အပိုင်း ၁၃၂
Viewers 38k

Chapter 132
ယဲ့မော့

----------------------

လင်းရုဖေးမှာ အားတင်းကာရယ်မောလိုက်ပြီး:"ကျွန်....ကျွန်တော် နောက်နေတာမဟုတ်ပါဘူး..အာ.."

ထိုစကားလုံးများထွက်ကြလာသည်နှင့် ခုနကမကြားလိုက်ရသည့် တကျွတ်ကျွတ်အသံမှာ ရုတ်တရက်ပိုကျယ်လာပြီး ချောက်ခနဲမြည်သံက ထွက်ပေါ်လာ၏။သူ့ရှေ့မှ အဖြူရောင်မိစ္ဆာဥမှာ နှစ်ပိုင်းကွဲသွားလေပြီ။ဥအခွံမှ သွေးနီရောင်မျက်လုံးတစ်စုံနှင့် ငိုသံသေးသေးလေး ထွက်လာသည်။

ဟယ့်မိသားစုခေါင်းဆောင်နှင့် လင်းရုဖေးတို့နှစ်ဦးသားမှာ အံ့သြတကြီးဖြစ်သွားရလေသည်။သူတို့က အဖြူရောင်မိစ္ဆာဥလေးကွဲထွက်လာပြီး ပိန်ပိန်သေးသေးအရာလေး တွားသွားကာထွက်လာသည်အား ကြည့်နေမိကြ၏။ထိုသေးသေးလေး၏ပုံစံမှာ ကြောင်ပေါက်လေးတစ်ကောင်နှင့်တူကာ နှင်းဖြူရောင်အမွှေးများက တစ်ကိုယ်လုံးအား ဖုံးလွှမ်းထားပေသည်။

ထိုအရာလေးအား တွေ့လိုက်ပြီးနောက် နေရာမှာတင်တောင့်ခဲနေသော ဟယ့်ကျိထျန်းက နောက်ဆုံးတုန့်ပြန်လာ၏။

သူက အော်လိုက်ရင်း:"လင်းကုန်းဇီ...သူ့မျက်လုံးတွေကို မကြည့်လိုက်နဲ့.."

သို့သော်ငြား သူ့စကားများမှာ နည်းနည်းနောက်ကျသွားပုံရသည်..လင်းရုဖေး၏မျက်လုံးများမှာ ထိုအရာလေးနှင့် ဆုံခဲ့ပြီးဖြစ်လေသည်။

အနီရောင်မျက်လုံးတစ်စုံက ဖွင့်လာပြီးပြီးချင်းဖြစ်၍ စိတ်ရှုပ်ထွေးနေသည့်အရိပ်အရောင်အား ဆင်ထားပေသည်။သို့စေကာမူ မကြာမီ ဤစိတ်ရှုပ်ထွေးမှုက ပျော်မြူးနှစ်ခြိုက်သွားကာ သေးသေးလေးက သူ၏ဥခွံမှ ကိုးယိုးကားယားလေး တွားသွားလာ၏။သူကလှိမ့်နေရင်းမှ လင်းရုဖေးရှိရာဘက်သို့လှည့်လိုက်ကာ ပါးစပ်အားဖွင့်ကာ ငိုသံသေးသေးထွက်လာတော့သည်။

ဟယ့်ကျိထျန်းက နောင်တကြီးစွာ အော်ဟစ်လိုက်ရင်း လင်းရုဖေးနားမလည်နိုင်သည့် အကျိန်အဆဲစကားပေါင်းစုံအား ဆက်တိုက်ပြောနေလေ၏။

သူက သောကရောက်စွာရယ်မောလိုက်ရင်း:"ဒီ သောက်ချီး တောက်ဓမ္မကိုယ်တော်ချန်..သူတကယ်ကြီး ငါ့ကိုဒီမှာ ကြံစည်ရဲတယ်..သေစမ်း"

လင်းရုဖေးမှာ ဝေခွဲမရဖြစ်နေမိသည်။

လင်းရုဖေးမှာ မသေချာမရရာသည့်မျက်နှာနှင့် ရှိနေဆဲဖြစ်သည်အား တွေ့သော် ဘေးမှကုရွှမ်းတုက ပြုံးလိုက်ကာ ဖြေးဖြေးချင်း ပြောလာ၏။

"ရှောင်ကျို့က ..တခါမှ မိစ္ဆာကို မမြင်ဖူးဘူးမလား"

လင်းရုဖေးမှာ သူ့အားကြည့်ရန် ခေါင်းလှည့်လိုက်သည်။

“ဒီလိုစွမ်းအားကြီးတဲ့ မိစ္ဆာတွေက သူတို့အားလုံးမှာ ထူးခြားတာတစ်ခုရှိတယ်.."

ကုရွှမ်းတုက နေ့းထွေးသည့်လေသံလေးနှင့် ဆက်ပြောလာသည်။

"ဒါက..သူ ဥကထွက်လာရင် သူနှင့်မျက်လုံးချင်းဆုံတဲ့ ပထမဆုံးလူကို သူ့အမေလို့သတ်မှတ်တတ်တယ်.."

လင်းရုဖေး : "......."

ကုရွှမ်းတုက ရှင်းပြလာပြီးပြီးချင်းမှာပင် စားပွဲပေါ်တွင်ယိုင်တိုင်တိုင်ဖြင့်လျှောက်လာသည့် ကြောင်ပေါက်စလေးက လင်းရုဖေး၏အပေါ်ဝတ်ရုံထောင့်နားလေးအား ပါးစပ်နှင့်ကိုက်ကာအရည်လဲ့နေသည့်မျက်လုံးများလေးများဖြင့် ပင့်ကြည့်လာ၏။

“သွားပါပြီ..သွားပါပြီ"

ဟယ့်ကျိထျန်းက သူ့ဆံပင်များအား ကုပ်ဆွဲဖွလိုက်ရင်းမှ ဆိုလာ၏။

"ပြီးသွားပြီ"

သူက လင်းရုဖေးမှာ ဆက်ရပ်နေဆဲဖြစ်သည်အား တွေ့သော် အမြန်ပင် လင်းရုဖေးအား မိစ္ဆာ၏အလေ့အထများကို ရှင်းပြလာပြီး လင်းရုဖေးမှာ တိတ်ဆိတ်ခြင်းချောက်နက်ထဲ ကျသွားရလေ၏။

သေးသေးလေးက လင်းရုဖေးမှာ သူ့အားလျစ်လျူရှုထားသည်အား တွေ့သော် မျက်နှာလေးမှာ ရှုံ့မဲ့သွားရင်း ပြင်းပြင်းထန်ထန်အော်ငိုတော့သည်။ ။ယင်းက ကြောင်လေးနှင့်တူကာ အသံကလည်း ကြောင်နှင့်ဆင်၏။သူ့ရဲ့ညည်းညူပြီး အော်ငိုနေသံက တဖြည်းဖြည်းဖြင့် သူ့နှလုံးသားလေးအား နူးညံ့လာစေသည်။

သို့ရာတွင်မူ ဟယ့်ကျိထျန်းကမူ ဤအသံအားကြားသော် သူက အမြီးဆွဲခံရဖူးသည့် ကျားတစ်ကောင်နှယ်။

သူက ​ကြမ်းပြင်မှ ​ထခုန်လိုက်ရင်း အော်လိုက်တော့သည်။

"လင်းကုန်းဇီ..လင်းကုန်းဇီ..မြန်မြန်လေး သူ့ကိုချီလိုက်.."

လင်းရုဖေးက အသိဝင်လာရင်း:"ဟမ်.."

“မင်း သူ့ကို အငိုရပ်ဖို့ မြန်မြန်လေးပြောရမယ်"

ဟယ့်ကျိထျန်းက ဆိုသည်။

"အဲ့တာလေးက မိစ္ဆာကြီးရဲ့ သွေးကြောနဲ့ဆက်သွယ်ထားတာ..သူသာဆက်ငိုနေရင် ..သူ မိစ္ဆာကြီးကို ဒီဆီခေါ်လိုက်မိမှာ စိုးတယ်"

လင်းရုဖေးက ဤသည်အားကြားသော် သူက လက်ကမ်းလိုက်ရင်း ကြောင်ပေါက်အား ကောက်ချီလိုက်၏။ဥမှာ အလွန်ကြီးပုံပေါ်လင့်ကစား အကောင်ပေါက်လေးက အရွယ်သေးလှကာ သူ့လက်ထဲတွင် အတော်လေးပေါ့နေ၏။အထူးသဖြင့်မျက်လုံးနီများကြောင့်သာ မဟုတ်ပါက လူအများစုက သူ့အား သာမန်ကြောင်ပေါက်လေးဟုသာ ထင်ကြပေလိမ့်မည်။ထိုဟာလေးက အလွန်သေးငယ်လွန်း၍ ကျိုးပဲ့လွယ်သည့် တစ်ခုခုအား ကိုင်တွယ်နေရသကဲ့သို့ပင်။သူက ထိုအကောင်လေးနာကျင်သွားမည်စိုးနေသော်လည်း ကြောင်ပေါက်လေးက အလွန်သဟဇာတဖြစ်နေ၏။ထိုအကောင်လေးက လင်းရုဖေးလက်ပေါ်တွင် သက်တောင့်သက်တာရှိသည့်နေရာလေးအား ရှာတွေ့သွားပုံရကာ မကြာမီ သူ့အားထိုးစိထိုးစိ လုပ်နေပြီးနောက် အိပ်ပျော်သွားတော့သည်။အိပ်ပျော်မသွားခင် ယင်းလေးက နှုတ်ခမ်းအားလှုပ်စိစိလုပ်နေပြီး ကျေနပ်သွားဟန် နှစ်ခါညည်းလိုက်ဖို့လည်း မမေ့ချေ။

ဤမြင်ကွင်းမှာ ပုံမှန်အားဖြင့် လူတိုင်းအား စိတ်ပျော့သွားစေသော်ငြား ဟယ့်ကျိထျန်းမှာ မကောင်းဆိုးဝါးတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ပြုမူနေလေ၏။သူ့စိတ်ထဲတွင် ကြောက်လန့်မှုကြောင့် ခေါင်းတစ်ခုလုံးမှာလည်း ချွေးတို့နစ်နေချေပြီ။ကြမ်းကြမ်းတမ်းတမ်းသုတ်ချလိုက်ရင်တောင်မှ သူ့ချွေးတို့မှာပြောင်လင်မသွားချေ။သူက ကြောင်ပေါက်လေးအိပ်ပျော်သွားသည်အား တွေ့သွားသည့်နောက်မှ စိတ်သက်သာရသွားဟန် သက်ပြင်းချလိုက်မိသည်။သူက အံတင်းတင်းကြိတ်လိုက်ပြီး တောက်ဓမ္မကိုယ်တော်ချန်အား ထပ်မံကျိန်ဆဲပြန်၏။

“ဒါဆို..အခု ဘာဖြစ်သွားမလဲ"

လင်းရုဖေးမှာ သူ့လက်ထဲရှိ အသေးလေးအား စိုက်ကြည့်နေမိသည်။

"အခုလား..."

ဟယ့်ကျိထန်းမှာ လင်းရုဖေးလက်ထဲရှိ ကြောင်ပေါက်လေးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိသည်။ သူပုံစံက အားလူးပူပူလေးတစ်လုံးအား ကြည့်နေသည့်နှယ်။

"...ငါ....လင်းကုန်းဇီကို ဒုက္ခပေးရတော့မှာပဲ...မနက်ဖြန်ကျရင် ကျေးဇူးပြုပြီး ရှဲ့ယိနဲ့ ခရီးတစ်ခုထွက်လိုက်ပါ...မိစ္ဆာကြီးက အကျိုးအကြောင်းသင့်ပြီး ဒေါသတကြီးဖြစ်မနေဖို့ မျှော်လင့်ရတာပဲ"

ဤသည်က သူပြောလိုက်သည်သာဖြစ်သော်ငြား သိသိသာသာပင် သူ့ရင်ထဲတွင် ယုံကြည်ချက်မရှိချေ။ထိုအကြောင်းအား စဥ်းစားပြီးနောက် သူက ထပ်ပြောလာသည်။

"အဲ့ဒါသာ စိတ်ဆိုးသွားရင် ငါတို့လည်းရွေးစရာမရှိတော့ဘူး..ငါတို့ ရှဲ့ယိကို ပြန်ခေါ်ပြီး တိုက်ခိုင်းရတော့မှာပဲ"

လင်းရုဖေးမှာ အော်ရယ်လိုက်မိလေ၏။ သူ့ရင်ထဲတွင် တွေးလိုက်သည်က : ပထမနည်းလမ်းအတိုင်းသာဆို သူတို့ဘယ်လိုလုပ်ချက်ချင်းပြန်လာလို့ရမည်နည်း။

ဟယ့်ကျိထျန်းမှာ လင်းရုဖေးအား စကားအနည်းငယ်ခန့် အကြံပေးလိုက်ကာ အများစုက သူသည် ဤသေးသေးလေးနှင့်ပတ်သတ်ပြီး ဂရုတစိုက်နေသင့်ကြောင်းပင်။ တစ်ယောက်ယောက်က ၎င်အား ထိခိုက်အောင်မလုပ်ရန်နှင့် အခြားသူက အထိခိုက်မခံရစေရန်ဖြစ်သည်။

လင်းရုဖေးက ဟယ့်ကျိထျန်း၏စကားလုံးများအား ဂရုတစိုက်နားထောင်နေသော်လည်း သူ့လက်ထဲရှိသေးသေးလေးကမူ စိတ်မရှည်ဖြစ်လာသည်။ထိုဟာလေးက အကြိမ်အနည်းငယ်ခန့် တကျီကျီမြည်နေပြီး ဆူဆူညံညံကြောင့် စိတ်ရှုပ်နေသည့်ဟန် သူ့အောက်ပိုင်းအား ဟယ့်ကျိထျန်းထံပြလိုက်၏။ ဟယ့်ကျိထျန်းက ဤမြင်ကွင်းအား သတိထားမိသွားသော် သူသည်လည်း တစ်ခုခုထပ်မပြောရဲတော့ချေ။သူက မျက်မှောင်ကြုတ်လိုက်ပြီး လင်းရုဖေးအား ပြန်ပို့ပေးရန် တစ်ယောက်ယောက်အား ခေါ်လိုက်ကာ သူနှင့်ဟယ့်ရှဲ့ယိက မနက်ဖြန်ကိစ္စနှင့်ပတ်သတ်ပြီး ဆွေးနွေးသင့်ကြောင်း ပြောလိုက်သည်။

လင်းရုဖေးမှာ မိစ္ဆာပေါက်လေးအား သူ့အခန်းသို့ ပြန်သယ်လာရန်သာ တတ်နိုင်သည်။

သူက အခန်းထဲသို့ဝင်လိုက်ပြီး ထိုင်လျင်ထိုင်ချင်း မိစ္ဆာပေါက်လေးက တစွပ်စွပ်ငိုပြန်သည်။လင်းရုဖေးက အတော်လေးပင် ဘာလုပ်ရမှန်းမသိ ဖြစ်နေလင့်ကစား သူ့ဘေးရှိ ကုရွှမ်းတုက စိတ်ဝင်တစား ပြောလာသည်။

"သူ ဆာနေတာ.."

လင်းရုဖေးက မေးမိသည်။

"အကြီးအကဲက မိစ္ဆာတွေအကြောင်း သိတယ်လား"

“ကိုယ် အရင်က ပုအယ်ကိုရောက်ဖူးတယ်"

ကုရွှမ်းတုက အပြုံးလေးဖြင့်ပြန်ဖြေသည်။ "ဒါကြောင့် သူတို့နဲ့ပတ်သတ်ပြီး နဲနဲပါးပါးသိတယ်"

လင်းရုဖေးက ဆက်၍စပ်စုတော့သည်။

"ဒါဆို အဲ့တာလေးက သေးလွန်းတယ်လေ ..သူဘာတွေများ စားနိုင်မလဲ...ကျွန်တော် ဖူဟွားကို ဆိတ်နို့ရှာဖို့ မေးလိုက်ရမလား"

ကုရွှမ်းတုက ပြန်ဖြေ၏။

"မလိုဘူး...မိစ္ဆာတွေက အဲ့လောက် မပျော့ညံ့ဘူး...မင်းရဲ့အစေခံကို အမဲသားတစ်ခြမ်းလောက်[2]သာယူလာခိုင်းလိုက်"

လင်းရုဖေးမှာ အံ့သြသွားရသည်။

"တစ်ခြမ်းစာ...များလွန်းတယ်လေ...သူ စားလို့ကုန်ပါ့မလား"

ကုရွှမ်းတုက ရယ်မောနေရင်းမှ ဆိုလာသည်။

"စားလို့တောင်မလောက်ဘူး..အဲ့တာလေးလောက်က နံရိုးတောင်ကပ်မှာမဟုတ်ဘူး"

ကုရွှမ်းတုမှာ အရမ်းသေချာနေ၍ လင်းရုဖေးမှာ ဖူဟွားအားခေါ်လိုက်ကာ အမဲသားခြမ်းတစ်ဝက်စာလတ်လတ်ဆတ်ဆတ်အားယူလာရန် အထူးညွှန်ကြားချက်ပေးလိုက်သည်။ဖူဟွားမှာ လင်းရုဖေးမည်သည်အတွက် အမဲသားလိုချင်သည်အား မသိသော်ငြား သူမက နာနာခံခံပင် ထွက်သွားကာ အချိန်တိုအတွင်းမှာပင် အမဲနံရိုးတစ်ခြမ်းနှင့် ပြန်လာလေ၏။

သူက ဤသည်မှာ နံရိုးမှရသည့်သွေးအနံ့ကြောင့်ဖြစ်သည်လားမသိသော်ငြား ကြောင်ပေါက်လေးက ပို၍ပင် တကျီကျီဖြစ်လာသည်။လင်းရုဖေးမှာ အစက အသားအားလှီးကာ ကြောင်ပေါက်လေးအား ကျွေးချင်ပါသော်လည်း ကုရွှမ်းတုမှာ သူ့အား ကြောင်ပေါက်လေးကို အမဲသားထိပ်ပေါ်သို့သာ တင်ထားပေးလိုက်ရန် ဆိုလာ၏။လင်းရုဖေးက ခေတ္တမျှတုံ့ဆိုင်းသွားသော်ငြား ကုရွှမ်းတုပြောသည့်အတိုင်း လုပ်လိုက်သည်။သို့စေကာမူ သေးသေးလေး၏သွားများအားကြည့်ရင်း ထိုဟာလေး မည်သို့စားသောက်မည်အား သူမသိပေ။


လင်းရုဖေးမှာ ထိုသို့တွေးနေစဥ် အသေးလေးမှာ အားရစွာပင် ပါးစပ်အားဖွင့်ကာ အမဲသားမာမာအား စတင်လျက်လာသည်အား တွေ့လိုက်ရသည်။သူ၏ပန်းရောင်လျှာလေးက ဆူးချွန်သေးသေးလေးများဖုံးနေပြီး ဤဆူးချွန်အလွှာလေးက အမဲသားအား အရိုးမှ တိုက်ရိုက်ကော်လိုက်ကာ သူ့ပါးစပ်ထဲသို့ ရှောခနဲဝင်သွားစေ၏။

လင်းရုဖေးမှာစိုက်ကြည့်နေရင်းမှ ဆိုလိုက်မိသည်။

"အဲ့ဒါလေးကသာ တစ်ယောက်ယောက်ကို လျက်ဖို့ ဆုံးဖြတ်ထားရင်....."

ကုရွှမ်းတုမှာ ရယ်မောလိုက်ရင်း"သန်မာတာက အမြဲတမ်း ပုအယ်တိုက်ကြီးကို ကိုယ်စားပြုတယ်လေ...သူ့မှာသာ ပြင်းပြတဲ့အသက်ရှင်နိုင်စွမ်းမရှိရင် ဒီလို ကလေးပေါက်စလေးဆိုရင်တောင်မှ မြန်မြန်သေသွားလိမ့်မယ်"

သို့ရာတွင်မူ မျက်တောင်တစ်ခါခတ်လိုက်သည်နှင့် ကြောင်ပေါက်လေးက အမဲသားတစ်ခြမ်းအား အပြီးသွတ်လိုက်ပြီးချေပြီ။မတင်းတိမ်နိုင်သေးသည့်အကြည့်အား မျက်နှာထက်တွင် ပြထားကာ လင်းရုဖေးဘေးသို့ လာချင်ဟန်ဖြင့် လင်းရုဖေးအား ထပ်၍အသံပေးလာသည်။

လင်းရုဖေးမှာ ထိုဟာလေး၏ကိုယ်ရှိသွေးကွက်များအား ပြောင်သွားစေရန် ရေနှင့်သုတ်လိုက်၏။သူက ဤကြောင်ပေါက်လေး၏အမွေးမှာ သာမန်တိရစ္ဆာန်များနှင့် မတူကြောင်း ခံစားလိုက်ရသည်။ယင်းက နူးညံ့ပုံပေါ်သော်လည်း တကယ်တမ်းတွင်ဖြင့် ခိုင်ခံ့လေသည်။ယင်းက အလွန်ချောမွေ့ကာ နူးညံ့ပြီး သွေးများက အပေါ်လွှာအားစွန်းထင်းသွားသည်တွင် ရိုးရိုးလေးသုတ်လိုက်သည်နှင့် ပြောင်သွားချေသည်။လင်းရုဖေးက သူစိတ်အထင်ပဲလားမသိ ဤကြောင်ပေါက်လေးက စားပြီးသည်နှင့်ပြည့်ဖောင်းကာ နည်းနည်းပိုကြီးလာပြီး သူ့သွင်ပြင်က ပိုမိုပြတ်သားလာသည်ဟု ခံစားမိနေ၏။

လင်းရုဖေးက သူအသံပေးလာသည်အား နားထောင်ကာ သူ့လက်မောင်းထဲသို့ ချီယူလိုက်သည်။ထို့အပြင် သူက ကုရွှမ်းတုအား ဤသည်က မည်သည့်မိစ္ဆာပေါက်စမျိုးလဲဟူ၍ မေးလိုက်သည်။

ကုရွှမ်းတုမှာ မေးထောက်ကာ ကြောင်ပေါက်လေး၏ခေါင်းပေါ်သို့ လက်ချောင်းလေးဖြင့်ပွတ်လိုက်ရင်း :"သူ့သွင်ပြင်ကို ကြည့်ရသလောက် ဒါလေးက ယဲ့မော့ပေါက်စလေး ဖြစ်ရမယ်"

ကုရွှမ်းတုမှ ခေါင်းအကိုင်ခံနေရသည့် ကြောင်ပေါက်လေးက အလွန်မပျော်မရွှင်ဖြစ်နေကာ အော်သံနှစ်ချက်ထွက်လာ၏။သူက ရုတ်တရက်ပင် ခေါင်းမော့ကာ ကုစွှမ်းတုလက်အား ကိုက်လိုက်သည်။လင်းရုဖေးမှာ ဤသည်အား တုန်လှုပ်သွားသော်ငြား သူက ကုရွှမ်းတုမှာ သူ့လက်အားဂရုမထားဘဲဆွဲထုတ်လိုက်ကာ နစ်နာသွားသည့်ဟန်လေသံသေးသေးလေးတစ်ချက် ညည်းထုတ်လိုက်ပြီး ကြောင်ပေါက်လေး၏ခေါင်းပေါ်သို့ အသာပုတ်လိုက်သည်အား မြင်လိုက်ရ၏။

"ဒါပေမယ့် ဒီလိုမိစ္ဆာအမျိုးအစားက သူ့အကောင်ပေါက်လေးတွေကို အကာကွယ်တတ်ဆုံး...ပြီးတော့ သူ့သားသာ အခြားတစ်ယောက်ယောက်ကို မိဘအဖြစ်အသိအမှတ်ပြုလိုက်တာသိသွားရင် သေချာပေါက် စိတ်မကောင်းဖြစ်သွားမှာပဲ"

လင်းရုဖေးမှာ ကိုးရိုးကားယားနိုင်စွာ ပြန်ဖြေလိုက်မိသည်။

"ကျွန်တော်သာ သိထားမယ်ဆို အပျော်အနေနဲ့ ပူးပေါင်းမိမှာ မဟုတ်ဘူး"

ကုရွှမ်းတုမှာ ရယ်မောလိုက်ရင်း:"မင်းဒီနေရာမှာ မရှိလည်း တခြားတစ်ယောက်ယောက်ရှိနေဦးမှာလေ..ဒီသေးသေးလေးသာ ဟယ့်ကျိထျန်းကို သူ့အဖေလို့သာ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ရင်...."

လင်းရုဖေးမှာ ဟယ့်ကျိထျန်း၏ကြမ်းတမ်းသည့် သွင်ပြင်အား သတိရသွားကာ ဇီးသီးအရွယ်ထက်ပင် သေးငယ်သည့် သေးသေးလေးအား ကြည့်လိုက်ရင်း သက်ပြင်းချလိုက်ကာ:"ဒါပေမယ့် ဒါကတိုက်ဆိုင်မှုအများကြီးရှိတယ်"

ကုရွှမ်းတုက ချင့်ချိန်စဥ်းစားနေရင်းမှ အပြုံးမမည်သောအပြုံးလေးဖြင့် :"ဒါက အရမ်းတိုက်ဆိုင်လွန်းနေတယ်"

စားသောက်လို့၀သွားပြီးနောက် ကြောင်ပေါက်လေးက ပါးစပ်ဖွင့်လာပြီး သမ်းဝေလိုက်သည်။မကြာမီပင် ထိုအကောင်လေးက အိပ်ပျော်သွားတော့သည်။လင်းရုဖေးမှာ ထိုဟာလေးအား အိပ်ရာပေါ်သို့ထားချင်သော်ငြား ထိုဟာလေးက သူ့နှင့်ဝေးသွားသည်နှင့် ထငိုလာလိမ့်မည်ဟု မည်သူကထင်မည်နည်း။ဟယ့်ကျိထျန်းမှ လင်းရုဖေးဆီညွှန်ကြားချက်ကြောင့် သူက အိပ်ရာဘေးတွင်ထိုင်လိုက်ရကာ ကြောင်ပေါက်လေးနှင့် ပူးပေါင်းပေးလိုက်ရသည်။

ကုရွှမ်းတုမှာ ကြောင်ပေါက်လေးအား အလွန် မနစ်မြို့နေဟန်။လင်းရုဖေး၏ဟန့်တားခြင်းအားလျစ်လျူရှုကာ သူက လက်ဆန့်ပြီး ကြောင်ပေါက်လေး၏ဇက်ပိုးမှပင့်ကိုင်လိုက်ကာ အိပ်ရာထောင့်သို့ ပစ်တင်လိုက်တော့သည်။

လင်းရုဖေးက သူလုပ်ရပ်အားတွေ့သော် အမြန်ပင် ကုရွှမ်းတုအား ကလေးကိုအနိုင်မကျင့်ရန်ဆိုလိုက်၏။

ကုရွှမ်းတုက ကျွတ်သတ်လိုက်ရင်း ဆိုလာသည်။

"ကလေးလား...ဒီမိစ္ဆာဥက မင်းထက်တောင်အသက်ကြီးနိုင်သေးတယ်"

သူက ယဲ့မော့ကဲ့သို့မိစ္ဆာများမှာ အလွန်အချိိိန်ကုန်လှပြီး ကလေးတစ်ယောက်သန္ဓေတည်ရန် နှစ်ပေါင်းရာကျော်ကြာလိမ့်မည်ပင်။ယင်းက မွေးဖွားလာသော် ဥတစ်လုံးပင်ဖြစ်နေစေကာမူ သားပေါက်ရန် အနည်းဆုံး နှစ်နှစ်ဆယ်ခန့်ကြာလိမ့်မည်ဖြစ်သည်။

လင်းရုဖေးက အသံတိုးတိုးဖြင့်:"မိစ္ဆာအရေအတွက်နည်းပါးနေတာ အံ့သြစရာမရှိပါဘူး"

“ကောင်းကင်ဘုံမှာ သူ့ကိုယ်ပိုင်စည်းမျဥ်းတွေရှိတယ်..မိစ္ဆာမျိုးနွယ်က ခွန်အားအရာမှာ သာလွန်ပေမယ့် တကယ်တမ်းကျ မျိုးပွားဖို့ခက်ခဲလွန်းတယ်...ယဲ့မော့က သေချာပေါက် ပုအယ်ရဲ့ ခုနစ်ယောက်မြောက်ဘုရင်ဖြစ်လာနိုင်တာက သူ့မှာပြိုင်ဘက်ကင်း အင်္ဂါရပ်တွေရှိလို့ပဲ"