Chapter 3
သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး
သဘောကျတာခံခဲ့ရတယ်
ကံကောင်းထောက်မစွာဖြင့် အဆောက်အဦး၏ အသံလုံစနစ်မှာ
ကောင်းမွန်သောကြောင့် ဆူညံသံများကြားထဲ၌ပင်လျှင် အိမ်နီးချင်းများမှ အိမ်ခြံမြေစီမံခန့်ခွဲရေးအား
ဆက်သွယ်ဖို့ရာ အခက်အခဲမရှိခဲ့ချေ။
ရှောင်ဟေးကို စိတ်သက်သာရာရစေရန် လုပ်ပေးပြီးနောက်
ဝေ့ရှင်း ရှောင်ဟေး၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်၏။
အမွှေးပွ ကြောင်နက်လေးမှ ကြီးမားသည့် သားရဲအဖြစ်
အသွင်ပြောင်းသွားသဖြင့် သူ၏ခန္ဓာကိုယ်မှာ အလွန်ပူပြင်းနေခြင်း မရှိတော့ဘဲ အလွန် အေးစက်နေကာ
ပြင်းထန်သည့်အခြေအနေ ဖြစ်နေလေသည်။
ထိုအခြေအနေမျိုး၌ ဆေးဝါးများကို လက်လွတ်စပယ်အသုံးမပြုသင့်ပေ။
ဝေ့ရှင်းက အိမ်မွေးတိရစ္ဆာန် ဆရာဝန်၏ ဖုန်းနံပါတ်အား
မှတ်ထားပါသော်ငြား ယခုအခြေအနေအား သူ့ကို ပုံဖော်ပြောပြလိုက်ပါက သူတို့မှာ သူ၏စိတ်ကျန်းမာရေးအား
မေးခွန်းထုတ်လာကြမည်ကို သူသိလေသည်။
ရှောင်ဟေးမှ တုန်ယင်နေသည်ကို ခံစားမိသဖြင့် ဗီရိုထဲရှိ
အပူပေးစက်တစ်လုံးကို ထုတ်လိုက်၏။
နွေးထွေးသည့် အလင်းရောင်မှာ သူတို့နှစ်ဦးအပေါ်သို့
ဖြန့်ကျလာပြီး မိုးရွာနေသောည၏ အေးစက်မှုအား ချက်ချင်းပင် ပျောက်ကွယ်သွားစေလေသည်။
ရှောင်ဟေး၏ နာကျင်နေသည့် မျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးမှု
အရိပ်အယောင်များ ပေါ်လာ၏။
မသိလျှင် သူက ထိုကဲ့သို့ နွေးထွေးမှုအား တစ်ခါမှ
မခံစားဖူးသကဲ့သို့ပင်။ သူ၏ အနက်ရှိုင်းဆုံး မှတ်ဥာဏ်များမှာ အေးစက်ကာ မာကြောသည့် နံရံများမှ
သူ့အား လှောင်အိမ်တစ်ခုကဲ့သို့ ပိတ်လှောင်ထားပြီး ဗို့အားမြင့် လျှပ်စစ်များနှင့် လျှပ်စစ်ရှော့တိုက်ခြင်းဖြစ်၏။
တစ်ချက်မျှ ရှော့တိုက်ခံလိုက်ရလျှင်ပင် သူ့အား သတိမေ့မြောသွားစေမည် ဖြစ်ပြီး နာကျင်မှုက
သူ့အား အဆုံးသတ်သွားစေမလိုပင် ဖြစ်သည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သားရဲကောင်ကြီးက သူ၏
ကြီးမားသော ခေါင်းအား မော့လာကာ ဝေ့ရှင်း၏ ချောမွတ်သော မေးရိုးအား ကြည့်လိုက်လေ၏။
သူ့ထံမှ ထွက်ပေါ်လာသည့် နူးညံ့သိမ်မွေ့မှုမှာ ရှောင်ဟေးကို
မရည်ရွယ်ပဲ ဖမ်းစားသွားနိုင်ခဲ့ပြီး သူ့အား အနည်းငယ် စွဲလမ်းသွားစေခဲ့သည်။
ရှောင်းဟေး၌ ပုံမှန်မဟုတ်သော အပူချိန်ရှိနေသည့်အပြင်
အရွယ်စုံသော ဒါဏ်ရာဒါဏ်ချက်များလည်း ရှိ၏။
ဖုံးထားဖို့ရန် ထူထဲသော အမွှေးမရှိတော့သဖြင့် မရေမတွက်နိုင်သည့်
အမာရွတ်များမှာလည်း ပေါ်လာခဲ့သည်။ အချို့အနာဖတ်များမှာ ကွာကျနေပြီး အချို့အနာများမှာမူ
အကြိမ်ကြိမ်အခါခါ ပွတ်သပ်မှုများကြောင့် သွေးများပင် စွန်းနေဆဲပင်။
ဝေ့ရှင်း၏ အကြည့်မှာ ပို၍ပင် နက်မှောင်လာခဲ့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသည့် အမာရွတ်များကြား၌ ဒေါက်ဖိနပ်ကြောင့်
အသားကြိတ်မိပြီး ရသည့်ဒါဏ်ရာများနှင့် လျှပ်စစ်ရှော့တိုက်ခြင်းကြောင့် ရသည့် မီးလောင်ဒါဏ်ရာများကို
သူသတိပြုမိလိုက်၏။
“မင်း ဘာတွေ ကြုံတွေ့ခဲ့ရတာပါလိမ့်”
သူက တီးတိုးလေး ရေရွတ်မိသွား၏။
ရှောင်ဟေးက ပြန်မဖြေပေ။
အစပိုင်း၌ ဝေ့ရှင်း၏ ထိတွေ့မှုအား အနည်းငယ်တစ်မျိုး
ဖြစ်ခဲ့သော်ငြား မကြာခင်မှာပင် ညည်းညူသံ တိုးတိုးလေးများ ထွက်လာပြီး သူ၏ ညင်သာစွာ နှစ်သိမ့်ပေးမှုအား
သဘောကျလာခဲ့သည်။
ဤသည်မှာ ကြောင်နက်ကြီးတစ်ကောင်အား စိတ်ကျေနပ်စေရန်
ပွတ်သပ်ပေးနေသကဲ့သို့ပင်။
သူ့အား ထိုကဲ့သို့မြင်လိုက်သဖြင့် ဝေ့ရှင်း၏ မျက်လုံးထဲမှ
လေးနက်မှုများမှာ နူးညံ့သွားခဲ့၏။
သူသည် ရှောင်ဟေး၏ ဝမ်းနည်းဖွယ် အတိတ်အား ဆက်မစူးစမ်းတော့ချေ။
သူ၏ နှစ်သိမ့်ပေးနေသည့် လက်များက ကြီးမားကာ အင်အားကြီးမားသော ခန္တာကိုယ်ကြီးပေါ်တွင်
ရွေ့လျားနေရင်း သူညင်သာစွာပြောလိုက်သည်။
“တော်လိုက်တဲ့
ကောင်လေး”
ထိုစကားများက သားရဲကြီးအား မရည်ရွယ်ဘဲ စိတ်အေးသွားစေပြန်၏။
သားရဲကြီး၏ အသွင်အပြင်မှာ အေးစက်ကာ ကြမ်းတမ်းနေပါသော်ငြား
သူ၏ ညွှန်ကြားချက်အတိုင်း ခြေချောင်းနှင့် ခန္ဓာကိုယ်ကို မပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
အနာကျက်နေပြီဖြစ်သော ဒဏ်ရာများမှာ အဆင်ပြေသော်ငြား
သွေးထွက်နေသေးသည့် ဒဏ်ရာများအား မကုသဘဲ နေ၍မရချေ။
ဝေ့ရှင်းက ရေနွေးလေးယူလာကာ ပဝါကို ရေဆွတ်လိုက်ပြီး
ရှောင်ဟေး၏ ဒဏ်ရာအနီးတစ်ဝိုက်အား သန့်ရှင်းပေးလေသည်။ ထို့နောက် သူက လိမ်းဆေးအနည်းငယ်အား
ထုတ်ကာ တုံ့ပြန်မှုအား စောင့်ကြည့်ရန် အနည်းငယ် လိမ်းပေးကြည့်လိုက်သည်။
သွေးထွက်ခြင်းရပ်တန့်သွားပြီး ဆိုးကျိုးမရှိကြောင်း
သေချာစေရန် တခဏ စောင့်ကြည့်ပြီးနောက် သူ ဆက်လုပ်လိုက်၏။
ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာအား ရှောင်ဟေးမှ သူ့ကို ပေးမထိပေ။
ဒါဏ်ရာကလည်း အနာကျက်နေပြီ ဖြစ်သဖြင့် ဝေ့ရှင်းမှ
အတင်းအကြပ် မလုပ်တော့ချေ။
သို့သော်ငြား ကြီးမားသည့် ခန္ဓာကိုယ်ကြီးပေါ်မှ အနာများအား
ဆေးထည့် ပေးရသည့်အတွက်ကြောင့် လွယ်ကူသော အလုပ်လေးမှာ ခက်ခဲသော အလုပ်အဖြစ်သို့ ပြောင်းလဲသွား၏။
ကုန်းနေတိရစ္ဆာန်များအတွင်း၌ ဆင်၏ အရွယ်အစားသာလျှင် ရှောင်ဟေး၏ အရွယ်အစားနှင့် ယှဥ်နိုင်မည်ဟု
ဝေ့ရှင်းက ခန့်မှန်းမိလိုက်သည်။
သူက အစားအသောက်ပြသနာကိုလည်း တွေးမိလိုက်၏။ သူဝယ်ထားသည့်
ကြောင်စာအိတ်နှင့် ကြောင်စာဗူးများမှာ ရှောင်ဟေး၏ သွားကြားပင် မညပ်နိုင်တော့ချေ။
ညလယ်ခေါင်အထိ ဝေ့ရှင်းမှ ဆက်၍ ဆေးထည့်ပေးနေ၏။
ဆေးထည့်ပေးနေသည့် တစ်လျှောက်လုံး သားရဲကြီးမှာ ခေါင်းကို
အချိန်အတော်ကြာ မော့ထားခဲ့ပြီး သူ၏အနာများပေါ်သို့ ဝေ့ရှင်းမှ ဆေးလိမ်းပေးနေသည်ကို
တိတ်တဆိတ် ကြည့်နေခဲ့သည်။
ဆေးထည့်ပြီးသွားချိန်၌ ဝေ့ရှင်းမှာ ချွေးများနှင့်
ရွှဲနစ်နေပြီ ဖြစ်၏။ သူ၏ ပတ်တီးစီးထားရသော လက်အား ပလတ်စတစ်ဖြင့် ပတ်ကာ ပင်ပန်းနေသည့်ကြားမှာ
ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
သူရေချိုးပြီးနောက် အခန်းထဲသို့ ပြန်ရောက်လာချိန်တွင်
ရှောင်ဟေး၏ ခန္ဓာကိုယ်မှာ မနာကျင်တော့သည့် ပုံပေါက်ပြီး သူ၏ခန္တာကိုယ်မှာ တုန်ယင်မနေတော့ပေ။
သူ၏ အမွှေးထူသည့် အမြီးအား ရှေ့သို့ချ၍ ရှေ့ခြေနှစ်ချောင်းကို
ထပ်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လုံးဝန်းနေအောင် ကွေးထားလိုက်ကာ မျက်လုံးတွေကိုမှိတ်ထားပြီး
အိပ်တော့မည့်ပုံပင်။
ဝေ့ရှင်းက ညင်သာစွာ ပြောလိုက်၏။
“ကောင်းသောညပါ”
ပြီးနောက်
မီးပိတ်ကာ အိပ်ရာဝင်ခဲ့သည်။
သူ၏ နာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်မှာ နူးညံ့သည့်
အိပ်ရာနှင့်ထိလိုက်သည်နှင့်တစ်ပြိုင်နက် သက်သောင့်သက်သာရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်ငြား
သူခံစားလိုက်ရသော စိတ်သက်သာရာရမှုမှာ သူ၏ဗြောင်းဆန်နေသည့် အတွေးများကိုတော့
မဖျောက်ပစ်လိုက်ပေ။
သူမျက်လုံးများကို ပိတ်ထားရင်း အသိမရှိတရှိနှင့်
သူမှ မည်သည်အား ဆက်လုပ်ရမည်ကို တွေးနေခဲ့၏။
သူမှ ရုတ်တရက် အသံတချို့ ကြားလိုက်ရပြီးနောက် သူ့တံတောင်ဆစ်အား
အေးစက်ကာ မာကြောသည့် အကြေးခွံများအား
ထိနေသည်ကို ခံစားမိလိုက်သည်။
ဝေ့ရှင်းက ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်၏။
သူ၏ခေါင်းအား အနည်းငယ် စောင်းကြည့်လိုက်ချိန်၌ ရှောင်ဟေးက
သူ၏ကြီးမားသည့် ခေါင်းကြီးအား အိပ်ရာဘေး၌ တိတ်တဆိတ်တင်ထားကြောင်း တွေ့လိုက်ရလေသည်။
သူမှ ထိုသို့ လာလှဲနေသည်ကို သိသွားသဖြင့် ရှောင်ဟေး၏ ဝိုင်းစက်နေသော မျက်လုံးများမှာ
သူ့ကို ကြည့်လာခဲ့၏။ မှိန်ပျပျအခန်းထဲ၌ပင် သူ၏ ရွှေရောင်မျက်လုံးများကို မမှားနိုင်ပေ။
ဝေ့ရှင်းက သူ၏လက်အား ရှောင်ဟေးပေါ်သို့ တင်လိုက်လေသည်။
ဝေ့ရှင်း၏ လက်ဖဝါးမှာ သာမန်လူကြီး လက်အရွယ်အစား ဖြစ်သော်ငြား
သားရဲကြီး၏ ဦးခေါင်းပေါ်တွင်တော့ သေးနေသယောင် ဖြစ်နေ၏။
လူများကို အမြင့်မှ ငုံ့ကြည့်ရသည်ကို သဘောကျသော အနက်ရောင်အမွှေးလုံးလေးက
မရှောင်ဖယ်ခဲ့ပေ။ သူက တစ်ခဏမျှ တောင့်တင်းသွားခဲ့သော်ငြား ချက်ချင်းပင် ပြေလျော့သွားခဲ့သည်။
ရှောင်ဟေးအား ထိုကဲ့သို့ မြင်လိုက်ရ၍ သူမထိချင်ဘူးလို့
ပြောလျှင်လိမ်ညာသည့် စကားဖြစ်သွားလိမ့်မည်။
ဝေ့ရှင်းမှ သူ့ကိုယ်သူအားပေးလိုက်ပြီး ရှောင်ဟေး၏
ခေါင်းအား မှီလိုက်ကာ ရှောင်ဟေး၏ အကြေးခွံများကို ပွတ်သပ်လိုက်ပြီး ညင်သာစွာပြောလိုက်၏။
“ တော်လိုက်တဲ့ ရှောင်ဟေးလေး”
သားရဲကောင်ကြီး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။
သားရဲကြီးမှာ လူများနှင့်သာမက အခြားတိရစ္ဆာန်များနှင့်ပါ
နီးနီးကပ်ကပ် မနေဖူးသောကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်၏။
သားရဲကြီးက သူနှင့်လူသားများကြားရှိ ကွာခြားချက်ကို
သေချာသိရှိပြီး သူ၏အင်အားကြောင့် ဝေ့ရှင်းအား မတော်တဆ ထိခိုက်မိသွားမည်ကိုလည်း ကြောက်သောကြောင့်လည်း
ဖြစ်နိုင်သည်။
ဝေ့ရှင်းမှာ အမှန်တကယ် ပင်ပန်းနေသဖြင့် မကြာခင်မှာပင်
အိပ်မောကျသွား၏။
အပြင်ဘက်၌ လေပြင်းများ တိုက်ခတ်နေပြီး မိုးများရွာနေသဖြင့်
သစ်ကိုင်းများအား လှုပ်ခတ်သွားစေလေသည်။
အထဲတွင်မူ အပူပေးစက်ဖွင့်ထားသဖြင့် နွေးထွေးကာ တိတ်ဆိတ်ပြီး
ဇိမ်ရှိ၏။
အသိစိတ် ဝေဝါးနေချိန်တွင် ဝေ့ရှင်းသည် သူ့အောက်မှ
လွတ်မြောက်ရန် အကြိမ်ကြိမ် ကြိုးစားနေသည့် ရွေ့လျားနေသော ကျောက်တုံးကြီးပေါ်တွင် အနားယူနေရသည်ဟု
ခံစားမိလိုက်သည်။ သူက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်ချိန်တွင် ထိုကျောက်ကြီးထံမှ
မကျေနပ်သည့် ညည်းညူသံများ ထွက်ပေါ်လာခဲ့သည်။
သို့ပေမဲ့ ထိုကျောက်တုံးကြီးက သူ့ကို မတွန်းထုတ်ပစ်ပေ။
ထို့ကြောင့် ဝေ့ရှင်းမှ လက်ကို ဆန့်ထုတ်ကာ ကျောက်တုံးကြီး၏
မာကျောသည့် အကြေးခွံများ ပျော့ပျောင်းသွားကာ အမွှေးပွတိမ်လေးကဲ့သို့ ဖြစ်သွားစေတဲ့အထိ
ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်။
သူက ညင်သာစွာ ရယ်မောလိုက်ပြီး ထန်ချီမှ သူ့ကြောင်လေး
ဟွမ်ဟွမ်အပေါ် ဆက်ဆံပုံကို အတုယူကာ ယခုတွင် ပျော့ပျောင်းသွားပြီ ဖြစ်သည့် ကျောက်တုံးလေးအား
အနမ်းတစ်ပွင့် ဆုချလိုက်၏။
ဆုချပေးပြီးနောက် ဝေ့ရှင်းမှာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျသွားခဲ့ပြီး သားရဲကြီး ရှောင်ဟေးသည် သူ၏လုပ်ရပ်ကြောင့် ညတစ်ဝက်ခန့် တောင့်တင်းပြီး
မလှုပ်မယှက်ဖြစ်နေသည်ကိုတော့ မသိခဲ့ချေ။
နောက်တစ်နေ့၌
ရာသီဥတုက သာယာ၏။ မနက်ခင်းနေရောင်ခြည်မှာ ကမ္ဘာပေါ်သို့ ဖြန့်ကျလာပြီး လေမှာလည်း ပိုလတ်ဆတ်နေသလိုပင်။
လူများက မိုးစိုနေသည့် လမ်းမပေါ်သို့ တဖြေးဖြေး လမ်းလျှောက်
ထွက်လာကြပြီး တိရစ္ဆာန်ငယ်လေးများကလည်း ကစားရန် ထွက်လာကြလေသည်။ သစ်ကိုင်းပေါ်တွင် နားနေကြသည့်
စာကလေးများမှာလည်း သူတို့၏ အမွှေးပွပွများကို ပျင်းရိစွာခါနေကြ၏။
ဆယ်နာရီထိုးလောက်တွင် ဝေ့ရှင်းနိုးလောက်ပြီဟု ထန်ချီထင်သဖြင့်
သစ်သီးခြင်းယူကာ လာလည်ခဲ့သည်။
တံခါးပွင့်လာချိန်တွင် ငိုက်မျဥ်းနေပြီး ပင်ပန်းနေသည်
မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထန်ချီမှာ ပါးစပ်အဟောင်းသားဖြင့် မေးလိုက်၏။
“မင်းကောင်းကောင်းမအိပ်ရသေးဘူးလား”
ညသန်းခေါင်ကျော်အထိ မအိပ်ခဲ့ရသဖြင့် ဝေ့ရှင်းမှာ
သုံးနာရီလောက်သာ အိပ်ရသေးသည်။ ထန်ချီ၏ မေးခွန်းအား သူမှ ခေါင်းညိတ်ပြလိုက်လေသည်။
သူ့အခြေအနေကို မြင်သဖြင့် ထန်ချီက သူ့ကို ကြာကြာ
မနှောင့်ယှက်ချင်တော့ပေ။ သူက သစ်သီးခြင်းကို ကမ်းပေးကာ ထွက်သွားရန် ပြင်လိုက်လေသည်။
မသွားခင်တွင် သူက မနေ့က သူ့ကြောင်လေးဟွမ်ဟွမ်မှာ
ပြတင်းပေါက်မှထွက်သွားသည့် မတော်တဆအကြောင်းကို ပြောပြပြီး ဒေါသထွက်လွန်းလို့ အံတွေပါ
ကြိတ်သွားခဲ့၏။
“ငါပြန်ရောက်တော့ လုံခြုံရေးကင်မရာကို ငါစစ်လိုက်ကြည့်လိုက်တယ်၊
ပြတင်းပေါက်ဖွင့်ခဲ့တာ ငါကော အမေကောမဟုတ်ဘူး၊ ဟွမ်ဟွမ်ကိုယ်တိုင်ပဲ၊ ငါဂလန့်ပါထိုးထားခဲ့ပေမဲ့
သူက အဲဒါကို သူ့လက်လေးတွေနဲ့ ဖွင့်နိုင်တယ်တဲ့လေ”
သူပြောပြနေချိန်တွင် ထန်ချီမှာ ရယ်လည်းရယ်ချင် စိတ်လည်းတိုနေပုံရသည်။
“ဒီ ပြဿနာကောင်လေးကတော့ ငါထင်တာတော့ ငါတံခါးဖွင့်တာကို
သူမြင်ဖူးပြီး သူကိုယ်တိုင် ဘယ်လိုလုပ်ရမယ်ဆိုတာကို တိတ်တဆိတ် သင်ယူသွားတာထင်တယ်”
“ငါလိုင်းပေါ်ကနေ ပြတင်းပေါက်ကို ကာဖို့ ပစ္စည်းတစ်ချို့မှာလိုက်တယ်၊
ပစ္စည်းရောက်လာတာနဲ့ ငါပြတင်းပေါက်ကို ပိတ်ပစ်ပြီးတော့ သူဘယ်လိုထွက်မလဲ ကြည့်ဦးမယ်”
ထိုအကြောင်းအား နားထောင်နေရင်း ဝေ့ရှင်း၏ အမူအယာမှာ
ပြောင်းလဲသွားခဲ့သည်။
အကယ်၍ သူမှတ်မိတာသာ မှန်မည်ဆိုလျှင် မနေ့ညက သူဆေးယူကာ
အခန်းထဲသို့ ပြန်ဝင်လာချိန်တွင် ရှောင်ဟေးသည် ပြတင်းပေါက်ဆီသို့ တယိမ်းတယိုင်သွားနေပြီး
ထွက်သွားရန် ပြင်နေလေသည်။
သူမှ စကားမပြောခင် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ စပြောခဲ့၏။
“မင်း ပြတင်းပေါက်ကာဖို့ပစ္စည်းတွေ ဝယ်ခဲ့တဲ့ လင့်ကို
ငါ့ဆီပို့ပေးနိုင်မလား”
ထန်ချီက ချက်ချင်းစိတ်ဝင်စားလာ၏။
“မင်းမှာကော ကြောင်ရှိတာလား”
ကလေးသူငယ်ချင်းရှိသည့် အိမ်နှင့် အိမ်မွေးတိရစ္ဆာန်ရှိသည့်
အိမ်မှလွဲ၍ မည်သူမှ ပြတင်းပေါက်အား ကာရန် မစဥ်းစားကြပေ။
ထန်ချီမှာ မနေ့က ဝေ့ရှောင်း၏ အိမ်အား လာလည်ဖူး၏။
သူ၏ အိမ်မှာ တိတ်ဆိတ်ကာ ဘာမှမရှိဘဲ သူတစ်ဦးတည်း နေသည့်ပုံပေါက်လေသည်။ လက်ထပ်ထားပြီး
ကလေးရှိနေခြင်းထက်စာလျှင် သူ့တွင် အိမ်မွေးတိရစ္ဆာန်ရှိနေခြင်းက ပိုဖြစ်နိုင်၏။
အိမ်မွေးတိရစ္ဆာန်မွေးသူ တစ်ယောက်အနေနှင့် ထန်ချီ၌
အခြားအတွေးမရှိချေ။သူက ဝေ့ရှင်းကို သူငယ်ချင်းတစ်ယောက်အနေနှင့် မှတ်ယူကာ အကြိုက်တူနေခြင်းအား
ပျော်ရွှင်နေခြင်းပင်။
ဝေ့ရှင်း၏ အတွေးများမှာ လွန်ခဲ့သောမိနစ်အနည်းငယ်သို့
ပြန်ရောက်သွားခဲ့သည်။
မနက်က ထန်ချီမှ တံခါးခေါက်ချိန်တွင် ရှောင်ဟေးသည်
သူ၏ အမွှေးလုံးပုံသဏ္ဍာန်သို့ ပြန်လည်ပြောင်းသွားခဲ့ပြီပင်။ သူနိုးလာပြီး သူ့လက်အား
လှုပ်လိုက်ချိန်တွင် ရှောင်ဟေးမှာ သူ၏ လက်ဖဝါးအောက်မှ ထွက်လာပြီး လျင်မြန်စွာ ပြေးထွက်သွားခဲ့၏။
ယခုတွင်မူ သူလှည့်ကြည့်လိုက်တိုင်း ဗီရိုပေါ်တွင်
လဲလျောင်းနေသည့် အနက်ရောင် အမွှေးလုံးလေး၏ မျက်နှာတစ်ခြမ်းအား မြင်ရပြီး ရွှေရောင်မျက်လုံးတစ်စုံမှာ
သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေလေသည်။
ထိုမြင်ကွင်းအား တွေးမိလိုက်ချိန်တွင် ဝေ့ရှင်းမှာ
မပြုံးမနေနိုင်တော့ဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။
“အဲလိုမျိုးပါပဲ”
ဝေ့ရှင်းမှ မည်သို့သော အကောင်လေးမွေးထားသည်ကို ထန်ချီက
သိချင်ပါသော်ငြား သူ၏ ညိုမဲနေသည့် မျက်ကွင်းများနှင့် ပင်ပန်းလွန်းသဖြင့် မျက်ခွံများပင်
တုန်ယင်နေသည်ကို တွေ့လိုက်ရသောကြောင့် သူဆက်မမေးတော့ပေ။
သူက သူ၏ဖုန်းအား ထုတ်ယူကာ အားတက်သရောပြော၏။
“အဲဒါဆိုရင် ဆက်သွယ်ဖို့ အချက်အလက်ချင်း လဲရအောင်လေ၊
ငါပြန်ရောက်ရင် မင်းကို လင့်ပို့ပေးလိုက်မယ်”
ပြတင်းပေါက်ကာရန် ပစ္စည်းက နောက်လေးရက်ခန်ကြာမှ ရောက်မည်ဖြစ်ကြောင်း
ထန်ချီမှ ပြောသွားခဲ့ပြီး ထိုပစ္စည်းမှာ ထူထဲသော ဝါယာကွက်တစ်မျိုး ဖြစ်ကာ ခိုင်ခံ့၍
ချောမွတ်သည့် အသားမျိုး ဖြစ်လေသည်။ ထိုပစ္စည်းမှာ ကြောင်လက်သည်းများကို ကာကွယ်ပေးနိုင်ပြီး
သူခိုးရန်မှလည်း ကာကွယ်ပေးနိုင်၏။
ဝေ့ရှင်းက အမြန်ပို့ဆောင်ခကို ပေးချေခဲ့သဖြင့် နှစ်ရက်အတွင်း
ပစ္စည်းရောက်လာမည်ပင်။
ထိုအချိန်အတွင်း နှစ်ခြမ်းကွဲသွားသည့် စားပွဲနှင့်
အခန်းထဲရှိ ကြေမွနေသည့် ကြောင်အိပ်ရာအား ရှင်းလင်းလိုက်၏။ ဝေ့ရှင်းက ကြောင်အိပ်ရာအကြီးတစ်ခု
အသစ်ဝယ်လိုက်ပါသော်ငြား ရှောင်ဟေးက မအိပ်ပေ။
အနက်ရောင် အမွှေးလုံးလေးက ဗီရိုထိပ်အား သူ၏ ယာယီနေရာအဖြစ်
သတ်မှတ်လိုက်ပုံပေါက်၏။ ယခုတွင် အမွှေးလုံးလေးမှာ ဗီရိုပေါ်တွင် လဲလျောင်းနေပြီး ရွှေရောင်မျက်လုံးများမှာ
တောက်ပနေကာ ပြတင်းပေါက်အနီး၌ အလုပ်ရှုပ်နေသည့် သူ့ကို တိတ်တဆိတ်ကြည့်နေလေသည်။
ဝေ့ရှင်းမှ စကားမပြောချိန်တွင် သူက အကွာအဝေး ခြားနေတတ်ပြီး
အနားလည်း မကပ်သကဲ့သို့ ကိုင်ခွင့်လည်းမပြုပေ။ မသိလျှင် မိုးရွာနေသည့်ည၌ သူ့အိပ်ရာအား
မှီထားခဲ့သည့် သားရဲကြီးမှာ ပုံရိပ်ယောင်ကဲ့သို့ပင် ဖြစ်၏။
သို့ပေမဲ့ ရှောင်ဟေးက ညတိုင်း အသွင်ပြောင်းတာကို
မထိန်းချုပ်နိုင်သေးသဖြင့် ထိုအရာမှာ အတုအယောင် မဟုတ်သည်ကို ပိုင်ရှင်ကော အိမ်မွေးတိရစ္ဆာန်ကော
သိလေသည်။
ထိုကဲ့သို့ အသွင်ပြောင်းသွားချိန်တိုင်း ဝေ့ရှင်းက
သူမည်မျှပင် အလုပ်များနေပါစေ ရှောင်ဟေး စိတ်မတည်ငြိမ်မချင်း အလုပ်အကုန်ရပ်ကာ သူ့ကိုအဖော်ပြုပေးတတ်၏။
ပြီးလျှင် သူက နာကျင်နေသည့် ရှောင်ဟေး၏ ခန္ဓာကိုယ်လေးအား ကိုင်ထားပေးတတ်သည်။
သူသည် ရှောင်ဟေးခံစားရသက်သာစေရန် နည်းလမ်းရှာဖွေဖို့ရာအတွက်
မျှော်လင့်ပြီး ရှောင်ဟေးကို အသွင်ပြောင်းရသည့် အကြောင်အရင်းအား မေးမြန်းခဲ့၏။ သို့ပေမဲ့
ရှောင်ဟေးမှ သူ့အား လျစ်လျူရှုခြင်း သို့မဟုတ် ဗီရိုပေါ်သို့ ခုန်တက်ကာ ထွက်ပြေးသွားတတ်၏။
အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် အနက်ရောင်အမွှေးလုံးလေး၏
နှလုံးသားထဲ၌ နက်ရှိုင်းစွာ တည်ရှိနေသည့် မကျေနပ်မှုများနှင့် ကြာရှည်စွာတည်ရှိနေခဲ့သည့်
နာကျင်မှုများအား ဝေ့ရှင်းက သတိပြုမိခဲ့သည်။
ထိုနာကျဥ်းမှုများနှင့် နာကျင်မှုများမှာ သူ့အပေါ်တွင်
ရှိနေခြင်းမဟုတ်ချေ။ အနည်းငယ် စဥ်းစားကြည့်ရုံနှင့်တင် ထိုအရာများမှာ သူ၏အသွင်ပြောင်းမှုနှင့်
ဆက်စပ်နေနိုင်ကြောင့် သိနိုင်၏။
အကယ်၍ အတိတ်မှတ်ဥာဏ်များက ပြန်တွေးကြည့်ဖို့ရာအတွက်
နာကျင်စရာ ကောင်းလွန်းနေမည်ဆိုလျှင် မည်သူမှ ပြန်တွေးချင်မည် မဟုတ်ချေ။
ထိုအချိန်မှစ၍ ဝေ့ရှင်းမှာ ရှောင်ဟေးအား ဖိအားမပေးတော့ပေ။
ပြတင်းပေါက်အကာများအား အိပ်ခန်းထဲတွင် သာမက ဧည့်သည်ခန်းနှင့်
ဝရန်တာ၌လည်း တပ်လိုက်လေသည်။
အသက်ဝဝရှူလိုက်ပြီး ဝေ့ရှင်းမှ ကျန်နေသေးသည့် ပစ္စည်းများအား
နောက်တစ်နေရာသို့ ရွေ့လိုက်သည်။
ရှောင်ဟေးက ဝေ့ရှင်းမှာ အလုပ်နည်းနည်းလုပ်၍ ချွေးထွက်ကာ
အသက်ရှူမဝဖြစ်နေပုံကိုကြည့်ရင်း လူသားများ၏ အားနည်းမှုအား ချက်ချင်း သတိပြုမိလိုက်ပြီး
သူ၏အမူအယာမှာ ပြောင်းလဲသွားခဲ့၏။
ပစ္စည်းများစွာ ရှိနေပြီး သူထိုပစ္စည်းများအား နေရာများစွာသို့
သယ်ဆောင်ရဦးမည် ဖြစ်၏။ ဝေ့ရှင်းမှာ ပင်ပန်းလာသည်။
ဆက်မကြည့်နိုင်တော့သော ရှောင်ဟေးသည် ဗီရိုပေါ်မှာ
ခုန်ဆင်းလာပြီး သူဆီသို့ လျှောက်လာခဲ့လေသည်။
“မြောင်”
‘ဒီဝါယာကွက်တွေက
ငါ့ကိုတားနိုင်လိမ့်မယ်လို့ မင်းထင်လို့လား’
လူ့ပတ်ဝန်းကျင်၌ ခဏနေပြီးနောက် သူက သူ့ကိုယ်သူ ကြောင်အဖြစ်
ရုပ်ဖျက်ရသည်ကို နေသားကျလာကာ တမြောင်မြောင် အော်ရသည်ကိုလည်း နေသားကျလာခဲ့၏။
နှစ်ရက်အတူနေပြီးနောက် ဝေ့ရှင်းနှင့် ရှောင်ဟေးမှာ
ဘာသာစကား အတားအဆီးရှိနေသော်ငြား စကားမပြောဘဲ အချို့ကို နားလည်လာနိုင်ခဲ့ကြသည်။ ခဏမျှ
ရပ်ကာ အနက်ရောင် အမွှေးလုံးလေးအား တစ်ခဏမျှစိုက်ကြည့်ပြီးနောက် သူပြောစကား၏ အဓိပ္ပါယ်အား
ခန့်မှန်းနိုင်သွားသည်။
“ငါမင်းကို တားဖို့လုပ်နေတာမဟုတ်ပါဘူး၊ မင်းအပြင်ထွက်ချင်တယ်ဆိုရင်
ငါမင်းကို တံခါးဖွင့်ပေးမှာပါ”
ဤရပ်ကွက်အတွင်းသို့ ရောက်လာချိန်မှစ၍ ရှောင်ဟေးက
မည်သည့်လူသားကိုမှ မစားဖူးသကဲ့သို့ မည်သူ့ကိုမှလည်း နာကျင်အောင် မလုပ်ခဲ့ဖူးပေ။ အနည်းငယ်
အထီးကျန်နေခြင်းသာ ရှိ၏။ ဝေ့ရှင်းက သူ့အား အလွယ်တကူပင် ထွက်သွားခွင့်ပေးနိုင်လေသည်။
ပိုအရေးကြီးသည်မှာ သူ့တွင် သူ့ကိုယ်ပိုင်အသိစိတ်
ရှိပြီး လွတ်လပ်သည့် စရိုက်လက္ခဏာရှိကာ မည့်သည့်အိမ်မှ ထိုအရာများအား ကန့်သတ်၍ မရပေ။
ရှောင်ဟေးက ဝါယာကွက်ဘက်သို့ သူ့၏ခေါင်းအား စောင်းကာ
ပြော၏။
“မြောင်”
‘အဲဒါဆိုရင် ဒါကဘာအတွက်လဲ’
ဝေ့ရှင်းက ပြန်ဖြေပေးလေသည်။
“မပြုတ်ကျအောင် ကာကွယ်ဖို့လေ”
ရှောင်ဟေးက ဝေ့ရှင်းမှာ အမှန်အတိုင်းမပြောနေဘူးဟု
တွေးကာ သူ့နှုတ်ခမ်းထောင့်လေးအား တွန့်လိုက်၏။
သို့ပေမဲ့ ဝေ့ရှင်းက အောက်သို့ တည်ငြိမ်စွာ ငုံ့ကြည့်လိုက်ပြီး
သူနှင့်အကြည့်ချင်း ဆုံလိုက်လေသည်။
“မင်းက အကြီးကြီဖြစ်နေရင်တောင်မှ ပြုတ်ကျရင် နာမှာပဲလေ”
ရှောင်ဟေးမှာ တစ်ခဏမျှ အံ့ဩမှင်သက်သွားခဲ့၏။
ဝေ့ရှင်းက သူ၏ အမွှေးပွပွခေါင်းလေးအား ပွတ်ပေးလိုက်ပြီး
အချိန်ကိုကြည့်လိုက်ကာ ညစာပြင်ဖို့ ထလိုက်လေသည်။
“မင်းဒီနေ့ ဘာစားချင်လဲ ကြက်ဥကြော်စားမလား”
ရှောင်ဟေးက တကယ့်ကြောင်တစ်ကောင် မဟုတ်ချေ။ သူသည်
ကြောင်စာဗူးများနှင့် အဆင်ပြေပါသော်ငြား ကြောက်စာခြောက်များကိုတော့ မစားပေ။
အစာအနည်းငယ် အတူစားပြီးနောက် သူက အသားကိုသာ စားကြောင်း
ဝေ့ရှင်းမှ သိလိုက်၏။
ရှောင်ဟေး၏ နားရွက်များထောင်လာ၏။
မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေသည့် ဝေ့ရှင်း၏ ရှည်လျားသော
ပုံရိပ်အား လှည့်ကြည့်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်သွား၏။ ထို့နောက် ကျန်ရှိနေသေးသည့်
ပစ္စည်းများအား အမြီးဖြင့် ရစ်ပတ်ကာ ထိုပစ္စည်းများကို တပ်ဆင်မည့်နေရာသို့ ရွေ့ပြောင်းလိုက်သည်။
တိတ်တဆိတ်လုပ်ပေးပြီးနောက် မီးဖိုချောင် တံခါးဝသို့
ပြန်သွားကာ အချိန်အတော်ကြာ စူးစိုက်ကြည့်နေပြန်လေသည်။
ရက်အတော်ကြာ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ပြီးနောက်
ဗီရိုပေါ်တွင် အိပ်နေသည့် ရှောင်ဟေးက ရုတ်တရက် ဆယ်မိုင်အတွင်းရှိ ထူးဆန်းကာ အန္တရာယ်ရှိသည့်
အရှိန်အဝါအား ခံစားမိလိုက်၏။
လူသားများက ထိုအရှိန်အဝါကို မမြင်နိုင်ပါသော်ငြား
သူကတော့ သူနှင့်မျိုးတူတစ်ယောက်၏ အရှိန်အဝါ ဖြစ်သဖြင့် ရင်းနှီးနေလေသည်။
တိုက်ဆိုင်မှုမဟုတ်သကဲ့သို့ ဖြတ်သွားခြင်းလည်း မဟုတ်ပေ။
တစ်ဖက်က သူမှာ တဖြည်းဖြည်းချင်း ချဥ်းကပ်လာနေခြင်းပင်။
ရှောင်ဟေးက ပြင်းထန်ကာ အေးစက်နေသည့် သူ၏ မျက်လုံးများအား
ချက်ချင်းဖွင့်လိုက်လေသည်။