Chapter-11
Viewers 2k

အပိုင်း-11


(ကမ္ဘာဦးစိတ်ဝိဉာဉ်)



"ဆရာတပည့်ရဲ့စိတ်စွမ်းအင်ကအဆင့်သုံးရဲ့အထွတ်အထိပ်ကိုရောက်နေပြီ ဆရာအဲ့တာကြောင့်စိတ်စွမ်းအင်ကျင့်ကြံတာကိုတပည့်ရပ်ထားပါတယ်ဆရာ"

"မြန်လိုက်တာမင်းကအဆင့်သုံးအထွတ်အထိပ်ကိုရောက်သွားပြီပေါ့ ဒါပေမယ့်ဘာမှစိတ်ပူမနေနဲ့ အဆင့်၄ကိုတက်လည်းဘာမှမဖြစ်ဘူး မင်းရဲ့ခန္ဓ

ာကိုယ်ကကောင်းကင်ဖုန်းကွယ်ခန္ဓကိုယ်ဆိုတာ‌ေတာ့မမေ့သေးပါဘူးနော် မင်းကကောင်းကင်တာအိုရဲ့သတ်မှတ်ချက်တွေကနေပုန်းကွယ်နိုင်တယ်လေ

ပြီးတော့မင်းရဲ့ဆရာငါကလည်းကောင်းကင်ဖုန်းကွယ်ခန္ဓာကိုယ်ပိုင်ရှင်ပါ မင်းကိုကောင်းကောင်းဖုန်းကွယ်ပေးနိုင်ပါတယ်ဒါ့ကြောင့်အဆင့်၄ကိုစိတ်ချလက်ချသာတက်လိုက် "

"ဟုတ်ကဲ့ပါဆရာမ"

"ကောင်းပြီ အခုငါမင်းကိုသံစဉ်ငါးခုသင်ပေးမယ်လို့ပြောခဲ‌့တယ်မလား တစ်ခုချင်းသင်ပေးမယ် တစ်ခုကျွမ်းမှတစ်ခုပေါ့ ပြီးတော့မင်းအပြင်ထွက်ရင်ငါကမင်းကိုဒီကုန်းမြေကြီးရဲ့အကြောင်းကိုထပ်ပြောပြမယ် "

"သံစဉ်တစ်ခုကျွမ်းမှ နောက်သံစဉ်သင်ပေးမှာလားဆရာ"

"ဟုတ်တယ် အခုမင်းကိုသင်ပေးမယ့်ပထမဆုံးသံစဉ်ကိုကောင်းကင်တမန်တော်များလို့ခေါ်တယ်

ငါတို့ဂီတကျင့်ကြံသူတွေကအုပ်စုလိုက်တိုက်ပွဲတွေနဲ့အဝေးကတိုက်ရတဲ့အခါတွေမှာအားသာချက်တွေရှိပေမယ့်ရန်သူကအနားမှာဆိုရင်ငါတို့အတွက်အလွန်န္တရယ်များတယ် ဒါ့ကြောင့်ငါတို့ကိုကာကွယ်ပေးမယ်သူတွေကိုလိုအပ်‌တယ် ကောင်းကင်တမန်တော်များ‌ဆိုတဲ့ကုချင်းသံစဉ်ကအဆင့်၁အဆင့်နိမ့်သံစဉ်ဆိုပေမယ့် မင်းကအစွမ်းထက်လေ သံစဉ်လည်းအစွမ်းထက်လေဘဲ ပြီးတော့ကောင်းကင်တမန်ဆိုတာကဆင့်ခေါ်တဲ့သံစဉ်ဘဲ ဒီသံစဉ်ကိုတီးလိုက်တာနဲ့ ကိုယ့်ကိုကာကွယ်ဖို့အတွက် ကောင်းကင်တမန်တော်တွေကိုခေါ်နိုင်တယ် သူတို့ကအသိစိတ်မရှိကြတဲ့ပုံရိပ်ယောင်သပ်သပ်သာမို့ ဖျက်ဆီးခံလိုက်ရလဲပြန်ဆင့်ခေါ်လို့ရတယ် အခုဆရာတစ်ခေါ်တီးပြမယ်ကောင်းကင်တမန်တော်ဆိုတာကလည်းတခြာမဟုတ်ဘူးနော် ဝိဉာဉ်ကျင့်ကြံသူတွေဝိဉာဉ်နိုးထခြင်းအဆင့်မှနိုးထတဲ့သိုင်းဝိဉာဉ်တွေလိုဘဲငါတို့စိတ်စွမ်းအင်ကျင့်ကြံသူတွေအဆင့်၂ကိုချိုးဖျက်တဲ့အခါမှာထွက်ပေါ်လာတဲ့စိတ်ဝိဉာဉ်တွေဘဲ

ဒါနဲ့မင်းရဲ့စိတ်ဝိဉာဉ်ကဘာလဲပြောပါဦး"

ဖုန်းဟွာလည်းကောင်းကင်တမန်ဆိုတဲ့သံစဉ်ကိုသူ့ဆရာမကတီးခတ်ပြမယ်ဆို၍အလွန်စိတ်လှုပ်ရှားနေတော့တယ်ဒါပေမယ့်သူမရဲ့ဆရာမပြောတဲ့စိတ်ဝိဉာဉ်ဆိုတဲ့အရာကိုတော့သူမမသိခဲ့ပါဘူး

သူမရဲ့အသိပညာတွေကလည်းမလုံလောက်လို့ထင်ပါတယ်

"ဆရာမ တကယ်တော့ တပည့်ကသန္ဓေသားဘဝတည်းကအဆင့်နှစ်ကိုရောက်ခဲ့တာဖြစ်လို့တပည့်ရဲ့စိတ်ဝိဉာဉ်ကိုဘာမှန်းမသိပါဘူးရှင့်"

"အာ အဲ့လိုဖြစ်ခဲ့တာလား ငါမင်းကိုစမ်းသပ်ပေးမယ်"

ဟုဆိုကာ ဖုန်းဟွာဆီကိုသူမရဲ့နတ်အာရုံပို့လွှတ်လိုက်တော့တယ်

ဖုန်းဟွာလည်းလျှပ်တပျက်အတွင်းသူမရဲ့စိတ်စွမ်းအင်ရဲ့ဗဟိုချက်ဖြစ်တစ်တဲ့နှလုံးသားထဲကိုသူမရဲ့စိတ်အာရုံဟာသူမဆရာမနဲ့အတူရောက်လာခဲ့တော့တယ်

သူမရဲ့စိတ်အာရံာအတွင်းမှာတော့ ဘာမှမရှိဘဲ ဖရိုဖရဲဖြစ်မှုတွေကိုသာသူမတို့နှစ်ယောက်မြင်တွေလိုက်ရတယ် 

"ထူးဆန်းလိုက်တာ မင်းရဲ့စိတ်ဝိဉာဉ်ကနိုးထခဲ့ပြီးပြီဘဲ ဒါပေမယ်ဘာလိုစိတိဝိဉာဉ်ကြီးလဲ ပျက်သုန်ခြင်းစိတ်ဝိဉာဉ်များလား အဲ့တာလညနဟုတ်သေးပါဘူး"

ထန်းမူမူတစ်ယောက်စဉ်းစားနေတုန်းမှာဘဲ သူမတပည့်ရဲ့စိတ်ဝိဉာဉ်ကိုသေသေချာချာအာရုံခဲကြည့်နေတော့တယ် အဲ့လိုကြည့်မှဘဲသူမတပည့်ရဲ့စိတ်ဝိဉာဉ်ထဲမှာအလင်း အမှောင်း ဒြပ်စင်ငါးမျိုး ရှင်သန်ခြင်း ပျက်သုန်းခြင်း အစရှိတဲ့နိယာမတွေအရမ်းအားကောင်းတာကိုတွေလိုက်ရတယ် သူမဟာထိုအရာတွေကိုတွေလိုက်ရတော့အရမ်းအံ့ဩသွားက

"ဒါ ဒါ ဒဏ္ဍာရီထဲက ကမ္ဘာဦးစိတ်ဝိဉာဉ်မလား''

ထန်မူမူတစ်ယောက်သူမတပည့်လေးရဲ့ပါရမီကိုစကားလုံးတွေနဲ့တောင်မဖော်ပြနိုင်တော့ပေ

"တပည့်မင်းရဲ့စိတ်ဝိဉာဉ်ကဘာလည်းဆိုတာငါသိပြီ အဲ့ဒါကမ္ဘာဦးစိတ်ဝိဉာဉ်ဘဲ အဲ့တာရဲ့အကြောင်းကိုတော့ငါလည်းသိပ်မသိဘူး ဒါပေမယ့်ရှေးခေတ်ကတည်းကအဲ့လိုစိတ်ဝိဉာဉ်ပိုင်ဆိုင်တဲ့

စိတ်စမ်းအားပညာရှင်တိုင်းကအလွန်းအစွမ်းထက်တဲ့သူတွေကြီးဘဲ

မင်းရဲ့စိတ်ဝိဉာဉ်နဲ့ပါတ်သတ်လို့တော့ငါကသိပ်အကူအညီပေးနိုင်မှာမဟုတ်ဘူး

မင်းကိုယ်တိုင်ကသာမင်းရဲ့စိတ်ဝိဉာဉ်ကိုရင်းနှီးကျွမ်းဝင်အောင်လုပ်ရမှာဘဲ အခုတော့ငါမင်းကိုကောင်းကင်တမန်သံစဉ်တီးခတ်ပြပေးမယ်"

ဟုဆိုကာ သူမရဲ့နတ်အာရုံကို ဖုန်းဟွာရဲ့ကိုယ်ကနေခွာလိုက်တော့တယ်

ဖုန်းဟွာလည်းသူမဆရာရဲ့ စိတ်ဝိဉာဉ်ကိုသိချင်တာကြောင့်သူမရဲ့စိတ်အာရုံကိုလည်းအပြင်ကိုပြန်လည်ထွက်ခွာလာခဲ့တယ်

သူမဆရာလက်ယမ်းလိုက်တာနဲ့ အလွန်ကိုအိုဟောင်းနေပြီးရှေးဟောင်းဆန်တဲ့အငွေ့အသက်တွေထွက်ပေါ်နေတဲ့ကုချင်းတစ်လက်ပေါ်လာခဲ့တယ်

"ဒါကငါ့ရဲ့ကုချင်း ကိုးဘဝကုချင်းလို့ခေါ်တယ်

ငါ့ရဲ့စိတ်ဝိဉာဉ်ကအလည်းကမ္ဘာဦးစိတ်ဝိဉာဉ်လိုမဟာတ်ပေမယ့်အလွန်ရှားပါးတဲ့ အသူရာနေကိုးစင်းစိတ်ဝိဉာဉ်ဘဲ ဒီလောကမှာလူတိုင်းကဝိဉာဉ်လမ်းစဉ်ကိုလျှောက်ချင်ရင်လျှောက်စိတ်စွမ်းအင်လမ်းစဉ်ကိုလျှောက်ချင်ရင်လျှောက်တစ်ခုဘဲရွေးလို့ရတယ် မင်းလိုမျိုးလမ်းစဉ်နှစ်ခုလုံးလျှောက်တဲ့သူကတော့အခုချိန်ထိမရှိသေးဘူး အဲ့တာကြောင့်မို့မင်းကနှစ်မျိုးလုံးကျင့်ကြံတာကိုဘယ်သူ့ကိုမှမပြောရဘူးနော်"

"ဟုတ်ကဲ့ပါဆရာ"

"ကောင်းပြီငါစပြီးတီးခတ်တော့မယ် မင်သေချာနားထောင်ထား"