CHAPTER 2
Viewers 23

အခန်း ၂ အိမ်ထောင်‌ရေး

 

ဝမ်ယဲ့၏ဒုတိယဘဝ လူဝင်စားခြင်းက  ချောမွေ့လွန်းသော ဘဝအတစ်ခုဟု ဆိုနိုင်ပြီး 'အတားအဆီး' ဟု ယူဆနိုင်သည့် တစ်ခုတည်းသောအရာမှာ သူမ၏မွေးမိခင် ကိုယ်လုပ်တော်ချန်းသာ ဖြစ်သည်။

 

အမှန်တကယ်တွင် အတားအဆီးတစ်ခုဟု ပြောနေခြင်းကပင်  ချဲ့ကားရာရောက်နေပြန်သည်

 

ဝမ်ယဲ့ အသက်ဆယ့်လေးနှစ် ပြည့်ပြီးသည့်အချိန်မှစ၍ ကိုယ်လုပ်တော်ချန်းက သူမ၏အနာဂတ်အတွက် နေ့စဉ်နှင့်အမျှ စိတ်ပူစပြုလာခဲ့သည်။

 

အစပိုင်းတွင် သူမက ဝမ်ယဲ့ မကောင်းသည့် ခင်ပွန်း၏ မိသားစုသို့  ဝင်ရောက်ရမည်ကို သူမ စိုးရိမ်ခဲ့သည်။ ယခုဆိုလျှင် သူမက ဝမ်ယဲ့ လုံးဝ လက်မထပ်နိုင်တော့မည်ကို စိုးရိမ်နေပြီ ဖြစ်သည်။

 

ပင်မအခန်းတွင် အစေခံတစ်ယောက်က လက်ဖက်ရည်လာပို့ပေးနေခဲ့သည်။ သခင်မရှန်းက သူမ၏မျက်လုံးများကို အနည်းငယ် ပင့်တင်လိုက်ပြီး အခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်ကာ မေးမြန်းလိုက်သည်။

 

"ချန်းယိနျန်းက မထွက်သွားသေးဘူးလား?"

 

သူမ၏ဘေးနားတွင် အဆင်သင့်ရှိနေသည့် အထိန်းတော်ဟန်က ပြန်ဖြေလိုက်သည်။

 

"စတုတ္ထသခင်မလေးလည်း ရှိပါတယ်၊ စတုတ္ထသခင်မလေးက ချန်းယိနျန်းကို ပြန်ဖို့ ဆွဲဆောင်နေပုံရပါတယ်"

 

သခင်မရှန်းက သူမ၏နဖူး နာကျင်လာသည်ဟု ခံစားလိုက်ရပြီး ပွတ်သပ်ရန် သူမ၏လက်ကို မြှောက်တင်လိုက်သည်။ သူမ သားငယ်၏ အောင်မြင်သည့်အိမ်ထောင်ရေးက သူမဆီသို့ ပျော်ရွှင်မှုများ ယူဆောင်လာခဲ့သော်လည်း ကြာကြာမခံခဲ့ပေ

 

သခင်မရှန်းက ကိုယ်လုပ်တော်ချန်းကို ကောင်းကောင်း စာနာနားလည်ပေးနိုင်သည်။ သူမတို့ ဝမ်မိသားစု၏ စတုတ္ထသမီးဖြစ်သည့် ဝမ်ယဲ့ကသာ ကိုယ်လုပ်တော်ချန်းကို  ထိုကဲ့သို့ မဆင်မခြင် လုပ်စေခဲ့သူ ဖြစ်သည်။

 

ရှန်ကျင်းမြို့တော်တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် ဝမ်ယဲ့ကဲ့သို့ အိမ်ထောင်ရေးစီစဉ်ပေးရခက်သည့် မိန်းမပျိုမျိုးကို သခင်မရှန်း တစ်ခါမှ မတွေ့ဖူးပေ

 

အချိန်အတော်ကြာ နားယူနေပြီးနောက် နောက်ဆုံးတွင် သခင်မရှန်းက အမိန့်ပေးလိုက်သည်။

 

"စတုတ္ထသခင်မလေးကို သွားခေါ်လာခဲ့"

 

သူမ၏စကားသံတွင် မကျေမနပ် ဖြစ်နေသည့် အရိပ်အမြွက် အနည်းငယ် ပါ၀င်နေခဲ့သည်။

အထိန်းတော်ဟန်က အလျင်အမြန် တုံ့ပြန်လိုက်သည်။

 

"ဟုတ်ကဲ့"

 

ခြံဝင်းထဲတွင် ဝမ်ယဲ့ မည်ကဲ့သို့ ဆွဲဆောင်ရန် ကြိုးစားနေစေကာမူ ဤတစ်ကြိမ်တွင် ကိုယ်လုပ်တော်ချန်းက စိတ်ပိုင်းဖြတ်ထားပုံဖြင့် မတုန်မလှုပ် ရှိနေခဲ့သည်။

 

ဝမ်ယဲ့က ခဏလောက် ထပ်စဉ်းစားလိုက်ပြီး နောက်ဆုံးအနေဖြင့် ထပ်ချော့မော့ကြည့်လိုက်သည်။

 

"ဒီလို ဆိုရင်ရော... ယိနျန်း အရင် ပြန်သွားလိုက်ပါလား? သမီး အမေကို သွားတွေ့လိုက်ပါ့မယ်"

 

ကိုယ်လုပ်တော်ချန်းက စကားများများစားစားမပြောဘဲ သူမ၏ ရိုးသားပုံရသည့် မျက်လုံးဝိုင်းဝိုင်းများက ဝမ်ယဲ့ကို စိုက်ကြည့်နေခဲ့သည်။

 

"နောက်ဆုံးအကြိမ်ကလည်း နင် ငါ ကျေနပ်အောင် အဲ့လိုပဲ ပြောခဲ့တာလေ"

 

ဝမ်ယဲ့: "......"

 

ဝမ်ယဲ့က သူရှေ့မှ လူကို လှည့်ဖြားရန် မည်သို့ ထပ်ပြောသင့်ကြောင်း စဥ်းစားနေခဲ့ပြီး ထိုအခိုက်အတန့်တွင် သခင်မရှန်း၏ အစေခံ အထိန်းတော်ဟန်က သူတို့ဆီ ချဉ်းကပ်နေလာသည်ကို သူမ တွေ့လိုက်ရသည်

အထိန်းတော်ဟန်က အမေနှင့် သမီးရှေ့သို့ရောက်လာခဲ့ပြီး ဝမ်ယဲ့ကို စိုက်ကြည့်နေကာ မျက်နှာထားတင်းတင်းဖြင့် ပြောလာခဲ့သည်။

 

 “စတုတ္ထသခင်မလေးသခင်မက  စတုတ္ထသခင်မလေးကို  တွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်”

 

ဝမ်ယဲ့ မတုံ့ပြန်နိုင်သေးခင်မှာပင် ကိုယ်လုပ်တော်ချန်း၏မျက်လုံးများက ရုတ်တရက် တောက်ပလာပြီး သူမက ဝမ်ယဲ့ကို အလျင်အမြန် တွန်းပို့လိုက်သည်။

 

"မြန်မြန်သွား၊ ငါ အခု ချက်ချင်း ပြန်သွားလိုက်တော့မယ်"

 

ထိုသို့ပြောပြီးနောက် သူမက အထိန်းတော်ဟန်ကို ခေါင်းတစ်ချက်ညိတ်ပြကာ ပင်မဝင်းအတွင်းမှ ချက်ချင်း လှည့်ထွက်သွားခဲ့ပြီး နောက်သို့တစ်ချက်ပင် ပြန်လှည့်မကြည့်တော့ချေ

 

ဝမ်ယဲ့က လျောလျောရူရူ ထွက်သွားနေသည့် ကိုယ်လုပ်တော်ချန်းကျောပြင်ကို ကြည့်နေခဲ့ပြီး သူမ၏နှုတ်ခမ်းကို အနည်းငယ် ဖိထားလိုက်မိသည်။

 

အိမ်တော်က သခင်မရဲ့အမှာစကားတစ်ခွန်းက သူမလို သမီးအရင်းတစ်ယောက်ရဲ့စကားတွေထက် အများကြီး ပိုထိရောက်တယ်လား?’

 

အထိန်းတော်ဟန်ကလည်း ပြုံးချင်နေသည့် သူမ၏နှုတ်ခမ်းထောင့်များကို ဖိနှိပ်ထားရင်း သူမ၏ခန္ဓာကိုယ်ကို ဝမ်ယဲ့ဘက်သို့ အနည်းငယ်လှည့်ကာ လက်ဟန်ဖြင့် လမ်းပြိုက်သည်။

 

"စတုတ္ထသခင်မလေး၊ ကျေးဇူးပြုပြီး..."

ရွေးချယ်စရာ မရှိတော့သည့် ဝမ်ယဲ့ကလည်း သူမဘာသာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ သူကိုယ်သူသပ်သပ်ရပ်ရပ် ဖြစ်အောင် ခပ်မြန်မြန် ပြင်ဆင်လိုက်ပြီး အတွင်းခန်းထဲသို့ ၀င်လာခဲ့သည်။

 

အထိန်းတော်ဟန်က သူမနောက်မှ အနီးကပ်လိုက်ပါလာခဲ့ပြီး လမ်းတွင် ဝမ်ယဲ့ကို အကြိမ်အနည်းငယ် မော့ကြည့်လာခဲ့သည်။

 

သူမက သခင်မရှန်းခန်းဝင်အစေခံဖြစ်ပြီး သခင်မရှန်းနှင့်အတူ ဝမ်အိမ်တော်သို့ ရောက်လာသည်မှာ အနှစ်နှစ်ဆယ်ကျော်နေပြီ ဖြစ်သည်။ သူမက ဤအိမ်တော်ကြီးအတွင်းမှ မိန်းမပျိုလေးများကို ကောင်းစွာ နားလည်နိုင်သည်ဟု သူမ ယုံကြည်ထားခဲ့သည်။ အကြီးဆုံးသခင်မလေးက ကျက်သရေရှိပြီး  သူမကိုယ်သူမ လေးလေးစားစားနေထိုင် ပြုမူတတ်သည်။ အကြီးဆုံးသခင်မလေးက သခင်မရှန်း ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးခဲ့သည့် သမီးကြီး ဖြစ်ပြီး မြင့်မြတ်သောမိသားစုမှ သခငင်မလေးတစ်ဦး၏ ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သည်။ သူမ၏ အပြုအမူများ ကျက်သရေရှိနေပြီး သူမ၏လှုပ်ရှားမှုတိုင်းက  စည်းကမ်းများနှင့်အညီ တင့်တယ်လွန်းလှသည်။

 

အခြားသော ကိုယ်လုပ်တော်များမှ မွေးဖွားသည့် သမီးတော်များကလည်း အကြီးဆုံးသခင်မလေးနှင့် ယှဉ်လျှင် ရုပ်ရည်နှင့် စိတ်နေသဘောထား အနည်းငယ် နိမ့်ကျသည်ဟု ဆိုနိုင်သော်လည်း ယေဘုယျအားဖြင့် အမှားအယွင်း မရှိကြပေ။

 

ယခု သူမရှေ့တွင် ရှိနေသည့် စတုတ္ထသခင်မလေး တစ်ဦးတည်းကသာ လူမြင်ကွင်းနှင့် နောက်ကွယ်တွင် မတူညီသော ပုံရိပ်နှစ်ခု ရှိကြောင်း မကြာသေးမီနှစ်များအတွင်းက အထိန်းတော်ဟန် သိလာခဲ့ရပြီး အသိနောက်ကျသည်ဟု ဆိုနိုင်ပေသည်

 

သူမက အခြားသူများ ရှေ့တွင် ယဉ်ကျေးသိမ်မွေ့သော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့  ပြုမူနေထိုင်တက်သော်လည်း အခြားသူများ၏အကြည့်များနှင့် ဝေးကွာသည့် သူမ၏နေရပ်သို့ ပြန်ရောက်သွားလျှင်တော့ အရိုးမဲ့နေသလို ဖြစ်သွားတတ်သည်။ သူမက မတ်တပ်မရပ်ချင်တော့လျှင် ထိုင်ချတက်သူ ဖြစ်ပြီး သူမ မထိုင်ချင်လျှင်တော့ လဲလျောင်းနေတက်သူသာ ဖြစ်သည်

 

ယခု ခန်းမထဲသို့ ဝင်လိုက်သည်နှင့် အထိန်းတော်ဟန် ခေါင်းမော့ကြည့်လိုက်ပြီး  စတုတ္ထသခင်မလေးက သခင်မရှန်းအား အရိုအသေပေးနေသည်ကို သူမ တွေ့လိုက်ရသည်။ သခင်မရှန်းက "ထိုင်ပါ" ဟု ပြောပြီးသည်နှင့်  စတုတ္ထသခင်မလေး၏တင်ပါးက ထိုင်ခုံနှင့် ကပ်နေပြီးသား ဖြစ်နေခဲ့သည်

 

ထိုမြင်ကွင်းကို ကျင့်သားရနေတာ ကြာပြီဖြစ်သော အထိန်းတော်ဟန် : "......"

 

ဒီစတုတ္ထသခင်မလေးက စည်းမျဥ်းတွေနဲ့ လိုက်နာရမယ့်ကျင့်ဝတ်တွေရဲ့ ဘောင်အတွင်းကနေ  သူမဘာသာသူမ သက်တောင့်သက်သာနေနိုင်အောင် အတတ်နိုင်ဆုံး စီမံထားနိုင်လွန်းတယ်ဒါပေမယ့် သူမ အဲ့လို ပျင်းရိပြီး အပါးခိုနေတာတောင် ဘယ်သူ့ကမှ သူမကို အပြစ်ရှာဖို့ အကြောင်းပြချက် မရှာနိုင်ခဲ့ကြဘူး။ သူမက သူမ လုပ်နိုင်မယ့်အတိုင်းအတာကို သိပြီး အဲ့အခွင့်အရေးကို အတိအကျ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်

 

လက်ဖက်ရည်ခွက်ကို လှမ်းယူရန် ပြင်နေသည့် သခင်မရှန်းက သူမ၏လက်ကို ခေတ္တ တန့်ထားလိုက်ပြီး သူမ၏ညာဘက်တွင် ရိုရိုကျိူးကျိုး ထိုင်နေသည့်လူကို မျက်လုံးပင့်ကြည့်လိုက်သည်။ ခဏတာမျှ တိတ်ဆိတ်နေပြီးနောက် သူမက  စမေးလိုက်သည်။

 

"အမေ မင်းကို ဘာလို့ ဒီကိုခေါ်တယ်ဆိုတာ မင်း သိတယ်မလား"

 

ဝမ်ယဲ့က သူမ၏စိတ်ထဲမှ ကျိတ်ကာ သက်ပြင်းချလိုက်သည်။ သူမ သေသေချာချာ သိနေသည့်တိုင်း သူမက သူမ ရောက်လာသည့်အချိန်ကကဲ့သို့ လိမ္မာရေးခြားရှိသော မျက်နှာအမူအရာကို ထိန်းထားဆဲဖြစ်သည်။ သူမ၏မျက်ခုံးနှင့် မျက်လုံးများကတော့ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလာခဲ့ပြီး အပြစ်မကင်းသည့် အရိပ်အယောင်လေးများကို  ဖော်ပြလာခဲ့သည်။ ထို့နောက် သူမက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

 

"သမီးရဲ့အိမ်ထောင်ရေးက အမေ့ကို စိတ်ပူစေခဲ့ပါတယ်"

 

သခင်မရှန်းက သူမ၏ တွန့်ကွေးသွားသော နှုတ်ခမ်းများကို ဖုံးကွယ်ရန် လက်ဖက်ရည်သောက်မည့်ဟန်ဖြင့် ခေါင်းငုံ့လိုက်ရသည်။ သူမ ခေါင်းပြန်မော့လာချိန်တွင် သူမပုံမှန်တင်းမာပြီး လေးနက်တည်ကြည်သော မျက်နှာထားကို ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သည်။

 

"ဝမ်အိမ်တော်မှာ အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေတဲ့ သမီးပျိုလေးက မင်းတစ်ယောက်တည်းသာ မဟုတ်ခဲ့ရင် ဝမ်မိသားစုက တခြားအိမ်တော်တွေဆီကနေ အတင်းအဖျင်းပြောခံရတာ ကြာနေမှာကို ငါ စိုးရိမ်မိတယ်

 

"မင်းကိုယ်တိုင်အတွက် မဟုတ်ရင်တောင် မင်းရဲ့ညီမလေးတွေအတွက် တွေးကြည့်သင့်တယ်"

 

သခင်မရှန်း၏ အမူအရာက ပိုမိုလေးနက် တင်းမာလာပုံရပြီး သူမက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။

 

"ပဉ္စမသမီး အရွယ်မရောက်မချင်း အချိန်ဆွဲထားဖို့ တကယ် စိတ်ကူးရှိနေတာလား"

 

"သမီး အဲ့လို လုပ်ရဲပါဘူး"

 

ဝမ်ယဲ့က သူမ၏ခေါင်းကို ထပ်ငုံချရင်း ပြန်ဖြေလိုက်သည်။

 

ယခုအချိန်တွင် သူမ၏ရိုးသားသော အသွင်အပြင်လေးက သူမ၏မွေးမိခင်နှင့် အလွန်ဆင်တူနေခဲ့သည်။ သူမကို ကြည့်မိလျှင် မာမာထန်ထန် ပြောရက်နိုင်လောက်အောင် ဖြစ်စေပြန်သည်။

 

သခင်မရှန်းက သူမ၏မျက်လုံးများကို ခဏတာမျှ အကြည့်လွှဲလိုက်ပြီးမှ ဝမ်ယဲ့ကို ပြန်ကြည့်လိုက်ကာ ထပ်ပြောလိုက်သည်။

 

"လွန်ခဲ့တဲ့ ရက်အနည်းအတွင်း မင်းရဲ့ယိနျန်းက အမေ့ဆီကို ရောက်လာပြီး မင်းရဲ့လက်ထပ်ပွဲကို တက်နိုင်သမျှ အမြန် စီစဉ်ပေးဖို့ တောင်းဆိုခဲ့တယ်"

 

ဝမ်ယဲ့က ရုတ်​တရက်​ သူမ၏မျက်​လုံးလေးများကို ပြန်​မော့လာခဲ့ပြီး သူမကို ကြည့်နေသည့် သခင်မရှန်း၏အကြည့်များကို မျက်လုံးပြူးလေးဖြင့် ရင်ဆိုင်လိုက်သည်။

 

ဒီပုံစံက ဘာလဲ? မင်းက ဘာကို မေးချင်နေသေးတာလဲ? အမေက ဘာလို့ ဆက်ပြီး ဟန်ဆောင်မနေတော့တာလဲလို့ မေးချင်နေတာလား?’

 

သူမရှေ့မှ မိထွေးဖြစ်သူက သူမ၏ စိတ်ရင်းအမှန်ကို မြင်တွေ့ခဲ့သည်မှာ ကြာနေပြီကို ဝမ်ယဲ့ သိထားပြီးဖြစ်သော်လည်း ရုတ်တရက် ယခုကဲ့သို့ ထုတ်ဖော်လိုက်ရသည်က အနည်းငယ် ရှက်စရာ ကောင်းနေသေးသည်။

 

‘သူမ မရှက်ဘူးလို့ ပြောရင် အဲ့ဒါက ညာတာပဲ... ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူမရဲ့ အတော်လေး ထူထဲတဲ့ အသားအရည်က ဖွံ့ဖြိုးလာခဲ့ပြီးပြီ

(t/n: အသားအရေထူတယ်ဆိုတာက အရှက်မရှိတာကို ပြောချင်တာပါ)

 

အသက်ပြင်းပြင်းရှူသံ အနည်းငယ် ကြားလိုက်ရပြီးနောက် ဝမ်ယဲ့က ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ တလေးတစား ပြန်ပြောလိုက်သည်။

 

"သမီး နားလည်ပါပြီ၊ သမီး ပြန်သွားတဲ့အခါ ယိနျန်းကို သေသေချာချာ ပြောထားလိုက်ပါ့မယ်"

 

သခင်မရှန်း၏မျက်ခုံးများက လှုပ်ခတ်သွားပြီး စိတ်ရှုပ်ထွေးသွားပုံဖြင့်  ပြန်‌မေးလာသည်။

 

"မင်းက ဘာကို ပြောမှာလဲ"

 

ဝမ်ယဲ့က သခင်မရှန်း၏အကြည့်ကို အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် တည်တည်ငြိမ်ငြိမ်  ကြည့်ကာ ပြန်ဖြေလိုက်သည်။

 

 "အမေက နေ့တိုင်း နေ့တိုင်း အိမ်တော်ရဲ့ ကိစ္စအဝဝကို စီမံနေတယ်ယိနျန်က အမေကို မကြာခဏ လာလာနှောင့်ယှက်တာက ယိနျန်းရဲ့ အမှားပါ"

 

"......"

 

‘ဟုတ်တာပေါ့... သူမက တခြားသူတွေအပေါ် ဘယ်လိုအပြစ်လွှဲပေးရမည်ဆိုတာကိုလည်း သိနေသေးတယ်

 

သခင်မရှန်း ဝမ်မိသားစုသို့ လက်ထပ်ဝင်ရောက်လာသည်မှာ အနှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်ပြီး အရာအားလုံးက ချောမွေ့နေခဲ့သည်။ သူမကို မည်သူ့ကမျှ နှောင့်ယှက်ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် လွန်ခဲ့သည့်နှစ်များအတွင်း ဝမ်ယဲ့စရိုက်အမှန်ကို သူမ မြင်ပြီးကတည်းက ဝမ်ယဲ့နှင့် ရင်ဆိုင်ရတိုင်း သူမလျှာဖျားပေါ်သို့ အပြစ်တင်စကားများ အဆက်မပြတ် ရောက်လာတတ်သည်။ သို့သော်လည်း ထိုစကားလုံးများက အသံအဖြစ် ထွက်မလာနိုင်ခဲ့ပေ။

 

သူမ၏ ဤကိုယ်လုပ်တော်ဖွားသမီးကို ကိုယ်လုပ်တော်ချန်းက ဤမျှထူးထူးခြားခြားဖြစ်အောင် မည်သို့ မွေးဖွားထားခဲ့မှန်း သူမလည်း သိချင်နေမိသည်

 

"မင်းရဲ့ယိနျန်းက နားမလည်နိုင်ပေမယ့် အမေကတော့ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်"

 

အကြာကြီး နှုတ်ဆိတ်နေပြီးနောက် သခင်မရှန်းက လေးလေးနက်နက် ထပ်ပြောလိုက်သည်။

 

"ဒါက မင်းက တစ်စုံတစ်ယောက်ရဲ့ ဇနီး မဖြစ်ချင်တာကြောင့်ပဲ"

 

ဝမ်ယဲ့၏မျက်နှာတွင် အံ့သြရိပ်များ ထွက်ပေါ်လာပြီး သူမ ငြင်းခုံရန် ပါးစပ်ဟလိုက်သည်

 

“အမေ၊ သမီးက....”

 

"မင်း ရှင်းပြဖို့ မလိုဘူး"

 

သခင်မရှန်းက သူမ၏လက်ကို အနည်းငယ် မြှောက်ကာ ဝမ်ယဲ့ကို တန့်တားလိုက်သည်။

 

"လွန်ခဲ့တဲ့ငါးနှစ်က မင်း မြင့်မြတ်တဲ့မိသားစုတစ်စုဖြစ်တဲ့ ဓလေ့ထုံးတမ်းရေးရာက အမတ်တစ်ဦးရဲ့ တတိယသားကို ငြင်းပယ်ပြီး နာတာရှည်ရောဂါနဲ့ မကျန်းမမာဖြစ်နေတဲ့ မိခင်အိုကြီး ရှိတဲ့ လက်ထောက်အမတ်ချင်ကို ရွေးချယ်ဖို့ တောင်းဆိုခဲ့တယ်။ ရလဒ်က မင်းတို့ စေ့စပ်ပြီး နှစ်လအကြာမှာ လက်ထောက်အမတ်ချင်ရဲ့အမေ ဆုံးပါးသွားခဲ့တယ်။ လက်ထောက်အမတ်ချင်က သူ့အမေအတွက် ဝမ်းနည်းပူဆွေးတဲ့ကာလကို ဖြတ်ကျော်ဖို့ သုံးနှစ်ကြာလိုတာကြောင့်  မင်းတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ရတယ်"

 

သူမ၏အတိတ်မှ လျှို့ဝှက်ချက်ဟောင်းများ ဖော်ထုတ်ခံလိုက်ရချိန်တွင် ဝမ်ယဲ့က ညိုးငယ်သော မျာက်နှာဖြင့် မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ကာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရန် ရွေးချယ်လိုက်သည်။

 

သခင်မရှန်းက သူမကို တစ်ချက်ကြည့်ရင်း ဆက်ပြောနေပြန်သည်။

 

"နောက်တော့ ကျန်းအိမ်တော်က သခင်လေးက မင်းနဲ့ ထိမ်းမြားဖို့ ကမ်းလှမ်းခဲ့ပြီး မင်းလည်း သဘောတူခဲ့တယ်။ မင်္ဂလာပွဲကို တိုင်းပြည်ရဲ့ဝမ်းနည်းခြင်းကာလ ပြီးဆုံးတဲ့အချိန်အထိ စောင့်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမယ့် စေ့စပ်ပြီးလို့ နှစ်ဝက်မပြည့်ခင်မှာပဲ မင်းက သုံးကြိမ်လောက် ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ပြီးနေပြီ၊ တစ်ခါ နေမ‌ကောင်းရင် တစ်လကျော်ကြာတယ်။ ချန်းယိနျန်းက မင်းအတွက် အရမ်းစိတ်ပူပြီး ငါ့ဆီကို ရောက်လာခဲ့တယ်။ သူ(မ)က မင်းကို ကူညီပြီး ကျန်းမိသားစုနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ ငါ့ကို တောင်းဆိုတယ်"

 

ဝမ်ယဲ့ကတော့ သူမ၏လက်ချောင်းများ အချင်းချင်း ပွတ်တိုက်နေပြီး တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။

 

"သိပ်မကြာခင်မှာပဲ လျိုမိသားစုက မင်းကို ကမ်းလှမ်းလာပြန်တယ်။ မိသားစုနှစ်ခုကြားမှာ ကျင့်ဝတ်ခြောက်ခုအရ လက်ဆောင်တွေ ဖလှယ်ပြီးလုနီးပါး ဖြစ်နေတဲ့အချိန်ရောက်လာမှ လျိုသခင်လေးက တိုင်းပြည်ရဲ့ဝမ်းနည်းခြင်းကာလအတွင်း သူ့ရဲ့ကိုယ်လုပ်တော်ကို ကိုယ်ဝန်ရစေတယ်ဆိုတဲ့သတင်းက ရှန်ကျင်းမြို့တော်တစ်ခွင်  ပျံ့နှံ့လာပြန်တယ်”

 

 

သခင်မရှန်းက သူမ၏စကားကို ထိုနေရာတွင် ခဏရပ်ထားခဲ့ပြီး ကိုယ်လုပ်တော်ချန်းအား အပြစ်လွှဲချချင်နေသည့် ဝမ်ယဲ့ကို တစ်ချက်ကြည့်ကာ ခဏအကြာတွင် ဆက်ပြောလာပြန်သည်။

 

"မင်းမှာ ပြောစရာရှိသေးလား?"

 

ဝမ်ယဲ့ကတော့ သူမဘာသာ စိတ်ထဲမှ တွေးနေပြန်သည်။

 

အိမ်တော်ကြီးတစ်ခုရဲ့သခင်မကတော့ မျှော်လင့်ထားတဲ့အတိုင်း သခင်မ ပီသပါပေတယ်။ အမှန်တကယ်လည်း အရင် အဖြစ်အပျက် အများစုက သူမရဲ့ကိုယ်ပိုင်ပရိယာယ်တွေကြောင့် အဲ့လိုတွေ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူမ ကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိခဲ့ဘူး။ ဒါတောင်မှ သခင်မရှန်းက သဲလွန်စချို့ကို ဖော်ထုတ်နိုင်နေပြီ

 

‘ဒါပေမယ့်လည်း သခင်မရှန်းမှာ တိကျတဲ့ သက်သေအထောက်အထား ရှိသေးပုံ မရဘူး။ မဟုတ်ရင် သခင်မရှန်းက အဲ့တာတွေကို သူမရှေ့မှာ ထုတ်ပြထားလောက်ပြီ

 

အထောက်အထားမရှိလျှင် ဝမ်ယဲ့က မည်သည့်အရာကိုမျှ ဝန်ခံမည် မဟုတ်ပေ။ သူမက သခင်မရှန်းကို မော့ကြည့်လိုက်ပြီး သူမ၏ ရိုးအပုံရသည့် မသိနားမလည်သော မျက်နှာအမူအရာလေးအတိုင်း ပြန်မေးလိုက်သည်

 

“အမေက ဘာကိုပြောတာလဲ?

 

"ဟွန့်"

 

သခင်မရှန်းက အေးစက်စွာ နှာမှုတ်သရော်ပြီးမှ မေးလာခဲ့သည်။

 

 "ဒီလိုအချိန်မျိုးမှာတောင် မင်းက ငါရှေ့မှာ ငတုံးလိုဟန်ဆောင်နေသေးတာလား?"

 

သခင်မရှန်း၏ လေသံ ပြောင်းလဲသွားချိန်တွင် ဝမ်ယဲ့က ချက်ချင်း နာခံမှုအပြည့်ဖြစ်လာသည်။

 

"ဒီတစ်ခါတော့ အမေပြောသမျှကို သမီး နားထောင်ပါ့မယ်"

 

‘ဒီကောင်မလေးက ပုန်ကန်တတ်တဲ့ သဘောသဘာဝ ရှိပေမယ့် ကွေးလွယ်ဆန့်လွယ် ဖြစ်ပြီး အရာရာကို လိုက်လျောညီထွေ ဖြစ်အောင်လည်း နေတတ်သေးတယ်’

 

‘ကိုယ်လုပ်တော်ချန်းက သူမကို ဘယ်လိုများ ပြုစုပျိုးထောင်ထားတာပါလိမ့်’

 

ဝမ်ယဲ့၏ရုတ်တရက် နာခံမှုကြောင့် သခင်မရှန်းက သူမ၏နှလုံးသားထဲတွင် တည်ဆောက်လိုက်သော ဒေါသများကို ဖွင့်ထုတ်ရန် နေရာမရှိတော့ပေ။

 

‘ဒီဝမ်ယဲ့ဆိုတဲ့ ကောင်မလေးက သူမရဲ့ဒေါသက ဘယ်နေရာမှာ အဆုံးသတ်တယ်ဆိုတာတောင် သိထားသေးတယ်’

 

အမှန်တကယ်တွင် ဝမ်ယဲ့က ဤဘဝတွင် လုံးဝ အိမ်ထောင်မပြုရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေသူမ လက်ထပ်ရန် အဆုံးထိ ငြင်းဆန်နေပါက သူမထံတွင် ရွေးချယ်စရာ နှစ်ခုသာ ကျန်နေပေလိမ့်မည်။

 

‘ပထမတစ်ခုက နာမကျန်းဖြစ်ပြီး တဖြည်းဖြည်းနဲ့ သေသွားရလိမ့်မယ်....’

 

‘အဲ့တစ်ခုက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်....’

 

‘နောက်တစ်ခုက သီလရှင် ဝတ်ဖို့... သက်သတ်လွတ် အစားအစာတွေကို နေ့တိုင်းစားပြီး မိသားစုအတွက် ကောင်းချီးတွေရဖို့ ဆုတောင်းရင်း တစ်သက်လုံး သီလရှင် ဘဝနဲ့ နေရမယ်’

 

‘ဒီဘဝမှာ သူမ ရှေးခေတ်က အတွင်းဆောင်မှာပဲ နေရတဲ့ မိန်းမပျိုလေးဘဝကို ကျင့်သားရနေပြီးပြီသူမ ဘယ်ကိုမှ လွပ်လွပ်လတလတ် သွားခွင့်မရှိဘူး၊ ရတယ်၊ သူမ ဒါကို လက်ခံနိုင်တယ်၊ ဒါပေမယ့် သူစိတ်ရှိတိုင်း အသာစားခွင့် မရနိုင်ဘူးဆိုရင်တော့ တောင်းပန်ပါတယ်... သူမ အဲ့ဒါကို လုံးဝ လက်မခံနိုင်ဘူး

 

သူမ ရွေးချယ်နိုင်သည့် အကြောင်းအရာနှစ်ခုလုံးက သူမ လိုချင်သည့်အရာ မဟုတ်ပေ။

 

ဝမ်ယဲ့ကလည်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိသူ ဖြစ်သည်သူမက အတိတ်ဘဝမှ မှတ်ဥာဏ်အပြည့်ဖြင့် လူပြန်ဝင်စားပြီး ပြန်လည်မွေးဖွားလာခဲ့သည်။ ထိုအရာက ရှားပါးပြီး ထူးကဲလွန်းသည့် အတွေ့အကြုံတစ်ခု ဖြစ်သော်လည်း သူမက အချိန်ကို ဖြတ်သန်းလာပြီး သမိုင်းလမ်းကြောင်းကို ပြောင်းလဲပေးနိုင်မည့် ပထမဆုံးလူအဖြစ် သူမကိုယ့်သူမ ဘယ်တုန်းကမှ မသတ်မှတ်ထားခဲ့ပေ

 

ဤဘဝတွင် သူမအလှတရားကြောင့် သူမ တစ်ယောက်တည်းကို တစ်သက်လုံး ချစ်မြတ်နိုးနေည့် လက်တွဲဖော်တစ်ယောက် ရှိလာမည်ဟုလည်း သူမယုံကြည်ခဲ့ပေ

 

ခေတ်သစ် လူအဖွဲ့အစည်းတွင်ပင် အမျိုးသမီးတစ်ဦးတည်းကိုသာ တစ်သက်လုံး ချစ်မြတ်နိုးပြီး လမ်းလွဲမသွားသည့် အမျိုးသားများက  ရှားပါးလွန်းနေပြီ ဖြစ်ရာ ဇနီး၊ ကိုယ်လုပ်တော် သုံးယောက်နှင့် မောင်းမလေးယောက် ထားခွင့်ရှိသော ရှေးခေတ်ဓလေ့ထုံးတမ်းများနှင့် အကျွမ်းဝင်နေသည့် အမျိုးသားများကိုတော့ ထည့်ပြောရန်ပင် မလိုအပ်တော့ပေ။

 

အစပိုင်းတွင် သူမ အိမ်ထောင်ပြုရန် ဝန်လေးနေပြီး အချိန်ဆွဲနေခဲ့ရသည့် အကြောင်းအရင်းခြင်းမှာ ထိုအချိန်က သူမ ငယ်လွန်းသေးသောကြောင့် ဖြစ်သည်။ သူမက အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သာရှိသေးသော ကလေးများအား အိမ်ထောင်ပြုစေခြင်းကိုတော့ အသားမကျနိုင်ခဲ့ပေ

 

သို့သော် "မငြင်းနိုင်၍ လက်ခံလိုက်ရသည်" နှင့် "တတ်နိုင်သမျှ ရှောင်ပါ" ဟူသော ရွေးချယ်မှုတွင် သူမက အနောက်မှတစ်ခုကို သေချာပေါက် ရွေးချယ်မည် ဖြစ်သည်။

 

အပြင်ပန်းတွင် ဝမ်ယဲ့၏ မျက်လုံးလေး ကလယ်ကလယ်ဖြင် နာခံလေးပုံရသော်လည်း သူမ၏စိတ်ထဲတွင်မူ အတွေးများ လည်ပတ်နေခဲ့သည်။

 

သူမရဲ့ စေ့စပ်ကြောင်းလမ်းမှုတွေကို ဖျက်သိမ်းခဲ့ရတာ သုံးကြိမ်ရှိနေပြီ။ ဝမ်မိသားစုရဲ့စတုတ္ထသမီးလေးမှာ ခင်ပွန်းဖြစ်သူအတွက် ကံဆိုးစေမည့် ကံကြမ္မာတစ်ခုရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကလည်း ပျံ့နှံ့နေသေးတယ်

 

‘အဲ့တာပြင် သူတို့ရဲ့ စံနှုန်းတွေအရဆိုရင် အခု သူမက 'အို' နေပြီ၊ အဲ့တော့ သူမရဲ့အိမ်ထောင်ရေးကို စီစဥ်ဖို့က ပိုခက်ခဲလာလိမ့်မယ်

 

ထိုအကြောင်းကို စဉ်းစားလိုက်မိချိန်တွင် ဝမ်ယဲ့က ပြောလိုက်ပြန်သည်။

 

“အမေ ဒုက္ခတွေ့များနေရင်လည်း သမီး ပြန်သွားပြီး ယိနျန်းကို ဖျောင်းဖျပေးပါ့မယ်

 

သူမက ပြောနေရင်းဖြင့် မတ်တပ်ရပ်လိုက်သည်။

 

"မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ?"

 

သခင်မရှန်း၏လေသံက တင်းမာလွန်းပြီး သူမကို မျက်လုံးများဝင့်ကြည့်လာပြန်သည်။

 

ဝမ်ယဲ့က ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်ပြီး တည့်တည့်မတ်မတ် ထိုင်နေခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် နားမလည်နိုင်မှုနှင့် အံသြမှုများ ရှိနေခဲ့သည်

 

သို့သော် ဝမ်ယဲ့၏ လက်ရှိအမူအရာက သူမ၏ဟန်ဆောင်မှုမှန်း သခင်မရှန်းကတော့ သိပြီးသား ဖြစ်သည်။

 

သူမက အပြင်ပန်းတွင် နာခံမှုရှိပြီး လိုက်လျောညီထွေနေတတ်သော်လည်း သူမ၏အတွင်းစိတ်တွင် ပုန်ကန်မှုများ ပြည့်နှက်နေလေသည်။

 

ထို့ကြောင့် သူမက အတိအလင်း သတိပေးလိုက်သည်။

 

"ငါ အရင်က မင်းရဲ့ကိစ္စတွေကို စီမံဖို့ တွန်းအားမပေးချင်ခဲ့ပေမယ့် အခုတော့ ဝမ်မိသားစုက နောက်ထပ်သမီးတွေအတွက် မင်းရဲ့အိမ်ထောင်ရေးကို သုံးလအတွင်း ပြေလည်စေရမယ်"

 

သူမက ဤကိုယ်လုပ်တော်ဖွား သမီးဖြစ်သည့် ဝမ်ယဲ့ကြောင့် သူမအနာဂတ်မြေးမလေးများ၏ အိမ်ထောင်ရေးတွင် အခက်အခဲများ မကြုံတွေ့စေချင်ပေ

 

ဝမ်ယဲ့ကလည်း သခင်မရှန်း၏စိတ်ထဲမှ အတွေးများကို မြင်နိုင်ပြီး ယခုတကြိမ်တွင် သူမရှောင်နိုင်တော့မှန်း နားလည်လိုက်သည့်အတွက် နာခံတတ်လွန်းသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"သမီးက အရာအားလုံးကို အမေ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာမှာပါ"

 

သခင်မရှန်းက ဝမ်ယဲ့ကို အကြာကြီး စိုက်ကြည့်နေပြီး ယခုတစ်ကြိမ်တွင် ဝမ်ယဲ့ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူမအမူအရာက နည်းငယ် ပျော့ပျောင်းသွားသည်။

 

"မင်း အရမ်းတော့ စိတ်မပူပါနဲ့၊ မင်းအခြေအနေက နည်းနည်း ခက်ခဲပေမယ့် အမေက မင်းအတွက် ခင်ပွန်းကို ပေါ့ပေါ့တန်တန် ရွေးချယ်မှာ မဟုတ်ပါဘူး။ အချိန်တန်လို့ အဆင်ပြေတဲ့သူ တွေ့လာတဲ့အခါ မင်း သူတို့ထဲက တစ်ယောက်ကို ရွေးလို့ရတယ်"

 

ဝမ်-မျက်လုံးလေး ပေကလပ် ပေကလပ်- ယဲ့ : ငါ့မှာ ရွေးချယ်ခွင့် ရှိသေးတယ်လား?

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟