Chapter-6
Viewers 2k

အပိုင်း-6


(ဆရာမနဲ့လိုက်သွားခြင်း)


သုံးလပြည့်လို့ဖုန်းဟွာလည်းခန္ဓာသန့်စင်ခြင်းအဆင့်3ကိုရောက်ခဲ့တယ်

ပြည့်ပြီးလို့နောက်တစ်ရက်မှာဘဲ သူမရဲ့ဆရာမရောက်လာကာ

"ဟွာဟွာ သွားစို့ မင်းရဲ့ဆရာမကလောကကြီးကိုရှုစားဖို့မင်းကိုခေါ်သွားမယ်"

"ဟုတ်ကဲ့ပါ"

"ဖုန်းဟွာ ဂရုစိုက်ပါ လောကမှာလူတွေကိုသတိထားပါ"

"ဟွာအာ ကျန်းမာရေးဂရုစိုက်ပါ အစားအသောက်ကိုလည်းမှန်မှန်စားပါ နေကောင်း‌ေအာင်နေပါ"

"ဟုတ်ကဲ့ပါအဖေနဲ့အမေပြီးတော့

သမီးကအိမ်ကအပြီးထွက်သွားမှာမှ မဟုတ်တာ 

ဆယ်နှစ်နေရင်ပြန်လာမှာဘဲဟာ"

ဖုန်းဟွာတို့ကိုမိသားစုဝင်တွေအားလုံးလိုက်ပို့ကြတယ်

သူမရဲ့ဆရာမလည်းလက်ဟန်တစ်ခုလုပ်ကာ သူမတို့ရှေ့မှဟင်းလင်းပြင်ကိုကွဲအက်စေပြီးတော့

နီရဲနေသောလိပ်ပြာကြီးတစ်ကောင်ကိုဆင့်ခေါ်လိုက်သည် 

နီရဲနေသောလိပ်ပြာကြီးကိုမြင်လိုက်သောအခါ

ဖုန်းမိသားစုကလူအချို့က

"ဝါးးး အဲ့တာအဆင့်၈အမျိုးအစား၆ကိုတောင်ရောက်နေတဲ့သွေးမီးလျှံလိပ်ပြာကြီးဟ"


"ဖိနှိပ်နိုင်တဲ့အရှိန်အဝါတွေကလည်း

တော်တော်ကြောက်ဖို့ကောင်းတာဘဲ"


"သခင်မလေးရဲ့ဆရာမကလည်း ငါတို့ရဲ့မဟာအကြီးအကဲတွေလိုနတ်ဘုရားထိပ်ဆုံးအဆင့်နဲ့

ညီမျှတဲ့စိတ်စွမ်းအင်အဆင့်၉အမျိုးအစား၉မှာရှိပြီး

ဂီတလမ်းစဉ်ကိုလိုက်စားတဲ့သူဖြစ်ပြီး အဆင့်၉သားရဲ့သခင်ရောဘဲတဲ့"


"ဟုတ်လို့လား မင်းရဲ့သတင်းကသေချာလို့လား"

"သေချာတယ် ငါဟို‌တစ်နေ့က ဘိုးဘေးတို့ကိုရေနွေးသွားကပ်တော့ပြောသံကြးခဲ့တာကွ"

" "

" "

" "

ဆွေးနွေးသံတွေဆူညံနေတာကိုဖုန်းဟွာကြည့်ရင်း

လိပ်ပြာကြီးပေါ်တက်ကာသူမရဲ့ဆရာမနဲ့အတူ အဝေးကိုပျံသန်းထွက်ခွာသွားတော့တယ်


"ကျမတော့သမီးကိုအခုထဲကလွမ်းလိုက်တာ"

"ကိုယ်ရောဘဲ ဒါပေမယ် ဖီးနစ်ဆိုတာတစ်နေ့မှာအမြင့်ကိုအတောင်ဖြန့်လို့ပျံသန်းမှာဘဲလေ

သမီးကလည်းဆယ်နှစ်တစ်ကြိမ်ပြန်လာမှာဘဲဟာ

ကဲ ကဲအကုန်လူခွဲပြီးလုပ်စရာရှိတာဆက်လုပ်မယ်"

မိသားစုဝင်တွေလည်းတစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကာလုပ်စရာရှိတာသွားလုပ်ကြတော့တယ်


ပျံသန်းနေတဲ့သွေးမီးလျှံလိပ်ပြာပေါ်မှာတော့

"ဆရာမနာမည်ကိုမှတ်ထားပေါ့် ဆရာမနာမည်က

ထန်မူမူဘဲ"

"ဟုတ်ကဲ့ပါ"

"ကောင်းပြီ

ငါကဝိဉာဉ်ချီကိုမလေ့ကျင့်ဘူး

စိတ်စွမ်းအင်ကိုဘဲလေ့ကျင့်တာ ပြီးတော့ငါကအဆင့်၉အမျိုးအစား၉သားရဲသခင်ဘဲ"

"အ့ဆိုဆရာမစီမှာအဆင့်9အမျိုးအစားကို့သားရဲရှိမှာပေါ့"

"ရှိတာပေါ့"

ဟုဆိုကာသူမရဲ့လက်ကိုတဖန်ပြန်ယမ်းလိုက်ကာ

ဟင်းလင်းပြင်ကိုပွင်း့သွားစေတယ်

ထိုအထဲမှသေးငယ်လှတယ့်ယုန်‌ေလးတစ်ကောင်ရယ်ဖြူဖွေးနေသောအမွှေးတွေနဲ့ မြေခွေးတစ်ကောင်ရယ်ထွက်လာကြတယ်


"လနတ်ယုန်နဲ့ နှင်းရေခဲမြေခွေး နှစ်ကောင်ရှိတယ်

ဆရာမက သားရဲတွေကိုထိန်းနိုင်တယ်လေ

ငါတို့ကိုယ်ခန္ဓာကဘာကိုဘဲလေ့ကျင့်ကျင့် မြန်မြန်တိုးတက်နိုင်တယ်

ထူးချွန်းလွန်းလို့ကောင်ကင်ကမနာလိုဖြစ်တတ်တော့မသေအောင် ဖုန်းကွယ်ပေးနိုင်တယ်"

"ဆရာမပြောချင်တာက

ကျမတို့ကထူးချွန်းလွန်းလို့ကောင်ကင်ကတောင်မနာလိုဖြစ်တယ်ပေါ့ ဘယ်လောက်ဘဲမနာလိုဖြစ်ဖြစ် 

ကောင်းကင်ကကျမတို့ကိုရှာမတွေ့နိုင်ဘူးပေါ့ဟုတ်လား"

"ဟုတ်တယ်

ကဲအခုလောလောဆယ်ငါမင်းကိုကျင့်ကြံဖို့အတွက်ကျင့်စဉ်ပေးမယ် ငါက ဂီတ လမ်းစဉ်ရယ် သားရဲထိန်းတဲ့လမ်းစဉ်ရယ်နှစ်မျိုးလျှောက်တယ်

မင်းကိုလည်းနှစ်မျိုးလုံးသင်ပေးမယ်

"ဆရာမ ကျမကစိတ်စွမ်းအင်မကျင့်ဘူးလေ"

"ဟေး ကောင်မလေး လာရွှီးမနေနဲ့ အခြာသူတွေမသိပေမယ့်နင့်စိတ်စွမ်းအင်က အဆင့်၃ကိုရောက်နေတာငါမသိဘဲနေမလားဟဲ့"

"အဲ ဟို ဆရာမ သမီးလိမ်ချင်လို့မဟုတ်ပါဘူး

တ တကယ်တော့ကျမအမေဆီမှာသန္ဓေစဖြစ်ကတည်းကအသိဉာဉ်ရှိနေခဲ့ပြီး စိတ်ထဲမှာလည်းကျင့်စဉ်တစ်ခုအမြဲတမ်းရှိနေခဲ့တယ် အဲ့ကျင့်စဉ်ကိုဘဲအမြဲလေ့ကျင့်ရင်းစိတ်စွမ်းအင်အဆင့်တွေတက်လာခဲ့တာပါဆရာမ"

"ဟူး

ကောင်မလေး နောက်ဘယ်သူ့ကိုမှအဲ့အကြောင်းမပြောရဘူး နင့်အတွက်မကောင်းမှာစိုးလို့ပါ

လူတိုင်းမှာလျှို့ဝှက်ချက်တွေရှိကြပါတယ်ကွာ"

"ဟုတ်ကဲ့ဆရာမ"

'တော်ပါသေးတယ်ဆရာမကငါ့‌အပေါ‌်ကောင်းလို့'

"သွားစို့တခါတည်း သားရဲနဲ့ပျံသန်းနေတာကကြာတယ်

လာသွားမယ်"ဆိုပြီ း

သူမတို့နှစ်ယောက်ဖျက်ကနဲပျောက်သွားကာပြန်ပေါ်လာချိန်မှာတော့ ဝိဉာစွမ်းအင်သိပ်မထူတော့တဲ့ကုန်းမြေတစ်ခုမှရောက်နေတော့တယ်