အခန်း (၅၄) ကင်မရာကိုကြည့်စမ်း
Viewers 2k

ကျန်းရှောင်သည် ဟန်ကျန်းရွှယ်၏ ကျောပြင်ကို ခိုးကြည့်နေပြီးနောက် သူမ ပျောက်ကွယ်သွားမှသာ ကတုံးဆံပင်ပေါက်နှင့် လူငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။


"ကြွေပြားတွေ ကိစ္စက ဘယ်လိုလဲ"


"ဗျာ"


ကတုံးဆံပင်ပေါက်နှင့် လူငယ်မှာ အံ့အားသင့်သွားပြီးနောက် အလျင်အမြန်ပင် ပြန်ဖြေသည်။


"ကျွန်တော် ပေးပါ့မယ်၊ ဆရာဝန် အစ်ကို"


"ကျွန်တော် ကြွားတာမဟုတ်ဘူးနော်၊ ကျွန်တော်တို့က တကယ် ချမ်းသာတာပါ"


ကျန်းရှောင်က "ဒီ ကြမ်းတိုက်တံတွေကရော..."


ကတုံးနှင့်လူငယ်က "ဟာ... ဒါက အသေးအဖွဲပါ။ ကျောင်းကပဲ အသစ်လဲပေးပါလိမ့်မယ်" ဟု ဖြေသည်။


ကျန်းရှောင်က "မင်းတို့ ဒဏ်ရာတွေကရော..." ဟု မေးရာ၊

ကတုံးနှင့်လူငယ်က သူ့ခေါင်းသူ ကုတ်ရင်း ဘာမှမသိသလို ဟန်ဆောင်ကာ...


"ဒဏ်ရာ၊ဘယ်မှာလဲ...ဘယ်သူ ဒဏ်ရာရလို့လဲ" ဟု ဆိုသည်။


"သူ ဒဏ်ရာရနေတာ မဟုတ်ဘူးလား၊ သတိတောင် မေ့နေပြီလေ"


ကျန်းရှောင်က ယွမ် ၅၀၀ ကို ကောက်ယူပြီး ပိန်

ပိန်ပါးပါး လူငယ်၏ မျက်နှာပေါ်သို့ ပစ်တင်

ပေးလိုက်သည်။


"ဪ... သူလား၊ အမှန်က ကျွန်တော်တို့ သုံးယောက်လုံးမှာ စွမ်းရည်တွေ ရှိကြတော့ တိုက်ခိုက်ရေး လေ့ကျင့်ဖို့ တိတ်ဆိတ်တဲ့နေရာ ရှာနေကြတာပါ"


"ကျွန်တော်က မတော်တဆ ပြင်းပြင်းထန်ထန် ရိုက်မိသွားလို့"


"ရပါတယ်၊ ခဏနေရင် သူ့ကို ဆေးပေးခန်း ပို့လိုက်ပါ့မယ်"


"ဘာမှ မဖြစ်ပါဘူး"


"ကောင်းပြီလေ"


ထိုပိန်လှီသော လူငယ်မှာ မျက်လုံးများ မှေးစင်းနေသည်ကို ကျန်းရှောင် သတိထားမိသည်။ 


ခဏမျှ အကဲခတ်ပြီးနောက် ကျန်းရှောင်က ပြုံးလိုက်ပြီး သူ့ကို မဖော်တော့ရန် ဆုံးဖြတ်လိုက်

သည်။


"ဒါဆို ငါ သွားတော့မယ်"


"ဟုတ်ကဲ့ပါ ဆရာဝန် အစ်ကို"


"အခုဆို ကျွန်တော်တို့ သိသွားကြပြီပဲ၊ နောက်ဆို ဘယ်သူ့ကိုမှ မနှိပ်စက်တော့သလို ကောင်းကျွင်းချန်နဲ့လည်း ပတ်သက်မှာ မဟုတ်တော့ဘူးလို့ ကတိပေးပါတယ်"


"မနက်ဖြန်ညကျရင် အသားကင် သွားစားကြမလား" ဟု ကတုံးနှင့်လူငယ်က မေးလိုက်ရာ သူ၏ ပြောင်းလဲသွားသော သဘောထားကြောင့် ကျန်းရှောင် အံ့အားသင့်သွားရသည်။


"ငါလား..မင်းနဲ့ အသားကင် သွားစားရမယ် ဟုတ်လား" ဟု ကျန်းရှောင်က ပြန်မေးသည်။


"ဒါပေါ့၊ အနုပညာရှင်တစ်ယောက် ပြောဖူးတဲ့ စကားပုံ ရှိတယ်လေ 'အသားကင်တစ်နပ်နဲ့ ဖြေရှင်းလို့မရတဲ့ ကိစ္စဆိုတာ မရှိဘူး' တဲ့"


ကတုံးနှင့်လူငယ်က လက်ညှိုးတစ်ချောင်း ထောင်ရင်း ပြောသည်။


ကျန်းရှောင်က "တကယ်လို့ ဖြေရှင်းလို့မရတဲ့ ကိစ္စရှိနေရင်ရော" ဟု မေးလိုက်သည်။


...


ဟန်ကျန်းရွှယ် အတန်းထဲသို့ ဝင်လာသောအခါ ရှယန် မျက်လုံးများ ချက်ချင်း ဝင်းလက်သွားပြီး ဟန်ကျန်းရွှယ် ရှေ့တွင် လာထိုင်သည်အထိ စိုက်ကြည့်နေတော့သည်။


ရှယန်က စိတ်အားထက်သန်စွာဖြင့် "ဘယ်လိုလဲ? ဘယ်လိုဖြစ်သွားလဲ" ဟု မေးသည်။


"ဘာကို ပြောတာလဲ"


ဟန်ကျန်းရွှယ်က ပြောရင်းဆိုရင်း စားပွဲထဲမှ သင်္ချာစာအုပ်ကို ထုတ်လိုက်၏။


"ရှောင်ဖီကို ပြောတာလေ၊ နင် သူ့ကို ဘာပြောလိုက်လဲ" ဟု ရှယန်က မေးသည်။ 


အမှန်မှာ ဟန်ကျန်းရွှယ်သည် အတန်း (၂) ၏ လူစုလူဝေးနေရာသို့ ကျန်းရှောင်ကို ဆုံးမရန် သွားခဲ့ခြင်း ဖြစ်သည်။ 


ထမင်းစားဆောင်တွင် ဖြစ်ပျက်ခဲ့သမျှကို မြင်တွေ့ခဲ့ပြီးနောက် ရှယန်၏ တိုက်တွန်းမှုများကြောင့် ဟန်ကျန်းရွှေးက ကျန်းရှောင်ကို သင်ခန်းစာ ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။


ရှယန် အံ့သြသွားသည်မှာ ဟန်ကျန်းရွှယ်၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မတွေ့ရခြင်းပင်။ 


ဟန်ကျန်းရွှယ်သည် မူလကပင် ခံစားချက်ကို အပြင်မထုတ်တတ်သူ ဖြစ်သော်လည်း၊ တကယ်တမ်း ဆုံးမခဲ့လျှင် မည်မျှပင် ဟန်ဆောင်ကောင်းပါစေ တစ်စုံတစ်ရာတော့ ပြသနေရမည်။


"သူတို့က အသင်းဖော်တွေ ဖြစ်ပုံရပါတယ်"


"သိပ်တော့ မဆိုးပါဘူး၊ အားလုံး အဆင်ပြေပါတယ်" ဟု ဟန်ကျန်းရွှယ်က အေးအေးဆေးဆေး ပြောလိုက်သည်။ 


သူမသည် ကျောက်သင်ပုန်းပေါ်မှ စာများကို စိုက်ကြည့်ကာ အတန်းလွတ်သွားသော ၁၀ မိနစ်စာ သင်ခန်းစာများကို ပြန်လိုက်ရန် ကြိုးစားနေသည်။


"ဟင်"


ရှယန် ရုတ်တရက် ဇဝေဇဝါ ဖြစ်သွားသည်။


တစ်ချိန်တည်းမှာပင် ကျန်းရှောင်သည် ဆေးပေးခန်းထဲမှ ထွက်လာခဲ့သည်။ 


ထိုကလေးတစ်သိုက် သူ့ကို နောက်ထပ် ဒုက္ခမပေးတော့ဟု အတည်ပြုပြီးနောက်၊ သူက မလိုလားသော်လည်း ထိုနှစ်ယောက်ကို လက်ပါးစေအဖြစ် လက်ခံလိုက်ပြီး အတန်း (၂) ရှိရာသို့ ခပ်မြန်မြန် ပြန်လာခဲ့သည်။


သူတို့၏ စကားများအရ ဆေးကုသစွမ်းရည်ရှိသူ ကို မည်မျှ လိုလားတောင့်တနေကြသည်ကို ကျန်းရှောင် သိမြင်လိုက်သည်။ 


တစ်တန်းလုံးတွင် သူတစ်ယောက်တည်းသာ ဆေးကုသသူ ဖြစ်သောကြောင့် သူသည် အလွန်ပင် ရေပန်းစားလာမည့်ပုံ ရှိ၏။


ကျန်းရှောင်သည် မိမိ၏ အဆင့်အတန်းနှင့် အာဏာကိုလည်း ခံစားမိလာသည်။ 


ကတုံးနှင့်လူငယ်သည် ကျန်းရွှယ်၏ အထောက်အထားကို သေသေချာချာ မေးမြန်းခဲ့ပြီးနောက်၊ သူမသည် ကျောင်းခေါင်းဆောင်

အဖွဲ့၏ ကွပ်ကဲသူမှန်း သိသွားသောအခါ ပို၍ပင် ရိုကျိုးသွားခဲ့သည်။


ထိုလူမိုက်အုပ်စုကို ရှင်းလင်းပြီးသော်လည်း ကျန်းရှောင်မှာ လူမိုက်ဂိုဏ်းချုပ်မှာ ကောင်းကျွင်းချန်ဖြစ်ကြောင်း သိထားသဖြင့် သတိမလွတ်သေးပေ။ 


လက်စားချေခြင်း အချို့ကိုတော့ လူကိုယ်တိုင် ပြန်ပေးဆပ်ရမည်။


လက်စားချေမှု အချို့ကို နောက်မှသာ ပြုလုပ်နိုင်မည် ဖြစ်သော်လည်း၊ နောက်နှစ်ရက်တွင် ပြိုင်ပွဲ စတင်တော့မည် ဖြစ်ရာ ကောင်းကျွင်းချန်ကို နင်းချေပြီး လက်စားချေရန် အခွင့်အရေး ရလာတော့မည်ဟု ကျန်းရှောင် တွေးလိုက်သည်။ 


ကောင်းကျွင်းချန်နှင့် ကောင်းကျွင်းဝိန် ညီအစ်ကို နှစ်ယောက်လုံးကို တစ်ပြိုင်တည်း အနိုင်ယူနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။


ကျန်းရှောင်သည် နှစ်ရက်ခန့် အောင့်အီးနိုင်သော်လည်း သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင်တော့ လုပ်ချင်နေသေးသည်။ 


အနည်းငယ် စဉ်းစားပြီးနောက် ယုတ်မာသော အကြံတစ်ခု သူ့ခေါင်းထဲ ပေါ်လာသည်။


ယခုအချိန်တွင် အထူးတန်း (၁) ၏ တန်းစီနေသော လူအုပ်ထဲတွင် ကောင်းကျွင်းချန်သည် လူစုလူဝေးသို့ ရောက်မလာသေးသော လူငယ်သုံးယောက်၏ နေရာလွတ်ကို စိုက်ကြည့်နေသည်။ 


သူတို့ ဘာလုပ်နေကြသည်ကို သူ သိနှင့်ပြီးသားဖြစ်၏။


သို့သော် ကျန်းရှောင်မှာ အကောင်းပကတိအတိုင်း အတန်းသို့ ပြန်ရောက်လာပြီး သူ၏ လက်ပါးစေ သုံးယောက်မှာ ပြန်မလာသေးသည်ကို မြင်လိုက်ရသောအခါ ကောင်းကျွင်းချန် စတင် စိုးရိမ်လာပြီး ဘာဖြစ်နေသလဲဟု တွေးတောနေမိတော့သည်။


'ဒီလူသစ်က တကယ်ပဲ တစ်ခုခုများလား'


'သူက အဲ့ဒီသုံးယောက်ကို နှိမ်လိုက်နိုင်တာလား'


စိုးရိမ်စိတ်များဖြင့် ကောင်းကျွင်းချန်သည် နားချိန်ရောက်သည်အထိ အောင့်ထားရသည်။ 


သူသည် အလျင်အမြန်ပင် ဖုန်းကို ထုတ်ကာ ထိုသုံးယောက်ထံသို့ စာတိုများ ပို့ခြင်း၊ ဖုန်းခေါ်ခြင်းများ ပြုလုပ်သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။


'ဟင်...ဘာဖြစ်တာလဲ'


အတန်း (၂) မှ ကျောင်းသားများမှာ လူစုကွဲကာ နားနေကြပြီဖြစ်သည်။ 


ကောင်းကျွင်းချန်သည် ကျန်းရှောင်ကို အသာအယာ အကဲခတ်ကြည့်ရာ၊ ကျန်းရှောင်မှာ သူ့ကို စိုးရိမ်တကြီး ဝိုင်းအုံမေးမြန်းနေသော အသင်းဖော်များနှင့် တစ်ခုခု ဆွေးနွေးနေသည်ကို တွေ့ရသည်။


ထိုစဉ် ကောင်းကျွင်းချန်နှင့် ကျန်းရှောင်တို့ မျက်လုံးချင်း ဆုံသွားကြသည်။ 


အတန်း (၁) နှင့် အတန်း (၂) ၏ လူစုများမှာ တစ်နေရာတည်းတွင် ရှိပြီး နီးကပ်နေသောကြောင့် ကျန်းရှောင်က သူ့ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။


'ဒီကောင်က တော်တော်တော့ ချောသားပဲ'


ရုပ်ရည်က ကြည့်ကောင်းသည်။ 


အသားအရည်က ဖြူစင်ပြီး ဆံပင်မှာ အနည်းငယ် ရှည်သော်လည်း အလွန်အမင်း မဟုတ်ဘဲ နဖူးပေါ်တွင် သေသေသပ်သပ် ကျနေသည်။ 


ကိုရီးယားမင်းသားလေး တစ်ယောက်လိုပင် ချောမောသော လူငယ်လေး ဖြစ်နေ၏။


ကျန်းရှောင်သည် ကျူညီအစ်ကိုများကို နှစ်သိမ့်ပေးပြီး ကျေးဇူးတင်စကား ပြောလိုက်

သည်။ 


ထို့နောက် ဖုန်းကို ထုတ်ကာ ရီလျန်နာ အနားသို့ တိုးသွားလိုက်သည်။


"ငါတို့ လျန်နာက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ"


"ဆရာမတွေကို တိုင်လိုက်ရအောင်၊ အဲ့ဒီ နွား ကောင်းကျွင်းချန်ကိုရောပဲ" ဟု လျှိုခယ်က လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒေါသတကြီး ပြောသည်။


"ဟေး၊ ဘာလို့လဲ...မတိုင်ပါနဲ့၊ ဒါက ယောက်ျားတွေကြားက ကိစ္စပါ၊ ငါ ဖြေရှင်းလိုက်ပြီ" ဟု ကျန်းရှောင်က သတ္တိရှိဟန်ဖြင့် လျှိုခယ်၏ အကြံကို ပယ်ချလိုက်သည်။ 


ထို့နောက် လေသံပြောင်းကာ "အဲ့ဒါအပြင်... ငါ သူတို့ကို အသေအလဲ ထိုးကြိတ်ခဲ့တာ"


"အမှန်အတိုင်း ပြောရရင်... သူတို့က ဆရာမတွေကို ငါ့အကြောင်း ပြန်တိုင်မှာတောင် ကြောက်နေမိတယ်" ဟု ဆိုသည်။


"ဟာ... နင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပဲလေ"


"သူတို့ကို သေအောင် ရိုက်သတ်လိုက်ရင်တောင် အပြစ်မရှိဘူး" ဟု လျှိုခယ်က ဒေါသတကြီး ပြန်ပြောသည်။


"အင်တာနက်ပေါ်က အချက်အလက်တွေအရတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ထွက်ပြေးတာပဲတဲ့" ဟု ရီလျန်နာက ပြောရင်း ကျန်းရှောင်ကို အားနာသလို ကြည့်သည်။


"စိတ်မကောင်းပါဘူး ကျောင်းသား ကျန်းရယ်...အတန်းဆင်းရင် ငါ သူနဲ့ သွားပြောပေးပါ့မယ်"


ညီအစ်ကိုထဲမှ အငယ်ဖြစ်သူ ကျူဝူက ယောက်ျားပီသကြောင်း ပြလိုဟန်ဖြင့် "ပြောမယ်၊ ဘာအတွက်လဲ"


"ဘာပြောစရာ ရှိလို့လဲ၊ နင်က သူ့ကို သိလို့လား" ဟု ဝင်ပြောသည်။


"မသိပါဘူး၊ သူ့လိုလူတွေက တကယ် ရွံစရာကောင်းတယ်"


ရီလျန်နာသည် အတန်း (၁) ဘက်သို့ လှည့်

ကြည့်ပြီးနောက် ကျန်းရှောင်ကို ပြန်ကြည့်သည်။ 


"တကယ် စိတ်မကောင်းပါဘူး၊ ငါ..."


"ရပါတယ်၊ ငါ့ကို တစ်ခုလောက် ထပ်ကူညီပေးမလား"


ကျန်းရှောင်က ပြုံးပြီး ရီလျန်နာ အနားသို့ တိုးသွားသည်။


"ဘာလုပ်ချင်သေးလို့လဲ"


ရီလျန်နာက ကျန်းရှောင်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသဖြင့် ပြုံးစစဖြင့် မေးသည်။ 


ကျန်းရှောင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေဟန်ဖြင့် ဖုန်းကိုလည်း မကြည့်၊ ရီလျန်နာကိုလည်း မကြည့်ဘဲ တခြားနေရာကိုသာ လှည့်ကြည့်

နေသည်။ 


သူက လေချွန်မလိုလို လုပ်နေပြီး ခြေဖနောင့်ကို မြေကြီးနှင့် ပွတ်တိုက်နေသည်။


အံ့အားသင့်သွားသော ရီလျန်နာက "နင် သူ့ကို ဒေါသထွက်အောင် လုပ်ချင်တာလား" ဟု မေးသည်။


သူမ သတိထားလိုက်မိချိန်တွင် ကျန်းရှောင်သည် အတန်း (၁) မှ ကောင်းကျွင်းချန်ကို စိုက်ကြည့်နေခြင်း ဖြစ်၏။


ကောင်းကျွင်းချန်၏ ဖြူစင်သော မျက်နှာမှာ ဖြူလျော့သွားပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။


"နင်က တော်တော် သတ္တိရှိတာပဲ" ဟု ရီလျန်နာက အပြုံးကို ရပ်လိုက်ပြီး စိုးရိမ်တကြီး ပြောသည်။ 


"နင် တကယ်ပဲ အဲ့ဒီလို လုပ်ချင်တာ သေချာလား"


"သူက တော်တော် အနိုင်ကျင့်တတ်တာပဲ၊ ဘာစဉ်းစားနေစရာ ရှိလဲ"


ကျန်းရှောင်က ဆက်ပြောသည်မှာ "ဒါပေမဲ့ နင့်ရဲ့ သဘောတူညီချက်တော့ လိုတာပေါ့"


"ဘာကြောက်စရာ ရှိလဲ"


"လုပ်လိုက်လေ၊ ငါတို့က သူ့ကို ကြောက်နေရမှာလား" ဟု ကျူဝူက ရုတ်တရက် အော်ပြောသည်။


"ရတာပေါ့၊ လုပ်လိုက်"


"ငါပဲ ကိုင်ပေးမယ်၊ နင်က Angle ရွေးတာ ညံ့ပါတယ်"


"နင်က တုံးလိုက်တာ၊ ဒီအကွက်က ငါ့ရဲ့ မေးနှစ်ထပ် ပေါ်နေလိမ့်မယ်"


ရီလျန်နာသည်

ကျန်းရှောင်၏ ဖုန်းကို ဆွဲယူကာ လေထဲသို့ မြှောက်လိုက်သည်။ 


ထို့နောက် ကျန်းရှောင်၏ လက်မောင်းကို ထိလိုက်ပြီး "ကင်မရာကို ကြည့်စမ်း" ဟု ပြောလိုက်သည်။


ကျန်းရှောင်က လှည့်ကြည့်ပြီး ဖုန်းကင်မရာကို ပြုံးပြလိုက်သည်။


"ချလပ်"