အပိုင်း ၇
Viewers 447

ကျောက်ဆွေ့ရဲ့ အရပ်ကြီးက အတော့်ကိုရှည်တာလေ။ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်း

ခန္ဓာကိုယ်က နည်းနည်းပိန်ပါးသွားတယ်ဆိုပေမဲ့ ဘီးတပ်ကုလားထိုင်ပေါ်

ထိုင်နေရတဲ့အချိန်မှာတောင်မှ ဟိုပိန်ညောင်ညောင်

စာပေသမားတွေထက်တော့ အများကြီးတောင့်တင်းနေသေးတာပါပဲ။

 

ယောင်ဟွမ်ရဲ့ အနားကို ရောက်နေတဲ့ သူ့ခြေထောက်တွေက သူ့သဘောအတိုင်း

လှုပ်ရှားလို့မရတော့ဘူး။

အဲဒီတော့ သူ့ခန္ဓာကိုယ်ကြီးက ကောင်မလေးကိုယ်ပေါ်ကို

အိကျသွားတော့တာပဲ။ ဟန်ချက်ပျက်မသွားအောင်လို့

သူ့ရဲ့ဘယ်ဘက်တံတောင်ဆစ်ကို

ကောင်မလေးရဲ့လည်ပင်းနားမှာ

အားပြုထောက်ထားလိုက်ရပြီး ညာဘက်လက်ကိုတော့ တခြားကိစ္စလေးတွေလုပ်ဖို့

လွတ်လွတ်လပ်လပ် ချန်ထားလိုက်ရတာပေါ့။

 

တစ်သက်လုံး သိုင်းပညာတွေချည်း လေ့ကျင့်လာခဲ့တဲ့ သူ့ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့

ပခုံးကြီးတွေက ယောင်ဟွမ်ရဲ့ကိုယ်လေးနဲ့ အတင်းကိုပူးကပ်နေတော့တာပဲ။

သူ့ညာဘက်ပခုံးက ကောင်မလေးရဲ့ပခုံးထက် နည်းနည်းလေး ပိုမြင့်နေတော့

ကောင်မလေးရဲ့ ဘေးတိုက်မျက်နှာလေးကို အလွယ်တကူ ငုံ့ကြည့်လို့ရနေတာပေါ့။

ကောင်မလေးကတော့ စိတ်လှုပ်ရှားနေလို့လား၊ ဒါမှမဟုတ်

ရှက်ပဲရှက်နေလို့ပဲလားတော့မသိပါဘူး၊

မျက်လုံးနှစ်လုံးကိုအတင်း စုံမှိတ်ထားပါလေရော။

သူ့အကြည့်တွေကလည်း အောက်ဘက်ကို တဖြည်းဖြည်း ရောက်သွားတာပေါ့ အဲဒီမှာတင် ကောင်မလေးရဲ့ ချောမွေ့ဝိုင်းစက်နေတဲ့ ပခုံးသားလေးတွေရယ်၊ ရင်ဘတ်ကို ကာကွယ်တဲ့အနေနဲ့ ကြက်ခြေခတ်လေး ယှက်ထားတဲ့ လက်လေးတွေကိုပါ တွေ့လိုက်ရတော့တယ်။

 

ခဏလေး ဝေ့ကြည့်လိုက်တဲ့ အကြည့်တစ်ချက်မှာတင် ရဲရဲတောက် ပိုးသားရင်ခံလေးကလွဲရင် ကောင်မလေးရဲ့ အသားအရည်က ကျခါစနှင်းပွင့်လေးတွေလို ဖြူဖွေးနုဖတ်နေတာပဲ။

 

ကောင်မလေးရဲ့ မျက်နှာလေးဆီ အကြည့်ပြန်ရွှေ့လိုက်တော့လည်း နန်းတွင်းသူအလှလေးတွေကြားထဲမှာတောင် ရွှေစင်ရုပ်လေးလို ထင်းထွက်နေမယ့် အလှတရားလေးဖြစ်နေတာကို သွားသတိထားမိလိုက်ပြန်ရော။

 

ဒါပေမဲ့ ကျောက်ဆွေ့ရဲ့ မျက်နှာကြီးက ချက်ချင်းဆိုသလို တည်တင်းသွားတော့တာပေါ့။ ခုနက နှစ်ယောက်သား ထိတွေ့မိလို့ ပူနွေးနေတဲ့ အငွေ့အသက်လေးက ချက်ချင်းဆိုသလို

လေးလံထိုင်းမှိုင်းတဲ့ ခံစားချက်ကြီးတစ်ခုအဖြစ် အေးစက်သွားတော့တယ်။

 

တကယ်လို့ သူ့ခြေထောက်နှစ်ဖက်သာ ပုံမှန်အတိုင်း အကောင်းပကတိဖြစ်နေမယ်ဆိုရင် ဒီလိုအလှတရားမျိုးကို တုံ့ဆိုင်းမနေဘဲ သိမ်းပိုက်မိမှာ အမှန်ပဲ။ ဒါပေမဲ့ အခုတော့... လှပနုနယ်တဲ့ ပျိုနီပန်းပွင့်လေးကို သူလိုရွှံ့နွံကြီးက သွားပေကျံမိသလို ခံစားလိုက်ရတယ်လေ။

 

ဒီတော့ သူ ရှေ့ဆက်ပြီး ဘာမှမလုပ်ချင်တော့ဘူး။

 

ဒါပေမဲ့ ဒီလို ရှေ့ဆက်မတိုးတော့ဘူးဆိုတဲ့ ငြင်းဆန်မှုကို ကောင်မလေးဘက်ကစပြီး

လုပ်လာတာမျိုးပဲ ဖြစ်သင့်တာလေ။ သူက မင်းသားတစ်ပါး ဖြစ်နေတဲ့အတွက်

အသစ်စက်စက် ဇနီးသည်လေးကို အကြောင်းပြချက်မရှိဘဲ ဒီတိုင်းကြီးတော့ ပစ်ပယ်ထားလို့ မရဘူးမဟုတ်လား။

 

ဒီလိုနဲ့ သူ့လက်ကြီးက ကောင်မလေးရဲ့ ပါးပြင်လေးကို သွားထိမိလိုက်ရော။

 

ယောင်ဟွမ်လည်း လန့်ပြီး အလိုလို နောက်ကို တွန့်ခနဲ ဆုတ်သွားတော့တာပေါ့။

နန်းတွင်းသမားတော်ကြီးဆီကနေ ညွှန်ကြားချက်တွေကို ဘယ်လိုပဲ

သင်ယူလာခဲ့ပါစေဦးတော့၊ ခုလို သူစိမ်းယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ

အဖက်ခံထားရပြီး ဟိုလူကြီးကလည်း သူမကိုယ်ပေါ်ကို မျက်စိအရသာခံ

ကြည့်နေတာမျိုးကြီးကျ ကြိုတင်မှန်းဆထားနိုင်ခဲ့တာမျိုးမှ မဟုတ်တာ။ သူမမှာ

မီးတောက်မီးလျှံတွေကြားထဲ ပိတ်မိနေသလို တစ်ကိုယ်လုံးကို ပူထူနေတာပဲ။

ရှူထုတ်လိုက်တဲ့ လေလေးတွေတောင်မှ ပူလောင်နေသလိုပဲလေ။

 

ရှက်သွေးဖြာပြီး နီရဲနေတဲ့ မျက်နှာလေးကို သူ့လက်ဖဝါးဆီကနေ ရုန်းဖယ်ဖို့ နောက်ကို

နည်းနည်းလေး ဆုတ်လိုက်မိတာတော့ ဟုတ်ပါရဲ့။ ကောင်မလေးရဲ့

ကျောပြင်လေးက ဟိုလူကြီးရဲ့ ရင်အုပ်ကျယ်ကျယ်ကြီးဆီကို

အတင်းပိုကပ်သွားသလို ဖြစ်နေတာကိုး။ အဲဒီမှာတင် ဟိုလူကြီးဝတ်ထားတဲ့

ခပ်ပါးပါး အနီရောင်ပိုးသားအင်္ကျီလေးကတစ်ဆင့် သူရဲ့

ပြင်းထန်နေတဲ့ နှလုံးခုန်သံ တဒိတ်ဒိတ်ကို ခံစားသိရှိလိုက်လေရဲ့။

ဒီတော့ သူမခမျာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်နဲ့ အကျပ်ရိုက်သွားတော့တာပေါ့။

 

အဲဒီအချိန်မှာပဲ ကျောက်ဆွေ့ဆီကနေ အရင်ကထက် အများကြီး ပိုနူးညံ့သွားတဲ့

အသံခပ်သြသြလေး ထွက်လာတယ်။ မင်း အဆင်သင့်

မဖြစ်သေးဘူးဆိုရင်လည်း မင်္ဂလာဦးညကိစ္စကို

နောက်ရွှေ့လိုက်လို့ ရပါတယ်။ ကိုယ် ဘာမှမလောပါဘူး

 

သူက သူ့မိန်းမလေးကို သူ့ရဲ့ မင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကြီးကြောင့် ကြောက်ရွံ့ပြီး မချစ်ဘဲ

အတင်းအကျပ် အလျှော့ပေးနေရတာမျိုး မဖြစ်စေချင်ဘူး။ သူသဘောဆန္ဒအတိုင်းပဲ

လွတ်လွတ်လပ်လပ် ရွေးချယ်စေချင်တာ။

 

ဒီစကားလည်း ကြားရော ယောင်ဟွမ်ခေါင်းထဲမှာ အတွေးတွေက ဝိုင်းဝိုင်း လည်လာတော့တာပါပဲ။

 

မလောပါဘူး ဆိုတာက တကယ်ပဲ စေတနာနဲ့ပြောတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်က ဒချိဒချိမလုပ်နိုင်တော့လို့ အခြေအနေကို

ဖုံးကွယ်ချင်လို့ ပြောတာလားပေါ့။ တကယ်လို့ ဒုတိယအချက်သာ အမှန်ဆိုရင်

ခုနလေးတင် သူ ဘောင်းဘီကို အမြန်ချွတ်ချလိုက်တာကလည်း ဟန်ပြသက်သက်ပဲ ဖြစ်ရမယ်။

ဒီလိုဆိုရင်တော့ ယောကျ်ားတစ်ယောက်ရဲ့ သိက္ခာကို ငဲ့ညှာတဲ့အနေနဲ့ သူမဘက်ကလည်း

အလိုက်တသိလေး ဟန်ဆောင်ပေးမှ ရမယ်လေ။

 

ဒါပေမဲ့လည်း... ခုနက သူမကိုယ်ပေါ်ကို သူ ဖိချလိုက်တုန်းကတော့ သမားတော်ကြီး

သင်ပေးတုန်းက သုံးခဲ့တဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ အလားသဏ္ဌာန်တူတဲ့

အရာတစ်ခုကို သူမ သေသေချာချာကြီးကို ခံစားမိလိုက်သားပဲဟာကို...။

 

ဪ... ဒါဆိုရင်တော့ သူ့ချို့ယွင်းချက်ကို ရွံရှာနေသလားဆိုတာ သိချင်လို့ တမင်သက်သက်စမ်းကြည့်တာပဲ ဖြစ်ရမယ်။

ဒီလိုနဲ့ မျက်စိနှစ်လုံးကို စုံမှိတ်ထားရာကနေ သူမက ခပ်တိုးတိုးလေးပဲ

ပြန်ဖြေလိုက်ပါတယ်။ မင်းသားကို လက်ထပ်ခွင့်ရတာက

ကျွန်မအတွက်တော့ ဘဝဆက်တိုင်း ဂုဏ်ယူစရာကိစ္စပါရှင်။ မင်းသား

သဘောရှိသလို လုပ်ဆောင်ဖို့ ကျွန်မ အဆင်သင့်ပါပဲ

စိတ်ထဲကနေတော့... ရှင် လုပ်နိုင်တယ်ဆိုရင်လည်း လုပ်လေ။ တယ်လို့ ပန်းသေနေတယ်ဆိုရင်လည်း  ရှင်နဲ့အတူတူ ဘာမှမသိနားမလည်တဲ့သူတစ်ယောက်လို ဟန်ဆောင်ပေးပါ့မယ်... လို့ တွေးနေတာပေါ့

 

သူမရဲ့ အသံလေးက တိုးဖျော့နေပေမဲ့ တုန်ယင်မနေဘဲ တည်ငြိမ်နေခဲ့တယ်။ မင်္ဂလာဦးညရဲ့ သီးသန့်ဆန်တဲ့ အချိန်လေးမှာ ရှက်ရှက်နဲ့ပဲ အခွင့်အရေး ပေးလိုက်တဲ့ သဘောမျိုးပေါ့။

 

အဲဒီတော့မှ ကျောက်ဆွေ့တစ်ယောက် ခဏလောက် ငြိမ်ကျသွားပြီး သူမရဲ့ မျက်နှာလေးကို လက်နဲ့ ထပ်ပြီး ပွတ်သပ်လာပြန်ရော။ ဒီတစ်ခါတော့ ကောင်မလေးက ရုန်းဖယ်တာမျိုး မလုပ်တော့ပါဘူး။

 

ခုနကမှ ငြိမ်းလုလုဖြစ်သွားတဲ့ မီးစလေးက တစ်ကျော့ပြန် တောက်လောင်လာခဲ့ပြီလေ။

မင်းသားရဲ့ နှုတ်ခမ်းတွေက သူမရဲ့ ပခုံးသားလေးတွေဆီ အတားအဆီးမဲ့ ရောက်ရှိလာတော့တယ်။

 

ယောင်ဟွမ်ခမျာ တစ်ကိုယ်လုံး တဆတ်ဆတ်နဲ့ကို တုန်ယင်သွားတာပေါ့။

 

မင်းသားရဲ့ အသက်ရှူသံတွေကလည်း ပိုပိုပြီး ပြင်းထန်လာခဲ့ပါလေရော။ သူ့ရဲ့

ဘယ်ဘက်တံတောင်ဆစ်ကို အနောက်ဘက်

နည်းနည်းရွှေ့လိုက်ပြီး ညာဘက်လက်ကိုသုံးရင်း ကောင်မလေးကို သူ့ဘက် အပြည့်အဝ ဆွဲလှည့်လိုက်တော့တယ်။ ဒီတော့မှပဲ ကောင်မလေးရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးက သူ့ရှေ့မှာ အတိုင်းသားလေး ပေါ်လာမှာလေ။

 

မင်းသားဟွေ့ ခေါင်းလေးကို ငုံ့ချလိုက်တဲ့ အချိန်ကျမှပဲ ယောင်ဟွမ်တစ်ယောက် သူမရဲ့ မျက်လုံးလေးတွေကို ရဲရဲဝံ့ဝံ့ ဖွင့်ကြည့်ရဲတော့တာပါပဲ။ အိမ်ထောင်ကျတယ်ဆိုတာ ဒါမျိုးကြီးကို ခေါ်တာလားပေါ့...။

 

ခဏလောက် တွေဝေသွားပြီးနောက်မှာတော့ သူမဘက်ကလည်း သူ့ကို တုံ့တုံ့ဆိုင်းဆိုင်းလေး ပြန်ဖက်ထားလိုက်မိတယ်။ လက်တစ်ဖက်က သူ့နားရွက်နားလေးကို အုပ်ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်ကတော့ သူ့ရဲ့ နက်မှောင်နေတဲ့ ဆံပင်တွေကြားထဲ ထိုးဖွထားလိုက်တာပေါ့။ ဟိုလူကြီးကတော့ ဒါတွေကို သတိထားမိပုံတောင် မပေါ်ပါဘူး။ သူ့အတွက် အထူးတလည် ချန်ထားပေးပါတယ်ဆိုတဲ့ ရင်ခံအင်္ကျီလေးကိုတောင် ဆွဲချွတ်ပစ်လိုက်တဲ့အထိ အလုပ်တွေ ရှုပ်နေတော့တာပဲ။

 

ယောင်ဟွမ်ခမျာ ရှက်လွန်းလို့ သေမတတ်ဖြစ်နေပြီ။ ဒါကြောင့် ဟိုလူကြီးရဲ့လက်တွေက နောက်ထပ် နယ်မြေသစ်တွေဆီ ကျူးကျော်လာတာကိုတောင် သေသေချာချာ သတိမထားမိလိုက်ဘူး။

ကြောက်စိတ်တွေလည်း ဒိုင်းခနဲ ထောင်းတက်လာပါလေရော။ သူ့ကို အတင်းတွန်းဖယ်ပစ်ချင်ပေမဲ့လည်း မတွန်းရဲဘူးလေ။

ငိုချင်လာလွန်းလို့ မျက်ရည်တွေတောင် ဝဲလာတဲ့အချိန်မှာပဲ ရုတ်တရက်ကြီး သူမကိုယ်လုံးလေးက ဘေးတစောင်းလေး အလှည့်ခံလိုက်ရတော့တယ်။

 

အဲဒီတော့မှပဲ မင်းသားဟွေ့တစ်ယောက် သူမကို အပိုင်သိမ်းတော့မယ်ဆိုတာကို

သဘောပေါက်သွားတော့တာပေါ့။

 

ဒီအချိန်မှာပဲ သမားတော်ကြီးရဲ့ သတိပေးစကားက နားထဲ ပြန်ကြားယောင်လာတယ်။

'အလိုမကျဖြစ်ပြီး ဒေါသထွက်လာမှာစိုးလို့ ဘာပဲဖြစ်ဖြစ်

အတင်းမရုန်းကန်ပါနဲ့' တဲ့လေ။

 

ပထမဆုံးအကြိမ်ဆိုတော့ အတော်လေးကို ခက်ခက်ခဲခဲ ကြိုးစားလိုက်ရတယ်။ အရာထင်သွားတဲ့ အချိန်မှာတော့ နှစ်ယောက်စလုံး ချွေးတွေရွှဲလို့ပါပဲ။

 

အဲဒီလို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလို့ပဲလား မသိပါဘူး၊ မင်းသားဟွေ့တစ်ယောက်

လှိုင်းတစ်လုံးပြီးတစ်လုံး ကြားထဲမှာ နားကိုမနားတော့ဘူး

 

ယောင်ဟွမ်ကလည်း ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူနဲ့အတူတူ သိုင်းပညာတွေ လေ့ကျင့်ခဲ့ရလို့ ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုပေမဲ့

ဒီလိုနာကျင်မှုမျိုးကျတော့ တစ်ခါမှ မကြုံဖူးဘူးကိုး။ ဒီတော့ ပထမဆုံးအကြိမ်မှာတင် မအောင့်နိုင်တော့ဘဲ တရှုံ့ရှုံ့နဲ့ကို ငိုချလိုက်မိတော့တယ်။

သူ ဒေါသထွက်ချင်လည်း ထွက်ပါစေတော့၊ လူကို ဒီလောက်တောင် အနိုင်ကျင့်ရက်ရသလား။

 

ဒါပေမဲ့ အခုကျတော့ သူ့ရဲ့ လှုပ်ရှားမှုအရှိန်အဟုန်တွေက ပြောင်းလဲသွားပြန်ရော။

သူမရဲ့ ငိုသံလေးတွေကလည်း အသံထွက်တစ်မျိုး ပြောင်းသွားလေပြီ။

 

ရှက်တော့ရှက်ပေမဲ့ ဟိုလူကြီး သဘောကျနေမှန်း သိနေတော့ ထွက်ကျလာတဲ့ အသံတွေကို သူမဖာသာ

ပါးစပ်လှမ်းပိတ်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ဟိုလူကြီးက သူမရဲ့ လက်ကောက်ဝတ်လေးကို လှမ်းဖမ်းချုပ်ထားလိုက်ပြန်ရောလေ

 

သူက နည်းနည်းလေးမှကို အလျှော့မပေးတာပါ။ သူမ အသံတွေအက်ကွဲလာတဲ့အထိ

တောင်းပန်နေတာတောင်မှ သနားရကောင်းမှန်းကို မသိတော့ဘူး။

 

နောက်ဆုံးတော့ ယောင်ဟွမ်ရဲ့ခေါင်းထဲမှာ ဘာဆိုဘာမှကို ဆက်မတွေးနိုင်တော့ဘူး။

ခေါင်းအုံးပေါ်မှာ တစ်ဝက်လောက် မှောက်ရင်း

မောဟိုက်နေတဲ့ အသံလေးနဲ့ "မင်းသား... မင်းသားဟွေ့..." ဆိုပြီး

ညည်းနေရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ဘူးပေါ့

 

အတော်ကြာမှပဲ ကုတင်ပေါ်က ခြင်ထောင်ဇာပါးလေးတွေလည်း ငြိမ်သက်သွားတော့တယ်။ သူ့ရဲ့

ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးက သူမကိုယ်ပေါ်မှာ ဖိချထားလျက်သားဖြစ်နေတဲ့အပြင်

နှစ်ယောက်သားရဲ့ ပြင်းပြင်းထန်ထန် အသက်ရှူသံတွေကလည်း တစ်သားတည်း

ရောယှက်လို့နေတော့တာပါပဲ။ အဲဒီတော့မှ သူမ သဘောပေါက်သွားတော့တယ်။ ဟိုလူကြီးလည်း တော်တော်လေး

ပင်ပန်းသွားရှာတာပဲလို့။ သူမက သာမန်မိန်းကလေးတွေထက် ပိုပြီး ကိုယ်လုံးကိုယ်ပေါက် ဖွံ့ဖွံ့ထွားထွားဆိုပေမဲ့ သူကတော့ ခွန်အားတွေ အများကြီးသုံးပြီး သူမကိုယ်လေးကို

ခုတင်အတွင်းဘက်ဆီ အတင်းတွန်းပို့နေခဲ့တာကိုး။

 

မင်းသားဟွေ့ရဲ့ ကိုယ်အလေးချိန်အောက်မှာ အသက်ရှူကျပ်ပြီး သေတော့မှာကို

တွေးပူနေတုန်းမှာတင် သူ့ရဲ့ အသက်ရှူသံတွေက ပုံမှန်ပြန်ဖြစ်သွားတော့တယ်။ သူက နောက်ကို နည်းနည်းဆုတ်လိုက်တဲ့အခါ သူမခမျာ ကြက်သီးမွေးညင်းတွေထပြီး တုန်ခနဲ ထပ်ဖြစ်သွားရပြန်တာပေါ့။

 

ကောင်မလေးက ခေါင်းအုံးထဲ မျက်နှာအပ်ထားတာကို မြင်လိုက်ရတော့ ကျောက်ဆွေ့တစ်ယောက် ခဏလောက်

ငြိမ်သွားလေတယ်။ ပြီးမှ သူ့ခြေထောက်တွေကို ဆွဲယူရွှေ့ပြောင်းလိုက်ပြီး

ပက်လက်အနေအထားဖြစ်အောင် ပြင်လိုက်တယ်။ အဲ့နောက်မှာတော့ ခုနက

ချွတ်ထားတဲ့ အတွင်းခံအင်္ကျီလေးကို သူ့ခါးပေါ် လှမ်းတင်ပြီး

ဖုံးထားလိုက်လေရဲ့။

 

တကယ်တော့ သူတို့နှစ်ယောက်ကြားက ပူပြင်းလွန်းတဲ့ အရှိန်အဟုန်တွေကြောင့်

စောင်ထူထူကြီးက ကုတင်ထောင့် တစ်နေရာကို ရောက်နေတာ ကြာလှပြီလေ။

ယောင်ဟွမ်ခမျာ ပက်ကျိလေးလို ကုတင်ပေါ်မှာ ပျော့ခွေပြီး မှိန်းနေတုန်းရှိသေး...

နေပါဦး၊ အခု ဟိုလူကြီးက သူမကို ထိုင်များကြည့်နေမလား။ အခု သူမ ဖြစ်နေတဲ့

ပုံစံကြီးကလည်း...

 

တွေးမိပြီး ပြာယာခတ်သွားတဲ့ သူမက လွှင့်ပစ်ခံထားရတဲ့ ရင်ခံအင်္ကျီလေးကို

ကမန်းကတန်း လှမ်းဆွဲလိုက်တာပေါ့။ စောင်ကြီးကိုလည်း သူမကိုယ်ပေါ်

အတင်းဆွဲခြုံလိုက်တော့တယ်။

 

ပြီးတော့မှ မင်းသားဟွေ့ကို အကဲခတ်တဲ့အနေနဲ့ ခိုးကြည့်လိုက်တော့ သူက

မျက်စိနှစ်လုံးမှိတ်ပြီး သက်တောင့်သက်သာလေး နားနေလေရဲ့။

 

အဲဒီအခါကျမှ သူမရဲ့ အကြည့်တွေက ကျောက်ဆွေ့ရဲ့ ကျယ်ပြန့်တဲ့ ပခုံးကြီးတွေနဲ့

ရှည်လျားတဲ့ ခြေတံတွေဆီ ရောက်သွားပြီးနောက် ခပ်တိုးတိုးလေး မေးလိုက်မိတော့တယ်။ "ချမ်းနေပြီလားဟင်၊ ကျွန်မ စောင်ခြုံပေးရမလား"

 

ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်တဲ့ ကျောက်ဆွေ့က မျက်လုံးတွေကို

ဖွင့်မလာဘဲနဲ့ ပြန်ပြောလိုက်လေတယ်။ "ကိုယ် ရေချိုးတော့မယ်။ ရေနွေးစည် နှစ်စည်လောက်ယူလာခိုင်းလိုက်ပါ၊ ကိုယ်တို့ တစ်ယောက်တစ်စည်စီ သုံးရအောင်"

ယောင်ဟွမ်လည်း ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တာပေါ့ "ဟုတ်ကဲ့ပါ၊ ဒါဆို ကျွန်မ အင်္ကျီအရင် ဝတ်လိုက်ဦးမယ်နော်"

 

အဝတ်အစားတွေ သပ်သပ်ရပ်ရပ် ဝတ်ပြီးသွားတော့ ကုတင်ဘေးစွန်းဆီကို ခပ်မျော့မျော့လေး လျှောက်သွားလိုက်ရတာပေါ့။ ပြီးတော့ ကုတင်က ဇာခြင်ထောင်တွေကို သေချာပြန်ချ ပြင်ဆင်လိုက်ပြီး အပြင်ခန်းဘက်က "အားကျီ"ကို လှမ်းခေါ်လိုက်ရတယ်။

 

တကယ်တော့ ဘေးခန်းက အစေခံကောင်မလေးတွေခမျာလည်း မင်းသားဟွေ့ ဟိုကိစ္စအတွက် သူတို့အကူအညီများ လိုအပ်မလားဆိုပြီး ရင်တမမနဲ့

စောင့်နေခဲ့ရတာလေ။

ဧည့်သည်တွေအကုန် ပြန်သွားကြပြီဆိုတော့ မင်းသားအိမ်တော်ကြီးတစ်ခုလုံးက

တိတ်ဆိတ်ငြိမ်သက်နေတော့တာပေါ့။ အဲဒီအချိန်မှာပဲ

မင်္ဂလာအခန်းဆီကနေ ငိုရှိုက်သံ သဲ့သဲ့လေး ထွက်လာပါလေရော။

 

အားကျီလည်း ဘာမှစဉ်းစားမနေဘဲ အသံကြားရာဆီ အလိုလို ရှေ့ကိုတိုးသွားမိတော့တယ်။

 

ဒါပေမဲ့ ဟွားမေက သူမကို အတင်းဆွဲထားပြီး လှမ်းဟန့်လိုက်တာကိုး။ "နင်က မင်းသားရဲ့ကိစ္စကို ဝင်ရှုပ်ရဲလို့လား"

 

အဲဒီတော့မှ အားကျီလည်း တွန့်ခနဲ ဖြစ်သွားရတော့တယ်။ သခင်မလေးက

ဒီညကိစ္စတွေနဲ့ပတ်သက်ပြီး ကြိုမှာထားခဲ့တယ်လေ၊ သူမ အသံက တကယ်ကြီးကို အတိဒုက္ခရောက်နေတဲ့ အသံမျိုး မဟုတ်ရင် ဘာကိုမှ ဝင်မစွက်ဖက်နဲ့တဲ့။

 

ကံကောင်းထောက်မစွာနဲ့ ငိုသံလေးက မိနစ်အနည်းငယ်လောက်ပဲ ကြာလိုက်တယ်။

အစေခံမလေးတွေတောင် ပါးစပ်ဟောင်းလောင်းဖြစ်ပြီး မျက်နှာပူရလောက်မယ့်

အုအိအုအားအား အသံတွေအဖြစ် ပြောင်းလဲသွားတော့တာပေါ့။

 

အဲဒီတော့မှ အားကျီက ဟွားမေနဲ့ တခြားအစေခံမလေး သုံးယောက်ကို အပြင်

မောင်းထုတ်ရတော့တယ်။ "ဒီမှာ ငါပဲ စောင့်နေလိုက်မယ်။ နင်တို့အကုန်လုံး ခြံဝင်းထဲ

သွားစောင့်နေကြ"

 

သူမက ကြင်ယာတော်နဲ့ အရင်းနှီးဆုံးဆိုတော့ ကြင်ယာတော်ကလည်း သူမခိုးနားထောင်နေတာကို ဘာမှပြောမှာ မဟုတ်ပါဘူးလေ။ ဟွားမေနဲ့ တခြားသူတွေ နေလို့ရမရ ဆိုတာကတော့ ကြင်ယာတော်ရဲ့ ခွင့်ပြုချက်ပေါ်မှာပဲ မူတည်တာပေါ့။

 

ဟွားမေကတော့ သူမကို မျက်စောင်းတစ်ချက် ထိုးသွားပေမဲ့ အတင်းအကျပ်တော့ ဆက်မနေပါဘူး။

 

အားကျီခမျာ အဲဒီလိုနဲ့ပဲ နာရီဝက်တိတိ အပြင်ကနေ ရပ်စောင့်နေလိုက်ရတာတော့တယ်။

ကြင်ယာတော်ရဲ့ အသံတွေဆို တဖြည်းဖြည်းနဲ့ အက်ကွဲလာတဲ့အထိပဲ။

 

"ကျွန်မ ဒီမှာ ရှိပါတယ်"

 

အားကျီရဲ့ အသံထဲမှာ တစ်ခုခုကို စိုးရိမ်တကြီး ဖြစ်နေတာကို ယောင်ဟွမ်

သတိထားမိလိုက်တယ်။ ဒါပေမဲ့ သူ ဘာတွေ ဒီလောက်တောင် စိုးရိမ်တကြီး ဖြစ်နေရလဲ ဆိုတာကိုတော့ နားမလည်နိုင်အောင် ဖြစ်နေရတယ်လေ။ အသံတိုးတိုးလုပ်ဖို့များ မေ့သွားတာလား။

ညဉ့်နက်နေတဲ့အချိန်ကြီး မင်းသားကို အနှောင့်အယှက် ဖြစ်စေမလားပေါ့။

နောက်ကိုလှည့်ကြည့်လိုက်တော့လည်း မင်းသားဆီက ဘာလှုပ်ရှားမှုမှ

မရှိတာမို့ ယောင်ဟွမ်က လှမ်းမှာလိုက်တော့တယ်။ "ရေချိုးဆောင်ကနေ ရေနွေးစည် နှစ်စည်လောက် ပို့ခိုင်းလိုက်ပါဦး"

 

အပြင်ဘက်က ခြေသံတွေကို ကြားလိုက်ရတယ်။ လောလောဆယ် ဘာမှလုပ်စရာမရှိသေးတာကြောင့် ယောင်ဟွမ်လည်း သူမရဲ့ အတွင်းခံလေးတွေ

ခြောက်သွေ့နေသေးရဲ့လားလို့ စမ်းကြည့်လိုက်သေးတာပေါ့ ဘာမှ စိုစွတ်မနေဘူးဆိုတာ သေချာသွားတော့မှ အဝတ်လျှော်ခြင်းထဲကို ပစ်ထည့်လိုက်တော့တယ်။

 

ခြေထောက်တွေက အခုထိ မခိုင်သေးတာနဲ့ ယောင်ဟွမ်တစ်ယောက် ကိုယ်လုံးပေါ်မှန်ကြီးရှေ့က အလှပြင်တဲ့ စားပွဲပုလေးမှာ ဝင်ထိုင်လိုက်လေတယ်။ မှန်ထဲမှာ ပေါ်နေတဲ့ သူမရဲ့ပုံစံက ဆံပင်တွေ ရှုပ်ပွနေပြီး ပါးပြင်တွေကလည်း ရဲရဲနီနေတာပဲလေ။

 

ခုနက သူမလုပ်ခဲ့တဲ့ တောင်းပန်တိုးလျှိုးတဲ့ မျက်နှာအနေအထားလေးတွေကို မှန်ထဲကြည့်ပြီး ပြန်လုပ်ကြည့်လိုက်သေးတယ်။ ဒါပေမဲ့ အခုတော့ တစ်မျိုးကြီးဖြစ်နေသလိုပဲ။

တော်ပါသေးရဲ့၊ အရမ်းကြီး အရုပ်ဆိုးမနေလို့သာပေါ့။

မဟုတ်ရင် သူမကို အချိန်ပြည့် စိုက်ကြည့်နေခဲ့တဲ့ မင်းသားဟွေ့တစ်ယောက်

သူမမျက်နှာကိုမြင်ပြီး စိတ်ပျက်သွားမှာစိုးရသေးတယ်လေ။

 

သူမအတွေးထဲ မျောနေတုန်းမှာပဲ ရေချိုးဆောင်စေခံအဒေါ်ကြီးတွေက ရေစည်တွေ

သယ်လာကြပါလေရော။ အဲဒီရေစည်တွေကို အားကျီနဲ့ ဟွားမေက

အတွင်းခန်းထဲကို ဆက်သယ်လာကြတာပေါ့။

 

အတွင်းခန်းမှာ မင်းသားဟွေ့ ရှိနေတာဆိုတော့ ဟွားမေကတော့ နန်းတွင်းစည်းကမ်းတွေအတိုင်း မျက်လွှာလေးချပြီး သေသေချာချာလေး နေရှာပါတယ်။ အားကျီကတော့ သခင်မလေးကို စိတ်ပူနေတာကြောင့် အခန်းထဲရောက်ရောက်ချင်းပဲ ကုတင်ဘက်ကို လှမ်းကြည့်လိုက်တော့တာပဲ။

ယောင်ဟွမ်လည်း စည်းကမ်းတကျ နေဖို့အတွက် အားကျီကို မျက်လုံးနဲ့ သတိပေးလိုက်ရတာပေါ့

ရေစည်တွေကို မျက်နှာသစ်တဲ့ စင်ဘေးမှာ ချထားတာကို ကြည့်ပြီးမှပဲ ယောင်ဟွမ်က ပြောလိုက်လေတယ်။ "ဒီည အားကျီပဲ အစောင့်ကျန်ခဲ့လိုက်။ ကျန်တဲ့လူတွေ အကုန် အနားယူလို့ရပြီ"

 

ဟွားမေကတော့ အရင်ဆုံး ထွက်သွားတာပေါ့။

 

မင်းသားဟွေ့က တိတ်တိတ်ဆိတ်ဆိတ်နေရတာကို ပိုသဘောကျတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဆိုတော့ ယောင်ဟွမ်လည်း အားကျီကိုပါ အပြင်  လွှတ်လိုက်တော့တယ်။

 

အတွင်းခန်းတံခါး ပြန်ပိတ်သွားတဲ့အချိန်မှပဲ မင်းသားဟွေ့က ကုတင်ပေါ်ကနေ လှမ်းပြောလာတယ်။

"တဘက်တစ်ထည်ကို ရေဆွတ်ပြီး ရေမကျတော့တဲ့အထိ ညှစ်ပြီးရင် ကိုယ့်ဆီ

ယူခဲ့ပေး"

 

ယောင်ဟွမ်လည်း သူ့စကားအတိုင်း လုပ်ပြီး တဘက်ကို ကုတင်ဇာခြင်ထောင်နားအထိ

ယူသွားပေးလိုက်တယ်။ အဲဒီအချိန်မှာပဲ လက်တစ်ဖက် ထွက်လာပြီး ထပ်ပြောပြန်ရော။

"ကိုယ်ဘာသာကိုယ်ပဲ လုပ်လိုက်မယ်။ မင်းသွားသန့်စင်တော့လေ"

 

ယောင်ဟွမ်လည်း အလျင်အမြန်ပဲ တဘက်ကို လှမ်းပေးလိုက်ရတာပေါ့။  "ဟုတ်ကဲ့ပါ။ ကျွန်မ ရေချိုးခန်းထဲမှာ ရှိနေပါ့မယ်။ မင်းသား တစ်ခုခုလိုအပ်ရင် ခေါ်လိုက်ပါနော်"

 

"အင်း" လို့ပဲ သူက ပြန်ထူးလေရဲ့

 

ယောင်ဟွမ်လည်း ရေစည်တစ်စည်ကို သယ်ပြီး အခန်းအဆုံးက ရေချိုးခန်းဆီကို

ထွက်လာခဲ့တော့တာပေါ့

 

မင်းသားတစ်ပါးရဲ့ အဆင့်အတန်းဆိုတာ ဒါမျိုးလေးတွေမှာတောင် သိသာလွန်းတယ်လေ။

သူ့ရဲ့ရေချိုးခန်းက ယောင်ဟွမ်တို့အိမ်က သူမအိပ်ခန်းထက်တောင်

ပိုကျယ်ပြီး သန့်ရှင်းသပ်ရပ်နေသေးတာလေ။ ပြီးတော့ မွှေးပျံ့တဲ့

နံ့သာရနံ့သင်းသင်းလေးတောင် ရနေသေးတာ။

ယောင်ဟွမ်က တံခါးကို စေ့စေ့လေးပိတ်လိုက်ပြီး အဝတ်အစားတွေကို ချွတ်လိုက်တယ်။ ပြီးတော့မှ ပုဝါကို ရေခဏခဏဆွတ်ပြီး တစ်ကိုယ်လုံး ပြောင်စင်သွားအောင် သေချာရေပတ်တိုက်လိုက်တာပေါ့။ သုတ်ပြီးသွားတော့ နည်းနည်းလေးအေးစိမ့်စိမ့် ဖြစ်လာတာမို့ အဝတ်အစားတွေကို ကပျာကယာ ပြန်ကောက်ဝတ်လိုက်ရတော့တယ်

အိပ်ခန်းထဲ ပြန်ရောက်တော့ ခြင်ထောင်က ချထားတုန်းပဲဆိုပေမဲ့ ဘီးတပ်ကုလားထိုင်ပေါ်မှာ တင်ထားတဲ့ အနီရောင် ပိုးသားဘောင်းဘီလေးကတော့ မရှိတော့ဘူး။

မင်းသားဟွေ့ ဘောင်းဘီကို ဘယ်လိုချွတ်ပြီး ဘယ်လိုပြန်ဝတ်သွားလဲဆိုတာကိုတော့ ယောင်ဟွမ် မသိလိုက်ပါဘူး။ သေချာတာကတော့ သူမကို ပေးမမြင်ချင်ဘူး ဆိုတာပဲ။

ဆိုတော့ကား အာကျီကို ရေနွေးနှစ်ပုံးလောက် လာပို့ခိုင်းလိုက်တော့တယ်။ ဒီညအတွက်တော့ အေးအေးဆေးဆေး နားလို့ရသွားပြီလေ

မင်္ဂလာစောင်ကြီးကလည်း အကြီးကြီးဆိုတော့ မင်းသားနဲ့ ကြင်ယာတော် နှစ်ယောက် ခြုံလိုက်တာတောင်မှ ဘေးတစ်ဖက်တစ်ချက်စီမှာ နေရာတွေ အများကြီး ပိုနေသေးတာ။

ယောင်ဟွမ် လှဲအိပ်လိုက်တာနဲ့ တစ်ပြိုင်တည်း ဘာမှမလှုပ်တော့ဘဲ မင်းသားဟွေ့ရဲ့ အသက်ရှူသံကိုပဲ တိတ်တိတ်လေး နားစွင့်နေမိတော့တယ်။ သူမစိတ်ထဲမှာ နှစ်ကိုယ့်တစ်ကိုယ် ဖြစ်ခဲ့ကြတဲ့ မြင်ကွင်းတွေက ရုပ်ရှင်ပြသလို ပြန်ပေါ်လာနေတာလေ

အဲဒီတုန်းက ပြင်းထန်ခဲ့တဲ့ အခြေအနေနဲ့ ယှဉ်လိုက်ရင် အခုလို ခြင်ထောင်ထဲမှာ တိတ်ဆိတ်နေတာက သူမကို အတော်လေး နေရခက်စေတယ်။

အခုဆို သူမတို့က တရားဝင် လင်မယားတွေတောင် ဖြစ်နေကြပြီပဲဟာ၊ ဒီထက်ပိုပြီး ရင်းရင်းနှီးနှီး ရှိသင့်တယ်မဟုတ်လား။ မင်းသားကလည်း လှုပ်ရှားရတာ အဆင်မပြေဖြစ်နေတော့ သူမကပဲ အရင်စပြီး အကဲစမ်းကြည့်ရမှာပေါ့။

ဆုံးဖြတ်ချက်ချပြီးတာနဲ့ တစ်ပြိုင်တည်း ယောင်ဟွမ်က မင်းသားဟွေ့ဘက်ကို သဘာဝကျကျလေး လှည့်လိုက်ပြီး သူ့အနားကို ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်တယ်။ ပြီးမှ သူမရဲ့ ဘယ်ဘက်လက်လေးနဲ့ ဖွဖွလေး လှမ်းဖက်လိုက်ပြီး မျက်နှာလေးကို သူ့ပခုံးပေါ် အပ်ထားရင်း မေးလိုက်ပါလေရော။ မင်းသား... အိပ်ချင်နေပြီလားဟင်

ကျောက်ဆွေ့: "... တစ်ခုခု ဖြစ်လို့လား"

ယောင်ဟွမ်: "ဘာမှမဖြစ်ပါဘူး၊ ဒီကိုရောက်တဲ့ ပထမဆုံးညဆိုတော့ အရမ်းစိတ်လှုပ်ရှားပြီး အိပ်မပျော်လို့ပါ။ မင်းသား မပင်ပန်းသေးဘူးဆိုရင် ကျွန်မတို့ စကားနည်းနည်းလောက် ပြောကြမလားဟင်"

 

ကျောက်ဆွေ့က "ဘာအကြောင်း ပြောကြမလို့လဲ" လို့ ပြန်မေးတာပေါ့။

 

ယောင်ဟွမ်လည်း ခဏလောက် စဉ်းစားလိုက်ပြီးမှ သူ့ရဲ့ ဘေးတိုက်မျက်နှာလေးကို အကဲခတ်ရင်း ပြန်ဖြေတာ။

"မင်းသားက အရမ်းချောတာပဲနော်၊ အဲဒါကြောင့်လည်း ကျွန်မက မင်းသားကို

လက်ထပ်ချင်ခဲ့တာ။ ဒါပေမဲ့ မင်းသားကရော ဘာလို့ ကျွန်မကို ကြင်ယာတော်အဖြစ် ရွေးချယ်ခဲ့တာလဲဟင်။ ကျွန်မအဖေက ကြမ်းကြမ်းတမ်းတမ်း စစ်သားကြီးတစ်ယောက်လေ၊ ပြီးတော့ ကျွန်မရဲ့ နန်းတွင်းစည်းကမ်း သင်ယူမှုကလည်း တခြားရွေးချယ်ခံရတဲ့ မိန်းကလေးတွေထက် အများကြီး ညံ့သေးတာ။ မင်းသား အဲဒါကို

သိမှာမဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား"

 

မင်းသားဟွေ့က သူမဆီကနေ နန်းတွင်းသူလေးတွေလို သိမ်မွေ့ယဉ်ကျေးမှုတွေ

မျှော်လင့်နေမှာစိုးလို့ သူမရဲ့ အားနည်းချက်တွေကို

အခုကတည်းက ကြိုပြီး ဖွင့်ပြောထားလိုက်တာ။

 

ကျောက်ဆွေ့က ပြန်ဖြေတယ်။ "ကိုယ် ပြောခဲ့ပြီးသားပဲလေ၊ ရွေးချယ်ခံရတဲ့ မိန်းကလေးတွေအကုန်လုံးထဲမှာ မင်းက ကိုယ့်မျက်စိထဲ အကြည့်ရဆုံးဖြစ်နေလို့"

 

ယောင်ဟွမ်လည်း ပြုံးလိုက်လေရဲ့ "ဒါဆို ကျွန်မတို့က မြင်မြင်ချင်း

တစ်ယောက်ကိုတစ်ယောက် သဘောကျသွားကြတာပေါ့နော်။

ဘယ်လောက်တောင် ကောင်းလိုက်တဲ့ကိစ္စလဲ"

 

ဒါပေမဲ့ ကျောက်ဆွေ့ရဲ့ အာရုံတွေကတော့ သူ့ရဲ့ ဘယ်ဘက်လက်မောင်းဆီမှာပဲ

ရောက်နေတော့တာ။ အဲဒီနေရာမှာ

စိတ်လှုပ်ရှားစရာကောင်းလောက်အောင် နူးညံ့တဲ့ အရာလေးတစ်ခုက သူ့ကို လာဖိကပ်နေတာကိုး။ (နော်ကို့နဲ့ လက်မောင်းနဲ့ကပ်နေလို့လေ ဟင်းဟင်း ဟင်းဟင်း)

ယောင်ဟွမ်က မေးလိုက်သေးတယ်။ "ဪ၊ ဒါနဲ့ ယုံချန်းမင်းကြီးက ကျွန်မတို့မိသားစုကို ငွေတစ်ထောင် ချီးမြှင့်ထားတော့ မင်းသားပို့ပေးလိုက်တဲ့ ငွေလက်မှတ်နှစ်စောင်က

မလိုတော့ဘူးဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်မ

ပြန်ယူလာခဲ့တယ်လေ။ မနက်ဖြန်ကျရင် မင်းသားကို ပြန်ပေးမယ်လေ"

 

"မင်းပဲ သိမ်းထားလိုက်ပါ။ ကိုယ်က နန်းတော်ထဲကနေ အပြင်ထွက်ခဲပေမဲ့ မင်းကတော့

ပျင်းလာတယ်ဆိုရင် မြို့တော်ထဲက ဆိုင်တွေမှာ သွားလည်လို့ရတယ်လေ။ တကယ်လို့

ပိုက်ဆံလိုလာရင်လည်း ကိုယ့်ကို လာတိုင်ပင်စရာမလိုဘဲ

ဘဏ္ဍာတိုက်ကနေ ထပ်ထုတ်လို့ရတယ်"

 

သူက သူမကို အတင်းအကျပ်ကြီး အလိုလိုက်နေမှာလည်း မဟုတ်သလို၊ နန်းတော်ထဲမှာပဲ အမြဲပိတ်လှောင်ထားဖို့လည်း မရည်ရွယ်ပါဘူး။ သူမကို ဇိမ်ကျကျ

နေခွင့်ပေးလိုက်တာက လုံလောက်တဲ့ လျော်ကြေးတစ်ခုပါပဲ။

 

ယောင်ဟွမ်လည်း ချက်ချင်း မတ်မတ်လေး ထထိုင်လိုက်မိတာပေါ့။ "ငွေတစ်ထောင်တောင်! အဲဒီလောက်အများကြီးကို ကျွန်မ ကုန်အောင်သုံးဖို့ဆိုတာ

ဘယ်လောက်တောင် ကြာလိုက်မလဲ" လို့ အံ့သြတကြီး ပြောလာလေတယ်။

 

ကျောက်ဆွေ့က သူမကို ပြန်ရှင်းပြတယ်။ "အရည်အသွေးကောင်းတဲ့ ကျောက်မျက်ရတနာ တစ်ခုတည်းနဲ့တင် ငွေရာနဲ့ချီပြီး ပေးရတာလေ။ တကယ်လို့ မင်း အရမ်းသဘောကျတဲ့ ပစ္စည်းတွေ တွေ့လို့ဝယ်မယ်ဆိုရင် ငွေတစ်ထောင်နဲ့ဆို နှစ်ခုလောက်ပဲ ရမှာပေါ့"

 

ယောင်ဟွမ်က တိုးတိုးလေးပြောရှာတယ်။ "... ကျွန်မကတော့ အဲဒီလောက်ကြီး အသုံးအဖြုန်းမကြီးနိုင်ပါဘူးရှင်။ စေ့စပ်တုန်းက လက်ဖွဲ့ထားတဲ့ ဆံထိုးတွေ၊ လက်ဝတ်ရတနာတွေဆိုတာကလည်း လိုတာထက်တောင် ပိုနေပါသေးတယ်"

 

ကျောက်ဆွေ့က ပြန်ဖြေလေရဲ့။  "အဲဒါတွေက အများဆုံးမှ အစုံနည်းနည်းလောက်ပဲ ရှိတာလေ။ ဒီနှစ်ပွဲလမ်းသဘင်တွေမှာ ဝတ်ပြီးလို့

နောက်နှစ်ပြန်ဝတ်ရင် လူတွေ လှောင်ပြောင်တာကို ခံရလိမ့်မယ်။

ပြီးတော့ ကိုယ် မှတ်မိသလောက်ဆိုရင် လက်ဖွဲ့ထဲမှာ

ကျောက်မျက်ရတနာ ပစ္စည်းတွေ မပါပါဘူး"

 

ယောင်ဟွမ်က ထပ်ညည်းပြန်တယ်။ "ကျွန်မရဲ့ ပုလဲနဲ့ မြတွေစီထားတဲ့ ခေါင်းဆောင်းရယ်၊ ဇာမဏီငှက်လေးကောင်ပုံ သရဖူရယ်မှာတင် ကျောက်မျက်ရတနာက အလုံးလေးငါးဆယ်လောက် ပါတာကို"

 

"... အဲဒီသရဖူတွေက နောက်ပိုင်း တရားဝင် အခမ်းအနားတွေမှာပဲ ဝတ်ရမှာလေ။

ပျက်စီးသွားလို့ မဖြစ်ဘူး"

 

သူမရဲ့ မျှော်လင့်ချက်လေးတွေ ပျက်စီးသွားတော့တာပေါ့။ သူမက အဲဒီသရဖူတွေကို

မင်္ဂလာဝတ်စုံလိုမျိုး အမှတ်တရအနေနဲ့ သိမ်းထားရမှာမို့ အဲဒီက

ကျောက်တွေကို ခွာယူပြီး လက်ဝတ်ရတနာ အသစ်တွေ

အများကြီး လုပ်လို့ရမယ်လို့ ထင်ထားခဲ့တာ။

ကျောက်ဆွေ့က  ဆက်ပြောပြန်တယ်။"အိမ်ခြံမြေတွေနဲ့ ဆိုင်ခန်းတွေကရတဲ့ ဝင်ငွေတွေကို ထည့်မတွက်ဘဲနဲ့တောင် ဝမ်ရယ်တစ်ပါးရဲ့ နှစ်စဉ်လစာက ငွေငါးထောင် ရှိတယ်လေ။ ဝမ်ဖေးအတွက်ကတော့ ငွေငါးရာပေါ့။ အဲဒီလောက်ဆို တစ်နှစ်ကို ကျောက်မျက်ရတနာ နှစ်ခုလောက်တော့ သက်တောင့်သက်သာလေး ဝယ်လို့ရပါတယ်။

အဲဒီကိစ္စအတွက် ပူမနေနဲ့"

 

သူမရဲ့ များပြားလှတဲ့ တင်တောင်းပစ္စည်းတွေအပြင် တစ်နှစ်ကို ငွေငါးရာ

ထပ်ရဦးမယ်ဆိုတာကို သိလိုက်ရတော့ ယောင်ဟွမ်ရဲ့

မျက်လုံးလေးတွေက ပုလဲလုံးလေးတွေထက်တောင် ပိုပြီး

အရောင်လက်သွားပါလေရော။ အပြုံးတွေကိုလည်း

ဘယ်လိုမှ ဖုံးကွယ်မထားနိုင်တော့ဘူးလေ။

 

အဲဒီတော့မှ ကျောက်ဆွေ့တစ်ယောက် ချက်ချင်း သဘောပေါက်သွားတော့တယ်။ ဒီကောင်မလေးက သူ့ကို သိပ်ချစ်ချင်မှ ချစ်မှာဆိုပေမဲ့ မင်းသားတစ်ပါးရဲ့

ချမ်းသာကြွယ်ဝမှုကိုတော့ သေချာပေါက် တန်ဖိုးထားတယ်ဆိုတာကိုပဲ။

 

မင်းသားသုံးပါးထဲမှာ သူမရဲ့ နောက်ခံအခြေအနေအရ သူ့ရဲ့ တရားဝင်ဇနီးမယား

ဖြစ်လာဖို့ကသာ သူမအတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိတဲ့

လမ်းကြောင်းပဲ။

 

"အိပ်တော့လေ" သူ ပြောရင်းဆိုရင်းပဲ မျက်လုံးတွေကို မှိတ်လိုက်တယ်။ တကယ်လို့များ

ကိုယ်ကို လှည့်ရတာ အလုပ်မရှုပ်ဘူးဆိုရင် သူ တစ်ဖက်ကို

လှည့်အိပ်လိုက်မိမှာ သေချာတယ်။ (အော် စိတ်ကောက်သွားပြီ)

 

ဟိုလူကြီး စိတ်အပြောင်းအလဲ ဖြစ်သွားတာကို မရိပ်မိတဲ့ ယောင်ဟွမ်ကတော့ သူ

ပင်ပန်းသွားလို့ပဲ နေမှာပါဆိုပြီး တွေးလိုက်တာပေါ့ ပျော်ရွှင်မှုတွေနဲ့

ပြည့်နှက်နေသေးတဲ့ သူမက ဟိုလူကြီးကို နောက်ထပ် ခဏလောက် အတင်းဖက်ထားသေးတယ်။

ပြီးမှ လိမ်လိမ်မာမာလေးနဲ့ ငြိမ်ငြိမ်လေး အိပ်သွားတော့တာပေါ့။

 

.

 

ဘီးတပ်ကုလားထိုင်ပေါ်မှာ တစ်ချိန်လုံး နေနေရတဲ့ ကျောက်ဆွေ့ကတော့ အိပ်တဲ့အခါမှာလည်း ငြိမ်ငြိမ်လေးပါပဲ။ အိပ်ပျော်သွားတုန်းကလည်း ပက်လက်လေး၊

နိုးလာတဲ့အခါကျတော့လည်း ပက်လက်လေး။

 

မိုးတောင် မလင်းသေးခင်မှာတင် သူ နိုးလာခဲ့တယ်။

 

ဒီလို ခြေထောက်တွေ အကြောသေပြီးတဲ့ နောက်ပိုင်း သူ သိပ်ပြီး

လှုပ်ရှားသွားလာလို့ မရတော့ ပင်ပန်းတယ်ဆိုတာ

သိပ်မရှိတော့ဘူး။ အဲဒီတော့ အိပ်ချိန်တွေလည်း နည်းသွားတာပေါ့။

ဒီတိုင်းကြီး ငြိမ်ငြိမ်လေး လှဲနေရတာက စိတ်ရောကိုယ်ပါ နှိပ်စက်ခံနေရသလိုပဲ။ တစ်ယောက်တည်းသာဆိုရင်တော့ သူထချင်တဲ့အချိန် ထလိုက်လို့ရတာပေါ့လေ။ ဒါပေမဲ့

ယောင်ဟွမ် အေးအေးချမ်းချမ်း အိပ်မောကျနေတာကို

မြင်နေရတော့ သူမကို နှိုးလိုက်ဖို့လည်း စိတ်မကူးသလို၊ ဒီအတိုင်း

နေရထိုင်ရခက်ခက်နဲ့ ထိုင်စောင့်နေဖို့ကိုလည်း သည်းမခံနိုင်ပြန်ဘူး။

 

သူကြိုတင်တွေးထားခဲ့တဲ့အတိုင်းပဲ သူတို့နှစ်ယောက် အခန်းခွဲအိပ်တာကမှ

အဆင်ပြေမယ်ဆိုတာ သေချာသွားတော့တယ်။ (ပြီးရင် သူပဲ လာလာအိပ်ပြီးတော့)

 

ခဏလောက် ငြိမ်နေပြီးတဲ့နောက်မှာတော့ သူက လက်နှစ်ဖက်ကိုအားပြုပြီး ကိုယ်ကိုမတ်လိုက်သလို စောင်တွေကိုလည်း ဖယ်ချလိုက်တော့တယ်။

 

အဲဒီအသံကြောင့် ယောင်ဟွမ်လည်း လူးလွန့်ထလာပြီး ထိုင်နေတဲ့ သူ့ပုံရိပ်ကို

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်နေတော့တာပေါ့။

 

ကျောက်ဆွေ့က ခပ်ပြတ်ပြတ်ပဲ ပြောလိုက်လေတယ်။ "ချင်းအိုက် အခုလောက်ဆို

ရောက်လောက်ပြီ။ မင်း သဘောမတူစရာမရှိဘူးဆိုရင် ကိုယ် သူ့ကို အထဲခေါ်လိုက်တော့မယ်"

 

ယောင်ဟွမ်ရဲ့ စိတ်ထဲမှာတော့ မိန်းမစိုးငယ်လေးရဲ့ ချောမောပြီး ယောကျ်ားပီသပေမဲ့

သာမန်လောက်ပဲရှိတဲ့ မျက်နှာလေးကို မြင်ယောင်လာမိတယ်။

 

ယောင်ဟွမ်က သူစိမ်းတစ်ယောက်ကို သူမ အိပ်ရာထဲ လှဲနေတဲ့ပုံစံ မြင်ခွင့်ပေးလေ့မရှိတော့ ချက်ချင်းပဲ ထထိုင်လိုက်တော့တယ်။

 

ကျောက်ဆွေ့က ပြန်ပြောလေရဲ့။  "မင်း ရေချိုးခန်းထဲ အရင် သွားနှင့်လို့ရတယ်။ ကိုယ် ထွက်သွားမှ အိပ်ရာထဲ ပြန်လာတော့"

 

ယောင်ဟွမ်ကတော့ မေးရှာပါတယ်။ "မင်းသားကို ပြုစုဖို့ မလိုတော့ဘူးလားဟင်"

 

ကျောက်ဆွေ့ကတော့ "မလိုပါဘူး" လို့ပဲ ပြန်ဖြေတာပေါ့

 

ဒီလိုနဲ့ ယောင်ဟွမ်လည်း အတွင်းခံလေးတွေပဲ ရေချိုးခန်းထဲကို

ဝင်သွားလိုက်တော့တယ်။

 

ချင်းအိုက် ဝင်လာတဲ့အချိန်မှာတော့ ကျောက်ဆွေ့ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ပဲ

အဝတ်အစားတွေ လဲပေးတယ်၊ ဆံပင်တွေ စုစည်းချည်နှောင်ပေးတယ်၊

ပြီးတော့မှ ဘီးတပ်ကုလားထိုင်ပေါ် ရောက်အောင်

ကူညီပေးလိုက်တာပေါ့။ အဲဒီနောက်မှာတော့ သူက

ရှေ့ဘက်ခြံဝင်းထဲကို မျက်နှာသွားသစ်ဖို့ ထွက်သွားတော့တယ်။

 

ယောင်ဟွမ်လည်း အိပ်ချင်စိတ် မရှိတော့ဘူးလေ။ ကျောက်ဆွေ့ရဲ့

ချွတ်ထားတဲ့ အဝတ်အစားတွေ ထည့်ထားတဲ့ လျှော်ခြင်းတောင်းကို

လှမ်းကြည့်လိုက်ပြီး သူမက အရင်ဆုံး အတွင်းခံဝတ်ရုံသစ်တစ်ခုကို

လဲဝတ်လိုက်ပြီးမှ အစေခံမလေးတွေကို အထဲခေါ်၊ သူမကို

ပြင်ဆင်ဖို့ ကူညီခိုင်းလိုက်တယ်။

 

ဒီနေ့ သူတို့နှစ်ယောက်က နန်းတော်ထဲဝင်ပြီး ယုံချန်းမင်းကြီးနဲ့

တခြားမောင်းမမိဿံတွေကို ဂါရဝသွားပြုရမှာလေ။ ပိုင်လင်က

ယောင်ဟွမ်ကို အခမ်းအနားဝတ်စုံအပြည့်အစုံ ဆင်ယင်ပေးတယ်။

ရှေ့ဘက်ခြံဝင်းကို မနက်စာသွားစားတဲ့အချိန်ကျမှပဲ သူမ

မင်းသားဟွေ့ကို ပြန်တွေ့ရတော့တာပဲ။

ကျောက်ဆွေ့ကတော့ အနီရဲရဲ တရားဝင်အခမ်းအနားဝတ်စုံကို လဲဝတ်ထားပြီး ကြည့်လို့တော့ တော်တော်ကောင်းနေရှာပါတယ်။ ဒါပေမဲ့ သူ့ရဲ့မျက်နှာထားကြီးကတော့ အရင်လိုပဲ မျက်နှာသေကြီး ပြန်ဖြစ်နေတာပေါ့။

 

စားသောက်ဖွယ်ရာတွေ ပြင်ဆင်ပြီးသွားတာနဲ့ ချင်းအိုက်က အစေခံမလေးတွေကို ဦးဆောင်ပြီး အခန်းထဲကနေ ထွက်သွားတော့တယ်။

 

သူက စားတာကိုပဲ အာရုံစိုက်နေတော့ ယောင်ဟွမ်လည်း အလျင်မလိုတော့ဘဲ သူမရဲ့

မနက်စာကို စပြီးစားလိုက်လေတယ်။

 

စားသောက်ပြီးတဲ့နောက်မှာတော့ ကျောက်ဆွေ့က ဒီနေ့အတွက် အစီအစဉ်တွေကို ချပြတော့တာပဲ။

"အရင်ဆုံးတော့ ကိုယ်တို့ နန်းတော်ထဲကို သွားကြမယ်။ အိမ်တော်ကို

ပြန်ရောက်တဲ့အချိန်ကျရင် မင်းကို

အိမ်တော်က အစေခံတွေ ဂါရဝပြုတာကို လက်ခံဖို့အတွက် ကိုယ်တိုင်

အဖော်လိုက်ပေးမယ်"

 

ယောင်ဟွမ်လည်း ခေါင်းညိတ်ပြလိုက်လေရဲ့

 

ကျောက်ဆွေ့က သူ့ဘီးတပ်ကုလားထိုင်မှာ ချိတ်ထားတဲ့ ခေါင်းလောင်းလေးတစ်ခုကို

လှုပ်လိုက်တယ်။ အဲဒီခေါင်းလောင်းလေးက တော်တော်လေးကို အဆင့်မြင့်တဲ့

ပုံစံမျိုးနဲ့ လုပ်ထားတာလေ။ ခလုတ်ကိုနှိပ်ပြီး လှုပ်လိုက်မှပဲ မြည်တာ၊ ဒီအတိုင်း

ဘီးတပ်ကုလားထိုင် ဘယ်လောက်ပဲ လှုပ်လှုပ် လုံးဝမမြည်ဘူး။

 

ချင်းအိုက်လည်း အစေခံမလေးတွေနဲ့အတူ ပြန်ရောက်လာပြီး သူတို့ဇနီးမောင်နှံနှစ်ယောက် ပါးစပ်တွေဘာတွေ ဆေးဖို့ ပြင်ဆင်ပေးကြတယ်။ အဲဒါတွေပြီးမှပဲ ခရီးဆက်ဖို့ ထွက်လာခဲ့ကြတော့တာပေါ့

 

သူတို့စံအိမ်ကနေ မင်းသားအိမ်တော်ရဲ့ ပင်မတံခါးပေါက်ကြီးအထိ သွားတဲ့လမ်းလေးက

ချောမွေ့နေတာပဲ။ အပြင်ဘက်မှာတော့ မင်းသားရဲ့ ခမ်းနားလှတဲ့ မြင်းရထားလုံးကြီးက

အဆင်သင့်စောင့်ကြိုနေတာပေါ့ မြင်းရထားရဲ့ နောက်တံခါးကို ဖွင့်ထားပြီး

ခိုင်ခံ့တဲ့ ချဉ်းကပ်လမ်းလေးတစ်ခုကိုလည်း အနားစွန်းမှာ

သေသေချာချာလေး တပ်ဆင်ထားပေးတယ်။

 

နောက်ထပ် အစေခံတစ်ယောက်ဖြစ်တဲ့ ဖေးချွမ်ကတော့ မြင်းရထားအတွင်းထဲမှာ

ခြေအိတ်အဖြူလေးပဲ ဝတ်ပြီး ရပ်စောင့်နေတယ်။

ချင်းအိုက်က ဘီးတပ်ကုလားထိုင်ကို တံခါးဘက် ကျောပေးအနေအထားဖြစ်အောင်

နေရာချလိုက်ပြီး ချဉ်းကပ်လမ်းအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ တွန်းတင်သွားတော့တယ်။

အပေါ်ထိပ်ကို ရောက်သွားတဲ့အချိန်မှာတော့ ဖေးချွမ်က ဘီးတပ်ကုလားထိုင်ကို

လှမ်းထိန်းကိုင်ပေးလိုက်တယ်။ ကျယ်ဝန်းလှတဲ့ မြင်းရထားကြီးထဲမှာ

အဓိကထိုင်ခုံဆိုတာ မရှိဘူး။ အဲဒီနေရာကို ဘီးတပ်ကုလားထိုင် သေသေချာချာ

ချိတ်တွယ်ထားဖို့အတွက် သီးသန့်ဖယ်ထားပေးတာလေ။ ယောင်ဟွမ်ကတော့ ရထားလုံးပေါ်မှာ ဘယ်ဘက်က ခုံတန်းရှည်လေးမှာပဲ ထိုင်လို့ရပြီး ညာဘက်မှာတော့

အထပ်သုံးထပ်ပါတဲ့ နှင်းဆီသစ်သားဗီရိုလေးတစ်ခုကို တင်ထားတယ်။

ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ မင်းသားဟွေ့ကတော့ မျက်နှာသေကြီးနဲ့ပဲ နေနေတာပေါ့။

ချင်းအိုက်နဲ့ ဖေးချွမ်တို့ကလည်း တစ်ခွန်းမှမဟဘဲ ရိုရိုသေသေ

လှုပ်ရှားသွားလာနေကြသလို တာဝန်ကျအစောင့်တွေနဲ့

ကျန်းယွဲ့လိုမျိုး မြင်းနဲ့အတူ လိုက်ပါလာကြတဲ့ အစောင့်တွေကလည်း

တည်တည်ကြည်ကြည် ခန့်ခန့်ညားညားနဲ့ပဲ ရပ်နေကြတယ်။

 

အားကျီဆို ကြောက်လွန်းလို့ အသက်တောင် ရဲရဲမရှူရဲသလို ဘေးဘီကိုလည်း

ဝေ့မကြည့်ရဲဘူးပေါ့။ ယောင်ဟွမ်ကတော့ မင်းသားဟွေ့အတွက်

အသေးစိတ်ကျကျ စီစဉ်ထားတာတွေကို ပိုပြီး စိတ်ဝင်တစား လေ့လာနေတာ။

နောင်တစ်ချိန်ကျရင် အသုံးတည့်မလားဆိုပြီး အချက်အလက်တိုင်းကို စိတ်ထဲမှာ

သေသေချာချာ မှတ်သားနေခဲ့တာလေ။

 

ဖေးချွမ်က မြင်းရထားပေါ်ကနေ ဆင်းပေးတော့မှ ယောင်ဟွမ်လည်း တက်လိုက်ရတာပေါ့။

 

နေရာယူပြီးသွားတော့ ယောင်ဟွမ်က မင်းသားဟွေ့ကို ပြုံးပြလိုက်လေရဲ့။ ပြီးမှ

အတွင်းထဲမှာ ဘီးတပ်ကုလားထိုင်ကို ချိတ်ထားတဲ့ စက်ပစ္စည်းကို စူးစမ်းလေ့လာနေတော့တာပဲ။

 

ကျောက်ဆွေ့က သူမကို ကြည့်နေတာလေ။

 

သူ့အကြည့်ရဲ့ အဓိပ္ပာယ်ကို နားလည်သွားတဲ့ ယောင်ဟွမ်ကလည်း ခလုတ်တစ်ခုကို

လက်ညှိုးထိုးပြပြီး မေးလိုက်လေတယ်။ "မြင်းရထားပေါ်က

ပြန်ဆင်းတဲ့အခါ ဒီခလုတ်ကို နှိပ်လိုက်ရင် ဘီးတပ်ကုလားထိုင်က

ပြန်လွတ်သွားမှာမလားဟင်"

 

ကျောက်ဆွေ့ကလည်း သဘောတူတဲ့အသံလေး ခပ်တိုးတိုး ပြုလိုက်တယ်။

 

အဲဒီတော့မှ ယောင်ဟွမ်က သွားလေးဖြဲလိုက်တာပေါ့။ "ဒါဆို ရောက်တဲ့အခါကျရင်

ဖေးချွမ် တက်လာစရာမလိုတော့ဘူးပေါ့။ ကျွန်မကိုယ်တိုင်ပဲ တွန်းပြီး

ဆင်းပေးမယ်လေ"

 

ကျောက်ဆွေ့ကတော့ "ဖေးချွမ်ကိုပဲ လုပ်ခိုင်းလိုက်တာ ပိုကောင်းမယ်" လို့ ပြန်ပြောလာတယ်။

 

သူ့စိတ်ထဲမှာတော့ ဘီးတပ်ကုလားထိုင်ရော သူကိုယ်တိုင်ရဲ့ ကိုယ်အလေးချိန်ရော

ပေါင်းလိုက်ရင် ဒီကောင်မလေးရဲ့ ခွန်အားလေးနဲ့

မနိုင်ဝန်ထမ်းရလိမ့်မယ်လို့ တွေးနေတာပေါ့။

 

သူမကို အထင်သေးနေမှန်း သိလိုက်တဲ့ ယောင်ဟွမ်ကလည်း အချိန်ကျလာတဲ့အခါကျရင်

သူထင်သလို မဟုတ်ကြောင်းကို လက်တွေ့ပြလိုက်မယ်လို့ စိတ်ထဲကနေ

ကြုံးဝါးလိုက်တော့တာပါပဲ။