Chapter-2
Viewers 2k

အပိုင်း-2

(မူလာလောက၊အဆုံးမဲ့ကိုယ်ပွားကျင့်စဉ်နှင့်စိတ်စွမ်းအင်လေ့ကျင့်ခြင်း)



မူလလောကသည်စွမ်းအားကြီးသူတို့ကစွမ်းအားနည်းသူတို့ကိုဝါးမြိုသောကြီးနိုင်ငယ်ညှင်းလောကကြီးတစ်ခုဖြစ်တယ်


မူ‌လလောကရဲ့အောက်မှာအဆင့်မြင့်ကမ္ဘာသုံးခုရှိကြတယ်

အလယ်အလတ်ကမ္ဘာက ခြောက်ခုနဲ့

မရေမတွက်နိုင်တဲ့အဆင့်နိမ့်ကမ္ဘာတွေရှိကြတယ်

အချို့အဆင့်နိမ့်ကမ္ဘာတွေဆိုကျင့်ကြံခြင်းဆိုတာဘာမှမသိတဲ့ကမ္ဘာတွေတောင်ရှိကြတယ်

မူလလောကမှာကျင့်ကြံတဲ့အဆင့်တွေကို

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်

ဝိဉာဉ်နိုးထခြင်းအဆင့်

သဏ္ဍာန်ပေါ်ခြင်းအဆင့်

အစိုင်အခဲဖြစ်တည်ခြင်းအဆင့်

ရုပ်လုံးပေါ်ခြင်းအဆင့်

အသိဉာဏ်ဖြစ်တည်ခြင်းအဆင့်

နှစ်ကိုယ်တစ်စိတ်အဆင့်

သူတော်စင်ဝိဉာဉ်အဆင့်

နတ်ဘုရားအဆင့်ဆိုပြီးခွဲခြားထားတယ်

သားရဲတွေဆေးပင်တွေလက်နက်တွေသိုင်းကျမ်းတွေကိုတော့အဆင့်1မှ9အထိခွဲခြားထားတယ်

အခုမူလလောကကလျှို့ဝှက်ဆန်းကျယ်ပြီးအင်အားဘယ်လောက်ရှိတယ်ဆိုတာပဟေဠိလိုဖြစ်နေတဲ့ဖုန်းမိသားစုကအခန်းတစ်ခုထဲမှာ

ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်တို့စကားစမြည်ပြောနေစဉ်

မိန်းမဖြစ်သူဟာ

ခန္ဓကိုယ်တစ်ချက်တုန်သွားပြီး

ကိုယ့်ဗိုက်ကိုယ်ငုံ့ကြည့်ကာ

"ယောက် ယောက်ျား

ကျမတို့ကြိုးစားထားတာအောင်မြင်ပြီထင်တယ်"

ခွမ်းးးး

"ဘာ တကယ်ကြီးလား

အပြင်မှာဘယ်သူရှိလဲ အကြီးအကဲကျင်ကိုသွားဖိတ်ခေါ်ပေးပါဦးမြန်မြန်"

ယောက်ျားဖြစ်သူဟာမိန်းမဖြစ်သူရဲ့စကားကိုကြားကြားချင်း လက်မှာကိုင်ထားတဲ့ခွက်လည်းကျကွဲသွားကာ ပြာယာခက်သွားတော့တယ်

မကြာပါဘူး

အသက်ကြီးကြီး မှုတ်ဆိတ်ဖြူဖြူနဲ့လူကြီးတစ်ယောက်ရောက်လာကာ

"သခင်မကျနော်စမ်းသပ်ပါတော့မယ်နော်"

ဆိုပြီးမိန်ကလေးရဲ့လက်ကသွေးကြောကိုစမ်းလိုက်တော့တယ်ခနအကြာမှ

"ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်သခင်ကြီး

သခင်မမှာ သန္ဓေရှိနေပါပြီ သခင်မကနှစ်ကိုယ့်တစ်စိတ်အဆင့်ရဲ့အထွတ်အထိပ်မှာဖြစ်ပြီး သခင်ကြီးက သူတော်စင်အဆင့်၇မှာရှိနေတာဖြစ်လို့ သန္ဓေကိုအနည်းဆုံးငါးနှစ်ဆောင်ရပါမယ်

ငါးနှစ်ပြည့်ရင်တော့ကျနော်တို့ဖုန်းမိသားစုကဖီးနစ်တစ်ကောင်ကိုမိသားစုထဲကကြိုဆိုရတော့မှာပါ ဂုဏ်ယူပါတယ်သခင်ကြီး"

အကြီးအကဲကျင်ရဲ့နာမည်အရင်ကဖုန်းကျင်ဖြစ်ကာ

ဖုန်းမိသားစုရဲ့နတ်ဘုရားအဆင့်ကျင့်ကြံသူ၆၀ကျော်ထဲကတစ်ယောက်ပင်ဖြစ်သည်

ထို့ကြောင့်အကြီးအကဲကျင်၏စကားကိုကြားလျှင်

အနီးအနားမှာရှိတဲ့လူတွေအကုန်လုံကနေ

"ဂုဏ်ယူပါတယ်သခင်ကြီး"

"ဂုဏ်ယူပါတယ်သခင်ကြီး"

"ဂုဏ်ယူပါတယ်သခင်ကြီး"

"ဂုဏ်ယူပါတယ်သခင်ကြီး"

"ဂုဏ်ယူပါတယ်သခင်ကြီး"

သခင်ကြီးလို့‌အခေါ်ခံရတဲ့အမျိုးသားကြီးနဲ့သူ့ဇနီးဟာလည်းတစ်ယောက်နဲ့တစ်ယောက် ဝမ်းသာကြည်နူးစွာကြည့်နေခဲ့ကြတယ်

အဲ့အချိန်

ဖုန်းဟွာကတော့ အရည်တေအပြည့်ရှိတဲ့နေရာကျဉ်းကျဉ်းလေးထဲမှာအသိစိတ်ရှိတဲ့‌ေသွးခဲ‌ေလးအဖြစ်ရောက်လာတော့တယ်

နေရာကျဉ်းပေမယ့်သူမအတွက်သက်တောင့်သက်သာဖြစ်မှုနဲ့လုံခြုံနွေးထွေးမှုကိုခံစားနေရတယ်

သူမဟာလူပြန်ဝင်စားနေပြီဆိုတာသိလိုက်ရတော့တယ်

ထိုအချိန်မှာဘဲသူမခေါင်းထဲမိုက်ကနဲဖြစ်သွားကာပြန်အိပ်ပျော်သွားတော့တယ်

သူမဘယ်လောက်ကြာကြာအိပ်ပျော်သွားလဲမသိပေမယ့်သူမနိုးထလာတော့ သူမခန္ဓကိုယ်ဟာသွေးခဲပုံစံမဟုတ်တော့ပါဘူး

အဲ့အစား ခြေလက်တွေပုံပေါလာကာလူတစ်ယောက်နဲ့တူနေပြီဖြစ်တာကိုခံစားလိုက်ရတယ်

သူမအိပ်မပျော်ခင်ကအခြေ‌အနေကိုပြန်စဉ်စားလိုက်တဲ့အခါမှာ သူမမသိသေးတဲ့အကြောင်းအရာတွေအများကြီးမှတ်ဉာဏ်ထဲရောက်လာလို့ဆိုတာကိုသူမသိလိုက်တယ်

သူမထိုအရာတွေကိုလေ့လာကြည့်တဲ့အခါမှာ

ထိုအရာကအဆင့်သတ်မှတ်ချက်လုပ်လို့မရတဲ့

တိုးတက်နိုင်တဲ့အဆင့်အလွန်မြင့်တဲ့ကျင့်စဉ်ဖြစ်ကြောင်းသူမသိခဲ့တယ် ကျင့်စဉ်ရဲ့နာမည်က

အဆုံးမဲ့ကိုယ်ပွားကျင့်စဉ် ဟုခေါ်ပြီး

ကျင့်စဉ်ရဲ့နာမည်အတိုင်း ကျင့်စဉ်ဟာအဆုံးကိုရှာမတွေ့နိုင်တဲ့အထိအလွန်အဆင့်မြင့်နေခဲ့တယ်

သူမစတင်ကျင့်ကြံဖို့ပြင်ခဲ့ပေမယ်

သူမဟာခုမှသန္ဓေသားသာသာရှိသေးတာကြောင့်

သူမဟာစိတ်စွမ်းအင်ကိုဘဲလေ့ကျင့်လို့ရခဲ့တယ်

သူမလည်းအဆုံးမရှိကိုယ်ပွားကျင့်စဉ်ထဲက

စိတ်စွမ်းအင်ကိုလေ့ကျင့်ရတဲ့

စိတ်တွင်းနက်ကျင့်စဉ်ကိုလေ့လာကာကျင့်ကြံဖို့ပြင်တော့တယ်

စိတ်တွင်းနက်ကျင့်စဉ်က အဆင့်သုံးဆင့်ရှိပြီး

ပထမအဆင့်ကိုအောင်မြင်ရင် စိတ်စွမ်းအင်ရှိ

တဲ့ရန်သူ‌ေတွသတ်ပြီးကိုစုပ်ယူလိုက်ရင် ကိုယ်ကငါးဆယ်ရာခိုင်နှုန်းရမှာဖြစ်ပြီး

ဒုတိယအဆင့်ကိုအောင်ရင်ခုနှစ်ဆယ်ရာခိုင်နှုန်းရမှာဖြစ်တယ်

တတိယအဆင့်ထိအောင်မြင်သွားရင်တော့

တစ်ရာရာခိုင်နှုန်းလုံးကိုယ်ကရမှာဘဲဖြစ်တယ်

စိတ်စွမ်းအင်ကျင့်ကြံသူတွေကိုလည်းအဆင့်၁ကနေ၉အထိခွဲခြားထားပြီး

တဆင့်ခြင်းစီမှာအမျိုးအစား၉ခုထိရှိကြတယ်

ဖုန်းဟွာလည်းသူမရဲ့စိတ်စွမ်းအင်ကိုလေ့ကျင့်တော့တယ်

ရန်သူကိုစုပ်မယူဘဲလေ့ကျင့်တဲ့နည်းကတော့

စိတ်တွင်းနက်ကျင့်စဉ်ကိုအာရုံပြုရင်ပေါ်လာတဲ့တွင်းနက်ကြီးကိုစိုက်ကြည့်‌ေနခြင်းဘဲ

ဖုနဟွာလည်းကျင့်စဉ်လေ့ကျင့်ရင်းနေ့စဉ်ဖြတ်သန်းလာကာတစ်ရက်မှာတော့သူမစိတ်ထဲတစ်စုံတစ်ခုကျိုးပျက်သံနဲ့အတူ

စိတ်စွမ်းအင်အဆင့်တစ် အမျိုးအစားတစ်သို့ချိုးဖျက်သွားတော့တယ်