အပိုင်း ၆
Viewers 446

မင်းသားဟွေ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ပါနေတော့ ယောင်ဟွမ်က သမားတော်ကြီး တကယ်လာရတဲ့ အကြောင်းရင်းကို အမေ့ဆီ မပြောပြတော့ဘူးလေ။ သူမကို ကျန်းမာရေး နောက်တစ်ခေါက် လာစစ်ပေးတယ်လို့ပဲ ပြောလိုက်တယ်။

သူမ အမေကလည်း ကိုယ်ချင်းစာပါတယ်။ ယောင်ဟွမ်မှာသာ ဖွင့်ပြောလို့မရတဲ့ ကိစ္စတစ်ခုခုရှိနေရင် တခြားလူတွေက ကွယ်ရာမှာ တီးတိုးတီးတိုးနဲ့ ထင်ရာစိုင်းပြီး ပြောနေကြတာကို သေချာပေါက် သဘောကျမှာ မဟုတ်ဘူးလေ။

လော်ကျင်းဟွာက သမီးဖြစ်သူရဲ့ မျက်နှာလေး ပုံမှန်အတိုင်းပဲဆိုတာ မြင်လိုက်ရတော့မှပဲ ဒီကိစ္စကို ခေါင်းထဲကထုတ်လိုက်ပြီး ဧည့်ခံပွဲအတွက် ဆက်ပြီး ပြင်ဆင်နေတော့တယ်။

ယောင်မိသားစုမှာ ဆွေမျိုးမိတ်ဆွေက သိပ်မများလှဘူး။ အရင်တုန်းက မင်္ဂလာကိစ္စတစ်ခုခုရှိလို့ ဧည့်ခံပွဲလုပ်ရင် စားပွဲငါးလုံး၊ ခြောက်လုံးစာလောက်ဆိုရင် လုံလောက်နေပြီလေ။ ဒါပေမဲ့ နန်းတော်ကနေ လက်ထပ်ခွင့်အမိန့်တော် ကျလာပြီးကတည်းက ဆွေမျိုးနည်းနည်းပါးပါး စပ်တဲ့ မိသားစုတွေကအစ မရမကကို လက်ဆောင်တွေ လာပို့ကြတော့တာပဲ။ ယောင်ကျန့်ဟူရဲ့ စစ်တပ်ထဲက သိပ်မရင်းနှီးလှတဲ့ တပ်မှူးအဆင့်တူ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိ တပ်မှူးကြီးတွေကလည်း လက်ဆောင်တွေ လာပေးကြတာပေါ့။ တစ်အိမ်ထက်တစ်အိမ် ပိုပြီးတော့တောင် ပျူငှာနေကြသေးတယ်။ ယောင်မိသားစုကလည်း ငြင်းလို့မရတော့ဘူးလေ။ လက်ဆောင်ကို လက်ခံပြီးတာနဲ့ ဖိတ်စာတစ်စောင် ချက်ချင်း ပြန်ပေးလိုက်ရတော့တာပေါ့။

အဲဒီအထဲကိုမှ ရင်းနှီးတဲ့ အိမ်နီးနားချင်းတွေပါ ပေါင်းထည့်လိုက်တော့ နောက်ဆုံး စာရင်းချုပ်လိုက်တဲ့အခါ ဒီတစ်ခေါက် ယောင်မိသားစုက ဧည့်ခံစားပွဲ ငါးဆယ်ကျော်လောက်အထိ ပြင်ဆင်ရတော့မှာပဲ!

ကံကောင်းတာက ဓလေ့ထုံးတမ်းဌာနကလည်း ယောင်မိသားစုရဲ့ အခြေအနေကို သိနေလို့ ယုံချန်းဧကရာဇ်ဆီမှာ ယောင်မိသားစုအတွက် ဧည့်ခံပွဲစရိတ် ငွေတစ်ထောင်ကို တမင်သက်သက် သွားတောင်းပေးခဲ့တာ။ တစ်ချိန်တည်းမှာပဲ မင်းသားဟွေ့ကလည်း လူကြုံနဲ့ ယောင်မိသားစုဆီကို တစ်ထောင်တန် ငွေလက်မှတ် ပို့ပေးလိုက်သေးတယ်။ ပထမတစ်ခုက အမိန့်တော်နဲ့အတူ ပါလာတာဆိုတော့ အိမ်နီးနားချင်းတွေ အကုန်သိကြပေမယ့်၊ နောက်တစ်ခုကိုတော့ ကျန်းယွဲ့က ယောင်ကျန့်ဟူတို့ ဇနီးမောင်နှံလက်ထဲကို တိတ်တိတ်လေး လာပေးသွားတာမို့ အပြင်လူတွေကတော့ မသိကြဘူးပေါ့။

ဓလေ့ထုံးတမ်းရေးရာဌာနကလည်း ယောင်မိသားစုကို ရှင်းရှင်းလင်းလင်း သတိပေးသွားသေးတယ်။ ဝမ်ရယ်ရဲ့ မင်္ဂလာပွဲမှာ အိမ်တော်ဘက်က ဧည့်ခံပွဲ တစ်ဝိုင်းစာ ကုန်ကျစရိတ်က ငွေငါးတုံးလောက် ရှိတယ်တဲ့လေ။

လော်ကျင်းဟွာ သဘောပေါက်လိုက်ပြီ။ ကိုယ့်ဘက်မှာလုပ်တဲ့ ဧည့်ခံပွဲက ဝမ်ရယ်ဘက်ထက် ပိုကောင်းနေလို့ မဖြစ်ဘူး၊ ဒါပေမဲ့ အရမ်းလည်း စုတ်ပြတ်နေလို့ မဖြစ်ဘူးဆိုတာကိုပေါ့။

ဒါကြောင့် လော်ကျင်းဟွာက တစ်ဝိုင်းကို ငွေလေးတုံး ကုန်ကျစရိတ်နဲ့ တွက်ပြီး ပြင်ဆင်တော့တာပဲ။ စားပွဲငါးဆယ်ကျော်ဆိုတော့ ငွေနှစ်ရာကျော် ကုန်မှာလေ။ ဒီလိုပွဲကြီးမျိုးကို သုံးနပ်တောင် ကျွေးရမှာဆိုတော့... အဲဒီအထဲကို သာမန်ပွဲငယ် နှစ်နပ်ရယ်၊ ထမင်းချက်ငှားတဲ့စရိတ်၊ ပန်းကန်ခွက်ယောက် ငှားတဲ့စရိတ်တွေပါ ပေါင်းထည့်လိုက်တဲ့အခါကျတော့ ယုံချန်းဧကရာဇ် ပေးသနားထားတဲ့ ငွေထဲကနေ ငွေတစ်ရာကျော်လေးပဲ ကျန်တော့တာပေါ့။

ယောင်ဟွမ် မင်္ဂလာမဆောင်ခင် ညဘက်မှာတော့၊ လော်ကျင်းဟွာက အဲဒီကျန်နေတဲ့ ငွေတစ်ရာကျော်နဲ့ မင်းသားဟွေ့ပေးလိုက်တဲ့ ငွေလက်မှတ်နှစ်စောင်ကို သမီးဖြစ်သူဆီ အကုန်လွှဲပေးမလို့ လုပ်တယ်။

ယောင်ဟွမ်က ငွေလက်မှတ်နှစ်စောင်ကိုပဲ သိမ်းလိုက်ပြီး ပြောလေတယ်။ "ဝမ်ရယ်ရဲ့ စေတနာကို သမီးတို့တွေ မသုံးဖြစ်ခဲ့တော့ သူ့ကို သေချာပေါက် ပြန်ပေးရမှာပေါ့။ ဟိုငွေတစ်ရာကျော်ကိုတော့ အမေပဲ သိမ်းထားလိုက်ပါ။ ဝမ်ရယ်က သမီးနဲ့အတူ အိမ်ကို အနည်းဆုံး တစ်ခေါက်တော့ အလည်ပြန်လိုက်လာမှာဆိုတော့၊ အိမ်က အစားအသောက်တွေကလည်း နည်းနည်းတော့ ကောင်းကောင်းမွန်မွန် ဖြစ်နေမှရမယ်လေ။ လတ်တလော သမီးကြောင့် ပိုရလာတဲ့ လက်ဆောင်တွေအတွက်လည်း အိမ်ကနေ တဖြည်းဖြည်းချင်း အကြွေးပြန်ဆပ်ရဦးမှာ။ ပြီးတော့ အဖေနဲ့အမေအတွက်လည်း အဝတ်အစားကောင်းကောင်း နှစ်စုံသုံးစုံလောက် ထပ်ချုပ်ထားကြဦး။ နောက်ဆိုရင် အပြင်ထွက် ဧည့်သည်သွားလုပ်တဲ့အခါ နည်းနည်းပါးပါးတော့ ဟန်ကျပန်ကျ ရှိမှဖြစ်တော့မယ်"

လော်ကျင်းဟွာ စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲဆိုပြီး၊ သမီးဖြစ်သူကို အားနာမနေတော့ပါဘူး။

ယောင်ဟွမ်က ငွေတစ်ရာကျော်လေးနဲ့ ဝမ်ဖေးရဲ့ မိဘအိမ်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းထားဖို့ မလောက်မှာစိုးလို့ တိုးတိုးလေး ပြောလိုက်လေတယ်။ "အခုလောလောဆယ်တော့ ဟိုမင်္ဂလာခန်းဝင်ပစ္စည်း ငွေတွေကို သုံးလို့မရသေးဘူးလေ၊ ဝမ်ရယ်အိမ်တော်မှာ သမီး ခြေကုပ်သေချာရသွားတဲ့အချိန်ကျမှပဲ ထပ်ပြီး ထောက်ပံ့ပေးပါ့မယ်..."

လော်ကျင်းဟွာက ပြောရှာတာပေါ့။ "မလုပ်ပါနဲ့... ဝမ်ဖေးဖြစ်သွားပြီဆိုရင် သမီးရဲ့ စားစရိတ်၊ ဝတ်စရိတ်နဲ့ လူမှုရေးစရိတ်တွေက ပိုပြီးတော့တောင် များလာဦးမှာ။ နန်းတွင်းက သမီးကိုပေးတာ အများစုက ဒီမင်္ဂလာပစ္စည်းတွေပဲလေ၊ သေချာလေး ချင့်ချိန်ပြီး သုံးတတ်အောင် လုပ်ရမယ်၊ ပိုက်ဆံကို ရေလိုသုံးတဲ့ အကျင့်ဆိုးမျိုး လုံးဝမရစေနဲ့။ တို့အိမ်အတွက်ကတော့... အမေရော နင့်အဖေရောက အပေါ်ယံဂုဏ်မမက်တတ်ပါဘူး။ လူတောတိုးဖို့လိုတဲ့အချိန် လူတောတိုးအောင် နေမယ်၊ သာမန်အချိန်တွေမှာတော့ အရင်က နေခဲ့သလိုပဲ ဆက်နေသွားမှာပဲ။ ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန်နေပြီး ချွေချွေတာတာနဲ့ အိမ်ထောင်ကို ဦးစီးနိုင်တာကလည်း ကိုယ်ကျင့်တရားတစ်ခုပါပဲ။ သမီးနဲ့ ဝမ်ရယ်ကို အရှက်ကွဲအောင် လုံးဝမလုပ်ပါဘူး"

သမက်က ဝမ်ရယ်ဖြစ်နေလို့ဆိုပြီး သူတို့တွေက အထက်တန်းလွှာ အရာရှိကြီးတွေလို ဟန်ရေးပြနေစရာမှ မလိုတာလေ။

ဟန်ရေးပြဖို့ဆိုတာကလည်း ငွေကြေးအထောက်အပံ့ လိုတယ်၊ ယောင်မိသားစုမှာ အဲဒီလောက်ငွေမရှိသလို၊ ဝမ်ဖေးဖြစ်သွားတဲ့ သမီးဆီကနေလည်း သွားတောင်းမှာ မဟုတ်ဘူးပေါ့။

"ကဲပါ... တို့သားအမိနှစ်ယောက်လုံးက ပိုက်ဆံကို စနစ်တကျသုံးတတ်တဲ့သူတွေချည်းပဲ၊ ဘယ်သူ့ကိုမှ စိတ်ပူနေစရာမလိုပါဘူး။ စောစောအိပ်ကြရအောင်၊ မနက်ဖြန် အလုပ်တွေများဦးမှာ!"

လေးလပိုင်း နှစ်ဆယ့်တစ်ရက်နေ့ကတော့ မင်းသားဟွေ့ရဲ့ မင်္ဂလာပွဲကြီးပေါ့။

မနက်ခင်းနဲ့ နေ့လယ်ခင်းတွေမှာ နှစ်ဖက်လုံးက ဧည့်ခံပွဲတွေ အသီးသီးလုပ်ကြပြီး၊ သတို့သမီးသွားကြိုမယ့် အချိန်ကောင်းကိုတော့ ဆည်းဆာချိန်မှာ သတ်မှတ်ထားတယ်။

မင်းသားဟွေ့ရဲ့ အိမ်တော်က နန်းတော်ရဲ့ အနောက်ဘက် ချုံရန်လမ်းကြားထဲမှာ ရှိတာလေ။ ဘေးနားက အိမ်နီးချင်းတွေဆိုတာကလည်း ဂုဏ်ထူးဆောင် အရာရှိကြီးတွေချည်းပဲ။ အဲဒီတော့ သခင်ဖြစ်စေ၊ အစေခံဖြစ်စေ အပြင်ထွက်ပြီး ပွဲကြည့်ကြရင်တောင် ဂုဏ်သိက္ခာကို အလေးထားကြသေးတာ။

သတို့သမီးကြိုမယ့် ယာဉ်တန်းကြီးက ချမ်းသာတဲ့ ရပ်ကွက်တွေကနေ ထွက်လာပြီး သာမန်ပြည်သူတွေနေတဲ့ လမ်းသွယ်လေးတွေထဲ ရောက်လာတဲ့အခါမှာတော့၊ ပြေးလာပြီး ပွဲကြည့်ကြတဲ့ ပြည်သူတွေက ပိုပြီး ဆူဆူညံညံဖြစ်လာတော့တာပဲ။ တစ်ယောက်တစ်ပေါက်နဲ့ ဝေဖန်ပြောဆိုနေကြတာပေါ့။

"မင်းသားဟွေ့က ခြေထောက်တွေ သုံးမရတော့ဘူးဆို... ကြည့်ရတာတော့ မတူပါဘူး၊ မြင်းပေါ်မှာ ခါးမတ်မတ်ကြီး ထိုင်နေတာ ကြည့်ပါဦး"

"ခြေထောက်သုံးမရတာလေ၊ ခါးသုံးမရတာမှ မဟုတ်တာ။ ခါးမတ်မတ်တော့ ထိုင်နိုင်မှာပေါ့။ မင်းကြည့်လေ... သူ့ဖိနပ်အောက်ခံက မြင်းနင်းကွင်းကို ထိတောင်မထိနေဘူး၊ အဲဒါက သူ့ခြေထောက်တွေမှာ အားမရှိဘူးဆိုတာကို ပြနေတာပဲ။ တစ်ယောက်ယောက်က တွဲတင်ပေးလိုက်ရတာ သေချာတယ်"

"ဟူး... တကယ် နှမြောစရာကောင်းတာပဲ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မင်းသားဟွေ့ စစ်တိုက်ထွက်တော့ စစ်ဝတ်တန်ဆာနဲ့ တကယ့်ကို ခန့်ညားထည်ဝါနေတဲ့ဟန်ကို ငါမှတ်မိနေသေးတယ်"

"ဒီလောက်ရုပ်ချောနေတာဆိုတော့လည်း၊ ဝမ်ဖေး သူ့ကို ယူလိုက်ရတာ သိပ်တော့ အရှုံးမပေါ်ပါဘူးလေ"

ပြည်သူတွေကလည်း တော်တော်လေးတော့ သတိထားကြရှာပါတယ်။ မင်းသားတစ်ပါးရဲ့ အားနည်းချက်ကို အကျယ်ကြီးတော့ မလှောင်ရဲကြဘူး။ ဘေးနားက ဆွေမျိုးမိတ်ဆွေတွေနဲ့ပဲ တိုးတိုးတိတ်တိတ် ပြောရဲကြတာ။ ဒါပေမဲ့ ပြောတဲ့သူတွေ များလာတော့လည်း၊ ထပ်တလဲလဲ ပါနေတဲ့ စကားလုံးတွေက သတို့သမီးကြိုတဲ့ ယာဉ်တန်းကြီးရဲ့ နားထဲကို ရောက်သွားတော့တာပေါ့။ အဲဒီအထဲမှာ သတို့သား မင်းသားဟွေ့ကိုယ်တိုင်ရော၊ လိုက်ပါလာတဲ့ ဓလေ့ထုံးတမ်းဌာနက အရာရှိတွေရော၊ မင်းသားဟွေ့အပေါ် သိပ်ကိုသစ္စာရှိတဲ့ ကိုယ်ရံတော်တွေပါ ပါနေတာလေ။

ကိုယ်ရံတော်တွေရဲ့ အကြည့်တွေက ဓားလိုပဲ စူးရှနေပြီး လူအုပ်ထဲကို အတိအကျ စိုက်ကြည့်လိုက်ကြတော့တယ်။

အကြည့်ခံလိုက်ရတဲ့ ပြည်သူတွေကတော့ ပါးစပ်ကို ချက်ချင်း ပိတ်သွားကြတာပေါ့။ ကိုယ်ရံတော်တွေရဲ့ ဓားလိုစူးရှတဲ့ အကြည့်တွေကို အရသာမခံရသေးတဲ့ တခြားလူတွေကသာ လည်ပင်းတဆန့်ဆန့်နဲ့ မင်းသားဟွေ့ကို ပွဲကြည့်သလို အကဲခတ်ရင်း၊ ပါးစပ်ကလည်း တတွတ်တွတ် ဆက်ပြောနေကြတုန်းပဲ။

အနားမှာရှိနေတဲ့ ကိုယ်ရံတော်တွေက ဝမ်ရယ်ကို စိုးရိမ်တကြီးနဲ့ ခိုးကြည့်လိုက်ကြတယ်။ ဒါပေမဲ့ ဝမ်ရယ်ကတော့ အခုလေးတင် အိမ်ကထွက်လာတုန်းကအတိုင်းပါပဲ၊ မျက်နှာထားက တည်ငြိမ်ပြီး တမင်သက်သက် ဟန်ဆောင်ပျော်ရွှင်နေတာမျိုးလည်းမရှိသလို၊ မျိုသိပ်ထားတဲ့ ဒေါသတွေလည်း မတွေ့ရဘူးပေါ့။

ဒီလိုပုံစံဖြစ်နေတဲ့ ဝမ်ရယ်ကိုကြည့်ပြီး ကိုယ်ရံတော်တွေခမျာ သစ်ပင်တစ်ပင်ကို သွားသတိရမိကြတယ်။ အဲဒါကလည်း ဘယ်တော့မှ အဖူးအညွန့်တွေ ပြန်ထွက်လာတော့မှာမဟုတ်တဲ့ ခြောက်သွေ့နေတဲ့ သစ်ပင်အိုကြီးတစ်ပင်ပေါ့။ လေတိုက်တိုက် မိုးရွာရွာ၊ ကလေးဆိုးတွေပဲ လာတွယ်တက်တက်၊ သစ်ပင်အိုကြီးကတော့ နည်းနည်းလေးမှ မတုန်မလှုပ်ဘဲ ဆွေးမြည့်ပြိုကျမယ့်အချိန်ကို တိတ်တိတ်လေး စောင့်နေတာမျိုးလေ။

ကိုယ်ရံတော်လည်း အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်ဝန်းတွေတောင် နီရဲလာတော့တယ်။

ဒီနေ့ ဝမ်ရယ်က ဟန်ဆောင်ထားသေးလို့သာ တည်ငြိမ်နေပုံပေါက်နေတာ။ တကယ်တမ်း အိမ်တော်ထဲမှာပဲ အောင်းနေတတ်တဲ့ ဝမ်ရယ်ရဲ့ မျက်နှာမှာက သေမင်းအရိပ်အယောင်တွေ လွှမ်းနေတာလေ။

သတို့သမီးကြိုတဲ့ ယာဉ်တန်းကြီးက မြို့တော်ရဲ့ တစ်ဝက်ကျော်လောက်ကို ဖြတ်သန်းလာပြီး အရှေ့တောင်ဘက်က ချန်ရှို့လမ်းကြားထဲကို ရောက်လာတဲ့အခါမှာတော့၊ တီးမှုတ်သံတွေက ပိုပြီးတော့တောင် ကျယ်လောင်မြိုင်ဆိုင်လာတော့တာပဲ။

ယောင်မိသားစု အိမ်ရှေ့မှာတော့ အနီရောင်အဝတ်အစားဝတ်ထားတဲ့ ကောင်လေးနှစ်ယောက်က နဖူးမှာ သွေးကြောတွေထောင်ထွက်မတတ် အားယူပြီး လူတစ်ယောက်ရဲ့ ခါးအရွယ်အစားလောက်ရှိတဲ့ ဗြောက်အိုးအနီ အခွေကြီးနှစ်ခွေကို တင်ထားကြတယ်။ တခြားတစ်ယောက်ကတော့ အမွှေးတိုင်နဲ့ အဲဒီဗြောက်အိုးတွေကို မီးရှို့လိုက်တာပေါ့။

ဒိုင်း ဒိုင်း ဒိုင်း ဆိုတဲ့ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးဖြူတွေက ကောင်းကင်ပေါ်ကို လွင့်တက်သွားတော့တယ်။ သတို့သမီးကြိုတဲ့ ယာဉ်တန်းကြီးကလည်း အဝေးမှာ ခဏရပ်ပြီး ဆူညံပွက်လောရိုက်နေတဲ့ ကြားထဲမှာပဲ စောင့်နေကြလေရဲ့။

ကိုယ့်ညီမက အထက်တန်းကျကျ အိမ်ထောင်ကျတာမို့ ယောင်လင်တစ်ယောက် ဝမ်းသာရမှာဆိုပေမယ့်၊ မြင်းပေါ်မှာ မတုန်မလှုပ် ထိုင်နေတဲ့ ယောက်ဖလောင်းကို ဝမ်ရယ် အဝေးကနေ လှမ်းကြည့်ပြီး ရင်တထိတ်ထိတ် ဖြစ်နေရတော့တယ်။ ဝမ်ရယ်က မြင်းပေါ်ကို ဘယ်လိုများ တက်ခဲ့တာလဲ၊ ခဏနေရင်ရော ဘယ်လိုပြန်ဆင်းမလဲဆိုတာကို သူ စိတ်ကူးကြည့်လို့တောင် မရဘူးလေ။ တကယ်လို့ ဆင်းတဲ့ပုံစံက အရမ်းကြည့်ရဆိုးနေရင် တစ်ယောက်ယောက်ကများ အသံထွက်ပြီး ရယ်မိသွားမလား၊ ဝမ်ရယ်ကရော အဲဒီရယ်သံကြောင့် အရှက်ကွဲပြီး ဒေါသထွက်လို့ သူ့ညီမလေးကိုများ မဲမလားဆိုပြီး စိတ်ပူနေတော့တာပေါ့။

ခေါင်းတစ်ချက် လှည့်ကြည့်လိုက်တော့ ယောင်လင်တစ်ယောက် သူ့သူငယ်ချင်း လီထင်းဝမ်ကို လှမ်းမြင်လိုက်ရတော့တယ်။ ခပ်ထွားထွား အဲ့အမျိုးသားက လူငယ်တချို့ကြားထဲမှာ ဝိညာဉ်လွင့်နေတဲ့သူတစ်ယောက်လို ငိုင်တိုင်တိုင်ကြီး ရပ်နေတာလေ

ယောင်လင်လည်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိတာပေါ့။ သူ့ကိုသာ ရွေးချယ်ခွင့်ပေးရင် ညီမဖြစ်သူကို လီထင်းဝမ်နဲ့ပဲ လက်ထပ်စေချင်တယ်။ လီထင်းဝမ်က ကျန်းမာသန်စွမ်းပြီး ဖျတ်လတ်တယ်လေ။ တကယ်လို့ သူ့ညီမကို အနိုင်ကျင့်ရင်တောင် သူက ဘာမှတွေးပူမနေဘဲ ညီမအတွက် ရှေ့ထွက်ပြီး အပြတ်အသတ် ထိုးကြိတ်ပစ်လို့ ရသေးတယ်။ မင်းသားဟွေ့လို လူမျိုးကိုတော့ ရိုက်နှက်ဖို့ စိတ်ကူးလိုက်တာနဲ့တင် သူ့လိပ်ပြာသူ မလုံသလို ခံစားနေရတာပေါ့။

နောက်ဆုံးတော့ ဗြောက်အိုးတွေလည်း ဖောက်လို့ပြီးသွားပြီ။ နှာခေါင်းမွှန်ပြီး မျက်စိစပ်စေတဲ့ မီးခိုးဖြူတွေလည်း လွင့်စင်သွားတော့၊ သတို့သမီးကြိုတဲ့ ယာဉ်တန်းကြီးက ယောင်မိသားစုရဲ့ ခြံတံခါးမကြီးရှေ့ကို ရောက်လာတော့တယ်။

ဧည့်သည်တွေဖြစ်ဖြစ်၊ ပွဲလာကြည့်တဲ့ ပြည်သူတွေဖြစ်ဖြစ်၊ ဒီအချိန်လေးမှာတော့ အားလုံးက တိုင်ပင်ထားစရာမလိုဘဲ စကားပြောနေတာတွေကို ရပ်ပစ်လိုက်ကြတယ်။ ပြီးတော့ မင်းသားဟွေ့ဆီကို ပြိုင်တူ စိုက်ကြည့်နေကြလေရဲ့ သူ မြင်းပေါ်ကနေ ဘယ်လိုဆင်းမလဲဆိုတာကို သိချင်စိတ် ပြင်းပြနေကြတာ။

မင်းသားဟွေ့က ခန္ဓာကိုယ်ကို နည်းနည်းလေး ရှေ့ကိုင်းလိုက်ပြီး၊ ဘယ်ဘက်လက်နဲ့ မြင်းကုန်းနှီးကို ကိုင်ထားလိုက်တယ်။ ညာဘက်လက်ကတော့ မြင်းရဲ့ ပါးပြင်ကို ဖွဖွလေး ပွတ်သပ်ပေးလိုက်တာပေါ့။

အမွေးအမှင်တွေ မည်းနက်ပြီး အရောင်လက်နေတဲ့ မြင်းကြီးက သိပ်ကို လိမ္မာစွာနဲ့ပဲ ဒူးထောက်ချပေးလိုက်လေရဲ့။

အဲဒီအချိန်မှာပဲ ကိုယ်ရံတော်တစ်ယောက်က တန်ဖိုးကြီး သစ်မွှေးသားနဲ့ ပြုလုပ်ထားတဲ့ ခမ်းနားတဲ့ ဘီးတပ်ကုလားထိုင်ကို တွန်းလာတယ်။ နောက်ထပ် ကိုယ်ရံတော်နှစ်ယောက်က မင်းသားဟွေ့ရဲ့ ပခုံးနဲ့ လက်မောင်းတွေကို ခိုင်ခိုင်မတ်မတ် တွဲကိုင်လိုက်ပြီး၊ လူကို ဘီးတပ်ကုလားထိုင်ပေါ် အသာအယာ ရွှေ့တင်ပေးလိုက်ကြလေရဲ့

လူတွေ စိတ်မကောင်းဖြစ်ပြီး သက်ပြင်းချနေကြတုန်းမှာပဲ၊ ဓလေ့ထုံးတမ်း အရာရှိက သတို့သမီးကြိုတဲ့ အခမ်းအနားကို စတင်ဦးဆောင်တော့တာပေါ့။

သတို့သားနဲ့ သတို့သမီးက သတို့သမီးဘက်က မိဘတွေကို ကန်တော့ပြီး နှုတ်ဆက်ကြရမှာလေ။ ယောင်ဟွမ်လည်း နောက်ဆုံးတော့ အတွဲခံပြီး အပြင်ကို ထွက်လာခဲ့ပြီ။

ဝမ်ဖေးရဲ့ သရဖူက ကျောက်သံပတ္တမြားတွေ အပြည့်စီခြယ်ထားတော့ အရမ်းကို လေးလံလွန်းနေတာပေါ့။ ဝမ်ဖေးဝတ်ရတဲ့ မင်္ဂလာဝတ်စုံကလည်း အထပ်ထပ်နဲ့ သိပ်ကို ခမ်းနားကြီးကျယ်လွန်းနေတော့ ယောင်ဟွမ်ခမျာ ခြေလှမ်းတွေကို သေးသေးလေးနဲ့ ဖြည်းဖြည်းချင်းပဲ လှမ်းနေရတယ်။ ပခုံးနဲ့ လည်ပင်းကိုလည်း တောင့်တင်းထားရပြီး တစ်ဖက်ကို နည်းနည်းလေးတောင် မယိမ်းယိုင်ရဲဘူး။

ခေါင်းဆောင်းပုဝါနီကြီးက အမြင်အာရုံကို ကွယ်ထားတော့၊ မင်းသားဟွေ့ရဲ့ဘေးကို အတွဲခံပြီး ရောက်သွားတဲ့အချိန်မှာ ယောင်ဟွမ် မြင်နေရတာက ဘီးတပ်ကုလားထိုင်ရဲ့ တစ်ဝက်လောက်ပဲရှိတယ်။။

ဝမ်ရယ်က ဝမ်ဖေးရဲ့ မိဘတွေကို ဒူးထောက်စရာမလိုဘူးလေ။ ထိုင်လျက်အနေအထားနဲ့ပဲ လေးကြိမ် အရိုအသေပေးတယ်။ ယောင်ကျန့်ဟူနဲ့ လော်ကျင်းဟွာက နှစ်ကြိမ်ကို လက်ခံပြီး ကျန်တဲ့နှစ်ကြိမ်ကိုတော့ ပြန်ပြီး အရိုအသေပေးကြတာပေါ့။

ယောင်ဟွမ်လည်း ကန်တော့ပြီးသွားရော ဝမ်ရယ်နဲ့ ဝမ်ဖေးက ယောင်မိသားစုအိမ်ကနေ ထွက်ခွာကြရတော့မယ်။ နန်းတော်ထဲကို ဝင်ပြီး ယုံချန်းဧကရာဇ်နဲ့ မိဖုရားတွေကို သွားရောက် ဂါရဝပြုကြရဦးမှာကိုး။

ယောင်ဟွမ်က မင်းသားဟွေ့ရဲ့ ဘီးတပ်ကုလားထိုင်ဘေးကနေ ယှဉ်လျောက်လာတယ်။ သူမက အရင်ဆုံး ပန်းဝေါယာဉ်ပေါ် တက်သွားရတာဆိုတော့ မင်းသားဟွေ့ မြင်းပေါ်ကို ဘယ်လိုတက်သွားလဲဆိုတာကိုတော့ မမြင်လိုက်ရဘူး။ ဒါပေမဲ့ အပြင်ဘက်မှာ အရမ်းကို တိတ်ဆိတ်သွားတာမို့ မျက်လုံးပေါင်းများစွာက မင်းသားဟွေ့တစ်ယောက်တည်းကိုပဲ စူးစူးရဲရဲ စိုက်ကြည့်နေကြမယ့် မြင်ကွင်းကို သူမ ကောင်းကောင်းကြီး မှန်းဆကြည့်လို့ ရနေတယ်။ မင်းသားဟွေ့ ဘယ်လို မျက်နှာအမူအရာ ဖြစ်နေမလဲဆိုတာကိုပဲ သူမ မသိတာလေ။

ပျော်မှာတော့ မဟုတ်လောက်ဘူးထင်တာပဲ။

ခြေထောက်ကလည်း သုံးမရတော့ဘူးလေ။ အမှန်ဆို အိမ်တော်ထဲမှာပဲ အေးအေးဆေးဆေး ပုန်းနေလို့ရတာကို၊ အခုတော့ မင်္ဂလာဆောင်ရမှာမို့လို့ အပြင်ထွက်လာပြီး အပြင်လူတွေရှေ့မှာ သူ့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ဖော်ပြလိုက်ရသလို ဖြစ်သွားတာပေါ့။

တစ်ချိန်က အထက်စီးကနေ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တဲ့ ဝမ်ရယ်တစ်ပါးဘဝကနေ၊ တခြားသူတွေရဲ့ သနားတာ၊ လှောင်ပြောင်တာကို ခံရတဲ့ ဒုက္ခသည်တစ်ယောက်ဘဝကို ရောက်သွားတာဆိုတော့...

ယောင်ဟွမ်က သူ့ကိုယ်သူအတွက်တောင် အရင်ဆုံး ချွေးပျံသွားရတယ်။ လမ်းတစ်လျှောက်လုံး မြိုသိပ်လာရတဲ့ ဝမ်ရယ်ရဲ့ ဒေါသတွေကို သတို့သမီးဖြစ်တဲ့ သူမအပေါ်ကိုများ ပုံချလာမလားဆိုပြီး စိုးရိမ်နေတာ။ ဘာပဲဖြစ်ဖြစ် ဒီည ဝမ်ရယ်နဲ့ အချိန်အကြာကြီး မျက်နှာချင်းဆိုင်ရမယ့်သူက သူမတစ်ယောက်တည်း ရှိတာကိုး။

ဒီလို လေးလံတဲ့ စိုးရိမ်ပူပန်မှုကြီးနဲ့ ယှဉ်လိုက်ရင်၊ နန်းတော်ထဲ ဝင်ပြီးတဲ့နောက် လုပ်ရတဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းကျင့်ဝတ်တွေဆိုတာက လူကိုပင်ပန်းစေရုံသက်သက် လုပ်ရိုးလုပ်စဉ်တွေလောက်ပဲ ရှိတော့တာပေါ့။

နန်းတော်ထဲကနေ တစ်ပတ်လည်ပြီး ထွက်လာတော့၊ သတို့သမီးကြိုတဲ့ ယာဉ်တန်းကြီးက မင်းသားဟွေ့အိမ်တော်ကို ပြန်ရောက်လာကြတယ်။ တောက်ပနေတဲ့ နေဝင်ဆည်းဆာက ကောင်းကင်တစ်ပြင်လုံးကို နီရဲနေစေတာပေါ့။

ယောင်ဟွမ်ကတော့ အနောက်ဘက်ဆောင်ကို အတွဲခံပြီး ဝင်သွားရတယ်။ မင်္ဂလာညစာစားပွဲလာစားတဲ့ မင်းသားခန်း မင်းသားချင်နဲ့ စတုတ္ထမင်းသားတို့ကတော့ ဘီးတပ်ကုလားထိုင်ပေါ်က မင်းသားဟွေ့ကို ဝိုင်းရံလိုက်ကြလေရဲ့

ဆည်းဆာရောင်ကြောင့် နည်းနည်းလေး နီရဲနေတဲ့ ကျောက်ဆွေ့ရဲ့ မျက်နှာချောချောကို ကြည့်ပြီး မင်းသားခန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ဂုဏ်ပြုစကား ဆိုလေတယ်။ "ကောင်းကင်ကြီးမှာ ဆည်းဆာရောင်တွေ လွှမ်းနေတာက နိမိတ်ကောင်းပဲဟေ့။ ညီနှစ်နဲ့ ဝမ်ဖေးက ဖူးစာဖက်အစစ်တွေပဲ ဖြစ်ရမယ်။ အိမ်ထောင်ကျပြီးရင်လည်း လင်မယားနှစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ အစစအရာရာ ပြည့်စုံမှာ အသေအချာပဲ"

မင်းသားချင်နဲ့ စတုတ္ထမင်းသားကလည်း ဆုမွန်ကောင်းတွေ တောင်းပေးကြတာပေါ့။

ကျောက်ဆွေ့က ပြုံးလိုက်ပြီး ညီအစ်ကိုတွေရဲ့ မင်္ဂလာစကားတွေကို လက်ခံလိုက်တယ်။

ဟိုဘက်မှာတော့ ယောင်ဟွမ်က စင်္ကြံလမ်းကနေတစ်ဆင့် အနောက်ဘက်ဆောင်ကို ရောက်လာခဲ့ပြီ။ ဖြတ်လာခဲ့တဲ့ တံခါးတွေမှာ တံခါးခုံတွေ မရှိတာကို သတိထားမိလိုက်တော့၊ မင်းသားဟွေ့ ဘီးတပ်ကုလားထိုင်နဲ့ သွားလာရလွယ်အောင် လုပ်ပေးထားတာပဲ ဖြစ်ရမယ်လို့ တွေးလိုက်မိလေတယ်။

မင်္ဂလာအခန်းဘက်မှာ အားလုံးအဆင်သင့်ဖြစ်သွားတော့ မိန်းမစိုးတစ်ယောက်က ကျောက်ဆွေ့ကို ဘီးတပ်ကုလားထိုင်နဲ့ မင်္ဂလာအခန်းဆီ တွန်းပို့ပေးလိုက်တာပေါ့

မင်္ဂလာခန်းဝင်ပွဲကို လာကြည့်ကြတဲ့ အမျိုးသမီးဧည့်သည်တွေထဲမှာတော့ ယုံချန်းဧကရာဇ်ရဲ့ ညီမတော် ဖူချန် မင်းသမီးကြီးရယ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မယ်တော်ကြီးရဲ့ ဆွေမျိုးဘက်ကဖြစ်တဲ့ ယုံချန်းဧကရာဇ်ရဲ့ ညီဝမ်းကွဲကတော် ချန်အန်းကုန်း ကတော်ရယ် ပါကြတယ်။ သူတို့နှစ်ယောက်က ကိုယ့်ချွေးမတွေကို အသီးသီး ခေါ်လာကြတာလေ။ မင်းသားခန်းရဲ့ ကိုယ်လုပ်တော် နှစ်ယောက်လည်း ရှိနေသလို၊ မိဖုရားခေါင်ကြီးကျိုးက မွေးတဲ့ ပထမမင်းသမီးနဲ့ တုကွေ့ဖေး မွေးတဲ့ ဒုတိယမင်းသမီးတို့လည်း ရောက်နေကြတယ်။

ဒီလူတွေအကုန်လုံးက နောင်တစ်ချိန်မှာ ယောင်ဟွမ် အမြဲတမ်းလိုလို ဆက်ဆံရမယ့် အမျိုးသမီးတွေချည်းပဲ။

ကျောက်ဆွေ့ရဲ့ ခြေထောက်အခြေအနေကြောင့် လူတွေရဲ့ အပြုံးတွေက နည်းနည်းတော့ မှေးမှိန်သွားကြတာပေါ့။ ကံကောင်းချင်တော့ နန်းတွင်းအမျိုးသမီးအရာရှိလေးက မင်္ဂလာရှိတဲ့ စကားတွေကို ပြောတတ်ဆိုတတ်တာမို့ မင်္ဂလာအခန်းလေးထဲမှာ ပျော်စရာကောင်းတဲ့ အငွေ့အသက်လေးတွေတော့ ရှိနေသေးတာပဲ။

ကျောက်ဆွေ့က ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်လျက်နဲ့ပဲ ခေါင်းဆောင်းပုဝါနီကို လှန်ဖယ်ပေးလိုက်တယ်။

ယောင်ဟွမ်က ကြင်ယာတော်ရွေးပွဲနေ့မှာ မင်းသားဟွေ့ကို မြင်ဖူးတယ်ဆိုပေမယ့်၊ ကမန်းကတန်း တစ်ချက်လောက်ပဲ အကဲခတ်ကြည့်ဖြစ်ခဲ့တာလေ။ ကျောက်ဆွေ့ သူမကို ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်ကလည်း ရေထက်တောင် ပိုပြီး ပေါ့ရွှတ်ရွှတ်နိုင်သေးတယ်။ စိမ်းသက်နေတဲ့ မိန်းမနဲ့ယောက်ျား နှစ်ယောက်က အမျိုးသမီးဧည့်သည်တွေရဲ့ တကယ့်စေတနာနဲ့ပဲဖြစ်ဖြစ်၊ ဝတ္တရားအရပဲဖြစ်ဖြစ် ပြောလာကြတဲ့ ချီးမွမ်းစကားတွေကြားထဲမှာပဲ မင်္ဂလာဦး ခွက်ချင်းယှက်အရက်ကို အတူတူ သောက်လိုက်ကြတယ်။ ဒီထုံးစံလေးတွေ ပြီးသွားတော့ ကျောက်ဆွေ့က ဧည့်ခံဖို့ အရှေ့ဘက်ဆောင်ကို ပြန်ထွက်သွားတာပေါ့။ ယောင်ဟွမ်ကတော့ ပေါ့ပေါ့ပါးပါး ပွဲတက်ဝတ်စုံလေး တစ်စုံကို လဲဝတ်လိုက်ပြီး၊ ဖူချန်မင်းသမီးကြီးတို့နဲ့အတူတူ ညစာစားပွဲကို ဆင်နွှဲလိုက်တော့တယ်။

မင်္ဂလာရှိတဲ့နေ့ကြီးမှာ ဘယ်သူကမှတော့ တမင်သက်သက် စိတ်ပျက်စရာကောင်းအောင် မလုပ်ကြပါဘူး။ ဒါပေမဲ့ ဖူချန်မင်းသမီးကြီးနဲ့ ဒုတိယမင်းသမီးတို့ရဲ့ အကြည့်တွေထဲမှာ သူတို့အချင်းချင်းပဲ သိတဲ့ လျှို့ဝှက်ချက်လေးတစ်ခုခုကို ဖုံးကွယ်ထားသလိုမျိုး ယောင်ဟွမ် တိုးတိုးတိတ်တိတ် ခံစားမိနေတယ်။ အဲဒါကလည်း မင်းသားဟွေ့နဲ့ ပတ်သက်နေဖို့ များတာပေါ့။

ဖူချန်မင်းသမီးကြီး : "..."

ဒီညက မောင်နှံသစ်နှစ်ယောက်အတွက် နေ့ထူးနေ့မြတ်ကြီးဖြစ်နေတာရယ်၊ ယောင်ဟွမ်ဘက်ကလည်း ပြင်ဆင်စရာလေးတွေ ရှိနေသေးတာရယ်ကြောင့်၊ အမျိုးသမီးဧည့်သည်တွေက နည်းနည်းပါးပါး စားသောက်ပြီးတာနဲ့ အလိုက်တသိပဲ နှုတ်ဆက်ပြန်သွားကြတာပေါ့။ အမျိုးသားဧည့်သည်တွေဘက်မှာကျတော့လည်း ဘယ်လောက်ပဲအရက်ကြိုက်တဲ့သူဖြစ်ဖြစ် ဘီးတပ်ကုလားထိုင်ပေါ်က မင်းသားဟွေ့ကို အရက်အတင်းမတိုက်ရဲကြဘူးလေ။ ဂုဏ်ပြုတဲ့အနေနဲ့ နည်းနည်းပါးပါးပဲ သောက်ကြပြီး၊ စားသောက်ရင်း စကားစမြည်ပြောဖို့ကိုပဲ အာရုံစိုက်လိုက်ကြတော့တယ်။ ပြီးတော့ သတို့သားကိုလည်း စောစောစီးစီးပဲ အနားယူခွင့်ပေးလိုက်ကြတာပေါ့။

ရေမိုးချိုး၊ အဝတ်အစား သေသေချာချာ ပြန်လဲဝတ်ထားတဲ့ ယောင်ဟွမ်ကတော့ အနီရဲရဲ မင်္ဂလာစောင်ကြီး ခင်းထားတဲ့ ကုတင်စွန်းမှာ ထိုင်ရင်း၊ လက်နှစ်ဖက်ကို ဂနာမငြိမ်စွာနဲ့ ပွတ်သပ်လိမ်ယှက်နေမိတော့တာပဲ။

သမားတော်ကြီး သင်ပေးသွားတာတွေကို သူမအကုန်တတ်နေပါပြီ။ ပြဿနာက မင်းသားဟွေ့တကယ်ရော ဒချိနိုင်ပါ့မလား ဆိုတာပဲလေ။

ယောင်ဟွမ်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်ပြီး စပ်စုချင်တာ၊ မျှော်လင့်နေတာမျိုးတော့ မရှိပါဘူး။ မင်းသားဟွေ့ တကယ်မစွမ်းဆောင်နိုင်ဘူးဆိုရင်တောင် ဒီအိမ်ထောင်ရေးက သူမကို တစ်သက်လုံး စည်းစိမ်ချမ်းသာတွေ ပေးနိုင်မှာမို့ သူမကျေနပ်နေပါပြီ။ သူမကြောက်တာ တစ်ခုတည်းပဲရှိတယ်။ မင်းသားဟွေ့သာ မဒချိနိုင်ဘူးဆိုရင် ပွဲသိမ်းပြီ။ ခြေထောက်နှစ်ဖက်လုံး အသုံးမဝင်တော့တာထက် ယောက်ျားတစ်ယောက်ရဲ့ သိက္ခာကို ပိုပြီးကျဆင်းစေတဲ့ ဒီလျှို့ဝှက်ချက်ကြီးကို သူမ သိသွားမှာလေ။ ဒါဆို မင်းသားဟွေ့က သူမကို မျက်မုန်းကျိုးသွားလေမလား။

လင်မယားနှစ်ယောက်ကြား အဆင်ပြေပြေ သဟဇာတဖြစ်ဖို့အတွက်ပဲဆိုဆို ယောင်ဟွမ်က မင်းသားဟွေ့ကို တကယ်ပဲ ဒချိနိုင်စေချင်တာပါ။ တကယ်လို့ မစွမ်းဆောင်နိုင်ဘူးဆိုရင်လည်း သူမကို ကြိုပြီး အရိပ်အမြွက်လေး ပေးစေချင်တာပေါ့။ ယောင်ဟွမ်ကတော့ ကိုယ့်သေတွင်းကိုယ်တူးပြီး သွားစမ်းသပ်ကြည့်မှာ လုံးဝမဟုတ်ဘူးလေ။

"ဝမ်ဖေး... ဝမ်ရယ် ကြွလာပါပြီ!"

အားကျီက အပြင်ဘက်ကနေ ခြေသံလုံလုံနဲ့ ပြေးဝင်လာပြီး တိုးတိုးလေး သတိပေးလိုက်တယ်။

ယောင်ဟွမ်ရဲ့ စိတ်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားတာပေါ့။ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်ပြီးတော့၊ ဝမ်ရယ်ကို ဆီးကြိုဖို့ အပြင်ဘက်ကို ကိုယ်တိုင် ထွက်လာခဲ့လိုက်တော့တယ်။

စင်္ကြံလမ်းတစ်လျှောက်နဲ့ အိမ်မိုးစွန်းတွေအောက်မှာ အနီရဲရဲ ပန်းမီးပုံးတွေ ချိတ်ဆွဲထားတယ်။ ယောင်ဟွမ် ဧည့်ခန်းတံခါးဝကို ရောက်သွားတော့၊ လေတိုက်လို့ လှုပ်ခါနေတဲ့ မီးရောင်အောက်မှာ လူတစ်ယောက် တွန်းပေးလာတဲ့ မင်းသားဟွေ့ကို လှမ်းမြင်လိုက်ရတယ်။ အနီရဲရဲ မင်္ဂလာဝတ်စုံကြီး ဝတ်ထားတာတောင်မှ သူ့ရဲ့ ရုပ်ချောချောလေးက နည်းနည်း ဖြူရော်နေသလိုပဲ။ နေလို့ပဲ မကောင်းတာလား၊ တစ်နေ့လုံး ဟိုပြေးဒီလွှားနဲ့ ပင်ပန်းသွားလို့လားတော့ မသိဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ် ရပါတယ်၊ စိတ်ထဲမှာ တစ်ခုခု မကျေမနပ်ဖြစ်နေတာမျိုးပဲ လုံးဝမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတာပေါ့။

ဘီးတပ်ကုလားထိုင်က တံခါးဝကို ရောက်လာတော့ ဟွားမေတို့ လေးယောက်က ဒူးညွှတ်ပြီး အရိုအသေပေးလိုက်ကြလေတယ်။

ယောင်ဟွမ်ကလည်း အားကျီကိုခေါ်ပြီး ရိုရိုသေသေပဲ အရိုအသေပေးလိုက်တယ်။

ကျောက်ဆွေ့က ခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်ကနေ ဘီးတပ်ကုလားထိုင် တွန်းပေးနေတဲ့ ကုန်းကုန်းကို ယောင်ဟွမ်နဲ့ အရင်ဆုံး မိတ်ဆက်ပေးတယ်။ "သူ့နာမည်က ချင်းအိုက် တဲ့၊ တစ်လှည့်စီ ကိုယ့်ရဲ့ စားဝတ်နေရေး ကိစ္စတွေကို ဖေးချွမ်နဲ့ အလုပ်အကျွေးပြုပေးတဲ့သူ"

အရာရှိမိသားစုက သခင်မလေးတွေအတွက် မိန်းမစိုးတွေ အနားကပ်တာကို အကျင့်မပါလောက်ဘူးဆိုပေမယ့်၊ ကျောက်ဆွေ့ရဲ့ အခုအခြေအနေအရဆိုရင်တော့ ဝမ်ဖေးရဲ့ အိပ်ခန်းထဲ ဝင်ထွက်တဲ့အခါ ကုန်းကုန်းနှစ်ယောက်ကို ခေါ်သွားရုံကလွဲလို့ တခြားမရှိဘူးလေ။

ယောင်ဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး မှတ်ထားလိုက်ပါပြီဆိုတဲ့ သဘောကို ပြလိုက်လေတယ်။

ပြီးတော့ ကျောက်ဆွေ့က ဟိုအစေခံမလေးတွေကို ဆက်ပြောတယ်။ "ပန်ကုန်း(ငါကိုယ်တော်) က တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျတယ်။ သာမန်အချိန်တွေမှာ ဘာမှမခိုင်းထားဘူးဆိုရင် မင်းတို့တွေ အပြင်ဘက်မှာပဲ အသင့်စောင့်နေကြရင် ရပြီ"

အားကျီနဲ့ ဟွားမေအပါအဝင် ငါးယောက်လုံးက "ဟုတ်ကဲ့ပါရှင်" လို့ ပြိုင်တူဖြေလိုက်ကြတာပေါ့

ကျောက်ဆွေ့က အထဲကို လှမ်းကြည့်လိုက်တော့၊ ချင်းအိုက်ကလည်း အလိုက်တသိနဲ့ပဲ သူ့ကို အထဲတွန်းပို့ပေးလိုက်တော့တယ်။

ယောင်ဟွမ်ကတော့ နောက်ကနေ တစ်ယောက်တည်း လိုက်သွားရင်း သတိထားပြီး အကဲခတ်နေတာပေါ့။

အိပ်ခန်းထဲ ရောက်သွားတော့ ကျောက်ဆွေ့ဆီက ဘာလှုပ်ရှားမှုလေးမှလည်း မတွေ့ရသလို ဘာစကားပြောသံမှလည်း မကြားရဘူး။ ဒါပေမဲ့ ချင်းအိုက်က သူ့စိတ်ကို အကုန်သိနေတဲ့အတိုင်း ဘီးတပ်ကုလားထိုင်ကို အမိုးပါတဲ့ ကုတင်ကြီးအနားအထိ တန်းပြီး တွန်းသွားတော့တာပဲ။

ဘီးတပ်ကုလားထိုင်ရဲ့ နောက်မှီက ကုတင်စွန်းနဲ့ ကပ်လျက်ဖြစ်သွားတယ်။ ချင်းအိုက်က ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ နောက်မှီက ကျသွားပြီး၊ ကျောက်ဆွေ့က လက်နှစ်ဖက်နဲ့ ကုတင်စွန်းကို ထောက်ရင်း ကိုယ့်ဘာသာကိုယ် ကုတင်ပေါ်ကို တက်ထိုင်လိုက်လေတယ်။

ယောင်ဟွမ် အာရုံစိုက်ပြီး ကြည့်နေတုန်း ရုတ်တရက်ကြီး ကျောက်ဆွေ့က မျက်လုံးပင့်ကြည့်လာတာမို့ ယောင်ဟွမ် ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး အမြန်ပဲ အကြည့်လွှဲလိုက်ရတော့တယ်။

"ထွက်သွားတော့"

"ဟုတ်ကဲ့ပါ"

ချင်းအိုက်က အမိန့်ကိုနာခံပြီး ဘီးတပ်ကုလားထိုင်ကို ကုတင်ခေါင်းရင်းမှာ ဘေးတစောင်း ထားပေးလိုက်တယ်။ ပြီးတော့ ယောင်ဟွမ်ဘက်လှည့်ပြီး အရိုအသေပေးကာ ထွက်သွားလေရဲ့။

အမိုးပါတဲ့ ကုတင်ကြီးက အတွင်းဘက်ကုတင်နဲ့ အပြင်ဘက်ကြမ်းပြင်ဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ ယောင်ဟွမ်က အပြင်ဘက် လက်ရန်းဘေးမှာ ရပ်ပြီး ဝမ်ရယ်ခိုင်းမယ့်အလုပ်ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတာပေါ့။

ကျောက်ဆွေ့ဆိုတာ အရင်ကတည်းက စကားပြောရတာ သိပ်မကြိုက်တဲ့လူလေ။ ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း မလိုအပ်တဲ့စကား တစ်ခွန်းတောင် ပိုမပြောတော့ဘူး။ ဒါပေမဲ့ အဲဒီဘက်မှာ ရပ်နေတဲ့ မိန်းကလေးက သူအသစ်လက်ထပ်ထားတဲ့ ဝမ်ဖေးဖြစ်နေပြီ။ ပြီးတော့ သူ့ထက် အသက်ကလည်း ခြောက်နှစ်တောင် ငယ်သေးတယ်။ သူ့ဘာသာသူတောင် လန့်နေရှာတာဆိုတော့၊ ကျောက်ဆွေ့က သူမကို ထပ်ပြီး မလန့်သွားစေချင်တော့ဘူး။ (ဒါဆို မင်းသားက၂၃နှစ်ပေါ့)

သူက ကုတင်ခေါင်းရင်းကို မှီထိုင်လိုက်ပြီး၊ ခြေထောက်နှစ်ဖက်ကို ဆန့်တန်းထားတယ်။ ခြေထောက်နဲ့ ကုတင်စွန်းကြားမှာ လက်ဝါးနှစ်ဖက်စာလောက် အကွာအဝေးတော့ ချန်ထားသေးတာပေါ့။

ယောင်ဟွမ်ကို တစ်ချက်ကြည့်လိုက်ပြီး၊ ကျောက်ဆွေ့က ကုတင်စွန်းကို ပုတ်ရင်း "လာလေ... လာထိုင်" လို့ ခေါ်လိုက်တယ်။

ယောင်ဟွမ်လည်း ကြောက်ကြောက်နဲ့ပဲ လျှောက်လာပြီး ဘေးတစောင်းလှည့်ရင်း ထိုင်လိုက်တယ်။ တင်ပါးတစ်ဝက်ကိုပဲ ချထိုင်ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ အပြင်ဘက်ထုတ်ထားလိုက်တာပေါ့။ တစ်ဖက်လူရဲ့ ခြေထောက်ကို မထိမိအောင် အတတ်နိုင်ဆုံး ရှောင်ထိုင်လိုက်တာလေ။

ဖယောင်းတိုင်မီးရောင်က ပန်းပုထွင်းထားတဲ့ ပြတင်းပေါက်လေးကနေတစ်ဆင့် ကုတင်ကြီးပေါ်ကို  ဖြတ်သန်းဝင်ရောက်လာတယ်။ ဘေးတစောင်း ထိုင်နေတဲ့ ဝမ်ဖေးရဲ့ မျက်နှာတစ်ခြမ်းက အလင်းရောင်ထဲမှာရှိနေပြီး ပါးနီရောင်လို နီသွေးနေတာကို မြင်နေရလေရဲ့။ အမှောင်ထဲမှာရောက်နေတဲ့ မျက်နှာတစ်ခြမ်းကတော့ နူးညံ့ချောမွတ်ပြီး ကျောက်စိမ်းလေးလို အရောင်လက်နေတာပေါ့။

သူ့မ မျက်တောင်လေးတွေက အရမ်းရှည်ပြီး၊ စိပ်စိပ်လေးတွေကိုမှ အောက်ကို စိုက်ကျနေတာ။ တစ်ခါတစ်လေဆို တုန်ယင်သွားတတ်သေးတယ်။

သူ့ရဲ့ နှုတ်ခမ်းလေးတွေက နီရဲစိုစွတ်နေပြီး ကြည့်ရတာ အရမ်းနူးညံ့မယ့်ပုံပဲ။

သူမက ခေါင်းလေး ငုံ့ထားပေမယ့် ရှည်လျားဖြူဖွေးနေတဲ့ လည်တိုင်လေးကိုတော့ ဖုံးကွယ်မထားနိုင်ဘူးလေ။ တန်ဖိုးကြီး ပိုးသားဝတ်စုံက သူမခန္ဓာကိုယ်လေးမှာ နူးနူးညံ့ညံ့ ကပ်နေပြီး၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တွေဆီကနေ ဒဏ္ဍာရီထဲက အပျိုစင်လေးတွေရဲ့ ကိုယ်သင်းနံ့ပါတဲ့ ကိုယ်ငွေ့နွေးနွေးလေးက သူ့ဆီကို တိုက်ခတ်လာသလိုပဲ။

ကျောက်ဆွေ့က အကဲခတ်နေတာကို ရပ်လိုက်ပြီး၊ သူမရဲ့ မျက်တောင်လေးတွေကို ပြန်ကြည့်ရင်း မေးလိုက်လေတယ်။ "ကြင်ယာတော်ရွေးပွဲနေ့တုန်းက၊ မင်းက စည်းကမ်းတွေကို မေ့ပြီး လျှောက်ကြည့်နေခဲ့တာလား၊ ဒါမှမဟုတ် အဲဒီအချိန်ကတည်းက ကိုယ့်ကို လက်ထပ်ချင်နေခဲ့တာလား"

ယောင်ဟွမ်က သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး အမှန်တိုင်းပဲ ဖြေလိုက်တယ်။ "အဲဒီအချိန်ကတည်းက ဝမ်ရယ်ကို လက်ထပ်ချင်နေခဲ့တာပါ"

ကျောက်ဆွေ့ : "ဘာဖြစ်လို့လဲ"

မင်္ဂလာဆောင်ဖို့ စောင့်နေတုန်းကတော့ မင်္ဂလာဦးညမှာ မင်းသားဟွေ့က ဒီလိုမေးခွန်းမျိုးမေးလိမ့်မယ်လို့ ယောင်ဟွမ် ထင်မထားခဲ့ဘူးလေ။ အခုလို အနီးကပ်ကြီး မင်းသားဟွေ့ စိုက်ကြည့်တာကို ခံနေရတော့၊ သူမ ဉာဏ်ကောင်းကောင်းနဲ့ ဆင်ခြေပေးဖို့လည်း အချိန်မရလိုက်ဘူး။ နားထောင်လို့ မကောင်းတဲ့ အမှန်တရားကိုလည်း ပြောလို့မရပြန်ဘူး။ ဒီလိုနဲ့ မျက်နှာတွေပူထူလာပြီး ခေါင်းကို ပိုငုံ့လိုက်မိတော့တယ်။ သူမမှာ ရှက်တာကိုတောင် ဂရုမစိုက်နိုင်တော့ဘူး။ "ဝမ်ရယ်က ရုပ်ချောတာလေ... မြင်မြင်ချင်းပဲ ကျွန်မ သဘောကျသွားတာ" လို့ ပြောချလိုက်တော့တယ်။ (ပြောပါတယ် နို့ကကြီးပြီး ဦးနှောက်ပါမလာ ပါဆို။ ကျန်တဲ့နေရာတွေသာ ဉာဏ်ကောင်းတာ။ မင်းသားကိုဆို သူအသေကြောက်)

ကျောက်ဆွေ့ : "..."

သူ သိပ်တော့မယုံပေမယ့်၊ သူမရဲ့ ရှက်သွေးဖြာနေတဲ့ ပုံစံလေးကလည်း ဟန်ဆောင်ထားတာနဲ့ မတူဘူးလေ။

တကယ်တော့ အမှန်တရားက ဘာပဲဖြစ်ဖြစ် သိပ်အရေးမကြီးပါဘူး။ သူတို့နှစ်ယောက်က မင်္ဂလာဆောင်ပြီးသွားပြီဆိုတော့၊ ဒီကနေ့ကစပြီး လင်မယားတွေ ဖြစ်သွားကြပြီပဲလေ။

"အချိန်လည်း မစောတော့ဘူး၊ မီးသွားငြိမ်းလိုက်တော့၊ နားကြတာပေါ့"

ယောင်ဟွမ်လည်း ကြားတာနဲ့ ချက်ချင်းပဲ သွားလုပ်လိုက်လေတယ်။

တန်းစီနေတဲ့ ဖယောင်းတိုင်မီးတွေကို ငြိမ်းသတ်လိုက်ပြီး၊ တိတ်တိတ်ဆိတ်ဆိတ် လောင်ကျွမ်းနေတဲ့ မင်္ဂလာဖယောင်းတိုင် တစ်စုံကိုပဲ ချန်ထားခဲ့တာပေါ့ ယောင်ဟွမ် အမိုးပါတဲ့ ကုတင်ကြီးဆီကို ပြန်လျှောက်လာတဲ့အခါမှာတော့၊ မင်းသားဟွေ့က စောင်ခြုံပြီး လှဲနေပြီ။ ဘေးနားက ဘီးတပ်ကုလားထိုင်ပေါ်မှာတော့ အနီရောင် ပိုးသားဘောင်းဘီတစ်ထည်ကို တင်ထားလေရဲ့။

ယောင်ဟွမ် စိတ်ထဲမှာ လှုပ်ရှားသွားတယ်။ သူ့ဘာသာသူ ဘောင်းဘီချွတ်ထားတယ်ဆိုတော့၊ ကြည့်ရတာ လုပ်နိုင်တယ်ဆိုတဲ့ သဘောပေါ့?

စွမ်းဆောင်နိုင်တယ်ဆိုရင်လည်း စွမ်းဆောင်နိုင်တဲ့အလျောက် စိတ်လှုပ်ရှားရပေမယ့်၊ ယောင်ဟွမ်ကတော့ ဝမ်းမသာဘဲ မနေနိုင်ဘူး။ ဒချိနိုင်တာ ကောင်းတာပေါ့၊ ဒါမှလည်း သူမ လက်သိုင်းတွေ လျှာသိုင်းတွေကျွေးစရာ မလိုတော့မှာ။!

(Warning ပေးဖို့တောင် နောက်ကျသွားပြီ။ ဒီဝတ္ထုက smut မဟုတ်ပေမယ့် adult contentနည်းနည်းတော့ ပါပါမယ်။ အသားလေး ပိစိကျွေးတယ်ပေါ့ကွယ်။ လင်မယားဘဝဆိုတော့လည်း သိတယ်မလား။ တို့အသည်းလေးတွေ ကြိုက်ကြမယ် ထင်ပါတယ် ခေ့ခေ့)

သမားတော်ကြီးရဲ့ မှာကြားချက်တွေက နားထဲမှာ ကြားယောင်နေဆဲပဲ။ ဝမ်ရယ်က ခြေထောက် အဆင်မပြေတော့၊ သူ့ကို မရှက်ဖို့၊ ဝမ်ရယ် အလုပ်မရှုပ်ရအောင် သေချာပေါက် ကိုယ့်ဘက်ကနေ စတင်ဦးဆောင်ပေးဖို့ မှာထားတာလေ။

ဝမ်ရယ်တောင် အလောတကြီး ဘောင်းဘီချွတ်ထားပြီဆိုတော့၊ အပြည့်အဝ ပြင်ဆင်ထားတဲ့ ယောင်ဟွမ်က ကုတင်ခြေရင်းကနေ အတွင်းဘက်ကို တိုးဝင်သွားပြီး၊ ဝမ်ရယ်ကို ကျောခိုင်းရင်း ထိုင်လိုက်လေတယ်။ အရင်ဆုံး အရောင်တူ အနီရောင် ပိုးသားညအိပ်ဘောင်းဘီကို ချွတ်လိုက်ပြီး၊ အပေါ်ထပ် အနီရောင် ပိုးသားအင်္ကျီကိုပါ ထပ်ချွတ်လိုက်တာပေါ့ ခြေထောက်မကောင်းတဲ့ ဝမ်ရယ် လွယ်လွယ်ကူကူ ဖြုတ်လို့ရအောင် ရင်ခံအင်္ကျီငယ်လေး တစ်ထည်ကိုပဲ ချန်ထားခဲ့လိုက်တယ်။

အမိုးပါတဲ့ ကုတင်ကြီးထဲမှာ အလင်းရောင်က မှိန်ပျပျဖြစ်နေပေမယ့် မြင်သင့်တာရော မမြင်သင့်တာတွေကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရတယ်လေ။

ယောင်ဟွမ် တက်လာပြီး ဘာသံမှမထွက်ဘဲ ဘောင်းဘီချွတ်လိုက်ကတည်းက၊ ကျောက်ဆွေ့ အပြင်ဘက်ကို အကြည့်လွှဲလိုက်တယ်။ သူ့ရဲ့ ထူးခြားတဲ့ အခြေအနေကြောင့်၊ သူ() တစ်ခုခု သင်ကြားပြသခံခဲ့ရလောက်တယ်လို့ ခန့်မှန်းမိလိုက်လို့လေ။

ဘေးနားကနေ လှုပ်ရှားသံကြားလိုက်ရတော့မှပဲ ကျောက်ဆွေ့က မျက်လုံးထောင့်ကနေ အကဲခတ်ကြည့်လိုက်တော့တယ်။ သူ့ဆီကို မှီတွယ်လာတော့မယ့် သူမကို မြင်လိုက်ရတော့၊ ကျောက်ဆွေ့က ခေါင်းကိုစောင်းလိုက်ပြီး "သေချာလှဲနေ... လျှောက်မလှုပ်နဲ့" လို့ အချိန်မီ တားလိုက်လေရဲ့

သူက အသုံးမကျတဲ့သူ ဖြစ်သွားပြီဆိုပေမယ့်လည်း၊ အရာအားလုံးကို ကိုယ့်ရဲ့ ဝမ်ဖေးကနေချည်းပဲ ဦးဆောင်လုပ်ပေးရတဲ့အထိတော့ အသုံးမကျတဲ့သူ မဟုတ်သေးဘူး။

သေမင်းကိုတောင် အန်တုရဲတဲ့ သတ္တိမျိုး မွေးထားတဲ့ ယောင်ဟွမ်ခမျာ အဲဒီလို ခပ်တိုးတိုး ငေါက်လိုက်သံကြောင့် မီးတောက်လေး ရုတ်တရက် ငြိမ်းကျသွားသလို ဖြစ်သွားရှာတယ်။ သိပ်မကြည်လင်တဲ့ မင်းသားဟွေ့ရဲ့ မျက်နှာကို ကြည့်ပြီး၊ သူမလည်း ဘာမှန်းမသိဘဲ အသာလေး လှဲအိပ်လိုက်ရတာပေါ့ ပြီးတော့ သူမဘေးနားက ပိုနေတဲ့ စောင်ကို တိတ်တိတ်လေး ဆွဲယူပြီး လည်ပင်းရောက်တဲ့အထိ ခြုံထားလိုက်သေးတယ်။

ကျောက်ဆွေ့က "ဟိုဘက်လှည့်... ဘေးတစောင်းလှဲနေ" လို့ ပြောလိုက်လေတယ်။

ဝမ်ရယ်ရဲ့စကားက အာဏာပဲလေ။ ယောင်ဟွမ်လည်း စကားနားထောင်ပြီး ဘေးတစောင်းလေး လှည့်အိပ်ပေးလိုက်တော့တယ်။

လက်တစ်ဖက်က သူမရဲ့ လည်ပင်းနဲ့ ခေါင်းအုံးကြားထဲကို တိုးဝင်လာပြီး၊ ကျယ်ပြန့်တောင့်တင်းတဲ့ ရင်အုပ်ကြီးက သူမရဲ့ ကျောပြင်မှာ လာကပ်နေတယ်။ သူ့ဆီက အသက်ပြင်းပြင်းရှူလိုက်သံ တစ်ချက်နဲ့အတူ၊ လေးလံတဲ့ ခြေထောက်တစ်ဖက်က သူမရဲ့ ခြေထောက်တွေပေါ်ကို လွှဲတင်လာတယ်။

နှစ်ယောက်လုံးက ဘောင်းဘီ ဝတ်မထားကြတော့၊ ရေလိုအေးစက်နေတဲ့ မင်းသားဟွေ့ရဲ့ ခြေထောက်အထိအတွေ့ကြောင့် ယောင်ဟွမ် လန့်သွားတယ်။

အဲဒီအချိန်မှာပဲ နွေးထွေးတဲ့ လက်ဖဝါးကြီးတစ်ဖက်က ရှေ့ဘက်ကနေ သိုင်းဖက်လာပြီး၊ သူမရဲ့ ပူထူနေတဲ့ မျက်နှာလေးကို ဆုပ်ကိုင်လိုက်တယ်။