အပိုင်း-15
အင်အားကြီးငါးခုရဲ့ထင်မြင်ဆွေးနွေးချက်များ-၁
မူလလောကကြီးရဲ့တစ်နေရာ
ရေတွေဝန်းရံနေတဲ့ကျွန်းကြီးတစ်ခု
ဝိဉာဉ်စွမ်းအင်းတွေကလည်းအလွန်သိပ်သည်းနေကာ
အဆင့်နိမ့်ကုန်းမြေ၊အလယ်အလတ်ကုန်းမြေတွေနဲ့ဆင့်မြင့်ကုန်းေမြေတွအသာထားမူလလောကကအချို့နေရာတွေမှာတောင်ထိုကျွန်းကြီးလောက် ဝိဉာဉ်စွမ်းအင်သိပ်သည်းမှုေတွမရှိပေ
ထိုကျွန်းကြီးကတော့နဂါးကျွန်းလို့ခေါ်ပြီး
နဂါးသွေးပါတဲ့သားရဲတွေ လူတွေနဲ့အစစ်အမှန်နဂါးတွေရဲ့နေထိုင်ရာဠာနေကြီးပင်
အလွန်စူးရှတဲ့ငှက်မြည်သံထွက်ပေါ်လာတာနဲ့
နဂါးကျွန်းရဲ့ မြေအောက်ဂူထဲမှာတရားထိုင်နေကြတဲ့အဖိုးအိုသုံးယောက်နဲ့သတ်လတ်ပိုင်းအရွယ်မိန်းမတစ်ေယာက်ဟာမျက်လုံးတွေတပြိုင်တည်းဖွင့်ကာ
"အလွန်းလွှမ်းမိုးနိုင်စွမ်းရှိတဲ့အသံဘဲ"
"ဟုတ်တယ် ဒုတိယအကိုကြီး အဲ့ဒီအသံကြားတော့ကျနော်စိတ်ထဲအရိုအသေပေးချင်စိတ်တွေပေါက်လာတယ် အကိုကြီးရောမခံစားမိဘူးလား"
"အေးး ငါကနတ်ဘုရားအဆင့်ရဲ့အထွတ်အထိပ်ကိုရောက်နေပြီဖြစ်ပေမယ့် ငါရဲ့စိတ်ထဲလည်းမင်းတို့လိုဘဲခံစားလိုက်ရတာဘဲ"
"ဦးလေးတို့သုံးယောက်တောင်အဲ့လိုခံစားရစေတယ်ဆိုတော့ အဲ့သားရဲကဘယ်အဆင့်လောက်ဖြစ်မလဲရှင်"
"တူမလေး အဲ့တာသားရဲမဟုတ်ဘူး သိုင်းဝိဉာဉ်ဘဲ"
"ဘယ်လို ပထမအကိုကြီး အကိုကြီးကခံစားမိတယ်ပေါ့ ကျနော်တို့နှစ်ယောက်ကဘာလို့မသိရတာလဲ"
"မင်းတို့ကအခုမှနတ်ဘုရားအလယ်အလတ်ဘဲရှိသေးလို့ပါ တူမလေးလို့စဦးအဆင့်နတ်ဘုရားဆိုပြောမနေနဲ့တော့ သူမသိမှာတောင်မဟုတ်ဘူး"
"ဟုတ်ပါတယ် ကျမကဒီထဲမှာကျင့်ကြံမှုအနိမ့်ဆုံးဘဲရပြီလား"
အကြီးဆုံးအကိုကြီးလို့အခေါ်ခံရတဲ့အဖိုးအိုဟာ
စနောက်နေကြတဲ့လူတွေကိုလျစ်လျူရှုကာ
တောင်ဘက်ကိုမျှော်ကြည့်ရင်း
'ငါတို့လူအိုကြီးတွေဘဲ
ရှိတယ်ဆိုတာသိထားတဲ့နေရာကများပါရမီရှင်တစ်ယောက်မွေးထုတ်လိုက်ပြန်ပြီလား'
ထို့နောက် စကားပြောအဆောင်တစ်ခုကိုထုတ်ကာ
နေရာတစ်ခုနဲ့ဆက်သွယ်လိုက်တော့တယ်
...........................
သားရဲဟိန်းသံတွေနဲ့သက်ဝင်လှပြီး
ဧရာမရှေးခေတ်သားရဲကြီးဝပ်ဆင်းနေပုံပေါ်တဲ့
တောင်တန်းကြီး သားရဲတွေတစ်စုတစ်စည်းတည်းနေကြတဲ့တောင်တန်းကြီး
အမည်ကြားရရုံနဲ့ လူသားတွေကို ကြောက်လန့်သွားစေနိုင်တဲ့တောင်တန်းကြီး
ထိုတောင်တန်းကြီးလူသားတို့ ပြတ်လမ်းမဲ့တောင်တန်း သေမင်းတောင်တန်းအစရှိသဖြင့်အမျိုးအမျိုးခေါ်ဝေါ်ကြပေမယ့်ထိုတောင်တန်းရဲ့အစစ်အမှန်နာမည်က သားရဲတစ်သောင်းတောင်တန်းလို့ခေါ်ပြီး
မူလလောကရဲ့အင်အားကြီးငါးခုထဲကတစ်ခုအပါအဝင်ဘဲဖြစ်တယ်ဘာလို့လဲဆိုတော့သားရဲတစ်သောင်းတောင်တန်းမှာလည်းအဆင့်ကိုးအမျိုးအစားကိုးသားရဲတစ်ကောင်ရှိလို့ဘဲဖြစ်တယ်
ထိုတောင်းတန်းရဲ့အတွင်းပိုင်းတစ်နေရာမှာ
ရေကန်လေးတစ်တန်နဲ့ အိမ်ငယ်လေးတစ်လုံးရှိကာ
ထိုအိမ်ငယ်လေးထဲမှာအမယ်အိုတစ်ယောက်မျက်စိမှိတ်ကာထိုင်နေခဲ့တယ်
ထိုအချိန်မှာဘဲငှက်ေအာ်သံကြီးကြားလိုက်ရကာသူမရဲ့ခန္ဓာကိုတစ်ချက်တုန်သွားပြီး
သွေးများစူပွက်လာကာတစ်ချက်အန်လိုက်ရတော့တယ်
သူမအလွန်ထိတ်လန့်သွားကာ
'ဘာလည်းဟ ငါရဲ့သွေးမျိုးဆက်ကိုတောင်မှမြည်တွန်သံေလးတစ်ခုတည်းနဲ့ဖိအားပေးနိုင်ပါလား သူမကငါ့ရဲ့ဘိုးဘေတွေများလား'
သူမတစ်ယောက်ထဲအတွေးများနေတုန်း
သူမရဲ့ဆက်သွယ်ရေးအဆောင်ကလင်းလာကာနဂါးကျွန်းမှစကားအချို့လက်ခံရှိလိုက်တော့တယ်
နဂါကျွန်းဆိုတာကလည်းအင်အားကြီးငါးခုထဲမှတစ်ခုဖြစ်ကာသားရဲမျိုးနွယ်ချင်းတူညီတာကြောင့်သူမတို့မဟာမိတ်ဖွဲ့ထားခြင်းပါပေ
ထို့ကြောင့်တစ်ခုခုဆိုရင် သူမတို့အင်အားကြီးနှစ်ခုဟာ အပြန်အလှန်ဆက်သွယ်ကြချင်းပေ
အခုလိုဖီးနစ်အော်မြည်သံကြီးကလည်းထိုကဲ့သို့ကိစ္စကြီးအဖြစ်သတ်မှတ်နိုင်တယ်
"ဖီးနစ်အိုကြီး ငှက်မြည်သံနဲ့ပါတ်သတ်ပြီး မင်းဘယ်လိုထင်လဲ လူသားမျိုးနွယ်ကတော့ပါရမီရှင်တစ်ယောက်ထပ်ရပြန်ပြီထင်တယ် ဒါမှမဟုတ် ဟိုမိသားစုကများလား"
ဆက်သွယ်ရေးအဆောင်ရဲ့တစ်ဖက်မှ နဂါးအိုကြီးရဲ့အသံထွက်ပေါ်လာခဲ့တယ်
"ဟန့် ဘယ့်သူကိုဖီးနစ်အိုကြီးလဲ ဒီဖီးနစ်က အလတ်ကြီးဘဲရှိသေးတယ် ရှင်ကသာအိုသာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ ငါကသာအိုတာပါ
မင်းငှက်မြည်သံကိုဘယ်လိုထင်လဲ"
"ဘယ်လိုထင်ရမှာလဲ"
"အဲ့ငှက်မြည်သံအရ မင်းတို့ဖီးနစ်မျိုးနွယ်ကဘဲမလား"
အသံခနတိတ်သွားကာ
"ဒီမှာနဂါးအိုကြီး ရှင်အသက်ရှည်ရှည်နေချင်သေးရင် ဒီကိစ္စနဲ့ပါတ်သတ်ပြီး ဘာမှဝင်မပါနဲ့
ရှင်တိုနဂါးကျွန်းကလူတွေကိုဒီကိစ္စနဲ့ကင်းကင်းရှင်းရှင်းနေခိုင်းပါ"
နဂါးအိုရဲ့အသံတွေထဲမှာအံ့ဩဟန်ပါလာကာ
"မင်းတစ်ခုခုခန့်မှန်းမိလို့လား"
"ကျမရဲ့မူလကိုယ်ကဖီးနစ်ဆိုတာသိတယ်မလား
ဒါပေမယ့်ဘာဖီးနစ်ဆိုတာရှင်မသိဘူးမလား"
"အင်းမင်းကဖီးနစ်ငှက်တစ်ကောင်ဆိုတာငါသိပါတယ် ပြီးတော့မင်းရဲ့ကလန်ကလည်းဖီးနစ်တွေချည်းဘဲလေမဟုတ်ဘူးလားအဲ့တော့
မင်းက မီး ဒါမှမဟုတ်ရေခဲဖီးနစ်ဘဲဖြစ်မှာပေါ့"
"ရှင်ကျမကိုအဆင့်နိမ့်ဖီးနစ်တွေနဲ့မနှိုင်းပါနဲ့ ကျမရဲ့သွေးဆက်ကပိုမြင့်တယ်ပြီးတော့ကျမရဲ့မူလကိုယ်ကလျှို့ဝှက်ချက်ဘဲ ဘာဘဲဖြစ်ဖြစ်ကျမရဲ့သွေးမျိုးဆက်အဆင့်ကအလွန်မြင့်တယ်လို့ဘဲသိရင်ရပြီ
ဒါပေမယ်အဲ့လောက်မြင့်တဲ့သွေးဆက်နဲ့ကျမတောင် ငှက်အော်သံကိုမတွန်လှန်နိုင်ဘူး ဒါ့ကြောင့်ရှင်တို့ဒီကိစ္စမှာပါဝင်ပါတ်သတ်မိလို့ ဒုက္ခရောက်ရင် သားရဲတစ်သောင်းတောင်တန်းကကူညီမှာမဟုတ်ဘူးနော်"
"အေးပါကွာ ငါတိုနဂါးကျွန်းကလည်းပြသနာကိုမီးထွန်းပြီးမရှာပါဘူး"