Chapter 24
Viewers 2k

အပိုင်း (၂၄)

 

 

ချူဖုန်းချင် သူ့နှုတ်ခမ်းများကို ဖိကပ်လိုက်သောအခါ ကျီယွီကျင်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားရသည်။ သူတုံ့ပြန်နိုင်စွမ်းပင် မရှိတော့။

 

အရာအားလုံးကို မြင်တွေ့လိုက်ရသော လီယွီ "......"

 

သူ "ဟမ်" ဟုပင် အာမေဍိတ်သံ ထွက်သွားသည်။

 

လီယွီက နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ ထိုနေ့မှစ၍ သူ ခွေးကောင်ကျီနှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မိန်းမစိုးတစ်ယောက်က သူ့အား တစ်ညတည်းနှင့် လူပျိုကြီးဘဝ၏ နာကျင်မှုကို ခံစားစေခဲ့သည်။ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ...။ သူလက်မခံနိုင်ပေ။ 

 

ခွေးကောင်ကျီက မိန်းမစိုးတစ်ယောက်။ မိန်းမစိုးတစ်ယောက်မှာတောင် ဇနီးရှိနေတာ။ ငါ့လို ချောမောပြီး လူကြိုက်များတဲ့ကျင်းယီဝေအကြီးအကဲမှာ ဘာလို့မရှိရတာလဲ...။ မတရားဘူး။

 

အသက်ကြီးသော သမားတော်သည် မျက်တောင်ခတ်လိုက်မိသည်။ ဘာတွေလဲ...။ ငါ ဘာတွေမြင်လိုက်ရတာလဲ...။ သူက ဘယ်သူလဲ...။ ငါ ဘာလို့ဒီနေရာမှာရှိနေရတာလဲ...။ ငါ ဘာလုပ် ရမလဲ...။ လူတစ်ယောက် အဆိပ်မိနေတယ်လို့ ပြောပြီး ငါ့ကို ခေါ်လာကြတာလေ...။ အဆိပ်ကရော ဘယ်မလဲ...။

 

သမားတော်သည် သူ၏ မီးခိုးရောင်မုတ်ဆိတ်ကို ပွတ်သပ်ပြီးနောက် ခေါင်းကို ငုံ့လိုက်သည်။ သူသာ မကြည့်ရင် ဘာကိုမှမြင်ရမှာမဟုတ်လို့ အသံတိတ်ပြီး ကြိတ်ခံနေရမှာလည်းမဟုတ်ဘူး...။

 

လီယွီ ထိုမြင်ကွင်းကို ဆက်လက်ကြည့်ရှုနိုင်ခြင်း မရှိတော့ဘဲ ပြင်းထန်သော ဒဏ်ရာရထားသည့်ပုံစံဖြင့် အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လေသည်။ သူ မျက်လုံးထောင့်မှနေ၍ သမားတော်အိုကြီးက ထိုနေရာ၌ ရပ်နေသေးသည်ကို မြင်လိုက်ရလေသည်။ ထိုအခါ သူ သက်ပြင်းချလိုက်ပြီးနောက် ထိုနေရာသို့ သွားကာ သမားတော်၏ ကော်လံကို ဆွဲပြီး အပြင်သို့ ခေါ်ထုတ်သွားလေသည်။ "မသွားသေးဘူးလား  ဒီလောက် မြင်ရတာ မကျေနပ်လို့လား...ပိုပြီး နီးနီးကပ်ကပ် သွားကြည့်လိုက်ပါဦးလား"

 

သမားတော်အိုကြီး: "လူတစ်ယောက် အဆိပ်မိနေတယ်လို့ ပြောခဲ့တယ်မလား... သူတို့ကို ကုသဖို့ မလိုဘူးလား..."

 

လီယွီ၏ မျက်နှာအမူအရာသည် ကြမ်းတမ်းလာပြီး မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။ "အဆိပ်... အုပ်ချုပ်ရေးမှူးက ဖယ်ရှားဖို့ ကူညီပေးနေတာ မဟုတ်ဘူးလား မြန်မြန်သွားတော့၊ မြန်မြန်သွားတော့၊ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို မဖျက်ဆီးချင်ပါနဲ့။"

 

သမားတော်: "......" အဆိပ်က အနမ်းနဲ့ ကုသလို့ရတာလား...။ နောက်ဆို သူ့အလုပ်လေးက ရေရှည် လုံခြုံပါ့မလား...။

 

သူတို့နှစ်ယောက် တံခါးအပြင်သို့ ရောက်ရှိသွားပြီးနောက် လီယွီသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်၌ ဆီးနှင်းများ လွင့်မျောနေသည်။ ဤနေ့၏ ဆီးနှင်းသည် ကျီယွီကျင်း လက်ထပ်သောနေ့ကကဲ့သို့ များပြားလှသည်။ သူ မျက်လုံးထောင့်မှ မရှိသော မျက်ရည်များကို သုတ်လိုက်၏။

 

"အိုင်း... သမားတော် ကျန်း၊ ဒီလူကြီးမင်းက ခင်ဗျားကို အကူအညီတစ်ခု တောင်းချင်တယ်။"

 

သမားတော်က ဦးညွှတ်ကာ "ပြောပါ။ ဒီအဖိုးကြီး လုပ်နိုင်တဲ့ ကိစ္စဆိုရင် သေချာပေါက် ကူညီပေးပါ့မယ်။" ဟု ပြောလာခဲ့သည်။

 

လီယွီ ခဏတာ တွေဝေနေသည်။ သူ၏လက်ချောင်းများဖြင့် အဝတ်အစားအစွန်းများကို လိမ်နေ၏။ ဤသည်မှာ ကလေးတစ်ယောက်၏ ကိုယ်ဟန်နှင့် တူလှသည်။ "ကျွန်တော်...ကျွန်တော်လည်း လက်ထပ်ချင်တယ်"

 

သမားတော် ကျန်း: "......"

 

"ကျွန်တော် အသက်ခြောက်ဆယ်ရှိနေပြီ၊ အဲ့လိုကြီး မလုပ်ချင်ပါဘူး ဒါ့အပြင် ကျွန်တော့်မှာ မိသားစုရှိနှင့်ပြီးသား..."

 

လီယွီသည် သူ့အား မကြည်မလင် ကြည့်လိုက်ပြီးနောက် ရှို့ချွင်းဓားကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ "ခင်ဗျားကို နောက်ထပ် အခွင့်အရေးတစ်ကြိမ် ပေးမယ်။"

 

သမားတော် ကျန်း: "......"

 

"ကောင်းပြီ၊ ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင် ဒီအဖိုးကြီးက ဇနီးနဲ့ ဆွေးနွေးလိုက်ပါ့မယ်။ ကိုယ်လုပ်တော် တစ်ယောက်ကို လက်ထပ်လို့လည်းရပါတယ်။ ဒါပေမဲ့ အရှင့်အတွက် မတရား ဖြစ်မှာကိုတော့ စိုးရိမ်မိပါတယ်"

 

"ချလန်" ဟူသော အသံနှင့်အတူ ငွေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ရှို့ချွင်းဓား ထွက်လာခဲ့သည်။

 

သမားတော် ကျန်း: "ကျွန်တော် နားလည်ပါပြီ။ကျွန်တော်ပြန်ရောက်တာနဲ့ ကျွန်တော့်ဇနီးကို အိမ်ထောင်ပြုဖို့ မိန်းကလေးရှိတဲ့ ဘယ်မိသားစုကိုမဆို ရှာဖွေခိုင်းပြီး ချန်းဟူလူကြီးမင်းနဲ့ ချက်ချင်း လက်ထပ်ပေးပါမယ်။ ဒီနှစ်ထဲ လက်ထပ်ပြီး နောက်နှစ်ထဲ ကလေးရရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ"

 

လီယွီ ကျေနပ်သွားပြီး ခပ်တည်တည်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း၊ အဲဒီအတိုင်း လုပ်လိုက်ပါတော့။ ကျွန်တော့်မှာ လုပ်စရာကိစ္စရှိလို့ အရင်သွားလိုက်ပါဦးမယ်။"

 

သူ လက်ကို ဆန့်ထုတ်ကာ ဆီးနှင်းတစ်စကို ဖမ်းလိုက်ပြီး နှုတ်ခမ်းများကို ကွေးလိုက်သည်။ ရှေးကတည်းက လက်ထပ်ရန်စိတ်အားထက်သန်သော ယောက်ျားများသည် အိမ်ထောင်ဖက်ကို ဤကဲ့သို့ ရှာဖွေခဲ့ကြသည်။ သူနားလည်၏။ မိန်းမစိုးတစ်ယောက်တွင် မြို့တော်၏ နံပါတ်တစ် အလှဆုံးဇနီး ရှိနေသောကြောင့်သော်လည်းကောင်း၊ မိန်းမစိုးတစ်ယောက်တွင် သူ့အတွက် အရက်ကို တားပေးသော ဇနီးရှိနေသောကြောင့်သော်လည်းကောင်း၊ သို့မဟုတ် မိန်းမစိုးတစ်ယောက်တွင် သူ့ကို နမ်းရှိုက်လိုသော ဇနီးရှိနေသောကြောင့်သော်လည်းကောင်း ထိုအရာတို့ကြောင့် သူ စိတ်မပျက်သွားပေ။

 

"ခွေးကောင် ကျီ၊ သေပါစေ... ခွေးကောင် ကျီ၊ သေပါစေ၊ ခွေးကောင် ကျီ၊ သေပါစေ... ခွေးကောင် ကျီ၊ သေပါစေ..."

 

လီယွီ၏ နောက်ကျောကို ကြည့်ရင်း သမားတော် ကျန်းသည် သူ၏မုတ်ဆိတ်ကို ပွတ်သပ်ပြီး "ချန်းဟူလူကြီးမင်း၊ အတူတူ သွားကြစို့။" ဟု အော်ပြောလိုက်သည်။

 

ထိုနှစ်ယောက် တံခါးဝသို့ လျှောက်သွားကြသောအခါ မြင်းရထားတစ်စီး စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ မြင်းရထားမောင်းသမားက သမားတော် ကျန်းအား အော်ပြောလာ၏။ "သခင်၊ သခင်မက ဆီးနှင်းတွေကျနေလို့ လမ်းခရီး ခက်ခဲမယ်လို့ ပြောပါတယ်။ သူမက စိုးရိမ်လို့ ကျွန်တော့်ကိုစေလွှတ်ပြီး သခင်ကို လာခေါ်ခိုင်းတာပါ။ မြန်မြန် ဝင်လိုက်ပါ။"

 

သမားတော် ကျန်းက ရယ်မောပြီး "ငါ့ဇနီးက အမြဲတမ်း စဉ်းစားပေးတတ်တယ်။" ဟု ပြောလေသည်။

 

သူ ရထားပေါ်သို့ တက်နေစဉ် လမ်းတစ်ဝက်၌ လီယွီကို ရုတ်တရက် သတိရသွားလေသည်။ သူ လှည့်ကြည့်ပြီး "ချန်းဟူလူကြီးမင်း၊ အတူတူ မလိုက်ချင်ဘူးလား" ဟု မေးလိုက်သည်။

 

လီယွီ: "......"

 

သူ လည်ပင်းကို တောင့်တင်းထားပြီး ခေါင်းမာစွာဖြင့် "မလိုဘူး၊ ကျွန်တော့်အမေက ရထားနဲ့ လာခေါ်လိမ့်မယ်။" ဟု ပြောလေသည်။

 

သမားတော် ကျန်းသည် အံ့အားသင့်သွားရသည်။ သူ၏မုတ်ဆိတ်ကို ပွတ်သပ်ပြီး ခေါင်းခါယမ်းလိုက်သည်။ "သူတစ်ယောက်တည်း ဖြစ်နေတာ သနားစရာကောင်းလိုက်တာ။ ဒီအသက်အရွယ်တောင် ရောက်နေပြီ အမေကိုတောင် မျှော်နေတုန်း" ဟု သူတွေးမိသည်။

 

လူတိုင်း ထွက်ခွာသွားပြီးနောက် လီယွီသည် နှုတ်ခမ်းကို ကိုက်ထားသည်။ ကောင်းပြီ၊ အရင်တည်းက ကံကောင်းခြင်းတွေက အမြဲတမ်း နောက်ကျမှ ရောက်လာတတ်တာပဲလေ...။ အဲ့တော့ သည်းခံရမယ်...။

 

(ဝူးဝူးဝူး၊ သူဆက်ပြီး သည်းမခံနိုင်တော့ပေ။ )ဆီးနှင်းများက အလွန်များပြား အေးစက်လှသည်။ သူသည်လည်း ဇနီးတစ်ယောက် တကယ်ကို လိုချင်လှသည်။ ခွေးကောင်ကျီမှာတောင် ဇနီးရှိနေတာ ငါ့မှာ ဘာလို့ မရှိရတာလဲ...။ ငါ့ကို ဇနီးတစ်ယောက်ပေးပါတော့...။

 

တစ်ဖက်တွင် ချူဖုန်းချင်သည် သမားတော်က ရှေ့သို့ တက်လာတော့မည်ကို မြင်သောအခါ သူ့ကို မြင်သွားမည်ကို ကြောက်ရွံ့သဖြင့် မတတ်သာစွာ ထိုသူ့အား နမ်းလိုက်ရသည်။ ဤသည်မှာ အမှန်စင်စစ်ကို မကောင်းသော အကြံတစ်ခု။

 

အခန်းအတွင်းရှိ လူတိုင်း ထွက်ခွာသွားပြီးနောက် ချူဖုန်းချင် မျက်တောင်ခတ်လိုက်မိသည်။ သူ၏လက်ချောင်းများကို ဖြေလျော့ပြီး ကျီယွီကျင်း၏ နှုတ်ခမ်းများမှ ခွာလိုက်သည်။

 

သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ချူဖုန်းချင်၏မျက်တောင်များ အဆက်မပြတ် တုန်ယင်နေသည်။ သူသည် ထိုကဲ့သို့ ပေါ့ဆသော ကိစ္စမျိုးကို ယခင်က တစ်ခါမျှ မလုပ်ဖူးချေ။ ယခုအခါ သူ ကျီယွီကျင်းကို မည်သို့ ရင်ဆိုင်ရမည်ကိုပင် မသိတော့။

 

ကျီယွီကျင်းသည် ယခင်က သူ့အား အခွင့်အရေးယူသည်ဟု အမြဲတမ်း ပြောခဲ့ဖူးသည်။ ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ်ကို အခွင့်အရေး ယူခဲ့သည်။

 

ကျီယွီကျင်းသည် သူ့အား အမြဲတမ်း လိုလားနေသောကြောင့် အတိုးအချို့ကို ပြန်လည်တောင်းခံခြင်းသည် ပိုကောင်းမည်ဟုလည်း သူတွေးမိသည်။

 

သို့သော်လည်း အနည်းငယ် လွန်သွားသည်။ သူ ယခု နောင်တရမိသည်။ သူ ထိုအချိန်က အလျင်စလိုဖြစ်နေပြီး သူ၏ဦးနှောက်သည် ထိန်းချုပ်မှုမရှိတော့ဘဲ မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။

 

ကျီယွီကျင်းသည် နှုတ်ခမ်းများကို စေ့ထား၏။ သူ၏မျက်လုံးများ၌ မှောင်မိုက်သော အလင်းရောင်တစ်ခု လင်းလက်နေသည်။ သူ၏ပိန်သွယ်သော လက်ချောင်းများက သူ၏နီရဲသော နှုတ်ခမ်းများကို ပွတ်သပ်နေသည်။ ဒီနုံအတဲ့သူ...

 

သူ သက်ပြင်းချလိုက်သည်။ သူနားမလည်ချင်သော်လည်း သူလုပ်ဆောင်နေရသောအလုပ်တွင် သူ စစ်ဆေးမေးမြန်းခဲ့သော လူဦးရေမှာ တစ်သိန်း မဟုတ်လျှင်တောင် အနည်းဆုံး ငါးသောင်း ရှိပေလိမ့်မည်။ ချူဖုန်းချင် အတော်လေး တည်ငြိမ်သော်လည်း သူ၏မျက်လုံးများက လိမ်ပြောနိုင်စွမ်းမရှိချေ။ သူ သမားတော် ကျန်း လာနေချိန်မှာ ရည်ရွယ်ချက်ရှိရှိ  ဒါမှမဟုတ်ရင်လည်း မရည်ရွယ်ဘဲ အမြဲတမ်းစောင့်ကြည့်နေခဲ့တာ...။ ဒီအနမ်းကလည်း ရုတ်ချည်းဖြစ်သွားတာ...။

 

သူ စဥ်းစားလိုက်သည်။ သမားတော်ကျန်းကြောင့်လား။ သူ သမားတော်ကျန်းကို မတွေ့ချင်လို့လား။ ဒါမှမဟုတ် သမားတော်နဲ့ မပြနိုင်လို့များလား။

 

သူသည် ထပ်မံတွေးတောလိုက်သည်။ ဤအခြေအနေကို သူကိုယ်တိုင် ကြုံတွေ့ရပါက သူ မည်သို့ လုပ်ဆောင်ရမည်နည်း။  သူ မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး ချူဖုန်းချင်ကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာ တွေးတောပြီးနောက် ထွက်လာသော ရလာဒ်သည် အတိအကျ တူညီနေသည်

 

သူ ဘာလို့ သမားတော်ကို မတွေ့နိုင်ရတာလဲ...။ ဒါမှမဟုတ် သမားတော် ကျန်းကိုဘဲ မတွေ့နိုင်တာလား...။ ငါ့ရဲ့ ဇနီးမှာ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရတယ်...

 

သူ မျက်လုံးများကို အနည်းငယ် နှိမ့်ချလိုက်ပြီး ခဏအကြာ၌ နှုတ်ခမ်းများကို ကွေးကာ ပြုံးလိုက်သည်။ "ချူယင်ယင်၊ မင်း ငါ့ကို စိန်ခေါ်ရတာ ပျော်နေလား"

 

ချူဖုန်းချင် နှုတ်ခမ်းများကို စေ့ထားလေသည်။ သူ အနည်းငယ်မျှ တွေဝေနေ၏။ သူ ပါးစပ်ကို ဖွင့်လိုက်ပြီး "တောင်းပန်ပါတယ်" ဟု အသံတိတ် ပြောလိုက်သည်။

 

"ဘာအတွက် တောင်းပန်စရာ လိုလဲ...။ ငါတို့ကလင်မယားတွေဘဲ။ မင်းက ငါရဲ့ တရားဝင်ဇနီးသည်လေ" ကျီယွီကျင်း သူ၏ခေါင်းပေါ်ရှိ သရဖူကို ချွတ်လိုက်သောအခါ သူ၏ဆံပင်များသည် ရေတံခွန်တစ်ခုကဲ့သို့ အောက်သို့ ဖြာကျလာသည်။ သူ၏မြေခွေးမျက်လုံးများသည် အနည်းငယ် ကွေးနေပုံပေါ်သော်လည်း မျက်လုံးများ၌ အပြုံးများ မရှိပေ။ "ငါကသာ တောင်းပန်သင့်တာပါ။ ငါ့ဇနီးက လိုအပ်နေတာကို ငါမသိခဲ့ဘူး။ မင်း လက်ဦးမှု ယူပြီး အရင်စလုပ်ရတဲ့အထိ ဖြစ်စေခဲ့တယ် အဲ့တာက ဒီခင်ပွန်းရဲ့ အမှားပါ"

 

ချူဖုန်းချင်၏ သူငယ်အိမ်များသည် တုန်ယင်နေသည်။

 

ကျီယွီကျင်း သူ၏အဝတ်အစား ကြယ်သီးများကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်သည်။ မကြာမီပင် တောက်ပသော အနီရောင် ဝတ်စုံကို ချွတ်လိုက်တော့သည်။ သူသည် အာဏာနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသော ဝတ်စုံကို ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။

 

နောက် ဘာဆက်ဖြစ်လာမည်ကို ပြောရန် မလိုတော့။ ချူဖုန်းချင်လည်း နားလည်ပြီး ဖြစ်သည်။ သူ တိတ်ဆိတ်စွာပင် ရှေ့သို့ ခြေလှမ်းအနည်းငယ် ရွှေ့လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ခြေကျင်းဝတ်သည် လက်ဖဝါးကြီးတစ်ဖက်ထဲသို့ ကျရောက်သွားလေသည်။

 

ကျီယွီကျင်းသည် သူ၏ခြေကျင်းဝတ်ကို ကိုင်ထားပြီး ပြုံးနေရင်း "သခင်မ ဘယ်နေရာကို သွားမလို့လဲ။" ဟု မေးလေသည်။

 

ချူဖုန်းချင်: "......"

 

ဆေးသောက်ခဲ့ရသည်မှာ သူဖြစ်သော်လည်း ဤအချိန်၌ ကျီယွီကျင်း၏ မျက်လုံးများသည် သူ့ထက်ပင် ပိုမို နီရဲနေသည်။

 

"ကျီယွီကျင်း၊ ရှင် စိတ်ကို ထိန်းပါ"

 

ချူဖုန်းချင်သည် လက်ချောင်းများဖြင့် ကျီယွီကျင်း၏ လက်ဖဝါးပေါ်တွင် တစ်လုံးချင်းရေးနေသည်။

 

သူ၏လက်ချောင်းများသည် လက်ဖဝါးပေါ်သို့ ညင်သာစွာ လျှောဆင်းသွားသောအခါ အနည်းငယ်တော့ ထုံပေပြီး ယားယံသည်။ လက်ဖဝါးပေါ်ရှိ ယားယံမှုက သူ၏နှလုံးသားဆီသို့ တဖြည်းဖြည်း ပျံ့နှံ့သွားတော့သည်။

 

ကျီယွီကျင်း၏ လည်စေ့သည် အနည်းငယ် အောက်ကျသွားသည်။ သူ အတွင်းခံအဝတ်အစား၏ ကော်လံကို ဖြေလျော့လိုက်၏။ လက်ကို မြှောက်လိုက်သောအခါ သူ၏အင်္ကျီကို မတော်တဆ မြှင့်တင်လိုက်မိရာ သူ၏ပိန်လှီသော ခါး၊ ဝမ်းဗိုက်နှင့် အချိုးအစားကျသော ကြွက်သားများကို ဖော်ထုတ်လိုက်သည့်နှယ် ဖြစ်သွားလေသည်။ သူက ထင်ရှားသော စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ခန္ဓာ၏ တစ်လက်မတိုင်း၌ စွမ်းအားများ ပြည့်နှက်နေလျက်။

 

ချူဖုန်းချင်၏ ခါးသည် ပို၍ပါးလျသော်လည်း ကိုယ်ခန္ဓာဆိုင်ရာ အကြောင်းအရာများကြောင့် သူ၏ခါးနှင့် ဝမ်းဗိုက်၌ ကြွက်သားများ မရှိချေ။ ဤသည်မှာ ကျီယွီကျင်းနှင့် လုံးဝကွဲပြားခြားနားနေသည်။

 

သူက "ဘဝတစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရတာ ပျင်းစရာကောင်းတယ်။ သင့်တော်တဲ့အချိန်မှာ လိုက်လျောပြီး လွတ်လွတ်လပ်လပ် နေသင့်တယ်။" ဟု ပြောလာသည်။

 

ကျီယွီကျင်းသည် ထပ်မံမေး၏။ "မင်း စိတ်ထဲမှာ ... ငါက လူကောင်းတစ်ယောက်လို့ ထင်လား"

 

ဤစကားက ချူဖုန်းချင်အား မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်စေခဲ့သည်။ အချိန်အတော်ကြာမှ သူ  ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

 

ကျီယွီကျင်း ခဏတာ အံ့အားသင့်သွားပြီးနောက် ရယ်မောလိုက်လေသည်။ "မင်း လိမ်နေတာပါ။ ဒါပေမဲ့ မင်းက ငါ့ကို လူကောင်းတစ်ယောက်လို့ မျက်နှာချင်းဆိုင်ပြောဖူးတဲ့ ပထမဆုံးလူပဲ။ ငါ့အဖေတောင် ငါ့ကို နတ်ဆိုးတစ်ကောင်လို့ ပြောခဲ့တာ"

 

သူ ရယ်မောလွန်း၍ သူ၏ကျောကို မတ်မတ် မထားနိုင်တော့။ သူ့မေးစေ့ကို ချူဖုန်းချင်၏ ပခုံးပေါ်တွင် တင်ထားလေသည်။ သူ၏အသက်ရှူသံသည် ချူဖုန်းချင်၏ လည်ပင်းကို ထိမိသောအခါ အနည်းငယ် ယားယံစေသည်။

 

ချူဖုန်းချင် အံ့အားသင့်သွား၏။ သူ့အဖေ.. ချန်နန်းဘုရင်လား...။

 

 သူကိုယ်တိုင်ပင် သတိမထားမိသေးခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း သူ၏မျက်ခုံးများသည် ဖြည်းဖြည်းချင်း တွန့်သွားရသည်။ ချန်နန်းဘုရင်...၊ သူတစ်ခါမျှ မတွေ့ဖူးသောလူတစ်ယောက်အပေါ် မကောင်းသော သဘောထားအချို့ ရှိနေမိသည်။ သူ၏ခေါင်းညိတ်ခြင်းသည် တုံ့ပြန်မှုသက်သက် မဟုတ်ပေ။ သူ ကျီယွီကျင်းနှင့် အချိန်အကြာကြီး အတူရှိခဲ့ရသောအခါ ကျီယွီကျင်းသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း လူဆိုးတစ်ယောက် သေချာပေါက် မဟုတ်ပေ။ "နတ်ဆိုး" ဟုသော စကားလုံးက သူနှင့် မထိုက်တန်ပေ။

 

ချူဖုန်းချင် မမြင်နိုင်သော နေရာ၌ ကျီယွီကျင်း၏ နှုတ်ခမ်းများသည် ဖြည်းဖြည်းချင်း မဲ့ကျသွားလေသည်။ သူ ထိုသူ၏နားနား၌ တိုးတိုးလေး ပြောလေသည်။ သူ၏ကိုယ်ဟန်အနေအထားမှာ ဒွိဟ ဖြစ်စေနိုင်ပြီး ချစ်စကားများ ပြောနေသည့်နှယ်။ သူသည် "လူတိုင်းက အဲ့လူတစ်ယောက်ကို လူဆိုးလို့ ပြောတဲ့အခါ အဲ့ဒီလူက အနည်းဆုံးတော့ လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ မင်း နားလည်သင့်တယ်။ မင်းသူ့နဲ့ ဝေးဝေး ရှောင်သင့်တယ်...။ နားလည်လား..." ဟု ပြောလိုက်သည်။

 

သူ့ခန္ဓာကိုယ်မှ ထွက်လာသော အပူရှိန်ကြောင့် ချူဖုန်းချင်၏ မျက်နှာ ပို၍ပင် နီရဲလာရသည်။ "ချွန်ဖုန်းဆန်း" ၏ အာနိသင်သည် ပျောက်ကင်းခြင်း မရှိသေးပေ။ ကျီယွီကျင်း၏ ချဉ်းကပ်မှုက သူ၏ဦးနှောက်ကို ခဏတာ ရပ်တန့်သွားစေသည်။ သူ ဆေးနှင့် ဗီဇကြောင့် အခြားတစ်ယောက်နှင့် ပို၍နီးကပ်ချင်သော ပြင်းပြသည့် ဆန္ဒတစ်ခုပင် ရှိနေသည်။

 

ချူဖုန်းချင် ခဏတာ အံ့အားသင့်သွားရသည်။ သတိပြန်ဝင်လာသောအခါ မယုံကြည်နိုင်ပေ။ သူ၏လျှာဖျားကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သောအခါ စပ်ဖျဉ်းဖျဉ်း ခံစားမှုက သူ့အား ချက်ချင်း သတိပြန်ဝင်လာစေသည်။

 

ကျီယွီကျင်း တစ်နေရာမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ သူ ချူဖုန်းချင်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။ "ဒါပေမဲ့ မင်းရဲ့ခင်ပွန်းသည်က မိန်းမစိုးတစ်ယောက်လေ။ ငါ့မှာ စိတ်ပဲရှိပြီး ခန္ဓာကိုယ်က စိတ်သွားတိုင်း ကိုယ်မပါဘူးလေ။ ငါ့ခန္ဓာကိုယ်က ငါ့ဇနီးလေးကို ကျေနပ်အောင် မလုပ်ပေးနိုင်ဘူး။ ဒါကြောင့် ဒီပစ္စည်းကို ငါ့အစားထိုးသုံး။ ဒါက ငါ့ရဲ့လက်အောက်ခံတွေ ငါ့ကို ပေးခဲ့တာ။ ငါ ဒီဟာကို ဘယ်တော့မှ အသုံးပြုရမှာ မဟုတ်ဘူးလို့တောင် ထင်ခဲ့ဖူးတယ်။"

 

သူ သေတ္တာကို ဖွင့်လိုက်သောအခါ အရွယ်အစားကြီးမားသော ကြည်လင်သည့် ကျောက်စိမ်းတုံးတစ်တုံးကို တွေ့လိုက်ရသည်။

 

ဤအချိန်၌ ချူဖုန်းချင်သည် "မိန်းမစိုးတွေမှာ လှည့်ကွက်တွေ အများကြီးရှိတယ်" ဟု ချန်ဝမ်ပြောခဲ့သော စကား၏ အဓိပ္ပာယ်ကို နောက်ဆုံး နားလည်သွားရတော့သည်။

 

ကျီယွီကျင်း ထိုသို့ပြောခဲ့သော်လည်း သူ့လက်က ထိုပစ္စည်းကို ကောက်မယူခဲ့ပေ။

 

ချူဖုန်းချင်၏ အပြင်ဝတ်ရုံက ကျွတ်သွားသည်မှာ ကြာပြီဖြစ်ပြီး နှစ်ယောက်လုံး အတွင်းခံအဝတ်အစားများသာ ဝတ်ထားလျက် ရှိကြသည်။ ကျီယွီကျင်း သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ချူဖုန်းချင်၏ လည်ပင်းပေါ်ရှိ ကြိုးဆီသို့ လက်လှမ်းလိုက်လေသည်။ အနီရောင်ကြိုးက နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် လိုက်ဖက်နေသောကြောင့် အမှန်ပင် လှပနေသည်။ အဖြူရောင်နှင်းများထဲမှ အနီရောင်ဇီးသီးကဲ့သို့ပင်။

 

"မင်း ကစားချင်နေတာဆိုတော့ ပိုကြီးတဲ့တစ်ခုခု ကစားကြစို့။" ကျီယွီကျင်းသည် သူ၏လက်ချောင်းများကို အနည်းငယ် ရွှေ့လိုက်သောအခါ ချည်ထားသောကြိုးများ ပြေလျော့သွားသည်။

 

ချူဖုန်းချင်သည် လန့်သွားပြီး သူ၏အတွင်းခံဝတ်စုံက လျှောကျသွားသည်ဟု ခံစားလိုက်ရ၏။ အတွင်းခံဝတ်စုံထဲသို့ ထည့်ချုပ်ထားသော အရာများသာ ပြုတ်ကျသွားလျှင် သူ နောက်ထပ် ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ချေ။ ထို့ကြောင့် သူ လက်များဖြင့် အလျင်အမြန် ဖုံးအုပ်လိုက်သည်။

 

ကံကောင်းစွာဖြင့် ကျီယွီကျင်းသည် ဤအသေးအမွှားကိစ္စကို သတိမထားမိခဲ့ချေ။ သူ ခေါင်းကို ငုံ့ချလိုက်ပြီး သူ၏နှုတ်ခမ်းများကို ချူဖုန်းချင်၏လည်ပင်းပေါ်တွင် ဖိကပ်လိုက်ပြီး သူ၏သွားဖြူများဖြင့် ရုတ်တရက် ကိုက်လိုက်သည်

 

ချူဖုန်းချင်သည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသောအခါ ပင့်သက်ရှိုက်လိုက်မိသည်။ သူ နှုတ်ခမ်းကို ကိုက်ပြီး ကျီယွီကျင်းကို တွန်းထုတ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏လက်ကို ညှပ်ထားခံလိုက်ရ၏။ ကျီယွီကျင်း၏ လက်ဖဝါးကြီးက သံကဲ့သို့ မာကျောနေပြီး သူသည်လည်း လွတ်မြောက်ရန် မလုပ်နိုင်ခဲ့ချေ။

 

ချူဖုန်းချင် မျက်လုံးများကို မှိတ်လိုက်ပြီး ခန္ဓာကိုယ်အပူရှိန်သည် တဟုန်ထိုး တက်လာသည်။ ထိုအရာက သူ၏စိတ်ကို တစ်စတစ်စ စားသုံးပစ်နေသည်။ ကျီယွီကျင်း၏ လက်များသည် ပို၍ ရဲတင်းလာပြီး တားမြစ်ထားသော နယ်မြေသို့ ရောက်ရှိတော့မည်အချိန်တွင် သူ ရုတ်တရက် နိုးလာပြီး သူ၏လျှာကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ ပါးစပ်ထဲတွင် သွေးအရသာတစ်ခု စွဲကျန်နေတော့သည်။ ဤအနည်းငယ်သော ရှင်းလင်းမှုဖြင့် သူသည် နောက်တစ်ကြိမ် ရုန်းကန်ရန် စတင်လိုက်သည်။

 

သို့သော်လည်း သူ၏လက်များ ခြေထောက်များကို ချုပ်နှောင်ထားသောကြောင့် သူ မည်သည့်နေရာ၌ ခွန်အားကို အသုံးပြုရမည်ကို မသိချေ။ သူ ခေါင်းကို လှည့်ပြီး ကျီယွီကျင်း၏ နားကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။

 

ကျီယွီကျင်း "ရှူး" ဟု အသံပြုပြီး ချူဖုန်းချင်ကို မော့ကြည့်လာသည်။

 

ဆေးကြောင့် ချူဖုန်းချင်၏ မျက်လုံးများတွင် ဇီဝကမ္မဆိုင်ရာ မျက်ရည်အချို့ ထွက်လာရသည်။ သူ  မျက်တောင်ခတ်လိုက်သောအခါ မျက်ရည်များသည် သူ၏ပါးပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ကျဆင်းလာရသည်။

 

ကျီယွီကျင်း ခဏတာ အံ့အားသင့်သွားပြီးနောက် ဖြည်းဖြည်းချင်း သူ့အား လွှတ်ပေးလိုက်သည်။

 

ချူဖုန်းချင်၏ အသက်ရှူသံသည် အနည်းငယ် လေးလံနေသည်။ သူ အကြိမ်ပေါင်းများစွာ ချောင်းဆိုးပြီးနောက် တုန်ယင်နေသော လက်ချောင်းများဖြင့် ကျီယွီကျင်း၏ လက်ဖဝါးပေါ်တွင် "စိတ်ကို ထိန်းပါ" ဟု ရေးလိုက်သည်။

 

ကျီယွီကျင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ရာ ချူဖုန်းချင်၏ လည်ပင်းပေါ်ရှိ သွားရာများကို မြင်သောအခါ သူ၏အမူအရာသည် အနည်းငယ် တောင့်တင်းသွားရတော့သည်။

 

"တောင်းပန်ပါတယ်"

 

ရုတ်တရက် သူ ထရပ်ပြီး အပြင်သို့ လျှောက်သွားလေသည်။ ထို့နောက် လမ်းတစ်ဝက်မှ ပြန်လာပြီး ကျောက်စိမ်းချောင်းပါသော သေတ္တာကို စကားတစ်ခွန်းမှ မပြောဘဲ ယူသွားတော့သည်။

 

အပြင်သို့ ထွက်သွားပြီးနောက် ကျီယွီကျင်းသည် သေတ္တာကို ရွံရှာသော အကြည့်ဖြင့် ကြည့်နေမိသည်။ သူ လက်များတွင် အားသုံးလိုက်သောအခါ သေတ္တာသည် ကွဲထွက်သွားရသည်။ ကျောက်စိမ်းသည် ချက်ချင်းပင် အမှုန့်အဖြစ် ပြောင်းလဲသွားတော့၏။

 

သေတ္တာကွဲသွားသောအခါ သစ်သားစများ လွင့်စင်လာပြီး တစ်ခုက ကျီယွီကျင်းအား ထိမှန်သွားသည်။ ဤအရာက သူ့လက်ဖမိုးပေါ်၌ သွေးထွက်နေသော အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့သည်။

 

မည်သို့ပင် ဆိုစေကာမူ သူ ရုတ်တရက် ပျော့ညံ့သွားရသည်။ သူ သဲတစ်မှုန့်ကိုပင် မခံနိုင်လောက်အောင် ပျော့ညံ့သွားရတော့သည်။

 

ကျီယွီကျင်း အကြည့်များကို အောက်ချလိုက်ပြီး မဖြစ်သင့်သော နေရာက တုံ့ပြန်နေသည်ကို ခံစားလိုက်ရသည်။ သူ ချက်ချင်း မျက်လုံးများကို မြှင့်လိုက်ပြီး သူ၏လက်ဖမိုးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာ မပြောင်းလဲဘဲ သစ်သားဆူးကို ဆွဲထုတ်လိုက်သည်။

 

ချူဖုန်းချင် သူ၏မျက်လုံးများကို လက်ဖမိုးဖြင့် ဖုံးအုပ်ထားသည်။ ဆေးကြောင့် သူသည် ပို၍ အာရုံခံစားနိုင်စွမ်း မြင့်လာခြင်း ဖြစ်နိုင်ပေသည်။ အကြောင်းမှာ ကျီယွီကျင်း၏ နှောင့်ယှက်မှုနောက်တွင် သူက တကယ်ပင်...

 

ထိုသည်မှာ အမှန်ပင် စော်ကားရာ ရောက်၏။

 

ထားလိုက်ပါတော့...။ ဆေးရဲ့အာနိသင် ပျောက်သွားတာနဲ့ အဆင်ပြေသွားလိမ့်မည်။ ကံကောင်းစွာဖြင့် သူသည် ဆေးအများကြီး သောက်ခဲ့ခြင်း မရှိခဲ့ပေ။

 

ထိုသို့တွေးတောရင်း သူ ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး စောင်ထဲ၌ ပုန်းအောင်းလိုက်သည်။

 

ဆေး၏အာနိသင်က ပျောက်ကင်းသွားသော်လည်း သူ၏လည်ပင်းက နီရဲလာသည်။ ဤသည်မှာ နွေဦး၌ ဆီးနှင်းများ ဖြည်းဖြည်းချင်း အရည်ပျော်သွားပြီး ဆောင်းရာသီတစ်လျှောက်လုံး ဖုံးကွယ်ထားခဲ့သော နွေဦး၏ ရှင်သန်မှုကို ဖော်ပြနေသကဲ့သို့ပင်။

 

ယွီလင်နန်းတော်။

 

ကျောက်လင်၏ မျက်နှာသည် နီရဲနေ၏။ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေလျက်။ သူ လင်ယင်ကို စိုက်ကြည့်ပြီး "လင်ယင်၊ ငါ မင်းကို ရှာခိုင်းထားတဲ့လူတွေရော အဲ့လူတွေက ဘယ်မှာလဲ။ ငါ အရမ်းမသက်မသာ ခံစားနေရတယ်။" ဟု မေးလိုက်သည်။

 

"အရမ်းပူနေတယ်။ တကယ်ပဲ အဆိပ်ဖြေဆေး မရှိဘူးလား"

 

လင်ယင်: "အရှင်မင်းသားကို ပြန်ဖြေပါတယ်၊ ကျီယွီကျင်းက ယွီလင်နန်းတော်တစ်ခုလုံးကို ပိတ်ဆို့ထားတယ်။ ယင်ကောင်တစ်ကောင်တောင် ဝင်လို့မရဘူး။ နန်းတော်ထဲက မိန်းကလေးအစေခံတွေ အားလုံးကိုလည်း အပြင်ကို ပို့ခံလိုက်ရပြီ..."

 

သူ နောက်တစ်ကြိမ် ဒူးထောက်ပြီး ပြောလိုက်သည် "ဒီဆေးအတွက် အဆိပ်ဖြေဆေး မရှိပါဘူး။ အစေခံက အရည်အချင်းမရှိလို့ အရှင်မင်းသားကို တောင်းပန်ပါတယ်"

 

ကျောက်လင်၏ ခန့်ညားသော မျက်ခုံးများသည် တင်းတင်းကြပ်ကြပ် တွန့်သွားရသည်။ သူ့မျက်နှာသည် ကျောက်မီးသွေးကဲ့သို့ပင် မည်းနေလျက်။ "ခွေးကောင်ကျီက ငါ့ကို သေအောင် အတင်းအကျပ် လုပ်ချင်နေတာ!"

 

ထို့နောက် သူသည် လင်ယင်အား "ထပါ၊ ဒါက မင်းနဲ့ဘာဆိုင်လို့လဲ..." ဟု ပြောလာသည်

 

ကျောက်လင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပုရွက်ဆိတ်ကိုက်ခံနေရသကဲ့သို့ ဖြစ်ပြီး ယားယံကာ ထုံကျင်နေသော်လည်း သက်သာရာ မရပေ။

 

သူ အေးစက်သော လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်သော်လည်း အကူအညီမဖြစ်ခဲ့ချေ။ သူ၏အသံသည် အနည်းငယ် ကြမ်းတမ်းအက်ရှလာသည်။ သူ စားပွဲထောင့်ကို ကိုင်ထား၏။ သူ၏လက်ဖမိုး၌ သွေးကြောများ ဖုထစ်နေ၏။ သူ မခံမရပ်နိုင်ဖြစ်ပြီး "လင်ယင်၊ မင်း အရင်ထွက်သွားတော့" ဟု ပြောလိုက်သည်။

 

လင်ယင်၏ မျက်လုံးများ၌ မှောင်မိုက်သော အလင်းတန်းတစ်ခု လင်းလက်သွားရသည်။ သူ လေးစားစွာဖြင့် "ဟုတ်ကဲ့" ဟု ပြောလိုက်၏။

 

အပြင်သို့ ထွက်သွားပြီးနောက် လင်ယင်သည် ထွက်မသွားချေ။ သူသည် တံခါးအပြင်ဘက်၌ ရပ်နေ၏။ ခဏအကြာတွင် အခန်းအတွင်းမှ သိမ်မွေ့သော အသံအချို့ ထွက်ပေါ်လာသည်။

 

လင်ယင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာရသည်။ သို့သော်လည်း အသံသည် အချိန် မကြာခဲ့ပေ။ လက်ဖက်ရည်တစ်ခွက်စာလောက်သာ ကြာပြီးနောက် ကျောက်လင်သည် ရုတ်တရက် အပြင်သို့ ပြေးထွက်လာသည်။ သူ၏အဝတ်အစားများက ရှုပ်ပွနေပြီး သူ၏မျက်နှာသည်လည်း နီရဲနေသည်။

 

သူ မျက်ရည်များဖြင့် ပြည့်နေသော မျက်လုံးများဖြင့် လင်ယင်ကို ကြည့်လိုက်သည်။ သူ၏လေသံက အနည်းငယ် မကျေမနပ်ဖြစ်နေသေး၏။ "ငါ ဘယ်လိုလုပ်ရမလဲ။ ငါ့ကိုယ်ငါ သက်သာအောင် လုပ်လို့မရဘူး။"

 

လင်ယင်၏ မျက်နှာတွင် မည်သည့်အမူအရာမျှမရှိချေ။ သူ တည်ငြိမ်စွာပင် "ဒါပေမဲ့ အခု နန်းတော်ထဲမှာ မိန်းမစိုးတွေနဲ့ အစောင့်တွေပဲ ကျန်တော့တယ်..." ဟု ပြော၏။

 

ကျောက်လင်: "မိန်းမစိုး၊ ဟုတ်တယ်! မိန်းမစိုး!"

 

သူ ဆေးကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသည်။ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ မည်သို့ ပိုကောင်းအောင် လုပ်ရမည်ဆိုသော အတွေးများသာ ပြည့်နေပြီး တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။

 

"ငါ အရင်က လူတွေ လုပ်တာကို မြင်ဖူးတယ်။" ကျောက်လင်၏ စိတ်ထဲ၌ အလွန် ရှုပ်ထွေးနေပြီး ဆင်ခြင်တုံတရားများသည်လည်း ပျောက်ဆုံးနေခဲ့၏ ။ ထို့နောက် သူက လင်ယင်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည် :  "လင်ယင်၊ မင်း ငါ့ကို ကူညီပါဦး။"

 

​လင်ယင် အလျင်အမြန် ဒူးထောက်လိုက်ပြီး ပြောသည် : "သခင်လေး၊ ဒီ...ဒီ ကျွန် မလုပ်ရဲပါဘူး။"

 

​ကျောက်လင်က လင်ယင်ကို ဆွဲခေါ်လိုက်ပြီး "မလုပ်ရဲဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ ငါက မင်းရဲ့ သခင်ပဲ၊ ငါ မင်းကို အမိန့်ပေးနေတာ။"

 

​အခန်းထဲ ရောက်ပြီးနောက် ကျောက်လင်က လင်ယင်ကို လှဲအိပ်ရန် အမိန့်ပေးလာသည် ။  နှစ်ယောက်သား ခဏလောက် ကြိုးစားကြည့်ပေမယ့် ကျောက်လင်က နည်းလမ်းရှာမတွေ့ခဲ့ပေ ။

 

​လင်ယင်က ရုတ်တရက် ထရပ်ပြီး အပေါ်မှ နေရာယူလိုက်သည် ။ "သခင်လေး၊ ဒီကျွန်ကို ကြိုးစားခွင့်ပေးပါ။"

 

​ကျောက်လင် :  "ကောင်းပြီလေ ။"

 

​ကျောက်လင် မူလက  လင်ယင်ကိုယ်တိုင် လုပ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း လင်ယင်က ရုတ်တရက် အိပ်ရာပေါ်မှ ဆင်းသွားပြီး အိပ်ရာအောက်မှ သေတ္တာတစ်လုံးကို ဆွဲထုတ်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ ။

 

​လင်ယင် :  "သခင်လေး၊ ခဏလေး စောင့်ပါဦး။ ကျွန်တော်မျိုး ပြင်ဆင်လိုက်ပါဦးမယ်။"

 

​ကျောက်လင်က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းအတုံးပေါင်းစုံကို သတိထားမိလိုက်သည် ။ ထို့နောက် သူက  မျက်မှောင်ကြုတ်ပြီး : "ဒီပစ္စည်းတွေက ငါ့အိပ်ရာအောက်မှာ ဘာလို့ ရှိနေရတာလဲ။"

 

​လင်ယင်က ခေတ္တရပ်ပြီး မသိချင်ယောင်ဆောင်လိုက်၏ ။ "သခင်လေး သိတယ်လို့ ကျွန်တော်မျိုး ထင်နေတာ။ ကျွန်တော်မျိုး သန့်ရှင်းရေးလုပ်တုန်းက ဒါကို ရှာတွေ့ခဲ့တာပါ။ ကျွန်တော်မျိုးက သခင်လေး ကိုယ်တိုင် ဝယ်ထားတယ်လို့တောင် ထင်နေခဲ့တာ။ စဉ်းစားကြည့်လိုက်တော့မှ လာကစားတဲ့ သခင်လေးငယ်လေးတွေ တစ်ယောက်ယောက်က ချန်ထားခဲ့တာ ဖြစ်ရမယ်။"

 

​ကျောက်လင် : "ဘာ သခင်ငယ်လေးလဲ။ သူတို့က အိပ်ရာပေါ် တွယ်တက်လာတတ်တဲ့ ညစ်ညမ်းတဲ့ သူတွေပဲ။"

 

​"မင်း  မြန်မြန် ပြင်ဆင်လိုက်တော့။" ကျောက်လင် ထိုစကားကို ပြောပြီးနောက် မျက်လုံးကို မှိတ်လိုက်သည် ။  ဆေးအရှိန်က အလွန်ပြင်းသောကြောင့် သူ ထင်ယောင်ထင်မှား ဖြစ်နေသလို ခံစားနေရ၏ ။

 

​ခဏအကြာတွင် ကျောက်လင်က သူ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် အေးစက်စက် ခံစားမှုကို ရုတ်တရက် ခံစားလိုက်ရသည် ။  သူက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ပြီး "လင်ယင်၊ မင်း ဘာလုပ်နေတာလဲ?!"

 

​လင်ယင်က အပြစ်ကင်းသည့် ပုံစံဖြင့် ကြည့်ပြီး ပြောလာသည်:  "ဒီကျွန်ကို ကြိုးစားကြည့်ဖို့ သခင်လေး မတောင်းဆိုခဲ့ဘူးလားဟင် ။"

 

​ကျောက်လင် မျက်လုံးများ ပြူးသွားရသည် ။   လင်ယင်က သူ့(လင်ယင်) အပေါ်တွင် သုံးချင်သည်ဟု ထင်ခဲ့မိသည် ။ မင်းသားတစ်ပါးဖြစ်တဲ့ သူက ဘယ်လိုလုပ် မိန်းမစိုး တစ်ယောက်ကို အဲ့လိုလုပ်ခိုင်းနိုင်မှာလဲ….

 

​"မင်း! ရဲတင်းလွန်းတယ် …. အတင့်... အတင့်ရဲလိုက်တာ…. ထွက်သွားစမ်း ! ငါ့ကို လွှတ်ပေး!"

 

စာရေးသူ၌ ပြောစရာရှိသည်:

​ခွေးကောင်ကျီ : "ငါ မလုပ်နိုင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ! ငါ ကိုယ့်ကိုယ်ကိုယ် သက်သေပြရမယ်၊ ဇနီးလေးရေ ၊ ဇနီးလေးရေ ၊ ဒီကိုလာပါဦး !"

 

​ချူဖုန်းချင် : "........."

 

​စာရေးသူ: "သူက အခု မိန်းမစိုးတစ်ယောက်ပါ ! မိန်းမစိုး! အတုအယောင် မိန်းမစိုးဆိုတာကိုလည်း ထိန်းသိမ်းထားဖို့ လိုသေးတယ်!