Ch-6
• May 11 at 5:47 PM
ရှဲ့စီလင်းက
လှေကားလက်ရန်းကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို
ရှေ့သို့ကိုင်းချလိုက်သည်။
“သမီးကိုသာ
သေခွင့်ပေးလိုက်ပါတော့”
“ကောင်းပြီလေ”
ရှဲ့လီက
မည်သူမျှသတိမထားမိလိုက်ချိန်တွင် ဒုတိယထပ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ယခု
ရှဲ့စီလင်း၏အနောက်တွင်ရပ်ကာ လှေကားလက်ရန်းကို ကျော်မခွရသေးသော ရှဲ့စီလင်း၏
ခြေထောက်တစ်ဖက်ကို ဆွဲကိုင်၍ အားကုန်သုံးကာ တွန်းချပစ်လိုက်၏။
“အား”
“စီလင်း”
စူးရှသော
အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာသည်။
ရှဲ့စီလင်း
အပြင်သို့လွင့်ထွက်သွားသော်လည်း အောက်သို့တန်းပြုတ်ကျမသွားခဲ့ပေ။ လူသားတစ်ယောက်၏
သာမန်ထက်ကဲလွန်သော အသက်ရှင်လိုစိတ်ကို အားကိုးကာ သူမက လှေကားလက်ရန်းကို
လက်နှစ်ဖက်ဖြင့် အသေအလဲဖက်တွယ်ထားပြီး မျောက်မကောင်တစ်ကောင်ကဲ့သို့
တွဲလောင်းခိုနေလေသည်။
“ကယ်ကြပါ၊
ကယ်ကြပါဦး”
သူမက
အရူးတစ်ယောက်လိုအော်ဟစ်တော့၏။
*ဒုန်း
ဒုန်း ဒုန်း*
ရှဲ့ချင်စုန်နှင့်
ဝူဖုန်းရောင်တို့ အပေါ်ထပ်သို့ အလောတကြီးပြေးတက်လာကြသည်။
“နင်ကိုယ်တိုင်
ခုန်ချချင်နေပြီးတော့ တကယ်တမ်းပြုတ်ကျတော့လည်း မပျော်ပြန်ဘူးလား”
ရှဲ့လီက
မျက်လုံးပြူးပြကာ လက်ကိုဆန့်တန်းပြီး ရှဲ့စီလင်း၏လက်ချောင်းများကို
ဆွဲခွာပစ်လိုက်သည်။
“ဘိုင့်ဘိုင်”
“အား”
သူမ
အောက်သို့ပြုတ်ကျသွားချေပြီ။
“စီလင်း”
ဝူဖုန်းရောင်က
လှေကားလက်ရန်းဆီသို့ ပြေးသွားကာ အသံကုန်ဟစ်အော်တော့သည်။ ရှဲ့ချင်စုန်ကလည်း
ရှဲ့လီကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဆဲဆိုလေ၏။
“ဒီမိန်းမယုတ်၊
မင်းလိုသမီးမျိုး ငါ့မှာမရှိဘူး၊ အခုချက်ချင်း ထွက်သွားပြီး တောကိုပြန်တော့
အရှက်မရှိတဲ့ကောင်မ”
ရှဲ့လီက
နှလုံးသားကွဲကြေသွားသည့်ဟန်ဆောင်လိုက်ပြီး မျက်နှာကိုအုပ်ကာ ငိုယိုတော့သည်။
“ဝါး
အဖေက သမီးကိုဆဲတယ်၊ သမီးလည်း အသက်မရှင်ချင်တော့ဘူး”
*ဘုန်း ဘုန်း*
သူမက
လက်နှစ်ဖက်ကိုမြှောက်ကာ ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့ကိုပါ လှေကားပေါ်မှ
တွန်းချပစ်လိုက်သည်။ ပေါ့ပေါ့ပါးပါး လက်ယောင်သွားသည့် သဘောမျိုးသာဖြစ်၏။
ရှဲ့ချင်စုန်နှင့်
ဝူဖုန်းရောင် - သောက်ကျိုးနည်း
နင့်ဘာသာအသက်မရှင်ချင်တာကို ဘာလို့ ငါတို့ကိုတွန်းချရတာလဲ
*ဒုန်း
ဒုန်း ဒုန်း*
ရှဲ့လီက
အောက်ထပ်သို့ပြေးဆင်းသွားသည်။ ရှဲ့မိသားစုဝင်သုံးဦးမှာ ကြမ်းပြင်ပေါ်တွင်
တစ်ယောက်ပေါ်တစ်ယောက် ထပ်လျက်သားလဲကျနေကြသည်။
“တွေ့လား၊
ဒီလောက်အမြင့်ကကျတာ မသေနိုင်ပါဘူးလို့ သမီးပြောသားပဲ”
ရှဲ့ချင်စုန်နှင့်
ဝူဖုန်းရောင်တို့ ဖိထားသည်ကိုခံထားရသော ရှဲ့စစ်လင်းမှာ မျက်ဖြူလန်ကာ
သတိလစ်သွားလေပြီ။
“မိန်းမယုတ်
နှလုံးသားမရှိတဲ့ကောင်မ ငါမင်းကို ဒုက္ခခံပြီး လိုက်ရှာခေါ်မလာခဲ့သင့်ဘူး”
ရှဲ့ချင်စုန်က
အတင်းကုန်းရုန်းထလိုက်ရာ သူ့မျက်မှန်မှာ တိမ်းစောင်းနေပြီး
သားရေဖိနပ်တစ်ဖက်မှာလည်း လွင့်ထွက်သွားခဲ့သည်။
ရှန်ဟိုင်းမြို့တွင်
ရှဲ့မိသားစုမှာ ထင်ရှားသော အရင်းရှင်ကြီးများဖြစ်ကြ၏။ ရှဲ့ချင်စုန်သည်
ရှန်ဟိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဖြစ်ပြီး တစ်မြို့လုံး၏
စီးပွားရေးအသက်သွေးကြောကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသူဖြစ်သည်။
မည်သူက
သူ့ကို ဥက္ကဋ္ဌရှဲ့ဟုမခေါ်ဘဲနေရဲမည်နည်း။ မည်သူက သူ့ကို ရိုသေလေးစားမှုအပြည့်ဖြင့်
စကားမပြောဘဲ နေရဲမည်နည်း။ မည်သူမျှ သူ့ကိုမလွန်ဆန်ရဲကြချေ။
ထိုသူက
ရှန်ဟိုင်းမြို့တွင် ဆက်လက်အသက်မရှင်ချင်တော့ဘူးဆိုလျှင်တော့ တစ်မျိုးပေါ့။
“ချင်စုန်
ရှင့်ဖိနပ်မြန်မြန်ပြန်စီးလိုက်ပါဦး”
ဝူဖုန်းရောင်လည်း
ကြောက်လန့်သွားခဲ့၏။ သူမက ရှဲ့ချင်စုန်၏သားရေဖိနပ်ကို
အလောတကြီးကောက်ယူကာစီးပေးလိုက်သည်။
ရှဲ့ချင်စုန်၏မျက်နှာမှာ
မြေအုတ်ရုပ်ထုတစ်ခုကဲ့သို့ ပြာနှမ်းနေသည်။ သူ၏ ပုံမှန်ရှိတတ်သော
ဩဇာတိက္ကမကြီးမားသည့် အရှိန်အဝါများ လုံးဝပျောက်ကွယ်သွားပြီး အလွန်အမင်း
ဖရိုဖရဲဖြစ်မှုများက နေရာယူထားလေပြီ။
“ရှဲ့လီ
မင်း”
*ဖလပ်
ဖလပ် ဖလပ်*
ပြုတ်ကျသည့်ဒဏ်ကြောင့်
ပျက်စီးသွားသော သားရေဖိနပ်မှာ ကော်များကွာကျနေလေပြီ။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း
‘ဖလပ် ဖလပ်' ဟူသော
အသံများ ထွက်ပေါ်နေသည်။
“ဟီးးးဟီးး”
ဆူညံသံများကြောင့်
လာရောက်ကြည့်ရှုသောအစေခံဝမ်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ ထို့ကြောင့်
ပါးစပ်ကိုအုပ်ကာ အမြန်လှည့်ထွက်သွားတော့သည်။
ရှဲ့ချင်စုန်သည်
သူ့သည်းခံနိုင်စွမ်းအကန့်အသတ်သို့ ရောက်ရှိသွားခဲ့ချေပြီ။ သူ၏
စိတ်ထားကောင်းမွန်မှုဟန်ပန်များနှင့် သူ့ဂုဏ်သိက္ခာများအားလုံးကို ရှဲ့လီက
ဆွဲဖြဲပစ်လိုက်လေပြီ။
“မိုက်ရိုင်းတဲ့ကောင်မလေး၊
မင်းကိုယ်တိုင် အပြစ်ရှာလိုက်တာပဲ၊ မိသားစုစည်းကမ်းထိန်းတဲ့ ကြိမ်လုံးဘယ်မှာလဲ
မိသားစုစည်းကမ်းထိန်းတဲ့ ကြိမ်လုံးကို ယူခဲ့စမ်း”
ရှဲ့ချင်စုန်က
ယခင်က ဤကဲ့သို့မိမိကိုယ်ကို ထိန်းချုပ်မှုလုံးဝမကင်းမဲ့ခဲ့ဖူးချေ။
အပြင်လူများ၏ရှေ့တွင် သူသည် တောင်တန်းကြီးကဲ့သို့တည်ငြိမ်ပြီး မည်သည့်အရာကမျှ
တုန်လှုပ်စေနိုင်ခြင်းမရှိသူအလား ဖြစ်သည်။
မည်သည့်အရာကမျှ
သူ့ကို ဒေါသထွက်စေနိုင်မည်မဟုတ်ချေ။
*ဖြတ်*
ရုတ်တရက်
ရှဲ့လီလက်ကိုဆန့်တန်းကာ ရှဲ့ချင်စုန်၏ဆံပင်တုကို ဆွဲချွတ်လိုက်၏။
“အဖေ၊
အဖေ့ဆံပင်တုက ဒီမှာလေ ဒီမှာရောက်နေပြီ”
အေးစိမ့်စိမ့်လေပြေတစ်ချက်က
သူ့ဦးရေပြားပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။
ရှဲ့ချင်စုန်၏ကြီးမားပြောင်ရှင်းနေသော ဦးခေါင်းကြီးမှာ လေထုထဲတွင် ဗလာကျင်း
ထင်ရှားနေတော့၏။
ကြောက်မက်ဖွယ်ကောင်းသော
တိတ်ဆိတ်မှုတစ်ခုကြီးစိုးသွားသည်။
“ရှဲ့လီ”
သူက
ဒေါသတကြီးဖြင့် ခုန်ပေါက်နေတော့သည်။ သူသည် ငယ်စဉ်က ပြင်းထန်သောဖျားနာမှုကို
ခံစားခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ဖူးသည်။ ပြန်လည်သက်သာလာပြီးနောက်
ဆံပင်ကျွတ်ခြင်းဟူသော နောက်ဆက်တွဲဆိုးကျိုးတစ်ခု ကျန်ရစ်ခဲ့၏။
အသက်နှစ်ဆယ်ကျော်အရွယ်ကတည်းက သူ့ဦးရေပြားမှာ ပါးလွှာနေခဲ့ပြီဖြစ်သည်။
အသက်နှစ်ဆယ့်ငါးနှစ်တွင်
ဆံပင်တုကို စတင်ဝတ်ဆင်ခဲ့သည်။ ဤသည်မှာ သူ၏နာကြည်းစရာအချက်ဖြစ်ပြီး မည်သူမျှ
မထိခိုက်ရဲသော တားမြစ်ချက်တစ်ခုလည်းဖြစ်လေ၏။
ရှဲ့ချင်စုန်
ဆက်လက်သည်းမခံနိုင်တော့ပေ။ လက်ဝါးကြီးကိုမြှောက်ကာ ရှေ့သို့ ပြေးဝင်လာသည်။ ထို့နောက် သူ၏
ရှိသမျှခွန်အားကို အားကုန်အသုံးပြုကာ ရှဲ့လီ၏မျက်နှာအား ဖြတ်ရိုက်ရန်
ရည်ရွယ်လိုက်သည်။
ရှဲ့လီက
ဖိနပ်ကြိုးချည်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်ရာ ထိုလက်ဝါးချက်က
ဝူဖုန်းရောင်မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။
ဖြန်း
အရိုက်ခံရမှုကြောင့်
ဦးနှောက်နှင့်ရိုးတွင်းခြင်ဆီများပင် ထွက်ကျလာလုမတတ်ဖြစ်သွားရသည်။ ဝူဖုန်းရောင်၏မျက်လုံးထဲတွင်
ကြယ်လေးများ လင်းလက်သွားတော့၏။ ရှဲ့ချင်စုန့်လက်ဝါးချက်ကြောင့်
သူမခြေသလုံးကြွက်သားများ ကြွက်တက်သွားပြီး ကြမ်းပြင်ပေါ်သို့
ဘေးတိုက်လဲကျသွားလေသည်။
“အမေ”
ရှဲ့စီလင်းကလည်း
သတိပြန်လည်လာပြီး အလောတကြီး တွားသွားကာ ရောက်လာသည်။
ရှဲ့လီက
ဖိနပ်ကြိုးချည်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။ ကြမ်းပြင်ပေါ်တွင်
မိန်းမောစွာထိုင်နေသော ဝူဖုန်းရောင်ကို ကြည့်ရင်း သူမက ပါးစပ်ကိုအုပ်လိုက်၏။
သူမ၏
မက်မွန်ပွင့်ကဲ့သို့ လှပသောမျက်ဝန်းများထဲတွင် မျက်ရည်များရစ်သိုင်းလာပြီး
မယုံကြည်နိုင်စွာ ရှဲ့ချင်စုန်ကို တုန်ယင်နေသော လက်ညှိုးဖြင့် ထိုးလိုက်လေသည်။
“အဖေ၊
အဖေ ဘယ်လိုလုပ် အမေ့ကို ရိုက်ရက်ရတာလဲ”
ရှဲ့ချင်စုန် -
မဟုတ်သေးပါဘူး၊
ဘယ်လိုဖြစ်ကုန်တာလဲ
*ကျွီ*
ဧည့်ခန်းတံခါး
ပွင့်သွားသည်။ အသက်ခုနစ်ဆယ်အရွယ် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး
ဝှီးချဲပေါ်တွင်ထိုင်နေပြီး အနောက်မှ အစေခံတစ်ဦးက ဖြည်းညင်းစွာ တွန်းဝင်လာ၏။ သူက
ဖျားနာနေပုံရပြီး အလွန်အမင်းပိန်ချုံးနေကာ မီးခိုးပြာရောင် ကျုံးရှန်ဝတ်စုံကြီးက
သူ့ခန္ဓာကိုယ်ပေါ်တွင် ပွရောင်းရောင်းကြီး ဖြစ်နေသည်။
သို့သော်လည်း
ထိုအဘိုးအို၏မျက်ဝန်းများကမူ ထက်မြက်တောက်ပနေဆဲပင်။ ရှဲ့လီက မူလပိုင်ရှင်၏
မှတ်ဉာဏ်များကို ရှာဖွေကြည့်လိုက်ရာ ဤသူမှာ ရှဲ့မိသားစု၏အဘိုး ရှဲ့ပုယို
ဖြစ်ကြောင်း သိသွားလေ၏။
“ဒီမှာ
ဘာတွေဖြစ်နေကြတာလဲ”
အဘိုးအိုက
မျက်မှောင်ကြုတ်လိုက်သည်။ ရှဲ့ချင်စုန်မှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့်
ချက်ချင်းပင် မတ်မတ်ရပ်လိုက်သည်။ သူသည် ဖခင်ဖြစ်သူကို ကြောက်ရွံ့ရသူဖြစ်၏။
“အဘိုး”
ရှဲ့လီက
ထိတ်လန့်နေသောမျက်နှာနှင့် မျက်လုံးများနီရဲလျက် အဘိုးရှဲ့ခြေရင်းတွင်
ဗိုင်းခနဲထိုင်ချလိုက်ပြီး အဓိပ္ပါယ်မရှိသောစကားများကို စတင်ရေရွတ်
တိုင်ကြားတော့သည်။
“အဖေက
အမေ့ကို ရိုက်တယ်၊ အဖေက အမေ့ကို ရိုက်တယ်”
ရှဲ့ချင်စုန်
- လခွမ်းပဲဟေ့