အပိုင်း-5
(ဆရာ)
မဟာအကြီးအကဲဟာ
နောက်တစ်နေ့ရောက်ရောက်ချင်း
ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး အောက်ကမ္ဘာကိုချက်ချင်းဆင်းသွားခဲ့တယ်
အောက်ကမ္ဘာကကန့်သတ်မှုတွေရှိပေမယ့်လည်းသူတော်စင်ဝိဉာဥ်အဆင့်ထိသာ
နတ်ဘုရားအဆင့်ရောက်သွားရင်ကန့်သတ်မှုတွေမရှိတော့ဘူး စိတ်ကြိုက်သွားလာနိုင်တယ်
ဖုန်းဟွာ ကလည်းသူ့အေမပြောပြတဲ့ဒီလောကဟာမူလလောကလို့ခေါ်တဲ့အကြောင်း ကျင့်စဉ်အဆင့်တွေကိုဘယ်လိုခွဲထားကြောင်း သားရဲတွေအကြောင်း ဆေးဖက်ဝင်အပင်တွေ လက်နက်တွေ ရတနာတွေအကြောင်းတွေကိုသေချာသင်ယူလေ့လာနေခဲ့တယ်
သူမက ခန္ဓာကိုယ်ကိုသန်မာအောင်လေ့ကျင့်ဖို့ အတွက်ဝိဉာဉ်ချီတွေစုပ်ယူဖို့ကိုလည်းမေ့လျော့မနေခဲ့ဘူး
သူမဟာနေ့စဉ်ဘဝကိုရိုးရှင်းစွာဘဲဖြတ်သန်းနေတော့တယ်
သူမဟာ ဝိဉာဉ်ချီတွေကိုစုပ်ယူရင်း အကြောတွေထဲကိုပို့နေခဲ့တယ်
သူမရဲ့အကြောတွေဟာလည်း အညစ်အေကြးတွေတဖြည်းဖြည်းကင်းစင်လာတော့တယ်
သူမခန့်မှန်းမိသလောက် သူမခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်2ကိုရောက်ဖို့လက်တကမ်းလောက်ဘဲလိုပါတော့တယ်
သူမဟာအမြဲတမ်းကျင့်ကြံရင်းအချိန်ကုန်းဆုံးစေခဲ့တာမဟုတ်ပါဘူး
သူမဟာသူမအမေနဲ့အတူ
ဖုန်းလျှို့ဝှက်လောကကနေထွက်ပြီးအပြင်လောကကိုလည်းတစ်ခါတလေသွားလည်ကြသေးတယ်
အဲ့လိုအချိန်တွေမှာသူမဟာအပြင်လောကကြီးအကြောင်းကိုသေချာလေ့လာတော့တယ်
သူမတို့ဟာဖုန်းကလန်ကထွက်ခွာရင်ကျင့်စဉ်တွေဘာတွေကိုဖုန်းကွယ်ပြီးမှထွက်ခွာကြတာပါ
ဖုန်းဟွာကဒီအချိန်အတောအတွင်းမှာ စိတ်စွမ်းအင်လေ့ကျင့်တာကိုရပ်တန့်ထားခဲ့ပြီး
ခန္ဓာကိုယ်သန့်စင်ခြင်းအပေါ်မှာဘဲသေချာအာရုံစိုက်ကျင့်ကြံနေခဲ့တယ်
မဟာအကြီးအကဲတစ်ယောက် အောက်ကမ္ဘာကိုထွက်သွားတာ နှစ်လပြည့်တဲ့နေ့မှာဘဲ
အလွန်သာမန်ဆန်လွန်းလှတဲ့ သတ်လတ်ပိုင်းအရွယ် မိန်းမကြီးတစ်ဦးနဲ့အတူဖုန်းမိသားစုကိုပြန်ရောက်လာခဲ့တယ်
အဲ့ဒီနေ့မှာဘဲဖုန်းဟွာရဲ့အကြောတွေလည်းအကုန်သန့်စင်သွားကာခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်2ကိုယ်ရောက်သွားတော့တယ်
ဒါပေမယ့်ချက်ချင်းဘဲသူမရဲ့အရှိန်အဝါကသာမန်ပြန်ဖြစ်သွားတော့တယ်
ဖုန်းဟွာလည်းသန့်ရှင်းရေးလုပ်ကာအပြင်ထ
က်လာတော့သူမရဲ့အမေက
"ဟွာအာ လာ လာ အမေမင်းကိုခေါ်သွားစရာရှိတယ်"
ဆိုပြီးသူမကို ခြံဝင်းတစ်ခုဆီခေါ်သွားတော့တယ်
ခြံဝင်းလေးတစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်ပြီး
အေးချမ်လှတယ်
ခြံဝင်းရဲ့အလယ်မှာတော့ ဟိုးတစ်နေ့က ခန်းမထဲ့မှာတွေ့ခဲ့တဲ့ မဟာအကြီးအကဲဆိုတဲ့လူတွေထဲကတစ်ယောက်ရယ် မျက်နှာကိုပဝါအုပ်ထားပြီး
သာမန်ဆန်တဲ့မိန်းမကြီးတစ်ယောက်ရယ် ထိုင်ကာရေေနွးကြမ်းသောက်နေကြတယ်
ဖုန်းဟွာတို့ရောက်လာတာမြင်တဲ့အခါမှာတော့
အမျိုးသမီးကြီးက
"ဒါကနင်ပြောတဲ့သူလား
နင်ပြောတာမှန်တယ်
သူမလည်းငါ့လိုဖွဲ့စည်းပုံနဲ့ဘဲ"
"ငါပြောပါတယ်အဲ့တာကြောင့်သူမကိုတပည့်အဖြစ်လက်ခံလိုက်တော့လေ နင့်ပညာအမွေတွေလက်ဆင့်ကမ်းနိုင်တာပေါ့ အဘွားကြီးရာ"
"ဟေး ဘိုးတော် ငါတို့လိုနတ်ဘုရားအထွတ်အထိပ်အဆင့်တွေမှာအသက်အရွယ်ဆိုတာဟာသသာသာဘဲဆိုတာနင်မသိဘူးလား ငါ့ကိုများ အဘွားကြီး ဘာညာနဲ့ ငါ့ရဲ့တပည့်လောင်းလေးကြောင့်တာမဟုတ်ရင် နင့်တော့လား ဟင်းးးဟင်းး"
"အေးပါ အေးပါ နင်ပဲအသက်ငယ်တယ် ရပြီလား"
"အလျှောက်ကောင်းလို့အထောင်းသက်သာတယ်ဘဲမှတ်ပါ ကဲ ကောင်မလေးငါ့ဆီလာပြီး ရေနွေးကပ် အရိုအသေသုံကြိမ်လာပြုလှည့်"
ဖုန်းဟွာလည်း ထိုအမျိုးသမီးကြီးဆီကနေ ရင်းနီသ လိုမျိုးခံစားမိတာေကြာင့် သူမပြောတဲ့အတိုင်းအရိုအသေပေးလိုက်တယ်
"ကောင်းပြီ မင်းကအခုငါ့တပည့်ဖြစ်သွားပြီဆိုတော့မင်းကိုလက်ဆောင်ပေးရမှာပေါ့ ရော့"ဆိုကာ
တောက်ပတဲ့အလင်းတွေထွက်ပေါ်နေတဲ့ ကုချင်းတစ်လက်နဲ့ယက်တောင်တစ်ချောင်းကိုပေးလိုက်တယ်
"ဟွာအာ ဆရာ့ကိုကျေးဇူးမြန်မြန်တင်လိုက်လေ"
"ကျေးဇူးတင်ပါတယ်ဆရာရှင့်"
"ရပါတယ် ငါတို့ကဆရာတပည့်တွေဖြစ်သွားပြီဘဲ
ပြီးတော့ငါကဒီမှာသုံးလလောက်ဘဲနေမှာ
ပြီးရင်ပြန်တော့မှာ နင်ရောလိုက်ခဲ့ရမယ်
ငါတို့ရဲ့ကောင်းကင်ဖုန်းကွယ်ခန္ဓာကိုယ်ကသာမန်လူတွေနဲ့များများရောနေမှ ပိုအကျိုးရှိတယ်
ဒီသုံးလအတွင်းမိသားစုကိုနှုတ်ဆက်ထားပါ ငါတို့တွေ ဒီကို ဆယ်နှစ်နေမှတစ်ကြိမ်ဘဲပြန်လာတော့မှာမို့လို့"
"ဟုတ်ကဲ့ပါဆရာ"
ဖုန်းဟွာတစ်ယောက်စိတ်ထဲဝမ်းနည်းသွားခဲ့တယ်
သူမမှာမိသားစုရှိတာ ကို ပြန်ခွဲရတော့မှာမို့လို့ပါ
ဒါပေမယ့် စိတ်ခံစားချက်ကိုအပြင်ကိုထုတ်ဖော်မပြသတတ်တဲ့ သူမရဲ့စရိုက်ကြောင့် လူတွေကသူမဘာဖြစ်နေတယ်ဆိုတာကိုမသိခဲ့ကြဘူး
ဒါကြောင့်ဖုန်းဟွာလည်း ကုချင်းနဲ့ယက်တောင်ကိုယူကာ သူမအမေနဲ့အတူပြန်ခဲ့တော့တယ်
နောက်နေ့တွေမှာတော့သူမရဲ့အမေရောအဖေရော
အမျိုးတွေအများကြီးကသူမဆီနေ့တိုင်းလာတာကြောင့်သူမဟာကျင့်ကြံခြင်းကိုသိပ်မလုပ်နိုင်ဘဲ ပျော်ပျော်သာနေခဲ့တယ်
ဒီလိုနဲ့သုံးလပြည့်မှသာသူမရဲ့သွေးတွေကိုသန့်စင်နိုင်ခဲ့ပြီး ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်၃ကိုချိုးဖျက်နိုင်ခဲ့တော့တယ်
သူမအဆင့်သုံးကိုချိုးဖျက်နိုင်သွားတာနဲ့
ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားကာ အားအင်တွေအပြည့်အဝရှိနေသလိုသက်တောင့်သက်သာရှိသလ်ိုခံစားလိုက်ရတော့တယ်