အပိုင်း ၁၄၀
Viewers 37k

Chapter 140


သို့စေကာမူ သူ့လက်ထဲရှိအမွေးအချို့က ဤစိတ်မချရသည့် အကြီးအကဲလုပ်ခဲ့သည့်အရာအား တိတ်ကျကျသက်သေပြနေလေ၏။

ချီယွီက ဒေါသတကြီးအော်ဟစ်လာသည်။

"မင်းဘာတွေကြည့်နေတာလဲ"

သူက ချွန်ထက်သည့်လက်သည်းများအား လင်းရုဖေးထံအကြိမ်အနည်းငယ်ခန့် ထိုးဖောက်မည့်ဟန်ပြလာပြီး:"ငါ့သားက မင်းကိုအဖေလို ဆက်ဆံတာနဲ့ မင်းကိုမထိရဲဘူးလို့ ထင်မနေနဲ့"

လင်းရုဖေး : "....."

သူက ပါးစပ်ပေါက်ရာနှင့်ချီ[4]ရှိနေရင်တောင်မှ မငြင်းဆန်နိုင်ပေ။

ချီယွီက ဒေါသတကြီး ဟိန်းဟောက်လာ၏။သို့သော်ငြား လင်းရုဖေး၏အသံငြိမ်ငြိမ်လေးအောက်တွင် သူက နောက်ဆုံးစိတ်လျော့လိုက်ရသည်။သူက အမြှီးအားသိမ်းကာ လင်းရုဖေးထံနောက်ကျောပေးကာ မျက်နှာထက်တွင်လည်း "ငါစိတ်ဆိုးနေတယ်..မင်းငါ့ကို ထပ်မလာရှုပ်ရဘူး" ဆိုတာကိုထင်းနေအောင်ရေးထား၏။

လင်းရုဖေးမှာ အသက်၀၀ပင်ရှူမယ်ကြံရုံရှိသေး ကုရွှမ်းတု၏ဖျက်လိုဖျက်ဆီးအပြုံးအား မြင်လိုက်ရသည်နှင့် လည်ချောင်း၀တွင် တန့်သွားရသည်။

သူက လက်ဆန့်ပြီး ချီယွီ၏တွန့်လိမ်လိမ်အမြှီးအား ဆွဲလိုက်သည်နှင့်......။

“အရှက်မရှိလိုက်တာ....."

ချီယွီက စားပွဲပေါ်မှ သံကုန်ဟစ်ကာ လင်းရုဖေးထံပြေး၀င်လာတော့၏။သူ၏မူလက နီနေသည့်မျက်လုံးများက ဒေါသထွက်လွန်း၍ သွေးထွက်တော့မည့်မတတ်နီရဲတောက်နေသည်။လင်းရုဖေးက သူ့ပုံစံကြောင့် ထိတ်လန့်သွားသဖြင့် သူ့ခါးတွင်ချိတ်ထားသည့် ကုယွီအား ဆွဲထုတ်လိုက်ရသည်။

ကုယွီမှာ ချီယွီမှထိုးကုတ်လာသည်အား ကာလိုက်နိုင်သည်။လင်းရုဖေးက ဓါးအား ယမ်းလိုက်သည်နှင့် နှင်းဖြူရောင်ချီဓါးက မြောက်တက်လာ၏။ချီယွီက နောက်ထပ်လက်သည်းနှင့် လိမ်၍ရှောင်လိုက်သဖြင့် လင်းရုဖေး၏ကုယွီမှာ ရှေ့မတိုးနိုင်ဖြစ်သွားသည်။

“မြန်မြန်လေး...မြန်မြန်လေး...ဓါးကိုလွှဲလိုက်.."

ပြဇာတ်အား နှစ်နှစ်ခြိုက်ခြိုက်ကြည့်ရှုနေသည့် ကုရွှမ်းတုက ကိစ္စကြီးကြီးမားမားဟုပင် ခံစားမနေရကာ : "ကိုယ်မင်းကို သင်ပေးထားတဲ့နည်းကိုသုံး...မြန်မြန်လေး စမ်းသုံးကြည့်လိုက်"

ဤတစ်ကြိမ်၌ အခြားနည်းလမ်းမရှိတော့ချေ။လင်းရုဖေးမှာ သစ်သားဒိုင်းကာအားသုံးနေသကဲ့သို့ ကုယွီအားမကာထားတော့ဘဲ သူ့ကိုယ်တွင်းရှိ ဓါးဆန္ဒအား ဓားထဲသို့ပို့ကာအာရုံစူးစိုက်မှုအပြည့်ဖြင့် ခုတ်ပိုင်းချသည့်နည်းလမ်းကိုသာ သုံးလိုက်နိုင်သည်။ကုယွီမှာ ဓါးဆန္ဒများထည့်သွင်းခြင်းကိုခံစားရသည်နှင့် စိတ်လှုပ်ရှားစွာ တစ်ဝီဝီမြည်လာပြီး ဓါးသွားမှ အဖြူရောင်အလင်းတန်းများပေါက်ကွဲထွက်သွားလေ၏။ချီယွီက ဤဓားဆန္ဒအား ခံစားရသော် တစ်စက္ကန့်မျှရပ်တန့်သွားမိသည်။ သူက တစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် ကုယွီဓါးရိုးအား ကိုင်ကာ ထပ်ပြီး မြောက်ကာလွှဲယမ်းခုတ်ပိုင်းချလာသည့် လင်းရုဖေးအားတွေ့လိုက်ရသည်။

ချီယွီ၏လက်သည်းများက အကောင်းဆုံးလက်နက်များပင်။ဓါးသွားထောင်ချီပင် ယင်းအား မဖျက်ဆီးနိုင်ပေ။သူ့လက်ထဲတွင် အဆုပ်ကိုင်ခံထားရသည်က သာမန်ဓါးသွားဆိုပါက စိစိညက်ညက်ကြေသွားပေလိမ့်မည်။သူ၏တိုက်ခိုက်ခြင်းအား ခုခံနိုင်သည့် အကောင်းဆုံးဓါးသွားဆိုရင်တောင်မှ အရာနည်းနည်း ကျန်ခဲ့ဆဲပင်။ချီယွီမှာ သူကအားနည်းနည်းထည့်လိုက်သည်နှင့် ကုယွီမှာ သူ့လက်သည်းကြောင့်ဖျက်ဆီးခံရမည်ဟု သေချာနေလေ၏။သို့စေကာမူ လင်းရုဖေးက ဤအခွင့်အရေးအား ပေးမလာချေ။သူက လင်းရုဖေးတစ်ယောက် ဓါးသွားအား ဖြေးဖြေးချင်းလွှဲချလာသည်အား စောင့်ကြည့်နေသည်။ဤလုပ်ဆောင်ချက်က ထွေထူးမဟုတ်ကာ ကျေနပ်ဖွယ်ရာကောင်းသည့်ကြိုးပမ်းမှုလေးသာဖြစ်သည်။

သို့သော်လည်း ချီယွီမှာ ဓားဆန္ဒပြင်းပြင်းအား ခံစားလိုက်ရသည်။ဤဓားဆန္ဒက လင်းရုဖေးကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သည်။ထို့ပြင် ဓါးဆန္ဒတွေဖြင့်တောက်ပနေသည့်ဓားသွားက သူ့ကိုယ်ဆီဦးတည်လာသောအခါ သူ၏ဝိဥာဥ်အား ဆုတ်ပြဲသွားစေလောက်သည့် ချွန်ထက်သည့်နာကျင်မှုတစ်ခုအား ခံစားလိုက်ရသည်။ဤနာကျင်မှုက သူ၏လက်သည်းများထွက်လာရန် ဖိအားပေးနေသည်။ သူ၏ကိုယ်အား လေထဲတွင်တွန့်လိမ်ရှောင်ပစ်ချင်ပါသော်လည်း ဤမရပ်တန့်နိုင်သည့်ချီဓားက အလွန်ကြီးမားသည့် အရာဝတ္ထုကဲ့သို့ပင် ဖိအားကလေးလံလွန်းလှသည်။ယင်းက သူ့အား ရစ်ပတ်ကာ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်သည့် ကောင်းကင်ယံသို့ တည့်တည့်ပျံတက်သွားစေ၏။

ဘယ်လိုလုပ်ပြီး သူ့မှာ ဒီလောက်အထိ သန်မာတဲ့ဓားဆန္ဒရှိနေရတာလဲ...

ပျံထွက်မသွားမီ ချီယွီက ထိုအတွေးများသာ ခေါင်းထဲတွင်ကျန်နေပြီး တိမ်များပေါ်သို့ ချိုးဖောက်ကာတစ်ယောက်ယောက်၏ကိုယ်ပေါ်သို့ လေးလေးပင်ပင် မကျသွားမီအထိတွေးနေမိဆဲပင်။

ထိုလူက ငုံ့ကာ တည်ဆောက်ပုံတစ်ခုအား စီရင်နေ၏။ သူကလက်ဆန့်လိုက်ပြီး ချီယွီအားဖမ်းကာ သူ့မျက်နှာအား အသာပုတ်လိုက်ပြီးနောက် သေသေချာချာကြည့်ကာ ဝေခွဲမရစွာ မေးလိုက်မိသည်။

"ဒီကြောင်က ဘယ်ကနေ ရောက်လာတာလဲ"

လင်းရုဖေးထံ ရှုံးနိမ့်သွားရသည့် ချီယွီမှာ "ကြောင်"ဆိုသည့်စကားလုံးအား ကြားလိုက်ရချိန်တွင် လုံး၀သည်းမခံနိုင်တော့ချေ။ သူက ကျယ်ကျယ်လောင်လောင်အူလိုက်သည့်အခါ သူ့ကိုယ်ကပြောင်းလဲသွား၏။သူက ရုတ်ချည်းပင် တစ်ဆယ့်နှစ်မီတာမြင့်သည့် သားရဲကောင်ကြီးအသွင်ပြောင်းကာ အောက်ကလူအား ကိုက်ချလိုက်တော့သည်။

လင်းရုဖေးမှာ ချီယွီကဲ့သို့ ရှုပ်ရှုပ်ထွေးထွေးစဥ်းစားမနေချေ။သူက ကုယွီမှာကြောင်ကြီးထံမှ အကိုက်ခံထားရသဖြင့် အမှန်ပင် ခက်ခက်ခဲခဲလွှဲချလိုက်ရာ ကြောင်ကြီးက သူ့မျက်စိရှေ့တည့်တည့်မှ ပျောက်ကွယ်သွားကာ ကြယ်ပျံဖြစ်သွားသည်အားမြင်လိုက်ရသည်။ထပ်ပြောရသော် သူက အဝေးဆုံးရှိ တိမ်မည်းများကြား လင်းလက်နေသည့်အပေါက်လေးတစ်ခု ဖြစ်သွားရသည်။

လင်းရုဖေးက ပြတင်းပေါက်မှတဆင့် ဟိုဒီ လှည့်ပတ်ကြည့်နေရင်း:"ကြောင်က ဘယ်မှာလဲ"

ကုရွှမ်းတုက စိုက်ကြည့်လိုက်ပြီး:"မင်းပဲ ပစ်ထုတ်လိုက်တာလေ"

လင်းရုဖေးက အမြန်ခေါင်းလှည့်ကြည့်လိုက်ပြီး:"ဘယ်ကို ပစ်ထုတ်လိုက်မိတာလဲ"

ကုရွှမ်းတုက ကောင်းကင်အား ထိုးပြလာသည်။

လင်းရုဖေး : "........"

ကြောင်က အဝေးသို့ပျံသွားသည်နှင့် အခန်းထဲတွင် ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားသည့်တစ်ယောက်ရှိလေသည်။ယင်းက အတိအကျပင် ကြောင်ကြီးလက်အောက်၌အထိန်းကျောင်းခံနေရသည့် ကြောင်ပေါက်စလေးဖြစ်၏။သူနှင့် သူ့အဖေအား ချန်ထားကာ လူဆိုးကြီးက ထွက်သွားပြီဖြစ်၍ သေချာပေါက်ပျော်ရွှင်ရမည်ပင်။ကြောင်ပေါက်လေးက လင်းရုဖေးထံပြေးသွားကာ သူ့ခေါင်းနှင့်ပွတ်သတ်လိုက်ရင်း အော်ငိုလာသည်။

လင်းရုဖေးက မည်သို့များခံနိုင်ရည်ရှိမည်နည်း။အဆုံးတွင်ဖြင့် သူက ကောက်ချီကာ ကြောင်ပေါက်လေး၏အမွေးအား ဘီးနှင့်ဖြီးပေးလိုက်တော့သည်။

တစ်ခဏမျှခေါင်းဖြီးနေပြီးနောက် တစ်ခုခုမူမမှန်သည်အား သတိထားမိသွားသည်။

လင်းရုဖေးက ခေါင်းလှည့်လိုက်ပြီး ကုရွှမ်းတုအား စိုက်ကြည့်ကာ:"အကြီးအကဲ...ခင်ဗျားဘာလိုလုပ်ပြီး အခြားလူရဲ့ အမြီးကို ဆွဲနိုင်ရတာလဲ"

ကုရွှမ်းတုက ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် သူက လူမဟုတ်ဘူးလေ"

[ t/n:လူသားနဲ့ လူတွေက အတူတူပါပဲနော် ]

လင်းရုဖေး:"......"

ခင်ဗျား ဘာလို့များ စကားပြောအရမ်းကောင်းနေရတာလဲ..အကြီးအကဲ...

ကုရွှမ်းတုက လင်းရုဖေး၏တုန်လှုပ်သွားသည့် အမူအရာအား ကြည့်ကာသူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး:"ကိုယ် အဲ့တာကို တကယ်မထိန်းနိုင်လိုက်လို့ပါ...ရှောင်ကျို့က မိုးကိုရပ်သွားစေချင်ခဲ့တာလား..စိတ်မပူပါနဲ့..ကြောင်ကြီးက အဲ့ဒီအပေါ်ရောက်သွားပြီဆိုတော့ မိုးလည်း မကြာခင်ရပ်သွားမှာပါ"

လင်းရုဖေးမှာ အပန်းတကြီးမေးလိုက်သည်။

"ဒါဆို အကြီးအကဲက ကျွန်တော်သူ့ကို အဲ့ဒီဆီ မြောက်ပစ်လိုက်မ်မှန်း ဘယ်လိုလုပ်သိနေခဲ့တာလဲ"

“ဘာလို့ဆို ရှောင်ကျို့က ဓားကိုသုံးနိုင်တဲ့ ခွန်အားကို မကျွမ်းကျင်သေးလို့လေ..."

ကုရွှမ်းတုက ပြန်ဖြေ၏။

"ယဲ့မော့ရဲ့ လက်သည်းတွေက အားကောင်းဆုံးလက်နက်ပဲ...အမြဲလိုလို သူတို့တိုက်တဲ့နည်းလမ်းက ဓါးသွားကို အရင်ဆုံးထိုးဖောက်ဖို့ပဲ..ရှောင်ကျို့က ဓါးယမ်းလိုက်တာနဲ့ သူက ပေါက်ထွက်အောင်လုပ်ဖို့ကြိုးစားမှာပဲလေ"

လင်းရုဖေး : ".....ဒီမိုးအတားအဆီး အထက်က အတိအကျဘာများလဲ"

“ဟင်း...ကျင့်ကြံသူတစ်ယောက်က တစ်ခုခုဖမ်းဖို့ကြိုးစားနေပြီး မိစ္ဆာကလည်း ပြေးဖို့ကြိုးစားနေတာ ဖြစ်နိုင်တယ်..."

ကုရွှမ်းတုက သူ့မေးစေ့အားပွတ်လိုက်ရင်းမှ သူ့မေးခွန်းအား ဖြေလာသည်။

"ကိုယ် အချိန်အကြာကြီးနေခဲ့ပြီးပြီ ဒီလို လူမျိုး မမြင်ဖူးသေးဘူး...ဘေးပတ်လည်က လူသေအလောင်းတွေကို လျစ်လျူရှူနေတဲ့သူမျိုး...".

လင်းရုဖေးတွင် မယုံကြည်နိုင်မှုအချို့ရှိနေဆဲပင်။

"ဒီမိုးက လူတစ်ယောက်ကနေ လုပ်တာလား..ကျွန်တော်ထင်တာ....မိစ္ဆာတွေများလား"

“ဒါက တည်ဆောက်ပုံတစ်ခု ဖြစ်ရမယ်"

ကုရွှမ်းတုက ရေရွတ်လိုက်ရင်း:"နေဦး တွေ့လား...ကိုယ် အဲ့တာက မကြာခင် ဆင်းလာတော့မယ်လို့ ခန့်မှန်းမိတယ်"

လင်းရုဖေးက ပြတင်းပေါက်အပြင်အား ကြည့်နေရင်း ကြောင်ပေါက်လေး၏အမွေးအား ဆက်ဖြီးပေးနေ၏။ကုရွှမ်းတု ဆိုလိုက်သည်နှင့် မူလက မိုးသည်းထန်နေသည်က လျော့ရဲသွားချေပြီ။လုံးဝရှင်းလင်းသွားသည်မဟုတ်သော်ငြား ဝိုးတိုးဝါးတားမြင်ရသည့် ကောင်းကင်က ပို၍ ပို၍တောက်ပကြည်လင်လာသည်။

လင်းရုဖေးတွင် ကောင်းမွန်သည့်မျက်စိများရှိကာ မည်းမှောင်နေသည့် တိမ်ထက်၌ တစ်ခုခုရှိနေပုံရသည်အား သတိထားမိသွားသည်..တိုက်ပွဲတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားခြင်းမှ နိဂုံးချုပ်သွားခြင်း။

ကုရွှမ်းတုသည်လည်း ပြတင်းပေါက်အရှေ့တွင် ရပ်ကာ စောင့်ကြည့်နေသည်။

"ပြန်လာချိန်တန်ပြီ"

လင်းရုဖေးက အသံနက်နက်ကြီးဖြင့် ဆိုလာသည်။

"အကြီးအကဲ..ကျွန်တော် ခင်ဗျားကို မေးချင်နေတဲ့အရာတစ်ခုရှိတယ်"

ကုရွှမ်းတုက သူအရေးကြီးသည့်တစ်ခုခုပြောလာတော့မည်ထင်လိုက်၍ အသံကိုနိမ့်လိုက်သည်။

"ပြောလေ"

လင်းရုဖေးက တည်တည်ငြိမ်ငြိမ်ဖြင့်မေးလိုက်သည်။

"အဲ့ဒီအမြှီး...အဲ့တာက ဘယ်လိုခံစားရလဲ"

ကုရွှမ်းတု : " ........အ ..မိုက်..ဆုံး..ပဲ"

နှစ်ဦးသား တစ်ဦးနှင့်တစ်ဦးအကြာကြီးစိုက်ကြည့်နေပြီးမှ အချင်းချင်းနားလည်ဟန်ဖြင့် ကုရွှမ်းတုက ဆိုလာ၏။

"ကိုယ်က မင်းထိဖို့အတွက် အခွင့်ရေးတစ်ခုရှာတွေ့ထားတယ်ဆိုရင်ရော...."

လင်းရုဖေးက ကုရွှမ်းတုအား နတ်ဆိုးဆန်ဆန်အပြုံးဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

─────────────────────────────────────────────────

[1]လူတစ်ယောက်က အချိန်အကြာကြီးဖျားဖူးပြီး ရောဂါဗေဒနဲ့ ဆေးဝါးကို ရင်းနှီးကျွမ်းဝင်လာလို့ သူက ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ် လို့ပြောချင်တာပါ

[2]နှင်းဆီကိတ်

[3]"အနောက်အရပ်သို့ ခရီးသွားခြင်း"ထဲက နာမည်ကြီးတဲ့ဝက်ကို ပြောတာပါ

[4]ကိုယ်တိုင်ချေပသည့်အနေနဲ့ လက်ခံလာအောင် ရှင်းပြလို့မရတာပါ

____


Translated By IQ-Team.

[ ငါ့ကြောင်ကြီးကို ဘူလီချင်နေကြတယ် အတွဲတွေများ ကောင်းကိုမကောင်းဘူး 😌 ]