အပိုင်း ၁၃၇
Viewers 37k

Chapter 137

ကောင်းကင်နှင့်မြေကြီး

----------------------


လင်းရုဖေးက ​အကြောက်အကန်ငြင်းဆန်ရတော့သည်။

"ငါမဟုတ်ဘူး...ငါမလုပ်ခဲ့ဘူး"

သို့သော်ငြား ချီယွီကလက်ဆန့်လိုက်ချိန်တွင် သူ့အင်္ကျီလက်အပြင််ဘက်သို့ ပေါက်စလေးက ကုတ်တွယ်ထွက်လာလိမ့်မည်ဟု မည်သူကထင်မည်နည်း။ယင်းလေးက မူလကမောပန်းနေဟန်ရှိသော်လည်း လင်းရုဖေးအား မြင်လျင်မြင်ချင်း ချက်ချင်းပင် သူ့မျက်၀န်းတွေက အသက်ဝင်တောက်ပသွားတော့သည်။ယင်းပေါက်စလေးက အားကုန်သုံး၍ လင်းရုဖေးအရှေ့သို့ ယိုင်တိုင်တိုင်လျှောက်လာပြီး လင်းရုဖေးရဲ့အင်္ကျီလက်မှတဆင့် တွားသွားတက်လာသည်။

ယင်းလေးသာ လူစကားပြောနိုင်ပါက ထိုသို့အော်လာပေလိမ့်မည်။

"အဖေ နောက်ဆုံးတော့ရောက်လာပြီပေါ့ ဒီထူးဆန်းတဲ့ ဦးလေးကြီးက အရမ်းကြောက်စရာကောင်းတာပဲ"

လင်းရုဖေးမှာ အသက်ရှူရပ်သွားလေသည်။ရင်းနှီးသည့် အမူအရာနှင့် သူက အမြန်ပင် ထိုသို့မဆိုလိုကြောင်းပြောပြရန်ပြင်၏။

ချီယွီက လက်ယမ်းပြကာ လင်းရုဖေး၏စကားလုံးများမှာ ဟန့်တားလိုက်သည်။သူ့ကြည့်ရသည်မှာ တည်တည်ငြိမ်ငြိမ်ဖြစ်လွန်းနေသဖြင့် အရေးကြီးသည့်တစ်ခုခုပြောလာမည်ဟု လင်းရုဖေးက တွေးမိလိုက်သဖြင့် အသာနားစွင့်ထားလိုက်သည်။

သို့သော်ငြား ဤလူက ယွီရွေ့လက်ထဲရှိခွက်အား ထိုးပြကာ "နောက်ထပ် တစ်ပန်းကန်"ဟု မျက်နှာတည်တည်နှင့် ဆိုလာလိမ့်မည်လို့ မည်သူကထင်လိမ့်မည်နည်း။

လင်းရုဖေး : "......."

ချီယွီက ဖျော်ရည်အား စိတ်ကြိုက်သုံးဆောင်နေစဥ် လင်းရုဖေးက ပေါက်စလေးအား ချီထားပြီး ဂရုတစိုက် ကြည့်ပေးနေရ၏။ပေါက်စလေးမှာ မိစ္ဆာမျိုးနွယ်ဖြစ်ရန် ထိုက်တန်ပေသည်။ယင်းလေးက တစ်နေ့ထက်တစ်နေ့ ပိုပိုအကြီးမြန်လာသည်ပင်။ယခုတွင်မူ ယင်းလေးက နောက်ထပ်လုံးဝိုင်းဝိုင်းပေါက်စီလုံးလေးဖြစ်လာသော်ငြား သွားလေးများကမူ ထွက်မလာသေးဘဲ အသံလေးမှာလည်း ကလေးသံလေးသာဖြစ်နေဆဲပင်။ရာသီဥတုကသာ မပူလွန်းပါက ယင်းလေးအား လက်မောင်းထဲတွင် နွေးနွေးလေးဖြစ်သည်အထိ ဖတ်ထားချင်မိပေ၏။

ဖျော်ရည်အား သုံးဆောင်ပြီးနောက် ချီယွီက သူ့ကလေးအား အစာထပ်ကျွေးသင့်ကြောင်း ဆိုသည်။ထို့နောက် သူက လင်းရုဖေးအား မျက်လုံးပင့်ကြည့်လာသည်။

ယွီရွေ့က ချီယွီအကြည့်ကြောင့် ရုတ်တရက် တန့်သွားလေ၏။

သူမက ပြောလာသည်။

"ရှင်...ရှင့်ကလေးကို အစာကျွေးချင်တာများ ဘာအတွက် ကျွန်မတို့ကုန်းဇီကို ကြည့်နေရတာလဲ"

ချီယွီက ဟမ့်ခနဲနှာရှုံ့လိုက်ပြီး:"ငါ့ကလေးက မင်းတို့ကုန်းဇီ ကျွေးတဲ့အစာပဲ စားတာ"

ယွီရွေ့ : "ရှင့် ကလေးအသက် ဘယ်လောက်ရှိပြီလဲ"

ချီယွီက ဆိုလိုက်သည်။ "လေးရက်ရှိပြီ"

ယွီရွေ့က သူမကိုယ်သူမ တွေးလိုက်မိသည်:ဒါကို နို့သောက်တဲ့အရွယ်ပဲရှိသေးတာမဟုတ်လား...ငါတို့မိသားစုရဲ့ ကုန်းဇီက ယောကျ်ားလေးလေ...သူက မင်းရဲ့အရုပ်လေးကို ဘယ်လိုလုပ်အစာကျွေးလို့ရမှာလဲ..။

သို့သော်ငြား သူမက မည်သည်ကိုမျှ ကျယ်ကျယ်လောင်လောင် မပြောရဲချေ။ထို့အစား သူမက ဤပုဂ္ဂိလ်မှာ အတော်လေးမှားယွင်းနေသည်ဟုသာ ခေါင်းထဲတွင်တွေးမိချေ၏။

လင်းရုဖေးမှာ သက်ပြင်းရှည်ကြီးချလိုက်ရသည်။သူ၏နှလုံးသားထဲတွင် ထိုအချိန်က သူသည် ဥအား ခွင့်ပြုချက်မရှိဘဲ မထိလိုက်သင့်ကြောင်းသာ တွေးမိချေ၏။ယင်းလေး ယူလာသည့် ပြသနာများအား ကြည့်ပါလော့...သူက နေရင်းထိုင်ရင်းသားတစ်ယောက် ရလိုက်ရုံသာမက အဆစ်အနေဖြင့် သူ့အဖေကိုပါ ခေါ်လာခဲ့သေး၏။

ကုရွှမ်းတုက လင်းရုဖေးမျက်နှာရှိ စိတ်ဓါတ်ကျနေသညိ့ အကြည့်အား တွေ့လိုက်ပြီးနောက် သူက လင်းရုဖေးက သူ့အား ကြိမ်ဖန်များစွာ စူးစူးရှရှ စိုက်ကြည့်တာကိုခံရသည်အထိ အလွန်ပျော်ရွှင်စွာပြုံးနေတော့သည်။

ထို့နောက် သူက လင်းရုဖေးဘေးတွင် တလှုပ်လှုပ် လှုပ်ရွနေရာမှ သူ့နားရွက်လေးအား တတိတိကိုက်လာ၏။

"ရှောင်ကျို့...စိတ်မပူပါနဲ့ မိစ္ဆာတွေက အရွယ်ရောက်တာ မြန်ပါတယ်...သူတို့ကြီးလာတာနဲ့ ဒါတွေအကုန်အထင်လွဲနေတယ်ဆိုတာ သိသွားပါလိမ့်မယ်...အများဆုံးက သူမင်းနောက်ကို တစ်လလောက်လိုက်နေရုံပဲ...."

လင်းရုဖေးက ဤသည်က တစ်လနှင့်မလုံလောက်ရင်ရောဟု တွေးတောလိုက်မိသည်။

ကုရွှမ်းတုက လင်းရုဖေး သူ့နှလုံးသားထဲတွင် တွေးနေသည့်အကြောင်းအရာအား ရှင်းရှင်းလင်းလင်းပင် မြင်နိုင်၏။

သူကအပြုံးလေးဖြင့် သူ့အားချော့မော့လိုက်ပြီး:"ဘာလို့များ မင်းက ဒါကို ကြောင်နှစ်ကောင်မွေးလိုက်တယ်လို့ပဲသဘောမထားရတာလဲ"

လင်းရုဖေးက ယွီရွေ့ဖျော်ရည်လုပ်နေသည်အား ခပ်တည်တည်ကြည့်နေသည့် ချီယွီအား ကြည့်လိုက်မိသည်။

သူ့ရင်ထဲတွင် သူ့ကိုယ်သူတွေးလိုက်မိသည်က : ကြောင်တွေက ဖျော်ရည်မသောက်ဘူး..ဟင်း..မေ့လိုက်တော့ မေ့လိုက်တော့...။

အမှန်တွင်ဖြင့် သူကသာ မတရားခံရသည့်သူပင်။

ကိုယ်လွတ်ရုန်းထွက်ချင်နေသည်အား အရှုံးပေးလိုက်ပြီးနောက် ရထားလုံးထဲရှိ လေထုက ထူးဆန်းစွာပင် သဟဇာတဖြစ်လာ၏။ယွီရွေ့၏ဦးနှောက်က မထက်မြက်သည့်ကြောင့် ချီယွီတွင်ရှိနေသည့် ကွဲပြားမှုများကို သတိမထားမိခဲ့ပေ။လတ်တလော၌ သူမက ပျော်ရွှင်စွာဖြင့် ဇီးသီးများများထည့်သည်က ဖျော်ရည်အား အရသာရှိစေသည်လား သို့မဟုတ် ပျားရည်များများထည့်သည်က အရသာပိုရှိစေသည်လားဟုပင် သူ့အားမေးကာ တိုင်ပင်နေလိုက်သေးသည်။

ချီယွီ၏သားငယ်လေးက ယခုတွင် လင်းရုဖေးလက်မောင်းထဲတွင်နေနေ၏။ယင်းက လင်းရုဖေးအား ကပ်တွယ်နေကာ သွားခွင့်ပြုရန် ငြင်းဆန်နေသည်။လင်းရုဖေးမှာ သူတို့နောက်ထပ်သွားမည့် နေရာအကြောင်းတွေးကာ ခေါင်းစကိုက်လာသည်။သို့စေကာမူ မည်သည့်နေရာပင်ဖြစ်ဖြစ် သူတို့က ဤနှစ်ယောက်အား အတူတူမခေါ်သွားနိုင်ပါက...သူက ထိုနေရာသို့ မဝင်ရောက်မီပင် ထိုသူတို့ကမိစ္ဆာများဖြစ်နေ၍ ရိုက်နှက်လာကြမည်အား စိုးရိမ်မိပေသည်။သို့သော်ငြား ယခုတွင် အရေးကြီးဆုံးအရာက သူ့လက်ထဲရှိ ကြောင်ပေါက်လေးအား အရင်ဆုံး အစာကျွေးရန်ဖြစ်၏။

ကြောင်ပေါက်လေးက အစာကျွေးရန်လိုသဖြင့် လင်းရုဖေးက ရထားလုံးအား လမ်းတစ်ဝက်တွင် ရပ်ခိုင်းကာ ဖူဟွားအား အမဲသားနှင့်သိုးကလေးသား ဝယ်ရန် အနီးရှိမြို့လေးသို့ လွှတ်လိုက်ရသည်။အစေခံမလေးများက စစချင်းတွင် လင်းရုဖေးက မည်သည့်အတွက် အသားလိုချင်သည်အား မသိကာ သူတို့ယူလာသည့်အသားပေါ်သို့ သူ့လက်ထဲမှ ကြောင်ပေါက်လေးအား ထိပ်တွင်တင်ပေးလိုက်သည်အား စောင့်ကြည့်နေမိသည်အထိပင်။

ပေါင်ချိန်တစ်ဆယ့်နှစ်ပေါင်ထက်မနည်းလှသည့် လတ်လတ်ဆတ်ဆတ်အသားကြီးက ကြောင်ပေါက်လေး၏ပါးစပ်ထဲရောက်သွားသည်နှင့် ပြက်ခနဲပျောက်သွားလေ၏။အသားစားရန်အတွက် ယင်းလေး၏သွားများမပေါက်သေးသော်လည်း ဤအရာမျိုးက သူ့လက်ချောင်းထိပ်လေးတွင် ရှိနေသကဲ့သို့ပင်။အသားအား ပြောင်သလင်းခါစားလိုက်သည်က အမွှေးနံ့သာအိုးတစ်ခုစာပင် မကြာကာ နှင်းဖြူရောင်အရိုးအချို့ကိုသာချန်ထားခဲ့လေသည်။လင်းရုဖေးမှာ ယခင်က မြင်ဖူးခဲ့၍ အေးအေးဆေးဆေးပင်ဖြစ်နေသော်လည်း ယွီရွေ့မှာ အံ့သြတကြီးဖြစ်နေ၏။သူမက ဤကြောင်ပေါက်လေးမှာ အမှန်ပင် မည်သို့စားရမည်အား သိလေကြောင်း ဆိုလာသည်။ချီယွီက "ကြောင်"ဆိုသည့် စကားလုံးအားကြားသော် မျက်မှောင်ကြုတ်ရင်း အေးစက်စက်နှာမှုတ်လိုက်သည်။

လင်းရုဖေးမှာ အမြန်ပင် ယွီရွေ့လက်အား ပုတ်လိုက်ပြီး:"ကြောင်မဟုတ်ဘူး"

ယွီရွေ့မှာ အံ့အားသင့်စွာ လင်းရုဖေးအား ကြည့်လိုက်ကာ:"ဟမ်.."

လင်းရုဖေးက ဆိုသည်။ "ဒါက ကြောင်မဟုတ်ဘူး"

ယွီရွေ့က မေးလိုက်သည်။ "ဒါဆို အဲ့ဒါက ဘာလဲ"

လင်းရုဖေးက ပြောပြလိုက်သည်။ "အဲ့တာက သူ့သားပဲ"

ယွီရွေ့မှာ တုန်လှုပ်သွားပုံရကာ:"........"

သူ၏သားအား အစာကျွေးပြီးသည့်နောက် ချီယွီက မပျော်မရွှင်မျက်နှာနှင့် ထွက်သွားလေ၏။ မဟုတ်....အစမှအဆုံးထိ လင်းရုဖေးမှာ သူ့မျက်နှာထက် ရွှင်ရွှင်ပျပျရှိနေဟန်အား တစ်ခါမျှမမြင်ဖူးကြောင်း ဆိုရပေမည်။

သူ ထွက်သွားပြီးသည်နှင့် ယွီရွေ့က ဆိုလာသည်။

"ကုန်းဇီ..ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး သူ့လိုလူကိုမှ ရွေးပြီးအမှားလုပ်ခဲ့ရတာလဲ...သူက အစကနေအဆုံးထိ တစ်ခါမှ ပြုံးပြမလာဘူး"

လင်းရုဖေးမှာ ခါးသက်သက်သာပြုံးပြနိုင်ကာ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ဖြစ်ကြောင်းပြောကာ လက်ယမ်းပြလိုက်သည်...။

သို့ရာတွင် သူက ဖူဟွားနှင့်ယွီတို့ကို ချီယွီရှ့တွင် "ကြောင်"ဆိုသည့်စကားလုံးအား မပြောကြရန်နှင့် မဟုတ်ပါက သူစိတ်ဆိုးသွားမည်ဖြစ်ကြောင်း ထပ်ကာထပ်ကာ ညွှန်ကြားနေဆဲပင်။

ယွီရွေ့မှာ မှုန်တုန်တုန်နှင့် ဟုတ်ကဲ့ဟုပြောလာကာ ဖူဟွားကမူ တစ်ခုခုနားလည်သွားသည့်ဟန် ကြိမ်ဖန်များစွာ စကားပြောချင်လာသော်လည်း ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

လင်းရုဖေးမှာ သူမပြောချင်သည်အား သိသဖြင့် သူမအား စိတ်မပူရန်နှင့် သူ့အမှားမရှိကြောင်း ပြောလိုက်သည်။

များစွာသော ဖိတ်ကြားစာတို့အား ပို့ပေးပြီးနောက်တွင် လင်းရုဖေးမှာ နောက်ထပ်လမ်းကြောင်းတစ်ခုအား စီစဥ်နေ၏။သူက ဦးစွာ အနီးဆုံးဖြစ်သည့် ရှဲမိသားစုသို့သွားရန် ဆုံးဖြတ်လိုက်၏။ရှဲမိသားစုက ရှန်မိသားစုနှင့် အလွန်ရင်းနှီး၍ အချိန်ကျလာပါက သူက ထိုနှစ်ခုလုံးသို့ ဦးတည်သွားနိုင်၏။လင်းရုဖေးမှာ ရှဲမိသားစုနှင့် မရင်းနှီးသော်ငြား ရှန်မိသားစုအား ကောင်းကောင်းသိလေ၏။မည်သူကများ သူ၏အစ်မ လင်းဝေရွေ့အား ရှန်မိသားစု၏သား ရှန်းဝူချွေ့နှင့် ချစ်ကျွမ်းဝင်ခိုင်းပါသနည်း။သို့စေကာမူ ရှန်းဝူချွေ့က လင်းဝေရွေ့၏ ဖျတ်ဖျတ်လူးကာ ဒေါသထွက်လွယ်သည့် ပုံစံအား ကြောက်ရွံနေဟန်ရှိကာ လက်ထပ်ခွင့်မတောင်းရဲသေးချေ။ယခုအချိန်တွင်မူ လင်းရုဖေးသာသွားရောက်ပြီး သူသာ ရှန်းဝူချွေ့နှင့်ဆုံနိုင်လျှင် သူ၏ရည်ရွယ်ချက်အား ဖော်ထုတ်ရန် အချိန်ကောင်းဖြစ်ပေလိမ့်မည်။

ယမန်နေ့ညက မိုးမုန်တိုင်းရှိ၍ ရာသီဥတုက အနည်းငယ် အေးနေသော်ငြား အလွန်ပူနေဆဲဖြစ်၏။

ရာသီဥတုက ပူနေ၍ လင်းရုဖေးတွင် အစာစားချင်စိတ်နည်းနည်းသာ ရှိလေသည်။ရေခဲမှလွဲ၍ သူက အခြားအရာများ မစားချင်ချေ။သို့သော်ငြား ဖူဟွားက သူသာ ရေခဲများစွာစားလိုက်ပါက အစာစားချင်စိတ်ပျောက်သွားလိမ့်မည်ဟု ပြောလာကာ လင်းရုဖေးအား တစ်ချိန်လုံးစားခွင့်ပေးထားရန် ငြင်းပယ်လိုက်သည်။ထို့ကြောင့် လင်းရုဖေး၏ညစာက ရိုးရိုးစွပ်ပြုတ်တစ်ပွဲဖြစ်ကာ ယင်းနှင့်အတူ အရံဟင်းပွဲအချို့အား စားလိုက်သည်။

သူက လေပြင်းတိုက်ကာ အအေးမိထားသည်ကြောင့်လား မသိသော်လည်း လင်းရုဖေးမှာ ချောင်းထပ်ဆိုးပြန်သည်။ယခုအချိန်တွင် ဤချောင်းဆိုးက ပိုပြီးဆိုးဝါးလာကာ အဖျားဖျော့ဖျော့ပင် လိုက်လာ၏။အစာစားချင်စိတ်မရှိလေသည့် လင်းရုဖေးက ပို၍ပင် မည်သည်မျှမစားချင်တော့ချေ။

သူမက လင်းရုဖေးရဲ့ကျန်းမာရေးအား စိုးရိမ်မိတာကြောင့် ဖူဟွားမှာ သူမတို့ခရီးအား ဆက်မသွားရဲတော့ပေ။ထို့အစား သူမက အနီးဆုံးတွင်ရှိသည့် တည်းခိုခန်းတစ်ခုသို့ စစ်ဆေးငှားရမ်းကာ လင်းရုဖေးအတွက် သမားတော်ညွှန်ကြားထားသည့် ဆေးအချို့ဝယ်ရန် အနီးရှိဆေးဆိုင်သို့ ဦးတည်လိုက်သည်။ယင်းကဲ့သို့ ကြာရှည်သောဖျားနာမှုက လူနာအား ဆရာဝန်ကောင်းတစ်ယောက်ဖြစ်စေသည်[1]ဟု ဆိုရပေမည်။ဖူဟွားမှာ လင်းရုဖေးအား အချိန်အတော်ကြာ ဆေးတိုက်လာခဲ့ရသဖြင့် ရိုးရိုးအဖျားဆိုပါက မည်သို့လုပ်ရမည်မှန်း သူမကောင်းကောင်းသိလေသည်။

အပြင်ဖက်တွင် အလွန်ပူလောင်နေ၍ အခန်းထဲတွင်လည်း အေးမြမနေချေ။လင်းရုဖေးမှာ အဝတ်တစ်ထည်တည်းနှင့် ပြတင်းပေါက်ဘေးတွင် ထိုင်နေကာ တစ်ခါတစ်ခါ ချောင်းတစ်ချက်နှစ်ချက်ဆိုးနေသည်။

ကုရွှမ်းတုက သူနေမကောင်းသည်အား မြင်သော် သူက အပြင်ထွက်သွားပြီး မကြာမီ လက်ထဲတွင် နှင်းဆီကိတ်[2]နှစ်စိတ်သုံးစိတ်နှင့် ပြန်လာကာ လင်းရုဖေးထံပေးလာ၏။

လင်းရုဖေးက ယူလိုက်ပြီး ဖြေးဖြေးချင်း အရသာခံကာစားလိုက်သည်။သူက ကုရွမ်းတုနှင့် စကားစ​မည်ပြောရန်ပြင်စဥ် သူ့အရှေ့ရှိပြတင်းပေါက်မှ တွဲလောင်းကျနေသည့် ခေါင်းကြီး ရုတ်တရက်ပေါ်လာသဖြင့် လင်းရုဖေးမှာ ကုလားထိုင်မှ ပြုတ်ကျသွားအောင်ပင် လန့်သွားရသည်။

"အဟွတ်..အဟွတ်...အဟွတ်......."

“မင်းဘာတွေစားနေတာလဲ" ရုတ်တရက်ပေါ်လာသည့် ခေါင်းကြီးက မေးလာသည်။

လင်းရုဖေးမှာ ပါးစပ်အားအုပ်ထားရင်း ထိတ်လန့်လွန်းတာကြောင့် ပြင်းပြင်းထန်ထန် ချောင်းတဟွတ်ဟွတ်ဆိုးတော့၏။ထို့နောက်တွင်မှသာ သူက ပြန်လည်သက်သာလာပြီး ကူကယ်ရာမဲ့စွာ ဆိုလိုက်ရသည်။

"နောက်တစ်ခါဆို ...ရုတ်တရက်ကြီး ဗြုန်းခနဲ မပေါ်လာလို့ ရနိုင်မလားဗျာ"

ချီယွီက သူ့အမှားသူနားလည်သဘောပေါက်သွားခြင်းမျိုးမရှိကာ လင်းရုဖေးလက်ထဲရှိ နှင်းဆီကိတ်ကိုသာ စူးစူးရှရှစိုက်ကြည့်နေပြီး "အဲ့ဒါ စားကောင်းလား"

လင်းရုဖေးက လက်ဆန့်ပြီး တစ်စိတ်ပေးနေရင်းမှ အသာရယ်လိုက်မိသည်။

ချီယွီက ထိုအရာအား ယူလိုက်ပြီး တစ်ကိုက်တည်းနှင့် အကုန်မြိုချပစ်လိုက်သည်။ထို့ပြီးနောက် သူက လင်းရုဖေးအား ကြည့်လာပြန်၏။

လင်းရုဖေးက သိချင်စိတ်ဖြင့်:"ဘယ်လိုလဲ..ခင်ဗျားကြိုက်လား"

ချီယွီက ဆိုလာ၏။ "ငါအရမ်းမြန်မြန်ကြီးစားလိုက်တာ..အရသာမခံလိုက်ရဘူး"

လင်းရုဖေး : "....."

ခင်ဗျားက ကျူးပါကျဲ[3]များ၀င်စားလား..။

သို့သော်လည်း သူက ကျယ်ကျယ်မပြောရဲချေ။သက်ပြင်းသာချလိုက်ပြီး နောက်တစ်စိတ်ယူပြီး ချီယွီအား ဤတစ်စိတ်သာ ကျန်တော့ကြောင်း ပြောကာ ဖြေးဖြေးစားရန် တိုက်တွန်းလိုက်သည်။ချီယွီက ဤတစ်ကြိမ်၌ ဖြေးဖြေးချင်းစားနေပြီး တစ်ခါတစ်ခါ လျှာပါသပ်လိုက်သေး၏။သူက အရသာခံပြီး အေးအေးဆေးဆေးစားနေကာ စားပြီးသည်နှင့် သူကထွက်သွားတော့မည်ဟု လင်းရုဖေးက ထင်လိုက်သော်ငြား သူက"မင်း နောက်ထပ်ဘယ်ကိုသွားနေတာလဲ"ဟုမေးလာမည်အား မည်သူသိမည်နည်း။

လင်းရုဖေးက ရိုးရိုးရှင်းရှင်းပင် ဖြေလိုက်သည်။

"တောင်ပိုင်းဆီ ရုံးတော်လမ်းမကြီးတစ်လျှောက် လိုက်သွားမလို့ပါ"

ချီယွီက မေးလိုက်သည်။ "မင်း ပင်လယ်ဘက်ကို သွားတော့မလို့လား"

လင်းရုဖေးက ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်..ဒါကျွန်တော် ရည်ရွယ်ချက်ပဲ"

ချီယွီက ပြောလာသည်။ "ဒါဆို..ရော့မြစ်ရဲ့ ဝေးဝေးမှာ နေဖို့မမေ့နဲ့"

လင်းရုဖေးက မေးလိုက်မိ၏။ "ဘာလို့များလဲ"

သို့စေကာမူ ချီယွီက လင်းရုဖေးအား တုန့်ပြန်ပြောဆိုမလာတော့ဘဲ တိတ်ဆိတ်စွာကြည့်လိုက်ပြီးမှ အဝေးသို့ တည့်တည့် လျှောက်သွားလေ၏။

လင်းရုဖေးမှာ မူလက ဤကြောင်ကြီး..မဟုတ်..ထိုသည်ကမမှန် ဤယဲ့မော့က ခစားရန်ခက်ခဲလွန်းသည်ဟု တွေးမိချေသည်။သို့သော်လည်း ရက်အနည်းငယ်ခန့် အတူတူရှိပြီးနောက် သူ၏အမူအကျင့်က အမှန်ပင် အဆင်ပြေကြောင်း သိလိုက်ရသည်။ သူက ကြီးကြီးကျယ်ကျယ်မရှိကာ အချိန်အများစုအား အစာစားခြင်းနှင့်သာ ကုန်ဆုံးလေသည်။

လင်းရုဖေး၏လက်များက စားပွဲပေါ်တွင် စက်ဝိုင်းပုံများ ဖြေးဖြေးဆွဲနေပြီး:"ကျွန်တော်က ဘာလို့ ရော့မြစ်နဲ့အဝေးမှာ နေသင့်တာလဲ"

ကုရွှမ်းတုက ခေါင်းမော့လိုက်ရင်း ပြတင်းပေါက်အား ကြည့်ကာ:"မိုးရွာတော့မှာမို့လို့ ဖြစ်နိုင်တယ်"

လင်းရုဖေးက ထပ်မေးလိုက်သည်။ "မိုးကြောင့်လား.."

ကုရွှမ်းတုက ခေါင်းညိမ့်ပြသည်။ "အင်း..."

ရော့မြစ်သည် ယောင်ကွမ်းတိုက်ကြီးတစ်ဝက်ခန့်အား ဖြတ်၍ မတ်စောက်သည့်တောင်တန်းမှ တောင်ကုန်းလွင်ပြင်နိမ့်ဆီသို့ စီးဆင်းကာ နောက်ဆုံး ကျယ်ပြန့်သည့် သမုဒ္ဒရာထဲသို့ စီးဝင်သွားသည့် မြစ်ကြီးတစ်စင်းဖြစ်လေ၏။လင်းရုဖေး၏ခရီးနှင့် ထပ်တူကျရန် နှစ်ရက်သုံးရက်ကျော်ကြာပြီးမှသာ ဤမြစ်ကြီးအား မြင်ရပေလိမ့်မည်။သူက ချီယွီမှာ မည်သည်ကြောင့် ဤမြစ်ကြီး၏အဝေး၌နေရန် ပြောခဲ့သည်အား မသိချေ။

ကုရွှမ်းတုက မိုးရွာတော့မည်ဖြစ်​တာကြောင့်ဟု ပြောလာသော်ငြား ကောင်းကင်မှာ တိမ်ထူနေသည့်ပုံလည်း မရှိကာ မိုးမုန်တိုင်းကျလာမည့်ဟန်လည်း မရှိချေ။

ဤသည်က စိတ်ထဲတွင်သာ ရှိနေခြင်းဖြစ်ပြီး စားပွဲပေါ်တွင် စက်ဝိုင်းပုံများ ရေးဆွဲနေဆဲဖြစ်သည့် လင်းရုဖေး၏လက်ချောင်းများက လေသံနွေးနွေးလေးနှင့် ပြောလာသည့် ကုရွှမ်းတုထံမှ ရုတ်တရက်ဖိချခြင်းခံလိုက်ရကာ:"ရှောင်ကျို့က ဘာတွေစိုးရိမ်နေတာလဲ...မင်းလေးဘာလို့ အကြီးအကဲကိုများ မပြောရတာလဲ"

လင်းရုဖေးက ခေါင်းခါပြပြီး ပြုံးလိုက်ကာ:"ဘာမှမဟုတ်ပါဘူး"

သူက မတ်တပ်ရပ်လိုက်ပြီးနောက် နောက်ကျောအားကုတ်ကာ အိပ်ငိုက်နေပြီဖြစ်ကြောင်း ရေရွတ်လိုက်သည်။

ကုရွှမ်းတုက သူ၏ပုံစံအား ကြည့်ကာ သူ၏မျက်နှာအမူအရာက မှေးမှိန်သွားရသည်။သို့စေကာမူ အဆုံးတွင်ဖြင့် သူက မည်သည်မျှပြောမလာကာ နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်လိုက်မိသည်။

လင်းရုဖေးက ကုရွှမ်းတု၏မိုးနှင့်ပတ်သတ်၍ ထောက်ပြလာသည်က သာမန်ကာလျှံကာပြောလိုက်သည်ဟုသာ ထင်မိသော်လည်း ညလယ်၌ မိုးခြိမ်းသံကြောင့် အိပ်မက်မှလန့်နိုးလာရမည်ဟုမည်သူကထင်မည်နည်း။
─────────────────────────────────────────────────

Translated By IQ-Team.