Chapter 135
ယဲ့မော့၏သား
----------------------
သူတို့အခန်းထဲတွင်ထိုင်နေသည်က မည်မျှကြာသွားမှန်းမသိချိန်တွင် အပြင်မှ ရုတ်တရက် တံခါးခေါက်သံထွက်လာ၏။လင်းရုဖေးက ဝင်လာပါဟုပြောသည့်အခါ သူက ဟယ့်ဝမ်ရှန်းဝင်လာသည်အား တွေ့လိုက်ရသည်။
ဟယ့်ဝမ်ရှန်းက ပြုံးလိုက်ပြီး:"ဘာတွေများလုပ်နေတာပါလဲ...လင်းကုန်းဇီ"
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"ဘာမှမလုပ်ပါဘူး...ဘာမှလုပ်စရာမရှိလို့ ထိုင်ပြီးတော့ ငေးနေတာပါ"
ဟယ့်ဝမ်ရှန်းက ဆိုလာ၏။
"ဒါဖြင့် ဘာလို့များ ကျွန်တော်နဲ့ လမ်းလျှောက်မသွားရမှာလဲ..ကျွန်တော့အစ်ကိုပြောတာ သူက လင်းကုန်းဇီကို ပြချင်တာ တစ်ခုခုရှိတယ်တဲ့"
လင်းရုဖေးက မေးလိုက်မိသည်။
"ဘာများပါလိမ့်"
ဟယ့်ဝမ်ရှန်းက ပြန်ဖြေသည်။
"လင်းကုန်းဇီ အဲ့ဒီရောက်ရင် သိပါလိမ့်မယ်"
လင်းရုဖေးမှာ ထရပ်ကာ ဟယ့်ဝမ်ရှန်းအနောက်သို့လိုက်ပါသွားလိုက်သည်။ နှစ်ဦးသားက ဘိုးဘွားခန်းမဆီသို့ ဦးတည် လျှောက်သွားကြသည်။
သူ ဝင်သွားသောအခါ လင်းရုဖေးက ဟယ့်ကျိထျန်းနှင့် ဟယ့်ရှဲ့ယိတို့သည်လည်း ရောက်နေကြောင်း တွေ့လိုက်ရသည်။နှစ်ဦးသားက စားပွဲခုံဘေးတွင် ရပ်နေကြပြီး ယင်းပတ်လည်တွင် တစ်ခုခုဆွေးနွေးနေကြပုံတွင်။သူတို့က လင်းရုဖေးလာနေသည်ကို မြင်သော် သူတို့က သူ့အားပျော်ရွှင်စွာ လက်ယမ်းပြလာပြီး မြန်မြန်လာရန်အချက်ပြနေကြ၏။
"ဒါက ဘာများလဲ"
လင်းရုဖေးက လူနှစ်ယောက်အနောက်သို့ လျှောက်လာသည်တွင် သူတို့အရှေ့တွင် စာရွက်အနည်းငယ်လှန်ထားသည့် စာအုပ်ထူထူကြီးအားတွေ့လိုက်ရသည။
“ဒါက ငါတို့ဟယ့်မိသားစုရဲ့ မိသားစုဇယားလေ"
ဟယ့်ကျိထျန်းက ဆက်၍ဆိုသည်။
"လင်းကုန်းဇီ..ငါရှဲ့ယိဆီကနေ ဒီနေ့ဖြစ်ခဲ့တာတွေအကြောင်း နားထောင်ပြီးပါပြီ"
သူက အရပ်ရှည်ရှည် လူသန်ကြီးထံမှ စိတ်အားထက်သန်ကာ သနားစရာကောင်းသည့်မျက်လုံး၀ိုင်းများနှင့် စိုက်ကြည့်ခံရသည်မှာ ပြောလို့ကောင်းသည့် ကျေနပ်ဖွယ်ရာ ခံစားချက်မျိုးမဟုတ်ချေ။
လင်းရုဖေးက သူ့လက်မောင်းပေါ်ရှိ ကြက်သီးမွေးညင်းများအား တိတ်တ်ိတ်ကလေးသတ်ချလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်မေးလိုက်သည်။
"ဟယ့်မိသားစုခေါင်းဆောင်...ပြောစရာတစ်ခုခုရှိရင် ပြောသာပြောချလိုက်ပါ"
ဟယ့်မိသားစုခေါင်းဆောင်က ဆိုလာသည်။
"ဒါက ဒီလိုမျိုးပါ...အဲ့ဒီယဲ့မော့က လင်းကုန်းဇီအရင်တုန်းက ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့ ဆုံဖူးတယ်လို့ ပြောခဲ့တယ်မလား"
လင်းရုဖေးက ပြောလိုက်သည်။
"ကျွန်တော် အဲ့ဒီသူက ကောင်းကင်ဘုံအုပ်ချုပ်သူမှန်း မသိပါဘူး"
ဟယ့်မိသားစုခေါင်းဆောင်က သူ့လက်အားပွတ်လိုက်ရင်း ပြောလာသည်။
"ဒါက....ဘာကြောင့် ငါတို့ လင်းကုန်းဇီကို အတည်ပြုဖို့ ခေါ်လိုက်တယ်ဆိုတာဘဲ"
လင်းရုဖေးက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်ပြီး:"ကျွန်တော်တို့ ဘယ်လိုမျိုး အတည်ပြုကြမှာလဲ"
ဟယ့်မိသားစုခေါင်းဆောင်က ပြုံးလိုက်ရင်း:"လင်းကုန်းဇီက သိမှာမဟုတ်ပါဘူး..ဒါပေမယ့် ဟယ့်မိသားစုက ကောင်းကင်ဘုံအုပ်ချုပ်သူဆီ ဆန္ဒအကြီးကြီးတစ်ခုအကြွေးတင်နေတာ..ဒါကြောင့် နောက်ပိုင်းမှာ ဟယ့်မိသားစုခေါင်းဆောင်က ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့သွင်ပြင်ကို ကာကွယ်ဖို့ ဂါထာတစ်ပုဒ်အထူးအသုံးပြုခဲ့တယ်...."
လင်းရုဖေး၏မျက်လုံးများမှာ အနည်းငယ်ပြူးကျယ်သွားပြီး မေးလိုက်သည်။
"တကယ်လား"
ဟယ့်မိသားစုခေါင်းဆောင်က ပြန်ဖြေသည်။
"သေချာပေါက်ပေါ့ ..ဘာပဲဖြစ်ဖြစ်..ဒီဂါထာက တစ်ကြိမ်သုံးလိုက်တာနဲ့ နောက်ထပ်သုံးဖို့ အခွင့်အရေးမရှိတော့ဘူး..ဒါကြောင့် သာမန်အခြေအနေတွေအောက်မှာ သုံးခဲတယ်"
သူက ဤသို့ပြောလိုက်ပြီးနောက် စက်ဝိုင်းပုံတည်ဆောက်ပုံ [ အစီအရင် ] အား ပြရန် မိသားစုမှာကြားချက်စာအုပ်က စာရွက်အနည်းငယ်ငယ်လှန်လိုက်သည်။ထို့နောက် သူက အိပ်ကပ်ထဲမှ အရည်အသွေးမြင့်စိတ်ဝိဥာဥ်ကျောက်တုံးအား ထုတ်ကာ တည်ဆောက်ပုံအလယ်တည့်တည့်တွင် သေသေချာချာထားလိုက်လေ၏။
တည်ဆောက်ပုံက ကျောက်တုံးမှလာသည့် စိတ်ဝိဥာဥ်စွမ်းအားကြောင့် မြောက်တက်လာပြီး အသက်ရှိနေသည့် ရုပ်ပုံစာလိပ်က လူသုံးဦး၏မျက်စိရှေ့တွင် ပြသခံလိုက်ရသည်။စာလိပ်ထဲမှလူမှာ အနီရောင် ဝတ်ဆင်ထားပြီး ခါးတွင် ဓါးအရှည်တစ်ချောင်းနှင့် အတိုနှစ်ချောင်းရှိကာ ခေါင်းလှည့်ကာ ပြုံးပြလာ၏။ထိုလူက အလွန်အမင်းလှပကာ ရှည်လျားကျဥ်းမြောင်းသည့် မျက်လုံးများရှိနေသည်။စူးရှသည့်မျက်ခုံးများက သူ၏ကိုယ်ထက် ကွေးညွတ်နေကာ နှုတ်ခမ်းပါးလေးများက အနည်းငယ်ဟစိစိဖြစ်နေပြီး အရောင်လေးများက နွေဦးပန်းပွင့်လေးများနှယ်။မြင်းကြိုးကို တင်းတင်းဆွဲ၍အောက်ကမြင်းရဲ့ ကဆုန်ပေါက်ပြေးနေသည်အား ရပ်တန့်ထားလေ၏။သူ၏ပုံက တစ်ခုခုကိုမြင်လိုက်ဟန်ဖြင့် မျက်နှာထက်အပြုံးလှလှလေးနှင့်အတူ လက်ကိုမြောက်ကာ ခါးရှိဓါးအား ဆွဲထုတ်လာသည်။
သူက ယင်းပေါ်သို့ ညင်ညင်သာသာနမ်းလိုက်ကာ နွေးထွေးသည့်လေသံလေးဖြင့်ဆိုလာသည်။
"မတွေ့ရတာ ကြာပြီ"
လင်းရုဖေး၏ စိတ်နှင့်ကိုယ်မှာ တုန်လှုပ်သွားရလေ၏။
ထိုလူ၏မျက်နှာက သူအကြိမ်ပေါင်းမရေမတွက်နိုင်အောင် မြင်ဖူးသည်ပင်။ဤသည်က သူ့နောက်သို့အချိန်အကြာကြီး လိုက်ပါနေသည့် အကြီးအကဲ ကုရွှမ်းတုပင်။ကုရွှမ်းတုမှာ စင်စစ် ကောင်းကင်ဘုံအုပ်ချုပ်သူပင် ဖြစ်ချေ၏။
“ခဏလေး...ခဏလေး....အဲ့ဒီမိစ္ဆာက ကောင်းကင်ဘုံအုပ်ချုပ်သူက ဓါးသေတ္တာကြီးလွယ်ထားတယ််လို့ ပြောခဲ့သလားလို့လေ..."
ဟယ့်ရှဲ့ယိက အချက်အလက်တချို့အား သတိရသွားပြီး:" ဘာလို့ စာလိပ်ထဲမှာ သူက ဓါးသုံးချောင်းပဲရှိရတာလဲ"
ဟယ့်ကျိထျန်းက ခေါင်းခါပြရင်း:"ငါလည်း အဲ့တာမသိဘူး"
သူက အနည်းငယ် ဝေခွဲမရဖြစ်နေကာ:"ဒါပေမယ့် ငါ တချို့သမိုင်းကြောင်းစာအုပ်တွေထဲမှာ မှတ်မိသေးတယ်...အဲ့မှာရေးထားတာက ကောင်းကင်ဘုံအုပ်ချုပ်သူမှာ ဓါးသေတ္တာတစ်လုံးရှိတယ်..အဲ့ဒီဓါးသေတ္တာထဲမှာက နေအခေါ်အဝေါ်[3] နှစ်ဆယ့်လေးချောင်းရှိတယ်တဲ့"
ဟယ့်ရဲ့ယိက အနည်းငယ် ရှုပ်ထွေးသွားကာ:"ကျွန်တော်ကြားတာက ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့ဓါးသွားတွေကို အရမ်းကြိုက်တာတဲ့...ဒီကမ္ဘာမှာ သူ့ဓားတွေကို ထိခိုက်အောင်လုပ်နိုင်တဲ့ တစ်စုံတစ်ယောက်ရှိသေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"
ဟယ့်ကျိထျန်းက သူသည်လည်း မသိကြောင်းပြသည့်အနေဖြင့် ခေါင်းခါပြလိုက်သည်။
သူတို့နှစ်ဦးသား၏ မျက်လုံးများက စကားပြောနေရင်းမှ လင်းရုဖေး၏ခါးဘေးတွင် ချိတ်ထားသည့် ကုယွီအပေါ်ကျသွားသည်။လင်းရုဖေးမှာ မပြောဘဲနားလည်လိုက်သည်။
သူက ကုယွီအား ထုတ်၍ ဆိုလိုက်သည်။
"အကြီးအကဲက ကျွန်တော့်ကို ဒီဓါးပေးတုန်းက သူက ဒီဓါးသွားနာမည် ကုယွီလို့ခေါ်တယ်လို့ ပြောခဲ့တာ"
“ဓါးကောင်းပဲ...ဓါးကောင်းပဲ"
ဓါးအား ထိပင်မထိရသေးခင် ဟယ့်ကျိထျန်းက ကျယ်ကျယ်လောင်လောင် ချီးမွန်းလာပြီး လင်းရုဖေးလက်ထဲရှိဓါးအား အားကျမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး:"ကြည့်ရတာ...လင်းကုန်းဇီက တကယ်ပဲ ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့ ကံဆုံခဲ့တဲ့ပုံပဲ"
သံရွှေရောင် သစ်သီးများပြည့်နေသည့် သစ်ပင်က လင်းရုဖေးကြောင့် လဲသွားသည်မှာ အံ့သြစရာမရှိချေ။
လင်းရုဖေးက ဆိုလိုက်သည်။
"ဟယ့်မိသားစုခေါင်းဆောင်...မိသားစုမှာကြားတဲ့စာအုပ်ထဲမှာ ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့ ပုံတူပန်းချီရှိတယ်ဆိုတော့ အဲ့ဒီထဲမှာ ကောင်းကင်ဘုံအုပ်ချုပ်သူအကြောင်း မှတ်တမ်းတင်ထားတာ တစ်ခုခုရှိလား"
ဟယ့်ကျိထျန်းက ဆိုသည်။
"ဒါက မှတ်တမ်းတစ်ခုတစ်လေလောက်ပါပဲ...ဒါပေမယ့် အများကြီးမရှိဘူး"
လင်းရုဖေးက မေး၏။
"ခေါင်းဆောင် ကျွန်တော့်ကို အဲ့ဒီအကြောင်းပြောပြလို့ရမလား"
ဟယ့်ကျိထျန်းက ပြန်ဖြေသည်။
"သေချာပေါက် ပြောလို့ရတာပေါ့"
သူက မိသားစုမှာကြားချက်အား အလွတ်ရသည်အထိ သိထားသည်မှာ ထင်ရှားနေ၍ စာရွက်အနည်းငယ် လှန်ပြီးသည်နှင့် လင်းရုဖေးဖတ်ချင်နေသည့် နေရာကို ဆတ်ဆတ်ရိုက်လိုက်ရင်း ဆိုလာသည်။
"လင်းကုန်းဇီက ဒါကို သူ့အတွက် ဖတ်နိုင်ပါတယ်"
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။
မိသားစုမှာကြားချက်စာအုပ်မှာ အလွန်ဟောင်းနေပုံရသော်ငြား မူလအတိုင်းကောင်းကောင်းထိန်းသိမ်းထားလေသည်။သို့စေကာမူ ဟယ့်ကျိထျန်းပြောသည်မှာ မှန်၏။ ဟယ့်မိသားစုတွင်ရှိသည့် ကောင်းကင်ဘုံအုပ်ချုပ်သူ၏ မှတ်တမ်းများက အများကြီးမရှိချေ။အများစုက အချို့သော အရေးမကြီးသည့်အရာလေးများပင်။ လင်းရုဖေးမှာ အကြမ်းပတမ်း ကျော်ကြည့်နေသော်ငြား မိသားစုမှာကြားချက်စာအုပ်ရှိ ကောင်းကင်ဘုံအုပ်ချုပ်သူမှာ ကုရွှမ်းတုနှင့်အတော်ပင် ကွဲပြားပေ၏။ဟယ့်မိသားစုမှတ်တမ်းထဲတွင်မူ ကောင်းကင်ဘုံအုပ်ချုပ်သူက ကြီးမြတ်သော ဓါးသမားတစ်ယောက်ဖြစ်သော်ငြား စိတ်နှလုံးသိမ်မွေ့ကာ ဒေါသထွက်ခဲသည်။ကုရွှမ်းတု၏ကိုယ်ခန္ဓာပိုင်းဆိုင်ရာကို ကြည့်မည်ဆိုပါကလည်း သူက မည်သို့ပင်ကြည့်နေပါစေ မလိုက်မဖက်ဖြစ်နေသည်ဟုခံစားရလေသည်။
လင်းရုဖေးမှာ မိသားစုမှာကြားချက်အား မပိတ်လိုက်မီအထိ အကြိမ်ပေါင်းများစွာ ဖတ်ကြည့်နေမိခဲ့သည်။ထို့နောက် သူက ကုရွှမ်းတုအား ကြည့်ရန်ခေါင်းလှည့်လိုက်သော်ငြား သူသည်လည်း သူ့ခေါင်းထက်ရှိ အသက်ဝင်နေသည့် ပန်းချီပျံအား တိတ်ဆိတ်စွာကြည့်နေသည်အား တွေ့လိုက်ရသည်။ထိုအကြည့်က အတိတ်အား တွေးဆနေဟန်ရှိကာ လင်းရုဖေးမှာ သူအထင်များမှားမိသည်လား မသိသော်ငြား ကုရွှမ်းတု၏မျက်လုံးထဲတွင် အရည်လဲ့နေသည်အား ခံစားလိုက်ရသည်။
လင်းရုဖေးက ခေါင်းပြန်လှည့်လိုက်ပြီး ဟယ့်ကျိထျန်းအား ကျေးဇူးတင်စကားဆိုလိုက်သည်။
“ဒါဆို..လင်းကုန်းဇီ ..မင်းတွေ့ခဲ့တဲ့သူက ကောင်းကင်ဘုံအုပ်ချုပ်သူလား"
ဟယ့်ကျိထျန်းက စိတ်လှုပ်ရှားစွာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ရင်း မေးလာ၏။
လင်းရုဖေးက ပြုံးပြီး ခေါင်းခါပြလိုက်သည်။
ဟယ့်ကျိထျန်းက မေးလိုက်သည်။
"မဟုတ်ဘူးလား"
လင်းရုဖေးက ဖြေသည်။
"အင်း...မဟုတ်ဘူး"
ကုရွှမ်းတုရဲ့သဘောထားမှ ကုရွှမ်းတုက သူ၏တည်ရှိမှုအား အခြားသူများအား မသိစေချင်ကြောင်း ခံစားလိုက်ရ၍ ဤကိစ္စအား ထိုသူဆန္ဒရှိသည့်အတိုင်း သူလုပ်ပေးရပေလိမ့်မည်။
ဟယ့်ကျိထျန်းက ဤသည်အား ကြားသော် သူက ပူဆွေးသွားသည့်ဟန် သက်ပြင်းရှည်ကြီးချလာ၏။သူက ကောင်းကင်ဘုံအုပ်ချုပ်သူမှာ ထိုနေ့တွေတုန်းက ရုတ်တရက်ပျောက်ကွယ်သွားသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း ဆိုလာသည်။လူတိုင်းက သူသည် ဟင်းလင်းပြင်အား ချိုးဖျက်ကာ ထာဝရရှင်သန်ခြင်းသို့ တက်လှမ်းသွားသည်ဟု ထင်ကြသော်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူမှာ ထာဝရရှင်သန်ခြင်းသို့တက်လှမ်းရန် ရှုံးနိမ့်ကာ သူ၏တောက်ဓမ္မနှလုံးသားမှာ ချိုးဖျက်ခံလိုက်ရသည်ဆိုသည့် ကောလဟာလများလည်းရှိသေးသည်။စကားအမျိုးအစားများစွာက ခုန်ကျော်နေကြကာ အမှားအမှန်ခွဲခြားရန် ခက်ခဲလေ၏။သူတို့က
ထိုနှစ်ခန့်က အမှန်တရားအား ဖော်ထုတ်နိုင်မှသာလျှင် အကောင်းဆုံးဖြစ်သွားပေလိမ့်မည်။
လင်းရုဖေးက ဆို၏။
"ကောင်းကင်ဘုံအုပ်ချုပ်သူက မပေါ်လာချင်တဲ့ သူ့ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိနေနိုင်တယ်..."
“အဲ့ဒီလိုလည်း ဖြစ်နေနိုင်တယ်"
ဟယ့်ကျိထျန်းက တီးတိုးရေရွတ်လိုက်မိသည်။
"ကိစ္စမရှိပါဘူး...ကိစ္စမရှိပါဘူး...တွန်းအားမပေးတာ ပိုကောင်းတယ်"
အားလုံးပြောပြီးကြသည်နှင့် ဟယ့်ရှဲ့ယိမှာ လင်းရုဖေးအနား ရှက်ရွံ့စွာချဥ်းကပ်လာပြီး သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဓါးကုယွီ၏ ဟန်ပန်နှင့်အလှတရားတို့အား မြင်တွေ့ချင်၍ သူနှင့်တစ်ပွဲလောက်ပြိုင်ရန် တောင်းဆိုလာသည်။အဆုံးတွင်ဖြင့် လင်းရုဖေးမှာ သဘောတူလိုက်ရုံသာ တတ်နိုင်၏။သို့စေကာမူ သူက ယခုအချိန်တွင် ကုယွီအားကောင်းကောင်းမထိန်းချုပ်နိုင်၍ ပြိုင်ပွဲအတွက်ဆိုပါက လူသူကင်းမဲ့သည့်နေရာအား ရှာရမည်ဖြစ်ပြီး မဟုတ်လျှင် အခြားသူများအား ထိခိုက်အောင်လုပ်လိမ့်မည်စိုးကြောင်း ပြောလိုက်သည်။
ဟယ့်ရှဲ့ယိက အမြန်ပင် ဟုတ်ပါပြီဟု ဆိုလာသည်။
မိသားစုမှာကြားချက်အား ဖတ်ပြီးနောက် လင်းရုဖေးက နေရာလွတ်တစ်ခုအား ရှာလိုက်ပြီး ကုရွှမ်းတုလက်အား ဆုပ်ကိုင်ကာ နောက်တစ်ကြိမ်"အကြီးအကဲ"ဟုခေါ်လိုက်သည်။
ဤတစ်ကြိမ်၌ "အကြီးအကဲ"ဆိုသည့်စကားလုံးနောက်တွင်"ကောင်းကင်ဘုံအုပ်ချုပ်သူ"ဆိုသည့် စကားလုံးပါ ထပ်ထည့်လိုက်သည်။
ကုရွှန်းတုက လင်းရုဖေးအား မျက်မှောင်ကြုတ်ကြည့်ပြီးနောက် ဆိုလာသည်။
"ရှောင်ကျို့...မင်း ကိုယ့်ကို အကြီးအကဲလို့ခေါ်ရင် ပျော်ပေမယ့် မင်း ကိုယ့်ကို ကောင်းကင်ဘုံအုပ်ချုပ်သူလို့ မခေါ်ရဘူး"
လင်းရုဖေးက အကျိုးအကြောင်းမသင့်တော်သလို ခံစားလိုက်ရ၍ မေးလိုက်မိ၏။
"ဘာ...ဘာလို့လဲ"
ကုရွှမ်းတုက လက်ဆန့်ပြီး လင်းရုဖေးလည်ပင်းအား ဖက်လိုက်ကာ:"ဘာလို့ဆို...ကိုယ် မင်းကို...ချင်တယ်"
လင်းရုဖေး:"....."
ကုရွှမ်းတုက ဆိုသည်။
"ရှောင်ကျို့ကို ကောင်းစေချင်လို့နော်...အကြီးအကဲစကားကိုနားထောင်...လိမ္မာတယ်နော်..."
လင်းရုဖေးမှာ ပြောစရာမရှိတော့ချေ။
သို့သော်လည်း ကုရွှမ်းတုစကားများက စနောက်နေသံရှိသော်လည်း တကယ်တမ်းတွင်ဖြင့် သူ့အသံနေထားမှာ အကျပ်ကိုင်နေဟန်ရှိကာ လင်းရုဖေးမှာ ရွေးချယ်စရာမရှိသဖြင့် အရှုံးပေးလိုက်ရသည်။
_
“အကြီးအကဲဆုံးရှုံးသွားတဲ့အရာအားလုံးသာ ပြန်ရလာရင် အကြီးအကဲက နဂိုပုံမှန်ခန္ဓာကိုလို ပြန်ကောင်းအောင်လုပ်လို့ရနိုင်လား"
လင်းရုဖေးမှာ သူပိုသိချင်နေသည့် နောက်ထပ်မေးခွန်းအား မေးလာသည်။
“ဟုတ်တယ်"ကုရွှမ်းတုက ခေါင်းညိမ့်ပြလိုက်သည်။
လင်းရုဖေးက စိတ်လှုပ်တရှား ဆိုလိုက်မိ၏။
"ဒါပြီးရင်...ကောင်းကင်ဘုံအုပ်ချုပ်သူက ပြန်လာနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
ကုရွှမ်းတုက သို့သော်ငြား တိတ်ဆိတ်နေကာ လင်းရုဖေးက သူတစ်ခုခုပြန်ပြောလာလိမ့်မည်မဟုတ်တော့ဟု တွေးမိသည့်အခါမှ နူးညံ့သည့်လေသံနှင့် ထပ်ပြောလာသည်။
"အဲ့ဒီနေ့ရှိလာပါစေလို့ မျှော်လင့်ရတာပဲ"
လင်းရုဖေးက ချိုသာတဲ့အပြုံးတစ်ခုပြုံးပြလိုက်၏။
ဟယ့်မိသားစုကိစ္စမှာ ဖြေရှင်းပြီးပြီဟု ယူဆရ၏။နေ့လည်ပိုင်းတွင် လင်းရုဖေးနှင့်ဟယ့်ရှဲ့ယိက ဓါးပြိုင်ပွဲရှိလေ၏။ဓါးပြိုင်ပွဲဟုဆိုရမည် ဖြစ်သော်ငြား ကုယွီသရုပ်ပြပွဲနှင့် ပိုတူလေ၏။ဟယ့်မိသားစုဝင်အများစုက ထိုနေရာတွင်ရှိနေပြီး ကုယွီအား မျက်လုံးကျွတ်မတတ်စိုက်ကြည့်နေကြသည်။
လင်းရုဖေးမှာ ဤလူအုပ်ကြောင့် အနည်းငယ်တုန်လှုပ်သွားရသည်။သူက အစတွင် ကုယွီအား စားပွဲပေါ်သို့ ချပေးထားလိုက်ချင်သော်လည်း ဟယ့်ရှဲ့ယိက လက်ဆန့်ပြီး တားလာ၏။ဟယ့်ရှဲ့ယိက မျက်နှာတည်တည်ဖြင့် ဓါးဆိုသည်မှာ သူရဲကောင်းတို့ယှဥ်ပြိုင်ရန်နှင့် သူတို့ခါးတွင်ချိတ်ဆွဲထားသည့် ဓါးများကသာ အမှန်စင်စစ် ဓါးကောင်းများဟုဆိုလာသည်။
လင်းရုဖေးမှာ သူ့စကားလုံးများကြောင့် ပြောစရာမရှိဖြစ်သွားရပြီး လူအုပ်၏အကြည့်နစ်နစ်တို့အား ဆက်လက်ခံယူ၍ နေရာတွင်သာ ထိုင်နေရုံသာတတ်နိုင်၏။နောက်ဆုံးတွင် လူအုပ်က ကြည့်ရတာ အားကျေနပ်သွားမှသာ လင်းရုဖေးက လွတ်မြောက်သွားချေသည်။___
Translated By IQ-Team.