အပိုင်း-7
(ရင်းနီးလာသောကုချင်းနဲ့အဆုံးမဲ့ကိုယ်ပွားကျင့်စဉ်ကိုသေချာလေ့လာခြင်း)
"ဒီကုန်းမြေကအဆင့်နိမ့်ကုန်းမြေတွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီး မူလလောကကသားရဲတစ်သောင်းတောင်တန်းရဲ့လက်ေအာက်ခံေတွဖြစ်ပြီးသားရဲတွေကြီးစိုးတဲ့ကုန်းမြေဘဲ ကုန်းမြေရဲ့နာမယ်တော့မရှိဘူး ဘာလို့ဆိုအဆင့်နိမ့်လွန်းလို့ပဲ ဘယ်လောက်ထိအဆင့်နိမ့်လဲဆိုရင် ဒိကုန်းမြေမှာအဆင့်အမြင့်ဆုံးလူကသဏ္ဌာန်ဖြစ်ပေါ်ခြင်းအထွတ်အထိပ်မှာဘဲရှိနိုင်တယ်
စိတ်စွမ်းအင်ဆိုရင်လည်း အဆင့်3အမျိုးအစား၉ထိဘဲဒီကုန်းမြေမှာနေလို့ရတယ် အစိုင်အခဲဖြစ်တည်ခြင်းအဆင့်နဲ့စိတ်စွမ်းအင်အဆင့်၄ကိုရောက်သွားတဲ့လူတွေကအလယ်ကုန်းမြေကြီးဆီကိုဝင်ရောက်သွားကြရတယ်မင်းကစိတ်စွမ်းအင် အဆင်၃အမျိုးအား၅ဆိုတော့ဒီကုန်းမြေမှာ အင်အားကြီးတဲ့ထဲပါနေပါပြီ ကောင်းပြီ ငါတို့က တောထဲမှာဘဲနေထိုင်ပြီးလေ့ကျင့်သင်ကြးပေမယ်"
"ဟုတ်ကဲ့ပါရှင့်"
သူမတိုနှစ်ယောက်လည်းတောနက်ထဲထိဝင်လာကြကာနေရာကောင်းတစ်ခုကိုရှာလိုက်ကြတော့တယ်
နေရာလေးက ရေတံခွန်လေးလည်းရှိကာ သာသာယာယာဖြင့်အေးချိမ်းလှသည် သူမလည်းသူမရဲ့စိတ်စွမ်းအင်ကိုယက်တောင်ထဲထည့်ကာခပ်လိုက်တော့လူနေနိုင်လောက်တဲ့လှိုင်ဂူလေးဖြစ်သွားတော့တယ် သူမတို့နှစ်ယောက်လုံးဒီနေ့တစ်နေ့တော့ ဘာကျင့်ကြံခြင်းမမလုပ်ဘဲကောင်းကောင်းမွန်မွန်နားလိုက်ကြတော့တယ်
မနက်ရောက်လို့ဖုန်းဟွာနိုးလာတဲ့အခါမှာသူမဟာတစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးအပြင်ထွက်လိုက်တော့ သူမဆရာကအပြင်မှာထိုင်ကာစားပွဲတစ်လုံးလည်းရှိနေပြီးရေေနွးကြမ်းသောက်နေတာကိုသူမတွေ့လိုက်ရတယ် သူမလည်းသူမဆရာအနားသွားကာ
"ဆရာမ ကောင်းသောနံနက်ခင်းပါ"
လို့နှုတ်ဆက်လိုက်တယ်
"ကောင်းပြီ ငါကမင်းကိုတပည့်လက်ခံခဲ့တာဆိုမှတော့မင်းကို ငါ့ရဲ့ပညာတွေအကုန်သင်ပေးမယ်
ငါက ဂီတလမ်းစဉ်နဲ့သားရဲသခင်လမ်းစဉ်ကိုကျင့်ကြံတယ်
ပထမစုံးဂီတကိုအရင်သင်ပေးမယ်
မင်းမှာငါပေးထားတဲ့ကုချင်းရှိတယ်မလား အဲ့ကုချင်းကို မြူလို့ခေါ်တယ် မင်းအဲ့ကုချင်းကိုဘယ်သွားသွားယူသွားရမယ် အိပ်ရင်တောင် မင်းကကုချင်းအနီးနားမှာဘဲအိပ်ရမယ် တစ်လတိတိစိတ်ထဲမှာကုချင်းအကြောင်းကိုဘဲမင်းတွေးနေရမယ်
ငါကုချင်းတီးပြရင်လည်းအာရုံစိုက်ပြီးသေချာနားထောင်ရမယ်"
"ဟုတ်ကဲ့ပါဆရာသခင်တပည့်သေချာလုပ်ပါမယ်"
"ကောင်းပြီ ငါဒီနေ့ကုချင်းတီးပြမယ် မင်းရဲ့ကုချင်းကိုထုတ် ပြီးလက်လေးအသာတင်ထားမတီးနဲ့
နှလုံးသားနဲ့ခံစားကြည့် ငါတီးမယ့်သံစဉ်က ငါ့ရဲ့နာမည်ကျော်သံစဉ်တွေထဲက တစ်ပုဒ်ဖြစ်တဲ့
'ရေတံခွန်'ဆိုတဲ့သံစဉ်ဘဲ"
''ဒင်........ဒန်.............ဒေါင်........................................ဒင်..........ဒန်........ဒေါင်................."
ဖုန်းဟွာလည်းသူမဆရာတီးတဲ့သံစဉ်ကိုနားထောင်ရင်းသူမဟာရေတွေတသွင်သွင်စီးကျနေတဲ့ရေတံခွန်ကြီးနားကိုရောက်သွားတဲ့အတိုင်းခံစားလိုက်ရတယ်
ရေမှုန်ရေမွှားလေးတွေတောင်သူမကိုလာစင်သလိုပါဘဲသူမဟာတဖြည်းဖြည်းသံစဉ်ထဲမှာအာရုံဝင်စားသွားပြီး ပါတ်ဝန်းကျင်ကိုမေ့သွားတော့တယ်
ထန်မူမူကလည်းသူမတပည့်ရဲ့အခြေအနေကိုရိပ်စားမိလို့အံ့ဩရိပ်များဖြတ်သန်းသွားပြီးကုချင်းကိုအဆက်မပြက်တီးရင်းသံစဉ်တွေအမျိုးမျိုးပြောင်းတီးတော့တယ်
ဖုန်းဟွာရဲ့စိတ်အာရုံထဲမှာေတာ့သူမဟာ ရေတံခွန်ကြီးကိုမြင်လိုက် အလွန်သာယာလှပတဲ့တောတောင်တွကိုမြင်လိုက် ယိမ့်နွဲ့နေတဲ့မြက်ခင်းပြင်ကြီးကိုမြင်လိုက် သားရဲတိရစ္ဆာန်တွေကိုမြင်လိုက် နဲ့နစ်မြုပ်နေကာ
သူမရဲ့စိတ်စွမ်းအင်အဆင့်တွေလည်း
အဆင့်၃အမျိုးအစား၆,အမျိုးအစား၇,အမျိုးအစား၈ထိအဆင့်သေးသုံးဆင့်ကိုသူမမသိလိုက်ခင်လေးမှာဘဲချိုးဖျက်သွားတော့တယ်
နောက်ထပ်နှစ်ရက်လောက်ထိကိုဖုန်းဟွာတစ်ယောက်ကုချင်းသံစဉ်တွေထဲမှာအာရုံတွေဝင်စားနေခဲ့ကာ
သုံရက်မြောက်မှာတော့သူမနိုးထလာခဲ့တယ်
သူမကိုယ်သူမသတိမထားမိခင်မှာဘဲသူမဆရာက
"ကောင်းမလေး မင်းကငါ့ကိုတကယ်အံ့ဩစေတာဘဲကုချင်းနဲ့အခုမှထိတွေ့တာကို မင်းက ကုချင်းနဲ့ပါတ်သတ်ပြီးဉာဏ်အလင်းရသွားပြီ ငါအစကမင်းကိုတစ်နှစ်လောက်နေမှကုချင်းကိုစသင်ပေးမလို့မှန်းထားတာ မင်းကတကယ်ကိုမွန်းစတားဆန်ပြီးငါ့ကိုအံ့အားသင့်စေတာဘဲ ဒါ့ကြောင့်မင်းကိုနောက်သုံးရက်နေရင် ကုချင်းတီးတာကိုသင်ပေးတော့မယ်
ဒီသုံးရက်အတွင်း မင်းကကောင်းကောင်းအနားယူသင့်တယ် မင်းရဲ့စိတ်စွမ်းအင်ကိုလည်းတည်ငြိမ်သွားအောင်လုပ်ပေါ့"
"ဟုတ်ကဲ့တပည့်ကောင်းကောင်းကြိုးစားပါ့မယ်ရှင့်"
ဖုန်းဟွားစိတ်ထဲအပျော်တွေနဲ့ပြည့်နေတော့တယ် သူမဟာတခါတည်းနဲ့အဆင့်သေးသုံးဆင့်တက်သွားသေးတယ် ပြီးတော့ သဘာဝတရားနဲ့ပိုပြီးနီးစပ်သွားသလိုခံစားလိုက်ရတယ် သူမနဲ့သူမရဲ့ကုချင်းကြားထဲမှာလည်း မမြင်ရတဲ့ဆက်သွယ်ချက်တစ်ခုရှိနေတာကိုသူမခံစားမိခဲ့တယ်
သူမဟာဂူထဲကိုရောက်ရောက်ချင်းအနားမယူခင် ဝိဉာဉ်ချီတွေကိုစုပ်ယူကာသူမရဲ့အသားကိုသန့်စင်တော့တယ် တစ်ညလုံးသန့်စင်နေပြီးမနက်ရောက်မှသာ သူမအိပ်လိုက်တော့တယ် သူမအိပ်နေစဉ်အတွင်းမှာလည်းဝိဉာဉ်ချီတွေကိုအလိုအလျောက်စုပ်ယူနေကာ အသားတွေကိုသန့်စင်ပေးနေခဲ့တယ်
ဖုန်းဟွာနိုးလာတဲ့အခါမှာသူမတစ်ကိုယ်လုံးအညစ်အကြေးတွေဖုန်းလွှမ်းနေတာကိုေတွလိုက်ရကာ သူမအရင်ကထက်ပိုသန်မာလာတာကိုခံစားမိတာကြောင့် သူမကခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၄ကိုချိုးဖျက်သွားမှန်းသိလိုက်တော့တယ်
'ဒါကရှောင်ထင်ပြောတဲ့ပါရမီရှင်တွေထက်အဆတစ်ထောင်ပိုမြန်တယ်ဆိုတဲ့ဟာလား ငါဂျင်းမိသွားပြီထင်တယ် '
သူမအဲ့လိုတွေးမိသွားတော့စိတ်ထဲနည်းနည်းချဉ်သွားတော့တယ်
ဒါနဲ့သူမလည်းဒီသုံးရက်အတွင်းကုချင်းတီးတာကိုမသင်ခင် အဆုံးမဲ့ကိုယ်ပွားကျင့်စဉ်ကိုလေ့ကျင့်ဖို့ဆုံးဖြတ်လိုက်တယ်
သူမဟာကျင့်စဉ်ကိုသေချာဖတ်လိုက်တယ် သူမဟာဖတ်လေဖတ်လေ အံ့အားသင့်လာလေဖြစ်ကာ ဒီလောကမှာဒီလောက်စွမ်းတဲ့ကျင့်စဉ်ရှိသေးတာလားဟုစိတ်ထဲမှာပြောလိုက်မိကာရှောင်ထင်ကိုလဲ
မယုံမိတဲ့အတွက်တောင်းပန်နေခဲ့တယ်