အပိုင်း ၁၅၂
Viewers 36k

Chapter 152


ညီလာခံပြီးဆုံးချိန်တွင် မင်းသား၄၏ဘေးမှ မိန်းမစိုးက သူ့အနားသို့‌ရောက်လာပြီး မင်းသား၄က သူ့ကိုပြောစရာရှိ၍ ဖိတ်ခေါ်ကြောင်း ပြောခဲ့သည်။ 


လူကြီးမင်းကျောက်က ပုံမှန်နေ့ရက်များတွင် ညီလာခံသို့ နေ့စဉ်တက်ရောက်ရသော်လည်း အလယ် သို့်မဟုတ် ‌အနောက်ဘက် နေရာများတွင်သာ နေရ၍ မင်းကြီး၏မျက်နှာကို ကောင်းစွာမမြင်ရပဲ အရှေ့ဘက်မှ အမတ်များ၏ ခေါင်းဆောင်းများကိုသာ မြင်နေခဲ့ရသည်။ 


ဒီတစ်နှစ်လုံးလုံးမှာ ဧကရာဇ်က သူ့ကို ဘယ်နှကြိမ်များ ဆင့်ခေါ်ခဲ့ဖူးလို့လဲ...

သူ အဝတ်အစားများကို သေသေသပ်သပ်ဖြစ်အောင် ပြင်ဝတ်လိုက်ပြီးနောက် တော်ဝင်စာကြည့်ဆောင်ထဲသို့ ဝင်သွားသည်။ 


ခမည်းတော်၏ နဂါးထိုင်ခုံပေါ်တွင် ဝံ့ကြွားစွာ ထိုင်နေသည့် မင်းသား၄က နန်းတွင်းအစေခံအားလုံးကို အပြင်ထွက်ခိုင်းလိုက်သည်။


သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ 


လူကြီးမင်းကျောက်က အလွန်စိတ်လှုပ်ရှားနေ၍ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသော်လည်း မင်းသား၄က နွေဦးလေပြည်ကဲ့သို့ ငြင်သာပြီး ကြင်နာသောအသံဖြင့် သူနှင့် စကားစမြည်ပြောနေသည်။ 


လူကြီးမင်းကျောက်က လိမ္မာပါးနပ်သူဖြစ်၍ မင်းသား၄က သူ့ကို တစ်ခုခုတာဝန်ပေးစရာရှိ၍ ကောင်းမွန်စွာ ဆက်ဆံနေကြောင်းကိုသိသည်။ 


ပုံစံအရ မင်းသား၄တွင် ပြဿနာကြီးတစ်ခုရှိနေပုံရပြီး ထိုပြဿနာကို သူက သူ့နာမည်ဖြင့် ကိုင်တွယ်ဖြေရှင်းပေးရမည့်ပုံ ပေါ်နေသည်။


လူကြီးမင်းကျောက်က ထိုသို့သောပြဿနာမျိုးကို မကြောက်ရွံ့ပေ။


အကယ်၍ ထိုကိစ္စမအောင်မြင်ခဲ့ပါက မင်းသား၄က သူ့ကိုယ်တိုင်သာ ဆောင်ရွက်လိုက်မည်ဖြစ်ပြီး သူ့ကို ကြီးလေးသည့်ပြစ်ဒဏ်များပေးမည်မဟုတ်ပေ။


အကယ်၍ မအောင်မြင်ခဲ့လျှင်လည်း အနာဂတ်အိမ်ရှေ့စံမင်းသားနှင့် ဧကရာဇ်ဖြစ်လာမည့်လူရှေ့တွင် မျက်နှာသာပေးခံရမည်ဖြစ်၍ သူ့အနာဂတ်က တောက်ပနေပြီဖြစ်သည်။ 


လူကြီးမင်းကျောက်က ခါးမတ်မတ်ထိုင်လိုက်ပြီး မင်းသား၄ ပြောနေသည်ကို ဂရုတစိုက် နားထောင်နေသည်။


သူတို့နှစ်ယောက် ခဏတာ စကားစမြည်ပြောနေပြီးနောက်တွင် သူ ထင်ထားသည့်အတိုင်းပင် မင်းသား၄က စကားဝိုင်းကို အဓိကကိစ္စဘက်သို့ရွှေ့သွားသည်။ 


သူ မင်းသားဘဝတွင်ရှိစဉ်က နန်းတွင်းထဲမှ လူနှစ်ယောက်ကြောင့် ခံစားခဲ့ရသည်ဟု ပြောသည်။ 


တစ်ယောက်မှာ အသေးအဖွဲ့ကိစ္စကိုပင် ဇာချဲ့တတ်ပြီး ရှေးရိုးဆန်လွန်းသော အမတ်ချုပ်ကျန်းဖြစ်သည်။ နောက်တစ်ယောက်မှာ ယုံနင်မြို့စားဖြစ်သည်။ ယုံနင်မြို့စားက အာဏာအတွက် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပုံရသော်လည်း သူ့ခမည်းတော်ကို ကပ်ဖားလျက်ဖားလုပ်ပြီး အယုံသွင်းကာ ဝံပုလွေတစ်ကောင်ကဲ့သို့ရည်ရွယ်ချက်နှင့် သူ့အကြီးဆုံးသားကိုပင် နန်းတွင်းထဲမှ မင်းသားတစ်ယောက်ကို အကြံနှင့်ချဥ်းကပ်ခိုင်းသည့်အကြောင်း ပြောပြသည်။ 


ဤတစ်ကြိမ် ရှန်တုန်းအောက်ရုံးတော်တရားသူကြီး၏ ကိစ္စတွင်လည်း ယန်ဇီမြစ်တောင်ပိုင်းတွင်ရှိသော ယုံနင်မြို့စားက ဆန်းစပါးနှင့် ငွေကြေးများကို သူကိုယ်တိုင်ခိုးယူထားသည်ဟု သံယသရှိကြောင်းနေသည်။ 


သို့သော်လည်း ထိုအရာအားလုံးက သူ၏မှန်းဆချက်များသာဖြစ်၍ လူကြီးမင်းကျောက် ကိုယ်တိုင်စစ်ဆေးရန် ဒုက္ခပေးရတော့မည်ဟု ပြောခဲ့သည်။ 


လူကြီးမင်းကျောက် သဘောပေါက်သွားသည်။


ရွှယ်ယွင်ဟုန်အတွက်မူ မည်သူက ငွေကြေးအလွဲသုံးစားလုပ်သည်မှာ အရေးမကြီးပေ။ အရေးကြီးဆုံးအရာမှာ သူက ယုံနင်မြို့စားကို မုန်တီးခြင်းဖြစ်၍ မြို့စားက ယခုလက်ရှိအချိန် ချန်အန်းတွင် ရှိမနေသည်ကို အခွင့်ကောင်းယူကာ စံအိမ်တော်တစ်ခုလုံးကို ရှင်းပစ်ချင်နေခြင်းဖြစ်သည်။


လူကြီးမင်းကျောက်က လေးနက်စွာ ပြန်ဖြေလိုက်ပြီးနောက် သူလည်း သဘောတူကြောင်း ပြောလိုက်သည်။ ထို့နောက် လက်အောက်ငယ်သားအနည်းငယ်ကို ခေါ်ဆောင်ပြီး ယုံနင်မြို့စားစံအိမ်ကို သွားရောက်စစ်ဆေးလိုက်မည်ဟု လျှောက်တင်လိုက်ပေသည်။


မင်းသား၄က သူ့ကိုပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။


" ကောင်းပါပြီ..."

    

——


လူကြီးမင်းကျောက်က စစ်သားအယောက် ၅၀ - ၆၀ခန့်ကို ဦးဆောင်လာပြီး ယုံနင်မြို့စားအိမ်တော်ရှေ့သို့ရောက်လာသည်။ 


အိမ်တော်ရှေ့သို့ရောက်ချိန်တွင် လူကြီးမင်းကျောက်က တံခါးခေါက်လိုက်သည်။


တံခါးစောင့်က တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ အရာရှိများ စစ်သားများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။ တံခါးစောင့်က ခဏတာကြောင်အသွားပြီးနောက် တံခါးကိုပိတ်မည်အပြုတွင် စစ်သားများက တံခါးကိုလက်ဖြင့်ခံလိုက်သည်။ 


တံခါးကို ပိတ်၍ မရတော့သဖြင့် တံခါးစောင့်မှာ လူတစ်ယောက်ဝင်လာသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေလိုက်ရသည်။


" ရှန်တုန်းက အကျင့်ပျက်ခြစားမှုအတွက် ဒီလူကြီးမင်းကို လာစစ်ဆေးခိုင်းလို့ အမိန့်အရရောက်လာတာပါ... ယုံနင်မြို့စားက အဲဒီငွေကြေးတွေကို ခိုးယူထားတယ်ဆိုပြီး သံသယရှိလို့ ဒီလူကြီးမင်းက အိမ်တော်မှာ သက်သေအထောက်အထား လာရှာတာပါ..."


တံခါးစောင့်မှာ အံ့အားသင့်သွားရသည်။

ငွေတွေကို ခိုးထားတယ်တဲ့လား... သခင်ကြီးနဲ့ သခင်လေးက ငွေအသုံးကြမ်းကြတဲ့လူတွေမဟုတ်ပါဘူးပြီးတော့ သူတို့က မျိုးရိုးစဉ်ဆက်ချမ်းသာလာတဲ့လူတွေလေ ဘယ်ငွေကို ခိုးရမှာလဲ... ပြီးတော့ အဲ့အမှုက ရှန်တုန်းမှာဖြစ်တာ သခင်ကြီးနဲ့သခင်လေးက ကျန်းနန်မှာလေ ဘယ်လိုများ ဆက်နွယ်သွားရတာလဲ...


မြို့စားမင်းနဲ့ အကြီးဆုံးသခင်လေးက  အိမ်တော်မှာမရှိဘူး... ဒုတိယသခင်လေးကလည်း ခုတလောအိမ်‌တော်ကို ပြန်မလာတာကြာပြီ... အခုချိန် သခင်မကြီးနဲ့ အငယ်ဆုံးသခင်မလေးပဲ အိမ်တော်မှာရှိကြတာ... 


ဒီအရာရှိတွေနဲ့ စစ်သားတွေက ဘာလို့ အိမ်တော်ထဲကို ဝင်ပြီး ရှာချင်နေရတာလဲ...


တံခါးစောင့်သောအစေခံက စိုးရိမ်လာ၍ သူ့ခန္ဓာကိုယ်နှင့်ကာလိုက်ပြီး အသည်ယအသန်ပြောလိုက်သည်။ 


" အရာရှိမင်း ကျေးဇူးပြုပြီး ခဏစောင့်ပေးပါဦး... ကျွန်တော်မျိုး သခင်မကြီးကို သွားအကြောင်းကြားပေးပါ့မယ် ပြီးမှ..."


"သွားအကြောင်းကြားဦးမယ်တဲ့လား.. မင်းတို့ ခိုးထားတဲ့ငွေတွေ ဖွက်နေတာကို စောင့်ရမှာလား..."

လူကြီးမင်းကျောက်က သရော်လိုက်ပြီး အချက်ပြလိုက်သည်။ 


" လာကြစမ်း အိမ်တော်တစ်ခုလုံးကိုရှာကြ..."


အရာရှိမှအစ စစ်သားများအထိ အားလုံးက ရှုမိသားစုဘက်မှ လူများဖြစ်ကြသည်။ အမိန့်ပေးသံကိုကြားသည်နှင့် သူတို့အားလုံး အိမ်တော်တံခကို ဝုန်းခနဲဖွင့်လိုက်ကြသည်။ 


အိမ်တော်မှ အစေခံအများစုမှာ အမျိုးသမီးများသာဖြစ်ကြပြီး အကြမ်းဖျင်းအားဖြင့် လူအယောက် ၂၀-၃၀ ခန့်သာ ရှိကြသည်။ အသံကြား၍ အိမ်‌တော်ထဲမှထွက်လာသော အစေခံများကို အချိန််တိုအတွင်း စစ်သားများက ဓားစာခံအဖြစ် ဖမ်းထားလိုက်ကြသည်။  


သာမန်အမတ်‌တစ်ယောက်ဖြစ်သော လူကြီးမင်းကျောက်မှာ တွန့်ဆုတ်တတ်၍ သွေးစွန်းသည့်ကိစ္စများဖြစ်ပြီး ပြဿနာမတက်လိုပေ။ ထိုအစေခံများကို ရိုက်နှက်ပြီး ကြိုးဖြင့်ချည်ထားရန်သာ စစ်သားများကို ပြောလိုက်သည်။ အစေခံမိန်းကလေးအချို့က ကြောက်လန့်တကြားထွက်ပြေးနေကြ၍ လူကြီးမင်းကျောက်နှင့် သူ့လူများက ပင်မခြံဝင်းထဲ တည့်တည့်ဝင်သွားကြသည်။


အစေခံမလေးတစ်ယောက်က ခြံဝင်းထဲပြေးဝင်သွားပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။ သို့ရာတွင် ခြံဝင်းထဲတွင် တံခါးများမရှိ၍ အလွယ်တကူ ဝင်လာနိုင်ပေသည်။ ထို့အပြင် အိမ်‌တော်မှ လူအများစုမှာ အမျိုးသမီးများဖြစ်၍ သူတို့ကို မတားနိုင်ကြပေ။ 


ပင်မအိမ်တော်ထဲမှ သခင်မကျွင်းမှာ အစေခံမိန်းကလေးထံမှကြား၍ ဖြစ်ကြောင်းကုန်စင်ကို သိသွားသည်။ 


ယုံနင်မြို့စားက ညီလာခံ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိသော်လည်း သူနှင့် ရှုမိသားစုအကြားမှ ဆက်ဆံရေးကို သူမ အသိဆုံးဖြစ်သည်။  ၎င်းက ‌နန်းတွင်းထဲရှိ ကျွင်းအိမ်တော်မှ မိဖုရားနှင့် မင်းသား၄၏ မွေးမိခင် ကိုယ်လုပ်တော်နှင့်လည်း သက်ဆိုင်နေပေလိမ့်မည်။ ဤနှစ်ရက်အတွင်းတွင် ချန်အန်း၌ အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ပြီး ယနေ့မနက်အာရုဏ်တက်အချိန်တွင် မင်းသား၄က တိုင်းပြည်ရေးကိစ္စများကို လက်လွှဲယူခဲ့သည်။ 


မြို့စားမင်း ပြန်မလာမီတွင် အိမ်တော်၌ ပြဿနာတစ်ခုခု ဖြစ်လာတော့မည်ကို သူမ သိနေခဲ့သည်။ 


သို့ရာတွင် ဤမျှ မြန်ဆန်စွာဖြစ်လာလိမ့်မည်ဟု မတွေးထားခဲ့မိပေ။ 


အစေခံမိန်းကလေးများက အိမ်တော်တံခါးကို ခေတ္တပိတ်ဆို့ခိုင်းထားပြီးနောက် အခန်းထဲတွင် ပန်းချီဆွဲနေသည့်လင်ဟွမ်ကိုခေါ်၍ အိမ်အနောက်ဘက်တွင် ဖွက်ထားရန် တွေးလိုက်သည်။


ဤလူအုပ်စုက သူတို့ကို အသက်အန္တရာယ်မပေးရဲသော်လည်း ကျိန်းသောပေါက် ပြဿနာရှာကြမည်ဖြစ်သည်။ လင်ဟွမ်က ငယ်ရွယ်သေး၍ ထိုသို့ပြဿနာမျိုးဖြစ်လာပါက သူမစိတ်ထိခိုက်သွားနိုင်၍ ထိုသို့သောမြင်ကွင်းမျိုးကို တွေ့မြင်သွားစေ၍ မရပေ။ 

    

သူမ လင်ဟွမ်ကို အိမ်အနောက်ဘက်သို့ မခေါ်သွားမီတွင် ခြံဝင်းထဲမှ အစေခံမိန်းကလေးတစ်ယောက်က အော်ဟစ်သံထွက်ပေါ်လာသည်။ 


သခင်မကျွင်း ကြည့်လိုက်သောအခါ စစ်သည်အုပ်စုက အိမ်တော်ထဲဝင်လာပြီး ရှေ့မှတားမြစ်နေသော အစေခံမလေးများကို အကြင်နာတရားကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဆောင့်တွန်းပစ်နေသည်။ 


 ခဏအကြာတွင် စစ်သည်အုပ်စုကြီးက ခြံဝင်းတစ်ခုလုံးကို ပိတ်ဆို့ထားလိုက်သည်။ 


သခင်မကျွင်းက နေရာတွင်သာရပ်နေပြီး ကျွင်းလင်ဟွမ်ကို သူမနောက်ပို့ပြီး ကာကွယ်ထားသည်။ 


ထိုအချိန်တွင် လူကြီးမင်းကျောက်က ဝံ့ကြွားစွာဖြင့် ဝင်လာသည်။ 


" သခင်မကျွင်း နေထိုင်ကောင်းပြီး ဘေးကင်းကင်းရှိနေတာပဲ..."


သူက ရှန်းရှီ(သခင်မကျွင်း) ကို ဦးညွှတ်ပြီး အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။ 


သခင်မကျွင်းက ကျွင်းလင်းဟွမ်ကို ကာထားပြီး တည်ငြိမ်စွာပြောလိုက်သည်။


" လူကြီးမင်းက အိမ်တော်ထဲကို ရုတ်တရက်ကြီး ဝင်လာတာဆိုတော့ ဘေးမကင်းတော့ပါဘူး..."


လူကြီးမင်းကျောက်က အကြိမ်အနည်းငယ်ခန့် ရယ်လိုက်သည်။ 


" သခင်မရဲ့ အသက်က သခင်မအပေါ်ပဲ မူတည်တာပါ... ဒီနေ့ ကျွန်တော်ရောက်လာတာ ယုံနင်မြို့စားက ရှန်တုန်းက အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်နေတယ်လို့ သံသယရှိလို့ပါ... ကျွန်တော် အခုချက်ချင်း အိမ်တော်ကို ရှာဖွေရပါမယ်...စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် သခင်မကျွင်းကလည်း ပြစ်ဒဏ်စီရင်ရေးဌာနကို လိုက်ခဲ့ရပါမယ်... အမှန်တရားပေါ်လာတဲ့အချိန်ကမှ သခင်မကို ပြန်ပို့ဆောင်ပေးပါ့မယ်..."


ကျွင်းလင်ဟွမ်ကိုဖက်ထားသော သခင်မကျွင်း၏လက်များ အေးစက်သွားသည်။


ငါတို့ကို အကျဉ်းချဖမ်းထားမယ်လို့ သူပြောနေတာလား...


" ဘယ်သူက အမိန့်ပေးထားတာလဲမသိလို့  ကျွန်မ မလိုက်နာနိုင်ပါဘူး..."


သခင်မကျွင်းက တည်ငြိမ်အောင်ကြိုးစားပြီး ပြောလိုက်သည်။


လူကြီးမင်းကျောက်က ရယ်လိုက်သည်။


" သေ‌ချာပေါက် မင်းမိန့်ပေါ့... အိုး စကားမစပ် အိမ်တော်ထဲမှာ ရှစ်နှစ်အရွယ် သခင်မလေးရှိတယ်မလား... အိမ်တော်မှာလည်း ဘယ်သူမှကျန်ခဲ့မှာ မဟုတ်ဘူးဆိုတော့ သူ့ကိုပါ ပြစ်ဒဏ်စီရင်ရေးဌာနကို ခေါ်လာခဲ့လေ ဂရုစိုက်ပေးလို့ရတာပေါ့..."


သခင်မကျွင်းက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။


သူမကို လင်ဟွမ်နှင့်အတူတူ ချုပ်နှောင်ထားတော့မည်ဖြစ်သည်။ ပြစ်ဒဏ်စီရင်ရေးဌာနသို့ရောက်ပါက သူတို့နှစ်ယောက်လုံးကို အကျဉ်းခန်းထဲထည့်ထားမည်ဖြစ်သည်။ အကျဉ်းခန်းများက အေးစက်စိုစွတ်ပြီး အတွင်းသို့ဝင်လိုက်သည်နှင့် အပြစ်သားဖြစ်သွားမည်ဖြစ်၍ မည်သို့သောနှိပ်စက်မှုမျိုး ခံစားရမည်ကို မသိနိုင်ပေ။


သူမရင်ထဲ အေးစက်လာပြီး ကျွင်းလင်ဟွမ်ကို တင်းကြပ်စွာ ဖက်ထားလိုက်သည်။ 


ကျွင်းလင်ဟွမ်က သူတို့ပြောနေသည့်စကာများကို နားမလည်ခြင်းမဟုတ်ပေ။ သူမပခုံးနှစ်ဖက်က တသိမ့်သိမ့်တုန်ယင်နေပြီး အမေဖြစ်သူက တင်းကြပ်စွာဖက်ထားသောကြောင့် ပခုံးများ နာကြင်လာသော်လည်း အသံတစ်သံမှ မထွက်ရဲပေ။ 


" မင်းအမိန့်ဆိုမှတော့ အမိန့်စာ ပါရမှာပေါ့..."


သူမ လူကြီးမင်းကျောက်ကိုကြည့်ပြီး ပြောလိုက်သည်။


မင်းသား၄က ထိုသို့သောအမိန့်ကို ပေးခဲ့သည်က အမှန်ဖြစ်နိုင်သော်လည်း ပထမတစ်ချက်မှာ သူက အိမ်ရှေ့စံမင်းသား မဖြစ်သေးသကဲ့သို့ ဧကရာဇ်လည်းမဟုတ်ပေ။ ဒုတိယအချက်မှာ သူက နဂါးပလ္လင်ပေါ်တွင် ထိုင်နေလျှင်ပင် မင်းမှုထမ်းတစ်ယောက်၏ မိသားစုကို အကြောင်းအရင်းမရှိပဲ ဖမ်း‌ဆီးခိုင်း၍ မရပေ။ 


လူကြီး‌မင်းကျောက်က လှောင်ပြောင်ရယ်မောလိုက်သည်။ 


" သခင်မကျွင်း ချင်မန်ဂိတ်က အစောင့်တွေက အပြင်ဘက်မှာ ရှိနေပါတယ်... ကျွန်တော်က သခင်မကို အသိပေးရုံပါပဲ... သခင်မရဲ့ထင်မြင်ချက်တွေ မလိုအပ်ပါဘူး..."


စကားဆုံးသည်နှင့် လက်တစ်‌ဖက်မြှောက်၍ အချက်ပြလိုက်သည်။


ချက်ချင်းပင် ခြံဝင်းထဲမှ အစောင့်များ ပြေးဝင်လာကြသည်။


အစေခံမလေးအချို့က သားအမိနှစ်ယောက်ကို ကာကွယ်ပေးထားသော်လည်း  သူတို့ကို ခပ်ပြင်းပြင်းတွန်းထုတ်လိုက်ကြသည်။


ထို့နောက်တွင် စစ်သည်များက သခင်မကျွင်းကို ဆွဲခေါ်သွားပြီး သူမရင်ခွင်ထဲမှ ကျွင်းလင်ဟွမ်နှင့်ပါ လူချင်းကွဲအောင် လုပ်လိုက်သည်။


" မေမေ..."


စစ်သည်တစ်ယောက်က သူမကိုဆွဲခေါ်သွား၍ ကျွင်းလင်ဟွမ်  အသံမထွက်ပဲ မနေနိုင်တော့ပေ။ 


ထိုအော်သံနှင့်အတူ အချိန်အတော်ကြာ အောင့်အည်းထားခဲ့ရသော မျက်ရည်စက်များက ကြမ်းပြင်ပေါ် လှိမ့်ဆင်းလာသည်။


သခင်မကျွင်းက သူမ အပြုအမူများကိုပင် ဂရုမစိုက်နိုင်တော့ပဲ ကျွင်းလင်ဟွမ်ဆီသို့သွားရန် ရုန်းကန်လိုက်သည်။ 


သို့ရာတွင် သူမကို ပိုဝေးသည့်နေရာကို ဆွဲခေါ်သွားကြသည်။ 


" သူတို့ကို ခေါ်သွားလိုက်တော့..."


လူကြီးမင်းကျောက်က သူ့တို့ကို တစ်ချက်သာကြည့်ပြီး လှည့်ထွက်သွားသည်။ 


ထိုအချိန်တွင် ကောင်းကင်ယံမှတစ်ဆင့် လေထုကို ဖောက်ထွင်းပြီးလာသော အသံတစ်သံကို ကြားလိုက်ရသည်။ 


ထိုအသံနှင့်အတူ လေထုထဲမှ မြှားတစ်ချောင်းက လေထဲမှ ကျလာသည်။


လူကြီးမင်းကျောက်မှာ ဘာကိုမှ မြင်ချိန်မရလိုက်ပဲ အသံထွက်ရန် အချိန်မရှိ‌လိုက်ပေ။ 


ချွန်ထက်သော မြှားတစ်စင်းက သူ့လည်ပင်းကို လာစိုက်သည်။


လူကြီးမင်းကျောက်က ချက်ချင်းအသက်ရှုရပ်သွားရသည်။ 


ဘေးပတ်ပတ်လည်မှ စစ်သားများ မတုံ့ပြန်နိုင်မီတွင် လေးကိုကိုင်ထားသည့် လူတစ်ယောက်က ခေါင်မိုးပေါ်မှခုန်ချပြီး ပင်မအိမ်တော်ထဲ ဝင်လာသည်။

  

သူ့လက်ထဲမှ လေးကိုပစ်ချလိုက်ပြီးနောက် ဓားကိုထုတ်လိုက်သည်။ အားလုံး မလှုပ်ရှားနိုင်မီအချိန်မှာပင် သခင်မကျွင်းကို ဖမ်းထားသောအစောင့်နှစ်ယောက်၏ လည်မျိုကို ဓားဖြင့်ထိုးလိုက်သည်။သွေးစက်များက သခင်မကျွင်း၏ဝတ်ရုံ၏ပေါ် စွန်းကုန်သည်။ 


အိမ်တော်အပြင်ဘက်မှ စစ်သည်များကိုလည်း တုန်ချန်းမှ အစောင့်များနှင့် ဤနေရာရောက်လာသည့် ကျင်းယီဝေ့များက အပြတ်ရှင်းလိုက်သည်။ 

    

အခန်းထဲတွင် ကျန်ရှိနေသည့် စစ်သည်များကလည်း အံ့ဩတကြီးဖြစ်ပြီး ကြောက်လန့်နေကြသည်။ 


ကျွင်းလင်ဟွမ်ကို ဆွဲခေါ်လာသည့် စစ်သားက အကြောက်လွန်ပြီး သူမကို တွန်းထုတ်လိုက်လေသည်။


Xxxxxxx