အခန်း (၅၅) ကောင်းမွန်သော အချိန်များ
Viewers 2k

“နောက်နှစ်ရက်အတွင်း ငါတို့ သူတို့အသင်းနဲ့ အတူတူ လေ့ကျင့်ရမယ်"


"သူတို့ မင်းကို နောက်တစ်ခါ လာနှောင့်ယှက်တာမျိုး အဖြစ်မခံနဲ့တော့”


“ဟား...ကျွန်တော့်လမ်းကို လာပိတ်တဲ့သူမှန်သမျှ ရိုက်ပစ်မှာ"


"နောက်နှစ်ရက်နေလို့ သူ့ကိုတွေ့ရင်လည်း ပညာပေးလိုက်မယ်” ဟု ကျန်းရှောင်က ပြောပြီးနောက် လျှိုပုဖန်ရှိရာသို့ လှည့်ကာ လျှောက်သွားလိုက်သည်။


“ဟေ့ လူဝကြီး၊ ငါ့ကိုကူညီဖို့ လူရှာပေးတဲ့အတွက် ကျေးဇူးပဲနော်” ဟု ကျန်းရှောင်က ပြောလိုက်သည်။


“ငါတို့က အတန်းဖော်တွေပဲဟာ၊ အားနာမနေပါနဲ့"


"ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ညံ့လွန်းလို့ မင်းအတွက် အကူအညီ ရှာပေးလိုက်တာပါ” 


လျှိုပုဖန်က ရယ်မောရင်း ပြန်ပြောသည်။


“မင်းက ငါ့ကို ကူညီပြီးသားပဲ၊ ငါက ဘာလို့ အပြစ်တင်ရမှာလဲ” 


ကျန်းရှောင်က လျှိုပုဖန်၏ ပုခုံးကို ဖက်လိုက်ပြီး “ဟေ့၊ မင်းဆီမှာ အတန်း (၁) က ကောင်းကျွင်းချန်ရဲ့ WeChat အကောင့် ရှိလား” ဟု မေးလိုက်သည်။


“မရှိဘူး၊ ဒါပေမဲ့ ငါတို့မှာ တစ်နှစ်လုံးပေါင်းထားတဲ့ Group chat ရှိတယ်"


"အဲဒီမှာ သူ့နာမည်ကို ရှာလို့ရနိုင်တယ်” 


လျှိုပုဖန်က ကြောင်တောင်တောင် ဖြစ်နေသော ကျန်းရှောင်ကို ကြည့်ကာ မိမိခေါင်းကို မိမိ ပြန်ထုရင်း “အော် ဟုတ်သားပဲ၊ မင်းက နောက်ကျမှ ရောက်တာဆိုတော့ ငါ မင်းကို Group ထဲ ဆွဲထည့်ပေးမယ်” ဟု ပြောလိုက်သည်။


ထို့နောက် သူတို့နှစ်ဦး WeChat အကောင့်ချင်း အပြန်အလှန် အပ်လိုက်ကြပြီး၊ အဖွဲ့ဝင် ၂၀၀ နီးပါးရှိသော Group chat ထဲသို့ ကျန်းရှောင် ရောက်ရှိသွားတော့၏။


အတော်ကြာ ရှာဖွေပြီးနောက် ကျန်းရှောင်သည် အတန်း (၁) မှ ကောင်းကျွင်းချန် ကို ရှာတွေ့သွားသည်။


သူသည် ကောင်းကျွင်းချန်၏ အကောင့်ကို အပ် (Add) လိုက်ပြီး ဖုန်းကို မြှောက်ပြလိုက်၏။


ကောင်းကျွင်းချန်သည် သွားကြိတ်ကာ ကျန်းရှောင်ကို စိုက်ကြည့်နေသည်။ 


ထို့နောက် ဖုန်းတုန်ခါလာသည်ကို သိလိုက်ရသဖြင့် ဖုန်းကို ထုတ်ကြည့်လိုက်သည်။


သူသည် WeChat ကိုဖွင့်ကာ ကျန်းရှောင်ကို သူငယ်ချင်းစာရင်းထဲသို့ လက်ခံလိုက်သည်။


ကျန်းရှောင်က သူ့ကို ပြင်းပြင်းထန်ထန် သတိပေးလိမ့်မည်ဟု ကောင်းကျွင်းချန်က ထင်ထားသော်လည်း အတော်ကြာသည်အထိ ကျန်းရှောင်ဘက်က ဘာတစ်ခွန်းမှ ပြောမလာပေ။


ကောင်းကျွင်းချန် တကယ်ပင် ဇဝေဇဝါ ဖြစ်သွားသည်။ 


သူ မော့ကြည့်လိုက်သောအခါ ကျန်းရှောင်မှာ ဖုန်းကို သိမ်းလိုက်ပြီး အသင်းဖော်များနှင့် စကားလက်ဆုံ ကျနေသည်ကို တွေ့လိုက်ရသည်။


‘ဘာတွေ ဖြစ်နေတာလဲ၊ သူ ငါ့ကို အပ်ပြီးတော့ ဘာလို့ ဘာမှမပြောတာလဲ'


'ဒါက သူ့ရဲ့ လှည့်ကွက်တစ်ခုခုလား' ဟု ကောင်းကျွင်းချန် တွေးနေမိသည်။


“တောက်... သူက လှည့်ကွက်တွေ များလွန်းတယ်” 


ကောင်းကျွင်းချန် ဖုန်းကို ပြန်သိမ်းလိုက်ပြီး သူ့တပည့်သုံးယောက်၏ အကြောင်းပြန်ကြားချက်ကို စိုးရိမ်တကြီး စောင့်နေသည်။ 


သို့သော် အတော်ကြာသည်အထိ မည်သူမျှ အသင်းထံ ပြန်မရောက်လာကြပေ။


နေလည်စာစားချိန် နီးကပ်လာသောအခါ ကောင်းကျွင်းချန်မှာ အခြေအနေများက ထူးဆန်းလွန်းသည်ဟု ခံစားရသဖြင့် WeChat ကို ထပ်မံ စစ်ဆေးလိုက်သည်။


ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား အကောင့်မှာ ဘာစာမှ ပို့မထားသေးပေ။


ကောင်းကျွင်းချန်က ကျန်းရှောင်၏ Profile ပုံကို နှိပ်လိုက်ရာ တွေ့လိုက်ရသော အရာကြောင့် သူ ဒေါသထွက်သွားရ၏။


သူသည် ကျန်းရှောင်၏ Personal Feed (Moment) ကို ကြည့်လိုက်ရာ Status နှစ်ခုတင်ထားသည်ကို တွေ့ရသည်။


တစ်ခုမှာ လွန်ခဲ့သော နာရီအနည်းငယ်က နံနက်ခင်း သင်ခန်းစာတွင် ကျန်းရှောင်က မြေပြင်ပေါ်၌ ထိုင်နေရင်း ရီလျန်နာ၏ လှပသော ခြေတံရှည်များပေါ် မှီထားသည့် ပုံဖြစ်သည်။


ကျန်းရှောင်ဘေးက မိန်းကလေး၏ ပုံရိပ်မှာ အလွန်ပင် ပြည့်စုံလွန်းနေပြီး သူမ၏ ခေါင်းက နေရောင်ကို ကွယ်ထားသောကြောင့် မျက်နှာမှာ ဝေဝါးနေသော်လည်း အိပ်မက်ဆန်နေသည်။ 


သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးမှာ ရွှေရောင်အလင်းတန်းများ ဝန်းရံနေသကဲ့သို့ ဖြစ်နေသဖြင့် ကောင်းကျွင်းချန်မှာ ထိုပုံထဲတွင် စီးမျောသွားကာ ရုန်းမထွက်နိုင် ဖြစ်နေသည်။


'နောက်ဆုံးတင်ထားတဲ့ Status ကရော'


အဲဒါက လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ တင်ထားပုံရသည်။


အချိန်အရဆိုလျှင် ကျန်းရှောင် အသင်းဆီ ပြန်ရောက်ပြီးမှ တင်လိုက်ခြင်း ဖြစ်ရမည်။


‘သူ ငါ့ကို အပ်လိုက်တာ ဒီပုံတွေကို ပြချင်လို့လား'


ဤတစ်ကြိမ်တွင် ပုံမှာ ပိုမိုရှင်းလင်းပြီး အပေါ်စီးမှ ရိုက်ထားခြင်းဖြစ်သည်။


ရီလျန်နာက ဖုန်းကို ကိုင်ထားပြီး ကျန်းရှောင်ဘေးတွင် ရပ်ကာ ချိုချိုသာသာ ပြုံးနေသည်။


ပုံ၏အပေါ်က စာသားကတော့ ကောင်းကျွင်းချန်ကို ဒေါသအထွတ်အထိပ် ရောက်သွားစေသည်။


“ကောင်းမွန်သော အချိန်များ” 


'ကောင်းမွန်သော အချိန်များ ဟုတ်လား'


'မင်းကို သတ်ပစ်မယ်'


ကောင်းကျွင်းချန်မှာ ဒေါသတကြီးဖြင့် သူ၏ ပန်းသီးတံဆိပ်ဖုန်းကို မြေကြီးပေါ် ပစ်ပေါက်

လိုက်ရာ ဖုန်းမှာ ပျက်စီးသွားတော့သည်။ 


သို့သော် အဟောင်းမသွားလျှင် အသစ်မလာ ဆိုသည့်အတိုင်း သူ ဂရုမစိုက်နိုင်တော့ပေ။


ကောင်းကျွင်းချန်၏ လုပ်ရပ်ကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ လန့်သွားကြသည်။ 


သူသည် နည်းပြ၏ ဆူပူမှုကိုပင် ဂရုမစိုက်ဘဲ အတန်း (၂) ရှိရာသို့ ဒေါသတကြီး လျှောက်သွားတော့သည်။


အတန်း (၂) တွင် ကျောင်းသားများမှာ ကျောင်းသားနှစ်ဦးကို တိုက်ခိုက်ရေးနည်းပြနေသော လေကျင်းကို ဝိုင်းကြည့်နေကြသည်။ 


ရုတ်တရက် ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား ဟူသော ဒေါသတကြီး အော်သံကို ကြားလိုက်ရသည်။


ကျောင်းသားများ လှည့်ကြည့်လိုက်သောအခါ အိုးပုတ်ကေနှင့် ကောင်လေးမှာ သူတို့ဆီသို့ ဒေါသတကြီး ပြေးလာသည်ကို တွေ့လိုက်ရသည်။


“ဒီကလေးတော့ တကယ် ဒေါသထွက်သွားပြီ ဟား ဟား" ဟု ညီအငယ်ဖြစ်သူ ကျူဝူက ရယ်မောရင်း ပြောလိုက်သည်။


ရီလျန်နာက အနည်းငယ် စိုးရိမ်သွားပြီး ကျန်းရှောင်၏ အင်္ကျီကို ဆွဲကာ “နည်းပြကိုပဲ ဖြေရှင်းခိုင်းလိုက်ပါ” ဟု တိုးတိုးလေး ပြောသည်။


ကျန်းရှောင်က အံ့သြစွာဖြင့် “အဲဒါက မေးခွန်းလား" ဟု မေးလိုက်သည်။


ကောင်းကျွင်းချန်မှာ ကြောင်သွားသည်။


ကျန်းရှောင်က ခေါင်းကို ကုတ်လိုက်ပြီး “အဲဒါက မေးခွန်းဆိုရင်တော့ ငါ့အဖြေက..."


"နည်းနည်းတော့ ဆိုးတယ် လို့ ဖြေရမှာပဲ” ဟု ပြောလိုက်သည်။


လျှိုခယ်သည် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ရယ်ချင်စိတ်ကို အောင့်ထားရင်း မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီမြန်းလာသည်။


သို့သော် ကျူဝူကတော့ မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်ချလိုက်တော့သည်။

စိုးရိမ်နေသော ရီလျန်နာပင် မရယ်ဘဲ မနေနိုင်တော့ပေ။


“ကျောင်းသား... ငါတို့ အခု သင်ခန်းစာ လေ့ကျင့်နေတယ်၊ လာမနှောင့်ယှက်နဲ့” 


လေကျင်းက မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းလိုက်သည်။


“ကောင်လေး၊ ငါ့တပည့်တွေ ဘယ်မှာလဲ"


"သူတို့ ဘယ်ရောက်သွားတာလဲ"


ကောင်းကျွင်းချန်က ဒေါသတကြီး မေးသည်။


“မင်းက တစ်နေ့ကုန် အလုပ်မရှိ အားနေပြီး သူတစ်ပါးကို လိုက်အနိုင်ကျင့်နေတာ သိသွားလို့ သူတို့က မင်းနဲ့ မပေါင်းချင်တော့ဘူးတဲ့"


"ငါကလည်း ဖျောင်းဖျလိုက်လို့ သူတို့ မင်းနဲ့ ဝေးဝေးမှာ နေဖို့ ဆုံးဖြတ်လိုက်ကြပြီ” 


ကျန်းရှောင်က ပြုံးရင်း ဆက်ပြောသည်။


"ဒါနဲ့... ငါက မိန်းကလေးပဲ ကြိုက်တာ၊ ငါ့ကို လာမပတ်သက်နဲ့တော့”


ကောင်းကျွင်းချန်မှာ ဆွံ့အသွားသည်။


ရုတ်တရက် အတန်း (၁) နှင့် အတန်း (၂) မှ ကျောင်းသားများအားလုံး အံ့အားသင့်သွားကြသည်။


“မင်း...စိတ်ဓာတ်ဖောက်ပြန်နေတဲ့ အကောင်"


"လျှောက်ပြောမနေနဲ့"


ကောင်းကျွင်းချန်မှာ ဆက်လက် မအောင့်အီးနိုင်တော့ပေ။ 


သူသည် သွားကို တင်းတင်းကြိတ်ကာ ကျန်းရှောင်ဆီသို့ အားကုန်ပြေးဝင်သွားသည်။


လမ်းခုလတ်တွင် လေကျင်းက သူ့ကို အလွယ်တကူပင် ဖမ်းဆီးကာ တားလိုက်၏။


ထိုလုပ်ရပ်ကြောင့် ကျောင်းသားများမှာ အံ့သြတုန်လှုပ်သွားကြသည်။


'ဒါက... လွယ်လွယ်လေးတင် မဟုတ်လား'


နည်းပြကတော့ တကယ်ကို စွမ်းတာပဲ။


လေကျင်းက အတန်း (၁) မှ နည်းပြကို ကြည့်ကာ “ဘာဖြစ်တာလဲ" ဟု မေးလိုက်သည်။


“သူ ဘာလို့ ဒီလောက် ရူးနေလဲ ငါလည်း မသိဘူး"


"ငါ့လက်ထဲသာ အပ်လိုက်ပါ” 


အတန်း (၁) မှ နည်းပြသည် ထွားကြိုင်းသော လူသန်ကြီး ဖြစ်ပြီး ကောင်းကျွင်းချန်ကို လေကျင်းလက်ထဲမှ ဆွဲယူကာ ကြယ်တာရာ စွမ်းအားပါသော လက်ဖြင့် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်လိုက်သည်။ 


ကောင်းကျွင်းချန်မှာ လုံးဝ မရုန်းကန်နိုင်တော့ပေ။


“မင်း ကြည့်နေလိုက်! ကြည့်နေလိုက်စမ်း"


ကောင်းကျွင်းချန်က အော်ဟစ်နေပြီး သူ၏ မျက်နှာမှာ သွေးထွက်လုမတတ် နီမြန်းနေသည်။


ကျန်းရှောင်က ကောင်းကျွင်းချန်ကို လက်ပြလိုက်ပြီး “မင်း ပြန်လာမှာ မဟုတ်လား" ဟု လှောင်ပြောင်လိုက်သည်။


“ဟားဟားဟားဟား...”


“ဟားဟားဟား...” 


ဤတစ်ကြိမ်တွင် အတန်း (၂) မှ ကျောင်းသားများအားလုံး အူတက်မတတ် ရယ်မောကုန်ကြသည်။


“မင်းလည်း ပါးစပ်ပိတ်ထား...စနစ်တကျ ပြန်

ရပ်နေ"


လေကျင်းက ကျန်းရှောင်ကို လှည့်ကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။


ကျန်းရှောင်သည် ချက်ချင်း ပါးစပ်ပိတ်ကာ ငြိမ်ငြိမ်လေး ပြန်ရပ်နေလိုက်၏။


ကျောင်းသားများက ပျော်ပျော်ပါးပါး ကြည့်နေကြသော်လည်း ရီလျန်နာကတော့ စိုးရိမ်နေဆဲပင်။ 


နောက်ဆုံးတော့ ဒါတွေက သူမကြောင့် ဖြစ်ရတာ မဟုတ်လား။


သူမသည် ကျန်းရှောင်၏ အင်္ကျီကို ဆွဲကာ “ဒီလောက်အထိ ပြဿနာအကြီးအကျယ် ရှာလိုက်တာ မသင့်တော်ဘူး ထင်တယ်နော်” ဟု မေးလိုက်သည်။


ကျန်းရှောင်က “သူ ငါ့ကို ပစ္စည်းသိုလှောင်ခန်းထဲ တွန်းထည့်ကတည်းက ဘာလုပ်လုပ် မသင့်တော်တာ မရှိတော့ဘူး” ဟု ပြောလိုက်သည်။


“အင်း...” 


ရီလျန်နာ ခဏတာ စဉ်းစားပြီးမှ “အဲဒါလည်း ဟုတ်တာပဲ၊ ဆောရီးပါ ရှောင်ဖီ” ဟု ပြန်ပြောသည်။


ရီလျန်နာမှာ တောင်းပန်စကား မပြောဘဲ မနေနိုင်တော့ပေ။ 


အမှန်တကယ်တော့ သူမ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရပြီ။


သူမသည် ငယ်ရွယ်သေးသဖြင့် အတွေးအခေါ် မှားယွင်းခဲ့သည်ဟု ထင်နေမိသည်။ 


အကယ်၍ သူမသာ သူတစ်ပါး တိုက်တွန်းချက်ကြောင့် ကျန်းရှောင်နှင့် ဓာတ်ပုံတွဲမရိုက်ခဲ့လျှင် ဤပြဿနာများ ဖြစ်လာမည် မဟုတ်ဟု တွေးနေမိသည်။


သို့သော် ကျန်းရှောင်အတွက်မူ ထိုအတွေးမှာ လုံးဝ မှားယွင်းနေသည်။


သူပြောခဲ့သလိုပင် ကောင်းကျွင်းချန်က သူ့တပည့်တွေကို ခိုင်းပြီး သူ့ကို ပစ္စည်းသိုလှောင်ခန်းထဲ တွန်းထည့်လိုက်ကတည်းက ကြီးမားသော ပဋိပက္ခက စတင်ခဲ့ပြီးသား ဖြစ်သည်။


မိမိကို လွန်လွန်ကျူးကျူး လာရောက်အနိုင်ကျင့်သူကို လက်စားမချေဘဲ နေတတ်သူ မဟုတ်ပေ။


ထို့အပြင် ကျန်းရှောင်နှင့် ကောင်းကျွင်းဝေတို့ကြားတွင် ဖြစ်လာမည့် ပဋိပက္ခနှင့် ယှဉ်လျှင် ယခုကိစ္စမှာ ဘာမှမဟုတ်သေးပေ။


ကောင်းကျွင်းဝေကို အသင်းမှ ဖယ်ထုတ်မည့်ကိစ္စမှာ ဧကန်မလွဲ ဖြစ်လာပေလိမ့်မည်။ 


အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ထိုကိစ္စကတော့ ဖြစ်လာမှာပင်။


အဲဒါကမှ တကယ့် ဖြေရှင်းရခက်သည့် ပဋိပက္ခ အစစ်အမှန် ဖြစ်လိမ့်မည်။


ဟန်ကျန်းရွှယ်နှင့် ရှယန်တို့၏ ဘေးကင်းရေးအတွက် သူသည် အတ္တကြီးပြီး ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုတတ်သော လူတစ်ယောက်ကို အသင်းထဲတွင် ဆက်ရှိနေခွင့် မပြုနိုင်ပေ။


အသင်းသည် သီးခြားကမ္ဘာထဲတွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်ရာ အနည်းငယ် ပေါ့ဆရုံနှင့် အသက်ဆုံးရှုံးနိုင်သည်။


ထို့ပြင် အသင်းသည် ပြိုင်ပွဲအသီးသီးတွင် ဂုဏ်ပြုဆုများအတွက် ကြိုးစားရမည်။


ထိုဆုတံဆိပ်များသည် အဆင့်မြင့်ပညာကျောင်းများ တက်ရောက်ရန်အတွက် အခွင့်အလမ်းများပင် ဖြစ်သည်။


ဤအသင်းတွင် မရေရာသော အချက်များ မရှိသင့်ပေ။


ကျောင်းဗိုလ်ကျသူ ကောင်းကျွင်းဝေနှင့် ကျန်းရှောင်တို့၏ ပဋိပက္ခ စတင်သည်နှင့် ပွဲကတော့ အကြီးအကျယ် ဖြစ်တော့မည်ဖြစ်သည်။


ဤသည်ကို တွေးတောရင်း ကျန်းရှောင်က သူ၏ အသင်းဖော်များကို ကြည့်ကာ “ဟုတ်တယ်၊ ငါ မင်းတို့ကို တစ်ခုလောက် ဝန်ခံစရာ ရှိတယ်...” ဟု ပြောလိုက်၏။