Chapter-4
Viewers 2k

အပိုင်း-4


(ကောင်းကင်ဖုန်းကွယ်ခန္ဓာ)


ဖုန်းဟွာ ‌ေမွးဖွားခဲ့တာအခုဆိုရင် အချိန်နှစ်နှစ်ကျော်ခဲ့ပြီ

သူမရဲ့အဖေနဲ့အမေရဲ့နာမည်တွေကိုလည်သူမသိရှိခဲ့တယ်

သူမတို့ရဲ့မိသားစုဟာဖုန်းမိသားစုလို့ခေါ်ပြီ

မူလလောကရဲ့ပြိုင်ဘက်မရှိအသန်မာဆုံးမိသားစုဖြစ်တယ်

ဒါပေမယ့်မူလလောကကလူတွေဟာဖုန်းမိသားစုရဲ့တည်ရှိမှုကိုမသိကြဘူး

သိတဲ့သူတွေကလည်းနတ်ဘုရားအဆင့်ရဲ့ အလယ်အလတ်ကနေအထွတ်အထိပ်ကိုရောက်နေတဲ့သူတွေဘဲရှိမှန်းသိကြတယ်

နတ်ဘုရားအဆင့်ကိုဝင်ကာစတွေကတော့ဖုန်းမိသားစုဆိုတာဘာမှန်းကိုမသိကြဘူး

ဖုန်းမိသားစုမှာ မိသားစုခေါင်းဆောင်ဟာနတ်ဘုရားအဆင့်ကိုရောက်တာနဲ့ ရာထူးကိုသင့်တော်တဲ့သူကိုပြန်လွှဲပေးခဲ့ရတယ်

သူမရဲ့အဖေဖြစ်တဲ့ဖုန်းရန်ဟာ သူတော်စင် အဆင့်၇ကိုရောက်နေပြီဖြစ်ကာ

သူမရဲ့အမေဖြစ်တဲ့

လင်းလန်ကတော့နှစ်ကိုယ့်တစ်စိတ်ရဲ့အထိတ်အထိပ်မှာပင်ဖြစ်သည်


ဒီလောကမှာ နှစ်နှစ်အရွယ်ကလေးတွေကအ

သိဉာဏ်တွေဖွံဖြိုးလို့လမ်းတွေလျှောက် စကားတွေပြောတတ်နေကြပြီဖြစ်တယ်

ဒါ့ကြောင့်နှစ်နှစ်အရွယ်ကလေးတွေကိုမိသားစုကြီးတွေကစတင်ကျင့်ကြံဖို့သင်ပေးကြတယ်

ဖုန်းဟွာရဲ့နှစ်နှစ်ပြည့်မွေးနေ့ပွဲကိုမိသားစုအတွင်းမှာဘဲသိုသိုသိပ်သိပ်ကျင်းပလိုက်ကြတယ်

မွေးနေ့ပွဲပြီးတဲ့နောက်နေ့မှာတော့ဖုန်းဟွာကို သူမရဲ့အဖေနဲ့အမေက

ခန္ဓာကိုယ်ကိုသန်မာစေဖို့လေ့ကျင့်ရန်အတွက်

ကောင်းကင်နဲ့မြေကြီးကြားကဝိဉာဉ်ချီကိုခန္ဓာကိုယ်ထဲစုပ်ယူနည်းကာသန်မာစေတဲ့နည်းကိုသင်ကြားပေးခဲ့ကြတယ်

သူမကလည်းသင်ပေးတဲ့အတိုင်းသေချာစွာလိုက်နာခဲ့တယ်

သူမလေ့ကျင့်နေစဉ်အတွင်းမှာသူမရဲ့မိဘတွေကစောင့်ပေးကြတယ်

ဖုန်းဟွာလည်းဝိဉာဥ်ချီကိုအာရုံခံကာခန္ဓာကိုယ်ထဲစုပ်ယူကာ‌အရိုးတွေကိုခိုင်မာအောင်လုပ်တော့တယ်

သူမဟာနေ့စဉ်အရိုးတွေထဲကိုဝိဉာဉ်ချီတွေစုပ်ယူရင်းသုံးရက်မြောက်နေ့မှာတော့ သူမရဲ့အရိုးတွေဟာ

အညစ်အကြေးကင်းစင်ကာ ‌ခန္ဓကိုယ်သန့်စင်ခြင်းအဆင့်တစ်ကိုရောက်သွားတော့တယ်

သူမအပြင်ကိုထွက်လာတော့

သူမကိုစောင့်ပေးနေတဲ့သူမအမေက

"ဟွာအာ မင်းခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တစ်ကိုချိုး‌ဖျက်သွားပြီပေါ့

လာလာအမေမင်းကိုရေချိုးပေးမယ်"

ဆိုကာအံ့ဩနေမှုကိုမြိုချလျက် ဖုန်းဟွာကိုခေါ်သွားတော့တယ်

မူလလောကမှာ အသက်နှစ်နှစ်အရွယ်တွေကို

ကျင့်ကြံလို့ရပြီဆိုပေမယ့်

သုံနှစ်အရွယ်လောက်မှ ခန္ဓာသန့်စင်ခြင်းရောက်ရှိကြတယ်

ပါရမီရင့်သန်တဲ့ကလေးတွေတောင်မှ

နှစ်နှစ်ပြည့်ပြီးလပိုင်းလောက်ကြာမှအဆင့်ချိုးဖျက်ကြတယ်

သူမရဲ့သမီးကတော့ရက်ပိုင်အတွင်းမှာဘဲချိုးဖျက်သွားတယ်

ဘယ်လောက်တောင်ပါရမီပါလိုက်လဲ

သူမဟာ သူမသမီးအကြောင်းတွေးရင်းပျော်ရွှင်နေစဉ် ဘေးနားကသူမသမီးရဲ့ အဆင့်ဟာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တစ်ကနေပြန်ကျသွားကာသာမန်ပြန်ဖြစ်သွကြောင်းအာရုံခံမိလိုက်တ။်

သူမလည်းလန့်သွားကာ

"ဟွာအာ ဘာပြုတာလဲ ဘာလို့အဆင့်ကျသွားတာလဲ သမီးအဆင်ပြောရဲ့လာ"

စိုးရိမ်တကြီးမေးတော့

ဖုန်းဟွာလည်းသူမအ‌ေမရဲ့‌ေမးခွန်းကိုကြား‌ေတာ့‌ေကြာင်အသွားကာအလွန်တုန်လှုပ်‌ေနမှုကိုမြိုသိပ်လျက်

"အမေ ဘာပြောတာလဲ သမီးကဘာပြုသွားလို့လဲ"

လို့မေးတော့

သမီးအမေ့ကိုအင်အားအပြည့်နဲ့ရိုက်ကြည့်လို့ပြန်ပြောတယ်

ဖုန်းဟွာလည်းသူ့အမေပြောတဲ့အတိုင်းအင်အားအပြင့်နဲ့ရိုက်လိုက်တယ်

"ထူးဆန်းလိုက်တာ သမီးရဲ့အဆင့်ကကျမသွားဘူး

ဒါဆိုဘာလိုအမေအာရုံခံလို့မရတော့တာလဲ

အထူးဖွဲ့စည်းပိုင်များဆိုင်လို့လား

ဘာဖွဲ့စည်းပုံများပိုင်ဆိုင်လို့ပါလိမ့် အမေတို့အကြီးအကဲတွေဆီကိုသွားရအောင်လာသမီး"

ဖုန်းမိသားစုရဲ့အကြီးအကဲတွေကနတ်ဘုရားအဆင့်ကိုရောက်ရှိနေကြတဲ့သူတွေဖြစ်ကာ အဆင့်နိမ့်အကြီးအကဲက နတ်ဘုရားအဆင့်၁ကနေ၃အထိဖြစ်ပြီး

၄ကနေ၆အထိကအလယ်အလတ်အကြီးအကဲတွေ‌ဖြစ်ကာ၇ကနေ၈‌မထိကအဆင့်မြင့်အကြီးအကဲတွေဖြစ်ကြတယ်

မဟာအကြီးအကဲ‌ေတွကတော့နတ်ဘုရားအဆင့်ရဲ့အထွတ်အထိပ်တွေဖြစ်တဲ့အဆင့်၉တွေပင်ဖြစ်ကြတယ်

ဖုန်းမိသားစုမှာမဟာအကြီးအကဲက၆ယောက်

အဆင့်မြင့်အကြီးအကဲက၁၀

အလယ်ဆင့်က၁၉

အဆင့်နိမ့်က ၂၇ဟယာက်ရှိကြတယ်

ဖုန်မိသားစုခန်မထဲမှာ

ဖုန်းဟွာရယ် သူမမိဘတွေအပါအဝင် အကြီးအကဲတွေအကုန်လုံးရောက်နေကြတယ်

"ဘာလို့ငါတို့ကိုခေါ်လိုက်တာလဲ မိသားစုခေါင်းဆောင်"

"ဟုတ်တယ်

 ဘာအရေးကြီးကိစ္စတွေရှိနေလို့လဲ"

"အကြီးအကဲတို့ ကျနော့်သမီးလေးကိုသေချာအာရုံခံကြည့်ပါသူမအခုဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာ"

အကြီးအကဲတွေလဲအာရုံခံကြည့်ကြတော့တယ်

"မိသားစုခေါင်းဆောင် မင်းငါတို့ကိုနောက်နေတာလ ား မင်းသမီးကဘာမှမကျင့်ကြံရသေးဘူးလေ

ဘယ်လိုလုပ်ပြီးအဆင့်တွေရှိရမှာလဲ

"ဖုန်းအားသမီး သမီးအဖေ့ကိုအားအပြည့်နဲ့ရိုက်ကြည့်ပါ အကြီးအကဲတို့လဲသေချာကြည့်ကြပါ"

ဖုန်းဟွာလည်း အားအပြည့်နဲ့သူမ‌အဖေကိုရိုက်လိုက်တယ်

ဖုန်းးး


အကြီးအကဲတွေလည်းအားလုံးအံ့ဩသွားကာ

တစ်ယောက်နဲ့‌တစ်ယောက်ပြန်ကြည့်မိလိုက်ကြတော်တယ်

"ဘယ်လိုဖြစ်တာတုန် သူမကသာမန်လူတစ်ယောက်လိုဖြစ်နေပင်‌မယ့် သူမရဲ့အင်အားကခန္ဓသန့်စင်ခြင်းရဲ့အဆင့်ငါးလောက်ကိုရှိတယ်။

ဘယ်လိုဖြစ်တာလဲ"

"လင်းလန်မင်းဘဲရှင်းပြလိုက်တော့"

"အကြီးအကဲတို့ ဒါကဒီလိုဖြစ်ခဲ့တာပါ

မနက်ကဟွာအာက ခန္ဓာသန့်စင်ခြင်းအဆင့်တစ်ကိုချိုးဖျက်ခဲ့ပါတယ် ကျမလည်းသူမကိုဖုန်းရန်ဆီခေါ်သွားတုန်းလမ်းမှာတင်သူမရဲ့အဆင့်ကပျောက်ကွယ်သွားတာပါ ကျမဘယ်လိုမှအာရုံခံလို့မရတော့ဘူးသူမရဲ့အဆင့်ကမကျသွားဘူးဒါပေမယ်ဘယ်လိုမှအာရုံခံလို့မရတော့လို့ပါ"

"ဘယ်လို သူ့ရဲ့အဆင့်ကရှိသေးတယ်ပေါ့ ငါတို့ဘာလို့အာရုံခံလို့မရတာလဲ"

"သူမကအထူးခန္ဓာကိုယ်ကိုပိုင်ဆိုင်လို့များလား"

"ဘာခန္ဓာကိုယ်ဖြစ်မလဲ"

အကုန်လုံးဆွေးနွေးနေတဲ့အချိန်မှာ

ခန်းမရဲ့ထိပ်ဆုံးကထိုင်ခုံခြောက်ခုံမှာထိုင်နေတဲ့လူတွေထဲကအသက်အကြီးဆုံးလူက 

"ကောင်းကင်ဖုန်းကွယ်ခန္ဓာ

အဲ့တာဘဲဖြစ်ရမယ်"

ဆိုပြီးပြောလာတယ်

"မဟာအကြီးအကဲကောင်းကင်ဖုန်းကွယ်ခန္ဓာကဘာလဲဗျ ရှင်းပြပေးပါလား"

"ဟုတ်တယ်မဟာအကြီးအကဲရှင်းပြပေးပါဗျ"

"အဲ့တာကထူးခြာသောခန္ဓာဖွဲ့စည်းပုံမှာအဆင့်ဘယ်လောက်လဲ"

"ကောင်းပြီ ကောင်းကင်ဖုန်းကွယ်ခန္ဓာဆိုတာက

အရာရာကိုသိနိုင်တဲ့ကောင်းကင်တာအိုကနေတောင်ပုန်းကွယ်နိုင်တာမလို့ဘဲ

အဲ့တာကြောင့် သူမကိုမွေးတုန်းက ဘာမှမခံစားမိတာကိုး သူမ ရဲ့အဆင့်တွေပိုမြင့်လာလေ

သူမကပိုပြီးသာမန်ဆန်လေပါဘဲ

အဲ့လိုခန္ဓာကအဆင့်သတ်မှတ်ချက်မှာသုညရှိတယ်

တန်ဖိုးမရှိတာမဟုတ်ဘူးနော်

တစ်ဆိုတဲ့အရာထက်တန်ဖိုးရှိတာကိုပြောတာ

သူ့ကိုသိတယ့်သူကလည်းဒီမူလလောကမှာလက်ဆယ်ချောင်းတောင်မပြည့်လောက်ဘူး"

"အဲ့လိုခန္ဓာမျိုးရှိသေးတာလား

ငါတို့ဘာလို့မကြားဘူးရတာလဲ"

"အဲ့လိုခန္ဓာကိုယ်ကအရမ်းရှားပါးလို့ဘဲ

တကယ်လို့တွေ့ခဲ့ရင်တောင်မင်းတို့သတိမထားမိလောက်ဘူး ငါတောင်မှ အောက်ကမ္ဘာမှာသွားလေ့ကျင့်တုန်းကတွေ့ခဲ့တာ ခုဆိုသူလည်း နတ်ဘုရားအဆင့်လောက်တော့ရောက်လောက်ပြီ"

"မဟာအကြီးအကဲအဲ့လူကိုရှာပြီးသမီးလေးကို တပည့်လက်ခံပေးဖို့တောင်းဆိုရင်ရော"

"ကောင်းပြီ ငါမနက်ဖြန်အောက်ကမ္ဘာကိုသွားမယ်

သူမကိုတွေ့အောင်တော့ရှာခဲ့မယ် တွေ့ရင်တောင်းဆိုပေးမယ်"

"ကျေးဇူးတင်ပါတယ်မဟာအကြီးအကဲ"

"ကျေးဇူးတင်ပါတယ်မဟာအကြီးအကဲ"