Chapter-12
Viewers 2k

အပိုင်း-12

(အသူရာနေကိုးစင် သို့မဟုတ်ငရဲရေခဲနေမင်း)



ဖုန်းဟွာလည်းသူမဆရာရဲ့ကုချင်းတီဟန်တွေကိုသေချာအာရုံစိုက်နေခဲ့တယ် သိပ်မကြာခင်မှာဘဲ

လှပတဲ့လက်ချောင်းသွယ်သွယ်လေးတွေကုချင်းပေါ်မှာလှုပ်ရှားလာချင်းနှင့်အတူ ညိမ့်ညောင်းလှတဲ့ကုချင်းသံထွက်ပေါ်လာခဲ့တော့တယ် ညိမ့်ညောင်းလှတဲ့ကုချင်းသံစဉ်နဲ့အတူ သဘာဝစွမ်းအင်တွေစုစည်းလာကာ ဆရာသခင်ရဲ့ကိုယ်ထဲကအလွန်ပူပြင်းပြီးရဲရဲနီနေသော နေလုံးကြီးကိုးလုံးထွက်ပေါ်လာခဲ့တော့တယ်

ထိုနေလုံးကြီးကိုးလုံးတို့ဟာ ဆရာသခင်ရဲ့ဘေားမှာကုချင်းသံစဉ်အလိုက်လှုပ်ရှားကာဆရာသခင်ကိုအကာအကွယ်ပေးနေကြတယ်

ဖုန်းဟွာတစ်ယောက်သူမဆရာသခင်ရဲ့ကုချင်းတီးဟန်တွေကိုအာရုံးစိုက်ကာမှတ်သားနေခဲ့တယ်

ကောင်းကင်တမန်သံစဉ်ကိုဆရာသခင်ရပ်နားလိုက်တဲ့အခါမှာဖုန်းဟွာတစ်ယောက်အသိပညာအသစ်တွေတိုးပွားလာခဲ့တော့တယ်

သူမသတိပြန်ဝင်လာတဲ့အခါမှာတော့ ညနေစောင်းနေပြီဖြစ်ကာ သူမရဲ့ဆရာသခင်ကိုလည်းယခင်နေရာမှာမတွေ့ရတော့ပေ ထိုအစား ကောင်းကင်တမန်ဟုရေးထိုးထားသောစာအုပ်လေးတစ်အုပ်ကိုသာထိုနေရာမှာသူမ‌ေတွ့လိုက်ရတော့တယ်

ဖုန်းဟွာလည်းစာအုပ်လေးကိုယူကာသူမရဲ့ဂူကိုဘဲပြန်လာခဲ့လိုက်တော့တယ် 

အဲ့ဒီနောက်မှာတော့ တောအုပ်ကြီးထဲကရေတံခွန်းနားတဝိုက်မှာရေကျသံလေးတွေရယ် ချောချောမွေ့မွေ့သိပ်မရှိသေးတဲ့ ကုချင်းသံလေးတွေရယ်ကိုကြားနေရတော့တယ်

အချိန်တစ်လကုန်လွန်သွားတဲ့အခါ ရေတံခွန်အနီးကလှိုင်ဂူလေးထဲကထွက်ပေါ်လာတဲ့ ကုချင်းသံလေးတွေဟာ အရင်အချိန်တွေကထက်စာရင် ညိမ့်ညိမ့်ညောင်းညောင်းလေးပိုရှိလာခဲ့တော့တယ်။

လှိုင်ဂူထဲကဖုန်းဟွာရဲ့အနီးတဝိုက်မှာလည်းအသက်စွမ်းအင်ကိုဖုန်းကွယ်ထားတဲ့ ပျက်သုန်းခြင်းလေနီကြမ်းတွေကသူမကိုဝန်းရံကာအကာအကွယ်ပုံစံဖြင့်လှည့်ပါတ်နေခဲ့တယ်

သူမဟာကုချင်း‌နဲ့ကောင်းကင်တမန်သံစဉ်ကိုလေ့ကျင့်တာမှာသူမကိုယ်တိုင်ဘဲလေ့ကျင့်ခဲ့ပြီး

ကိုယ်ပွားကိုတော့ ဝိဉာဉ်ချီစုပ်ယူပြီးခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုးကိုချိုးဖျက်နိုင်ရန်သာလုပ်ဆောင်ခဲ့တယ်

ဖုန်းဟွာကုချင်းတီခတ်တာကိုရပ်နားပြီးသံစဉ်ကိုအဆုံးသတ်လိုက်တယ် သူမဒီနေ့တော့ဘာမှမလုပ်ဘဲအနားယူဖို့ဆုံးဖြတ်ထားခဲ့တယ်

အကြောင်းကတော့မနက်ဖြန်မှာသူမရဲ့သုံးနှစ်ပြည့်‌ေမွးနေ့ကိုရောက်တော့မှာဘဲဖြစ်လို့ပါ

ဖုန်းဟွာခုတင်ပေါ်မှာအနားယူရင်း သူမရဲ့ဘဝကိုပြန်တွေးတောနေခဲ့‌တယ်

သူမကအရင်ဘဝကမိဘမဲ့မလို့ သူမရဲ့အခုဘဝကဖုန်းမိသားစုကိုအလွန်သဘောကျပါတယ်

ဒါပေမယ့်သူမဟာ အသက်ငယ်သေးပေမယ့်သူမရဲ့ခံစားချက်တွေကိုမဖော်ပြတတ်တာကြောင့် 

သူမဟာ သူမအေးအေးဆေးဆေးလေး‌သာနေထိုင်ခဲ့တယ်

မနက်ဖြန်ကျရင်သူမဒီလောကကိုရောက်ခဲ့တာ သုံးနှစ်ရှိခဲ့ပြီဖြစ်တယ် သူမအတွေးတွေရွက်လွင့်နေတုန်းသူမရဲ့ကိုယ်ပွားဟာဝိဉာဉ်ချီတွေကိုစုပ်ယူရင်းခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်9ကိုချိုးဖျက်သွားတော့တယ် သူမရဲ့ကိုယ်ပွားအဆင့်ချိုးဖျက်တာနဲ့အတူသူမရဲ့အရှိန်အဝါကလည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုးသို့ရောက်သွားကာချက်ချင်းပင် သာမန်ဆန်သွားပြန်တော့တယ်

ထို့နောက်မှာတော့သူမရဲ့စိတ်ကိုလုံးဝအနားပေးလိုက်တော့ကာအမှောင်ထဲကိုတိုးဝင်လိုက်တော့တယ်

နောက်တစ်နေ့သူမနိုးထလာတဲ့အခါမှာတော့

သူမဆရာမဆီကိုထွက်ခွာလာခဲ့တော့တယ်

သူမဆရာဟာသူမရောက်လာမှာကိုကြိုသိနေတဲ့အတိုင်း သူမလှိုင်ဂူရဲ့အနီးနားမှာသူမကိုစောင့်နေခဲ့တယ်

"ဟွာဟွာ မင်းဒီနေ့ဆိုရင်အသက်သုံးနှစ်ပြည့်ပြီနော်

ဒီနေ့တော့ငါမင်းကိုကုချင်းနဲ့ပါတ်သတ်ပြီးသင်ပေးမှာမဟုတ်ဘူး ငါတို့တောထဲကိုခြေဦးတည့်ရာကိုလျောက်သွားကြမယ် ပြီးရင်မင်းအတွက်သားရဲတစ်ကောင်လောက်ရှာကြတာပေါ့ မင်းကိုငါ့ရဲ့ဂီတအမွေတစ်ခုထဲဘဲမကဘဲသားရဲသခင်လမ်းစဉ်ကိုပါငါဆက်ခံစေချင်တယ် ဒါကတော့ငါ့ရဲ့သားရဲတွေကိုထိန်းတဲ့ကျင့်စဉ်ဘဲ"

ဟုဆိုကာသူမရဲ့နှဖူးကိုလက်ညှိုးလေးနဲ့ထိုးလိုက်တော့တယ်

ဖုန်းဟွာသူမခေါင်းထဲမှတ်ညဏ်အသစ်တွေဝင်လာတာကိုသိလိုက်ရတယ်

သူမထိုမှတ်ဉာဏ်တွေကိုစုစည်းလိုက်တဲ့အခါမှာတော့ သားရဲသခင်တွေအတွက်ကျင့်စဉ်ဖြစ်တဲ့

သားရဲကမ္ဘာဆိုတဲ့ကျင့်စဉ်ပင်ဖြစ်တယ်

ကျင့်စဉ်ဟာ အဆင့်ကိုးအဆင့်မြင့်ကျင့်စဉ်ဖြစ်တာကြောင့် အခြားလူတွေသာသူမပိုင်ဆိုင်ကြောင်းသိသွားရင်သွေးကြောင်းစီးမှာ‌အသေအချာပင်

သားရဲသခင်တွေဟာသူတို့ရဲ့သားရဲတွေကိုသားရဲအိတ်ထဲမှာသာအမြဲထည့်ထားကာ သူတို့အဆင့်တက်ရင်သားရဲတွေလည်းအဆင့်မတက်နိုင်ပေ

သားရဲကမ္ဘာဆိုတဲ့ကျင့်စဉ်ကတော့ ကျင့်ကြံသူကသားရဲတွေကိုသိမ်းဖို့ သားရဲအိတ်ကိုမလိုပါဘူး

သူတိုရဲ့ စိတ်ဝိဉာဉ်ကိုခွဲကာ ကျင့်စဉ်အတိုင်းလည်ပတ်လိုက်ရင် အလွန်တည်ငြိမ်တဲ့နေရာလွတ်ကိုစိတ်ဝိဉာဉ်ထဲမှာရရှိမှာဘဲဖြစ်တယ်

မိမိစိတ်ဝိဉာဉ်ရဲ့ဒြပ်သဘာဝနဲ့ကိုက်ညီတဲ့ သားရဲတွေဆိုရင်အထဲမှာကျင့်ကြံတာကအပြင်မှာကျင်ကြံတာထက်ပိုမိုမြန်ဆန်ပါတယ်

ဥပမာ မိမိရဲ့စိတ်ဝိဉာဉ်ရဲ့ဒြပ်ကမီးဆိုရင်မီးသဘာဝသားရဲတွေကစိတ်ဝိဉာဉ်နေရာလွတ်မှာကျင့်ကြံတာကပိုအကျိုးရှိပါတယ်

ဖုန်းဟွာတစ်ယောက်ကျင့်စဉ်ကိုဖတ်ပြီးစဉ်းစားရနည်းနည်းကျပ်သွားခဲ့ပါတယ်

"ဆရာမဆရာမရဲ့အဆင့်ကိုးသားရဲတွေကရေခဲဒြပ်စင်တွေမလား

ဆရာသခင်ရဲ့ဒြပ်စင်ကျတော့ရော မီးဒြပ်စင်မဟုတ်ဘူးလား"

"ဟွာဟွာဆရာ့ရဲစိတ်ဝိဉာဉ်ကအသူရာနေကိုးစင်းလေ အသန့်စင်ဆုံးယန်စွမ်းအင်တွေလေ အစုံးစွန်သောယန်ကယင်ကိုမွေးတယ်ဆိုသလိုပေါ့

ဆရာမရဲ့အသူရာနေကိုးစင်းကိုတစ်ခုထဲအဖြစ်ပေါင်းလိုက်ရင် ငရဲရေခဲနေမင်းဖြစ်သွားတယ်လေ

အဲ့တော့ဆရာမရဲ့အစွမ်းအထက်ဆုံးသားရဲတွေကရေခဲဒြပ်စင်ကိုပိုင်တဲ့သားရဲတွေဘဲဖြစ်နေတာပေါ့"