အပိုင်း ၁၆၉ (Extra-3)
Viewers 36k

Chapter 169(Extra 3)


သူတို့နှစ်ယောက်က နန်းတွင်းမှစည်းမျဉ်းများကို ဂရုမစိုက်ပဲ ပြောချင်ရာ ပြောနေခြင်းဖြစ်သည်။ အတိတ်တွင်မူ ထိုသို့လက်လွတ်စပယ်ပြောဆိုမိပါက ခေါင်းပြတ်သွားနိုင်ပေသည်။


သို့ရာတွင် ယခုအချိန်၌ မည်သူမျှ သူတို့ကို စီရင်ရဲသည်အထိ သတ္တိမရှိပေ။


ရွှယ်ယန် ပြုံးလိုက်ပြီး ထိုစကားများကို ပြန်မဖြေပဲ လက်ဖက်ရည်ကြမ်းတစ်ခွက်သာ ငှဲ့ပေးလိုက်ပြီး သူမ လက်ထဲ ထည့်ပေးလိုက်သည်။


မိဖုရားရှု့က စိတ်ဆိုးမာန်ဆိုးဖြင့် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ 

သူ လက်ဖက်ရည်ကို မမျိုချခင်မှာပင် အခြားကိစ္စတစ်ခုကို တွေးမိသွားသည်။


သူက ရွှယ်ယန့်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ်ကြည့်နေပြီး သူမအကြည့်များထဲတွင်လည်း ပူပန်မှုအချို့ ပါဝင်နေသည်။ 


" မင်းနဲ့ဟွိုင်လန် ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ..."

(T/N - E transမှာကိုက who is bullying whomလို့ ရေးထားတာပါ...မိဖုရားရှု့က သူ့တူ gongလား shouလား သိချင်နေတာပါ 😂)


ရွှယ်ယန်က ခဏရပ်သွားပြီးနောက် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။

" မယ်တော် ကျွန်တော့်ကို ထပ်ရိုက်ချင်လည်း ရိုက်လို့ရပါတယ်..."


မိဖုရားရှု့ : "......."


သူမ သဘောပေါက်သွားပြီဖြစ်သည်။


မိဖုရားရှု့ အလွန်ဒေါသထွက်သွားပြီး လက်ဖက်ရည်ခွက်ကို ရွှယ်ယန့်ဘက်သို့ ပစ်ပေါက်လိုက်သည်။


" မင်း... မင်း... မျိုးမစစ်ကောင်..."

ယုံနင်မြို့စားက အမြဲတမ်း အလုပ်ကို လေးစားသူဖြစ်၍ မြို့တော်သို့ မပြန်မီအချိန်တွင် သူ့ကိုပေးအပ်ထားသည့် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်မည်ဖြစ်သည်။ 

ကျန်းနန်မှ ရေကြီးမှု ဘေးအန္တရာယ်ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ လုပ်ကိုင်စရာတာဝန်များက်ိုသာမက ၊ ကျန်းနန်၏ ဆောင်းဦးရာသီ နန်းတွင်းစာမေးပွဲကိုလည်း  ယုံနင်မြို့စားက စိစစ်သေချာစွာ ဆောင်ရွက်ခဲ့သည်။ ဆောင်းရာသီအစတွင် ကျင်းလင်မြို့မှ ဆည်ကိုလည်း ပြီးဆုံးအောင် ပြင်ဆင်နိုင်ခဲ့၍ ကျင်းလင်မြို့တစ်မြို့လုံးမှာ ကပ်ဘေးကြီးမဖြစ်မီအချိန်ကကဲ့သို့ အစဉ်အစဉ်တကျ ပြန်ဖြစ်လာသည်။ 

ကျင်းလင်မြို့တွင် ပထမဦးဆုံးအကြိမ် နှင်းကျလာချိန်တွင် ယုံနင်မြို့စားက ချန်အန်းသို့ ပြန်လာသည့်ခရီးစဉ်ကို စတင်ခဲ့သည်။ 


ထိုအချိန်တွင် ချန်အန်းတစ်မြို့လုံး၌ နှင်းများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ 

နှစ်တစ်နှစ်၏ဆယ့်နှစ်လမြောက်သို့ ရောက်လာသည်နှင့် ချန်အန်းမြို့တွင် နှစ်သစ်ကူးကာလ အငွေ့အသက်များဖြင့် ပြည့်လာသည်။ 


၎င်းက ယုံနင်မြို့စားအိမ်တော်အတွက်လည်း အတူတူပင်ဖြစ်သည်။  ဆယ့်နှစ်လမြောက်လသို့ ဝင်ရောက်လာသည်နှင့် သခင်မကျွင်းက အစေခံမိန်းကလေးများကို အိမ်တော်တစ်ခုလုံး သန့်ရှင်းရေးလုပ်ခိုင်းပြီး နှစ်သစ်ကူးအတွက် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူထားခဲ့သည်။ 


ယခုချိန်တွင်မူ သခင်မ‌ကျွင်းက စာတစ်စောင်ရေးနေသည်။


လွန်ခဲ့သည့်လအနည်းငယ်ခန့်က ကျွင်းရှောင်ဝူမှာ မြို့တော်တွင် နေရသည်ကို ပျင်းရိလွန်း၍ ယွီမန်တံခါးကို ပြန်သွားခဲ့သည်။ ဤစာကို သခင်မကျွင်းက နောက်ရက်အနည်းငယ်အတွင်း ပို့ဆောင်တော့မည်ဖြစ်၍ ကျွင်းရှောင်ဝူကလည်း စောစီးစွာထွက်ခွာလာနိုင်ပြီး မြို့တော်သို့ နှစ်သစ်မတိုင်မီ ရောက်ရှိနိုင်မည်ဖြစ်သည်။ 


သခင်မကျွင်း စာရေးနေစဉ်အချိန်တွင် ကျွင်းဟွိုင်လန်က ဘေးနားတွင် သူမအတွက် မှင်သွေးပေးနေသည်။ 

သခင်မကျွင်းက စာရေးနေစဉ်တွင် ဖြည်းညင်းစွာပြောလိုက်သည်။


" သားအဖေကလည်း ပြန်လာနေပြီ‌ဆိုတော့ နှစ်သစ်ကူးမရောက်ခင်တော့ ချန်အန်းကို ပြန်ရောက်မှာပါ..."


ကျွင်းဟွိုင်လန် ‌ပြုံးလိုက်သည်။


" ကောင်းတာပေါ့... အရင်နှစ် နှစ်သစ်ကူးတုန်းကတော့ အဖေနဲ့ကျွန်တော် ကျန်းနန်မှာပဲ နေလိုက်ရတာဆိုတော့ အမေလည်း အဖေ့ကို လွမ်းနေမှာပေါ့..."


" သားရဲ့အရီးတော်ကလည်း နှစ်သစ်ကူးမှာ အိမ်ပြန်လာပြီး ဆွေမျိုးတွေကို ဂါရဝပြုဦးမယ်ပြောတယ်... အဲဒါကြောင့်မို့ အမေ ရှောင်ဝူ့ကိုလည်း ပြန်လာခိုင်းထားတယ်... အမေတို့မိသားစုဝင်တွေ နှစ်သစ်ကူးကို တူတူမဖြတ်သန်းရတာကြာပြီလေ..."

ကျွင်းဟွိုင်လန် ပြန်ဖြေလိုက်သည်။


သခင်မကျွင်းက သူ့ကိုမော့မကြည့်ပဲ တည်ငြိမ်စွာပြောလိုက်သည်။ 


" တခြား အရေးတကြီးကိစ္စမရှိဘူးဆိုရင် ကွမ်းလင်ဘုရင်ခံကို နှစ်သစ်ကူးအကြိုညစာစားပွဲကိုလာဖို့ ဖိတ်လိုက်လေ..."


ကျွင်းဟွိုင်လန် အံ့အားသင့်သွားပြီး မျက်လုံးအနည်းငယ်ပြူးသွားမိသည်။


သူ တိတ်ဆိတ်နေ၍ သခင်မကျွင်းက ခေါင်းမော့ပြီး သူ့ကို မတုန်မလှုပ်ပုံစံဖြင့် ကြည့်လိုက်သည်။ 

" ဘာလို့လဲ... သူကဖြင့် အိမ်တော်ကို နေ့တိုင်းလာနေတာ အဲ့လောက်တော့ မျက်နှာသာပေးမှ ဖြစ်မယ်မလား..."


ကျွင်းဟွိုင်လန် ထိုအခါမှသာ ပြန်ဖြေရန် သတိရသည်။


" အမေက လာဆိုမှတော့ သူ သေချာပေါက်လာမှာပါ..."


သူ့အသံထဲမှ ဝမ်းသာမှုများကိုပါ မချုပ်ထိန်းထားနိုင်ဖြစ်သွားသည်။


သခင်မကျွင်းက သူ့ကိုကြည့်နေပြီးနောက် နှဖူးကို အသာအယာတောက်လိုက်သည်။


" သူ့ကို သားအဖေနဲ့လည်း တွေ့ခိုင်းလိုက်ဦးလေ... နှစ်သစ်ကူးအချိန်ဆိုတော့ သားအဖေလည်း သူ့ကို အရမ်းမရိုက်လောက်ပါဘူး..."


ကျွင်းဟွိုင်လန်က သခင်မကျွင်း ဆိုလိုသည်ကို သဘောပေါက်၍ ရယ်မောလိုက်သည်။


ရွှယ်ယန်က ထိုသတင်းကိုကြားသည့်အခါ အလွန်ပျော်ရွှင်သွားပြီး ပါးစပ်ပင် မစေ့နိုင်အောင်ပြုံးနေသည်။ 


ပြုံးဖြီးဖြီးဖြစ်နေသော ရွှယ်ယန်ကို ကျွင်းဟွိုင်လန် ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီးနောက် သတိပေးလိုက်သည်။


" အဖေကလည်း နှစ်သစ်ကူးကျရင် အိမ်ပြန်လာမှာနော်..."

ရွှယ်ယန်က နှုတ်ခမ်းများ ကွေးညွတ်ကာပြုံးလိုက်ပြီးနောက် ကျွင်းဟွိုင်လန်ကို သူ့ရင်ခွင်ထဲထည့်ကာ နှုတ်ခမ်းကို နမ်းလိုက်သည်။ 

" အဆင်ပြေမှာပါ မင်းအဖေက ကိုယ့်ကိုသဘောကျတယ်လေ..."


ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် ခွေးကြီးတစ်ကောင်က သူ့မျက်နှာကို လျှာဖြင့်လျက်လိုက်သည်ဟုပင် ခံစားလိုက်ရသည်။ 


" အဖေက မင်းကို သဘောကျတယ်ဆိုပေမယ့် ငါတို့ကြားက ဆက်ဆံရေးကို မသိသေးဘူးလေ..."


ရွှယ်ယန်က သူ့နှုတ်ခမ်းကို အသာအယာကိုက်ပြီး ပြောလိုက်သည်။

" ဒါဆိုရင် အခုတွေ့ရင် ပိုသဘောကျသွားမှာပေါ့..."


ကျွင်းဟွိုင်လန်က သူ့ပခုံးကို ရိုက်ချလိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေ..."


ရွှယ်ယန် နူးညံ့စွာပြုံးလိုက်သည်။


" အဆင်ပြေသွားမှာပါ... မင်းအဖေ ကိုယ့်ကိုရိုက်ရင်လည်း ငြိမ်ခံနေရမှာပေါ့... ကိုယ် ဒါမျိုးကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်..."

သူက အရိုက်ခံဖို့တောင် တွေးထားတာလား ... သူ့အဖေက ရွှယ်ယန့်ကို တကယ်ရိုက်ချင်တယ်ဆိုရင်တောင် ဘယ်လိုလုပ် ရိုက်ရဲမှာလဲ...


ကျွင်းဟွိုင်လန်က သူ၏စပ်ဖြဲဖြဲမျက်နှာကိုကြည့်ပြီးနောက် လူလိမ်လူကောက်တစ်ယောက်ဟု ခံစားလိုက်ရ၍ ခဏကြာသည်အထိ ဘာမှမပြောနိုင်တော့ပေ။


ရက်အနည်းငယ်ခန့် နှင်းများကျဆင်းနေခဲ့ပြီး နောက်ဆုံးတွင် ချန်အန်းမြို့က နှစ်တစ်နှစ်၏ နောက်ဆုံးအချိန်ကို ရောက်ရှိလာခဲ့သည်။ 


ဤနှစ်တွင် ဧကရာဇ်က နာမကျန်းဖြစ်ကာ အိပ်ရာထဲလဲနေ၍ နန်းတွင်းတွင် ယခင်နှစ်များကဲ့သို့ ပွဲတော်များ မကျင်းပတော့ပေ။


ကျွင်းမိသားစုအမြင်ကြည်ရန်အတွက် ရွှယ်ယန်က နှစ်သစ်ကူးအကြိုမတိုင်မီ ရက်အနည်းငယ်အလိုတွင် မိဖုရားရှု့ကို အိမ်တော်တွင် ခဏတာအနားယူခွင့်ပြုပြီး  အလျင်လိုခြင်းမရှိပဲ နှစ်သစ်ကူးကာလကုန်ဆုံးမှသာ နန်းတွင်းသို့ပြန်လာရန် အမိန့်ထုတ်ပြန်လိုက်သည်။ 

မိဖုရားရှု့က သူ၏မျက်နှာသာပေးမှုကို ကျေးဇူးမတင်သည့်အပြင် သူ့ကို တစ်ချက်မှ မပြုံးပြပေ။ သို့ရာတွင် နန်းတွင်းမှ ထွက်ခွာရမည့်နေ့ရောက်သောအခါ နှောင့်နှေးခြင်းမရှိပဲ အထုပ်အပိုးများ ချက်ချင်းပြင်ဆင်ခိုင်းကာ ယုံနင်မြို့စားအိမ်တော်သို့ ခမ်းနားထည်ဝါစွာ ပြန်လာခဲ့သည်။


မိဖုရားရှု့က ယုံနင်မြို့စားအိမ်တော်သို့ ရောက်ရှိလာပြီဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် နှစ်သစ်ကူအကြိုနေ့တွင် ယုံနင်မြို့စားက တောင်ပိုင်းသို့ အတူထွက်ခွာခဲ့ကြသည့်အရာရှိများကို ဦးဆောင်လာပြီး ချန်အန်းသို့ ပြန်ရောက်လာခဲ့သည်။ 


ဧကရာဇ်ချင်းဖျင်က အိပ်ရာထဲလဲနေဆဲဖြစ်၍ ယုံနင်မြို့စားကို ယုံဟယ်နန်းဆောင်တွင် ကြိုဆိုရသူက ရွှယ်ယန်ဖြစ်နေခဲ့သည်။ 


ကျန်းနန်မှ အရေးကိစ္စများကြောင့် ရွှယ်ယန်နှင့် ယုံနင်မြို့စားက တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးနေကြပြီဖြစ်သည်။ ယုံနင်မြို့စားသည်လည်း မြို့တော်တွင် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဖြစ်ပျက်နေခဲ့သည့် အရေးကိစ္စများကိုသိရှိထားပြီးဖြစ်ကာ ရွှယ်ယန်က တိုင်းရေးပြည်ရေးများကို ကူညီဆောင်ရွက်ပေးနေသည်ကို အတော်အတန်ကျေနပ်နေပုံပေါ်သည်။

သူက ဘက်လိုက်ခြင်းမရှိသော်လည်း ဧကရာဇ်၏သားတော်များအကြောင်း အတန်ငယ်သိထားသည်။ သို့ဖြစ်၍ မည်သူက အားကိုးအားထားရပြီး ဖြောင့်မတ်မှုရှိသည်ကိုလည်း ရင်ထဲတွင် ရှင်းလင်းစွာသိထားသည်။ 


ယခုလက်ရှိတွင် တာ့ယုံတစ်ခုလုံး၏ ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ထားနိုင်သူက ရွှယ်ယန်တစ်ယောက်တည်းသာရှ်ိသည်။ 


သို့ဖြစ်၍ သူတို့နှစ်ယောက်က ယုံဟယ်နန်းဆောင်တွင်  ပျော်ပျော်ပါးပါး စကားပြောနေခဲ့ကြပြီး မှောင်ရီပျိုးစအချိန်ရောက်မှ ကျန်းနန်က ပြန်လာသည့် အရာရှိများကို လက်ဆောင်များပေးပြီး ပြန်လာကြတော့သည်။

ယုံနင်မြို့စားက သူ့ဇနီးသည်ထံမှ စာတစ်စောင်ရရှိထားပြီးဖြစ်၍ နှစ်သစ်ကူးအကြို ညစာစားပွဲအတွက် အိမ်တော်သို့ပြန်မည်ဖြစ်သည်။ သို့ဖြစ်၍ လက်အောက်ငယ်သားများနှင့်အတူ နန်းတွင်းမှ ထွက်လာပြီး သူတို့ကို နှုတ်ဆက်ပြီးနောက် မြင်းလှည်းရှိရာသို့ လျှောက်လာသည်။


မြင်းလှည်းထွက်ခွာတော့မည့်အချိန်တွင် အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။

" အရှင်မြိုစားမင်း..."


အပြင်ဘက်တွင် ရပ်နေသည့် မိန်းမစိုးက ရွှယ်ယန့်အ‌နားတွင် ခစားရသော မိန်းမစိုးဖြစ်သည်။ 


" ဘာကိစ္စများရှိလို့လဲ မိန်းမစိုး..."


ကျင်းပေါင်က ပြုံးလိုက်သည်။

" အရှင်... ကျွန်တော်မျိုးရဲ့သခင်က အရှင့်ကို သူနဲ့တူတူပြန်ဖို့ ဖိတ်လိုက်ပါတယ်..."


ယုံနင်မြို့စား နားမလည်နိုင်ဖြစ်သွားသည်။


ရွှယ်ယန်က ယခုလက်ရှိအချိန်တွင် နန်းတွင်း၌ မနေသည်ကို သူသိသော်လည်း ကွမ်းလင်ဘုရင်ခံအိမ်တော်နှင့် မြို့စားအိမ်တော်က တစ်လမ်းစီဖြစ်သည်။ 


ယုံနင်မြို့စားက မမေးပဲ မနေနိုင်တော့ပေ။

" အရှင့်သားက ဘယ်ကို သွားမလို့လဲ..."


ကျင်းပေါင်က ဒွိဟဖြစ်အောင် ရယ်လိုက်ပြီးနောက် သူ့သခင်၏ ဇာတ်လမ်းကို မြင်တွေ့ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေမိသည်။ 


" ကျွန်တော်တို့ ရောက်တဲ့အခါကျရင် မြို့စားမင်းသိပါလိမ့်မယ်..."

ကျင်းပေါင် အပြုံးလေးဖြင့် ဖြေလိုက်သည်။


ယုံနက်မြို့စားက သင်္ကာမကင်းစွာဖြင့် ပြန်ဖြေလိုက်ပြီးနောက် လိုက်ကာကို ပြန်ချထားလိုက်သည်။


ခဏအကြာတွင် ရွှယ်ယန်၏မြင်းလှည်းက ရွှမ်ဝူတံခါးမှ ထွက်ခွာလာပြီး ယုံနင်မြို့စား၏မြင်းလှည်းနှင့်အတူ မြို့စားအိမ်တော်သို့ ဦးတည်လာသည်။

မြင်းလှည်းနှစ်စီးက ချန်အန်းမြို့၏လက်မကြီးထက်တွင် တိတ်ဆိတ်စွာ မောင်းနှင်နေပြီး နောက်ဆုံးတွင် မြို့စားအိမ်တော်ရှေ့ရောက်မှ ရပ်သွားသည်။


ယုံနင်မြို့စားမင်း မြင်းလှည်းပေါ်မှဆင်းလာချိန်တွင် ရွှယ်ယန်က သူ့မြင်းလှည်းရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ 


ယုံနင်မြို့စားက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

" အရှင့်သား..."


သူ စိတ်ထင်နေသည်လား မသိသော်လည်း ယနေ့ သူမြင်တွေ့နေရသည့်ရွှယ်ယန်က ယခင်ထက်ပို၍ ထည်ဝါမှုရှိနေပြီး လူကြီးမိဘများကို လာတွေ့သည့် သားမက်တစ်ယောက်နှင့် တူနေသည်။


ထိုအချိန်တွင် ရွှယ်ယန်က သူ့ကို ပြုံးပြလိုက်သည်။


" ဒီနေ့တော့ မြို့စားမင်းကို အနှောင့်အယှက်ပေးရပါဦးမယ်..."

ယုံနင်မြို့စားက ခေါင်းငြိမ့်ပြပြီး မေးလိုက်သည်။


" အရှင့်သားက နှစ်သစ်ကူးအကြိုညကို မြို့စားအိမ်တော်မှာ ကုန်ဆုံးမလို့လား..."


ရွှယ်ယန်က ခပ်တည်တည်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" ဟုတ်ပါတယ်... ဒါပေမဲ့ အိမ်တော်ထဲ မဝင်ခင် ကျွန်တော် တစ်ခုလောက်ပြောစရာရှိလို့ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်သိပ်မတင်ပါနဲ့..."


ယုံနင်မြို့စားက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူ ပြောလာမည့်စကားများကို စောင့်ဆိုင်းနေသည်။ 


ထိုအချိန်တွင် အဝေးမှ ရောက်လာသည့် မြင်းလှည်းမှ အသံက တဖြည်းဖြည်းနီးကပ်လာသည်ကို ကြားလိုက်ရသည်။


မြင်းလှည်းကို အသည်းအသန် မောင်းလာခြင်းဖြစ်၍ မြင်းခွာသံများဖြင့် ဆူညံပွက်လောရိုက်နေသည်။ 


သူတို့နှစ်ယောက် မော့ကြည့်လိုက်သည့်အခါ အတော်အတန်ကြီးမားလှသော မြင်းလှည်းကြီးက ညအချိန်တွင် လျင်မြန်စွာ မောင်းနှင်လာသည်ကိုမြင်လိုက်ရသည်။  မြင်းလှည်း၏ပုံစံက အလွန်ရိုးစင်းပြီး မိုးရေကာဖျင်များက ညိုမည်းနေကာ အကြမ်းထည်ဖြစ်နေပြီး အနီးကပ်ကြည့်လိုက်မည်ဆိုပါက မြင်းများသာမက မြင်းလှည်းပေါ်တွင်ပါ ဖုန်များကပ်နေသည်ကိုတွေ့နိုင်သည်။


ရွှယ်ယန့် မျက်နှာထက်တွင် သံသယအချို့ဖြစ်လာသည်။

ထိုမြင်းလှည်းကို ယုံနင်မြို့စားအိမ်တော်ရှေ့တွင် ကတိုက်ကရိုက်ဖြင့် ရပ်တန့်လိုက်သည်ကို မြင်လိုက်ရသည်။

မြင်းလှည်း၏ လိုက်ကာစကို မ'လိုက်ချိန်တွင် ကျွင်းရှောင်ဝူ၏မျက်နှာကို တွေ့မြင်လိုက်ရသည်။


" အဖေ ပြန်ရောက်နေပြီလား... "


ကျွင်းရှောင်ဝူက အံ့ဩတကြီးဖြင့် အော်ပြောလိုက်ပြီးနောက် မြင်းလှည်းပေါ်မှ ခုန်ဆင်းလာသည်။ 


" အစ်ကိုကြီးရော ပြန်ရောက်လာပြီလား အစ်ကိုကြီးဘယ်မှာလဲ..."


ကျွင်းရှောင်ဝူ ရှေ့သို့ နှစ်လှမ်းသုံးလှမ်းခန့် ပြေးလာပြီးသည့်အခါ သူ့အဖေဘေးတွင်ရပ်နေသည့် ရွှယ်ယန့်ကို မြင်လိုက်ရသည်။ 


သူ ချန်အန်းတွင် ရှိစဉ်အချိန်က ကွမ်းလင်ဘုရင်ခံမှာ နိုင်လိုမင်းထက် ပြုမူတတ်ပြီး အများနှင့်မတူ တစ်မူထူးခြားကာ ရက်စက်ကြမ်းကြုတ်၍ အမြဲတစေသွေးဆာနေသူဖြစ်ပြီး လူကောင်းမဟုတ်ကြောင်း သတင်းများကို ကြားဖူးခဲ့သည်။


ကျွင်းရှောင်ဝူက ချက်ချင်းပင် အပြုအမူများကို ပြင်လိုက်သည်။


" အရှင့်ကို ဂါရဝပြုပါတယ်..."

သူ ရွှယ်ယန့်ကို ဦးညွတ် အရိုအသေပြုလိုက်သည်။


ရွှယ်ယန်က ခေါင်းငြိမ့်ပြပြီး သူ့ကို မတ်တပ်ရပ်ခိုင်းလိုက်သည်။


" အခုမှ ယွီမန်တံခါးက ပြန်ရောက်လာတာလား..."

ယုံနင်မြို့စားက မေးလိုက်သည်။


ကျွင်းရှောင်ဝူက ခေါင်းငြိမ့်ပြပြီးနောက် ပြုံးလိုက်သည်။


" အဖေ ဘယ်သူပါလာတယ်ဆိုတာ ကြည့်လိုက်ပါဦး..."


ယုံနင်မြို့စားနှင့် ရွှယ်ယန်က မြင်းလှည်းရှိရာဘက်ကို တစ်ချိန်တည်း လှမ်းကြည့်လိုက်ကြသည်။ 


ကျွင်းရှောင်ဝူ၏နောက်တွင် အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်နှင့်လူကြီးက မြင်းလှည်းပေါ်မှဆင်းလာသည်။ 


သူလှုပ်ရှားလိုက်စဉ်တွင် မြင်းလှည်းကပင် အနည်းငယ် လှုပ်ယမ်းသွားသည်။


ထိုလူက လျင်မြန်စွာ လျှောက်လာသည်။


သူက အလွန်ပင် အရပ်ရှည်သူဖြစ်ကာ ရွှယ်ယန့်ထက်ပင် အနည်းငယ်အရပ်မြင့်နေသည်။ သူက လေးလံသည့် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး အနောက်တွင်လည်း ဝတ်ရုံရှည်ကြီးက တလွင့်လွင့်ဖြစ်နေကာ ကျယ်ပြန့်သောပခုံးနှင့် မျက်နှာထက်တွင် မုတ်ဆိတ်မွှေးစစ ရှိသူဖြစ်သည်။ 


" မြို့စားမင်းကို မတွေ့ရတာ နှစ်နည်းနည်းတောင်ကြာပြီ ကျန်းမာရဲ့လား..."


ထိုလူက ပြုံးပြပြီး စကားပြောလိုက်ချိန်တွင် သူ့လေသံက ခေါင်းလောင်းသံနှင့်ပင် တူနေသည်။


" အစ်ကိုကြီးလည်း ပြန်လာတာလား..."

ယုံနင်မြို့စားက တအံ့တဩဖြင့်ပြောလိုက်သည်။


ကျွင်းရှောင်ဝူ အားပါးတရ ရယ်မောလိုက်သည်။


" အမေလည်း ဦးလေးကိုမတွေ့ရ‌တာ နှစ်ပေါင်းများစွာကြာပြီလေ... ကျွန်တော် ဒီတစ်ခေါက် ပြန်မယ်လုပ်တော့ ဦးလေးက သူလည်းလိုက်လာပြီး နှစ်သစ်ကူးကို တူတူ ဖြတ်သန်းမလို့တဲ့..."


ရွှယ်ယန် ထိုလူ့ကိုသိသည်။ 


Xxxxxxx