အပိုင်း ၁၃၁
Viewers 37k

Chapter 131
ယဲ့မော့




တောက်ဓမ္မကိုယ်တော်က အချိန်အတော်ကြာရပ်နေသည်ကိုကြည်ခြင်းအားဖြင့် သူ အမှန်တကယ်စိုးရိမ်တကြီးဖြစ်နေသည့်ပုံပင်။နေ့ခင်းနာရီတို့ ကုန်လွန်လာသလို နေ့လည်စာစားချိန်သို့ရောက်လာပြန်ချေပြီ။ ဤဟယ့်ကျိထျန်းက မကောင်းဆိုးဝါး အပြုအမူတစ်ခု လုပ်လိုက်ချေ၏။ ယင်းမှာ သူက ထိုသူအား စားသောက်ရန်မဖိတ်ခေါ်ဘဲ စားပြီးသွားသည်အထိ ဘေးမှရပ်စောင့်ကြည့်စေသည်။ ပြီးမှသာ သူက ထိုသူအားအထဲဝင်ရန်ခေါ်လေသည်။တောက်ဓမ္မကိုယ်တော်ချန်က ဒေါသထွက်နေသော်ငြား ဟယ့်ကျိထျန်းအား အပြစ်မပြုရဲချေ။

သူက အံကြိတ်၍သာ ပြောလာပေ၏။

"ဟယ့်မိသားစုခေါင်းဆောင်က လုံလုံလောက်လောက်မစားရသေးဘူးလား...ထပ်ပြီးနှစ်ကိုက်လောက် စားချင်သေးတာများပါလား"

ဟယ့်ကျိထျန်း : "မင်းမှန်တယ်...ငါတကယ်ကို လုံလုံလောက်လောက်မစားခဲ့ရဘူး...ငါအခုချက်ချင်းပဲ နှစ်ကိုက်လောက်ထပ်သွားစားလိုက်ဦးမယ်"

ထိုသို့ပြောပြီးသည်နှင့် သူကလှည့်ကာထွက်သွားတော့၏။ဤသည်က တောက်ဓမ္မကိုယ်တော်ချန်အား မျက်လုံးများပြူးသွားသည်ထိ အလွန်စိတ်ဆိုးသွားစေသည်။

လင်းရုဖေးက ဘေးမှ ပြဇာတ်အားကြည့်နေရင်း အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ဟယ့်ကျိထျန်း၏ အနိုင်ကျင့်နေသည့် ပုံစံမှာ အလွန်ရယ်စရာကောင်းနေသည်။သို့သော်လည်း သူက တောက်ဓမ္မကိုယ်တော်ချန်အား မျက်နှာကောင်းမရစေချင်သည်က သိပ်တော့ အံသြစရာမရှိချေ...ထိုပြင်းပြင်းထန်ထန်ထိခိုက်သွားသည့် ဟယ့်မိသားစုတပည့်များမှာ အိပ်ရာထဲတွင်လှဲနေဆဲဖြစ်ကာ ထပင်ထမနိုင်သေး၍ပင်။

တောက်ဓမ္မကိုယ်တော်ချန်က ဒေါသထွက်ကာ သွေးအန်လုနီးနီးဖြစ်နေသော်ငြား သူက မည်သို့ပင်ဖြစ်စေ အကူအညီတောင်းခံရမည့်သူသာဖြစ်နေသည်။ထို့ကြောင့် တစ်ခါထပ်၍ သူက နေပြင်းပြင်းအောက်တွင် တစ်ခဏမျှရပ်နေရပြန်၏။လင်းရုဖေးက ထိုသူမေ့လဲကျသွားတော့မည်လားဟု တွေးမိသည့်အချိန်မှသာ ဟယ့်ကျိထျန်းက ထိုသူ့အား အထဲသို့ခေါ်လိုက်သည်။သူက ကြင်နာသည့်ပုံဖြင့် အစေခံအား မတ်ပဲစေ့စွပ်ပြုတ်အေးတစ်ပန်းကန်ယူလာခိုင်းပြီး ဒါက ငါတို့တောက်ဓမ္မကိုယ်တော်ရဲ့ အပူတွေဖယ်ထုတ်ဖို့ စေတနာပါ အားနာစရာမလိုဘူးဟု ပြောလေသည်။

တောက်ဓမ္မကိုယ်တော်က မည်သို့များ သောက်ဝံ့လိမ့်မည်နည်း။သူက အသက်ပြင်းပြင်းရှူထုတ်ကာ ဟယ့်ကျိထျန်းတောင်းထားသည့် အရာအား စားပွဲပေါ်သို့ ချပေးလိုက်သည်။

"ယူလိုက်ပါ...ကျွန်တော် ခင်ဗျား လုပ်ပေးမယ်လို့ပြောထားတာကို လုပ်မယ်လို့မျှော်လင့်တယ်...ပြီးတော့ ဒီအရာတွေကို တတ်နိုင်သလောက် ဖျောက်ပစ်လိုက်ပါ"

ဟယ့်ကျိထျန်းက တောက်ဓမ္မကိုယ်တော်ချန်ပေးလာသည့် အရာအား လှမ်းယူလိုက်သည်။သုက အဝတ်အိတ်အား ဖွင့်ကြည့်လိုက်သည့်အခါ သူ့မျက်နှာအမူအရာက ချက်ချင်းပင် ကြီးကြီးမားမားပြောင်းလဲသွား၏။

"မင်း ဒီပစ္စည်းကို ဘယ်လိုရခဲ့တာလဲ"

“ကျွန်တော်ဒါကို ဝယ်ခဲ့တာ"

တောက်ဓမ္မကိုယ်တော်ချန်က ဖြေသည်။

"တစ်ယောက်ယောက်က ဒါကိုရောင်းနေတာတွေ့လို့ ကျွန်တော်တို့က ဝယ်ခဲ့ကြတာ"

“တစ်ယောက်ယောက်က ဒါကို ဘယ်လိုလုပ်ပြီး ရောင်းပေးနိုင်တာပါလိမ့်"

ဟယ့်ကျိထျန်း၏မျက်နှာမှာ အရုပ်ဆိုးသွားပြီး:"မင်း ဒါဘာလဲဆိုတာ သိလား"

တောက်ဓမ္မကိုယ်တော်ချန်က ဆိုသည်။

"ဒါက မိစ္ဆာတစ်ချို့တလေရဲ့ ဥလေးပဲမဟုတ်ဘူးလား...ဟယ့်မိသားစုခေါင်းဆောင်က ဒါကိုအရင်က မမြင်ဖူးဘူးလား"

“ဟုတ်တယ်...ဒါတွေက တကယ်ကို မိစ္ဆာတွေရဲ့ဥတွေပဲ..."

ဟယ့်ကျိထျန်းက အံတင်းတင်းကြိတ်လိုက်ပြီး:"ဒါပေမယ့် မင်း...ဒါက ဘုရင်အဆင့်ဥဆိုတာကို သိရဲ့လား"

တောက်ဓမ္မကိုယ်တော်ချန်က နေရာမှာတင် အေးခဲသွားကာ တခဏမျှပြန်မတုံ့ပြန်မနိုင်ဖြစ်သွား၏။

"ဘုရင်အဆင့်ဥလား...ဘာကိုပြောချင်တာလဲ"

ဟယ့်ကျိထျန်းက ဒေါသတကြီးရယ်မောလိုက်ရင်း:"မင်း ပုအယ်ရဲ့ခုနစ်ယောက်မြောက်ဘုရင်အကြောင်း သိလား"

တောက်ဓမ္မကိုယ်တော်ချန်က ခေါင်းညိမ့်ပြလိုက်ပြီး:"အင်း ..ကျွန်တော်သိတယ်"

နောက်ကြောင်းပြန်ရသော် မိစ္ဆာအားလုံး၏ဘုရင် အသတ်ခံရပြီးနောက် ပုအယ်တိုက်ကြီး၏အားအင်များ ပြိုကွဲပြီးကာမှ ခုနစ်ယောက်မြောက်ဘုရင်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဟယ့်ကျိထျန်းက ဆိုလိုက်သည်။

"ဟမ့်...ခုနစ်ယောက်မြောက်ဘုရင်ရဲ့သားက အခု မင်းလက်ထဲကဟာပဲ"

တောက်ဓမ္မကိုယ်တော်ချန်၏လက်များမှာ တုန်ယင်သွားပြီး သူ့မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားလျက်ဖြင့်:"ဟယ့်...ဟယ့်မိသားစုခေါင်းဆောင်...အဲ့လို ပစ္စည်းနဲ့ ကျွန်တော့်ကိုပြက်လုံးမလုပ်ပါနဲ့"

“ပြက်လုံးလား"

ဟယ့်ကျိထျန်းက လှောင်ရယ်လိုက်ပြီး"မင်း အဲ့ဒီပြက်လုံးက ရယ်ရတယ်လို့ ထင်သလား"

တောက်ဓမ္မကိုယ်တော်ချန်က ကြောက်လန့်တကြားအော်လိုက်ကာ:"ကျွန်တော်..ကျွန်တော်လည်းမသိဘူး..အာ...တစ်ယောက်ယောက်က တကယ်ကြီး...ကျွန်တော်ကို အဲ့ဒါရောင်းပေးခဲ့တာ...."

......


ဤကမ္ဘာပေါ်တွင် ပုအယ်၏ခုနစ်ယောက်မြောက်ဘုရင်ရဲ့ဥအား ရောင်းရဲသည့်သူမှာ အမှန်ပင်ရှိနေပါသလား။ ဤသည်က ကြားရသည်မှာ အမှန်ပင် ထူးဆန်းလှပေ၏။

သို့သော်ငြား လင်းရုဖေး၏မျက်နှာထက် သိချင်စိတ်အပြည့်နှင့်ပုံဖြင့်ယှဥ်သော် ဤတောက်ဓမ္မကိုယ်တော်ချန်မှာ ဟယ့်ကျိထျန်း၏စကားများကြားပြီးနောက် အမှန်ပင် ဖြူဖတ်ဖြူရော်ဖြစ်သွားတော့သည်။ အတွေးတွေဂယောင်ချောက်ခြားဖြစ်နေရသည့် အမှတ်အသားများအနေဖြင့် ဟယ့်ကျိထျန်း၏ရက်စက်သည့်အကြည့်အောက်တွင် မျက်နှာပေါ်သို့ ချွေးဒီးဒီးကျလာပြီး ဖြစ်ရပ်တစ်ခုလုံးအား ထစ်ထစ်ငေါ့ငေါ့ပြောပြလာသည်။

လွန်ခဲ့သော ရက်ပေါင်းတစ်ဆယ့်နှစ်ရက် အချိန်သို့ပြန်ပြောင်းပြောရသော် လူငယ်လေးတစ်ယောက်က သူတို့တောက်ဓမ္မဘုရားကျောင်းသို့ ရုတ်တရက်ရောက်ချလာပြီး သူက တစ်ခုခုရောင်းချချင်ကြောင်း ပြောလာ၏။တောက်ဓမ္မကိုယ်တော်ချန်မှာ ထိုလူက သူရောင်းချချင်သည့်အရာအား သူတို့ရှေ့သို့ထုတ်ပြမလာမီအထိ မည်သို့သော်အတွေးမျှမရှိချေ။

"ဟယ့်မိသားစုခေါင်းဆောင်...ခင်ဗျားလည်းသိတဲ့အတိုင်း မိစ္ဆာဥတွေက ကျင့်ကြံခြင်းအတွက် အရမ်းကောင်းတဲ့အရင်းအမြစ်ပဲလေ...အမြဲတမ်းလည်းမရနိုင်ဘူး..."

တောက်ဓမ္မကိုယ်တော်ချန်က လက်များပွတ်သပ်နေမိပြီး သူ၏အသံအနေအထားမှာ အတော်ရှက်ရွံ့နေကာ တိုးတိုးလေးပြောလာ၏။

"တချက်လေးကြည့်လိုက်တာနဲ့ ဒီမိစ္ဆာဥက ကောင်းတဲ့ပစ္စည်းတစ်ခုနဲ့တူနေတယ်လေ...ကျွန်တော်...ဒါကြောင့် ကျွန်တော် ဒါကိုဝယ်လိုက်တာ..."

“မင်းဘယ်လောက်လောက် သုံးလိုက်တာလဲ"

ဟဲကျင့်ထျန်းက မေးလိုက်မိ။

တောက်ဓမ္မကိုယ်တော်ချန်က ရှက်ကိုးရှက်ကန်းပြုံးကာ လက်သုံးချောင်းထောင်ပြလာသည်။

ဟဲကျင့်ထျန်းက မေးသည်။ "ရွှေတုံး သုံးရာလား"

“မဟုတ်...မဟုတ်ပါဘူး...."

တောက်ဓမ္မကိုယ်တော်ချန်က တိုးတိုးဆိုလာ၏။

"ကြေးပြား သုံးပြားပါ"

ဟယ့်ကျိထျန်းက ရုတ်တရက်ပင် မျက်လုံးလိမ့်လိုက်မိပြီး : "မင်း တကယ်ကြီး ဒါကိုဝယ်ရဲတယ်ပေါ့လေ..."

တောက်ဓမ္မကိုယ်တော်ချန်ပြောသကဲ့သို့ပင် ယနေ့ခေတ်တွင် မိစ္ဆာဥများမှာ ရှားပါးပစ္စည်းများ ဖြစ်လေသည်။ဤသို့အရည်အသွေးမျိုးရှိသည့် မိစ္ဆာဥများမှာ ပြောစရာမလိုအောင်ပင် ရွှေတုံးသုံးရာရှိကာ စျေးနှုန်းအားနှစ်ဆတင်လိုက်ရင်သော်မျှ ယင်းအားဝယ်နိုင်လိမ့်မည်မဟုတ်ချေ။ စျေးနှုန်းက ကြေးပြားသုံးပြားနှင့်ဆိုပါက ယင်း တောက်ဓမ္မကိုယ်တော်ချန်အား ဤမိစ္ဆာဥမှာ ပြဿနာဖြစ်စေမည့်အရာဖြစ်နေမှန်း ပြောနေမည်ပင်။တောက်ဓမ္မကိုယ်တော်ချန်မှာ လက်ခံရန်ရုတ်ချည်းသတ္တိရှိလာပြီး မြွေတစ်ကောင်က ဆင်အားမြိုရန်ကြိုးစားနေသည့် မည်သို့မျှရောင့်ရဲမနိုင်သည့် လူတစ်ယောက်နှယ်။

တောက်ဓမ္မကိုယ်တော်ချန်သည်လည်း သူမှားသွားမှန်းသိသွား၍ အချည်းအနှီးဖြစ်စွာရယ်လိုက်မိ၏။သူတွေးခဲ့သည်က ထိုလူမှာ စျေးကွက်စျေးနှုန်းအား မသိ၍ ထပ်ပြောရသော် တစ်ခုခုဒုက္ခဖြစ်စေသည့်အရာဖြစ်ရင်သော်မှ အချိန်ရောက်လာပါက သူက ပြန်ပေးလိုက်ရုံလေးဟူ၍သာ။သူက ဤသည်မှာအတော်ကောင်းမွန်သည့်အကြံဖြစ်သည်ဟု တွေးထားသော်လည်း ထိုအရာများက သူ့အပေါ် ဆိုက်ကပ်လာသည့်အခါ သူတာဝန်မယူနိုင်တော့ချေ။

ဟယ့်ကျိထျန်းက လှောင်ရယ်လိုက်ပြီး:"အဲ့လိုသာဆို...မင်းငါ့ကို အဲ့ဒီအကြောင်း ဘာလို့ အစောထဲက မပြောပြခဲ့တာလဲ"

တောက်ဓမ္မကိုယ်တော်ချန်က တိတ်ဆိတ်နေကာ အချိန်အတော်ကြာ စကားမ​ဆိုနိုင်တော့ချေ။

ဤမြင်ကွင်းအား မြင်ပြီးနောက် ဟယ့်ကျိထျန်းက တောက်ဓမ္မကိုယ်တော်ချန်ဆီ ပျင်းပျင်းရိရိလက်ယမ်းပြကာ :"ပစ္စည်းတွေထားခဲ့...မင်းအရင်သွားလို့ရပြီ"

တောက်ဓမ္မကိုယ်တော်ချန်မှာ တစ်ခုခုပြောချင်သော်ငြား သူ့ကိုယ်သူ ဟန့်တားလိုက်ရသည်။

“တခြား ဘာတွေထပ်ပြောစရာရှိသေးလို့လဲ"

ဟယ့်ကျိထျန်းက သူ့အားစောင်းကြည့်လိုက်ပြီး အတော်လေး စိတ်မရှည်နေပုံပင်။

“ဒါဆို......"

တောက်ဓမ္မကိုယ်တော်ချန်က ဆက်၍ဆိုသည်။

"ဟယ့်မိသားစု...ဒါက မိစ္ဆာဘုရင်ရဲ့ဥသာဆို ဒါကိုဒီအတိုင်းလေးပြန်ပေးလိုက်ရင် ဘာမှတော့မဖြစ်လောက်ဘူး...မလား"

ဟယ့်ကျိထျန်းက မေးသည်။

"မင်းဘာပြောချင်နေတာလဲ"

“အဲ့ဒီမိစ္ဆာဥတွေက ကောင်းတဲ့အရာမဟုတ်ဘူး..."

တောက်ဓမ္မကိုယ်တော်ချန်က လက်ယမ်းပြကာ တည်တည်တံ့တံ့ပုံဖြင့်:"ကျွန်တော်တို့သာ သူ့ဥကိုပြန်ပေးလိုက်ရင် မိစ္ဆာတွေကို သန်မာလာစေမှာမဟုတ်ဘူးလား"

ဟယ့်ကျိထျန်းက ပြုံးလိုက်ပြီး:"တောက်ဓမ္မကိုယ်တော်ချန်ပြောတဲ့ဟာက မဆီလျော်တာတော့မဟုတ်ပါဘူး"

တောက်ဓမ္မကိုယ်တော်ချန်မှာ ပျော်ပျော်ရွှင်ရွှင်ဖြစ်သွားချင်းချင်းမှာပင် သူက ဟယ့်ကျိထျန်းထပ်ပြောလိုက်သည်အား ကြားလိုက်ရသည်။

"ဒါဖြင့် ငါက တောက်ဓမ္မကိုယ်တော်ချန်ကို ကောင်းကင်ဘုံအတွက် မှန်မှန်ကန်ကန်လုပ်ပေးဖို့ ဒီအခွင့်အရေးပေးလိုက်ရင်ရော...ဘယ်လိုလဲ"

တောက်ဓမ္မကိုယ်တော်ချန်မှာ အလိုလိုပါးစပ်ပိတ်မိသွားကာ သူ့တွင်လုပ်စရာတစ်ခုခုရှိသေး၍ ဟယ့်မိသားစုခေါင်းဆောင်ဤကိစ္စအား အလေးစိုက်နေချိန်တွင် ဒုက္ခပေးမိမည်စိုး၍ သူပြန်တော့မည်ဖြစ်ကြောင်းဆိုလာသည်။ထိုသို့ပြောလိုက်ပြီးသည်နှင့် သူကဟယ့်ကျိထျန်းမှာသူ့အားဖမ်းကာ တာဝန်ယူခိုင်းမည်စိုး၍ သုတ်သုတ်ပင်ထွက်သွားတော့၏။

ဟယ့်ကျိထျန်းမှာ သူ့အား တံခါးနားမှထွက်သွားပြီးသည်အထိ စောင့်ကြည့်နေလေသည်။

ထို့နောက် သူက ဒေါသတကြီးဖြင့် မြေပြင်သို့တံတွေးထွေးလိုက်ပြီး ဒေသိယစကားနှင့်ကျိန်ဆဲတော့သည်။

"တောက်...ဒီခွေးသား..အောက်တန်းစား.[1]..."

ဆဲဆိုပြီးနောက် သူက လင်းရုဖေးထိုနေရာတွင်ရှိနေသေးသည်အား အမှတ်ရသွားကာ အပြုံးလေးနှင့်ဆိုလာသည်။

"ငါ့ရဲ့ထိခိုက်သွားတဲ့လင်းကုန်းဇီလေး...ငါက ကြမ်းတမ်းပြီးတော့ ညစ်ညစ်ပတ်ပတ်လေးတွေပြောရတာနည်းနည်းပါးပါး ကြိုက်ရုံပါ..."

လင်းရုဖေးမှာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိပြီး:"အောက်တန်းစား...ဆိုတာက ဘာကိုပြောတာလဲ"

ဟယ့်ကျိထျန်းက လင်းရုဖေးထိုသို့ပြောလာမည်ဟုမထင်ထားမိသဖြင့် တောင့်ခဲသွားရသည်။

သူက နောက်ဆုံး ပြန်မဖြေမီ တစ်ခဏမျှတုံ့သွားကာ :"ဒါက...တစ်ယောက်ယောက်ကို ချိုးချိုးနှိမ်နှိမ်ပြောတာပါ"

ရိုးရိုးသားသားပြောရပါက လူအများအား နှစ်ပေါင်းများစွာ ဆဲဆိုလာသည့်သူအဖို့ ယင်းအဆဲစကားလုံး၏အဓိပ္ပာယ်အား မည်သူကဂရုစိုက်ခဲ့မည်နည်း။

လင်းရုဖေးမှာ အတွေးနစ်သွားမိ၏။လင်းရုဖေးဘေးတွင်ရှိနေခဲ့သည့် ကုရွှမ်းတုက သူ့မိသားစု၀င်လေးရှောင်ကျို့၏အမူအရာအား မြင်သော် သူအမှန်ပင် လက်ဆန့်ကာ လင်းရုဖေးရဲ့နားများအား ပိတ်ထားပေးချင်လှသည်။သူက ဤစကားလုံးများကြောင့် သူ့မိသားစု၏ကုန်းဇီလေးနားအတွက် အညစ်အထေးဖြစ်မသွားစေချင်ပေ။

“ဒါဆို ဟယ့်မိသားစုခေါင်းဆောင်က ဘာလုပ်ဖို့ရည်ရွယ်ထားပါလဲဟင်..."

လင်းရုဖေးက ကုရွှမ်းဆုအားတစ်ဖန်လျစ်လျူရှုထားကာ ဆက်မေးလိုက်သည်။

ဟယ့်မိသားစုခေါင်းဆောင်က သက်မချလိုက်ပြီးနောက် ခေါင်းအားကုတ်လိုက်ကာ:"ငါတခြား ဘာများလုပ်နိုင်မှာတဲ့လဲ...တစ်ယောက်ယောက်ရဲ့ဥတွေကိုခိုးထားပြီး သူတို့ကတွေ့သွားတယ် ..သေချာပေါက် ငါပြန်ပေးရမှာပေါ့...သူက မိစ္ဆာတစ်ကောင်ဖြစ်နေရင်လည်း ငါတို့သူ့ကို စိတ်မရှည်ဖြစ်တဲ့အထိ ဒီနေရာမှာရေးကြီးခွင်ကျယ်ဆက်လုပ်နေမိရင် သေမျိုးတွေပါဝင်လာတဲ့အရေအတွက်က ရေလို့မရအောင်ဖြစ်လာမှာစိုးမိတယ်...အာ..."

ဘုရင်အဆင့်မိစ္ဆာသာ လူသားပိုင်နက်၌ စိတ်လွတ်ကိုယ်လွတ်သတ်ဖြတ်နေပါက သေဆုံးသူနှင့်ထိခိုက်သူအရေအတွက်မှာ သောင်းချီဖြစ်လာမည့်အပြင် ဤကိစ္စတွင် သူတို့သည်လည်း မတရားခံရသူများသာဖြစ်နေဆဲပင်။မိစ္ဆာမှာစိတ်မလွတ်သွားဘဲ တောက်ဓမ္မကိုယ်တော်ဘုရားကျောင်းအသွားအပြန်လမ်းကိုသာ ပိတ်ထားသောကြောင့် ရှောင်စရာနေရာရနေဆဲဖြစ်၏။

လင်းရုဖေးမှာ ဤကိစ္စများအပေါ် ချင့်ချိန်တွေးဆနေရင်း သူ့အကြည့်က မူလပုံစံအတိုင်းရှိနေသည့် မိစ္ဆာဥပေါ်သို့ ပြန်ကျသွားရသည်။ဤမိစ္ဆာဥမှာ နှင်းဖြူရောင်ရှိကာ ကြက်ဥအကြီးစားနှင့်တူက ရိုးရိုးသားသားပြောရပါက ထူးထူးခြားခြားမရှိချေ။ဤသည်က လင်းရုဖေးအနေဖြင့်မိစ္ဆာဥအားမြင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်၍ သိချင်စိတ်အပြည့်ဖြစ်နေပြီး ဟယ့်ကျိထျန်းအား ထိလို့ရမလားဟု မေးလိုက်မိသည်။

“ထိကြည့်ပါ...လွတ်လွတ်လပ်လပ်ထိကြည့်လို့ရပါတယ်"

ဟယ့်ကျိထျန်းက ထူးမခြားနားစွာ လက်ယမ်းပြလိုက်ကာ :"မိစ္ဆာဥက မာတယ်..သာမန်လက်နက်နဲ့ အရေခွံကိုထိုးဖောက်လို့မရဘူး..မိစ္ဆာဥကိုသူ့အတိုင်းထားလိုက် ဒီဥက အဲ့ဒီကောင်လေးဟယ့်ရှဲ့ယိသာဆို ခွဲဖို့ဓါးနှစ်ချက်သုံးချက်လောက်သုံးလိုက်ရမှာစိုးတယ်.."

လင်းရုဖေးက ဤစကားများအားကြားသော် သူ့စိတ်တည်ငြိမ်နေမှုလေးက ပြေလျော့သွားလေ၏။သူက လက်ဆန့်လိုက်ရင်း မိစ္ဆာဥအား သာသာလေးပွတ်သတ်နေမိသည်။မိစ္ဆာဥအခွံမှာ ကြည့်ရသလောက် ချောမွေ့ခြင်းမရှိကာ အတော်လေးကြမ်းတမ်းပေသည်။သေသေချာချာစစ်ဆေးပြီးနောက် အပေါ်ယံအလွှာတွင် ကြေးခွံဆူးတောင်များရှိနေသည်။ထိလိုက်သည်တွင် အပူချိန်မှာအတော်ကျနေကာ ဤသို့ပူပြင်းလှသည့်နွေရာသီနေ့ရက်တွင်ပင် အလွန်အေးမြနေ၏။

လင်းရုဖေးမှာ ဥအား စိတ်ဝင်စားမှုကြီးစွာ ထိကြည့်နေသော်ငြား သူ့၏နားမှကျွတ်ကျွတ်မြည်သံတစ်ခုအား ရုတ်တရက်ကြားလိုက်ရသည်။သူက အစက နားကြားမှားသည်ဟုသာ ထင်လိုက်သော်လည်း သူ၏လက်ချောင်းက အကွဲရာလေးအားထိလိုက်သည့်အချိန်မတိုင်မီထိ သူ၏ပြုံးနေသည့်မူလမျက်နှာမှာ ရုတ်တရက် အေးခဲသွားလေ၏။

“ဟယ့်မိသားစုခေါင်းဆောင်....."

လင်းရုဖေးမှာ အသံဖျော့ဖျော့လေးနှင့် ခေါ်လိုက်မိသည်။

ဟဲမိသားစုခေါင်းဆောင်မှာ လင်းရုဖေးနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ့ဘေးတွင် မည်သည်တို့ဖြစ်ပျက်နေမှန်းမသိချေ။သူက သူ၏ယပ်တောင်ကြီးဖြင့် တဖြတ်ဖြတ်ခတ်နေရင်း ဟယ့်ရှဲ့ယိအား မိစ္ဆာဘုရင်ထံနောက်ပိုင်း ဥအားယူသွားရန် မေးလိုက်မည်ဖြစ်ကာ ဤကိစ္စအားစောစောဖြေရှင်းမည်ဖြစ်ကြောင်း တတွတ်တွတ်ရေရွတ်နေလေ၏။

လင်းရုဖေးက သူ့အားခေါ်လာသည်အား ကြားသော် ရုတ်တရက်ပင် ခေါင်းမော့လာပြီး အပြုံးချိုချိုလေးဖြင့်မေးလေသည်။

"လင်းကုန်းဇီ...ဘာများလဲ"

လင်းရုဖေး၏လည်စိမှာ ဖြေးဖြေးချင်းလှုပ်သွားရင်း တုန်တုန်ယင်ယင်အသံဖြင့် ပြောလိုက်သည်။

"ဒီမိစ္ဆာဥက .....ဖျက်ဆီးလို့မရနိုင်ဘူး မဟုတ်လား"

ဟယ့်မိသားစုခေါင်းဆောင်မှာ စိတ်ရှုပ်ထွေးမှုအပြည့်ဖြစ်နေပြီး:"ဟုတ်တယ်လေ"

"ဒါဆို..ဒီလိုဆိုရင်...ဘာဖြစ်မှာလဲ"

လင်းရုဖေးက သူ့စကားလုံးများအား လေးလေးလံလံပြောလိုက်ပြီး ဂရုတစိုက် ဆိုလိုက်သည်။

"သူ့ဟာသူ ကွဲသွားရင်ရော...ဘာဖြစ်မှာလဲ"

သူတို့နှစ်ဦးသားမှာ မည်သည့်စကားမဆိုဘဲ တစ်ယောက်ကိုတစ်ယောက် အချိန်အတန်ကြာ စိုက်ကြည့်နေမိကြသည်။သူက အချိန်မည်မျှကုန်သွားမှန်းမသိသော်ငြား ဟယ့်မိသားစုခေါင်းဆောင်မှာ အသက်မရှိသည်အလား တိတ်ဆိတ်နေပြီးမှ တစ်ခုခုအား သိသိသာသာ နားလည်သွားရသည်။

သူ၏မျက်လုံးများမှာ တဖြေးဖြေးပြူးကျယ်လာရင်း အထိတ်တလန့်ဖြစ်သွားပုံရှိကာ:"လင်း...လင်းကုန်းဇီ.. ဒီလိုဟာသမျိုးနဲ့ မနောက်ပါနဲ့နော်"

_____

Translated By IQ-Team.