အခန်း (၅၃) ဒဏ်ကြေး
Viewers 2k

"အစ်ကို... အစ်ကိုကြီး... တော်ပါတော့၊ မကန်ပါနဲ့တော့၊ ကျွန်တော် မှားသွားပါတယ်..." 


ကတုံးပုံစံညှပ်ထားသည့် လူငယ်မှာ လက်တစ်ဖက်က ခေါင်းနောက်စေ့၊ ကျန်တစ်ဖက်က ဖင်ကိုအုပ်ကာ ပျာပျာသလဲ တောင်းပန်နေရှာသည်။ 


သူ အတော်လေး ထိတ်လန့်နေပြီး ပါးစပ်မှလည်း တောင်းပန်စကားများသာ ထွက်နေတော့၏။


"မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားနဲ့ ကစားချင်တာလား" 


ကျန်းရှောင်သည် ထိုလူငယ်လက်ထဲမှ ခေါက်ဓားကို လုယူလိုက်ပြီး သူ့ကို ကန်ကာ မှောက်ခုံလဲစေပြီးနောက် ခွစီးထားလိုက်သည်။


လူငယ်မှာ မျက်နှာနှင့် ခေါင်းနောက်စေ့ကို အရှိန်ပြင်းပြင်း အထိုးခံထားရသဖြင့် အခြေအနေ မဟန်တော့ဘဲ မျက်စိထဲတွင် ဓားသွား၏ အေးစက်စက် အလင်းရောင်ကို ဝေဝါးစွာ မြင်နေရသည်။


သူသည် ကြောက်လန့်တကြား လက်ဖြင့် ကာကွယ်လိုက်သော်လည်း ခေါက်ဓားမှာ သူ၏ လက်မောင်းထဲသို့ စိုက်ဝင်သွားခဲ့သည်။


"အား"


လူငယ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ သတိပြန်ဝင်လာသည်။


'ဒီကောင် တကယ်လုပ်တာလား'


'သူက ကျောင်းသားတစ်ယောက် ဟုတ်ရဲ့လား'


'ငါသာ အခုနက လက်နဲ့မကာမိရင် အသေအသတ်ခံရမှာလား'


လူငယ်မှာ ကြောက်လန့်လွန်းသဖြင့် ချွေးစေးများ ထွက်လာသည်။ 


အပြစ်ကင်းစင်ပုံရသည့် ကျန်းရှောင်က ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။


ဒါ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ အဆင့်အတန်း မဟုတ်တော့ဘူး၊ သူက တကယ်ကို...


ကျန်းရှောင်က ဓားကို ဆွဲထုတ်လိုက်ပြီး ထိုလူငယ်ကို အားရပါးရ တစ်ချက် ထိုးလိုက်

ပြန်သည်။


"အစ်ကိုကြီး...ကျွန်တော့်အမှားမှန်း သိပါပြီ"


"ကျွန်တော် မှားသွားပါတယ်...ရိုက်ချင်သလောက်ရိုက်ပါ၊ ဒါပေမဲ့ ကျွန်တော့်ကို မသတ်ပါနဲ့"


"ကျွန်တော့်ကိုပဲ ဆက်ကန်ပါတော့ဗျာ"


လူငယ်မှာ ကြောက်လန့်တကြား အော်ဟစ်နေတော့သည်။ 


သူသည် ရန်ပွဲများတွင် ကျွမ်းကျင်သူဖြစ်

သော်လည်း အကန့်အသတ်တော့ ရှိသည်။ 


အများဆုံး ရန်ဖြစ်ရုံသာဖြစ်ပြီး လူသတ်ရန်အထိ သတ္တိမရှိပေ။


"ငါ ဘာလုပ်နေလဲဆိုတာ ငါသိတယ်၊ ဘာလို့ အော်နေတာလဲ" 


ကျန်းရှောင်က လူငယ်၏ လက်မောင်းကို ထပ်မံထိုးလိုက်ရာ သူ၏ လက်သီးမှ အစိမ်းရောင်

အလင်းတန်း များ ထွက်ပေါ်လာပြီး လူငယ်မှာ ကြမ်းပြင်နှင့် ရိုက်မိသွားသည်။


ကျန်းရှောင်က ဓားကို သိမ်းမည့်ပုံမပြသဖြင့် သူ အတော်လေး ကြောက်လန့်ပြီး နောင်တရနေမိသည်။ 


'ငါ ဘာလို့ ဒီဓားကို ထုတ်လိုက်မိပါလိမ့်'


'ငါ့အုတ်ခဲနဲ့ ငါ့ခြေထောက် ပြန်ထုမိတာပဲ၊ သူ့ကို ခြောက်မလို့ဟာကို အခုတော့ ဒုက္ခရောက်ကုန်ပြီ'


"အစ်ကိုကြီး... ပြစ်ဒဏ်ကြီး ၈ မျိုးထဲမှာ လူသတ်မှုလည်း ပါတယ်နော်"


"အစ်ကိုကြီးက အရွယ်မပြည့်သေးပေမယ့် ၁၄ နှစ်ကျော်နေပြီဆိုတော့ လူသတ်မှုနဲ့ ထောင်ကျနိုင်တယ်"


ဟု ထိုလူငယ်က ရုတ်တရက် အော်ပြောလိုက်သည်။


ကျန်းရှောင်က လှောင်ရယ် ရယ်လိုက်ပြီး ဓားသွားဖြင့် လူငယ်၏ ပါးကို ခပ်ဖွဖွပုတ်ကာ "မင်းက ခုနကမှ ဥပဒေအကြောင်း ဘာမှမသိသလိုလုပ်နေပြီး အခုတော့ နှံ့စပ်နေပါလား"


"မင်းက သရုပ်ဆောင်ကောင်းတာပဲနော်" ဟု ပြောလိုက်သည်။


"အစ်ကိုကြီး... ကျွန်တော့်အဖေက တရားသူကြီး၊ အစ်မက ရှေ့နေပါ"


"လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့်ရဲ့ ကြယ်တာရာမြေပုံသာ နိုးထမလာခဲ့ရင် ကျွန်တော်လည်း နောင်ကျရင်..."


သူ စကားမဆုံးခင်မှာပင် ကျန်းရှောင်က ဓားဖြင့် သူ၏ ပါးပြင်ကို အရှိန်ပြင်းပြင်း တစ်ချက် လှီးလိုက်သည်။


"အား..."


လူငယ်မှာ နာကျင်စွာ ထပ်မံအော်ဟစ်ပြန်သည်။


နောက်တစ်စက္ကန့်တွင် သာယာလှသော ခေါင်းလောင်းသံလေး ပျံ့လွင့်လာပြီး ဆေးဘက်ဆိုင်ရာ အလင်းတန်းများထွက်ပေါ်လာကာ ဒဏ်ရာရထားသည့် လူငယ်သုံးဦးစလုံးကို လွှမ်းခြုံသွားသည်။


စက္ကန့်အနည်းငယ်အတွင်းမှာပင် ဓားခုတ်ရာကြောင့် ရရှိထားသော လက်မောင်းနှင့် ပါးပြင်မှ ဒဏ်ရာများမှာ တဖြည်းဖြည်း ပြန်လည်ကျန်းမာလာသည်။


"တော်တော့၊ မငိုနဲ့တော့" 


ကျန်းရှောင်က လူငယ်၏ မျက်နှာကို သုတ်ပေးရင်း "အမာရွတ် တစ်ခုတောင် မကျန်တော့ဘူး" ဟု ပြောလိုက်သည်။


ကတုံးပုံညှပ်ထားသည့် လူငယ်မှာ မိမိကို ခွစီးထားသည့် ကျန်းရှောင်ကို ကြည့်ကာ ပါးပြင်ကို ပြန်စမ်းကြည့်သည်။ 


သွေးစအချို့ ကျန်နေသေးသော်လည်း ဓားဒဏ်ရာမှာမူ လုံးဝ ပျောက်ကွယ်သွားပြီး အသားအရေမှာ နဂိုအတိုင်း ချောမွေ့နေသည်။


"ကောင်းကျွင်းချန်က မင်းတို့ခေါင်းဆောင်လား"


ကျန်းရှောင်က မေးလိုက်သည်။


"သူက ရီလျန်နာကို သဘောကျနေတာလား"


"ဟုတ်ပါတယ်၊ ကောင်းကျွင်းချန်က အခန်း(၁) ရဲ့ ခေါင်းဆောင်ပါ"


"သူ့မှာ ကောင်းကျွင်းဝိန် ဆိုတဲ့ အစ်ကိုတစ်

ယောက်ရှိတယ်၊ သူက ၁၂ တန်း က ကျောင်းခေါင်းဆောင်တစ်ယောက်ပဲ၊ သူက အရမ်းတော်တာ" ဟု လူငယ်က ကြောက်

ကြောက်လန့်လန့်ဖြင့် ဖြေသည်။


"ကောက်ကျွင်းဝိန်"


ကျန်းရှောင် ခေတ္တမျှ ကြောင်သွားသည်။ 


'အဲဒါ ငါအစားဝင်ဖို့ ကြိုးစားနေတဲ့ ကျောင်းအသင်းက လူ မဟုတ်လား'


"အစ်... အစ်ကိုကြီး၊ ကျွန်တော့်ကို တစ်ချက်

လောက် ထပ်ကုပေးလို့ရမလား" ဟု ကတုံးဆံပင်နှင့်အခြားလူငယ်တစ်ဦးက သူ၏ ခြေထောက်ကို ကိုင်ကာ တောင်းဆိုသည်။


ကျန်းရှောင်က လှည့်ကြည့်ပြီး "စိတ်ခိုင်ခိုင်ထားစမ်းပါ၊ ငါတို့ အခု ရန်ဖြစ်နေတာလေ၊ ဘာလို့ အကူအညီ တောင်းနေတာလဲ"


"အစ်ကိုကြီးသာ ဆေးဘက်ဆိုင်ရာ နိုးထသူမှန်း သိရင် ကျွန်တော် ဘယ်တော့မှ ရန်မစပါဘူး၊ အစ်ကိုကြီးနဲ့ သူငယ်ချင်းဖြစ်အောင်ပဲ ကြိုးစားမှာပါ"


"အစ်ကိုကြီးက ကျွန်တော်တို့ တစ်သုတ်လုံးမှာ တစ်ယောက်တည်းသော ဆေးဘက်ဆိုင်ရာ နိုးထသူလေ၊ အထက်တန်း ကျောင်းသားဘဝက ၃ နှစ်တောင် ကျန်သေးတာ၊ ကျောင်းပြီးရင်လည်း တစ်သက်လုံး ရှိသေးတယ်" ဟု ထိုလူငယ်က မျက်နှာပြောင်တိုက်ကာ ပြောရှာသည်။


ကျန်းရှောင်က ပြန်မေးသည်။


"ဒါဆို ငါက ဆေးဘက်ဆိုင်ရာ နိုးထသူ မဟုတ်

ရင် မင်းတို့ ငါ့ကို အနိုင်ကျင့်လို့ ရတယ်ပေါ့လေ"


ထိုလူငယ်က ခေါင်းကို အပြင်းအထန်ခါယမ်းကာ "မဟုတ်ပါဘူး...လုံးဝ မဟုတ်ပါဘူး"


ကျန်းရှောင်က ထိုလူငယ်အနားသို့ လျှောက်သွားသည်။ 


ထိုလူငယ်၏ မျက်နှာပေါ်မှ အရှက်မရှိသော အပြုံးကို မြင်လိုက်ရသဖြင့် သူ၏ ကောက်နေသော ခြေထောက်ကို ထပ်မံကန်လိုက်ပြန်သည်။


"အား"


လူငယ်မှာ ချွေးစေးများ ထွက်လာပြီး ဒူးကိုပိုက်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။


"မင်းတို့ နောက်နောင် ဘယ်သူ့ကိုမှ အနိုင်ကျင့်

နဲ့"


"စာကိုကြိုးစား၊ လေ့ကျင့်ခန်းလုပ်၊ တရုတ်ပြည်ကြီး ထွန်းကားဖို့အတွက် တစ်သက်လုံး ကြိုးစားအားထုတ်ကြ"


ကျန်းရှောင်က အော်ပြောလိုက်သည်။


"ဟုတ်... ဟုတ်ကဲ့ အစ်ကိုကြီး... ကတိပေးပါတယ်..."


"ကျွန်တော် လူသစ်စိတ်သစ်နဲ့ ပြင်ဆင်နေထိုင်ပါ့မယ်" ဟု လူငယ်က တုန်တုန်ရင်ရင်ဖြင့် ငိုယိုကာ ပြောရှာသည်။


"အေး၊ ကောင်းကျွင်းချန်နဲ့လည်း ပတ်သက်မနေနဲ့တော့" 


ကျန်းရှောင်က ခေါင်းလောင်းသံတစ်ချက် ထပ်လွှတ်ပေးလိုက်ပြီး သတိမေ့နေသည့် ပိန်ပိန်ပါးပါး လူငယ်ဆီသို့ လျှောက်သွားကာ သူ၏ အိတ်ကပ်များကို စမ်းသပ်ရှာဖွေလိုက်သည်။


'အင်း... ဘယ်ဘက်အိတ်ကပ်ထဲက ယွမ် ၃၀၀ က ငါ့ဟာပဲ'


ကျန်းရှောင်က ခဏစဉ်းစားပြီး ထိုလူငယ်၏ အိတ်ကပ်ထဲမှ နောက်ထပ် ယွမ် ၅၀၀ ကိုပါ ထပ်နှိုက်လိုက်သည်။


"အစ်ကိုကြီး... ပြစ်ဒဏ်ကြီး ၈ မျိုးထဲမှာ..." 


ကတုံးဆံပင်နှင့် လူငယ်မှာ နာကျင်နေသော်လည်း ဒဏ်ရာမရှိတော့သဖြင့် အနည်းငယ် သတ္တိပြန်

ဝင်ကာ ပြောလိုက်သည်။ 


သူသည် ဆေးဘက်ဆိုင်ရာ နိုးထသူနှင့် တွေ့ရသည်မှာ ကံကောင်းသည်လား ကံဆိုးသည်လား မဝေခွဲနိုင်တော့ပေ။


"ဟမ်"


ကျန်းရှောင်က လှည့်ကြည့်လိုက်သည်။


ကတုံးဆံပင်နှင့် လူငယ်မှာ ခေါင်းလောင်းသံကြောင့် နာကျင်မှု သက်သာသွားသဖြင့် ဒေါသတကြီး အော်ပြောလိုက်သည်။


"ခွေးသားလေးတွေ၊ ဒါက လုယက်တာ မဟုတ်ဘူး၊ ဒါက ဒဏ်ကြေး ကွ"


"မင်းတို့ မှားထားတာဆိုတော့ ပြစ်ဒဏ် ခံရမှာပေါ့"


'ဟမ်'


ကျန်းရှောင်က ထိုလူငယ်ကို ကြည့်လိုက်ရာ သူက ချက်ချင်းပင် ပြန်ပြုံးပြသည်။


ကျန်းရှောင်က ခေါင်းညိတ်ကာ "မင်းက တဖြည်းဖြည်း အသိတရား ရှိလာပြီပဲ"


ထိုလူငယ်က အိတ်ကပ်ထဲမှ နောက်ထပ် ယွမ် ၂၀၀ ကို အမြန်ထုတ်ပေးကာ "အစ်ကိုကြီး၊ ဒါတွေက ကျွန်တော်တို့ရဲ့ ဆေးကုသခပါ။ လောက်၊ မလောက် ကြည့်ပေးပါဦး၊ ကျွန်တော့်မှာ ထမင်းစားကတ်လည်း ရှိပါသေးတယ်..."


"ဒုန်း"


ပစ္စည်းသိုလှောင်ခန်းတံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။


အေးစက်သော မျက်နှာထားနှင့် ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးများရှိသည့် အရပ်ရှည်

ရှည် လူရိပ်တစ်ခု ဝင်လာသည်။ 


ရုတ်တရက်ပင် အခန်းတွင်း အပူချိန်မှာ ရုတ်

ချည်း ကျဆင်းသွားသလို ခံစားလိုက်ရသည်။


ဟန်ကျန်းရွှယ်သည် အခန်းတွင်းရှိ ဖရိုဖရဲ အခြေအနေကို ကြည့်ကာ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ကျန်းရှောင်ထံ လျှောက်လာသည်။ 


သူမက သူ့ကို ငုံ့ကြည့်ပြီး "မင်း ဒဏ်ရာရသွားသေးလား" ဟု မေးသည်။


ကျန်းရှောင်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ 


သူမသည် ဘယ်သူ့အမှားလဲဟု အရင်မမေးဘဲ သူ ဒဏ်ရာရသလားဟု အရင်ဆုံး မေးခဲ့သောကြောင့်။


ကျန်းရှောင်က "ကျွန်တော် အဆင်ပြေပါတယ်"


"မမ ဘယ်လိုလုပ် ရောက်လာတာလဲ" ဟု ဖြေသည်။


"မင်းတို့ အခန်းက တာဝန်ခံက မင်းရဲ့ အသင်းဖော်တွေကို အကူအညီတောင်းလို့၊ ငါက မင်းတို့ လူစုရမယ့် နေရာမှာ စောင့်နေရင်းနဲ့ သိလိုက်တာ" 


စကားပြောနေရင်း ဟန်ကျန်းရွှယ်သည် ကြမ်းပြင်ပေါ်တွင် ပုံကျနေသည့် လူငယ်များကို သတိပြုမိသွားသည်။


ကျန်းရှောင်ကလည်း ထိုညီအစ်ကို နှစ်ယောက်ကို ကြည့်လိုက်သည်။


"ပိုက်ဆံတွေကို ပြန်ချထားပြီး အတန်းထဲ ပြန်သွားတော့"


"ကျန်တာ ငါ့ဘာသာ ကိုင်တွယ်လိုက်မယ်" ဟု ဟန်ကျန်းရွှယ်က ပြောသည်။


ကျန်းရှောင်သည် ခုနက မိုက်နေသမျှ ပျောက်ကွယ်သွားပြီး အမဖြစ်သူရှေ့တွင် လိမ်လိမ်မာမာ ဖြစ်သွားသည်ကို ကြည့်ကာ လူငယ်များ အံ့အားသင့်ကုန်ကြသည်။


ကျန်းရှောင်က ခေါင်းညိတ်ကာ လက်ထဲက ယွမ် ၃၀၀ ကို ပြန်ချထားရန် ခေတ္တ ဝေခွဲမရ ဖြစ်နေသည်။


ဟန်ကျန်းရွှယ်က ကိုယ်ကိုအနည်းငယ်ကိုင်းကာ ကျန်းရှောင်၏ ခေါင်းကို လက်ညှိုးဖြင့် တို့လိုက်ပြီး "မင်းမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ငါမသိဘူး ထင်နေလား" ဟု မေးလိုက်သည်။


ကျန်းရှောင်က ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး မြေပြင်ပေါ်မှ ၃၀၀ ကို ပြန်ယူကာ ၅၀၀ ကို ပြန်ချထားလိုက်သည်။


"ဒါတွေက မင်းဟာလား"


ဟန်ကျန်းရွှယ်က တိုးတိုးလေး မေးသည်။


"ဒါပေါ့ ကျွန်တော့်ဟာပေါ့၊ သူတို့က ကျွန်တော့်အိတ်ကပ်ထဲက နှိုက်သွားတာလေ" ဟု ကျန်းရှောင်က ဘေးက လူငယ်ကို လက်ညှိုးထိုးကာ အမြန် ရှင်းပြသည်။


ထိုလူငယ်ကလည်း အလိုက်သင့်ပင် "ဟုတ်ကဲ့ အမကြီး၊ ကျွန်တော်တို့ပဲ ယွမ် ၃၀၀ ကို အတင်းလုယူလိုက်တာပါ"


"ပါးစပ်ပိတ်ထား" ဟု ဟန်ကျန်းရွှယ်က လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။


ထိုလူငယ်မှာ တွန့်သွားရှာသည်။ 


Crew cut နှင့် လူငယ်မှာမူ ဟန်ကျန်းရွှယ်ကို ရင်းနှီးနေသလို ခံစားရသဖြင့် တဖြည်းဖြည်း ထလာသည်။


'သူမက... ကျောင်းခေါင်းဆောင်အဖွဲ့ထဲက ခေါင်းဆောင် မဟုတ်လား'


ဟန်ကျန်းရွှယ်သည် အဖွဲ့၏ တိုက်ခိုက်ရေး ကွပ်ကဲသူဖြစ်သဖြင့် သူမသည် အဖွဲ့ဝင်များထက် ပို၍ ဩဇာရှိသူ ဖြစ်သည်။


"ဟို...မမ အတန်းထဲ ပြန်သွားလိုက်ပါ၊ ဒါကို ကျွန်တော့်ဘာသာ ရှင်းလိုက်ပါ့မယ်" ဟု ကျန်းရှောင်က ပြောသည်။


"ဟမ်"


ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို ငုံ့ကြည့်သည်။


သူမသည် ကျန်းရှောင်၏ ပြဿနာများကို အမြဲ ဖြေရှင်းပေးနေကျ ဖြစ်သော်လည်း ကျန်းရှောင်၏ တည်ကြည်သော မျက်နှာထားကို မြင်သောအခါမှ သူမ၏ ဆိုးပေနေသော မောင်လေးမှာ လွန်ခဲ့သော တစ်လကတည်းက အသိတရား ရလာခဲ့သည်ကို သတိရသွားသည်။


ကျန်းရှောင်က တံခါးဝရှိ အသင်းဖော်များကိုလည်း "မင်းတို့လည်း ပြန်ကြတော့"



"ငါ့အတွက် ခွင့်တိုင်ပေးပါဦး၊ ဗိုက်နာနေလို့လို့ပဲ ပြောလိုက်ပါ"


"နည်းပြ လေကျင်းကိုတော့ ငါ့ဘာသာ ရှင်းပြလိုက်မယ်" ဟု ပြောလိုက်သည်။


ဟန်ကျန်းရွှယ်သည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ကျန်းရှောင်၏ ခေါင်းကို ဖွဖွလေး ပွတ်ပေးကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။