ကျန်းရှောင်ရို့ အထဲသို့ လှည့်ဝင်သွားသည်နှင့် တစ်ပြိုင်နက် လီမင်ချီသည် မတ်တပ်ထရပ်ကာ ဒူးကို ပွတ်ရင်း သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက သူ့အတွက် အတော်လေး ပင်ပန်းဆင်းရဲလှပုံရသည်။ ထိုပုံစံမှာ သံမဏိမျှော်စင်ကြီးတစ်ခု ယိုင်နဲ့နဲ့ ရွေ့လျားနေသည့်နှယ်။
လုယုံကျန်းက သူ့အား အောက်လမ်းကြားထဲမှ တွဲဖက်ထွက်လာသည်ကို အေးစက်စက် ကြည့်ရင်း—
"နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ငါ အလွတ်ပေးမှာ မဟုတ်ဘူး" ဟု သတိပေးလိုက်သည်။
သူ့အသံမှာ တိုးညင်းလှသဖြင့် သူတို့နှစ်ဦးသာ ကြားနိုင်သည်။ လီမင်ချီက ခေါင်းကို အမြန်လှည့်လာပြီး—
"မနေ့ညက မင်းလား..." ဟု မေးလိုက်သည်။
လုယုံကျန်းက ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး တည်ငြိမ်အေးစက်စွာဖြင့်—
"မင်းဘာတွေ ပြောနေတာလဲ ငါမသိဘူး။ ငါပြောချင်တာကတော့ နောက်တစ်ခါသာ ဒီလိုကိစ္စမျိုး ထပ်ဖြစ်ရင် မင်းကို အိပ်ရာထဲကမထနိုင်အောင် ဆော်ပလော်တီးပစ်မယ် ဆိုတာပဲ"
လုယုံကျန်း၏ အကြည့်များက လီမင်ချီအား မနေ့ညက ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်အမှတ်ရစေသည်။ လုံးဝအသာစီးရယူကာ ဖိနှိပ်ချုပ်ကိုင်ထားသည့် ထိုအကြောက်တရားကြီးမှာ စောစောက ခံစားချက်နှင့် လုံးဝမတူ။
သို့သော် လုယုံကျန်းက သူ့အတွင်းစိတ်ကို ကွင်းကွင်းကွက်ကွက် မြင်နေသည့်အလား ကြည့်နေသည့် အကြည့်ကြောင့် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။
လီမင်ချီသည် ယခင်ကလည်း ဤကဲ့သို့သော ကိစ္စရပ်များကို အကြိမ်ကြိမ် လုပ်ဆောင်ဖူးသူ ဖြစ်သည်။ သူသည် သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး လမ်းကြောင်းမျိုးစုံမှတစ်ဆင့် ဖြန့်ဝေလေ့ရှိသဖြင့် မည်သူမျှ သူ့ထံသို့ လမ်းစလိုက်၍ မရနိုင်ပါ။
သို့ဆိုလျှင် မနေ့ညက အိပ်မက်ဆိုးကြီးသည် ကျန်းရှောင်ရို့နှင့်ပတ်သက်သည့် ကောလာဟလများ၏ မြစ်ဖျားခံရာမှာ သူဖြစ်ကြောင်းကို မည်သို့များ သိရှိသွားရသနည်း။
ကျန်းရှောင်ရို့ နံနက်စာ စားသောက်ပြီး အပြင်သို့ ထွက်လာချိန်တွင် လုယုံကျန်းက တံခါးဝ၌ အဆင်သင့် စောင့်ဆိုင်းနေပြီ ဖြစ်သည်။ ကျန်းထန်းလေးကမူ လုယုံကျန်း၏ ရုံးသုံးလက်ဆွဲအိတ်ကို အားတက်သရော ကိုင်ဆောင်ကာ ဘေးမှ လိုက်ပါလာရင်း—
"အစ်မကြီးကလည်း... နှေးလိုက်တာ။" ဟု စိတ်မရှည်သလို ပြောသည်။
လုယုံကျန်းက လက်ဆွဲအိတ်ကို လှမ်းယူလိုက်ပြီး နွေးထွေးအပန်းပြေသော အပြုံးဖြင့်—
"သွားကြစို့" ဟု ဆိုကာ ရှေ့သို့ လှမ်းလိုက်သည်။
ကျန်းထန်းလေးက ပါးကို လက်ဖြင့်အုပ်ကာ—
"ချိုအီနေတာပဲ... သွားတွေတောင် ကျိုးတော့မယ်။" ဟု မချိတင်ကဲ ညည်းတွားလိုက်သော်လည်း မျက်နှာထက်တွင်မူ ဖြူစင်သော အပြုံးတစ်ခု စွန်းထင်နေသည်။
ကျန်းရှောင်ရို့သည် ဤလမ်းကြားလေးအတိုင်း ရေတွက်၍မရနိုင်အောင် လျှောက်လှမ်းဖူးသော်လည်း ယနေ့ကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ချေ။ လမ်းဘေးဝဲယာရှိ အိမ်နီးနားချင်းများက သူမအား ကြည့်နေကြသော်လည်း အကြည့်လွှဲသွားခြင်း သို့မဟုတ် တိုးတိုးတိတ်တိတ် အတင်းပြောခြင်းမျိုး မရှိကြတော့။
ရုတ်တရက် ဘေးအိမ်မှ အဘွားအိုက လှမ်းအော်ပြောလိုက်သည်—
"ကျန်းမိသားစုက သမီးလေးရေ... အဘွား အရင်က ပြောခဲ့တဲ့ စကားတွေအတွက် တောင်းပန်ပါတယ်ကွယ်။ တကယ် စိတ်မကောင်းပါဘူး။"
ထိုအခါ အခြားသူအချို့ကလည်း တဖြည်းဖြည်း လိုက်လံပြောဆိုကြသည်—
"ကျွန်မလည်း မှားသွားပါတယ်... အဲဒီလို ကောလာဟလတွေကို မဖြန့်သင့်ခဲ့ဘူး။"
လုယုံကျန်းက သူတို့နှစ်ဦးသာ ကြားနိုင်မည့် အသံတိုးတိုးဖြင့်—
"ဟန်ဆောင်နေဖို့ မလိုပါဘူး။ မကျေနပ်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောချင်ရာပြော။" ဟု ဆိုသည်။
ထိုစကားကို ကြားသောအခါ ကျန်းရှောင်ရို့က သူ့မျက်ဝန်းများကို စိုက်ကြည့်ရင်း—
"ကောင်းပါပြီ။" ဟု ပြုံး၍ ဖြေလိုက်သည်။
သူမ၏ ရင်ထဲမှ မလုံခြုံမှုများက ချက်ချင်း ပျောက်ကွယ်မသွားနိုင်သေးသဖြင့် ဤအခြေအနေကို လွယ်လွယ်ကူကူနှင့် ဥပေက္ခာမပြုနိုင်သေးချေ။ စဉ်းစားစရာ အနည်းငယ်ရှိပြီးနောက် သူမ လှည့်ကြည့်ကာ ပြောလိုက်သည်—
"လူတိုင်း နောင်ခါဆို မျက်စိ ဖွင့်ထားကြပါ။ ဒီလိုစကားမျိုးတွေကို ပေါ့ဆစွာ မပြောဆိုသင့်ပါဘူး။ လူတစ်ဖက်သားကို မကောင်းပြောတာဟာ အကုသိုလ်ဖြစ်စေပါတယ်။"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်"
"ကျန်းမိသားစုက သမီးလေးပြောတာ မှန်တာပေါ့။ ငါတို့လည်း ပညာတတ်တွေ ပြောတာကို နားထောင်ရမယ်။"
သူတို့နှစ်ဦး လမ်းကြားထဲမှ ထွက်လာကြစဉ် လမ်းမထက်ရှိ သစ်ပင်ရိပ်များအောက်မှ အစောပိုင်း ဆောင်းဦးရာသီ၏ ကြွေလွင့်နေသော သစ်ရွက်ခြောက်များကို နင်းလျှောက်လာခဲ့ကြသည်။
ကျန်းရှောင်ရို့သည် ထူးခြားသော ခံစားချက်အသစ်ကို ခံစားနေရသည်။ သူမ၏ စိတ်နှလုံးမှာ တည်ငြိမ်အေးချမ်းပြီး သာယာလှပနေကာ စူးရှသော နေရောင်ခြည်ပင်လျှင် အလွန်တရာ ညင်သာနူးညံ့နေသယောင် ထင်မှတ်ရသည်။
သူမသည် ကောလာဟလများ ချုပ်ငြိမ်းသွားမည့်ရက်ကို အမြဲအိမ်မက်မက်ခဲ့ရပြီး တစ်နေ့နေ့တွင် လူတိုင်း စိတ်ဝင်စားစရာ အကြောင်းအရာအသစ်များ ရှာဖွေတွေ့ရှိကာ မိမိအကြောင်းကို ဆက်လက်ဆွေးနွေးခြင်း မပြုတော့ရန်သာ မျှော်လင့်ခဲ့ဖူးသည်။
သို့သော် တစ်စုံတစ်ယောက်က မိမိအား လာရောက်တောင်းပန်လိမ့်မည်ဟုမူ တစ်ခါမျှ မတွေးဝံ့ခဲ့ချေ။ စောစောက မြင်ကွင်းများက စိတ်ထဲတွင် ပြန်လည်အသက်ဝင်လာပြီး တွေးမိလေလေ မျက်ရည်များ ဝဲလာလေလေ ဖြစ်ရသည်။
လုယုံကျန်းက သူမ၏ အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော အသက်ရှူသံကို နားထောင်ရင်း မနှောင့်ယှက်ဘဲ နေပေးခဲ့သည်။ ထို့နောက် သူ့အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးကို ထုတ်ယူကာ လက်ဝါးဖြန့်၍ ကမ်းပေးလိုက်သည်။ တစ်လုံးမှာ ဇီးသီးခြောက်သကြားလုံး ဖြစ်ပြီး ကျန်တစ်လုံးမှာ ယုန်ဖြူ (White Rabbit )သကြားလုံး ဖြစ်သည်။
ကျန်းရှောင်ရို့က သကြားလုံးများကို ကြည့်ကာ မျက်ရည်ဝဲနေသည့်ကြားမှ ညင်သာစွာ ရယ်မောရင်း—
"ဘာလုပ်တာလဲ... ငါက ကလေးမှ မဟုတ်တော့တာ။"
"သကြားလုံး စားလိုက်ပါ... မင်း ကြိုက်လိမ့်မယ်လို့ ငါ ထင်လို့ပါ။"
"ကျေးဇူးတင်ပါတယ်။"
သူမအနေဖြင့် ဘာအတွက် ကျေးဇူးတင်သည်ကို အထူးတလည် ပြောပြနေစရာမလို၊ သူ နားလည်ပါသည်။ သူမ၏ ဖြူစင်မှုကို ယုံကြည်ပေးခဲ့သည့်အတွက်၊ ဤကာလအတောအတွင်း သူမ၏ ရည်းစားအဖြစ် ဟန်ဆောင်ပေးခဲ့သည့်အတွက်နှင့် (လီမင်ချီကိစ္စ၏ မြစ်ဖျားခံရာကို ရှာဖွေပေးခဲ့ခြင်း မပါဝင်ဟု ထင်မှတ်ထားသော်လည်း) သူ၏ ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ကျေးဇူးတင်နေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် လမ်းခွဲသို့ ရောက်သည်အထိ ဘေးချင်းယှဉ် လျှောက်လာခဲ့ကြသည်။ တစ်ဖက်လမ်းက စာပေထုတ်ဝေရေးတိုက်သို့ ဦးတည်ပြီး ကျန်တစ်ဖက်က ဘာသာပြန်ရုံးသို့ ဦးတည်သည်။ လုယုံကျန်းက သူမ စကားစပြောမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း ရင်ထဲမှ ပြန်လည်ပြောကြားမည့် စကားလုံးများကို ကြိုတင်ပြင်ဆင်နေခဲ့သည်။
သို့သော် ကျန်းရှောင်ရို့က ဘာမှမပြောဘဲ ဆီးသီးခြောက်သကြားလုံးခွံကို ခွာရင်း ခေါင်းငုံ့ကာ—
"ဒါနဲ့... မနက်ဖြန် ငါ့အစ်ကိုအိမ်ကို သွားဖို့ အချိန်ရရဲ့လား။" ဟု မေးလိုက်သည်။
လုယုံကျန်း၏ မျက်ဝန်းများတွင် ဖြစ်ခဲလှသော နွေးထွေးသည့် အပြုံးရိပ်တို့ ထင်ဟပ်သွားပြီး သူ့အသက်အရွယ်နှင့် လိုက်ဖက်သော လူငယ်ဆန်မှုတို့ ပေါ်လွင်သွားကာ—
"အဆင်သင့်ပါပဲ။" ဟု ဖြေလိုက်သည်။
"ဒါဆို... မနက်ဖြန် မွန်းတည့်ချိန်ကျရင် တွေ့ကြတာပေါ့။"
နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးသည် တစ်ယောက်တစ်လမ်းစီ လျှောက်လှမ်းခဲ့ကြသည်။
လုယုံကျန်းသည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အနောက်သို့ လှည့်ကြည့်ကာ လူအုပ်ကြီးကြားထဲတွင် တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားသော သူမ၏ ကျောပြင်လေးကို ငေးမောကြည့်နေခဲ့သည်။
ပြဿနာများ ပြေလည်သွားသော်လည်း သူမက 'နှုတ်ဆက်ပါတယ်' သို့မဟုတ် 'ကျေးဇူးတင်ပါတယ်' ဟု မပြောခဲ့ချေ။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက ပြီးဆုံးလုနီးပြီဖြစ်သော်လည်း သူ ပြင်ဆင်ထားသည့် စကားလုံးများကမူ အသုံးမဝင်တော့။
လုယုံကျန်း၏ ရင်ဘတ်ထဲမှ နှလုံးသားသည် သိသိသာသာ တုန်ခါသွားပြီး ရင်ဘတ်ပေါ်သို့ လက်တင်ကာ ပြင်းထန်ပြီး အားမာန်ပါလှသော နှလုံးခုန်သံကို ခံစားနေမိသည်။
သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ယခုအခါ ပြဿနာများ ပြေလည်သွားပြီဖြစ်၍ ရှောင်ရို့အား တရားဝင် လိုက်ခွင့်ရပြီဟု တွေးတောနေမိသည်။ မနေ့ညက ဆန်းကျူးမြို့မှ အပြန်လမ်းတစ်လျှောက်လုံးတွင် ဤအကြောင်းကိုသာ စဉ်းစားလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဖန်ဟိုင်ဖန်းအား ကိစ္စအချို့ကို စုံစမ်းခိုင်းထားခဲ့သည်။ ဆန်းကျူးမြို့မှ ကောလာဟလများကို နှိမ်နင်းပြီးနောက် သူ၏ အာရုံစိုက်မှုက အခြားတစ်နေရာသို့ ရောက်ရှိနေခဲ့သည်။ သို့သော် လီမင်လန်နှင့် ပတ်သက်သည့် သဲလွန်စတစ်ခုက ကောင်းကင်မှ ပြုတ်ကျလာသကဲ့သို့ သူ့ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
လွန်ခဲ့သော နှစ်ရက်က သူသည် ကျန်းရှောင်ရို့၏ အစ်ကိုအိမ်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့သည်။ ကောလာဟလများ၏ မြစ်ဖျားခံရာကို ဖြေရှင်းပြီးပါက ကျန်းရှောင်ရို့က သူတို့၏ "ပူးပေါင်းဆောင်ရွက်မှု" ကို ပြတ်ပြတ်သားသား အဆုံးသတ်လိုက်မည်လားဟု တွေးတောမိသည်။
သူက ထိုအဖြေကို သိချင်သော်လည်း တစ်ဖက်တွင်လည်း ကြောက်ရွံ့နေမိသည်။
သူ့စိတ်ထဲတွင် အသံနှစ်သံ သဘောထားကွဲလွဲနေခဲ့သည် — အသံတစ်သံက သူမ၏ အစ်ကိုအိမ်သို့ သွားရောက်ပြီးသည်အထိ အချိန်ဆွဲထားရန် တိုက်တွန်းနေပြီး၊ အခြားအသံတစ်သံကမူ ကောလာဟလများ မပြေလည်မချင်း သူမ စိတ်အေးချမ်းရမည် မဟုတ်သဖြင့် မဆိုင်းမတွ လုပ်ဆောင်ရန် တွန်းအားပေးနေသည်။
ထို့ကြောင့်ပင် နောက်တစ်စက္ကန့်တွင် လီမင်ချီကို အရင်ဆုံး ရှင်းလင်းပစ်ရန် သူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမအား ထပ်မံ၍ စိတ်ဆင်းရဲမှု မကြုံတွေ့စေချင်တော့သလို၊ မိမိနှင့်အတူ စိတ်မပါဘဲ ဟန်ဆောင်နေရသည့် အဖြစ်မျိုးကိုလည်း မလိုလားတော့ချေ။
သူသည် ဤပြဿနာကို အရင်ဆုံး ရှင်းလင်းပြီးမှသာ သူမအား မိမိနှင့် တွဲခွင့်ပေးရန် ရဲရဲဝံ့ဝံ့ မေးမြန်းလိုသည်။ အကယ်၍ သူမ ငြင်းပယ်ခဲ့လျှင်ပင် သူ ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားသွားမည် ဖြစ်သည်။
"ဇွဲရှိသောကျား... အသားစားရစမြဲ" ဟု ဆိုရိုးရှိသည်မဟုတ်ပါလား။
လုယုံကျန်းသည် အိမ်ထောင်ဖက် အစီအစဉ်မရှိဘဲ လူငယ်များ လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ရှိသော ဤခေတ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် အလွန်ပင် ကျေးဇူးတင်မိတော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းရှောင်ရို့သည် ပါးစပ်ထဲတွင် ဇီးသီးခြောက်သကြားလုံးကို ငုံရင်း ရင်ထဲတွင် ချိုမြိန်ခြင်းနှင့် ခါးသက်ခြင်း ဝေဒနာကို ခံစားနေရသည်။ သူသည် အတော်လေး စိတ်သဘောထားကောင်းသူ ဖြစ်သည်ဟု သူမ ရိုးရိုးသားသား တွေးမိသည်။
သူမအနေဖြင့် စမ်းသပ်ကြည့်ချင်စိတ် ပေါ်လာမိသည်...
ဒါက မဖြစ်နိုင်တာမျိုးတော့ မဟုတ်ဘူးမလား။
ဘယ်သူ ဂရုစိုက်လို့လဲ။
တီဗီထဲမှာလည်း အချစ်ဆိုတာ လွတ်လပ်တယ်လို့ ပြောထားတာပဲ။
သူမ၏ မိသားစုအခြေအနေက အလွန်ရိုးရှင်းသော်လည်း သူမသည် သူ့အတွက် ထိုက်တန်သူဖြစ်သည်ဟု ခံစားရသည်။ ဤအကြောင်းကို တွေးမိသောအခါ ယခုအလုပ်သည် အလွန်အရေးကြီးလာပြီး ကောလိပ်ကျောင်းစရိတ်အတွက် ငွေစုရန် ကြိုးစားအားထုတ်ရမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။
"ဟေး... ရှောင်ကျန်း၊ ဒီနေ့ ဘာတွေ သတင်းကောင်းရှိလို့ ဒီလောက် လန်းဆန်းနေရတာလဲ။"
သူမ ရုံးခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က သူမ၏ ထူးခြားလှပသော စိတ်လှုပ်ရှားမှုများကို သတိပြုမိသွားသည်။
ကျန်းရှောင်ရို့က အားမနာတမ်း ဝန်ခံလိုက်သည်—
"တကယ်ပဲ ဝမ်းသာစရာ ကိစ္စတစ်ခုရှိပါတယ်... ဒါပေမဲ့ အပြင်ကို ထုတ်ပြောလို့တော့ မရဘူး။"
"ပြောလို့မရတဲ့ ဝမ်းသာစရာကိစ္စက ဘာများလဲ။" ထျန်းရှောင်အော်က ပဲပြားစွပ်ပြုတ်ပန်းကန်ကို ကိုင်ဆောင်ကာ ချောင်းကြည့်ရင်း မေးလိုက်သည်— "မင်း နံနက်စာ စားပြီးပြီလား။"
နံနက်စာအကြောင်း အစပျိုးလိုက်သည်နှင့် စကားဝိုင်းက ရင်းနှီးသော လမ်းကြောင်းသို့ ရောက်ရှိသွားသည်။ ရုံးခန်းအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များသည် နံနက်စာကို အလောတကြီး စားသောက်ရင်း အချင်းချင်း သိနားလည်သော အကြည့်များဖြင့် လှမ်းကြည့်ကြသည်။
ကျန်းရှောင်ရို့က ခေါင်းညိတ်ပြကာ—
"ငါ အိမ်ကနေ စားခဲ့ပြီးပြီ။"
သူမသည် နာရီကို လှမ်းကြည့်လိုက်ရာ အဖွဲ့ခေါင်းဆောင် ပြန်လာခါနီးပြီဖြစ်သဖြင့် ပြဿနာမဖြစ်စေရန်အတွက်— "ကဲ... မင်းလည်း ပြန်ပြီး စားလိုက်ပါဦး။ မွန်းတည့်ကျမှ ငါ မင်းကို လာရှာပြီး စကားပြောမယ်။" ဟု တိုက်တွန်းလိုက်သည်။
"ကတိနော်။" ထျန်းရှောင်အော်က ပန်းကန်ကို ကိုင်ကာ ထွက်ခွာသွားရင်း နေ့လယ်စာစားချိန်တွင် ဤ "ဝမ်းသာစရာကိစ္စ" ကို ကြားရရန် စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။
သို့သော် မွန်းတည့်အချိန်သို့ ရောက်သောအခါ ထျန်းရှောင်အော်အနေဖြင့် စုံစမ်းခွင့်မရရှိသေးမီမှာပင် အခြား ထူးဆန်းလွန်းသော ကိစ္စတစ်ခု ထပ်မံဖြစ်ပွားခဲ့သဖြင့် သူမအနေဖြင့် မေးမြန်းရန်ပင် မေ့လျော့သွားခဲ့ရသည်။
ချန်ချန်း ပြန်ရောက်လာခြင်း ဖြစ်သည်။
လုံခြုံရေးဝန်ထမ်းက သူ့အား တက်ကြွစွာ နှုတ်ဆက်ရင်း—
"ဟေး... ရှောင်ကျန်း ရည်းစားရဲ့ သူငယ်ချင်း မဟုတ်လား။ ဒီနေ့လည်း ရုပ်ရှင်လက်မှတ်တွေ လာပေးတာလား။ အဲဒီရည်းစားက ဘာအလုပ်လုပ်တာလဲ... ရုပ်ရှင်လက်မှတ်တွေကို စက္ကူစုတ်တွေလို သုံးနေတာပဲ။" ဟု ဆိုသည်။
(ရှောင်ကျန်း ဆိုတာ ကျန်းရှောင်ရို့ ကို ရင်းနီးစွာ ခေါ်တဲ့အမည်ပါနော် )
ချန်ချန်းက လက်ကို အောင့်သက်သက်ဖြင့် ဆုပ်ကိုင်ထားမိသည်။ သူသည် ယနေ့တွင် တကယ်ပင် လက်မှတ်များ လာရောက်ပေးအပ်ခြင်း ဖြစ်သည်။ ဝန်ထမ်းလက်မှတ်များ ယခုလေးတင် ထွက်လာခြင်းဖြစ်ပြီး သူမ မကြည့်ရသေးသော ရုပ်ရှင်အသစ် ဖြစ်လိမ့်မည်ဟု ယူဆထားသည်။
"သူ့ကို တစ်ချက်လောက် ခေါ်ပေးလို့ ရမလားခင်ဗျာ... ကျေးဇူးတင်ပါတယ်။" ဟု သူက ပြောလိုက်သည်။
လုံခြုံရေးဝန်ထမ်းက ပြန်လည်ဖြေကြားရန် ပြင်ဆင်နေစဉ်မှာပင် အနောက်ဘက်မှ ဒေါသတကြီးဖြင့် စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်—
"ချန်ချန်း... မင်း ဒီမှာ ဘာလာလုပ်တာလဲ။"
ချန်ချန်း လှည့်ကြည့်လိုက်ရာ ရှောင်းယုကျွမ်းက ခါးထောက်လျက် သူ့အား ဒေါသတကြီး စိုက်ကြည့်နေသည်ကို တွေ့ရသည်။ "မင်းက ဘယ်လိုမျက်နှာပြောင်တိုက်ပြီး ရှောင်ရို့ကို လာရှာရဲတာလဲ... တကယ်ပဲ အရှက်မရှိဘူး။"
"ယုကျွမ်း... မင်း ဘာလို့ အဲဒီလို ပြောရတာလဲ။
ငါ ဒီအတိုင်း လမ်းကြုံလို့ ဝင်လာတာပါ။" ချန်ချန်းက ထိုခက်ထန်သော အမျိုးသမီးကို တကယ်ပင် ကြောက်ရွံ့မိသည်။
ကျောင်းတုန်းကလည်း သူမသည် ကြက်မကြီးတစ်ကောင်ကဲ့သို့ ကျန်းရှောင်ရို့ကို ကာကွယ်ပေးခဲ့ပြီး မည်သူ့ကိုမျှ အနားမကပ်စေခဲ့ချေ။
ရှောင်းယုကျွမ်းက ပို၍ပင် ရန်လိုစွာ ဖိအားပေးလာသည်—
"လမ်းကြုံလို့ ဟုတ်လား... မင်းတို့ ရုံးက အတော်လေး အားနေပုံရတယ်။ ရှောင်ရို့ကို ဘာပြောချင်တာလဲ... ငါကတစ်ဆင့် ပြောပေးမယ်။"
ချန်ချန်း၏ မျက်နှာထက်မှ မကျေနပ်သော အမူအရာကို မြင်ရသောအခါ သူမ ပို၍ ဒေါသထွက်သွားသည်။ မင်းက ပညာတတ် ဂုဏ်သရေရှိပုံစံ ဖမ်းနေရင်ရော ဘာဖြစ်လဲ... ဟန်ဆောင်မနေနဲ့။ မင်းလို အရှက်မရှိတဲ့ လူယုတ်မာ။ သူမက သူ့ကို ဂိတ်ဝဘက်သို့ တွန်းထုတ်ကာ နှင်ထုတ်လိုက်သည်— "ရှောင်ရို့ကို လာပြီး သိက္ခာမချနဲ့။"
"မင်း..." ချန်ချန်းက ဒေါသထွက်လွန်းသဖြင့် စကားလုံးပင် မရှာဖွေနိုင်တော့ဘဲ— "ဒါက ပညာတတ်နဲ့ စစ်သား တွေ့တဲ့အတိုင်းပဲ... မင်းနဲ့ စကားပြောလို့မရဘူး။ မင်းက ရှောင်ရို့ကို ကိုယ်စားမပြုနိုင်ပါဘူး။"
"ငါ သူမကို ကိုယ်စားမပြုနိုင်ရင်တောင် မင်းလို အရှက်မရှိတဲ့လူကတော့ လာတဲ့နေရာကိုပဲ ပြန်သွားသင့်တယ်ဆိုတာ ငါသိတယ်။" ရှောင်းယုကျွမ်းသည် အရှေ့မြောက်ပိုင်းတွင် ရှိနေစဉ်ကပင် စကားနာထိုးသည့်နေရာ၌ ဆရာကျခဲ့သူဖြစ်သဖြင့် စကားလုံးတိုင်းက အဆိပ်အတောက်ကဲ့သို့ ပြင်းထန်လှသည်— "ချစ်သူဖြစ်နေတုန်းကတော့ ကဗျာဆန်နေပြီး သူမ အကူအညီလိုတဲ့အချိန်ကျတော့ လူသူမရှိတဲ့နေရာကို ပုန်းအောင်းသွားတဲ့ လူသူရဲကောင်းကြီး။ မင်းမျက်နှာမှာ ကံကောင်းခြင်း '福' (ဖူ) စာလုံးကိုသာ ကပ်ထားလိုက်ပါတော့လား... ဒါမှ ကံဆိုးတာတွေ ဝေးမှာ။"
"ငါ့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ" ချန်ချန်းက ခုခံပြောဆိုသည်။
"ရွေးချယ်စရာ မရှိဘူး ဟုတ်လား" ရှောင်းယုကျွမ်းက ဇွတ်အတင်း ဖိပြောသည်— "မင်းက ရှောင်ရို့ကို ဘာမှတ်နေတာလဲ။ အေးဆေးနေတဲ့အချိန်ကျတော့ နတ်သမီးလေးလို့ သတ်မှတ်ပြီး ဒုက္ခရောက်တဲ့အချိန်ကျတော့ မသိသလို နေတာလား။ သောက်ရှက်မရှိလိုက်တာ... မင်း တကယ် ယောကျာ်းမဟုတ်ဘူး။"
ချန်ချန်း၏ ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်— "တခြားလူတွေ သူမအကြောင်း ကွယ်ရာမှာ ဘာတွေပြောနေကြလဲဆိုတာ မင်း သိလား။ သူမက ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ မဟုတ်ဘူးလို့ မင်း အာမခံနိုင်မလား။ ငါ သဝန်တိုတာ မဆန်းပါဘူး... သူမကော ငါ့ကို တစ်ခါလောက် ရှင်းပြဖူးလို့လား။"
ရှောင်းယုကျွမ်းကမူ သူမ၏ သူငယ်ချင်းအပေါ် အကြွင်းမဲ့ ယုံကြည်သည်— "ရှင်းပြရမယ် ဟုတ်လား... ငါပြောမယ် ချန်ချန်း၊ မင်း ရှောင်ရို့ကို တကယ်ချစ်ရင် သူမအပေါ် ဘယ်တော့မှ မသံသယမဝင်သင့်ဘူး။ သုံးနှစ်တာ အတန်းဖော်ဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာ စာပေးစာယူလုပ်ခဲ့တဲ့ သူငယ်ချင်း ဖြစ်ခဲ့ပြီးမှ မင်း သူမစကားကို မယုံကြည်နိုင်ရင် မင်းဘဝကတော့ ဒီလိုပဲ တစ်သက်လုံး ကုန်ဆုံးသွားလိမ့်မယ်။ ငါပြောမယ်... တကယ့်ယောကျာ်းဆိုတာ မိမိချစ်တဲ့လူကို အခြေအနေမရွေး အကြွင်းမဲ့ ယုံကြည်ပေးရတယ်... ရှောင်ရို့ရဲ့ ရည်းစား လုပ်ပေးသလိုမျိုးပေါ့။"
"ရည်းစား" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ချန်ချန်း၏ စိတ်ထဲမှ ကြိုးတစ်မျှင် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ရှောင်းယုကျွမ်းကို စိုက်ကြည့်ကာ— "သူမရဲ့ ရည်းစားက ဘယ်သူလဲ။ သူမ ဒီလောက်မြန်မြန် ရည်းစားရသွားတာကပဲ သူမ စိတ်ပြောင်းလဲသွားတာ ကြာပြီဆိုတာ သက်သေပြနေတာပဲ။"
သူသည် ရုပ်ရှင်ရုံတံခါးဝက မြင်ကွင်းကို မေ့ဖျောက်၍မရနိုင်ချေ။ ကျန်းရှောင်ရို့က စိတ်ပြောင်းသွားပြီး အခြားတစ်ယောက်နှင့် တွဲနေခြင်း ဟုတ်မဟုတ်ကိုသာ သူ သိချင်နေမိသည်။
သို့မှသာ သူ ညတိုင်း ခံစားနေရသော နောင်တနှင့် စိုးရိမ်ပူပန်မှုများမှ ကင်းဝေးမည် ဖြစ်သည်။
"မင်းပါးစပ်က ဘယ်တော့မှ စကားကောင်း ထွက်မှာမဟုတ်ဘူး။" ရှောင်းယုကျွမ်းက ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး— "သူမက မင်းနဲ့ ပြတ်ဆဲပြီးမှ တွဲခဲ့တာ။ မင်းထင်သလို အောက်တန်းမကျဘူး။ သူမမိဘတွေက အောင်သွယ်နဲ့ သေချာမိတ်ဆက်ပေးခဲ့တာမို့ သိက္ခာရှိရှိ တွဲခဲ့ကြတာ။ ဒါတင်မကသေးဘူး... သူတို့က ရှောင်ရို့အတွက် အလုပ်ပါ ရှာပေးခဲ့သေးတယ်။ မင်းကော... အဲဒီလို လုပ်ပေးနိုင်လို့လား။"
ပြောပြီးနောက် ရှောင်းယုကျွမ်းက တံတွေးထွေးကာ လုံခြုံရေးဝန်ထမ်းထံသို့ ပြန်သွားပြီး ကျန်းရှောင်ရို့ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ချန်ချန်းသည် ကျန်းရှောင်ရို့က ပြုံးရွှင်စွာဖြင့် ရှောင်းယုကျွမ်းကို အထဲသို့ ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း ရင်ထဲတွင် ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ သူတို့ ကန်တင်းဘက်သို့ လျှောက်လှမ်းသွားစဉ် ရယ်မောသံများကို ကြားရပြီးနောက် ခေတ္တမျှ ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူသည် နေ့လယ်စာပင်မစားဘဲ ရုံးသို့ ပြန်လာခဲ့တော့သည်။
ရုံးသို့ ပြန်ရောက်ရောက်ချင်း အရေးပေါ်အစည်းအဝေးရှိကြောင်း အကြောင်းကြားစာ ရရှိသည်။
သူသည် စိတ်မပါဘဲ အစည်းအဝေးတွင် ထိုင်နေမိပြီး အဖွဲ့ခေါင်းဆောင်က စကားများကို ရှည်လျားစွာ ပြောကြားနေသည်ကို ကြားနေရသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်က ချန်ချန်းကို စိုက်ကြည့်ကာ—
"အချို့ ဝန်ထမ်းတွေက အချိန်လေးစားမှု မရှိကြဘူး။ နေ့လယ်စာစားချိန် ပြီးတာတောင် အလုပ်ခုံကို ပြန်မရောက်ကြသေးဘူး။ ပြီးတော့ ဝန်ထမ်းလက်မှတ်တွေကို တရားမဝင် ပြန်လည်ရောင်းချနေတယ်ဆိုတဲ့ တိုင်ကြားချက်ကိုလည်း ရရှိထားပါတယ်။ လူတိုင်း ဒီနေ့ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးတဲ့ပုံစံ (Self-inspection Form) ကို ဖြည့်စွက်ရပါမယ်။
ရှောင်ချန်း... မင်း ငါ့နောက်ကို လိုက်ခဲ့ပါ။" အဖွဲ့ခေါင်းဆောင်က ဝန်ထမ်းလက်မှတ်နှစ်စောင်ကို သူ့ရှေ့ရှိ စာပွဲပေါ်သို့ ပစ်ချလိုက်သည်။
"ဝန်ထမ်းလက်မှတ်တွေကို ပြန်မရောင်းရဘူးလို့ ငါတို့ အကြိမ်ကြိမ် သတိပေးထားခဲ့တယ်... ဒါပေမဲ့ မင်းကတော့ ဒီလိုပဲ လုပ်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးတဲ့ပုံစံမှာ စာလုံးရေ (၂၀၀၀) ပါတဲ့ ရှင်းလင်းချက်ကို ထည့်သွင်းပြီး ဒီကိစ္စကို သေချာ ရှင်းလင်းတင်ပြပါ။"
LOGIN