အပိုင်း-9
(အခြေခံကုချင်းတီးခတ်ဟန်)
"ကောင်းပြီ အခုငါမင်းကိုကုချင်းတီးတာနဲ့ပါတ်သတ်ပြီးသင်ပေးတော့မယ်"
"ဟုတ်ကဲ့ပါဆရာမ"
"ငါ့ရဲ့ကုချင်းနဲ့ပါတ်သတ်ပြီးသင်ပေးမယ့်သင်ခန်းစားတွေတီးနည်းတီးဟန်တွေကကိုယ်တိုင်လေ့လာဖန်တီးထားတာကနေဖြစ်တည်လာတဲ့အရာတွေဘဲအခြားသူေတွဖန်တီးထားတဲ့လက်ဟန်တွေဘယ်လောက်ဘဲနာမည်ကျော်ကျော်ငါကလေ့လာတယ်ဒါပေမယ့်လိုက်ပြီးမတုပဘူး ငါကကုချင်းကိုနှလုံးသားနဲ့တီးပြီး လိပ်ပြာလေးတွေရဲ့ပျံသန်းပုံမှာဉာဉ်အလင်းရခဲ့လို့ငါ့ရဲ့ကုချင်းတီးဟန်ကို လိပ်ပြာတောင်ပံခပ်ဟန်လို့ေခါ်တယ် မင်းလည်းမင်းရဲ့ကိုယ်ပိုင်ဟန်ကိုထိုးထွင်းသိမြင်ဖို့အတွက်မျှော်လင့်ပါတယ် ဘာလို့ ဒီလိုပြောပေးနေရတာလဲဆိုရင် ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့နည်းစနစ်တစ်ခုက ကိုယ်တိုးတက်လာတာနဲ့အတူ နည်းစနစ်တွေလည်းအဆင့်လိုက်မြင့်လာလို့ဘဲ အခြာသူဖန်တီးထားတဲ့နည်းစနစ်ကတော့ လမ်းဆုံးဆိုတာကြီးရှိသွားပြီ
အဲ့တော့မင်းရဲ့ကိုယ်ပိုင်တီးဟန်ကိုရှာမတွေ့မချင်း မင်းက သေမျိုးလောကရဲ့အခြေခံကုချင်းတီးဟန်နဲ့ဘဲကုချင်းကိုလေ့ကျင့်တီးခတ်ရမယ် နားလည်ရဲ့လား"
"ဟုတ်ကဲ့ နားလည်ပါတယ်ဆရာမ တပည့်ဆရာပြောတဲ့အတိုင်းလေ့ကျင့်သင်ယူပါမယ်"
ဖုန်ဟွာလည်းသူမဆရာမကိုသင်ယူမည်ဖြစ်ကြောင်းပြောလိုက်တော့သူမရဲ့ဆရာမကစာအုပ်လေးတစ်အုပ်ကိုထုတ်ပေးလာခဲ့တယ်
"ဒါကသေမျိုးလောကမှာတောင်လမ်းဘေးဈေးဆိုင်တွေမှာအလကားဈေးနဲ့ရနေတဲ့အခြေခံကုချင်းတီးခတ်နည်းဘဲစာအုပ်ကိုသေချာဖတ် ဒီစာအုပ်ကအခြေခံဆိုပေမယ့်ကုချင်းတီးခတ်ခြင်းနည်းလမ်းရဲ့အနှစ်သာရတွေပါဝင်တယ် နားမလည်တာရှိရင်ငါ့ကိုလာမေးလှည့်"
ဖုန်းဟွာလည်းသူမရဲ့ဆရာမကပးတဲ့ကုချင်းတီးနည်းအခြေခံပါဝင်တဲ့စာအုပ်လေးကိုယူကာသူမရဲ့ဂူကိုပြန်လာခဲ့တယ်
ဂူထဲကိုရောက်ရောက်ချင်းသူမရဲ့ကိုယ်ပွားကိုကြည့်လိုက်တော့ အရင်ကထက်အခြေအနေနည်းနည်းကောင်းလာတာကိုတွေ့လိုက်ရတယ်
သူမလည်းကိုယ်ပွားကိုအာရုံမစိုက်တော့ဘဲ ကုချင်းတီးနည်းအခြေခံစာအုပ်ကိုထုတ်ကာသေချာလေ့လာတော့တယ်
စာအုပ်ဟာကုချင်းတီးနည်းအခြေခံဆိုတဲ့အတိုင်းဘဲ
တီးခတ်တဲ့ပုံစံငါးမျိုးဘဲပါဝင်တယ်
ပထမဆုံးတီးခတ်ဟန်က ကျားဖြူတောင်တက်ဟန်
ဒုတိယတီးခတ်ဟန်က မြွေလိမ်မြွေကောက်ဟန်
တတိယတီးခတ်ဟန်က ဖီးနစ်တောင်ပံခတ်ဟန်
စတုတ္ထတီးခတ်ဟန်က လိပ်နက်ရေငုပ်ဟန်
မဉ္စမတီးခတ်ဟန်က နဂါးမိုးပျံဟန်
တို့ပင်ဖြစ်ကြတယ်
ဖုန်းဟွာတစ်ယောက် ဒီစာအုပ်ကိုသာအခြေခံကုချင်းတီးဟန်လို့မသိခဲ့ရင် နာမည်တွေကိုကြည့်ပြီး
သူမလှည့်စားခံရလောက်ပါတယ် အမိုက်စားနာမည်တွေဘယ်လိုဘဲဖြစ်ဖြစ်ဒီစာအုပ်ဟာတကယ့်ကိုအခြေခံစာအုပ်ပါ
'ဘာဘဲဖြစ်ဖြစ်ဘယ်အရာမဆိုအခြေခံကစရတာဘဲ'
သူမကိုသူမအားပေးပြီးပထမဆုံးတီးခတ်ဟန်ကိုသူမရဲ့ကုချင်းနဲ့အတူလေ့ကျင့်တော့တယ်
ကျားဖြူတောင်တက်ဆိုတဲ့အတိုင်း ကုချင်းကိုလက်ချောင်းလေးချောင်းလုံးနဲ့ခပ်မြန်မြန်တီးရတာဘဲဖြစ်တယ်
သူမကစတင်လေ့ကျင့်တော့တယ် သူမဟာနေ့စဉ်အဆက်မပြက်လေ့ကျင့်တယ် အစားအစာစားရုံနဲ့တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ရုံကလွဲပြီးသူမကအဆက်မပြက်လေ့ကျင့်ခဲ့တယ် အိပ်ချိန်လား
သူမရဲ့ကိုယ်ပွားအိပ်နေရင်သူမအိပ်နေသလိုမျိုးအတူတူပါဘဲ
သူမဟာကုချင်းတီးရင် ဝိဉာဉ်ချီတွေကသူမကိုယ်ထဲဝင်လာကာ ခန္ဓာကိုယ်ကိုသန့်စင်ပေးနေတာမို့လို့
သူမ ကုချင်းအခြေခံရဲ့ကျားဖြူတောင်တက်ကိုကျွမ်းကျင်သွားတာနဲ့ သူမရဲ့အရေပြားလည်းသန့်စင်သွားကာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ငါးကိုရောက်သွားတော့တယ်
မကြာခင်မှာဘဲသူမရဲ့ အရှိန်အဝါတွေပြန်လည်ပျေ
ာက်ကွယ်သွားကာသာမန်လူနဲ့ပြန်တူသွားတော့တယ်
ပထမတီးဟန်ဖြစ်တဲ့ကျားဖြူတောင်တက်ကိုကျွမ်းကျင်သွားတဲ့နောက်ဒုတိယတီးဟန်ဖြစ်တဲ့မြွေလိမ်မြွေကောက်ကိုစတင်လေ့ကျင့်တော့တယ်
သူမဟာ သူမရဲ့နေ့စဉ်ဘဝကိုကုချင်းတီးခတ်တာကိုလေ့ကျင့်ရင်းနဲ့တာကုန်ဆုံးစေခဲ့တယ်
မြွေလိမ်မြွေကောက်တီးဟန်ကိုလေ့ကျင့်ပြီးတဲ့နောက်မှာသူမခနအနားယူရှင်းအိပ်စက်လိုက်တော့တယ်
ဒီအတောအတွင်းဖုန်းဟွားစိတ်စွမ်းအင်ကိုမလေ့ကျင့်သော်လည်းတစ်လနီးပါး ကုချင်းကိုစိတ်စွမ်အင်ဖြင့်လေ့ကျင့်မှုကြောင့် သူမရဲ့စိတ်စွမ်းအင်အဆင့်ဟာလည်းအဆင့်၃အမျိုးအစား၉သို့ချိုးဖျက်နိုင်ခဲ့တယ်
ဖုန်းဟွာတစ်ယောက်သူမအိပ်နေစဉ်မှာဘဲသူမရဲ့ကိုယ်ပွားဟာ ဝိဉာဉ်ပြည့်စုံသွား၍နိုးထလာတော့တယ် သူမဟာသူမကိုယ်သူမပြန်မြင်နေရတဲ့အတွက်အစကခနမျှကြက်သေသေသွားသော်လည်း သူမရဲ့အခြားကိုယ်တစ်ခုမှန်းသိသွားတာကြောင့် သူမဝမ်းသာသွားတော့တယ်
'ဒီလိုဆိုရင် ငါကကိုယ်တစ်ခုကနားနေတဲ့အချိန်ကျန်တဲ့ကိုယ်ကလေ့ကျင့်လို့ရတယ် ပြီးတော့ကျန်တဲ့ကိုယ်ကလေ့ကျင့်ရင် ကျန်တဲ့ကိုယ်တစ်ခုကနားယူရမယ်အဲ့လိုဆိုငါကသူများတွေထက်ကျင့်ကြံတာနှစ်ဆပိုမြန်တော့မှာပေါ့ ဒါတောင်ကိုယ်ပွားကတစ်ခုဘဲရှိသေးတာ ဆယ်ခု အခုတစ်ရာသာဆိုရင်ရော
ရှုးးးးးးး တော်ပြီတော်ပြီထပ်မတွေးတော့ဘူး'
ဖုန်းဟွာတစ်ယောက်တွေးလေစိတ်လှုပ်ရှုးလေဖြစ်လာတာကြောင့်သူမအတွေးတွေကိုအမြန်ရပ်လိုက်ရတယ် ပြီးတဲ့နောက် မူလခန္ဓအနာယူနေတဲ့အချိန်မှာသူမကိုယ်ပွားကကုချင်းတီးခတ်နည်းအခြေခံကိုလေ့လာတော့တယ်
ဒီတစ်ခါမှာတော့ကုချင်းတီးရာမှာစိတ်စွမ်းအင်ကိုလုံးဝမသုံးတော့ဘဲရိုးရိုးတန်းတန်းသာလေ့ကျင့်တော့သည် မတော်လို့သူမစိတ်စွမ်းအင်ကအဆင့်၄ကိုချိုးဖျက်သွားရင် သူမဒီအဆင့်နိမ့်ကုန်းမြေကနေပြီးထွက်ခွာရတော့မှာမလို့ပါ
သူတို့တစ်ဘဝလုံးကျင့်ကြံလို့အဆင့်၄ဒါမှမဟုတ်အစိုင်အခဲဖြစ်တည်ခြင်းအဆင့်ကိုမချိုးဖျက်နိုင်တဲ့သူတွေအများကြီးရှိနေကြတယ် ဒါကိုဖုန်းဟွာဟာသူမအဆင့်ချိုးဖျက်သွားမှာေတွးပြီးကိုစိတ်ပူနေခဲ့တာပါဖုန်းဟွားရဲ့အတွေးေတွကိုသာအဆင့်နိမ့်ကုန်းမြေကလူတွေသိရင် သူမကို ဝိုင်းပြီးဆွမ်းကြီးလောင်းနိုင်ပါတယ်