Chapter-10
Viewers 2k

အပိုင်း-10



(အပြင်ထွက်ရန်တောင်းဆိုခြင်း)


ဖုန်းဟွာ လည်းစိတ်စွမ်းအင်အဆင့်တက်ပြီးချိန်ကစလို့သူမဟာစိတ်စွမ်းအင်ကျင့်ကြံတာကိုလုံးဝရပ်လိုက်တော့တယ် အဲ့ဒီနောက်မှာတော့သူမရဲ့ခန္ဓာကိုယ်ထဲသို့ဝိဉာဉ်ချီကိုစုပ်ယူကာသန်မာအောင်လုပ်ရန်နှင့် ကုချင်းတီးဟန်တွေကိုကျွမ်းကျင်အောင်သာလေ့ကျင့်နေခဲ့တယ် သုံးလကျော်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ဖုန်းဟွာတစ်ယောက် အခြေခံကုချင်းတီးဟန်ထဲက ကျားဖြူတောင်တက်၊မြွေလိမ်မြွေကောက်၊နှင့်ဖီးနစ်တောင်ပံခတ်သံတို့ကိုကျွမ်းကျင်သွားကာလိပ်နက်ရေငုပ်ဟန်ကို့လေ့ကျင့်နေပြီဖြစ်တယ်

သူမဟာ သူမအနားယူချိန်မှာကိုယ်ပွားကိုလေ့ကျင့်စေပြီးသူမလေ့ကျင့်နေချိန်မှာတော့ကိုယ်ပွားကိုအနားယူစေခဲ့တယ် နှစ်ဆလေ့ကျင့်သလိုထွက်ပေါ်လာတဲ့ရလဒ်ကြောင့်သူမဟာအလွန်မြန်နေရခြင်းပင်ဖြစ်တယ် သူမနားမလည်တဲ့အကြောင်းအရာတွေကိုလည်းသူမရဲ့ဆရာမကိုသွားကာမေးမြန်းလေ့ရှိတယ်

အစားအစာစားချိန်တွေမှာဆိုရင်လည်းအရင်တုန်းကသူမဆရာမနဲ့အတူစားသောက်ပင်မဲ့တံခါပိတ်ကျင့်ကြံဖို့သူ့မဆရာမဆီကခွင့်တောင်းတဲ့အခါမှာတော့ ဆရာမကခွင့်ပြုခဲ့ပြီးအစားစားချိန်ရောက်ရင်

‌အလွန်လှပတဲ့အနီရဲရဲဝတ်စုံဝတ်ထားတဲ့မိန်းမပျိုတစ်ယောက်ကအစားအသောက်တွေလာပို့ပေးတယ်ဖုန်းဟွာလည်းအစကဘယ်ကရောက်လာတာလဲစဉ်စားရင်မိန်းမပျိုကိုမေးကြည့်မှသူမဟာ သွေးမီးလျှံလိပ်ပြာလို့ခေါ်တဲ့သားရဲဖြစ်ကြောင်းသိခဲ့ရသည် သားရဲတွေကလည်းအဆင့်6ကိုရောက်ရင်လူသားအသွင်ပြောင်းလဲနိုင်ကြပြီဘဲဖြစ်တယ်

သူမလည်းထိုအခါကျမှသာထိုမိန်းမပျိုလေးကသူမနံါသူမရဲ့ဆရာမတို့ ဖုန်းမိသားစုကနေထွက်ခွာလာတုန်းကစီးနင်းခဲ့တဲ့သွေးမီးလျှံလိပ်ပြာမှန်းသိသွားတော့တယ်

သူမလည်းထိုမိန်းမပျိုကသားရဲမှန်းသိသွားတဲ့နောက်မှာသူရဲ့ကျင့်ကြံခြင်းကိုဘဲဆက်လက်လုပ်ဆောင်ခဲ့တယ် နားမလည်တာတွေရှိခဲ့ရင်လည်းသူမရဲ့ဆရာမဆီကနေအကြံအဉာဏ်တွေတောင်းခဲ့တယ်

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာကာ

ဖုန်းဟွာတစ်ယောက်ကုချင်းအခြေခံတီးခတ်ဟန်ကျမ်းမှာပါဝင်တဲ့ တီးခတ်နည်းငါးမျိုးလုံးကိုကျွမ်းကျင်သွားပြီဘဲဖြစ်တယ် သူမရဲ့ကျင့်ကြံချင်းအဆင့်ကလည်း အတွင်းအဂ်ါတွေသန့်စင်ရတဲ့ခန္ဓာသန့်စင်ခြင်းအဆင့်6နဲ့နှလုံးသားကိုသန့်စင်ရတဲ့ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်7ကိုကျော်လွန်ပြီး ဝိဉာဉ်ကိုသန့်စင်ရတဲ့ခန္ဓာသန့်စင်ခြင်းအဆင့်8ရဲ့အထွတ်အထိပ်ကိုပင်ရောက်နေကာအချိန်မရွေးစိတ်ကိုသန့်စင်ရတဲ့ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်9ကိုချိုးဖျက်နိုင်တော့မှာဘဲဖြစ်တယ်

သူမတံခါးပိတ်ကျင့်ကြံခဲ့တာလည်းခြောက်လနီးပါရှိခဲ့ပြီဘဲဖြစ်သည် သိပ်မကြာခင်မှာသူမအသက်လည်းသုံးနှစ်ပြည့်တော့မှာဘဲဖြစ်တယ် သူမလည်း

အပြင်ကိုထွက်နေရာစုံကြည့်ချင်စိတ်တွေပေါ်လာတော့တယ် ဒါ့ကြောင့်သူမဆရာမဆီခွင့်တောင့်ဖို့အတွက်ဆရာမဆီကိုထွက်လာတော့တယ်

ဆရာမကတော့ဖုန်းဟွာတွေ့နေကြပုံစံလေးအတိုင်းဘဲစားပွဲလေးတစ်လုံးနဲ့အကြမ်းရေကိုသောက်နေဆဲပါဘဲ သူမအတွက်တစ်နှစ်ဆိုတာကမြူမှုန်လေးတစ်မှုန်စာလောက်တောင်တန်ဖိုးမရှိတဲ့ပုံပါဘဲ

"ဆရာမ တပည့်အပြင်လောကကိုလေ့လာရေးထွက်ချင်တယ်ခွင့်ပြုပေးပါလားရှင့် နော် ဆရာနော်"

ဖုန်းဟွာတစ်ယောက်အပြင်ထွက်ရဖို့အတွက်သူမရဲ့ဆရာမကိုအစွမ်းကုန်ချစ်စရာကောင်းအောင်လုပ်ကာပြောရတော့တယ်

"မင်းက အပြင်ထွက်ချင်တယ် သုံးနှစ်တောင်မပြည့်သေးတဲ့မင်းကလေ မင်းကငယ်ပါသေးတယ်"

"ဆရာတပည့်အပြင်လောကကြီးကိုတွေ့ချင်မြင်ချင်တယ်လို့"

"ကောင်းပြီကောင်းပြီ မင်းကဒီလောက်တောင်းဆိုမှတော့ငါ့ဘက်ကလည်းလိုက်လျောရတော့မှာပေါ့ဒါပေမယ့်အခြေအနေအချို့တော့ရှိတာပေါ့"

ဖုန်းဟွာလည်းဆရာမရဲ့ပထမစကားကိုကြာတော့ပျော်သွားပေမယ့်နောက်ကစကားကိုပါကြားရတော့စိုးရိမ်စိတ်လေးနည်းနည်းဝင်သွားခဲ့တယ်

"ဘယ်လိုအခြေအနေတွေဘဲဖြစ်ဖြစ်တပည့်လိုက်နာပါ့မယ်"

"ဟိုး ဟိုး ဖြည်းဖြည်းပေါ့ဟွာဟွာရဲ့ မင်းကလောလှချည်လား မင်းအပြင်လောကကိုထွက်ချင်ရင် ကုချင်းသံစဉ်ငါးပုဒ်ကိုအနည်းဆုံးကျွမ်းကျွမ်းကျင်ကျင်နဲ့တီးခတ်နိုင်ရမယ် ဝိဉာဉ်နိုးထခြင်းအဆင့်ကိုလည်းရောက်ရှိနေရမယ် ပြီးတော့အပြင်လောကကိုသွားချင်ရင် မင်းကိုယ်တိုင်မသွားရဘူး မင်းရဲ့ကိုယ်ပွားကိုဘဲလွှတ်လိုက်ရမယ် ဒီအချက်တွေကိုလိုက်နာမှငါမင်းကိုအပြင်လောကကိုသွားခွင့်ပေးမယ်မင်းမလိုက်နာနိုင်ဘူးဆိုရင်တော့အပြင်လောကကိုမသွားနဲ့တော့ပေါ့"

"ကောင်းပါပြီဆရာ တပည့်ကအခုဝိဉာဉ်နိုးထခြင်းအဆင့်ရောက်ဖို့အတွက်သိပ်မလိုတော့ဘူးနော်

ပြီးတော့တပည့်ကအစကတည်းကကိုယ်ပွားကိုဘဲအပြင်ကိုလွှတ်ဖို့စဉ်းစားထားခဲ့တာ သံစဉ်ငါးပုဒ်ကတော့ ဆရာမမှမသင်ပေးသေးတာကို "

"မင်းဘယ်အဆင့်ကိုရောက်နေတော့တာလဲအခု

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၉လို့တော့ငါ့ကိုမပေညာနဲ့နော်"

"ဆရာသိတယ်မဟုတ်ဘူးလား"

ထန်မူမူတစ်ယောက်အလွန်ကိုအံ့ဩသွားတယ်

သူမတပည့်ကအခုမှအသက်သုံးနှစ်တောင်မပြည့်သေးဘူးမလားဒါကိုသူမကခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၉ကိုရောက်နေပြီဖြစ်နေတယ်

"ဆရာကစိတ်စွမ်းအင်နတ်ဘုရားဆိုတော့ မင်းရဲ့စိတ်စွမ်းအင်အဆင့်ကိုဘဲသိနိုင်တာ ဒါတောင်အစောပိုင်းအဆင့်တွေကိုဘဲသိနိုင်တာ မင်းပိုပြီးအစွမ်းထက်လာလေ ငါလည်းမခန့်မှန်းနိုင်ဖြစ်လာလေဘဲ မင်းရဲ့ဝိဉာဏ်စွမ်းအင်ကျင့်ကြံတာကိုတော့အစတည်းကဘယ်အဆင့်လဲဆိုတာငါမသိခဲ့ဘူး"