Chapter-8
Viewers 2k

အပိုင်း-8


(ပထမဆုံးကိုယ်ပွား)


ဟုတ်ပါတယ် ဖုန်းဟွာကအဆုံးမဲ့ကိုယ်ပွားကျင့်စဉ်ကိုအခုမှသေချာဖတ်မိတာပါ သူမကလေးတုန်းကတစ်ခါကြည့်ပေမယ့်ခလေးဦးနောက်နဲ့မို့နားမလည်ခဲ့ပါဘူး ခုမှသေချာနားလည်သွားတာပါ ဒီကျင့်စဉ်က ကိုယ်ပွား‌ေတွခွဲထုတ်ပြီး ကိုယ်ပွားတစ်‌ေယာက်ကသိုင်းကျင့်တာဖြစ်စေ အဆင့်တက်တာဖြစ်စေ

သူမရောကျန်တဲ့ကိုယ်ပွားတွေပါ အတူတူတိုးတက်လာကြမှာပါ ပြောရမယ်ဆိုရင် သူမကကိုယ်ခွဲနိုင်ရင်ခွဲနိုင်သလောက် သူမရဲ့ကျင့်စဉ်ကျင့်တာကပိုမြန်သွားတော့မှာပါ ပြီးတော့သူမနဲ့သူမရဲ့ကိုယ်ပွားတွေကဘယ်လောက်‌ဝေးဝေးတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်နိုင်ကြတယ် တကယ်လို့ဖုန်းဟွားရဲ့မူလကိုယ်သေသွားရင်တောင်မှကိုယ်ပွားတစ်ယောက်ကျန်နေသေးရင်သူမကအစွမ်းတွေကိုလျော့သွားခြင်းမရှိစေဘဲပြန်လည်ရှင်သန်နိုင်ပါလိမ့်မယ်

သူမဟာ ထိုကျင့်စဉ်အကြောင်းကိုလေ့လာလေပို၍အံ့အားသင့်ရလေပင် ထိုကျင့်စဉ်အတိုင်းဆိုရင်သူမဟာကိုယ်ပွားတစ်ခုဖန်တီးဖို့ သူမရဲ့သွေးအဆီအနှစ်ရယ် ဝိဉာဉ်တစ်ပိုင်းတစ်စရယ်ဘဲလိုအပ်တာပင်

ဖုန်းဟွာလည်းကျင့်စဉ်ထဲကအတိုင်းသူရဲ့အသက်သွေးအဆီအနှစ်ကိုကြိုးစားထုတ်ဖော်လိုက်တယ်

သူရဲ့မျက်နှာဟာဖြုဖက်ဖြုရော်ဖြစ်သွားကာ သူမရဲ့အင်အားတို့လျင်မြန်စွာကုန်ဆုံးသွားတာကိုသူမခံစားလိုက်ရတယ်ဒါပေမယ့်သူမရဲ့သွေးအဆီအနှစ်ကိုတော့ထုတ်လိုက်နိုင်တယ်

နောက်တစ်ဆင့်က ထိုသွေးအဆီအနှစ်ထဲကိုအဆုံးမဲ့ကိုယ်ပွားကျင့်စဉ်ထဲကအတိုင်းစိတ်စွမ်းအင်အဆက်မပြက်ပို့လွှတ်ကာပုံသဏ္ဌာန်ဖော်ရခြင်းဖြစ်တယ်ဖုန်းဟွာလည်းစိတ်စွမ်းအင်ကိုအဆက်မပြက်ပို့ကာသွေးအဆီအနှစ်ကိုကြီးထွားစေရင်းသူမပုံစံပေါ်အောင်လုပ်ဆောင်တော့တယ်ပြီးသွားတဲ့နောက်

နောက်ဆုံးအဆင့်အနေနဲ့

သူမရဲ့ဝိဉာဉ်ကိုတဝက်ခွဲကာ သွေးကိုယ်ပွားနဲ့ပေါင်းစည်းရမှာပင်ဖြစ်တယ် သူမလည်းစိတ်စွမ်းအင်ဖြင့်ဝိဉာဉ်ကိုကာကွယ်ထားကာသတိကြီးကြီးထား၍ဝိဉာဉ်ကိုခွဲထုတ်လိုက်တော့တယ်

အသည်းခိုက်မတတ်နာကျင်မှုကိုခံစားရပေမယ့်သူမကအားတင်းကာဝိဉာဉ်ကိုခွဲထုတ်၍သွေးကိုယ်ပွားနဲ့ပေါင်းစည်းလိုက်တော့တယ် ပြီးသွားတဲ့အခါမှာတော့သူမရဲ့မြင်ကွင်းတွေမဲမှောင်သွားကာသတိလစ်သွားခဲ့တော့တယ်

သူမသတိလစ်သွားသလိုသူမခွဲထုတ်ထားတဲ့သူမရဲ့ကိုယ်ပွားဟာလည်းအောင်မြင်လားမအောင်မြင်လားကတော့သူမကိုယ်တိုင်သာသိနိုင်လောက်သည်


အဲ့အချိန်မှာဘဲဂူထဲကိုထန်မူမူတစ်ယောက်ရောက်လာကာ

'ဒါကဟွာဟွာပြောတဲ့ သူမရဲ့ကျင့်စဉ်လား သူမရဲ့ကျင့်စဉ်ကကိုယ်ခွဲရတာဘဲ သူမရဲ့ကိုယ်ကိုခွဲဖို့သွေးအဆီအနှစ်တွေရော ဝိဉာဉ်ရော စိတိစွမ်းအင်တွေရောလိုအပ်တာဘဲ နာကျင်မှုကလည်းစာမဖွ‌ဲ့န်ိုင်အောင်နေမှာဘဲ ဒါကိုအား‌မလျော့ဘဲဆက်လက်ကျင့်ကြံတယ်ဆိုတော့ ထန်မူမူ ထန်မူမူ နင်တော့ မဟ့ာမဟာပါရမီရှင်ကြီးကိုတပည့်အဖြစ်ရလိုက်တာဘဲ ဟားးး ဟားးး'

ထန်မူမူတစ်ယောက်သူမရဲ့စိတ်ထဲမှာပါရမီရှိတဲ့တပည့်ကိုရလိုက်ပေမယ် အပြင်ဘက်မှာတော့သိပ်ဖော်ပြမထားပါဘူး ထို့နောက် ကောင်မလေးရောသူမရဲ့ကိုယ်ပွားရောနှစ်ယောက်လုံးကို ခုတင်ပေါ်တင်ပေးကာစောင်သေချာခြုံပေးပြီးနောက်မှဂူထဲကထွက်လာတော့တယ်

ဒီတစ်ခေါက်မှာတော့ သွေးအဆီအနှစ်ရော ဝိဉာဉ်ရောပါဆုံးရှုံးထားတာဖြစ်လို့ ဖုန်းဟွာတစ်ယောက်တစ်လလောက်မှနိုးထလာခဲ့တယ် သူမနိုးနိုးချင်း

သူမရဲ့ကိုယ်ပွားကိုရှာတော့သူမရဲ့ဘေးမှာတွေ့လိုက်ရတယ်

'ဆရများရွေ့ပေးထားတာလား'

သူမလည်သိပ်စဉ်းစားမနေတော့ဘဲ အဆုံးမဲ့ကိုယ်ပွားကျင့်စဉ်ထဲမှဝိဉာဉ်အားဖြည့်ကျမ်းကိုရွတ်ဖတ်လိုက်တော့တယ် ရွတ်ဖတ်ရနရင်းသူမရဲ့တဝက်ဆုံးရှုံးထားတဲ့ဝိဉာဉ်ဟာ တဖြည်းဖြည်းပြည်ြစုံလာကြောင်းတွေ့လိုက်ရသည် သူမရဲ့ဝိဉာဉ်ဟာတစ်လလောက်နေရင်အပြည့်အဝပြန်ကောင်းတော့မှာဖြစ်တယ်သူမရဲ့သွေးကိုယ်ပွားကိုလည်းကျမ်း

စာကိုစိတ်ထဲမှရွတ်ဖတ်ရန်ပြောထားခဲ့တယ် သူမရဲ့ကိုယ်ပွားဟာလည် မလှုပ်ရှုးနိုင်သေး‌ပင်မယ့် အသိကတော့ရှိနေပါတယ်

ကိုယ်ပွားလှုပ်ရှုားဖို့ဆိုရင်ဝိဉာဉ်ပြည့်စုံဖို့လိုတယ်

ဒါ့ကြောင့်ဝိဉာဉ်အားဖြည့်ကျမ်းကို ရွတ်ခိုင်းရခြင်းဘဲဖြစ်တယ်ဝိဉာဉ်ပြည့်စံသွားရင်ထိုအရာကကိုယ်ပွားသာသာဘဲဖြစ်နေတော့မှာမဟုတ်ဘဲ သီးခြာရပ်တည်နေတဲ့သူ‌မနောက်‌တစ်ယောက်ဖြစ်သွားမှာပါ ဒါပေမယ်မူလကိုယ်ရဲ့ဆန္ဒကိုတော့သူတို့ကမလွန်ဆန်ကြပါဘူး

ဖုန်းဟွာသန့်ရှင်းရေးလုပ်ပြီး‌ေနာက်ကုချင်းကိုပိုက်ကာဂူပြင်ထွက်ပြီးသူမရဲ့ဆရာမကိုရှာတော့တယ်

မကြာပါဘူးသူမရဲ့ဆရာမကို စားပွဲတစ်လုံးကဲ့ကဘးမှာအကြမ်းရေသောက်နေတာကိုသူမတွေ့လိုက်တော့တယ်

သူမလညဆရာမဆီသွားတော့ဆရာမက

"မင်ဘာလို့ကိုယ်ခွဲလိုက်တာလဲ မင်းအခုလိုခွဲလိုက်တော့မင်းရဲ့အနာဂါတ်ကျင့်ကြံခြင်းအပေါ်မှာသက်ရောက်နိုင်တယ်နော် မင်ငါ့ကိုသေချာရှင်းပြရမယ် မဟုတ်လို့ကတော့ငါ မင်းရဲ့ကိုယ်ပွားကိုအတင်ဖျက်ဆီပြီးမင်နဲ့ပြန်ပေါင်းပေးမှအဆိုးမဆိုနဲ့"

ဖုန်းဟွားလည်းနည်းနညထိန့်လန့်သွားသော်လည်းမျက်နှာမှာမပေါ်စေဘဲ

"ဆရာ တပည့်ပြောဖူးတာမှတ်မိသေးလားရှင် တပည့်ရဲ့ကျင့်စဉ်အကြောင်းလေ အဲ့တာကိုသုံးပြီးခွဲရင် ကိုယ်ပွားထွက်လာပေမယ့် နောက်ကျရင် ကိုယ်ပွားက အသိစိတ်ရှိတဲ့တပည့်ဘဲဖြစ်မှာပါ ပြောရရင် နှစ်ကိုယ့်တစ်စိတ်လိုမျိုးပါ သူအဆင့်တက်ရင်တပည့်လည်းတက်မယ် သူနားလည်သမျှတပည့်လည်းနားလည်မယ် ကုန်ကုန်ပြောရရင် သူသုံးစွဲလိုက်တဲ့ကောင်းကင်ရတနာတွေကိုတောင်မှတပည့်ကစွမ်းအင်တွေရလိမ့်မယ် ပြီးတော့တပည့်ရဲ့သွေးအဆီအနှစ်တွေ ဝိဉာဉ်တွေကတစ်လလောက်နေရင်အကုန်‌ပြန်ကောင်းမှာမို့လို့ ဆရာမ မစိုးရိမ်ပါနဲ့တော့ရှင့်"


ထန်မူမူတစ်ယောက်သူမရဲ့တပည့်ကိုစချင်လို့မျက်နှာတည်တည်တံတံနဲ့မေးလိုက်သော်လည်းမျက်နှာတစ်ချက်ပင်မပျက်တဲ့တပည့်လေးကြောင့်

စိတ်ထဲနည်းနည်းလေညစ်သွားသလိုဝမ်းလည်းသာသွားခဲ့တယ်

"အဟမ်း ကောင်းပြီ အဲ့လိုဆိုလည်းအဲ့လိုဘဲပေါ့"

"ဟုတ်ကဲ့ပါဆရာရှင့်"

"ကောင်ပြီ အခုငါမင်းကိုကုချင်းတီးတာနဲ့ပါတ်သတ်ပြီးသင်ပေးတော့မယ်"