Chapter 172(Extra 6)
( ဒီနေရာကစပြီး အရင်ဘဝက အကြောင်းတွေပါ )
ချန်အန်းတွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ရွှမ်ဝူတံခါးအပြင်ဘက်မှ သွေးများကို ပြောင်စင်အောင် မရှင်းလင်းနိုင်ခဲ့ပေ။
ညနက်လာသည်အထိ စီနဉ်နန်းဆောင်တွင် မီးအိမ်များထွန်းညှိထားဆဲဖြစ်ပြီး အပြင်ဘက်တွင် မိုးရွာသွန်းနေသည်ကလည်း ရပ်တန့်သွားခြင်းမရှိပေ။
မိုးသံများနှင့်အတူ လေပြင်းများတိုက်ခိုက်နေသဖြင့် ပြတင်းပေါက်စက္ကူများကိုပါ တဖျတ်ဖျတ်ဖြစ်နေစေသည်။
စီနဉ်နန်းဆောင်ခုလုံး တိတ်ဆိတ်နေသည်။ မိန်းမစိုးများနှင့် နန်းတွင်းသူများက အဝင်အထွက်ပြုလုပ်နေကြသော်လည်း အသံကျယ်ကျယ်မထွက်ရဲကြပေ။
ယနေ့တွင် ဘုရင့်မယ်တော်က ပြတင်းပေါက်အနားတွင် အမူအရာမဲ့စွာဖြင့် တစ်နေကုန်ထိုင်နေပြီး စကားတစ်ခွန်းမှမပြောသည်ကို သူတို့အားလုံး သိကြသည်။
ယနေ့တွင် ညီလာခံ၌ ကိစ္စကြီးတစ်ခုဖြစ်ခဲ့သည်ကို အားလုံး သိကြသည်။
သို့ရာတွင် ယခုလက်ရှိအုပ်ချုပ်သူဖြစ်သည့် ချင်ဘုရင်က အလွန်ရက်စက်ပြီးကြမ်းတမ်းသောအကျင့်စရိုက်ရှိသည်။ တစ်ယောက်ယောက်က လက်လွတ်စပယ် မှတ်ချက်ပြုနေသည်က ချင်ဘုရင်၏နားထဲ ပြန်ရောက်သွားခဲ့ပါက နန်းတွင်းထဲအမှုထမ်းနေသည့် မိန်းမစိုးနှင့် နန်းတွင်းသူဖြစ်လျှင်ပင် ခေါင်းဖြတ်ခံရနိုင်ပေသည်။
လက်ရှိ ချင်ဘုရင် စွမ်းအားကြီးလာချိန်တည်းက နန်းတွင်းမှ အရာရှိအမြောက်အများ အသတ်ခံခဲ့ရသည်။
သို့ဖြစ်၍ အရှေ့ဘက်ညီလာခံနှင့် အနောက်ဘက်မောင်းမဆောင်တွင် လေအေးများတိုက်ခတ်နေပြီး ကောလဟာလအချို့ ကြားပါကပင် မဆွေးနွေးရဲကြပေ။
ထိုအချိန်တွင် အပြင်ဘက်မှ လာသည့်ခြေသံက စီနဉ်နန်းဆောင်သို့ တဖြည်းဖြည်းနီးကပ်လာသည်ကို ကြားလိုက်ရသည်။
ပတ်ဝန်းကျင်မှလူများ ဂရုတစိုက်ကြည့်လိုက်ကြသည့်အခါ ရောက်ရှိလာသူက ဘုရင့်မယ်တော်နားတွင် သီးသန့်ခစားသည့် နန်းတွင်းသူဖြစ်နေသည်။
ခြေသံကြားသည့်အခါ ပြတင်းပေါက်နားမှ ဘုရင့်မယ်တော်က ခေါင်းလှည့်ကြည့်လိုက်သည်။
သူမဦးခေါင်းထက်တွင် ရွှေ၊ ကျောက်စိမ်း၊ ပုလဲနှင့် မြတို့အဆင်တန်ဆာတို့ဖြင့်ပြည့်နေပြီး ပိုးထည်ဝတ်ရုံက ကြမ်းပြင်ပေါ် ပုံကျနေသည်။ ထိုဝတ်ရုံပေါ်တွင် ဇာမဏီအတောင်ပံများကို ရွှေချည်ထိုးထား၍ သူမပုံစံက ကျက်သရေရှိပြီး ထည်ဝါနေသည်။
ကျောက်မျက်ရတနာများ၏အောက်ဘက်မှ မျက်နှာလေးက ၁၄နှစ်အရွယ်သာ ရှိသေးသည်။ သူမ၏ ပုံပန်းသွင်ပြင်က မိန်းမပျိုတစ်ယောက်ကဲ့သို့ တောက်ပပြီး နူးညံ့သိမ်မွေ့သော်လည်း ပါးဖောင်းဖောင်းလေးများ ရှိနေသေးသည်။
ထိုလူက ကျွင်းလင်ဟွမ်ဖြစ်သည်။
( T/N - hello ဒီနေရာမှာ စာအရှည်ကြီးရေးဖို့ လိုလာလို့ပါ 💙 အပိုင်းတစ်ကို ပြန်ဖတ်လိုက်ရင် ကျွင်းလင်ဟွမ်က အရင်ဘဝကဘာလို့ ဘုရင့်မယ်တော်ဖြစ်တယ်ဆိုတာ သိသွားကြမှာဆိုပေမယ့် ပြန်မဖတ်ချင်တဲ့လူတွေအတွက် notesအရှည်ကြီးပဲ ထည့်လိုက်ပါတယ်...
- အရင်ဘဝက ယွင်နန်ဘုရင် ပုန်ကန်ခဲ့တဲ့အချိန် မြောက်ပိုင်းကတာ့ခ်တွေ ကျူးကျော်တိုက်ခိုက်ခဲ့ချိန်နဲ့ တိုက်ဆိုင်သွားခဲ့ပါတယ်... အဲ့အချိန်မှာ ဧကရာဇ်ချင်းဖျင်က ဖျားနာနေလို့ ညီလာခံအတွင်းအပြင်မှာ ပြဿနာတွေရှုပ်ခဲ့ပါတယ်... အဲ့အချိန် ဘယ်ကမှန်းမသိတဲ့ တာအိုပညာရှင်တစ်ယောက်ကို နန်းတွင်းကိုဖိတ်ခဲ့ပါတယ်... သူက တာ့ယုံမှာ အန္တရာယ်ကျရောက်နေပြီဖြစ်လို့ ကျွင်းမိသားစုရဲ့ သမီးကပဲ တိုင်းပြည်ကို ကယ်တင်နိုင်လိမ့်မယ်ဆိုပြီး ဟောကိန်းထုတ်လိုက်ပါရော...
- အဲ့အချိန်တုန်းက ကျွင်းဟွိုင်လန်ရဲ့အရီးတော် ကိုယ်လုပ်တော်ရှု့ သေသွားခဲ့တာ တစ်နှစ်ကြာပြီဆိုတော့ ကျွင်းမိသားစုတစ်ခုလုံးမှာ လက်မထပ်ရသေးတဲ့လူက ကျွင်းလင်ဟွမ်တစ်ယောက်ပဲ ရှိပါတော့တယ် အဲ့အချိန်မှာ ကလေးမလေးက အသက် ၁၄နှစ်ပါ...
- ကျွင်းဟွိုင်လန်က အဲ့အချိန် ညီလာခံမှာ အမှုထမ်းနေပြီဆိုတော့ ဒီကိစ္စကို အသည်းအသန် ငြင်းခဲ့ပါတယ် ဒါပေမဲ့ ဧကရာဇ်ချင်းဖျင်က ကျွင်းလင်ဟွမ်ကို ဧကရီနေရာမှာပဲထားပြီး လက်ဖျားနဲ့တောင် မထိပါဘူးလို့ ကတိပေးခဲ့တယ် ဒီကိစ္စတွေ တည်ငြိမ်သွားမှ အိမ်တော်ကိုပြန်ပို့ပြီး သူသဘောကျတဲ့ ယောက်ျားနဲ့လက်ထပ်ယူလို့ရပါတယ်လို့ ပြောခဲ့ပါတယ်...
- နောက်ပိုင်းမှာ ရွှယ်ယန်က ယန်ဒေသကိုသိမ်းပြီးမှ စာကိုတွေ့သွားတော့ စိတ်ထဲအမှောင်ဖုံးသွားပြီး ရှိသမျှ ဧကရာဇ်ကိုသတ် ပြီးတော့ မင်းသားတွေ အမတ်တွေကိုသတ်ပစ်ပြီး သူကိုယ်တိုင်က ဧကရာဇ်မလုပ်ချင်တော့ နန်းတွင်းထဲက အငယ်ဆုံးမင်းသား၈ အဲ့ကလေးပေါက်စကို နန်းတင်လိုက်ပါတယ် အဲ့အချိန်မှာ ကျွင်းလင်ဟွမ်က ဧကရာဇ်ချင်းဖျင်ရဲ့မိဖုရားရာထူးမှာပဲ ရှိနေသေးတုန်းမို့ မင်းသား၈နဲ့ ရွှယ်ယန်တို့ရဲ့ အမေနေရာမှာ ရောက်နေတာပေါ့နော် ရွှယ်ယန်က လင်ဟွမ့်ကို နန်းတွင်းမှာပဲ မင်းသား၈ကို သင်ကြားပေးဖို့ ကိစ္စတွေတာဝန်ပေးထားပုံပါပဲ... အဲဒါကြောင့်မို့ အရင်ဘဝမှာ နန်းတွင်းထဲရောက်နေတဲ့ ကျွင်းလင်ဟွမ်ကို ဘုရင့်မယ်တော်ကြီးလို့ သုံးနှုန်းကြတာပါရှင် )
......
သူမ၏ မျက်လုံးအိမ်များက နီရဲနေပြီး မျက်ဝန်းများက သွေးရောင်သန်းနေသော်လည်း မျက်ရည်များကျမနေတော့ပေ။
သူမက ထိုနန်းတွင်းသူကို ကြည့်နေသည်။
နန်းတွင်းသူက သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။
သူမက ကြမ်းပြင်နှင့်နှဖူးကိုထိထားပြီး မျက်ရည်များ ကျဆင်းလာသည်။
" ဒီအစေခံက ချင်ဘုရင်ရဲ့ နန်းဆောင်ရှေ့မှာ တစ်နေကုန် ဒူးထောက်နေခဲ့ပေမဲ့ ချင်ဘုရင်က အခုမှ လူတစ်ယောက်လွှတ်ပြီး ကျွန်တော်မျိုးမကို အမှာစကားပါးလိုက်ပါတယ်..."
ကျွင်းလင်ဟွမ် သူမကို ငြိမ်သက်စွာကြည့်နေသည်။
နန်းတွင်းသူက ငိုရှိုက်သံဖြင့် ပြောလိုက်သည်။
" အရှင်မရဲ့အားအင်တွေကို မလိုအပ်တဲ့နေရာမှာ မဖြုန်းတီးပါနဲ့တော့... ဧကရာဇ်က ဒီနှစ်ရက်အတွင်းမှာ သင်ခန်းစာတွေ ကောင်းကောင်းမလေ့လာလို့ အရှင်မရဲ့ သင်ကြားပြသပေးမှုတွေ လိုနေသေးတယ်လို့ မှာလိုက်ပါတယ်..."
သူက ကျွင်းမိသားစု၏ သေရေးရှင်ရေးကိစ္စကို ဆွေးနွေးရန် ပျင်းရိနေပုံရသည်။
စီနဉ်နန်းဆောင်တစ်ခုလုံး ငြိမ်ကျသွားပြန်သည်။
ကျွင်းလင်ဟွမ်၏ဝတ်ရုံလက်က လက်ဖက်ရည်ခွက်ကို တိုက်မိသောကြောင့် ကျကွဲသွားသည့်အသံဖြစ်သည်။
နန်းတွင်းသူလေး အမြန်ခေါင်းမော့ကြည့်လိုက်သောအခါ မျက်လုံးများနီရဲနေသည့် ကျွင်းလင်ဟွမ်က သူမ၏ဝတ်ရံရှည်က်ုမ'ကာ ကြမ်းပြင်ပေါ်မှ ဖန်ခွဲစများနှင့် လက်ဖက်ရည်အစွန်းများပေကျံနေသည်များကို တက်နင်းပြီး ပြေးထွက်သွားသည်ကို တွေ့လိုက်ရသည်။
——
ကျောင်းထိုက်ခန်းမဆောင်၏ရှေ့တွင် သွေးနံ့များလှိုင်နေသည်။
အပြင်ဘက်တံခါးတွင် မတ်တပ်ရပ်နေသည့် မိန်းမစိုးများက ခေါင်းငုံ့ထားကြပြီး သက်မဲ့အရာဝတ္ထုများကဲ့သို့ တစ်ချက်မှ မလှုပ်ရှားရဲကြပေ။ တံခါးဝတွင် အသားအရည်ကဖြူဖွေးပြီး မျက်နှာအစိတ်အပိုင်းများက သန့်စင်နေသည့် မိန်းမစိုးငယ်လေးတစ်ယောက်ရပ်နေသည်။
သူ့မျက်နှာက အမူအရာကင်းမဲ့နေပြီး မျက်ခုံးမျက်လုံးများက အေးစက်တည်ငြိမ်သည့်ပုံစံပေါ်နေကာ ကျောင်းထိုက်ခန်းမဆောင်ထဲသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
တံခါးမှလှမ်းကြည့်ပါက ကြမ်းပြင်ပေါ်တွင် လဲကျနေသည့်လူတစ်ယောက်ကို မြင်နိုင်ပေသည်။ ထိုလူက မဲနယ်ရောင်အရာရှိဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ပိုးထည်ဖိနပ်ကို ဝတ်ဆင်ထားကာ ကြမ်းပြင်ကို မျက်နှာအပ်ပြီး လဲကျနေသည်။
ကြက်သွေးနီရောင်သွေးများက သူ့ခန္ဓာကိုယ်အောက်မှ စီးကျနေပြီး ဝတ်ရုံနှင့် ကော်ဇောတွင် သွေးကွက်ကြီးများ ဖြစ်လာစေသည်။
ထိုလူက ဘဏ္ဍာရေးဌာနမှ အရာရှိဖြစ်ပြီး ယနေ့မနက်မှ ဆင့်ခေါ် ခံလိုက်ရခြင်းဖြစ်သည်။ ငွေစာရင်းများနှင့် စားနပ်ရိက္ခာများ ကွာဟချက်ဖြစ်နေ၍ ချင်ဘုရင်က သူ့ကိုမေးမြန်းသည့်အခါ ထိုလူက လိမ်ညာဖြေဆိုခဲ့မိသည်။
ချင်ဘုရင်က "အင်း" ဟု အသံတိုးတိုးဖြင့် ဖြေပြီးသည့်နောက်တွင် ဓားအိမ်ထဲမှ ဓားကိုထုတ်လိုက်သည်။
အစေခံက ဆက်ကြည့်မနေတော့ပဲ အပြင်ဘက်ကို ပြန်လျှောက်လာခဲ့သည်။
" အရှင့်သားပြန်ထွက်လာတာစောင့်နေလိုက် ပြီးမှ ဝင်သွားပြီး သန့်ရှင်းရေးလုပ်ကြ... ကော်ဇောပေါ်မှာလည်း ဘာခြေရာလက်ရာမှ မကျန်ခဲ့အောင် သေချာလဲထားရမယ် သိပြီလား..."
ထိုမိန်းမစိုးက တံခါးဝတွင်ရပ်နေသည့် မိန်းမစိုးငယ်လေးကို အသံတိုးတိုးဖြင့် ညွှန်ကြားလိုက်သည်။
မိန်းမစိုးငယ်လေးက အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ဒါပေမဲ့ မိန်းမစိုးကျင်းပေါင် အဲ့နေရာက အလောင်းကြီးကို ဒီတိုင်းထားရမှာလား..."
ကျင်းပေါင်က သူ့ကိုစိုက်ကြည့်လိုက်သည်။
" မင်းခေါင်းကို ပခုံးပေါ်တင်ထားရတာ တော်တော်လေးနေလား..."
မိန်းမစိုးငယ်လေးက သဘောပေါက်သွား၍ ချက်ချင်းပါးစပ်ပိတ်သွားသည်။
ကျင်းပေါင်က အကြည့်ပြန်လွှဲလိုက်ပြီး ကျောင်းထိုက်ခန်းမဆောင်အပြင်ဘက်တွင် ရပ်နေလိုက်သည်။
ညအချိန်ရောက်နေသော်လည်း မိုးက ရွာသွန်းနေဆဲဖြစ်ကာ ကောင်းကင်ကြကလည်း နီရဲနေဆဲဖြစ်သည်။ ကျောင်းထိုက်ခန်းမဆောင်တွင် မီးအိမ်များထွန်းထားပြီး ရွှေရောင်မီးအိမ်များကိုလည်း တံစက်မြိတ်အပြင်ဘက်တွင် ချိတ်ဆွဲထားသည်။ ၎င်းတို့က အဖြူရောင်ကျောက်စိမ်းလှေကားထစ်များကို တောက်ပနေစေသော်လည်း အနွေးဓာတ်မပေးနိုင်ပေ။
မိုးရွာသွန်းနေချိန်တွင် မြေပြင်၌ ရေများအိုင်ထွန်းလာကာ ခမ်းနားထည်ဝါသောနန်းဆောင်ကြီး၏ပုံစံ ရောင်ပြန်ဟပ်နေသည်။
သည်းထန်နေသောမိုးများအကြားတွင် ခြေသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ကျင်းပေါင်က ခေါင်းမော့၍ မျက်လုံးများမှေးစင်းကာ ထိုအရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်သည်။
မိုးစက်များအကြားတွင် အဖြူရောင်ဝတ်ရုံကားကားကို ဝတ်ဆင်ထားပြီး ရွှေရောင်အဆင်တန်ဆာများ ဆင်မြန်းထားသည့်လူတစ်ယောက်က ပြေးလာနေသည်။
ကျင်းပေါင်၏ မျက်နှာထက်တွင် အံ့အားသင့်မှုအချို့ ဖြတ်ပြေးသွားသည်။
အဲဒါ... ဘုရင့်မယ်တော်ကြီးမလား...
ကျင်းပေါင်က ရွှယ်ယန့်အနားတွင် နှစ်ပေါင်းများစွာရှိလာသူဖြစ်၍ ယနေ့က မယ်တော်ကြီး၏အစ်ကို ခေါင်းဖြတ်ခံလိုက်ရသည့်နေ့ဖြစ်ကြောင်းကို သူသိသည်။
ချင်ဘုရင်နန်းတွင်းထဲ ရောက်လာတဲ့အချိန်တည်းက မင်းသားဘယ်နှယောက်နဲ့ အမှုထမ်းတွေ ဘယ်လောက်တောင်များ နေ့တိုင်းသေခဲ့ရတာလဲ...
ချန်အန်းမှလူတိုင်းက ထိုကိစ္စနှင့် အသားကျနေသကဲ့သို့ နန်းတွင်းမှလူများကလည်း ထိုနည်းတူပင်ဖြစ်သည်။
အချို့သော မိဖုရားများနှင့် ကိုယ်လုပ်တော်များ၏ မိသားစုများကလည်း အသတ်ခံရသည့်အထဲတွင် ပါဝင်သွားကြပြီဖြစ်သော်လည်း မောင်းမဆောင်တစ်ခုလုံးက ထိုကိစ္စကို လုံးဝ မဟရဲကြပေ။ ကိုယ်လုပ်တော်တစ်ယောက်ကသာ သူမဘဝတစ်လျှောက်လုံးကို သီလရှင်ဝတ်ကာ ဘုရားကျောင်းတွင် ဖြတ်သန်းမည်ဟု ချင်ဘုရင်ကို တောင်းဆိုရဲခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်ချင်းဖျင်ကိုယ်တိုင်က ချင်ဘုရင်၏ဓားချက်အောက်တွင် သေဆုံးခဲ့ရခြင်းဖြစ်၍ ယခုလက်ရှိအချိန်တွင် မြို့တော်မှလူများက ကြောက်ရွံ့မှုများကို အရိုးထဲစွဲနေပြီဖြစ်သည်။
ဧကရီကျန်းက ထိုကိစ္စများကို မခံမရပ်နိုင်ဖြစ်သောကြောင့် ချင်ဘုရင်ကို ဖြေရှင်းချက်တောင်းခံခဲ့သည်။
ဒါပေမဲ့ လူတွေသေပြီးမှတော့ ဖြေရှင်းချက်တောင်းနေတာ ဘာအသုံးဝင်တော့မှာလဲ...
သို့ဖြစ်၍ ချင်ဘုရင်က သူမကို ဖြေရှင်းချက်မပေးသည့်အပြင် လူတစ်ယောက် ထပ်သတ်ပြီး ကျင်းပေါင်ကို အလောင်းတစ်လောင်းကို ထပ်ရှင်းခိုင်းခဲ့သည်။
လွန်ခဲ့သည့် လအနည်းငယ်ခန့်က ချင်ဘုရင်က ထိုသို့မဟုတ်ခဲ့ပေ။
ကျင်းပေါင်က ရွှယ်ယန်(ချင်ဘုရင်) အနားတွင် နှစ်ပေါင်းများစွာ ခစားခဲ့သူဖြစ်သည်။ သူက ကြမ်းတမ်းပြီး မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သူဖြစ်သော်လည်း ယခုကဲ့သို့ သွေးဆာပြီး ရမ်းကားတတ်သူမဟုတ်ပေ။ ချင်ဘုရင်က ယန်ဒေသကို ပြန်လည်သိမ်းယူရန်အတွက် မြောက်ပိုင်းသို့မသွားမီညတွင် ဧကရာဇ်က ညစာစားပွဲ ကျင်းပပေးခဲ့သည်။ ထိုညတွင် ယွင်ယန်သံမဏိမြင်းစစ်သည်အဖွဲ့ခေါင်းဆောင်နှင့် ရွှယ်ယန်က သီးသန့်စကားပြောဆိုခဲ့ပြီးသည့်နောက်တွင် အခြားလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခြင်းဖြစ်သည်။
( T/N - အရင်ဘဝက အဲ့အချိန်မှာ ယန်ဘုရင်ချန်ထားခဲ့တဲ့စာကိုဖတ်မိလို့ ရွှယ်ယန်က လုံးဝပြောင်းလဲသွားတာပါ၊ ပြီးတော့ ဒီဘဝမှာ ရွှယ်ယန်ရဲ့ရာထူးက ကွမ်းလင်ဘုရင်ခံဆိုပေမယ့် အရင်ဘဝက ချင်ဘုရင်ပါ )
သူ၏ ပယင်းရောင်မျက်လုံးများက အန္တရာယ်ပြုမည့်ဟန်ဖြင့် နီရဲနေပြီး လူသားတစ်ယောက်နှင့်မတူပဲ ဒေါသတကြီးဖြစ်နေသည့်သားရဲတစ်ကောင်နှင့် ပိုတူနေသည်။
သူက ပြစ်ဒဏ်မှကင်းလွတ်အောင် စတင်ပြီး လူသတ်လာခဲ့သည်။
ရွှယ်ယန်က လူသတ်ခြင်းဖြင့် မည်သို့သောစိတ်သက်သာရာရမှုမှ မဖြစ်လာသည်ကို ကျင်းပေါင် မြင်နိုင်သည်။
အဘယ့်ကြောင့်ဆိုသော် ယခင်ကတည်းက အသက်ဝင်မှုအနည်းငယ်သာရှိခဲ့သော သူ့မျက်ဝန်းတစ်စုံက ယခုအချိန်တွင် အသက်မဲ့ပြီး အုံ့မှိုင်းသွားသောကြောင့်ဖြစ်သည်။
မီးအိမ်ထဲတွင် နောက်ဆုံးကျန်ရှိနေသော မီးတောက်လေးက ရုတ်ချည်းငြှိမ်းသတ်ခံလိုက်ရသကဲ့သို့ဖြစ်သွားခဲ့ပေသည်။
ကျင်းပေါင်က သူ့ကို ရန်မစရဲသကဲ့သို့ သူ့အနားမှလူများကလည်း သူ့ကိုမစော်ကားရဲကြပေ။
ရွှေရောင်ပုံရိပ်လေးက တဖြည်းဖြည်းနီးကပ်လာသည်။
ကောင်းကင်ယံတွင် လျှပ်စီးလက်သွားချိန်၌ ဘုရင့်မယ်တော်ကြီးမှာ ဝတ်ရုံများကစိုရွှဲနေပြီး ဆံပင်များလည်း ဖရိုဖရဲဖြစ်နေပြီး သူမဦးခေါင်းထက်မှ အဆင်တန်ဆာများ ပြန့်ကျဲနေသည်ကို ကျင်းပေါင် မြင်လိုက်ရပေသည်။ ဝတ်ရုံအနားစတွင် ရွံ့များပေကျံနေကာ မျက်နှာတွင်လည်း မိုးရေစများဖြင့် ပြည့်နေသည်။
လှပသော သမင်မျက်လုံးလေးများထဲတွင် အမုန်းတရားများဖြင့် ပြည့်နေသည်။
ကျင်းပေါင်က ရှေ့ကိုထွက်လာပြီး ကျောင်းထိုက်ခန်းမဆောင်ရှေ့တွင် ရပ်လိုက်သည်။
ကျင်းပေါင်က ထိုသို့သောမြင်ကွင်းများနှင့် အသားကျနေသောကြောင့် ထုံနေပြီဖြစ်သော်လည်း သူမပုံစံက အလွန်သနားစရာကောင်းနေသည်။ သို့ဖြစ်၍ ငယ်ရွယ်သော ဘုရင့်မယ်တော်ကို ယနေ့တွင် ရွှယ်ယန်၏လက်ထဲ၌ အသက်မပျောက်သွားစေချင်ပေ။
ကျွင်းလက်ဟွမ်၏ ဝတ်ရုံအနားစတွင် မိုးရေများစိုရွှဲနေသောကြောင့် ပိုးထည်ဝတ်ရုံကို ပိုမိုလေးလံလာစေသောကြောင့် လှေကားထစ်များပေါ်သို့တက်ရာတွင် အခက်အခဲဖြစ်နေသည်။
သူမက ကျောင်းထိုက်ခန်းမဆောင်၏ တံခါးဝအထိ ပြေးလာခဲ့ခြင်းဖြစ်သည်။
" ဘုရင့်မယ်တော်... အရှင်မ ခဏလေး စောင့်ဆိုင်းပေးပါဦး... အရှင်က အလုပ်များနေလို့ ဒီအစေခံ သွားအကြောင်းကြားပါရစေ..."
ကျင်းပေါင်က မျက်လွှာချထားပြီး သူမကို ဦးညွတ်လိုက်သည်။
" လမ်းဖယ်ပေး..."
ကျွင်းလင်ဟွမ်က မိုးရေထဲတွင် ပြေးလာခဲ့ရသောကြောင့် အသံက တုန်ယင်နေသည်။
ကျင်းပေါင်က ရပ်နေဆဲဖြစ်သည်။
ကျွင်းလင်ဟွမ်က လက်တစ်ဖက်က ဝတ်ရုံစကို တင်းတင်းဆုပ်ထားပြီး အခြားတစ်ဖက်ဖြင့် ကျင်းပေါင်ကို တွန်းလွှတ်လိုက်သည်။
ကျွင်းလင်ဟွမ် ခန်းမဆောင်ထဲ ပြေးဝင်သွားချိန်တွင် ကြမ်းပြင်၌ ရေစီးကြောင်းကြီး ကျန်ရစ်ခဲ့သည်။
ကျင်းပေါင်က စာနာသနားခြင်းများပြည့်နေသည့် မျက်ဝန်းများဖြင့် သူမကျောပြင်ကို ကြည့်လိုက်သည်။
——
ကျွင်းလင်ဟွမ် ကျောင်းထိုင်ခန်းမဆောင်ထဲ အပြေးတစ်ပိုင်းဖြင့် ဝင်လာချိန်တွင် ရွှယ်ယန်က ပြတင်းပေါက်အနားမှ သလွန်ပေါ်တွင် ထိုင်နေသည်။
ပြတင်းပေါက်များကို ဖွင့်ထားဆဲဖြစ်ကာ သည်းထန်လှသည့် မိုးရေများအကြားမှ လေအေးများက ခန်းမဆောင်ထဲမှ ခန်းစီးစများကို တိုက်ခတ်နေသည်။
ရွှယ်ယန် အနက်ရောင်ပိုးထည်ကိုဝတ်ဆင်ထားကာ ဆံပင်ကို စုချည်ထားပြီး သလွန်ပေါ်ကို ခြေထောက်တစ်ဖက်တင်ထားကာ လက်တစ်ဖက်က ပေါင်ပေါ်တင်ထားကာ အခြားလက်တစ်ဖက်ထဲတွင် စာအုပ်ကို ကိုင်ထားသည်။
ကျွင်းလင်ဟွမ် ဝင်လာချိန်တွင် ခြေသံကိုမကြားသကဲ့သို့ စာအုပ်ကို နောက်တစ်မျက်နှာလှန်လိုက်သည်။
ကျွင်းလင်ဟွမ်က သူ့ရှေ့သို့ အပြေးတစ်ပိုင်းရောက်လာသည်။
ရွှယ်ယန်က ပျင်းရိပျင်းတွဲဖြင့် သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။
လှပသည့် ပယင်းရောင်မျက်ဝန်းများက သွေးရောင်သန်းနေသောကြောင့် ရက်စက်ကြမ်းကြုတ်ပုံပေါ်နေသည်။
သူ မျက်လုံးလှန်ကြည့်လိုက်ချိန်မှာပင် ပါးပြင်ပေါ်သို့ ရိုက်ချက်တစ်ခု ကျရောက်လာ၍ သူ့မျက်နှာက ဘေးသို့အနည်းငယ်စောင်းသွားရသည်။
ရွှယ်ယန်က မလှုပ်ရှားသေးပေ။
သူ့မျက်နှာကို ရိုက်လိုက်သည်က မပြင်းထန်လှပေ။ သို့ရာတွင် သူ့ရှေ့မှ ဆယ်ကျော်သက်အရွယ်ကလေးမလေးက အားကုန်ရိုက်ချလိုက်ခြင်းဖြစ်သည်။
ရွှယ်ယန်၏မျက်နှာတစ်ဖက်က ပူနွေးသွားသောမလည်း သူက ခံစားရသည့်ပုံမပေါ်ပေ။ သူ ကျွင်းလင်ဟွမ်ကို တဖြည်းဖြည်းမော့ကြည့်လိုက်သည်။
" ရှင်က ကျွင်းမိသားစုရဲ့ မိသားစုဝင်အားလုံးကို အပြတ်ရှင်းပစ်ချင်တာ မဟုတ်ဘူးလား... ကျွန်မက ကျွင်းမိသားစုရဲ့သမီးလေ... ကျွန်မတစ်ယောက်တည်းကို ချန်ထားခဲ့ရလား..."
ကျွင်းလင်ဟွမ်က သူ့ရှေ့တွင်ရပ်ကာ လက်သီးတင်းတင်းဆုပ်ထားပြီးပြောလိုက်သည်။
သူမ ကြောက်နေမိသည်။ ရွှယ်ယန့်ရှေ့တွင် မည်သူမှ မကြောက်ပဲနေလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သူမ သေချင်နေမိသည်။ သူမ မသေမီအချိန်တွင် သူ့ကို အကြိမ်ရေများစွာ ပါးရိုက်နိုင်ခဲ့ပါက ပို၍ တန်လိမ့်မည်ဟု တွေးနေမိသည်။
ရွှယ်ယန်၏ မျက်လုံးများက တည်ငြိမ်နေသည်။
သူ့ရှေ့တွင်ရပ်နေသည့် မိန်းကလေးကိုကြည့်ပြီး သူမမျက်ဝန်းထဲမှ အမုန်းတရားများကို လက်ခံလိုက်သည်။
သူက ထိုသို့သောအကြည့်များကို ထုံနေပြီဖြစ်သည်။ သူကလေးဘဝတည်းမှအခြားမှများ၏ မုန်းတီးခြင်း၊ စက်ဆုပ်ခြင်းနှင့် ကြောက်လန့်ခြင်း ခံခဲ့ရသည်မှာ မရေမတွက်နိုင်အောင်ဖြစ်သည်။
Xxxxxx