Chapter 46
Viewers 2k

ဝမ်ကျုံးသည် စမ်းချောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် လက်သည်းကြားမှ ဖုန်များကို သန့်စင်နေရင်း စပါးပင်များ ကြီးလာသည့်အခါ သူတို့ကို အမှုန့်ကြိတ်ပြီး ဂျုံမှုန့်လုပ်ကာ ပေါင်မုန့်ပေါင်း၊ ခေါက်ဆွဲနှင့် အခြားအရသာရှိသော အစားအစာများ ဖန်တီးနိုင်မည်ကို စဉ်းစားရင်း ပျော်ရွှင်နေခဲ့၏။

သူသည် ပါးစပ်ထောင့်မှ သားရည်ကို သုတ်လိုက်ပြီး နောက်သို့ လှည့်လိုက်သည့်အခါတွင်တော့ အသစ်စိုက်ထားသော လယ်ကွင်းထဲမှ ရှည်လျားထူထဲကာ သန်မာသည့် မြွေနက်ကြီးတစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရချေသည်။

ဤအချိန်တွင် ထိုမြွေနက်ကြီးသည် ဝမ်ကျုံး စိုက်ထားသော ဂျုံပင်နှင့် ကြက်သွန်ပင်ပျိုးခင်းလေးထဲတွင် သူ၏ ခန္ဓာကိုယ်ကြီးကို ဟန်ပါပါနှင့် ကွေ့ကာကောက်ကာ တစ်ပတ်ပြီးတစ်ပတ် လူးလွန့်နေခဲ့သည်။

ဝမ်ကျုံးက မြေကြီးကို ကြိုးစားတူးဆွပြီး နူးညံ့အောင် ပြုလုပ်ထားခြင်းသည် ထိုမြွေကြီးအတွက်မူ နူးညံ့၍ ပျော့ပျောင်းသော အခင်းတစ်ခုသဖွယ် ဖြစ်နေပုံရသည်။ ထို့ကြောင့် သူသည် အမြီးကို ဝှေ့ယမ်း၍ မြေပြင်ပေါ်တွင် ပျော်ရွှင်စွာ လူးလိမ့်နေခဲ့သည်။ ထိုသို့ လူးလိမ့်နေရင်းဖြင့် အသက်ထွက်လုနီးပါး ဖျက်ဆီးခံထားရသော နောက်ဆုံး ကြက်သွန်ပျိုးပင်လေးကို အမြီးဖြင့် လှည့်ပတ်ပြီး ဆွဲနုတ်လိုက်၏။ သူသည် တကယ့်ကို ပျော်ရွှင်စွာ ဆော့ကစားနေသည့်ပုံ ပေါ်နေသည်။

ဝမ်ကျုံးသည် မျက်စိများပင် ပြာဝေသွားပြီး ဦးနှောက်သွေးကြောပြတ်လုနီးပါး ခံစားလိုက်ရချေသည်။

"မြွေချောကြီး... ခင်ဗျား ဘာလုပ်နေတာလဲ? ဒီကို မလာနဲ့လို့ ကျွန်တော် ပြောထားတယ်လေ... ကျွန်တော့်ပျိုးပင်လေးတွေကို မထိနဲ့လို့.. ကျွန်တော် ပြောတာ မကြားဘူးလား?" သူက မြွေနက်ကြီးကို အမျက်ဒေါသနှင့် အော်ဟစ်လိုက်သည်။

စကားမစပ်၊ မြွေနက်ကြီးသည် ပျိုးပင်များကို စိတ်မဝင်စားခဲ့သော်လည်း ဝမ်ကျုံး၏ စကားကြောင့်သာ သူ၏ စပ်စုချင်စိတ် ပေါ်လာခဲ့သည်။ သူပြောတဲ့အတိုင်း မလုပ်ရင် ဘာဖြစ်မလဲ?

ယခုတော့ သူ သိသွားပြီ။

ပျိုးပင်လေးတွေ စိုက်ထားတဲ့ မြေကြီးထဲမှာ လူးလိမ့်ရတာက သက်တောင့်သက်သာရှိပြီး၊ အပင်လေးတွေ ဆွဲနုတ်ရတာကလည်း ပျော်စရာကောင်းလှသည်။ သူမသိသည့် တစ်ခုတည်းသော အရာမှာ ဤမျှသေးငယ်သည့် ကိစ္စလေးတစ်ခုကြောင့် သူ၏အိမ်ထောင်ဖက်က သူကို အမျက်ဒေါသ ထွက်လိမ့်မည်လားဆိုသည်ကိုပင်။

မြွေနက်ကြီးသည် ပထမဆုံးအနေဖြင့် သူ၏အမြီးတွင် ရစ်ပတ်ပါလာသော ပျိုးပင်လေးကို နောက်ကျောဘက်သို့ အလိုအလျောက် ဖွက်လိုက်သည်။ ထို့နောက်တွင်တော့ ဝမ်ကျုံး၏တင်ပါးကို အားရပါးရ ကိုက်လိုက်လေ၏။

သူသည် ခေါင်းကို နှိမ့်ချလိုက်ပြီး ကြီးမားဖြူဖွေးသော သူ၏အစွယ်နှစ်ချောင်းကို ဝမ်ကျုံးအား ပြသလိုက်သည်။ သူသည် အလွန်ဒေါသထွက်နေရုံသာမက သူ၏ဒေါင်လိုက်ကျသော မျက်ဝန်းကြီးများတွင် ညှိုးငယ်သော အရိပ်အယောင်များပင် ရှိနေခဲ့သည်။

[မင်းက ကိုယ့်ကို အော်လိုက်တယ်... မင်းက ကိုယ့်အပေါ်ဆို ဆိုးတယ်... ဒီပျိုးပင်လေးအတွက်နဲ့ မင်းက ကိုယ့်ကို ဒီလိုလုပ်ရက်တယ်ပေါ့... ကိုယ့်အပေါ် ရက်စက်လိုက်တာ...]

[အရင်က ကိုယ်တို့ ဒီလိုမျိုး ဒုက္ခရောက်တုန်းကတောင် မင်း ကိုယ့်ကို ဒီလိုမလုပ်ခဲ့ဖူးဘူး... မင်း ဒီပျိုးပင်လေးတွေကို ကြိုက်နေတာလား? ကိုယ့်ကို ပိုချစ်တာပါနော်? မင်းက သူတို့အတွက် ကိုယ့်ကို ဒေါသထွက်တယ်ပေါ့? ကောင်းပြီလေ~]

မြွေနက်ကြီးသည် သူ၏အမြီးကို မြှောက်ပြီး မြေပြင်ကို ပြင်းထန်စွာ ထိုးလိုက်ရာ အနက်မီတာအတော်နက်သည့် တွင်းတစ်တွင်း ဖြစ်သွားသည်။ ထို့နောက် သူ၏အမြီးတွင် ရစ်ပတ်ထားသော ကြက်သွန်ပျိုးပင်ကို ဝမ်ကျုံးရှေ့သို့ တွန်းပို့ပြီး တွင်းထဲသို့ ပစ်ထည့်လိုက်သည်။

တွင်းကို သူ၏အမြီးဖြင့် ပြန်ဖို့နေရင်းတွင် သူ၏ဂုဏ်ယူဖွယ် မြွေခေါင်းကို မော့ပြီး ဝမ်ကျုံးအား မလေးမစား ကြည့်လိုက်သည်။ ‘အခုတော့ မင်း ကိုယ့်ကို ဘာလုပ်နိုင်သေးလဲ?’

ဝမ်ကျုံးသည် မြွေနက်ကြီးအပေါ်၌ အပြစ်ကင်းစင်ပြီး လှပသော ခင်မင်ရင်းနှီးမှုကို နှလုံးသားထဲတွင် အမြဲထိန်းသိမ်းထားခဲ့သည်။ ထို့ကြောင့်လည်း သူ့ကို နာကျင်အောင် လုပ်ခဲ့သော ‌ရွှမ်မင်နှင့်ရင်ဆိုင်ရသည့်အခါ သူသည် အမြဲစိတ်ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်ချေသည်။

သဘာဝကျကျ တွေးခေါ်မှုအရ သူသည် မြွေနက်ကြီးနှင့် ‌ရွှမ်မင်တို့သည် တစ်ကောင်တည်းဖြစ်ကြောင်း သိရှိနေခဲ့သော်လည်း စိတ်ခံစားမှုအရမူ သူသည် မြွေနက်ကြီးဘက်တွင် ရပ်တည်ပြီး ‌ရွှမ်မင်ကိုမူ လုံခြုံရေးနယ်ပယ်မှ ဖယ်ထုတ်ထားခဲ့ချေသည်။

သို့သော် ယခုတော့ သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်သာလာပြီး နားလည်လိုက်လေပြီ။

မြွေနက်ကြီးနှင့် ‌ရွှမ်မင်နှစ်ယောက်လုံးက အတူတူပင် ဆိုးရွားကြပေသည်။

ဝမ်ကျုံးသည် ဘာစကားမှ ထပ်မပြောတော့ချေ။ နှုတ်ခမ်းနီရဲရဲကို စေ့ထားလျက် မြွေနက်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ ခပ်သွက်သွက် လမ်းလျှောက် ထွက်ခွာသွားခဲ့သည်။

မြွေနက်ကြီးသည် တုန်လှုပ်သွားပြီး သူ၏အမြီးကို ဝှေ့ယမ်းကာ ထိုလူကို အလိုအလျောက် ရစ်ပတ်ကာ ပြန်ခေါ်ချင်စိတ် ပေါ်လာခဲ့သည်။ သူသည် ၎င်းကို ပျိုးပင်အနည်းငယ်အတွက် အော်ဟစ်ခဲ့ပြီး သူ့ကို တောင်းပန်ခြင်းလည်း မရှိသေးသည်ကို သတိရသွားခဲ့၏။

မြွေနက်ကြီးသည် အလွန်အမျက်ထွက်နေသော်လည်း သူ၏အိမ်ထောင်ဖက် ထွက်သွားသည်ကို ကြည့်ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

သူသည် ထိုနေရာတွင်သာ တုံ့ဆိုင်းနေရင်း ခေါင်းကို ငိုက်စိုက်ကျလျက် မှန်ကို မေးခွန်းထုတ်နေခဲ့ချေသည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[သူက ငါ့ကို အရင် စိတ်ဆိုးတာလေ။ ဘာလို့ ငါ့ကို လာချော့မလို့ မဟုတ်ဘဲ ဒီလိုတစ်ယောက်တည်း ပစ်ထားရတာလဲ?]

[အရမ်းလွန်တာပဲ...]

[ငါ သူ့ကို ခွင့်မလွှတ်နိုင်ဘူး...]

မြွေနက်ကြီးသည် အဖြေရှာမရသဖြင့် သူ၏လှပသော အမြီးဖြင့် သူ၏ကိုယ်လုံးကြီးကို ရစ်ပတ်ပြီး အလွန်ပင် ညှိုးငယ်ကာ ဝမ်းနည်းနေခဲ့သည်။

သူ၏အိမ်ထောင်ဖက်သည် ယခုအချိန်တွင် ပြန်လှည့်လာပြီး သူ၏အမြီးကို နမ်းကာ တောင်းပန်စကားပြော၊ ထို့နောက် သူ၏ကိုယ်လုံးကို ဖွင့်ပြီး သူကို ပွေ့ဖက်ထားပေးကာ ရက်အနည်းငယ်ကြာအောင် သူ၏အမြီးဖြင့် ၎င်းအား ရစ်ပတ်ခွင့်ပြုပါက ခွင့်လွှတ်ပေးရန် လမ်းရှိသေးသည်ဟု တွေးလိုက်ချေသည်။

သို့သော်လည်း ဝမ်ကျုံးသည် နောက်ပင် ပြန်လှည့်မကြည့်ဘဲ ရှေ့ဆက်တိုးသွားခဲ့သည်။

မြွေနက်ကြီးသည် သူ၏လျှာကို ထုတ်ပြီး သူ၏အိမ်ထောင်ဖက် ပျောက်ကွယ်သွားသည့်ဘက်သို့ ကြည့်နေရင်း ဝမ်ကျုံး ပြန်လာနေပြီဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။ သူ ပြန်လာပြီး သူကို တောင်းပန်၊ နောင်တွင် သူကို ပထမဦးစားပေးအဖြစ် ထားရှိပြီး မည်သည့်အရာအတွက်မျှ သူကို ဒေါသထွက်တော့မည်မဟုတ်ဟု ကတိပေးပါက မြွေနက်ကြီးသည် သူ့ကို ခွင့်လွှတ်ပေးလိမ့်မည်ဟု တွေးလိုက်သည်။

သို့သော်လည်း သူသည် စောင့်ရင်း စောင့်ရင်းပင်ခဲ့ရာ ညပင်ရောက်လုပြီဖြစ်သော်လည်း ဝမ်ကျုံးသည် ပြန်မလာသေးပေ။

မြွေနက်ကြီးသည် မသေချာသလိုဖြင့် မှန်ကို ပြန်မေးလိုက်သည်။

[မှန်ကြီးရေ၊ မှန်ကြီးရေ]

[ငါ တောင်းဆိုတာ အရမ်းများနေလား?]

[ဒါဆိုရင်...]

[ငါ နောက်တစ်လှမ်းဆုတ်ပြီး အရင် အလျှော့ပေးလိုက်ရမလား?]

မြွေနက်ကြီးသည် လရောင်အောက်တွင် ညှိုးငယ်စွာဖြင့် ဒိုးနပ်ပုံစံ ရစ်ပတ်ထိုင်နေပြီး သူ၏အိမ်ထောင်ဖက် ပြန်လာပါက ဤကိစ္စပြီးဆုံးပြီဟု တွေးလိုက်သည်။

သို့သော်လည်း အချိန်အတော်ကြာ ထွက်သွားခဲ့သော ဝမ်ကျုံးသည် ပြန်မလာခဲ့ချေ။

မြွေနက်ကြီးသည် သူ၏အိမ်ထောင်ဖက်ကို ကိုယ်တိုင် သွားရှာရန် ဆုံးဖြတ်လိုက်သည်။ ဝမ်ကျုံးသည် လမ်းပျောက်နေပြီး အလွန်ပင် ကြောက်ရွံ့နေမည်ဟု တွေးလိုက်သည်။ ၎င်းခန္ဓာကိုယ်တွင် သူ၏မြွေအရေခွံများ ရစ်ပတ်ထားပြီး မြွေနတ်ဆိုး၏ အငွေ့အသက်များ ပြည့်နေသော်လည်း အမြင်မရှိသူတစ်ဦးနှင့် တွေ့ဆုံပါက ကောင်းမည်မဟုတ်ပေ။

မြွေနက်ကြီးသည် ပန်းရနံ့ကို မနှစ်သက်သော်လည်း နွေဦးရာသီ၏ ပထမဆုံး နှင်းဆီပန်းစည်းကို ခူးရန်အတွက် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော  အပြာရောင်တောင်ကြားသို့ ထွက်သွားခဲ့သည်။ သူသည် သူ၏အချစ်ဆုံးသူကို ပေးရန် ရည်ရွယ်၏။

သူသည် လူတစ်ပိုင်း၊ မြွေတစ်ပိုင်းပုံစံသို့ ပြောင်းလဲပြီး သူ၏ရှည်လျားသော ဆံပင်နက်များကို သူ၏ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ရန် ကိုင်ထားသည်။ ထို့နောက် သူ၏အမြီးဖြင့် ပန်းပွင့်ရိုးတံပေါ်ရှိ ဆူးများကို ဂရုတစိုက် ဖယ်ရှားနေခဲ့သည်။ နောက်ဆုံးတွင် သူသည် အိမ်ထောင်ဖက်၏ လက်ကို ထိုးမိမည်ကို ကြောက်နေဆဲပင်။

ထို့နောက် သူသည် ပါးလွှာပြီး ရှည်လျားကာ အလွန်နူးညံ့သည့် မိုးမခပင်၏ အကိုင်းအခက်တစ်ခုကို ဖြတ်လိုက်ပြီး သစ်ပင်ပင်စည်ထက်ပင် ထူထဲသော နှင်းဆီပင် အရှည်များကို ဂရုတစိုက် စည်းနှောင်လိုက်ပြီး သူ၏အိမ်ထောင်ဖက်ကို သွားရှာတော့၏။

ဝမ်ကျုံးသည် တောင်ကုန်းပေါ်ရှိ သစ်နီတောစွန်းတွင် ဒူးထောက်ထိုင်နေခဲ့သည်။ သူသည် ‌ရွှမ်မင်နှင့် သူ၏အမြီးတွင် ရစ်ပတ်ထားသော ပန်းစည်းကြီးကိုပင် မကြည့်တော့ဘဲ နောက်လှည့်၍ လျစ်လျူရှုထားခဲ့ချေသည်။

‌ရွှမ်မင်က ပန်းစည်းကို သူ၏အိမ်ထောင်ဖက် ခြေထောက်နားသို့ ချလိုက်ပြီး မသက်မသာနှင့် ဆို၏။ "မင်းနဲ့ မြွေနက်ကြီးရဲ့ ပြဿနာက ကိုယ်နဲ့ ဘာမှမဆိုင်ဘူးနော်။ ကိုယ်နဲ့အတူ အခု ပြန်လိုက်ခဲ့တော့" ထိုသို့ပြောရင်း သူက ဝမ်ကျုံးကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။ သူ၏အပြုအမူနှင့် စကားများသည် အလွန်တောင်းဆိုမှုပြင်းလွန်းသဖြင့် လူကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဝမ်ကျုံးသည် မခံနိုင်တော့ဘဲ သူ့လက်သီးဖြင့် ‌ရွှမ်မင်၏ ပခုံးကို ပြင်းပြင်းထန်ထန် ထိုးလိုက်ရင်း ငိုတော့သည်။ "ခင်ဗျားက အမြဲ ဒီလိုပဲ... အမြဲပဲ... မြွေနက်ကြီးနဲ့ ခင်ဗျားက တစ်ယောက်တည်း မဟုတ်ဘူးလား? သူ့ကိစ္စတွေက ခင်ဗျားနဲ့ မဆိုင်ဘူးလား? မှားသွားတာကို ဝန်ခံလိုက်... တောင်းပန်လိုက်... ခင်ဗျား မှားတယ်ဆိုတာကို ဝန်ခံလိုက်... ရဲရဲဝံ့ဝံ့နဲ့ တာဝန်ယူလိုက်... နောက်တစ်ခါ ဒီလိုမျိုး မလုပ်တော့ဘူးလို့ ကတိပေးလိုက်... ဒါတွေက အဲ့လောက်တောင် ခက်လို့လားဟင်?... မှားတာကို ဝန်ခံရတာ ဒီလောက်တောင် ခက်လို့လားလို့?..."

ဝမ်ကျုံး၏ မျက်လုံးများသည် နီရဲကာ ဖူးယောင်နေခဲ့၏။ ၎င်း ထိုနေရာသို့ မရောက်လာမီ အချိန်အတော်ကြာအောင် တစ်ယောက်တည်း ငိုနေခဲ့သည်မှာ ထင်ရှားသည်။

‌ရွှမ်မင်သည် သူ၏အိမ်ထောင်ဖက်ကို ငိုနေသည်ကို မကြည့်ရက်နိုင်ချေ။ သို့သော် သူ၏အမြီးကို ချည်နှောင်ထားသည့်အချိန်တွင်တော့ မဟုတ်ပေ။

‌ရွှမ်မင်က ဝမ်ကျုံး၏ လက်သီးချက်များသည် သူ့ပခုံးပေါ်သို့ မိုးစက်များကဲ့သို့ ကျရောက်လာသည်ကို ခွင့်ပြုထားပြီး သူ၏အမှားများအားလုံးကို အော်ဟစ်ပြောဆိုသည်ကိုလည်း နားထောင်နေခဲ့၏။ ဝမ်ကျုံးသည် စိတ်ကျေနပ်မှုရရှိပြီး ရှိုက်ကြီးတငင်ငိုသံများ ရပ်တန့်သွားသောအခါ ‌ရွှမ်မင်က ဝမ်ကျုံး၏မျက်နှာကို ကိုင်၍ သူ၏နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူ၏လည်စိ အနည်းငယ် လှုပ်ရှားသွားပြီး နက်ရှိုင်းသောအသံဖြင့် တောင်းပန်လိုက်သည်။

"ကိုယ် တောင်းပန်ပါတယ်။ ကိုယ်မှားသွားတယ်။ နောက်ဘယ်တော့မှ ဒီလိုမျိုး မလုပ်တော့ဘူး။ မင်းအတွက် ပျိုးပင်တွေ အားကြီး ရှာပေးမယ်လို့ ကတိပေးတယ်။ ကိုယ့်ကို အခွင့်အရေးပေးလို့ မရဘူးလားဟင်? ဒီတစ်ခါ ခွင့်လွှတ်ပေးပြီး ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့ပေးပါနော်?"

ဝမ်ကျုံးသည် မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။ ‌ရွှမ်မင်လိုမျိုး မာနကြီးပြီး အာဏာရှင်မြွေကြီးက ဤကဲ့သို့ စကားမျိုး ပြောဆိုလိမ့်မည်ဟု သူတွေးမိလိုက်သောအခါ သူ၏လက်သီးများသည် လျော့ရဲသွားသည်။ ထိုအခိုက်အတန့်တွင် ‌ရွှမ်မင်က သူ၏နောက်စေ့ကို ဆုပ်ကိုင်၍ ပြင်းထန်စွာ ဖက်လိုက်သည်။

ဝမ်ကျုံးသည် သူ၏မျက်လုံးနက်များထဲတွင် စိမ်းလဲ့နေသော မီးလျှံများကို မြင်လိုက်ရသည်။ ပို၍ နီးကပ်စွာကြည့်လိုက်သောအခါ မျက်နှာနီမြန်းနေသည့် မိမိကိုယ်ကိုပင် မြင်လိုက်ရသည်။

ညလေက သိပ်နူးညံ့လွန်းလို့လား၊ ဒါမှမဟုတ် ပန်းစည်းနဲ့ ရနံ့က သူ့ကို ဆွပေးလို့လားဆိုတာတော့ သူ မသိတော့ချေ။

ဝမ်ကျုံး၏ လက်ချောင်းများသည် ‌ရွှမ်မင်၏ ပခုံးပေါ်တွင် ဆုပ်လိုက်၊ ဖြည်လိုက်နှင့် အကြိမ်များစွာ ပြန်လုပ်နေခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ‌ရွှမ်မင်၏ နှုတ်ခမ်းများကို နမ်းလိုက်ပြီး လက်များကို အပေါ်သို့ ရွှေ့ကာ ရှည်လျားထူထဲသော ဆံပင်နက်များထဲသို့ ထည့်လိုက်တော့သည်။

ဝမ်ကျုံးသည် နာကျင်ဟန်ဆောင်ခြင်းကို ရပ်တန့်လိုက်သည်။ သူက ‌ရွှမ်မင်ကို တိုးတိုးလေး ပြောလိုက်သည်။ "လူ ပြောင်းပေး၊ လျှာပါ ထုတ်ပေး"

‌ရွှမ်မင်က သဘောမတူပေ။ "လူမှာ လျှာတစ်ခုတည်းပဲ ရှိတာ၊ ပြီးတော့ လူလျှာကလည်း အရမ်းတိုတယ်လေ"

နားရွက်နားတစ်ဝိုက်တွင် ဝဲကျနေသော ဆံပင်ရှည်များကို နောက်သို့ စုစည်းလိုက်ပြီးနောက် ဝမ်ကျုံးသည် သူ၏နဖူးကို ‌ရွှမ်မင်၏ ပခုံးပေါ်တွင် မှီထား၍ ချော့မော့ပြောဆိုလိုက်သည်။ "တစ်ခုတည်းပဲ ပါပေမဲ့  နည်းနည်းပိုလုပ်ပေးရင် အတူတူပါပဲ။ လျှာကိစ္စကတော့... ကျွန်တော် ဘယ်သူ့ကိုမှ မနမ်းဖူးသေးဘူး။ ကျွန်တော်နဲ့ စမ်းကြည့်လို့ မရဘူးလား?"

ညလေက တိုက်ခတ်သွားပြီး ကြယ်များပင် ပြုံးရယ်နေသကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။

‌ရွှမ်မင်လည်း ရယ်လိုက်ပြီး သူ၏ ရင်ဘတ်က လှုပ်ခါသွားပြီး ဝမ်ကျုံးကို အကြိမ်ကြိမ်အခါခါ နမ်းရှိုက်ရင်း ဆို၏။ "ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အရာရာအားလုံး မင်းလေး သဘောအတိုင်းပါပဲ"

.

ထိုညတွင် ‌ရွှမ်မင်သည် အလွန်ပျော်ရွှင်နေပုံရပြီး သူ၏အိပ်မက်ထဲတွင်ပင် ၎င်း၏နာမည်ကို ခေါ်နေခဲ့ချေသည်။ "ဝမ်ကျုံး‌လေး~ ဝမ်ကျုံး‌လေး~ ကိုယ့်ရဲ့ ဝမ်ကျုံး‌လေး~"

ဝမ်ကျုံးသည် ‌ရွှမ်မင်၏ ရင်ခွင်ထဲ၌ လှဲလျောင်းနေပြီး ကြယ်များစုံလင်နေသော ညကောင်းကင်ကို ကြည့်နေခဲ့သည်။ ‌ရွှမ်မင်၏ အိပ်မက်ထဲမှ စကားများကို နားထောင်နေရင်း သူ၏နှလုံးသားသည် ယခင်ကထက် ပို၍ ငြိမ်းချမ်းနေခဲ့သည်။

သူ့ကို ဖုံးအုပ်ထားသော ဆံပင်နက်များထဲသို့  ဝင်သွားခဲ့သည်။ ‌ရွှမ်မင် ဟောက်သံ ရပ်သွားသည်နှင့် သူသည် ဝမ်ကျုံးကို သူ၏ရင်ခွင်ထဲသို့ အလိုအလျောက် ပြန်လည်ထည့်သွင်းလိုက်သည်။

ဝမ်ကျုံးသည် သူ၏ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ၏နှုတ်ခမ်းများသည် ‌ရွှမ်မင်၏ ပခုံးပေါ်တွင် မှီထားသော မျက်နှာကို ထိမိခဲ့သည်။ ခံစားမှုက အတော်ပင် ကောင်းမွန်နေခဲ့၏။

.

နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်သည် တောင်ကုန်းပေါ်သို့ ထွန်းလင်းလာသောအခါ လူတစ်ဦးနှင့် မြွေတစ်ကောင်အတွက် မျှော်လင့်ချက်အပြည့်ရှိသော နေ့သစ်တစ်နေ့ စတင်ခဲ့ချေသည်။

ဝမ်ကျုံး၏ ခန္ဓာကိုယ်ပေါ်မှ မြွေနဂါးအရေခွံများအားလုံး စုတ်ပြဲနေခဲ့သည်။ ၎င်းတို့ကို ပြန်ဆက်၍ပင် မရနိုင်တော့ချေ။ သူသည် ဒူးများကို ပွေ့ဖက်ပြီး လက်များကို ဆန့်ထုတ်ကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ အဝတ် ကျွန်တော့်ကို ပေးဝတ်ပါလား။"

‌ရွှမ်မင်သည် သွားရာများနှင့် စုတ်ရာများ ဖုံးလွှမ်းနေသော ဝမ်ကျုံး၏ပခုံးကို နမ်းလိုက်ပြီး ရယ်မောရင်း ဆိုသည်။ "အကုန်လုံး မြင်ပြီးသားပဲဟာကို၊ ဘာလို့ ဒီလောက်တောင် ရှက်နေရတာလဲ?" ထိုသို့ပြောပြီးမှ သူဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံကို ပေးလိုက်သည်။

‌ရွှမ်မင်၏ အဝတ်များက အလွန်ကြီးမားသဖြင့် ဝမ်ကျုံးသည် လူကြီးအဝတ်များကို ဝတ်ဆင်ထားသော ကလေးတစ်ယောက်သဖွယ် ဖြစ်နေခဲ့သည်။

သူသည် အလေးချိန်မရှိသော အဝတ်အထည်ကို ထိလိုက်ပြီး လှပသောအဝတ်အထည်များဟူသည် အပြစ်အနာအဆာကင်းပြီး ချုပ်ရိုးမရှိသောအဝတ်များ ဖြစ်ကြောင်း အမှန်တကယ်ပင် နားလည်လိုက်လေသည်။

သို့သော် ‌ရွှမ်မင်က သူ့ကို အဝတ်များပေးလိုက်သောကြောင့် ‌ရွှမ်မင်သည် ကိုယ်လုံးတီးဖြင့်သာ ပြေးရတော့မည်သာ။

ဝမ်ကျုံး၏အကြည့်သည် ‌ရွှမ်မင်၏ အချိုးကျလှသော ဝမ်းဗိုက်ကြွက်သားများအတိုင်း ဖြည်းညှင်းစွာလျှောဆင်းသွားခဲ့ပြီး သူ၏လှပသော ဗိုက်သားကောက်ကြောင်းများနှင့် သူ၏ဝမ်းဗိုက်အောက်ပိုင်းရှိ အမွေးအမျှင်နုနုလေးများကို ကျော်သွားကာ နောက်ဆုံးတွင်တော့ -

(ဆက်ပြောလေ ဝွန့်)

"ခင်ဗျား..." ဝမ်ကျုံးက ခေါင်းစောင်းပြီး ပြောလိုက်သည်။ "ခင်ဗျား မြွေပုံစံ မြန်မြန်ပြောင်း၊ ဒီလို ကိုယ်လုံးတီးနဲ့ လျှောက်သွားမနေနဲ့လေ"

‌ရွှမ်မင်သည် ဝမ်ကျုံး၏ဆန္ဒအတိုင်း မြွေနက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏လှပသော မြွေခန္ဓာကိုယ်ကို ဝမ်ကျုံးအား ရစ်ပတ်ပေးတော့မည့်ဆဲဆဲတွင် ဝမ်ကျုံး၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ပြောလိုက်သည်။ "လူတစ်ပိုင်း၊ မြွေတစ်ပိုင်းပုံစံ ပြန်ပြောင်းလိုက်။ အခုတော့ ခင်ဗျားကြီးကို မမြင်ချင်သေးဘူး"

မြွေနက်ကြီးသည် တုံ့ဆိုင်းသွားပြီး ချက်ချင်းပင် သူ၏အစွယ်များကို ထုတ်ပြကာ  [မင်းပဲ ကိုယ်တို့က တစ်ယောက်တည်းပါဆို၊ အခုကျမှ ဘာလို့ ကိုယ့်ကိုကျ ခွဲခြားခွဲခြားနဲ့ ဆက်ဆံနေရတာလဲ?]

"ပြန်ပြောင်းလိုက်" ဝမ်ကျုံးက လက်ကိုဆန့်တန်းကာ မြွေနက်ကြီး၏ ကြီးမားသောခေါင်းကို ပုတ်လိုက်ရာ ၎င်းမှာ ညင်သာသော ပွတ်သပ်မှုနှယ်ပင် ဖြစ်နေတော့သည်။

မြွေနက်ကြီးသည် သူ၏လျှာကို ထုတ်လိုက်ပြီး လူတစ်ပိုင်း၊ မြွေတစ်ပိုင်းအဖြစ်သို့သာ ပြန်ပြောင်းလိုက်တော့သည်။

ဝမ်ကျုံးသည် မူလက ‌ရွှမ်မင်၏ အမြီးပေါ်တွင် စီးနင်းလိုခဲ့သည်။ သူသည် ‌ရွှမ်မင်၏ အမြီးပေါ်တွင် တစ်ခါမှ မစီးဖူးသေးချေ၊ သို့သော် ယခုမူ သူ၏ခြေထောက်များသည် အမှန်တကယ်ပင်... အားမရှိတော့ပေ။

ဝမ်ကျုံးသည် ‌ရွှမ်မင်၏ ရင်ခွင်ထဲတွင် ရှိနေခဲ့သည်။ ထွက်ခွာတော့မည့်အချိန်တွင် မကြေမမွဖြစ်သေးသည့် ထိုပန်းများကို ယူသွားလိုခဲ့သည်။ သို့သော် ‌ရွှမ်မင်က သူ၏ဆံပင်များကို ချစ်ခင်စွာ နမ်းလိုက်ပြီး ဆို၏။ "ကိုယ် မင်းအတွက် အသစ်တစ်စည်း ထပ်ခူးပေးပါ့မယ်"

သို့သော်လည်း သူသည် အနည်းငယ် ပြည့်စုံသော ပန်းတစ်ပွင့်ကို သူ၏အမြီးဖြင့် ကောက်ယူ၍ ဝမ်ကျုံးအား လမ်းတစ်‌လျှောက်တွင် ဆော့ကစားရန် ပေးလိုက်ပြန်သည်။

‌ရွှမ်မင်သည် မည်သည့်မှော်ပညာကိုမှ အသုံးမပြုဘဲ အလွန်ဖြည်းညှင်းစွာ တွားသွားနေခဲ့သည်။ ဝမ်ကျုံးသည်လည်း ဤနှေးကွေးသောအချိန်ကို အလွန်ပင် နှစ်သက်နေခဲ့သည်။

သူတို့နှစ်ဦးလုံး မည်သည့်စကားမျှ မပြောကြပေ။

သို့သော်လည်း မိနစ်အနည်းငယ်တိုင်း ‌ရွှမ်မင်သည် ဝမ်ကျုံး၏ ဆံပင်ထိပ်ကို နမ်းနေခဲ့ပြီး ဝမ်ကျုံးသည်လည်း သူ့လက်ထဲမှ ပန်းများကို ကြည့်ရင်း အနည်းငယ် ပြုံးနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ပြန်သွားနိုင်သည့်လမ်းကိုပင် လူတစ်ဦးနှင့် မြွေတစ်ကောင်သည် မနက်မှ နေဝင်ချိန်အထိ လျှောက်လှမ်းခဲ့ကြသည်။

.

အဝေးတစ်နေရာမှ။

ဝမ်ကျုံးသည် ချောက်ကမ်းပါးပေါ်တွင် ရပ်နေသော လူတစ်ဦးကို တွေ့လိုက်ရ၏။

အဖြူရောင်အဝတ်များ၊ အဖြူရောင်ဆံပင်များက အလင်းရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့၏။

ထိုပုံရိပ်၏ကောက်ကြောင်းမှာ အမှန်တကယ်ပင် လှပနေခဲ့ချေသည်…