အပိုင်း ၂၂၈ ( Educated Youth 13 )
Viewers 51k

ဆယ်နှစ်ကြာ ရပ်တန့်နေခဲ့တဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စပြီ!


ထိုသတင်းသည် ကုမိသားစုကို ထိတ်လန့်သွားစေသည်။


ကုမင်ရှိူ့သည် ဤစကားကို ကြားသော် ပထမတော့ သူ ဝမ်းသာသွားသည် — ယန်ကျင်းဇီက အလွန်ထက်မြက်သည်။ သူ တက္ကသိုလ်တက်ရမှာ သေချာတော့ မြို့ကို ပြန်နိုင်ပြီ!


ထို့နောက် သူ ချက်ချင်းပင် စိတ်ပူသွားသည်။ ယန်ကျင်းဇီသည် တက္ကသိုလ်သို့ ဝင်ရောက်နိုင်သော်လည်း သူက ဝင်ခွင့်မရလောက်ပေ။


သူများက ဆယ်နှစ်ကျော်လောက် စာသင်နေခဲ့သည်။ သူက‌ရော? သူ ငယ်ငယ်က ညီဖြစ်သူနှင့်အတူ မူလတန်းကျောင်းတက်ခဲ့ပြီး အတန်းနားထောင်ရင်း သူ့ညီကို ပွေ့ချီထားသည်။ သူသည် အလုပ်ကို ကောင်းကောင်းလုပ်ခဲ့သော်ငြား ဆရာ့ဆီမှ အရာအားလုံးကို မသင်ယူခဲ့ပေ။


လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ ဗဟုသုတများစွာ သင်ယူခဲ့သော်လည်း များများလေ့လာလေ၊ သူ သင်သည်မှာ ဗဟုသုတနည်းလွန်းသည်ဟု သူ ခံစားရလေလေ ဖြစ်သည်။


အထူးသဖြင့် သူ့ပတ်ဝန်းကျင်တွင် နှိုင်းယှဥ်စရာ ယန်ကျင်းဇီ ရှိသောအခါတွင်ပင်။


ယန်ကျင်းဇီက သူ့မောင်နှမများကို သင်ပေးသောအခါ ကျောင်းရှိ ဆရာမနှင့် ဆင်တူသော်ငြား သူ့ကိုတော့ အလွန်ဂရုတစိုက်နှင့် သင်ပေးသည်။ ဤအချက်ကြောင့်သာ ယန်ကျင်းဇီဟာ မည်မျှအစွမ်းထက်သည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။


မြို့ထဲတွင် ရှာတွေ့နိုင်သော စာအုပ်များမှာ အများကြီး မရှိသော်ငြား ထိုသို့ဖြစ်လျှင်တောင်မှ သူသည် များများလေ့လာဖို့ မတတ်နိုင်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီက အရာအားလုံးကို သိရှိပြီး စာအုပ်အားလုံးကို နောက်မှပြန်ရွတ်ပြနိုင်သည်။


မြို့က လူတွေ အားလုံး အရမ်းတော်ကြတာပဲလား? သူ တက္ကသိုလ်ဝင်ခွင့် မရရင် ဘယ်လိုလုပ်မလဲ?


ကုမင်ရှိူ့က ရှုပ်ထွေးသော ခံစားချက်ကို ခံစားနေရသော်ငြား ကုယွီပေါင်ကတော့ စိတ်လှုပ်ရှားနေသည်။


ယန်ကျင်းဇီက လွန်ခဲ့သည့် နှစ်နှစ်မှစ၍ သူ့ကို စာသင်ပေးခဲ့သော်လည်း ယန်ကျင်းဇီက စီနီယာအထက်တန်းကျောင်းကို ပြီးမြောက်ခါဖြစ်သည်။ သူကတော့ အထက်တန်းကျောင်းက အသိပညာအားလုံးကို ပြီးမြောက်ထားပြီးပြီ!


(*စီနီယာအထက်တန်းကျောင်း - G10 to G12, အထက်တန်းကျောင်း - G7 to G12)


ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူ ယန်ကျင်းဇီကို ကျော်နိုင်လောက်တယ်!


သူကသာ ယန်ကျင်းဇီထက် သာရင် ယန်ကျင်းဇီဟာ သူ့အစ်ကိုကို ထိခိုက်စေမယ့် အရာတွေကို မလုပ်ရဲတော့ဘဲ သူ့အစ်ကိုကိုလည်း မစွန့်ပစ်ရဲတော့ဘူး!


ကုယွီပေါင်သည် သူ့လက်သီးကို ဆုပ်လိုက်ပြီး တက္ကသိုလ်တက်ပြီးနောက် သူ မည်မျှကြီးကျယ်လာမည်ကို စတင်စိတ်ကူးကြည့်မိသည်။ စစချင်း ယန်ကျင်းဇီနှင့် စာသင်နေစဉ် သူသည် အလေးအနက် မထားခဲ့သော်ငြား နောက်ပိုင်း သူ့အစ်ကိုနှင့် ယန်ကျင်းဇီတို့၏ ဆက်ဆံရေးကို သိလာသောအခါ သူ အလွန်ကြိုးစား၍ သင်ယူခဲ့သည်။


ယန်ကျင်းဇီ တခြားနေရာရာမှ ရလာသော အထက်တန်းကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ အကုန်လုံးနီးပါးကို သူ အလွတ်ကျက်ထားပြီး ၎င်းမှ အကြောင်းအရာအားလုံးကို သူ ဖြေဆိုနိုင်သည်။


ကုယွီလန်လည်း ဝမ်းသာနေသည်။


ကုယွီလန်သည် သူတပါးကို အမြဲမျက်စိကျကာ ခိုးယူခြင်းကို နှစ်သက်လေ့ရှိခဲ့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း ယန်ကျင်းဇီသည် သူ(မ)အတွက် အလုပ်များစွာ စီစဉ်ပေးခဲ့ပြီး ပညာသင်ပေးခဲ့ပြီးဖြစ်သောကြောင့် သူ(မ)သည် မည်သည့်အရာကိုမှ ခိုးကြောင်ခိုးဝှက် မလုပ်တော့ပေ။ အမျိုးမျိုးသော အစားအစာများ၏ သွေးဆောင်မှုကြောင့် သူ(မ)သည်လည်း အလွန်ကြိုးစားလေ့လာခဲ့သည်။


သူ(မ) တက္ကသိုလ်တက်နိုင်မလား? ဒီလိုဆိုရင်… သူ(မ) မြို့သားနဲ့ လက်ထပ်နိုင်မလား?


ပြီးတော့ အစ်ကို…


ကုယွီလန်က တော်တော်လေး လည်ဝယ်သည်။ အစ်ကိုကြီးနှင့် ယန်ကျင်းဇီတို့၏ သံသယဖြစ်ဖွယ် လုပ်ရပ်များကို ဟိုးယခင်ကတည်းက သူ(မ) ရှာဖွေတွေ့ရှိခဲ့ပြီး ကုယွီပေါင်နှင့်လည်း ဆက်သွယ်ခဲ့သည်။


ကုယွီပေါင်ကဲ့သို့ ယန်ကျင်းဇီက အလွန်ဆိုးရွားသည်ဟု သူ(မ) မထင်သော်လည်း သူ(မ)၏ အစ်ကိုကြီးနှင့် ယန်ကျင်းဇီတို့နှင့်ပတ်သက်ပြီး အကောင်းမြင်ခြင်းလည်း မရှိပေ။


အကယ်၍ သူ(မ)သာ ချမ်းသာလာပါက အနာဂတ်တွင် ယန်ကျင်းဇီက အစ်ကိုဖြစ်သူနှင့် ခွဲခွာသွားလျှင်တောင်မှ သူ(မ)က အစ်ကိုကြီးကို ထောက်ပံ့နိုင်လိမ့်မယ်!


သေချာတာပေါ့၊ ယွီရှန်းလည်း ပျော်ရွှင်နေသော်ငြား အငယ်ဆုံး ကုယွီခန်းကို ကြည့်ပြီး သူ(မ) နှုတ်ဆိတ်သွားပြန်သည်။


 သူတို့က အပြင်ထွက်ပြီး စာကျက်နိုင်လျှင် သေချာပေါက် ကောင်းမွန်သည်ပင်။ ဒါပေမယ့် ယွီခန်းကရော?


ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ယန်ကျင်းဇီသည် သူ့ကို အိမ်အလုပ်လုပ်ခိုင်းခဲ့သည်။ ရှစ်နှစ်အရွယ် ယွီခန်းသည် သူ့ကိုယ်သူ ဂရုစိုက်နိုင်နေပြီဖြစ်သည်။ အနာဂတ်တွင် သူ့ကို မည်သူကပဲ ဂရုစိုက်စိုက်၊ သူ့ကို စောင့်ရှောက်ဖို့မှာ သိပ်မခက်ခဲတော့ချေ။


“ ကောလိပ်ဝင်ခွင့်စာမေးပွဲက တကယ် ပြန်စပြီလား? “ ကုယွီပေါင် ယန်ကျင်းဇီကို ကြည့်လိုက်သည်။


“ တကယ် “ ယန်ကျင်းဇီသည် ကုယွီပေါင်ကို အပြုံးတစ်ခုနှင့် ကြည့်နေလေသည် : “ အဲ့အခါ မင်း စာမေးပွဲ မအောင်ရင်... ဟဲ! “  


ကုယွီပေါင်သည် ယန်ကျင်းဇီ၏ အကြည့်ကြောင့် အလိုလို တုန်ယင်သွားပြီး သူ့ရင်ဘတ်ကို ပြန်လည်တည့်မတ်လိုက်သည်။


သူ တက္ကသိုလ်တက်နိုင်ရင် သူ ယန်ကျင်းဇီကို ကြောက်စရာမလိုတော့ဘူး!


ဤအချိန်တွင် ယန်ကျင်းဇီက သူ့ကို မကြည့်တော့ဘဲ ကုမင်ရှိူ့ကို ကြည့်လိုက်သည် : “ မင်ရှိူ့၊ မင်းအကြိုက်ဆုံး ဝက်ဗိုက်သားကို ဝယ်လာတယ်။ ညကျရင် မင်းအကြိုက်ဆုံး ဇီးသီးခြောက်နဲ့ ဝက်သားနှပ် ချက်မယ်။ “  


ယန်ကျင်းဇီသည် စိတ်ကောင်းဝင်ပြီး ထိုညတွင် ဝက်သားငါးကတ်တီလုံးကို တပြိုင်နက် ချက်ခဲ့သည်။


သူသည် ဝက်သားကို အရွယ်အစားတူစွာဖြင့် တစ်တုံးကို တစ်အောင်စမှ နှစ်အောင်စခန့် လှီးဖြတ်ပြီးနောက် ကုအိမ်၏ သံအိုးကြီးထဲတွင် ပြုတ်သည်။ မွှေးရနံ့က... အဝေးမှပင် အနံ့ခံနိုင်သည်။


ရှန်းမူကျေးရွာမှ လူများ ကုမိသားစုအိမ်ရှေ့မှ ဖြတ်သွားကြပြီး သူတို့ နည်းနည်းတော့ မနာလိုဖြစ်သွားသည် : “ ဒီကုမိသားစုရဲ့ ဘဝက တကယ်ကို ပိုကောင်းလာတာပဲ… “  


“ ကုမင်ရှိူ့ကို ယန်ကျင်းဇီက စောင့်ရှောက်ပြီး ပိုက်ဆံတွေ ပိုပိုသုံးခဲ့တယ်။ သူ ရသလောက် သုံးစွဲတာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။ “  


“ ဟုတ်တယ်။ ဒီလောက်စားနေရင် ရတဲ့ ငွေတွေ အကုန်ကုန်ပြီမလား? “  


“ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကုမင်ရှိူ့က အဝတ်အသစ်တွေ ဘယ်လောက်တောင် ပြောင်းခဲ့တာလဲ? “  


ရှန်းမူကျေးရွာမှ လူများသည် ခေါင်းခါကာ သက်ပြင်းချကြသည်။


ပြောရမည်ဆိုလျှင် ယန်ကျင်းဇီဟာ ယခင်က ပိုက်ဆံမရှိသောအခါ ငွေချေးပြီး အသားစားခဲ့သည်။ ချမ်းသာလျှင် စားဖို့ကို တစ်နေ့လုံး စဉ်းစားလိမ့်မည်ပင်။ ကုမိသားစုသည် သူနှင့် အတူရှိခဲ့ပြီး သူကြောင့် “ပျက်စီး“ခဲ့သည်။


ယခင်ကတော့ လူတချို့က ပညာတတ်လူငယ်ယန်ကို အောင်သွယ်ပေးချင်သော်ငြား သူက သူ့တွင် ပိုက်ဆံမရှိဟု ပြောပြီး ပယ်လိုက်သည်။ တစ်စုံတစ်ယောက်က ကုမင်ရှိူ့ကို အောင်သွယ်ပေးချင်ခဲ့ပြီး ကုမင်ရှိူ့ကလည်း သူ လက်ထပ်ဖို့ မတတ်နိုင်ဘူးဟု ပြောခဲ့တယ်!


ရိုးရှင်းပြီး ချွေတာတတ်သူ ကုမင်ရှိူ့က အခု ဝတ်ကောင်းစားလှဖြစ်ပြီး သူ့ပိုက်ဆံတွေအကုန်လုံးကို သုံးပစ်တယ်!


ကုမိသားစုအတွက် အသားခွဲဝေသော အလုပ်ကို ယန်ကျင်းဇီသာ လုပ်နေဆဲဖြစ်သည်။


ကုမင်ရှိူ့၏ မောင်နှမလေးယောက်တွင် တစ်ပိုင်းစီ ရှိကြပြီး သူနှင့် ကုမင်ရှိူ့တွင် နှစ်ပိုင်းစီ ရှိသည်။


ကုယွီပေါင် : ယန်ကျင်းဇီက တကယ် အံ့သြစရာကောင်းတယ်။ သူ့ကို ပေးတဲ့ အသားက အသေးဆုံး ဖြစ်ပြီး အခြားသူတွေရဲ့ တဝက်ပဲ ရှိတယ်။ ဒီကောင်က ဖြတ်ကတည်းက တမင်တကာ သေးသေးလေး ဖြတ်လိုက်တာပဲ ဟုတ်တယ်မလား?


ယန်ကျင်းဇီက ဘာကြောင့် သူ့ကို အမြဲတမ်း ပစ်မှတ်ထားနေတာလဲ?


ကုယွီပေါင်သည် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း သူ့မကျေနပ်မှုက အသုံးမဝင်ကြောင်း သိသောကြောင့် သူ့ခေါင်းကို ငုံ့ပြီး စားသောက်ခဲ့သည်။


ထမင်းစားပြီးသည်နှင့် အားလုံးက သူတို့အခန်းကို ပြန်သွားသည်။


ယန်ကျင်းဇီသည် အခန်းထဲသို့ ရောက်သည်နှင့် ကုမင်ရှိူ့ကို ပွေ့ဖက်လိုက်သည် : “ မင်ရှိူ့၊ ကိုယ်တို့ အနာဂတ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တော့မယ်! “  


အနာဂတ်မှာ သေချာပေါက် သူတို့ ပိုပိုပြီး ကောင်းလာမှာ!


ကုမင်ရှိူ့ စိတ်ပူလာသည် : “ ငါ စာမေးပွဲမအောင်ရင်... “  


“ စာမေးပွဲမအောင်လည်း ဘာမှမဖြစ်ဘူး။ အချိန်တန်ရင် မင်း မြိုပေါ်ကို ကိုယ်နဲ့လိုက်ခဲ့ပါ။ မင်းကို ထောက်ပံ့ဖို့ ကိုယ် ပရိဘောဂတွေ လုပ်မယ်။ “ ယန်ကျင်းဇီက ပြုံးနေသည် : “ လျှပ်စစ်ပစ္စည်း ပြင်တာ၊ အပ်ချုပ်စက်တွေ ပြင်တာ၊ စက်ဘီး ပြင်တာတွေလည်း ကိုယ် လုပ်တတ်တယ်… ဘေကျင်းက လူတော်တော်များများက အိမ်မှာ လျှပ်စစ်ပစ္စည်းတွေ ရှိတယ်။ ပျက်သွားရင် ပြင်တတ်တဲ့ လူက နည်းနည်းပဲ ရှိတာ။ ပြင်ဖို့ သူတို့ကို ကူညီပေးရင် ကိုယ် ပိုက်ဆံ အများကြီး ရနိုင်တယ်။ ပြီးရင် မင်းက ကိုယ်တို့ ကျောင်းနဲ့ နီးတဲ့ အိမ်တစ်အိမ်ကို ငှားပြီး ကိုယ် ကျောင်းအားလပ်ရက်မှာ မင်းဆီ လာခဲ့မယ်... “  


ကုမင်ရှိူ့သည် ယန်ကျင်းဇီ၏ စကားကို နားထောင်ပြီး ဖြည်းညှင်းစွာ စိတ်ငြိမ်သွားသည်။


ဤသည်မှာ တကယ်ပင် ဖြစ်နိုင်သည်။


ယန်ကျင်းဇီသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ငွေရှာခဲ့သည်။ လက်ငင်းရသော ငွေမှလွဲ၍ ကျန်သည်များကို သူ့အား အမှန်တကယ် ပေးခဲ့သည်။ သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် ရာချီစုဆောင်းခဲ့မိပြီး ဝါးကုလားထိုင်များကိုလည်း လုပ်နိုင်သေးသည်...


ထိုသို့ဖြစ်လျှင် သူသည် ယန်ကျင်းဇီနှင့်အတူ မြို့တော်သို့ သွားမည်ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ထောက်ပံ့နိုင်လောက်ပြီး ပြန်ပို့ဖို့ ငွေအနည်းငယ် ရှာနိုင်လောက်သည်။


ကုမင်ရှိူ့ ဖြည်းညှင်းစွာ စိတ်ဖြေလျှော့လိုက်သည်။


ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်သည့်သတင်းကြောင့် ကုမိသားစု စိတ်လှုပ်ရှားနေသော်လည်း အပြင်တွင် ဆူညံမှုများစွာ မဖြစ်ခဲ့ချေ။


ရှန်မူကျေးရွာမှ ရွာသားများသည် ယခင်အတိုင်း နေထိုင်နေကြဆဲဖြစ်သည်။ ယန်ကျင်းဇီမှလွဲ၍ ရှန်းမူကျေးရွာရှိ ပညာတတ်လူငယ်များသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာကျက်ရန် ရည်မှန်းချက်မရှိဘဲ မြို့သို့ပြန်ရန်သာ စိတ်ကူးရှိကြသည်။


အများစုမှာ မြို့များ၊ ကောင်တီများမှ လာကြပြီး သူတို့သည် ဤရက်များတွင် မကြာခဏ အိမ်ပြန်ကြသည်။


အမှန်ပင်၊ မြို့တွင်းနှင့် တခြားရွာများတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုချင်သော စာရင်းသွင်းပြီး စိတ်လှုပ်ရှားစွာ စတင်စာလေ့လာနေသည့် လူတချို့လည်း ရှိသေးသည်။


ယန်ကျင်းဇီသည် ကုမင်ရှိူ့၊ ကုယွီပေါင်၊ ကုယွီလန်နှင့် ကုယွီရှန်းတို့ကို ခေါ်သွားပြီး အားလုံးက စာရင်းသွင်းလိုက်သည်။


ယန်ကျင်းဇီသည် သူက ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ရန် သေချာသည်ဟု ခံစားရသည်။ ကုမင်ရှိူ့နှင့် ကုယွီပေါင်တို့တွင်လည်း မျှော်လင့်ချက် ရှိသည်။ ကုယွီလန်နှင့် ကုယွီရှန်းတို့အတွက် မျှော်လင့်ချက်များစွာ မရှိသော်လည်း သူတို့ကို တွေ့ကြုံခံစားခိုင်းသည်မှာ အဆင်ပြေသည်။


သူတို့ စာမေးပွဲမအောင်လျှင် အလယ်တန်း တတိယနှစ်ကို တက်ခိုင်းမည်ပင်။ သူတို့က အနာဂတ်တွင် နည်းပညာ အလယ်တန်းကျောင်းတွင် တက်သည်ဖြစ်စေ သို့မှမဟုတ် တက္ကသိုလ်တက်ရန် အထက်တန်းကျောင်း တက်သည်ဖြစ်စေ၊ ယင်းကား အဆင်ပြေသည်။ ယနေ့ခေတ်တွင် နည်းပညာအလယ်တန်းကျောင်းသည် အလွန်တန်ဖိုးရှိနေဆဲဖြစ်ပြီး ဤနှစ်ဦးသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို မအောင်နိုင်လောက်သော်လည်း နည်းပညာအလယ်တန်းကျောင်းတွင်မူ ပြဿနာမရှိလောက်ချေ။


လူအများစုသည် ဂရုတစိုက် စာကျက်ရန် ပျက်ကွက်ခဲ့ကြရာ သူ့ဖိအားအောက်တွင် နှစ်နှစ်ကြာ အိမ်တွင် စာကျက်ခဲ့သော ကုမိသားစုက အတော်ကောင်းမွန်နေပြီဖြစ်သည်။


သာမာန်အားဖြင့် ဆရာဆရာမများသည် သူ လုပ်သကဲ့သို့ မလုပ်နိုင်ကြချေ၊ ကျောင်းသားများ စာလုပ်ရန် တနေကုန် စိုက်ကြည့်နေရပြီး သူတို့ ကောင်းစွာ မလေ့လာပါက အပြစ်ပေးခံရမည်ဖြစ်ကာ စားခွင့်လည်း မရှိပေ။


ကုယွီပေါင်ဟာ လွန်ခဲ့သော နှစ်နှစ်က သူ့ထံမှ လှုံ့ဆော်ခံရပြီးကတည်းက လုံ့လဝီရိယ ရှိလာပြီး သူ၏ သူ့ကို ရိုက်နှက်ရသော အကြောင်းအရင်းများ များစွာနည်းပါးသွားသည်ကတော့ ဝမ်းနည်းစရာပင်။


မျက်စိတမှိတ်အတွင်းတွင်ပင် စာမေးပွဲဖြေသော နေ့ကို ရောက်ရှိလာသည်။


စာရင်းသွင်းပြီးနောက် ယန်ကျင်းဇီသည် နေ့တိုင်း အားလပ်နေသည်။ ကုမင်ရှိူ့ကို စာသင်ပေးသည့်အပြင် သူသည် ကုမင်ရှိူ့အား ကုမင်ရှိူ့ တက္ကသိုလ်မဝင်နိုင်ခဲ့လျှင် သူတို့ မည်သို့နေထိုင်ကြမည်ကိုလည်း ပြောပြနေသနေ။


ကုမင်ရှိူ့က အရမ်းစိတ်လှုပ်ရှားနေသည်ကို သူ မြင်နိုင်ပြီး သူက ဤအကြောင်းများကို ပြောပြခဲ့ရာ ၎င်းတို့က ကုမင်ရှိူ့ စိတ်တည်ငြိမ်အောင် ကူညီပေးခဲ့သည် : “ ကိုယ် သတင်းကြားပြီးပြီ။ တက္ကသိုလ်တက်ဖို့ ထောက်ပံ့ကြေးတွေ ရှိတယ်။ တက္ကသိုလ်က အစားအသောက်တွေကလည်း ဈေးပေါတယ်။ ကိုယ် ကျောင်းကနေ အစားအသောက်ဝယ်ပြီး မင်း စားဖို့ ယူလာလို့ရတယ်။ “  


“ သူများတွေက ထူးဆန်းတယ်လို့ ထင်မှာလား? ငါတို့က ယောက်ျားနှစ်ယောက်… “  


“ ကိုယ် သူတို့ကို ပြောပြလိုက်မယ်၊ မင်းက ငါ့အစ်ကိုလို့။ ဘယ်သူကမှ သံသယရှိမှာမဟုတ်ဘူး။ “


“ ငါ မြို့တော်ကို တစ်ခါမှ မရောက်ဖူးဘူး။ “  


“ ဒါဆို စမ်းကြည့်ဖို့ အကြောင်းပြချက် ပိုများတာပေါ့။ စိတ်မပူနဲ့။ ကိုယ် မင်းနဲ့ အတူရှိနေမှာ။ “ ယန်ကျင်းဇီက ပြုံးနေသည် : “ ကိုယ် ကောလိပ်ပြီးရင် အလုပ်တစ်ခု ရမယ်။ ပြီးရင် ကိုယ်တို့ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ “  


ယန်ကျင်းဇီ၏ တောက်ပသော အနာဂတ်ပုံရိပ်ကို ကြားရသော ကုမင်ရှိူ့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲခန်းထဲသို့ ဝင်သွားသောအခါတွင် အထူးစိတ်အေးချမ်းနေသည်။


သူသည် စာမေးပွဲစာရွက်ကို မြင်သောအခါ ပို၍ပင် စိတ်အေးသွားသည်။


ဒီစာမေးပွဲစာရွက်က... တကယ်ကြီး အရမ်းလွယ်နေတာလား?!


ကုမင်ရှိူ့သည် စာမေးပွဲစာရွက်ကို ဖျတ်ခနဲ ပြီးသွားကာ သူ အပ်လိုက်သောအခါတွင်ပင် အနည်းငယ် မယုံနိုင်သကဲ့သို့ ခံစားလိုက်ရသည်။


ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီက လုံးဝ ထူးဆန်းမနေပေ။


သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိပြီး အထက်တန်းကျောင်းသား အများစု၏ အဆင့်ကို သိရှိသောကြောင့် ကုမင်ရှိူ့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်ဖို့ ပြဿနာမရှိဟု သူ ခံစားရသည်။ သို့သော်… ကုမင်ရှိူ့က အထက်တန်းကျောင်းသားများ အားလုံးက သူနှင့် အဆင့်အတူတူဟု တွေးနေ၍ စိတ်ပူပန်နေခဲ့သည်။


သို့သော်ငြား တကယ်တော့… သူလို ပါရမီရှင်တစ်ယောက်ကို လူ ၁၀၀,၀၀၀ မှာတောင် ရှာမတွေ့နိုင်ဘူး!


သူ့တွင် မရှိသည်က နိုင်ငံခြားဘာသာစကားပင်… ရှန်းမူကျေးရွာဘက်တွင် သူ့ကို သင်ပေးနိုင်မည့်သူကို သူ ရှာမတွေ့ခဲ့ပေ။


အဆုံး၌မူ ဤခေတ်တွင် နိုင်ငံခြားဘာသာစကား ပြောနိုင်သော လူအရေအတွက်က အလွန်နည်းပါးသည်။


သို့သော်ငြား သူက မဆိုးသေးပေ။ မူလပိုင်ရှင်သည် ဘေကျင်းတွင် ပညာသင်ကြားခဲ့ဖူးပြီး သူ့မိခင်သည်လည်း နိုင်ငံခြားဘာသာစကားများကို ပြောဆိုနိုင်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် သူသည် စာအုပ်အနည်းငယ်ကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူသည် စကားမပြောနိုင်သော်လည်း စာရေးခြင်းနှင့် စာဖတ်ခြင်း ပြဿနာများမှာ ကြီးကြီးမားမား မဟုတ်ဘဲ စာမေးပွဲကို ဖြေရှင်းရန်လည်း လုံလောက်သည်။


ယန်ကျင်းဇီသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာရင်းသွင်းခြင်းကို ရှန်းမူကျေးရွာတွင် လူသိရှင်ကြား မကြေညာခဲ့ပေ။ သို့သော်ငြား သူတို့မိသားစု ကောလိပ်ဝင်ခွင့်စာမေးပွဲကို သွားဖြေသောအခါ အုပ်စုလိုက် ထွက်ခွာခွင့်တောင်းခဲ့ရပြီး ကုယွီခန်းကိုလည်း အခြားသူများထံ၌ အပ်ထားခဲ့သောကြောင့် တခြားသူများ မသိရန်မှာ မဖြစ်နိုင်‌ချေ။


ထို့ကြောင့် ရှန်းမူကျေးရွာမှ လူများ အံ့သြသွားကြသည်။


ပညာတတ်လူငယ်ယန်သည် နေ့တိုင်း ပျင်းရိနေသည်။ ကုမင်ရှိူ့သည် မူလတန်းကျောင်း တတိယတန်းအထိသာ သင်ယူခဲ့ပြီး ကုယွီလန်နှင့် ကုယွီရှန်းတို့သည် မူလတန်းကျောင်းကိုပင် မပြီးသေးပေ။ ပြီးတော့ သူတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို သွားဖြေမှာလား?


ကုမိသားစုမှာ ကုယွီပေါင်တစ်ယောက်တည်းပဲ မျှော်လင့်ချက် ရှိတယ်၊ ဟုတ်တယ်မလား?


ရှန်းမူကျေးရွာမှ လူများသည် ဤလူများဟာ သေချာပေါက် စာမေးပွဲမအောင်နိုင်ဘဲ ကုယွီပေါင်နှင့် အတူလိုက်ဖြေသည်ဟုသာ ခံစားခဲ့ကြရသည်။


သို့သော်လည်း အခြေအနေမှာ ဆန့်ကျင်ဘက် ဖြစ်ပြီး မကြာမီတွင် လက်ခံစာသုံးစောင် ပေးပို့လာခဲ့သည်။


ယန်ကျင်းဇီနှင့် ကုမင်ရှိူ့တို့ နှစ်ဦးစလုံးသည် ဘေကျင်းရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ ပြီးတော့ တက္ကသိုလ်လည်း အတူတူပဲ၊ နိုင်ငံတွင်း အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခု!


ကုယွီပေါင်သည် ကပ်အောင်ခဲ့ပြီး သူတို့စီရင်စုရှိ တက္ကသိုလ်တစ်ခုသို့ ရောက်ရှိခဲ့သည်။


ကုယွီရှန်းနှင့် ကုယွီလန်တို့သည် စာမေးပွဲမအောင်ခဲ့ကြသော်လည်း နှစ်ဦးစလုံးသည် အသက်ဆယ့်ငါးနှစ်နှင့် ဆယ့်လေးနှစ်သာ ဖြစ်ပြီး စာမေးပွဲမအောင်သည်မှာ မထူးဆန်းချေ။


ရှန်းမူကျေးရွာတွင် လူသုံးဦးက ကောလိပ်ဝင်ခွင့်ကို တပြိုင်နက်တည်း ရရှိခဲ့သည်... ဒါပေမယ့် အခြားကျေးရွာတွေမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်တဲ့သူ တစ်ယောက်မှ မရှိကြဘူး!


ဒါက သူတို့အတွက် အရမ်

းဂုဏ်ယူစရာကောင်းလွန်းတယ်! သို့သော်ငြား သူတို့ အလွန်အံ့ဩမိသည် — ကောလိပ်ဝင်ခွင့်စာမေးပွဲက အရမ်းရိုးရှင်းတာလား? မူလတန်းကျောင်း မပြီးသေးတဲ့ ကုမင်ရှိူ့တောင် စာမေးပွဲအောင်နိုင်တယ်လား?

____