး
အဆင့်သုံးဆင့်ဘဲရှိကာ
သူမဟာသီးခြားပိုင်းဖြတ်ခြင်းအဆင့်ရဲ့အထွတ်အထိပ်ကိုရောက်နေပြီဘဲဖြစ်တယ်
ဒါကြောင့်သူမက ဝိဉာဉ်နိုးထခြင်းအဆင့် ကိုတက်လှမ်းရင်းနဲ့တခါတည်း သားရဲကမ္ဘာကျင့်စဉ်ရဲ့ကမ္ဘာတည်ငြိမ်ခြင်းအဆင့်ကိုရောက်ရှိဖို့စိတ်ပိုင်းဖြတ်ထားခဲ့တယ်
ဖုန်ဟွာအတွေးတွေကိုဖြက်ကာပစ္စုပ္စန်ကိုပြန်ရောက်လာတော့တယ်
'အတွေးတွေများနေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူးလက်ရှိအခြေအနေတိုင်းဘဲကောင်းတယ်'
သူမလည်းတစ်ညတာကိုကုန်ဆုံးဖို့ မျက်လုံးမှိတ်ကာအနားယူလိုက်တော့တယ်
...............................
အရှေ့အရပ်ကနေ သူရိန်နေမင်းကြီးကဝင့်ကြွားစွာထွက်ပေါ်လာတော့တယ်
တောကြီးထဲမှာရှိကြတဲ့ သားရဲသတ္တဝါတွေကြောင့်
တောကြီးဟာအလွန်ကိုသက်ဝင်လှုပ်ရှားလာပါတော့တယ်
အလင်းတိမ်တိုက်ကုန်းမြေကြီးရဲ့တောတွင်းတစ်နေရာမှာလည်းလှမတဲ့မျက်ဝန်းအစုံဟာလည်းသက်ဝင်လှုပ်ရှားလာတော့တယ်
ဖုန်းဟွာနိုးနိုးချင်းစိတ်ကိုအရင်တည်ငြိမ်အောင်လုပ်ကာသူမဆရာရှိရာနေရာသို့ထွက်လာခဲ့တော့တယ်
"ဆရာတပည့်ဝိဉာဉ်နိုးထခြင်းအဆင့်ကိုချိုးဖျက်တော့မယ်ရှင့်"
"ကောင်းပြီ မင်းစိတ်ချလက်ချသာလုပ်မင်းကိုဘယ်သူမမနှောက်ယှက်စေရဘူး
ဆရာစောင့်နေပေးမယ်"
"ကျေးဇူးပါဆရာသခင်"
ဖုန်းဟွာလည်းသစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်ကာသူမကိုယ်ပွားနဲ့ဆက်သွယ်ပြီးအဆင့်ချိုးဖျက်ဖို့လုပ်တော့တယ်
သူမနဲ့ကိုယ်ပွားတို့ဟာတစ်ချိန်းတည်းမှာဘဲအဆင့်ချုးဖျက်ဖို့အာရုံစိုက်လိုက်ကျလိုက်တော့တယ်
ဝိဉာဉ်စွမ်းအင်တွေဟာသူမတို့ရဲ့ဒန်တျန်ထဲမှာစုဝေးလာကာ တဖြည်းဖြည်းဖြင့်အလုံးပုံစံပေါ်လာတော့တယ်
ဝိဉာဉ်နိုးထခြင်းအဆင့်ကိုချိုဖျက်ဖို့အတွက်ပထမဆုံးဝိဉာဉ်ချီတွေကိုဒန်တျန်ထဲမှာအလုံးလေဖြစ်သွားအောင်စုစည်းရတယ်
ပြီးတဲ့နောက်မှာစုစည်းထားလို့ဖြစ်လာတဲ့အလုံးပုံစံထဲကနေ ဝိဉာဉ်ချီကိုတွန်းအားပေပြီးဖောက်ထွက်ရမှာဘဲဖြစ်တယ်
အခုဖုန်းဟွာဟာသူမရဲ့ဒန်တျန်ထဲမှာစုထားတဲ့ဝိဉာဉ်လုံးလေးထဲကဝိဉာဉ်ချီကိုတွန်းအားပေးပြီဖောက်ထွက်တော့တယ်
သူမဟာထိုအလုံးလေးကိုဖိအားပေးနေပေမယ့်
ဘာမှထူးခြာလာခြင်းမရှိသေးပေ
သူမဟာအားလျော့ဘဲကြိုးစားပြီးတွန်းအားပေးနေခဲ့တယ်
ခရက်
သိပ်မကြာခင်မှာဘဲကြိုးစားပြီးတွန်းအားပေးခဲ့တဲ့ရလဒ်အဖြစ် တစ်ခုခုအက်ကွဲသံကိုသူမကြားလိုက်ရတော့တယ်
ခရက် ခရက် ခရက်
အက်ကွဲသံတွေတဖြည်းဖြည်းစိပ်စိပ်လာကာ
အချိန်မရွှေးကျိုးပျက်သွားမယ့်ပုံပေါ်လာခဲ့တယ်
သူမလည်း သူမရဲ့ဝိဉာဉ်ချီတွေကိုအကန့်အသတ်ထိတွန်းအားပေးရင် ဝိဉာဉ်ချီလုံးလေးကိုချိုးဖျက်လိုက်တော့တယ်
ခွမ်း
တစ်ခုခုကွဲသွားသံနဲ့အတူ
သူမရဲ့စိတ်အာရုံထဲမှာအလွန်းတောက်ပတဲ့ရောင်စုံအလင်းတွေထွန်းလင်းလာကာအလွန်းကျယ်လောင်သောငှက်အော်သံကိုကြားလိုက်ရတော့တယ်
ထိုငှက်အော်သံထဲမှာ မာန၊ဝံ့ကြွားမှု၊အတုမရှိမှုတွေအပြင်အလွန်းလွှမ်းမိုးနိုင်းစွမ်းလည်းရှိနေခဲ့တယ်
ထို့အပြင်းထိုငှက်သံထွက်ပေါ်လာတာနဲ့တစ်လောကလုံးမှာရှိတဲ့အသံတွေတိတ်ဆိတ်သွားကာ ထိုအသံကသာတစ်ခုတည်းရှိနေခဲ့တော့တယ်
ထိုအခိုက်အတန့်ဟာသိပ်မကြာခဲ့ဘဲ အလွန်တိုတောင်းတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ခဲ့တယ်
သို့သော်တစ်လောကလုံးကတော့အချိန်တစ်ခုထိအသံတွေတိတ်နေခဲ့ကာ သိပ်မကြာခင်မှာဘဲ ဆွေးနွေးသံတွေနဲ့တစ်လောကလုံးဆူညံလာတော့တယ်
"ဘာ ဘာတွေဖြစ်သွားတာလဲ"
"ဟေး မင်းတောင်မသိတာငါကဘယ်လိုလုပ်သိမှာလဲဟ"
"အဲ့ဒါဘာငှက်ရဲ့အသံဖြစ်မလဲ "
"မင်းကသားရဲငှက်လို့သေချာလှချည်လား
သားရဲမဟုတ်လဲ သိုင်းဝိဉာဉ်ရောမဖြစ်နိုင်ဘူးလား"
"အဲ မင်းပြောသလိုလဲမဖြစ်နိုင်တာတော့မဟုတ်ဘူး"
"ဘာဘဲဖြစ်ဖြစ်မိုးပြိုလာရင်တောင် အရပ်မြင့်တဲ့သူတွေရှိသေးတာဘဲကွာ"(ကပ်ဘေးကြုံရင်တောင်ပိုစွမ်းတဲ့သူတွေကအရင်ခံရတာကိုပြောတာပါ)
ဒီအသံတွေကတော့အဆင့်နိမ့်ကျင့်ကြံသူေတွ
သူတွေ လေလွင့်ကျင့်ကြံသူတွေဆွေးနွေးတဲ့အသံတွေပါ