Chapter 22
Viewers 2k

ကျီယွီကျင်းသည် အနီရောင်ဝတ်စုံနှင့် အနက်ရောင်ဆံပင်တို့ဖြင့် ငရဲပြည်မှ အသူရာတစ်ပါးကဲ့သို့ ရန်လိုမှုအပြည့်ဖြင့် ရှိနေသည်။ သူ ချူဖုန်းချင်၏ ပုံသဏ္ဍာန်ကို မြင်သောအခါ မျက်လုံးများ ချက်ချင်း နီရဲလာသည်။ သူ ဒေါသဖြင့် ရယ်မောလိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် တွန့်ကာ "သတ္တမမင်းသား၊ ရှင်းပြချင်သေးလား" ဟု ပြောလိုက်သည်။

 

 

သူ၏ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ကျောက်လင်သည် တုံ့ပြန်နိုင်စွမ်းမရှိဖြစ်သွား၏။ ခဏတာ အံ့အားသင့်သွားပြီး ကျီယွီကျင်း၏မျက်လုံးများနှင့် ဆုံသောအခါ ကြောက်လန့်သွားကာ အလိုအလျောက် လင်ယင်ကို ကြည့်လိုက်သည်။

 

 

လင်ယင်၏ မျက်လုံးများက မလုံမလဲဖြင့် တဖျတ်ဖျတ်ခတ်မိသွားသော်လည်း ကျောက်လင်၏ အကြည့်ကို သတိမထားမိသကဲ့သို့ ဟန်ဆောင်နေသည်။ သူ စကားတစ်ခွန်းမျှ မဆိုရဲဘဲ အလွန်နှိမ့်ချစွာ ထောင့်တစ်နေရာတွင် ဒူးထောက်နေသည်။

 

 

"ချူယင်ယင်၊ ဒီကို လာခဲ့။"

 

 

ကျီယွီကျင်း၏ တည်ငြိမ်သောလေသံကြောင့် ထိုနေရာရှိ လူတိုင်းက မုန်တိုင်းမတိုက်မီ လေငြိမ်နေခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။

 

 

ချူဖုန်းချင် ကျီယွီကျင်း၏အသံကို ကြားလိုက်ရသည်နှင့်တပြိုင်နက် ရင်ထဲမှ စိုးရိမ်ပူပန်နေသော ခံစားချက်များက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်ကို ငြင်းပယ်နိုင်ခြင်းမရှိပေ။ ကျီယွီကျင်းနှင့် ရင်ဆိုင်ရခြင်းသည် ပြဿနာများ ပိုမိုဖြစ်ပေါ်စေနိုင်သော်လည်း သူကိုယ်တိုင်ပင် အနည်းငယ် ရှုပ်ထွေးသည်ကို ခံစားနေရသည်။

 

 

သူ အနည်းငယ် ချောင်းဆိုးလိုက်သည်။ သူ၏အနက်ရောင် ဆံသားများက ပခုံးတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ကျက်သရေရှိသောအဝတ်အစား၏ ကြယ်သီးနှစ်လုံးက ပြုတ်ထွက်နေပြီး ဖြူဖျော့နေသော လည်ပင်းပေါ်တွင် လက်ရာများကြောင့် အပြာရောင်၊ အနက်ရောင်၊ ခရမ်းရောင် စသည့် အမှတ်အသားများက ထင်ရှားစွာ ပေါ်နေသည်။

 

 

မူလက သူ စိတ်ကို တင်းထားပြီး သူ၏ဆင်ခြင်တုံတရားကို ပျက်စီးစေသည့် ဆန္ဒများကို တိုက်ထုတ်နိုင်ခဲ့သော်လည်း စိတ်တင်းထားသည်များ လျော့ရဲသွားသည်နှင့်တပြိုင်နက် အလိုဆန္ဒများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်အမင်း အင်းအားပြင်းစွာ လွှမ်းမိုးလာသည်။

 

 

အဲ့ဒီကို သွားလိုက်ရမလား...။ သူ ထရပ်ရန်ပင် ခွန်အားမရှိတော့။ ပါးစပ်ကို ဖွင့်လိုက်သော်လည်း နောက်တစ်ခဏတွင် မျက်မှောင်ကြုတ်သွားသည်။ ကျောက်လင်က သူ့ကို မအော်နိုင်စေရန် အသံတိတ်ဆေး ကျွေးခဲ့လေသည်။ 

 

 

သူ၏စိတ်ထဲတွင် အေးစက်မှုတစ်ခု ဝင်လာသည်။ ဤမျှ ကျွမ်းကျင်သောနည်းလမ်းများနှင့် ဆေးဝါးအစုံအလင်ကို ကျောက်လင်သည် မည်မျှသောလူများအပေါ် အသုံးပြုခဲ့သည်ကို သူ မသိပေ။ ထိုလူများ ဘာဖြစ်သွားသည်ကို တွေးရန်ပင် မဝံ့ရဲတော့။

 

 

ချူဖုန်းချင်က ကျီယွီကျင်းကို တစ်ချက်ကြည့်ပြီး လက်ဟန်ဖြင့် ပြလိုက်သည်။ သူ၏အေးစက်သောမျက်နှာတွင် မူမမှန်သည့် နီမြန်းမှုတစ်ခု ပေါ်လာသည်။

 

 

ကျီယွီကျင်းသည် သူ ဘာဖြစ်နေသည်ကို သိသွား၏။ သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးကိုပင် ထိန်းမထားနိုင်တော့။ အပြုံးမရှိသည့် သူ၏မျက်လုံးများက အလွန်ကြောက်စရာကောင်းနေသည်။ လျှပ်စီးကဲ့သို့ လျင်မြန်သောနှုန်းဖြင့် သူသည် ကြိမ်လုံးကို ဝှေ့ယမ်းလိုက်ရာ ၎င်းသည် အလွန်ရက်စက်ပြီး  ကျောက်လင်၏အဝတ်အစားများကို တိုက်ရိုက်ဆုတ်ဖြဲကာ တောက်ပသော အနီရောင်အသားကို ထုတ်ဖော်လိုက်သည်။

 

 

အခန်းထဲရှိ လူတိုင်းသည် ကျောက်လင်၏အော်ဟစ်သံကြောင့် ထိုးဖောက်ခံရသကဲ့သို့ ခံစားရသည်။

 

 

ကျီယွီကျင်းက သူ့ကို နောက်တစ်ကြိမ် ကြိမ်လုံးဖြင့် ရိုက်လိုက်ပြီး သူ၏လက်များကို ခါးတွင် ချုပ်ကာ မြေပြင်ပေါ်သို့ ဆွဲချလိုက်သည်။ သူ အသံနိမ့်နိမ့်ဖြင့် ဒေါသတကြီး ပြောလိုက်သည်။ "မင်း သူ့ကို ဆေးခတ်ရဲတယ်ပေါ့လေ..." 

 

 

ကျောက်လင်သည် သူ၏နောက်ကျောရှိ ဒဏ်ရာကို လက်ဖြင့် ထိလိုက်သည်။ နာကျင်မှုကြောင့် တုန်ယင်နေပြီး အသံကလည်း အနည်းငယ် တုန်နေသည်။ "အား မင်း အတင့်ရဲလိုက်တာ၊ လာကြစမ်း၊ မြန်မြန်လာကြ၊ ဧကရာဇ်ကို လှည့်ဖြားတဲ့ ဒီမိန်းမစိုးကို ခေါ်သွားပြီး ကွပ်မျက်လိုက်"

 

 

" လူတွေ ဘယ်မှာလဲ ဘယ်ရောက်ကုန်ကြတာလဲ" ကျောက်လင်သည် ကျီယွီကျင်းက သူ့ဆီသို့ လျှောက်လာသည်ကို ကြည့်ပြီး ခြေထောက်များဖြင့် မြေပြင်ကို ကန်ကာ နောက်သို့ ရွှေ့နေသည်။

 

 

ကျီယွီကျင်းက သူ့ကို လျစ်လျူရှုပြီး ကျော်သွားကာ ကုတင်ဆီသို့ လျှောက်သွားသည်။ သူသည် ချူဖုန်းချင် ဝတ်ဆင်ထားသော ဝတ်ရုံကို မြေပြင်မှ ကောက်ယူပြီး ဖုန်မှုန့်များကို သုတ်သင်ကာ ချူဖုန်းချင်ကို နောက်ဘက်မှ ရှေ့သို့ ဝတ်ရုံကို တင်းကျပ်စွာ ပတ်ပေးလိုက်သည်။ "ငါ မင်းကို အခုပဲ အိမ်ပြန်ခေါ်သွားမယ်။"

 

 

သူ ပြောနေရင်း အောက်သို့ ငုံ့ကြည့်လိုက်ရာ လည်ပင်းရှိ ဒဏ်ရာကို မြင်ပြီး မျက်လုံးများ ပိုမိုနီရဲလာသည်။ သူသည် အလိုအလျောက် ထိုနေရာကို လက်ချောင်းများဖြင့် ထိချင်သော်လည်း မျက်လုံးများကို မော့လိုက်သောအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နေသော ချူဖုန်းချင်၏မျက်လုံးများနှင့် ဆုံသွားသည်။ သူ ခဏမျှ တုံ့ဆိုင်းသွားပြီး ရုတ်တရက် လက်ကို  ပြန်ရုပ်လိုက်ကာ "တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။

 

 

သူ ခေတ္တရပ်ပြီး ဝတ်ရုံကြိုးများကို ချည်ကာ အိပ်ရာ ခန်းစီးများကို လျှော့ချလိုက်သည်။ "ငါတို့ အိမ်မပြန်ခင်မှာ ငါ အကြွေးတချို့ကို အရင်ပြန်သိမ်းဖို့ လိုအပ်တယ်။"

 

ခန်းစီးမှတစ်ဆင့် ချူဖုန်းချင်သည် "မင်း ကြောက်ရင် နားကိုပါ ပိတ်ထားလိုက်" ဟု တီးတိုးပြောသည်ကို ကြားလိုက်ရသည်။

 

 

ချူဖုန်းချင် မျက်တောင်ခတ်လိုက်သည်။ စိမ်းပြာရောင် ခန်းစီးများက သူ၏အမြင်အာရုံအားလုံးကို ပိတ်ဆို့ထားသည်။ တင်းကျပ်သော ဝတ်ရုံက သူ့ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးနေသည်။ ထိုခံစားချက်က ဘာဖြစ်သည်ကို မှတ်မိရန် အချိန်အကြာကြီး ယူလိုက်ရသည်။ ထိုအရာက လုံခြုံသည်ဟု ခံစားရသော ခံစားချက်ပင်။

 

 

အမှန်တွင် ကျောက်လင်သည် သူ့ထံမှ အကျိုးအမြတ် တစ်ခုမျှ မရခဲ့ပေ။ လည်ပင်းပေါ်ရှိ အမှတ်အသားများသည်ပင်လျှင် သူနှင့် ကျောက်လင်တို့ ကြယ်သီးများကို ဖြုတ်ရန် တွန်းထိုးရာမှ ကျန်ရှိနေခဲ့ခြင်းပင်။

 

 

ကျီယွီကျင်းသည် လက်ကိုင်ပဝါတစ်ထည် ထုတ်ယူပြီး ကြိမ်လုံးကို အစမှ အဆုံးအထိ သုတ်လိုက်သည်။ သွေးစအချို့က အဖြူရောင်လက်ကိုင်ပဝါကို အနီရောင်ဇီးသီးပန်းဆေးရည် ဆိုးထားသည့်နှယ် စွန်းထင်းသွားစေသည်။

 

 

"လီယွီ။"

 

 

"ကျွန်တော် ဒီမှာ ရှိပါတယ်" လီယွီသည် ဤကဲ့သို့ ဖြစ်ပျက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် အလွန်ဒေါသထွက်နေသော်လည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။

 

 

ကျီယွီကျင်းသည် ကျောက်လင်ရှေ့သို့ လျှောက်သွားပြီး ဒူးတစ်ဖက်ထောက်ကာ ကျောက်လင်ကို သူ၏မြေခွေးကဲ့သို့မျက်လုံးများဖြင့် စိုက်ကြည့်ပြီး စကားလုံးတစ်လုံးချင်းစီကို ပြောလိုက်သည်။ "တံခါး ပိတ်လိုက်။"

 

 

ကျောက်လင်: "ကျီယွီကျင်း၊ မင်း ဘာလုပ်ချင်တာလဲ..."

 

 

ကျီယွီကျင်း: "ခန့်မှန်းကြည့်လေ..."

 

 

လီယွီသည် အမိန့်ကို ကြားသောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။ ဤအခြေအနေတွင် ဘာဖြစ်မည်ကို သူ ခန့်မှန်းနိုင်၏။ အဓိကအချက်မှာ ကျောက်လင်သည် မင်းသားဖြစ်ပြီး အရှင်သခင်နှင့် လက်အောက်ခံများကြား ဆက်ဆံရေးသည်လည်း ထိုမျှသာဖြစ်သည်။ ဧကရာဇ်မင်းကြီးသည် ကျီယွီကျင်းကို မည်မျှ အထူးတလည် ဆက်ဆံသည်ဖြစ်စေ မင်းသားတစ်ပါးကို ရိုက်နှက်ခြင်းအား ဘယ်သောအခါမှ ခွင့်ပြုလိမ့်မည်မဟုတ်။ သူ တွေဝေသွားပြီး မော့ကြည့်လိုက်သောအခါ ကျီယွီကျင်း၏အမူအရာကို တွေ့လိုက်ရသည်။

 

 

ကောင်းပြီ၊ ဒီလို လူသတ်ချင်တဲ့အကြည့်မျိုးနဲ့ဆိုမှတော့... သူ့ကို တိုက်တွန်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး...

 

 

လီယွီသည် တံခါးကို ပိတ်လိုက်သော်လည်း အခန်းထဲမှ ထွက်လာခဲ့သည်။ သူ ကြယ်စုံသော ကောင်းကင်ကို မော့ကြည့်ပြီး အသက်ရှူထုတ်လိုက်ရာ ချက်ချင်းပင် အဖြူရောင်အငွေ့အဖြစ် ပြောင်းလဲသွားသည်။ "တစ်ယောက်ယောက် ဒီကို လာဦး..."

 

 

"ရောက်ပါပြီ"

 

 

"ဒီနေရာကို ပိတ်ထားလိုက်၊ အပြင်လူတွေ ဝင်ခွင့်မပြုဘူး၊ ဘယ်သူမှလည်း ထွက်ခွင့်မရှိဘူး..."

 

 

သူ၏စကားများ မဆုံးမီ အခန်းထဲမှ ကျောက်လင်၏ ကျိန်ဆဲသံကို ကြားလိုက်ရသည်။

 

 

လီယွီနှင့် အစောင့်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီး လီယွီသည် စိတ်မသက်သာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "ဟား၊ ဒါက... အုပ်ချုပ်ရေးမှူးက လုပ်ကြံသူတွေကို ဖမ်းနေတာပါ။ ကောင်းပြီ၊ မင်း နောက်ဆုတ်ပြီး ငါ ပြောတဲ့အတိုင်း လုပ်လိုက်တော့"

 

 

အစောင့်: "ဟုတ်ကဲ့။"

 

 

ကျီယွီကျင်းသည် ထိုသူက မင်းသားတစ်ပါးဖြစ်သော်လည်း သနားညှာတာမှုမရှိခဲ့ပေ။ သူ ကျောက်လင်ကို ရက်စက်စွာ ကြိမ်ဒဏ်ပေးလိုက်သည်။ ကျောက်လင်တွင် အစက မျှော်လင့်ချက်အနည်းငယ် ရှိနေနိုင်သော်လည်း ယခုအခါ သူသည် လက်တွေ့အခြေအနေကို ရင်ဆိုင်နေရပြီး ကျီယွီကျင်းသည် သူ့ကို အမှန်တကယ် သတ်ချင်နေသည်။

 

 

ကျီယွီကျင်း၏နှုတ်ခမ်းများ တဖြည်းဖြည်း တွန့်ကွေးလာပြီး ကြိမ်ချက်တစ်ချက်စီတိုင်းတွင် သူ့နှုတ်ခမ်းကွေးများပေါ်မှ အပြုံးက ပိုမိုနက်ရှိုင်းလာ၏။ "သတ္တမမင်းသား၊ ပျော်စရာကောင်းရဲ့လား ဒါပေမဲ့ အစေခံကို ကိုယ်တိုင် လုပ်ခွင့်ပေးတဲ့လူက အရမ်း ရှားတယ်"

 

 

ကြိမ်လုံးတွင် ဆူးများပါဝင်သောကြောင့် ရိုက်လိုက်သောအခါ သွေးများ ထွက်လာသည်။ သူ နာကျင်မှုကြောင့် သေမတတ် ခံစားနေရသည်။ သူ တည်ငြိမ်မှုကို ထိန်းမထားနိုင်တော့။ သူ၏နူးညံ့သောမျက်နှာက ငိုခြင်းကြောင့် ကြောင်ကဲ့သို့ ပုံသဏ္ဍာန် ပြောင်းလဲသွားပြီး ချွေးများ သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ကျောက်လင်သည် ငိုယိုပြီး "ရိုက်နေတာ ရပ်ပါတော့၊ ရပ်ပါတော့။ ငါ သူမကို မထိရသေးပါဘူး။ သူမကို ပြန်ခေါ်သွားပါ၊ ငါ သူမကို နောက်တစ်ကြိမ် ထပ်မထိတော့ဘူးလို့ ကတိပေးပါတယ်။"

 

 

"လင်ယင်... လင်ယင်၊ မြန်မြန်လာပြီး ငါ့ကို ကယ်ပါဦး။"

 

 

လင်ယင်သည် ကျောက်လင်ကို ကာကွယ်ရန် သူ၏ရှေ့တွင် ရပ်နေပြီး ကြိမ်ဒဏ်အနည်းငယ်ကို သူ့ကိုယ်စား ခံပေးခဲ့သည်။

 

 

သူ မျက်မှောင်ကြုတ်ပြီး အသက်ရှူကျပ်စွာ ငိုကြွေးနေသော ကျောက်လင်ကို သူ၏နောက်တွင် ထားလိုက်ပြီး ကျီယွီကျင်း၏ရှေ့တွင် ဒူးထောက်လိုက်သည်။ "အုပ်ချုပ်ရေးမှူး၊ အရှင်မင်းသားက နောက်ထပ်မခံနိုင်တော့ပါဘူး။ ခင်ဗျားသာ သူ့ကို တကယ်သေအောင် ရိုက်ခဲ့ရင် ခင်ဗျားလည်း အရှင်မင်းကြီးကို ရှင်းပြဖို့ အခက်တွေ့လိမ့်မယ်။"

 

 

ကျီယွီကျင်းက လင်ယင်ကို ကြည့်ပြီး "မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား" ဟု ပြောလိုက်သည်။

 

 

လင်ယင်သည် အနည်းငယ် ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ကို လျှော့ချကာ ဦးညွှတ်ပြီး "ဒီအစေခံ မလုပ်ရဲပါဘူး။" ဟု ပြောလေသည်။

 

ကျီယွီကျင်းသည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း လှည့်ကြည့်လိုက်သောအခါ အိပ်ရာ ခန်းစီးကို ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ ချူဖုန်းချင်သည် တောက်ပနေသောမျက်လုံးများဖြင့် သူ့ကို ကြည့်ပြီး ခေါင်းခါပြသည်။

 

 

ကျီယွီကျင်း စုတ်သပ်လိုက်ပြီး "ဒီလောက်ပဲ။" ဟု ပြောလေသည်။

 

 

သူ ကြိမ်လုံးကို ပစ်ချလိုက်ပြီး ချူဖုန်းချင်ဆီသို့ လျှောက်သွားသည်။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိသကဲ့သို့ ရပ်တန့်သွားသည်။ သူ ကျောက်လင်ဆီသို့ လျှောက်သွားပြီး ထိုသူ့ကို ကန်လိုက်သည်။ "မင်း သူ့ကို ဘာဆေး တိုက်ခဲ့တာလဲ..."

 

ကျောက်လင်၏အသံက အက်ကွဲနေပြီး ကျီယွီကျင်းကို မော့မကြည့်ရဲ။ သူ ခပ်တိုးတိုး ပြောလိုက်သည် "ချွန်-ချွန်ဖုန်းဆန်း..." 

 

 

ကျီယွီကျင်း: "တခြားဘာတွေ ရှိသေးလဲ..."

 

 

ကျောက်လင်သည် လင်ယင်ကို တစ်ချက်ကြည့်လိုက်ရာ လင်ယင်သည် သူ၏လက်မောင်းထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး ကျီယွီကျင်းကို ပေးလိုက်သည်။ "တစ်ဝက်ပဲ ကျန်တော့တယ်။"

 

 

ကျီယွီကျင်း: "ကောင်းပြီ၊ အများကြီးတော့မဟုတ်ပေမယ့် သူ့ကို တိုက်လိုက်။"

 

 

"အမ်..." ဘယ်သူ့ကိုလဲ ကျောက်လင်ကိုလား...

 

 

ကျောက်လင်သည်လည်း ရှုပ်ထွေးသွားပြီး သူ နားကြားမှားသည်ဟုပင် ထင်နေသည်။ ကျီယွီကျင်းက မပျော်မရွှင်ဖြစ်နေသောအသွင်ဖြင့် လင်ယင်ကို လုပ်ဆောင်ရန် တိုက်တွန်းသည်အထိပင်။

 

 

လင်ယင်: "ဒီအစေခံ မလုပ်ရဲပါဘူး။"

 

 

ကျီယွီကျင်း: "ဒါပေမဲ့ မင်း ငါ့လူကိုကျတော့ လုပ်ရဲတယ်ပေါ့ မင်း မလုပ်ရင် ငါက ငါ့ညီအစ်ကိုတွေကို လုပ်ခိုင်းလိုက်မယ်။ သူတို့က ဘာအာဏာမှမရှိတဲ့သူတွေချည်းပဲ။"

 

 

လင်ယင်: "......"

 

 

ကျောက်လင်သည် ဆေးများက သူ့ဆီသို့ ပို၍နီးကပ်လာသည်ကို ကြည့်နေသည်။ သူ ခေါင်းကို အားကြိုးမာန်တက် ခါယမ်းပြီး "အား...လင်ယင်၊ ငါ မသောက်ချင်ဘူး။ ငါ ဒီလိုဆေးမျိုးကို မသောက်ချင်ဘူး။" ဟု ပြောလိုက်သည်။

 

 

လင်ယင်သည် သူ့အကြည့်များကို နှိမ့်ချလိုက်ရာ အမှောင်ရိပ်တစ်ခုက ထိုမျက်ဝန်းများထဲတွင် လျှပ်တစ်ပြက်ပေါ်လာသည်။ သူက ညင်ညင်သာသာ ချော့မော့ ပြောလိုက်သည် "အရှင်မင်းသား၊ အဆင်ပြေပါတယ်။" 

 

 

ချူဖုန်းချင်သည် လင်ယင်က ကျောက်လင်၏မေးစေ့ကို ညှပ်ပြီး ဆေးတစ်ဝက်ကို ပါးစပ်သို့ လောင်းထည့်သည်ကို ကြည့်နေသည်။ သူ၏စိတ်ထဲတွင် "အဓိပ္ပာယ်မရှိလိုက်တာ" ဟူသော စကားလုံးနှစ်လုံးသာ ရှိတော့သည်။ ချွန်ဖုန်းအမှုန့်အတွက် ဖြေဆေးမရှိပေ။ ဆေးတစ်ဝက်သောက်ပြီးနောက် ကျောက်လင်သည်...

 

 

ကျီယွီကျင်းသည် ကျောက်လင် ဆေးမှုန့်တစ်ဝက်ကို မျိုချလိုက်သည်ကို မြင်သောအခါ ရပ်တန့်လိုက်ပြီး ကုတင်ဘေးသို့ လျှောက်သွားကာ ချူဖုန်းချင်ကို ပွေ့ချီလိုက်သည်။ "အိမ်ပြန်ကြမယ်။"

 

 

ချူဖုန်းချင်သည် ယခင်က ပွေ့ချီခြင်းကို တစ်ခါမျှ မခံခဲ့ရဖူးသောကြောင့် ခန္ဓာကိုယ်က ခဏမျှ တောင့်တင်းနေသည်။ သူ၏လက်များကို ကျီယွီကျင်း ပခုံးများပေါ် တင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားရသည်။ သူ ပါးစပ်ကို ဖွင့်လိုက်ပြီး ကျီယွီကျင်းကို သူ့အား အောက်ချပေးရန် ပြောလိုသော်လည်း အသံ မထွက်လာပေ။

 

 

ခဏအကြာတွင် အဆင်ပြေလိမ့်မည်ဟု ထင်သော်လည်း ကျီယွီကျင်းက သူ နေမကောင်းဖြစ်နေသည်ဟု ထင်သောကြောင့် ဝတ်ရုံကို ပို၍တင်းကျပ်စွာ ပတ်ပေးပြီး "ခဏ သည်းခံ၊ ငါတို့ မကြာခင် ပြန်ရောက်တော့မှာ။ ငါ တစ်ယောက်ယောက်ကို နန်းတွင်းသမားတော် ခေါ်ခိုင်းလိုက်ပြီ။" ဟု ညင်သာစွာ ပြောလာသည်။

 

 

ကျီယွီကျင်းသည် တည်ငြိမ်စွာ လမ်းလျှောက်နေပြီး ရင်ဘတ်မှ ထွက်လာသော သူ၏ကိုယ်ပိုင် နှလုံးခုန်သံကိုပင် သူ ကြားနိုင်သည်။ ချူဖုန်းချင်သည် ခဏမျှ ကြောင်သွားပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်ကာ သူ၏ရှုပ်ထွေးနေသော အသက်ရှူသံကို ထိန်းချုပ်လိုက်သည်။

 

 

ချူဖုန်းချင်၏အသက်ရှူငွေ့များကက အလွန်ပူပြင်းနေပြီး ကျီယွီကျင်း ၎င်းတို့ကို သူ၏အဝတ်အစားများမှတစ်ဆင့် ခံစားနိုင်သည်။ သူ အနည်းငယ် အံ့အားသင့်သွားပြီး တံခါးအပြင်သို့ လျှောက်ထွက်လာသောအခါ လီယွီသည် နန်းတော်အပြင်ရှိ မြင်းရထားလှည်းပေါ်တွင် ထိုင်ကာ စောင့်ဆိုင်းနေလေသည်။

 

 

ချူဖုန်းချင် နဖူးပေါ်ရှိ ဆံပင်များအားလုံးက စိုစွတ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ပုရွက်ဆိတ်ကိုက်ခံနေရသကဲ့သို့ ခံစားနေရသည်။

 

 

ကျီယွီကျင်းက သူ့ကို မြင်းရထားပေါ်သို့ သယ်ဆောင်သွားသောအခါ သူ၏ပေါင်က တစ်စုံတစ်ခုကို မတော်တဆ ထိမိသွားသည်။ သူသည် မျက်မှောင်ကြုတ်ပြီး "ဘယ်လို အရာမျိုးမို့လို့ အဲ့လောက်တောင် နာနေတာလဲ..." ဟု မေးလိုက်သည်။

 

 

ချူဖုန်းချင်၏မျက်လုံးများက ပြူးကျယ်သွားပြီး  ကျီယွီကျင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ၏ဆီးနှင်းကဲ့သို့ ဖြူဖွေးသောမျက်နှာက ချက်ချင်း နီရဲသွားသည်။