အပိုင်း-3
(မွေးဖွားခြင်းနှင့်နာမည်)
အချိန်တဖြည်းဖြည်းကုန်ဆုံးလာသလို
ရာသီတွေလည်းတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ်
ဖုန်းဟွာ မိခင်ဗိုက်ထဲမှာရှိနေတာ
သုံးနှစ်တောင်ကြာခဲ့ပြီး မွေးဖွားဖို့အတွက်နှစ်နှစ်ဘဲလိုတော့တယ်
သုံနှစ်ဖြစ်စေ ငါးနှစ်ဖြစ်စေ ကျင့်ကြံသူတွေဖြစ်ကြတဲ့ဖုန်းမိသားစုရဲ့စိတ်ထဲမှာတော့ အချိန်ကဘာသက်ရောက်မှုမှသိပ်မဖြစ်စေခဲ့ဘူး
ဖုန်းဟွာကလည်းသုံးနှစ်အတွင်းစိတ်စွမ်းအင်အဆင့်1ကိုကျော်လွန်ပြီး
စိတ်စွမ်းအင်အဆင့်2အမျိုးအစား9ကိုရောက်ရှိလာကာ စိတ်စွမ်းအင်အဆင့်သုံးသို့ချိုးဖျက်နိုင်တော့မှာဘဲဖြစ်တယ်
ပြီးတော့ဒီသုံနှစ်အတွင်းမှာ မိခင်ဆီကရတဲ့အာဟာရတွေကိုလည်းသွေးကြောတွေတစ်လျှောက်စီးဆင်းစေကာ ကိုယ်ခန္ဓသန်မာစေဖို့အတွက်အုတ်မြစ်ချခဲ့တာကြောင့်သူမရဲ့ခန္ဓကိုယ်လေးဟာကျန်းမာသန်စွမ်းနေခဲ့တယ်
တစ်နေ့သူမစိတိစွမ်းအင်ကျင့်ကြံနေတုန်း
သူမရဲ့စိတ်တွင်းနက်ကျင့်စဉ်ကိုအာရုံပြုလို့ပေါ်လာတဲ့တွင်းနက်ကြီးဟာအစကငြိမ်သက်ရာမှတဖြည်းဖြည်းလည်ပါတ်လာတော့သည်
ဖုန်းဟွာလည်းအစကထိတ်လန့်သွားကာ
နောက်မှတဖြည်းဖြည်းတည်ငြိမ်လာကာ
စိတ်တွင်းနက်ကျင့်စဉ် ပထမအဆင့်ရောက်သွားကြောင်းသိလိုက်ရတော့တယ်
တချိန်တည်းမှာဘဲသူမရဲ့စိတ်စွမ်းအင်ကျင့်ကြံခြင်းဟာလည်းအဆင့်3အမျိုးအစား5အထိတစ်ခါတည်းချိုးဖျက်သွားတော့တယ်
ဖုန်းဟွာကိုကိုယ်ဝန်ဆောင်ထားတဲ့မိန်းမကတော့ထိုနေ့ကစပြီးစိတ်စွမ်းါင်အတွက်အကျိုးရှိတယ့်ကောင်ကင်ရတနာတွေကိုချင့်ချဉ်တက်လာပါတော့တယ်
ထို့ကြောင့် ဖုန်းမိသားစုကလူတွေဟာမွေးဖွားလာမယ့်သခင်မလေးဟာစိတ်စွမ်းအင်မှာပါရမီပါလောက်တယ်လို့ထင်ကြေးပေးလာကြတော့တယ်
ဒီလိုနဲ့ငါးနှစ်ပြည့်ပြီးမွေးဖို့အတွက်တစ်ရက်ဘဲလိုတော့တဲ့အချိန်မှာ
ဖုန်ဟွာစိတ်စွမ်းအင်ကျင့်ကြံတာက်ိုရပ်နားလိုက်တော့တယ်
သူမဟာအခုဆိုရင်စိတ်စွမ်းအင်အဆင့်3အမျိုးအစား7ကိုရောက်နေပြီဖြစ်တယ်
သူမဟာဒီနေ့တစ်ရက်လုံး မိခင်ဝမ်းထဲမှာနှစ်ခြိုက်စွာအိပ်လိုက်တော့တယ်
နောက်နေ့မှာတော့ဖုန်းမိသားစုတစ်ခုလုံး
စိတ်လှုပ်ရှားမှုအရိပ်အရောင်တွေဖုံးလွှမ်းနေတယ်
သခင်မဆိုတဲ့မိန်းကလေးဟာလည်းကုတင်ပေါ်မှာငြိမ်သက်စွာလှဲလျောင်းနေခဲ့တယ်
ပြီးတဲ့နောက်သူမကိုယ်သူမသာကြားနိုင်တဲ့အသံလေးဖြင့်
"အချိနိကျပြီ"
လို့ပြောလိုက်တယ်
ဖုန်ဟွာလည်းအိပ်ပျော်နေရာမှာ
တင်းကနဲဖြစ်သွား၍လန့်နိုးလာကာ ရှုန်းမိတော့တယ်
သူမရှုန်းလေ ကျပ်ေလဖြစ်လာကာနောက်ဆုံးသူမဟာ လောကကြီးထဲကိုတဖန်ပြန်လည်ရောက်ရှိလာပါတော့တယ်
သူမဟာအပြင်ရောက်ရောက်ခြင်းမျက်စိစဖွင့်လိုက်တာနဲ့ ငှက်မျိုးနွယ်ဝင်သားရဲတွေအကုန်လုံးသူမရှိရာသို့အရိုအသေပေးလိုက်ကျတော့တယ်
လောကတစ်ခွင်လုံးလည်းကျယ်လောင်သောဖီးနစ်ငှက်မြည်တမ်းသံကိုကြားလိုက်ရတော့တယ်
ကိုးရောင်ခြယ်တိမ်တိုက်တွေလည်းလောကတစ်ခုလုံးဖုံးလွှမ်းသွားတော့တယ်
ဖုန်းဟွာဟာသူမစိတ်စွမ်းအင်အဆင့်၃အမျိုးအစား7သို့ရောက်ရှိနေတာကိုဖုန်းမိသားစုကလူတွေသိမှာကိုမစိုးရိမ်ခဲ့ပါဘူး
ဘာလို့လဲဆိုတော့ အဆုံးမဲ့ကိုယ်ပွကျင့်စဉ်ထဲမှာ
ပါတဲ့ဖုံးကွယ်နည်းကနတ်ဘုရားအထွတ်အထိပ်ဆင့်တောင်မှကိုယ်ဖုံးကွယ်ထားရင်မသိနိုင်တာမို့လို့ပါ
ဖုန်းရန်တစ်ယောက် အဆောင်အပြင်ဘက်မှာသွားလိုက်ပြန်လိုက်ဖြင့်ဂနာမငြိမ်ဖြစ်နေကာစိတ်လှုပ်ရှုးနေတော့တယ်
မကြာပါဘူး
ဖီးနစ်အော်သံအပါအဝင် ထူးဆန်တဲ့အရာတွေကိုကြုံတွေ့လိုက်ရတော့တယ်
အဲ့အချိန်မှာဘဲ
အဆောင်တံခါးပွင့်သွားကာ
"သခင်ကြီးသခင်မကသခင်မလေးကိုကျန်းကျန်းမာမာဖြင့်မွေးဖွားပေးခဲ့ပါပြီရှင့်"
ဆိုပြီးအစေခံမလေးကလျှောက်တင်လိုက်တော့တယ်
ဖုန်းရန်လည်းခနလှုပ်ရှုးမှုများရပ်သွားကာ
အသံအကျယ်ကြီးအော်ရီပါတော့တယ်
"ဟားးးးးးးဟားးးးဟားးးးငါအဖေဖြစ်ပြီ
ငါအဖေဖြစ်ပြီကွ ဟားးးး"
ဖုန်းရန်တစ်ယောက်အဆောင်အတွင်းသို့ပြေးကာသွာပြီး
"ရှင်မ ပင်ပန်းသွားပါပြီ"
"ရပါတယ် မပင်ပန်းပါဘူး"
ဟုဆိုကာမိခင်မေတ္တာအပြည့်ဖြင့်ဖုန်းဟွာကိုနို့ရည်တိုက်ရှင်းပြန်ဖြေလေသည်
"ရှင်မသမီးလေးကိုဘယ်လိုခေါ်ကြမလဲဟင်"
"ဖုန်းဟွာလို့ဘဲခေါ်မှာပေါ့ နော် သမီးလေးရယ်
သမီးနာမည်က ဖုန်းဟွာနော်"
"ဖုန်းဟွာ ဖုန်းဟွာ ကောင်တယ် ငါမိသားစုတွေ့စုံပွဲမှာသမီးလေးရဲ့အမည်ကင်ပွန်းတပ်ပွဲရောပေါင်းကျင်းပမယ်ကွဟားးးးးး ဟားးးးးး"
ဖုန်ဟွာလည်းမကြာသေးခင်ကရုန်းကန်ရနဲ့ပင်ပန်းနေတာမို့
မိဘအရိပ်ကိုအပြည့်အဝခံယူရင်း
အေးချမ်းစွာဖြင့်နှစ်နှစ်ချိုက်ချိုက်အိပ်လိုက်တော့တယ်