အပိုင်း-13
(လေကျားသစ်နဲ့ ရွှံစပါးအုံး)
"ဆရာမစိတ်ဝိဉာဉ်ရဲ့အစစ်အမှန်သဘာဝကရေခဲကိုး အဲ့တာကြောင့်လည်းဆရာမရဲ့စိတ်ဝိဉာဉ်လိုမျိုးကရှားပါးတာနေမှာ"
"ကောင်းပြီငါတို့တွေသွားကြစို့ လမ်းမှာသားရဲတွေရဲ့သဘာဝတွေ ကိုသေချာရှင်းပြပေးမယ်"
...........
ကုန်းမြေကြီးတစ်ခုလုံးကိုဖုံးလွမ်းထားတဲ့ စိမ်းစိုလှပြီး သားရဲမျိုးစုံးကျက်စားတာကြောင့်အန္တရယ်ေတွပုန်းကွယ်နေတဲ့တောကြီးရဲ့တနေရာမှာ အစိမ်းရောင်အကွက်တွေနဲ့ကျက်သစ်တစ်ကောင်နဲ့ အညီုရောင် အဆင်းရှိတဲ့မြွေကြီးတစ်ကောင်ဟာတစ်ကောင်နဲ့တစ်ကောင် အသေအကြေသတ်ပုတ်နေကြတယ်
ထိုနေရာရဲ့အနီးမှာရှိကြတဲ့သစ်ပင်မြင့်ကြီးရဲ့အပေါ်မှာလဲမျက်နှာကိုပုဝါဖြင့်ကာထားတဲ့သတ်လတ်ပိုင်းမိန်းမတစ်ယောက်ရယ်
သုံးနှစ်အရွယ်ကလေးမလေးတစ်ယောက်ရယ်ဟာ
သားရဲနှစ်ကောင်အချင်းချင်းသတ်နေကြတာကိုတိတ်ဆိတ်စွာကြည့်ရှုနေခဲ့ကြတယ်
ထိုနှစ်ယောက်ကတော့ တောထဲကိုလှည့်လည်သွားလာဖို့ ထွက်လာခဲ့ကြတယ့်ဖုန်းဟွာနဲ့သူမရဲ့ဆရာမထန်မူမူတို့ပင်ဖြစ်ကြတယ်
"ဟွာဟွာ ငါမင်းကိုဒီအတောအတွင်းပေးထားတဲ့သားရဲတစ်သန်းစာအုပ်ထဲမှာအဲ့နှစ်ကောင်ကိုဘာလိုသားရဲတွေအဖြစ်မှတ်တမတင်ထားလဲဆိုတာပြောပ
စမ်း"
"ဟုတ်ကဲ့ပါဆရာသခင်ရှင့်
အစိမအကွက်နဲ့ကျားသစ်ကို လေကျားသစ်လို့လခါ်ပြီး လေဓာတ်စင်ကိုအသုံးပြုတဲ့အဆင့်နိမ့်သားရဲဖြစ်ပြီး အခုလေကျားသစ်က အဆင့်၂အမျိုးအစား၅ကိုရောက်နေပြီဘဲဖြစ်ပါတယ်ရှင့်
အညိုရောင်မြွေကိုတော့ နွံစပါးအုံးလို့ခေါ်ပြီး
အဲ့ဒီအကောင်ကလည်းအဆင့်နိမ့်သားရဲဘဲဖြစ်ကာ လက်ရှိအဆင့်၂အမျိုးအစား၆ကိုရောက်နေပြီဖြစ်ပါဆရာ"
"မှန်တယ် မင်းကဒီအချိန်လေးအတွင်းမှာကိုတော်တော်တိုးတက်လာခဲ့တာဘဲ နောက်တစ်ခု ဒီသားရဲနှစ်ကောင်ဘာလို့တိုက်ခိုက်နေကြတာလဲ
ဟွာဟွာ မင်းပြောကြည့်ပါဦး"
"ဒီနှစ်ကောင်ကအဆင့်နိမ့်သားရဲတွေဖြစ်လို့ ကံအခွင့်အရေးမရှိရင် အလွန်ဆုံးရောက်နိုင်တာကအဆင့်၃ထိပါဘဲ ဒါပေမယ့်ဒီကုန်းမြေကြီးမှာအဆင့်၃ဆိုတာကအစွမ်းထက်ဆုံးဘဲလေဆရာ
ပြီးတော့သားရဲတွေဆိုတာက အဆင့်တစ်လေးတွေတောင်ကိုယ့်ပိုင်နက်နဲ့ကိုယ်ဘဲနေကြတာ
ဒီနေရာကလေဓာတ်စင်အရမ်းများတဲ့အတွက်လေကျားသစ်ရဲ့ပိုက်နက်ဘဲဖြစ်ရမယ် ရွှံစပါးအုံးကတော့ ပိုက်နက်ကျုးကျော်တဲ့သူဘဲဖြစ်နိုင်တယ်ဆရာ"
"အိုး မင်းကဘာလို့အဲ့လိုထင်ရတာလဲဒီနေရာက
စပါးအုံးရဲ့ပိုက်နက်ဖြစ်ပြီးလေကျားသစ်ကကျုးကျော်တာရောမဖြစ်နိုင်ဘူးလား"
"ဘာလို့လဲဆိုတော့ လေကျားသစ်နဲ့ ရွှံစပါးအုံးတို့တိုက်ပွဲမှာ လေကျားသစ်ရဲ့လှုပ်ရှားမှုတွေက ပါတ်ဝန်းကျင်နဲ့ သဟဇာတရှိပြီး ရွှံစပါးအုံးကတော့ပတ်ဝန်းကျင်အစိမ်းမှာတိုက်ခြုက်နေရတာဖြစ်လို့
တိုက်ခိုက်မှုတွေဟာ အသားမကျဘူး"
"ကောင်းလိုက်တာဟွာဟွာရေ မင်းရဲတွေခေါ်မှုတွေကအလွန်းကောင်းလိုက်တာ မင်းပြောတာမှန်တယ်
မကြာခင်မှာဘဲရွှံစပါးအုံးရှုံးတော့မယ်"
"ဆရာမ ရွှံစပါးအုံးက ဘာလို့လေကျားသစ်ရဲ့ပိုက်နက်ကိုလာပြီးလုရတာလဲ ဘာလို့လဲဆိုတော့ဒီနေရာကမကြာခင်မှာဘဲ ဒီနေရာကရွှံအိုင်ကြီးဖြစ်လာတော့မယ်"
ဖုန်းဟွာသူမဆရာရဲ့စကားကိုကြားတဲ့အခါမှာအလွန်အံ့ဩသွားပါတော့တယ်
"ဟွာဟွာသိပ်အံ့ဩမနေနဲ့မင်းမသိတာကပုံမှန်ပါဘဲ
ဒီမှာမိုးတွေသည်းသည်းမည်းမည်းရွားတော့မယ်
ပြီးတော့ဒီနေရာက အနိမ့်ပိုင်းဖြစ်နေတော့ ရေတွေအိုင်လာလိမ့်မယ် အဲ့လိုဖြစ်ပြီသိပ်မကြာခင်မှာဘဲ ဒီနေရာကြီးကအလွန်ကျယ်တဲ့နွံအိုင်ကြီးဖြစ်သွားလိမ့်မယ် စပါးကြီးမြွေကဘာလို့သိလဲဆိုတော့ဒီနေရာကအရင်ကသူ့နေရာမို့လို့ဘဲ သူကနွံတွေခြောက်သွားရင် အခြားနေရာကိုသွားနေလိမ့်မယ် နွံတွေပြန်ဖြစ်လာရင်ပြန်လာလိမ့်မယ် မင်းခန့်မှန်းတာမှားတယ်လို့ပြောတာမဟုတ်ဘူးနော် ရွှံစပါးကြီးရဲ့ပါတ်ဝန်းကျင်ကရွှံအိုင်ဖြစ်လာတဲ့ပါတ်ဝန်းကျင်ဘဲ အခုကရွှံမှမရှိတာ အဲ့တော့လေကျားသစ်ကိုရှံုးလိမ့်မယ်"
သူမတို့စကားတွေပြောနေတဲ့အချိန်မှာဘဲ လေကျားသစ်ဟာ ရွှံ့စပါးအုံးရဲ့အမြှီးဖြင့်တိုက်ခိုက်မှုကိုနောက်ဆုတ်၍ရှောင်ကာ ရွှံစပါးအုံးရဲ့ခေါင်းကိုလျင်မြန်စွာကိုက်လိုက်တော့တယ်
ရွှံစပါးကြီးမြွေဟာအလွန်နာကျင်တာကြောင့် ရုန်းကန်ရင်ဖြင်းပါတ်ဈန်းကျင်တစ်ခုလုံးရုန်းရင်းဆန်ခတ်တွေဖြစ်သွားတော့တယ်
သိပ်မကြာခင်မှာဘဲ ေလကျားသစ်ပါးစပ်ထဲမှာကိုက်ခဲခံထားရတဲ့ ရွှံစပါးအုံးဟာ ငြိမ်ကျသွားပြီး
တစ်ချက်တစ်ချက်အကြောဆွဲရင်းသေဆုံးသွားတော့တယ် လေကျားသစ်ဟာလည်းဒဏ်ရာပြင်းထန်တာကြောင့် ထိုနေရာမှာဘဲ လဲလျောင်းကာအနားယူလိုက်တော့တယ်
နေ့တစ်ပိုင်းလောက်ကြာတဲ့အခါမှာတော့လေကျားသစ်ဟာအနားယူနေရာမှထကာ ရွှံ့စပါးအုံးကို သူ့ရဲ့နေရာကိုခေါ်သွားပြီးအမဲဖျက်စားသောက်လိုက်တော့တယ်
ဖုန်းဟွာနဲ့သူမရဲ့ဆရာမတို့ကလည်းဖြစ်စဉ်အစမှအဆုံးထိနေရာကိုလုံးဝမရွေ့ဘဲသေချာကြည့်နေခဲ့ကြတော့တယ်
ထိုအချိန်မှာဘဲဖုန်းဟွာကတောင့်ခနြဲ့ဖစ်သွားကာ
"ဆရာသခင်ရှင့် တပည့်ရဲ့ကိုယ်ပွားကစွမ်းအင်စုပ်ယူတာအကန့်အသတ်ပြည့်သွားပြီဖြစ်လို့ မနက်ဖြန်မှာဝိဉာဉ်နိုးထခြင်းအဆင့်ကိုချိုးဖျက်ပါတော့မယ်ရှင့်"
"ကောင်းပြီ အဲ့ဒါဆိုဒီနေ့မင်းကသားရဲကမ္ဘာကျင့်စဉ်ကြိဘဲလေ့ကျင့်တော့ အခုဘယ်အဆင့်ကိုရောက်ပြီလဲ"
"တပည့်က ကမ္ဘတည်ငြိမ်ခြင်းအဆင့်ကိုရောက်တော့မှာပါဆရာ"
"မင်းကကမ္ဘာတည်ငြိမ်ခြင်းအဆင့်ကိုရောက်ရင် မင်းရဲ့ပထမဆုံးသားရဲကိုရွေးချယ်ကြတာပေါ့အခုတော့မင်းအဆင့်ချိုးဖျက်ဖို့ ပြင်ဆင်ကြတာပေါ့"
"ဟုတ်ကဲ့ပါဆရာရှင့်"