အပိုင်း ၁၃၃
Viewers 37k

Chapter 133



ကုရွှမ်းတုက တခြားတိုက်ကြီး​ရဲ့ ပုံရိပ်ကြီး၏နောက်ကွယ်အကြောင်း ဂရုမထားဘဲ ပြောဆိုနေကာ :"အဆင့်မြင့်တဲ့မိစ္ဆာတွေမှာပဲ ကိုယ်ဝန်ရှိပြီး ကလေးပျိုးထောင်ဖို့က အရမ်းခက်ခဲကြတယ်..ကြည့်လေ..ဒီသေးသေးလေးလိုမျိုးပေါ့ နှစ်ပေါင်းငါးရာ ခြောက်ရာလောက်အားစိုက်မှုမရှိဘဲ ထွက်လာမှာမဟုတ်ဘူး"

ကုရွှမ်းတုကြောင့် အိပ်ရာဘေးဆီ အပစ်ခံလိုက်ရသည့် ပေါက်စလေးက ကုရွှမ်းတုအားကြည့်ကာ ဆွဲဆွဲငင်ငင်မြည်တမ်းလာ၏။သို့သော်ငြား ကံမကောင်းစွာနှင့် သူ့အသံမှာ ကလေးဆန်နေပြီး ခြိမ်းခြောက်နေခြင်းမဟုတ်သည့်အသံသာထွက်လာသည်။ နောက်ဆုံးတွင် ယင်း၏အားထုတ်မှုလေးက အချည်းအနှီးသာဖြစ်သွားသည်အား သတိထားမိသွားပြီး လင်းရုဖေးအား မျက်ရည်များနှင့်အကူအညီတောင်းနေဟန် ကြည့်လာ၏။

လင်းရုဖေး၏နှလုံးသားလေးက ဤအကြည့်ကြောင့်ပျော့ညံ့သွားပြီး ကောင်ငယ်လေးအား ချီကာမေးပွတ်ပေးလိုက်မှသာ အငိုရပ်သွားလေသည်။

ခေါင်းကိုက်စွာဖြင့် သူကအလေးအနက်ထားပြောလိုက်မိသည်။

"ဒီလိုအဖိုးတန်လှတဲ့ ပေါက်စလေး..သူ့မိဘတွေသာ ကျွန်တော့်ကို အသိအမှတ်ပြုလိုက်မှန်းသိသွားရင် ပြဿနာကြီးကြီးဖြစ်သွားမှာ မဟုတ်လား"

ကုရွှမ်းတုက ပြန်ဖြေလိုက်သည်။

"ဒုက္ခရောက်သွားတာထက် ပိုတယ်...မိစ္ဆာလောကမှာ ယဲ့မော့ရဲ့ဗီဇက ငြိမ်ပေမယ့် ဒီလိုအရာမျိုးကြုံတွေ့ရရင် စိတ်အေးနိုင်မှာမဟုတ်မှန်းစိုးမိတယ်"

လင်းရုဖေးက စိတ်ညစ်စွာဖြင့်:"ဒါဆို..ကျွန်တော်တို့ဘာလုပ်သင့်လဲ”

ကုရွှမ်းတုက ရယ်မောလိုက်ရင်း:"ဒါပေမယ့် အဲ့ဒီဟယ့်ရှဲ့ယိနဲ့သာဆို...မင်းတစ်ကိုက်တည်းနဲ့အမြိုခံရဖို့ စိုးရိမ်စရာမလိုတော့ဘူး..အချိန်ကျလာရင် နဲနဲဝေးဝေးမှာရပ်နေ...မင်းသာအပျော်လေးတွေမှာ ဝင်မပါဘူးဆို အဆင်ပြေသွားလိမ့်မယ်"

ထို့နောက်မှသာ လင်းရုဖေးက စိတ်သက်သာရာရသွားလေ၏။

ပေါက်စလေးက လင်းရုဖေးလက်မောင်းထဲတွင် ကျေကျေနပ်နပ် အသိုက်ဆောက်နေပြီး လင်းရုဖေးလက်မကိုပင် သဘောအကျကြီးကျကာ စုပ်ယူနေ၏။မူလက လင်းရုဖေးမှာ ယင်းလေး၏ချွန်ထက်သည့်လျှာနှင့် သူ့အားဖြတ်လာမည်စိုးသော်ငြား နာရီပိုင်းလေးပဲရှိသေးသည့် ပေါက်စလေးကဖြင့် သူ့ကိုယ်အားကောင်းကောင်းမွန်မွန်ထိန်းချုပ်နိုင်ကာ လင်းရုဖေးအားလျက်နေစဥ် သူ့လျှာပေါ်ရှိဆူးချွန်များအား လွယ်လွယ်ကူကူသိမ်းထားလိုက်နိုင်ပေသည်။

လင်းရုဖေးက ယင်းလေး၏ခေါင်းအား ကုတ်ပေးနေရင်းမှ သူ့အားကြည့်ကာ ပိုပိုပြီးချစ်စရာကောင်းသည့် ကြောင်လေးအဖြစ် ခံစားလာရသည်။

ထိုညတွင် လင်းရုဖေးက ကောင်းကောင်းအိပ်ပျော်သွားကာ နောက်တစ်နေ့ စောစောစီးစီး၌ ဟယ့်ရှဲ့ယိမှာ မနေ့ညက ဟယ့်ကျိထျန်းအတိုင်း မျက်မှောင်ကြုတ်လျက်သားရောက်လာ၏။လင်းရုဖေးက အိပ်ရာထကာစဖြစ်ကာ အဝတ်များလှဲရန်ပင် အခွင့်မရလိုက်သေးချေ။ သူက လောလောဆယ် ဖူဟွားယူလာပေးသည့် ဆန်ပြုတ်အား သောက်နေရင်း သူ့မျက်နှာထက်ရှိအကြည့်အား သတိထားမိသွားသော် မပြုံးမိဘဲမနေနိုင်ချေ။

"ဒီအကြည့်က ဘာများပါလဲ"

ဟယ့်ရှဲ့ယိက သက်ပြင်းတစ်ချက်ချလိုက်ရင်း ဆိုလာ၏။

"ငါ...လင်းကုန်းဇီကပါ ဒီကိစ္စထဲပါနေမယ်လို့ မမျှော်လင့်ထားဘူး..ဒါကြောင့် ငါ လင်းကုန်းဇီကို ဒီခရီးမှာ လိုက်ပါဖို့ ဒုက္ခပေးရတော့မှာပဲ"

လင်းရုဖေးက ပြန်ဖြေလိုက်သည်။

"ပြဿနာမရှိပါဘူး...ဒါပေမယ့် ဒီယဲ့မော့က သူ့ကလေးသာ ကျွန်တော့်ကို အသိအမှတ်ပြုသွားမှန်း မြင်သွားရင် စိတ်ဆိုးလာမှာစိုးမိတယ်..."

“သူစိတ်ဆိုးလည်း ဆိုးတာပေါ့...ငါတို့ တခြားဘာများ လုပ်နိုင်မှာတဲ့လဲ"

ဟယ့်ရှဲ့ယိက ဤဖြစ်ရပ်တစ်ခုလုံးကြောင့် ခေါင်းကိုက်လာကာ:"ဘယ်လိုနေနေ ငါတို့ အကောင်ပေါက်ကို ပြန်ပေးရမယ်...​မဟုတ်ရင် အဲ့ဒါလေးက ငါတို့ သူ့ကိုပျိုးထောင်ပေးဖို့ မျှော်လင့်နေမှာတဲ့လား"

ဤသည်ကလည်း မှန်ပေကာ လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။

"ဒါဆို ကျွန်တော် အဝတ်လဲပြီးတာနဲ့ ခင်ဗျားနဲ့အတူ သွားမယ်လေ"

“ဒုက္ခပေးမိပါပြီ...လင်းကုန်းဇီ"

ဟယ့်ရှဲ့ယိက တစ်ကြိမ်ထပ်ပြီး သက်ပြင်းချပြန်သည်။

ရာသီဥတုမှာ ယနေ့လည်း အတူတူ ပူပြင်းနေ၍ လင်းရုဖေးမှာ ဝတ်ရုံပါးပါးလေးသာ လှဲလိုက်ရင်း ဟယ့်ရှဲ့ယိသွားသည့်နောက်လိုက်ပါခဲ့သည်။ကြောင်ပေါက်လေးက လင်းရုဖေးလက်မောင်းထဲတွင်ရှိကာ ထပ်ပြီးဆာလာ၍ထင် စတင်အသံမြည်လာတော့၏။မနက်ပိုင်းသာရှိသေး၍ လင်းရုဖေးက အသားအချို့သာကျွေးခဲ့ရသည်။သို့စေကာမူ သူနောက်ပိုင်းတွင် မည်သို့ဖြစ်ဖြစ်ပြန်ပို့ပေးခံရမည်ဟု တွေးထား၍ အများကြီးမကျွေးရန်ဆုံးဖြတ်လိုက်ပြီး ယခုအချိန်တွင် ထိုဟာလေးက လင်းရုဖေးလက်ချောင်းအား ယူကာ မကျေနပ်သေးစွာ စုပ်နေပေသည်။ပထမဆုံးအကြည့်နှင့်ပင် ယင်းလေးက အတော်ချစ်စရာကောင်းလွန်းနေပြီး သူ့မိဘများမှာ မည်သို့ပုံစံရှိမှန်းသိချင်လာမိ၏။

ရာသီဥတုက အလွန်ပူပြင်းလေသည်။ဟယ့်ရှဲ့ယိက လင်းရုဖေးအပူလျှပ်သွားမည်စိုး၍ ရထားလုံးတစ်စီးတောင်းရန် သွားလေသည်။ထို့နောက် သူက ဦးထုပ်တစ်လုံးဆောင်းလာပြီး ရထားလုံးမောင်းရန် အပြင်ဘက်၌ ထိုင်လေ၏။

လမ်းတစ်လျှောက်တွင် သူနှင့်လင်းရုဖေးက ဖြစ်ပျက်ခဲ့သမျှအား စမြုံ့ပြန်နေကြသည်။သူက နောက်ပိုင်းတွင် လင်းရုဖေးအား အပြင်ထွက်လာရန်မလိုကြောင်းနှင့် ဘေးရှိရထားလုံးထဲမှာပင် စောင့်နေသင့်ကြောင်းပြောလာသည်။သူက အချိန်ကျလာပါက သူနှင့်မိစ္ဆာကြီးတို့ တိုက်ကြရမည်စိုး၍ဖြစ်သည်။မူလက သူက လင်းရုဖေးအား ထိခိုက်စေမိပါက ပိုဆိုးသွားမည်ဟုပြောချင်ခဲ့သော်ငြား စကားလုံးများက

ပါးစပ်သို့ရောက်လာသည်နှင့် သူက လင်းရုဖေးနှင့်တိုက်နေစဥ်တွင် သူယောင်ကိုင်းသည်အထိရိုက်မိသွားသည်အား သတိရသွား၍ စကားအမြန်ပြောင်းပြောလိုက်သည်။

"လင်းကုန်းဇီကိုပါ ထိခိုက်မိသွားရင် ပိုဆိုးသွားပါလိမ့်မယ်"

လင်းရုဖေးက ယင်းကို ကြားရသည်မှာ ပျော်ရွှင်မိချေသည်။

ရထားလုံးမှာ တောင်ဆီဆင်းသွားကာ မိစ္ဆာကြီးရှိရာ တောင်လမ်းဆီသို့ တည့်တည့်သွားနေ၏။တောင်လမ်းဝင်ပေါက်တွင် ဟယ့်ရှဲ့ယိက လင်းရုဖေးလက်ထဲရှိ ကြောင်ပေါက်အား ယူကာ ထွက်သွားလျင်ထွက်သွားချင်း ကြောင်ပေါက်လေးက အော်ငိုတော့သည်။ယင်းလေးက မျက်လုံးမှ မျက်ရည်များက အဆင်မပြတ်ကျဆင်းကာ မရပ်မနား အော်ဟစ်မြည်တမ်းနေလေ၏။ယင်းလေးရဲ့ပုံစံမှာ အမှန်ပင် သနားစဖွယ်လေးဖြစ်နေသည်။

လင်းရုဖေး၏နှလုံးသားမှာ သူ့ငိုသံကြောင့် ပျော့ပျောင်းလာရသည်။မူလက သူက ဟယ့်ရှဲ့ယိနောက်လိုက်သင့်လားဟု မေးချင်သော်ငြား ကုရွှမ်းတုက သူ့လက်အားဖိလိုက်ရင်း ခေါင်းခါပြလေသည်။

"မသွားလိုက်နဲ့..မိစ္ဆာကြီးသာ သူ့သားလေးက မင်းနဲ့ရင်းနှီးနေမှန်းမြင်သွားရင် သေချာပေါက်မပျော်မရွှင် ဖြစ်သွားလိမ့်မယ်"

လင်းရုဖေးမှာ ထိုစကားလုံးများအား သေချာစဥ်းစားပြီးနောက် အရှုံးပေးရမည်မှန်းနားလည်သွားခဲ့သည်။

ဟယ့်ရှဲ့ယိလက်ထဲ အပိတ်ခံထားရသည့် ကြောင်ပေါက်လေးက ပြင်းပြင်းထန်ထန်ရုန်းကန်နေသော်ငြား မည်သို့ဖြစ်ဖြစ် လွတ်အောင်မရုန်းနိုင်ချေ။လင်းရုဖေးမှာ ဟယ့်ရှဲ့ယိနောက်ကျောအား ကြည့်နေရင်းမှ အကြောင်းပြချက်မရှိ သူ့ရင်ထဲတွင် ဝမ်းနည်းလာရသည်။

သူက မေးထောက်ရင်းမှ ပြောလာ၏။

"ကျွန်တော်အတော်လေး ကြိုက်တဲ့ ကလေးလေးတွေ တွေ့ထားတယ်"

ကုရွှမ်းတုက ထပ်​မေးလိုက်မိ၏။

"ကလေးလေးတွေ ကြိုက်တယ်...လား..."

လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။"ဟုတ်တယ်လေ"

ကုရွှမ်းတုက လင်းရုဖေးအား စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။

လင်းရုဖေးမှာ ခဏကြာသည်အထိ ကုရွှမ်းတုပြန်ဖြေမလာမှန်း သတိထားမိသွား၍ မေးလိုက်မိသည်။

"ခင်ဗျား ဘာတွေတွေးနေတာလဲ"

ကုရွှမ်းတုက တည်တည်ငြိမိငြိမ်ဖြင့်ပြန်ကြည့်လာပြီး:"ဘာမှမဟုတ်ပါဘူး"

လင်းရုဖေး : ".....တကယ်ကြီး ဘာမှမဟုတ်ဘူးပေါ့"

ကုရွှမ်းတုက ဆိုလာသည်။

"ကောင်းပြီ ...ရှောင်ကျို့ကိုယ်က အားနည်းနေတုန်းပဲ"

လင်းရုဖေး : " ? "

ကုရွှမ်းတုက တီးတိုးရေရွတ်လာသည်။

"တခြား အားဆေးတစ်ခုက လုံလုံလောက်လောက်အလုပ်ဖြစ်လာမှာပါ"

လင်းရုဖေးမှာ စိတ်ရှုပ်သွားပြီး ကုရွှမ်းတုပြောနေသည့်အရာအား နားမလည်တော့ချေ။

သူက ဘာအတွက် အားဆေးလိုမှာလဲ၊ သူက အဲ့ဒါကိုသောက်ရလောက်အောင် ဘာတွေများထွေထူးဖြစ်နေလို့လဲ...။

───────
ဟယ့်ရှဲ့ယိက အော်နေသည့် ကြောင်ပေါက်လေးအား ထိုနေရာသို့ လေးပင်နေသည့်မျက်နှာဖြင့်ခေါ်သွားပြီး တောင်ကြားထဲသို့ ဝင်သွားသောအခါ မည်သည့်အသံမျှမကြားရတော့ချေ။လင်းရုဖေးမှာ စစချင်း၌ ရထားလုံးထဲတွင် စောင့်နေနိုင်သေးသော်လည်း မကြာခင်နည်းနည်း စိတ်မရှည်ဖြစ်လာရသည်။နောက်ဆုံးတွင် သူက ရထားလုံးထဲမှထွက်လိုက်ရန် ဆုံးဖြတ်ကာ လမ်းဘေးရှိ သစ်ပင်ရိပ်အောက်ကလေးတွင် စောင့်နေလိုက်သည်။

ရာသီဥတုမှာ ပူလောင်နေပြီး သူ့နားထဲတွင်လည်း ပုစဥ်းရင်ကွဲသံများဖြင့် ဆူညံနေ၏။လင်းရုဖေး၏အသားပေါ်မှ ချွေးစက်တို့မှာသူလက်လေးဖြင့် ယပ်ခတ်နေသော်လည်း ခြောက်သွေ့မသွားချေ။သူ့နှလုံးသားထဲကနေ ဟယ့်ရှဲ့ယိဘက်မှ မည်သည့်လှုပ်ရှားမှုမှမရှိကြောင်း တွေးမိသည်နှင့်တပြိုင်နက် ယခုနေရာနှင့်မနီးမဝေး၌ ဒေါသတကြီးဟိန်းဟောက်သံအား ကြားလိုက်ရသည်...ဤဟိန်းသံမှာ သိသိသာသာပင် လူသားအသံမဟုတ်ကာ သားရဲအကြီးကြီး၏အသံနှင့်ဆင်၏။

လင်းရုဖေးက ဤအသံအားကြားသည်နှင့် မကောင်းတာတစ်ခုခုဖြစ်နေမှန်း သိလိုက်သည်။ထင်ထားသကဲ့သို့ပင် တခဏ၌ ကောင်းကင်သို့ ပျံတက်လာသည့် အဖြူရောင်ဓါးနှင့် ဓါးအနက်တို့၏အလင်းတန်းအား တွေ့လိုက်ရသည်။အဖြူရောင်ဓားမှာ ဟယ့်ရှဲ့ယိ[1]အပိုင်ဖြစ်ကာ အနက်သည်ဟာဖြင့်.....လင်းရုဖေးမှာ အာရုံစိုက်ကာကြည့်မိနေစဥ် ရုတ်တရက် သူ့ဘေးမှ ရင်းနှီးနေသည့် ညည်းညူသံလေးထွက်လာ၏။သူ့မှာ သတိလစ်မတတ်ပင် ထိတ်လန့်တကြားဖြစ်သွားပြီး ငုံ့ကြည့်လိုက်သော် နေရာမှာပင် တောင့်ခဲသွားရသည်။ဟယ့်ရှဲ့ယိနှင့် အတူရှိနေမည်ဟုထင်ထားသည့် မိစ္ဆာပေါက်စလေးက ယခုတွင်မူ ပျော်ပျော်ကြီး သူ့ခြေထောက်နားတွင် ထိုင်လိုက်ထလိုက်လုပ်နေပြီး လက်တစ်ဆုပ်စာသာရှိသည့် သူ့ကိုယ်လေးက ယခုမူ လုံးလုံးလေးဖြင့်ကြီးလာကာ လင်းရုဖေးဒူးနားလောက်ထိပင် ရှိနေချေ၏။လင်းရုဖေးက သူ့အားကြည့်လာသည်အား တွေ့သွားသော် ထိုဟာလေးက အလွန်စိတ်လှုပ်တရှားဖြင့် ခေါင်းမော့လာသည်။သွေးနီရောင်မျက်လုံးများက မငြင်းဆန်နိုင်သည့် စိတ်ဆန္ဒအပြည့်ဖြစ်နေပြီး တစ်ချက်ကလေးကြည့်မိသည်နှင့် ယင်းလေးရဲ့စိတ်လှုပ်ရှားစွာပြောနေသည့်အဓိပ္ပါယ်ကို သူအလိုလိုနားလည်သွားသည်။

"ငါ့ကို ထိပါ...ငါ့ကိုထိပါ..ငါ့ကိုထိပါ...ငါ့ကိုထိလိုက်ပါ"

လင်းရုဖေး : " ........"

သူက ထိလိုက်ချင်ပါသော်လည်း သူ့မိဘများမှာ ဤနေရာတွင်ပင် တိုက်နေကြဆဲဖြစ်ပြီး ထိုသို့လုပ်လိုက်ရန် အကြံကောင်းမဟုတ်သေးပေ။

အဆုံးတွင်ဖြင့် လင်းရုဖေးမှာ ရေကုန်ရေခန်းတိုက်နေကြသည့်နှစ်ယောက်အား မော့ကြည့်လိုက်ပြီးမှ ယခုထိ စိတ်အားထက်သန်နေသေးသည့် ကြောင်ပေါက်လေးအား ကြည့်လိုက်သည်။ခိုးကြောင်ခိုးဝှက်ဖြင့် သူက လက်ဆန့်ကာ ခေါင်းလေးအား ထိပေးလိုက်ပြီး မေးစေ့လေးအား ပွတ်သပ်ပေးလိုက်သည်။

သူက ထိုပေါက်စလေး၏မျက်လုံးလေးများမှာ ဝမ်းသာကြည်နူးသွားဟန်ဖြင့်တောက်တောက်ပပဖြစ်သွားသည်အား သတိထားမိသွားသော် သဘောတကျ ပြုံးလိုက်မိပြီး "လိမ္မာလိုက်တဲ့ ကောင်လေး"

ကြောင်ပေါက်လေးမှာ သက်သောင့်သက်တာရှိလွန်းတာကြောင့် မြှောင် အသံလေးပေးလာပြီးနောက် မြေပြင်ပေါ်တွင်ပင် ဟိုဒီ လိမ့်ပတ်နေတော့၏။

လင်းရုဖေးက ပေါက်စလေးအား ပွတ်သပ်ပေးနေစဥ် ရုတ်တရက် သူ့ ခေါင်းထက်၌ လေပြင်းတစ်ချက်တိုက်သွားသည်။သူက အမြန် တုံ့ပြန်လိုက်ပြီး လက်စွပ်ထဲရှိ သစ်သားဒိုင်းကာအား ဆွဲထုတ်ကာ သူ့ကိုယ်သူကာလိုက်ရသည်။

"ဝူးရှ်"

ချွန်ထက်လှသည့်အသံတစ်သံထွက်လာပြီး လင်းရုဖေး၏လက်မောင်းတွင်လည်း အားပြင်းပြင်းတွန်းကန်အားကို ခံစားလိုက်ရသည်။

ယင်းနောက်တွင် လူတစ်ယောက်၏ဒေါသတကြီးအော်ငေါက်သံက ကပ်ပါလာ၏။

"မင်းက ငါ့သားကို ကြောင်တစ်ကောင်လို ဆက်ဆံနေတာပဲ"

လင်းရုဖေးက မလုံမလဲပြုံးပြလိုက်ရင်း:"အထင်လွဲနေတာပါ...ဒါတွေအားလုံးက အထင်လွဲနေတာပါ"

ကုရွှမ်းတုက ဤမြင်ကွင်းအား ဘေးမှမြင်သွားသော် မရယ်မိဘဲမနေနိုင်အာင် ဖြစ်သွားရသည်။

“အခု ရပ်လိုက်စမ်း....အပြစ်မရှိတဲ့သူကို ထိခိုက်အောင်မလုပ်နဲ့"

ဟယ့်ရှဲ့ယိကလည်း အပြေးရောက်ချလာပြီး သူ့ခေါင်းထက်တွင်မူ ချွေးများရွှဲစိုနေ၏။

“အပြစ်မရှိတဲ့သူကို ထိခိုက်အောင်လုပ်တယ်ဟုတ်လား"

ထိုလူက သူ့ဓါးအား ရွယ်လိုက်သည့်အခါ သူ့မျက်လုံးတွေက ဓါးသွားထက်ပင် ပိုထက်နေသည်။ ထိုပေါက်စလေးက လင်းရုဖေးကို မလွတ်တမ်းဆွဲထားသည်မှာ တုတ်တုတ်ပင်မလှုပ်ချေ။

ထိုသူက လက်ဆန့်၍ လင်းရုဖေးထံ ဓါးသွားဖြင့်ရွယ်ထားပြီး:"သူလား ငါ့သားက အသိအမှတ်ပြုထားတဲ့ အဖေဆိုတာ"

ဟယ့်ရှဲ့ယိက ခါးသက်သက်ပြုံးကာ:"...ဒါက...တကယ်ကို အထင်လွဲနေတာပါဆို...လင်းကုန်းဇီက အဲ့ဒီအချိန်မှာရှိနေလို့ မတော်တဆတိုက်ဆိုင်သွားရုံလေးတင်ပဲ"

ထိုလူက လှောင်ပြုံးပြုံးလိုက်ပြီး:"ဒီကမ္ဘာမှာ တိုက်ဆိုင်သွားတဲ့အရာဆိုတာမျိုးမရှိဘူး"

ဟယ့်ရှဲ့ယိမှာ ပြောစရာမရှိဖြစ်သွားရသည်။

ထိုလူက အနက်ရောင်ဝတ်စုံဝတ်ထားပြီး အနက်ရောင်ဆံနွယ်ရှည်များကိုပိုင်ဆိုင်ထားပေသည်။ပထမဆုံးအကြည့်မှာတင် သူကသာမန်လူသားတစ်ယောက်နှင့် ထူးမခြားနားပင်။သူ့ရဲ့သွေးနီရောင်မျက်လုံးများကြောင့်သာ တခြားသူများက သူ၏ပုံမှန်မဟုတ်သည့် ဗီဇအား​အထူးသတိပြုမိစေသည်။

သူက လင်းရုဖေးအားကြည့်ပြီး အေးစက်စွာဆိုသည်။