Ch 2
Viewers 379

Ch-2

ဖခင်ရှဲ့နှင့် မိခင်ရှဲ့တို့ကမူ တောမှရောက်လာသော ဤသွေးသားရင်း သမီးဖြစ်သူနှင့် ရင်းနှီးမှုမရှိကြပေ။ 

တန်ဖိုးမရှိသော တင်တောင်းပစ္စည်းအချို့ကို ပေါ့ပေါ့တန်တန်ပေးအပ်ပြီးနောက် မူလပိုင်ရှင်ကို ဖေ့မိသားစုထံသို့ ပစ်ချခဲ့ကြသည်။

သူမကို ထိုနေရာတွင် သုံးနှစ်တိုင်တိုင်ပစ်ထားခဲ့ပြီး ဖုန်းတစ်ချက်ပင်ဆက်မလာခဲ့ကြချေ။

မူလပိုင်ရှင် ဖေ့မိသားစု၏တံခါးပေါက်သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖေ့ရှူးချန်မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ 

 

လင်မယားအရာပင် မမြောက်လိုက်ရဘဲ ဖေ့ရှူးချန်က ဖေ့မိသားစုအိမ်မှ ဆင်းသွားကာ ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်တစ်လုံးတွင် သွားရောက်နေထိုင်ပြီး တစ်ခေါက်မျှပင်ပြန်မလာခဲ့တော့ပေ။

မူလပိုင်ရှင်မှာ နူးညံ့သောစရိုက်ရှိပြီး သူမကို ကျောထောက်နောက်ခံပေးမည့်သူ တစ်ဦးမျှမရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ဖေ့မိသားစု၏ အစေခံတစ်ဦးသဖွယ် ဖြစ်လာခဲ့သည်။

အဝတ်လျှော်၊ ထမင်းဟင်းချက်၊ ယောက္ခမများကို ပြုစုယုယပေးရုံသာမက ဖေ့ရှူးချန်ကိုလည်း အိမ်ထောင်ရှင်မကောင်းပီသစွာဖြင့် လိမ္မာရေးခြားရှိရှိ စောင့်မျှော်နေရသေးသည်။ တစ်ချိန်က သူမသည် ရှန်ဟိုင်းမြို့တစ်မြို့လုံး၏ လှောင်ပြောင်စရာဖြစ်ခဲ့ပြီး ရှန်ဟိုင်းမြို့၏ အတော်ဆုံးအိမ်ထောင်ရှင်မဟူ၍ သရော်ခံရကာ လက်ထပ်ပြီးသည်နှင့် ချက်ချင်းမုဆိုးမဖြစ်သွားသူဟူ၍ပင် အပြောခံခဲ့ရသေး၏။

သူမလည်း နောင်တရမိသော်ငြား အင်အားမဲ့ကာ အထောက်အပံ့ကင်းမဲ့နေသဖြင့် သည်းခံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ချေ။

သူမအနေဖြင့် လိမ္မာရေးခြားမရှိလျှင် ယောက္ခမများနှင့် မိဘများ၏သဘောကျမှုကို ရရှိရန် အခွင့်အရေး ပိုမိုနည်းပါးသွားမည်ကို စိုးရိမ်ခဲ့သည်။

တစ်နေ့တွင်မူ ဖေ့ရှူးချန်က ဆင်ခြေဖုံးရှိအိမ်သို့ ပစ္စည်းတစ်ချို့လာပို့ပေးရန် လိုအပ်ကြောင်း မူလပိုင်ရှင်ထံသို့ ဖုန်းဆက်လာခဲ့သည်။ မူလပိုင်ရှင်က ဖေ့ရှူးချန် စိတ်ပြောင်းသွားပြီဟု ထင်မှတ်ကာ ဖုန်းထဲမှတောင်းဆိုထားသော ပစ္စည်းများကိုယူ၍ ထိုအိမ်သို့သွားရောက်ခဲ့၏။

ဤသည်မှာ သုံးနှစ်အတွင်း သူမထိုနေရာသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းပင်ဖြစ်သည်။ သို့သော် ဖေ့ရှူးချန်နှင့် ရှဲ့စီလင်းတို့ ခုတင်ပေါ်တွင် ကြည်နူးနေကြသည်ကို မမျှော်လင့်ဘဲ ပက်ပင်းတိုးသွားခဲ့လေသည်။ 

နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နာကြည်းမှုများနှင့် သည်းခံခဲ့ရမှုများကို ပြန်လည်တွေးတောမိကာ မူလပိုင်ရှင်မှာ အလွန်အမင်းဒေါသထွက်ပြီး ထိုနေရာတွင်ပင် အသက်ငင်သွားခဲ့ရ၏။

ရှဲ့လီကူးပြောင်းလာချိန်တွင် ဖေ့ရှူးချန်နှင့် ရှဲ့စီလင်းတို့ သားမွေးမြူရေးလုပ်ငန်းလုပ်နေကြသည်ကို အတိအကျ မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

သူမ စာအုပ်ဖတ်စဉ်က သူမသည် ဇာတ်လိုက်မင်းသားကို အမုန်းဆုံးသူတစ်ဦးဖြစ်သည်။ သူမ ချက်ချင်းပင် အရှေ့သို့တက်ကာ လက်သီးမိုးများရွာချလိုက်ပြီး ဖေ့ရှူးချန်၏မျက်လုံးများ ပြန်ချုပ်ရသည်အထိ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ သူ့အဖေကိုအော်ခေါ်ရသည်အထိ ရိုက်နှက်ပစ်ခဲ့လေ၏။

အဆုံးတွင်တော့ သူမက ထိုအကောင်အား အထူးကြပ်မတ်ကုသဆောင် ရောက်သည်အထိ ဆော်ပလော်တီးပစ်ခဲ့သည်။

ဖေ့ရှူးချန်က ရှဲ့လီအတွေးများကို ဖြတ်တောက်လိုက်ပြီး အေးစက်စက်အကြည့်များဖြင့် ရှဲ့လီအား အထက်အောက်အကဲခတ်ကာ သူ့လှောင်ပြုံးကို ဖုံးကွယ်မထားဘဲ ပြောဆိုလိုက်သည်။

ရှဲ့လီ ငါတို့က တရားဝင်လက်ထပ်စာချုပ်မလုပ်ထားတဲ့အတွက် ဥပဒေအရ လင်မယားမဟုတ်ဘူး၊ ငါ စီလင်းနဲ့ တွဲနေရင်တောင် မင်း ဝင်စွက်ဖက်ခွင့်မရှိဘူး၊ ငါ မင်းကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ဘူး၊ ကော်ဖီကို တစ်ကျိုက်တည်းမော့သောက်နေတဲ့ မင်းပုံစံက ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ မင်းသိလား၊ ငါ့သူငယ်ချင်းတွေနဲ့ ထမင်းစားနေတုန်း ဝက်သားနီနှပ်ကို တစ်ခါမှမစားဖူးဘူးလို့ မင်းပြောလိုက်တဲ့အချိန်က ဘယ်လောက်တောင် ရှက်စရာကောင်းလဲဆိုတာ မင်းသိလား၊ အခု မင်းပုံစံနဲ့ ငါ့ရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မယ်လို့ ထင်နေတာလား၊ အိပ်မက်သာမက်နေလိုက်၊ အရင်က မင်းကိုလိုက်ပိုးပန်းခဲ့တာ စီလင်းအတွက်သက်သက်ပဲ”

ထိုအမျိုးသား၏ အညိုရောင်မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အနာကျင်ရဆုံး စကားလုံးများကို ထုတ်ပြောရန် ပါးလျလျသူ့နှုတ်ခမ်းအစုံကို ဟဟလေး ဖွင့်ဟလိုက်၏။

နံစော်နေတဲ့ တောသူမ”

ရှဲ့လီက ဖေ့ရှူးချန်၏ခွေးပါးစပ်ကြီး ပွင့်လာလိုက် ပိတ်သွားလိုက်ဖြစ်နေသည်ကို ကြည့်နေသော်လည်း မည်သည့် ‌တုံ့ပြန်စကားမှ ထွက်မလာခဲ့ချေ။

ထိုအစား ဖေ့ရှူးချန်၏ဆံပင်များကိုဆွဲကာ နံရံနှင့် ဆောင့်ပစ်တော့သည်။

ဒုန်း ဒုန်း

ဝုန်း ဘုန်း

ကျစ် လွှတ်စမ်း”

ရှဲ့လီက စကားလည်းပြောရင်း ခေါင်းကိုလည်း ကိုင်ဆောင့်ရင်း မူလပိုင်ရှင်၏ကံဆိုးမိုးမှောင်ကျမှုအတွက် နာကြည်းစွာ ပြောဆိုနေခဲ့လေသည်။

ဘုန်း ဘုန်း ဝုန်း

အောင်သွယ်စားပွဲမပါ တင်တောင်းတဲ့ပစ္စည်းမပါဘဲ နင်တို့ဖေ့မိသားစုထဲကို ဝင်လာခဲ့ပြီး သုံးနှစ်တိုင်တိုင် အဝတ်လျှော်၊ ထမင်းချက်၊ ကြမ်းတိုက်ရုံတင်မက နင့်အဖေနဲ့ အမေကိုပါ ပြုစုပေးခဲ့တာ၊ နင်က အပြင်မှာဖောက်ပြန်ပြီးတော့ အပြစ်တွေကို ငါ့ခေါင်းပေါ် ပုံချချင်သေးတာလား၊ နင် ချီးတွေအများကြီးစားပြီး သေးသောက်ဖို့မေ့သွားလို့ နင့်ဦးခေါင်းခွံကြီးကျုံ့သွားပြီး ဦးနှောက်ကို ဖိမိသွားတာလား”

ချီယွဲ့ဟွာကမူ ထောင့်တစ်နေရာတွင် ကွေးကွေးလေးနေနေ၏။ သူမသားဖြစ်သူမှာတော့ အရိုက်ခံနေရလေသည်။ 

သူမက လက်သီးများကို တင်းတင်းဆုပ်ကာ မိခင်တစ်ဦး၏အင်အားများကို မွေးမြူလိုက်သည်။ သို့သော် ချီယွဲ့ဟွာတစ်ယောက် မျက်လုံးများကိုပြန်မှိတ်လိုက်၏။

သားလေး၊ အမေလည်း သူ့ကိုမနိုင်ဘူးကွယ်၊ သားဘာသာသားပဲ ကြည့်ရှင်းလိုက်တော့'

ပုံမှန်အားဖြင့် ကြောက်တတ်လွန်းသော ရှဲ့လီက အဘယ်ကြောင့် ရုတ်တရက် တောဝက်ကြီးတစ်ကောင်ကဲ့သို့ ကြမ်းတမ်းလာရသနည်းဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။ 

သရဲပူးသွားတာများလား’

*ကျီ* ဟူသော အသံနှင့်အတူ လူနာခန်းတံခါးပွင့်လာသည်။ သူနာပြုဆရာမလေးက ဖေ့ရှူးချန်အား ဆေးထည့်ပေးရန် လာခြင်းဖြစ်သော်လည်း ဖေ့ရှူးချန်က အကူအညီမတောင်းနိုင်မီမှာပင် သူမ ချက်ချင်းလှည့်ထွက်သွားပြီး တံခါးကိုပါ သေသေချာချာပြန်ပိတ်ပေးသွားခဲ့သေး၏။

သူမက ဆေးလာထည့်ပေးခြင်းသာဖြစ်ပြီး သူမအသက်ကို လာရောက်လဲလှယ်ခြင်း မဟုတ်ပေ။ ထို့အပြင် ထိုကောင်စုတ်သည် အရိုက်ခံရရန် ထိုက်တန်လှသည်။ ရှဲ့လီလည်း ကျေနပ်သွားပြီဖြစ်ရာ အလျှော့ပေးလိုက်လေသည်။

ကွာရှင်းပေးဖို့ ငါသဘောတူနိုင်တယ်၊ ငါ နင်တို့ဖေ့မိသားစုမှာ အစေခံလုပ်လာတာ သုံးနှစ်တောင်ရှိပြီ၊ လစာငွေတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးတွေ၊ လူငယ်ဘဝနစ်နာကြေးတွေ အဲ့တာတွေအကုန်လုံးကို နင်တို့မိသားစုက ငါ့ကိုလျော်ကြေးပေးရမယ်”

ချီယွဲ့ဟွာ အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

ပေးမယ် ပေးပါ့မယ် ပေးမှာပါ ပေးရမှာပေါ့ ပေးကိုပေးမှာ”

သူမမိသားစုသည် ရှဲ့မိသားစုလောက် မထင်ရှားသော်လည်း မြို့တော်ရှိ ထင်ရှားသောအရင်းရှင်များထဲမှ တစ်ဦးဖြစ်နေဆဲပင်။  

ငွေဖြင့် ဖြေရှင်း၍ရသောပြဿနာဟူသမျှသည် ပြဿနာမဟုတ်ပေ။

ရှဲ့လီက ပြုံးစိစ်ိဟန်လုပ်ကာ ဆက်ပြောလာသည်။

ပြီးတော့ ဖေ့ရှူးချန်က သူ့ရဲ့ ကိုယ်ကျင့်တရားဖောက်ပြန်မှုကြောင့် ငါတို့ ကွာရှင်းရတာပါဆိုပြီး သတင်းစာထဲမှာ ငါ့ကိုတောင်းပန်စာထည့်ရေးပေးရမယ်”