Chapter 21
Viewers 2k

လီယွီ: "ဟုတ်ကဲ့။"

 

 

သူ ကျီယွီကျင်းကို တစ်ချက်ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် ထိုသူသည် အမှန်တကယ်ပင် ဒေါသထွက်နေပုံရသည်။... လီယွီသည် သူ ပစ်ပေးလိုက်သော တံဆိပ်ကို လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်။ ထိုသူ၏ပြောင်းလဲမှုက ကောင်းသည်လား ဆိုးသည်လား သူ မသိပေ။

 

 

သို့သော်လည်း ယခုအချိန်သည် ထိုအရာများကို တွေးတောရန် အချိန်မဟုတ်၊ လူကို ရှာဖွေခြင်းကသာ အဓိကဖြစ်သည်။

 

 

သူ ထွက်ခွာရန် ပြင်နေစဉ် ကျီယွီကျင်းသည် သူ၏နားထင်ကို ဖိနှိပ်လိုက်ပြီး သူ့ကို ပြန်ခေါ်လိုက်သည်။ "ထားလိုက်တော့၊ မင်း ဒါကို စောင့်ကြည့်နေ၊ ငါ အရှင်မင်းကြီးရဲ့ အိပ်ခန်းဆောင်ကို သွားမယ်။" 

 

...

 

ကျီယွီကျင်းသည် ဧကရာဇ်မင်းကြီး၏အိပ်ဆောင်မှ ထွက်လာသောအခါ နန်းတော်တစ်ခုလုံးက ဖရိုဖရဲဖြစ်နေ၏။ ဒုန်ချန်းလည်း သတိပေးခံခဲ့ရသည်။ ဒုန်ချန်း၏အကြီးအကဲဖြစ်သော ဂူကျားက သတင်းကို ကြားသောအခါ ရောက်လာသည်။ ကျီယွီကျင်းကို အပြုံးတစ်ဝက်ဖြင့် ကြည့်ပြီး "ကျစ်... ရှီချန်းရဲ့အုပ်ချုပ်ရေးမှူးက ဒီလောက်ထိ အကြီးအကျယ်ဖြစ်အောင်လုပ်နေတယ်ပေါ့။ မင်းမှာ ခေါင်း ဆယ်လုံးရှိရင်တောင် တော်ဝင်နန်းတော်ကို နှောင့်ယှက်ဖို့ လုံလောက်မှာ မဟုတ်ဘူး။" ဟု ပြောလာသည်။

 

 

ကျီယွီကျင်း၏မျက်လုံးများတွင် စိတ်အနှောင့်အယှက်ဖြစ်မှုတစ်ခု လျှပ်တစ်ပြက်ပေါ်လာ၏။ "ဘာလဲ... ကုန်းကုန်းလည်း ဝင်ပါချင်တာလား"

 

 

ဒုန်ချန်း၏အကြီးအကဲဖြစ်သော ဂူကျားသည် သူ၏မျက်လုံးများကို အနည်းငယ်လှည့်ပြီး "ဒီအစေခံ မလုပ်ရဲပါဘူး။" ဟု ပြော၏။

 

 

ကျီယွီကျင်းသည် သူ၏နှုတ်ခမ်းများကို စေ့ပြီး "လုပ်ကြံသူတွေက နန်းတော်ထဲကို ဖောက်ဝင်လာပြီ။ ကျင်ရီဝေက သူတို့ကို ဖမ်းဆီးဖို့ အမိန့်ပေးခံထားရတယ်။ ကုန်းကုန်း သိပ်အနှောင့်အယှက် မပေးဖို့ မျှော်လင့်ပါတယ်။" ဟု ပြောလိုက်သည်။

 

 

ဂူကျားသည် သူ၏နှုတ်ခမ်းများကို လက်ကိုင်ပဝါဖြင့် ကွယ်လိုက်ပြီး "ဒီအစေခံရှေ့မှာ ဟန်ဆောင်မနေပါနဲ့။ ခင်ဗျားက အကြီးအကျယ် လုပ်နေတာပဲ။ ကျွန်တော့်ရဲ့ဒုန်ချန်းက ခင်ဗျားကို ကြိုက်လို့ မတားဆီးရင်တောင် ဒီလို အကြီးအကျယ် လုပ်တာကို အရှင်မင်းကြီးက အနှေးနဲ့အမြန် သတိပေးမှာ သေချာတယ်။" ဟု ပြောလိုက်သည်။

 

 

ကျီယွီကျင်း: "ကုန်းကုန်း ဘာပြောတာလဲ လုပ်ကြံသူတွေက ဒီအုပ်ချုပ်ရေးမှူးကို လုပ်ကြံဖို့ နန်းတော်ထဲကို ဝင်လာတယ်၊ ဒီအုပ်ချုပ်ရေးမှူးက အဲဒီအရာကို အရှင်မင်းကြီးကို ချက်ချင်း အစီရင်ခံတယ်။"

 

 

ဂူကျား သူ၏နှုတ်ခမ်းများကို ဖုံးအုပ်ပြီး ပြုံးကာ ကျီယွီကျင်း၏နောက်ကျောကို စိုက်ကြည့်နေသည်။

 

 

သူ့ဘေးရှိ ဒုန်ချန်းမှ လူငယ်မိန်းမစိုးက ပေါက်ပေါက်ဖောက်ပြောပြီး ချော့မော့ပြောဆို၏။ "ဒီမကောင်းဆိုးဝါးဝံပုလွေမှာ အားနည်းချက် မရှိဘူးလို့ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ရဲ့ တံခါးဝကို ရောက်လာပြီ။ သူရဲကောင်းတွေက အလှအပကို မခုခံနိုင်ဘူးလို့ ပြောကြပေမယ့် အမြစ်မရှိတဲ့ မိန်းမစိုးတစ်ဦးကလည်း ဒီလောက်တောင် ကဗျာဆန်နိုင်တယ်ပေါ့။ သူမက ကိုယ်လုပ်တော်တစ်ဦးပဲလေ၊ သူမကို ပေးလိုက်ရုံပါပဲ။ နောက်ဆုံးမှာတော့ ရှီချန်းက ဒုန်ချန်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် သူ့ကို ခဏလောက် ဂုဏ်ဆာခွင့်ပေးလိုက်ပါ။"

 

 

ဂူကျားသည် လူငယ်မိန်းမစိုးကို တစ်ချက်ပင် မကြည့်ခဲ့။ သူ၏အကြည့်ကို ရုပ်သိမ်းပြီးနောက် သူ၏မျက်နှာပေါ်ရှိ အပြုံးကလည်း ပျောက်ကွယ်သွားသည်။ "ဒါကြောင့်လည်း မင်း ဘယ်တော့မှ ကျီယွီကျင်း မဖြစ်နိုင်ဘူးလေ။ ငါတို့ ဝင်မစွက်ဖက်ဘဲ သူတို့ အချင်းချင်း တိုက်ခိုက်နေတာကိုပဲ ကြည့်ကြရအောင်။"

 

 

"ရှီချန်းဆိုတာ ဒုန်ချန်းကို နှိမ်နင်းဖို့ ဖန်တီးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ မင်းကို ကျွေးတဲ့သူက မင်းရဲ့မိခင်ပဲ။ ဒုန်ချန်းနဲ့ ရှီချန်းက အမြဲတမ်း တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲနေလိမ့်မယ်လို့ ဘယ်သူက ပြောလဲ"

 

...

 

နန်းတော်တစ်ခုလုံးတွင် ဝင်ရောက်လာသော ကျင်ရီဝေနှင့် ရှီချန်း၏အစောင့်များဖြင့် ပြည့်နှက်နေလျက်။ ကျောက်ယီယွီသည် သူ့ပတ်ဝန်းကျင်မှ လူများကို သွားရှာခိုင်းလိုခဲ့သည်။ သူ အမိန့်ပေးသည်နှင့်တပြိုင်နက် သူသည် တစ်ဖန် ပြန်ပြောလိုက်သည် "ခဏနေဦး"

 

 

သူ လက်သီးများကို ဆုပ်ထားပြီး နန်းတော်ထဲရှိ ဖရိုဖရဲဖြစ်နေသည်များကို ကြည့်ကာ ခဏမျှ တွေဝေသွားပြီး "ထားလိုက်တော့၊ သွားဖို့မလိုဘူး၊  သခင်ချာကို ငါ့ဆီလာဖို့ ပြောလိုက်။" ဟု ပြောလိုက်သည်။

 

 

ဤသည်က အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကျောက်လင် သို့မဟုတ် ကျီယွီကျင်းထဲမှ တစ်ဦးက ထိခိုက်ရလိမ့်မည်။ ဒါမှမဟုတ် သူသည်  ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို သတ်နိုင်ပေမည်။ သူ ယခု လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်  စောင့်ဆိုင်းပြီး အကျိုးကျေးဇူးများကိုသာ ရိတ်သိမ်းနိုင်သည်။

 

 

သူ မည်သည့်နေရာတွင် ရှိနေသည်ကို ချူဖုန်းချင် မသိတော့။ သူ၏အမြင်အာရုံက မှုန်ဝါးနေသည်။သူ့အာရုံခံနိုင်စွမ်းအပေါ်မူတည်၍သာ ရှေ့သို့ ရွေ့လျားနိုင်သည်။ သူ နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းရမည်။ သူ ထိုနေရာနှင့် ပို၍ဝေးလေလေ သူ့ကို ရှာဖွေတွေ့ရှိရန် ပို၍ခက်ခဲလေလေ ဖြစ်သည်။

 

 

ရုတ်တရက် ချူဖုန်းချင် ခလုတ်တိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ခေါင်းပေါ်ရှိ ဆံထိုးက လျော့သွားပြီး သူ၏ နက်မှောင်သောဆံပင်များက ရေတံခွန်တစ်ခုကဲ့သို့ သူ၏ပခုံးပေါ် ဖြာကျလာသည်။

 

 

"ဟာ့၊ ဟား..."

 

သူ အသက်ရှုသံက ပို၍လေးလံလာပြီး သူ နောက်ထပ်ဖိနှိပ်မထားနိုင်တော့။ သူ၏ခြေထောက်များရှိ နာကျင်မှုအနည်းငယ်က သူ့ကို အသိစိတ်အချို့ ပြန်လည်ရရှိစေသည်။ သူ့တွင် ခွန်အားမရှိတော့ပေ။ ချူဖုန်းချင်သည် သူ၏အမြင်အာရုံကို ပိုမိုရှင်းလင်းစေရန် မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ထိန်းချုပ်မရသော ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုအပေါ် မျက်မှောင်ကြုတ်မိသည်။ ဒီဆေးက ဘယ်လိုဆေးမျိုးလဲ... အရမ်းပြင်းတယ်...

 

 

ခဏအကြာတွင် သူ၏လက်မောင်းထဲတွင် စမ်းတဝါးဝါးဖြင့် ဆေးပုလင်းကို ထုတ်ယူပြီး ဆေးလုံးများစွာကို သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ ၎င်းတို့ကို ခြောက်သွေ့စွာ ဝါးပြီး မျိုချလိုက်ပြီး အခြေအနေကို ကယ်တင်ရန် အတတ်နိုင်ဆုံး ကြိုးစားသည်။

 

 

ဆေးပမာဏက များသောကြောင့် ဆေးသောက်ပြီးနောက် သူ အနည်းငယ် ပိုကောင်းလာသည်ဟု ခံစားရသည်။ သူ့ဘေးတွင် အလှဆင်ထားသော ကျောက်ပုံတစ်ပုံရှိသည်။ သူပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဤနေရာသို့ တစ်ခါမျှ မရောက်ဖူးကြောင်း သေချာသွားသည်။ အများကြီး မစဉ်းစားဘဲ သူ ကျောက်ပုံထဲတွင် ပုန်းအောင်းလိုက်သည်။

 

 

ကျီယွီကျင်းသည် သူ့ကို ရှာတွေ့လိမ့်မည်။

 

 

"အမ်..." ချူဖုန်းချင် သူ၏ကိုယ်ပိုင်အတွေးများကြောင့် တုန်လှုပ်သွားသည်။ ကျီယွီကျင်း... သူက ဘယ်တုန်းက အဲ့လူအပေါ်မှာ ဒီလောက်တောင် မှီခိုနေတာလဲ...

 

 

သူ ရှင်းရှင်းလင်းလင်း မစဉ်းစားရသေးခင် ပူပြင်းမှု၏ဒုတိယလှိုင်းက မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ချို့က တုံ့ပြန်လာသည်။ ချူဖုန်းချင် သူ၏သွားဖြူများဖြင့် အပေါ်နှုတ်ခမ်းကို ကိုက်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏နူးညံ့သောမျက်နှာတွင် အေးစက်မှုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သောအမူအရာတစ်ခု ရှိနေသည်။ သူ အနည်းငယ် ရှက်ရွံ့နေသည်ဟုလည်း ခံစားရသည်။ သူ ယခင်က ဤမျှလောက် အရိုင်းဆန်ခြင်းမျိုး မရှိဖူးပေ။

 

 

တုန်ယင်နေသောလက်များဖြင့် သူသည် ကျန်ရှိနေသော ငွေအပ်တစ်ချောင်းတည်းကို ထုတ်ယူပြီး အားပြင်းပြင်းဖြင့် အပ်စိုက်ရသည့်နေရာတစ်ခုထဲသို့ ထိုးလိုက်သည်။ သူ သေခြင်းတရားကို ထိုင်စောင့်နေ၍မရ၊ သူ့ကိုယ်သူ မှီခိုရမည်။

 

 

ငွေအပ် တစ်ဝက်လောက် ဝင်သွားပြီး နာကျင်မှုက သူ၏မျက်လုံးများကို အနည်းငယ် နီရဲစေသော်လည်း နာကျင်မှုက ဖိစီးနေသောလိုအင်ဆန္ဒများ သူ့ကို လွှမ်းမိုးမသွားစေရန် ထိန်းပေးနိုင်သည် ။ သူ၏နက်မှောင်နေသော ဆံသားက ခါးအထိ ဖြာကျလျက်။ ဆံချည်မျှင်အချို့ကမူ နဖူးတွင် ကပ်နေသည်။ သူ၏ က္ကုန္ဒြေရှိသောသော အနီရောင်အဝတ်အစားများက ဆွဲဆောင်မှုရှိလာသည်။

 

 

သူ ယခုလေးတင် လျှောက်ခဲ့သောလမ်းကို ပြန်မှတ်မိရန် ကြိုးစားနေသည်။ သူ ပင်မခန်းမသို့ ပြန်သွားမရပေ။ သူ ဒီလိုအခြေအနေမျိုးနဲ့ ပင်မခန်းမသို့ ပြန်သွားခဲ့ရင် မနက်ဖြန်တွင် ဘယ်လိုညစ်ပတ်တဲ့စကားလုံးတွေ ကြားရမယ်ဆိုတာ ဘယ်သူ သိမှာလဲ...

 

 

ဒါ့အပြင်... သူသည် သူ၏မျက်လုံးများကို နှိမ့်ချလိုက်ရာ သူ၏ကျီးကန်းမွေးကဲ့သို့ မျက်တောင်များက အနည်းငယ် တုန်ယင်နေသည်။ သူ အရေးအကြီးဆုံးအရာကို ထည့်သွင်းစဉ်းစားရန် မေ့နေခဲ့သည်။ သူသာ ဒီလိုအခြေအနေမျိုးနဲ့ ကျီယွီကျင်းကို တွေ့လိုက်ရပြီး သူ ဘယ်သူဆိုတာ ဖော်ထုတ်ခံခဲ့ရရင်...

 

 

သူ့ဖခင်ကို မပြောလေနှင့်၊ ဤကိစ္စကို ဖော်ထုတ်ခံခဲ့ရပါက ကျန်းနန်ရှိ သူ၏မိခင်နှင့် အမကိုပါ ကျီယွီကျင်း၏သြဇာအာဏာနှင့် အင်အားက သက်ရောက်မှုရှိလိမ့်မည်။

 

 

ထို့အပြင် ကျီယွီကျင်းက တစ်ခုခုကို အထင်လွဲပြီး ဓားတစ်ချောင်းနဲ့ သူ့ကို သတ်ခဲ့ပါက သူသည်လည်း ဘာမျှတတ်နိုင်မည်မဟုတ်ချေ။

 

 

သူ မျက်လုံးများကို မှိတ်လိုက်သည်။ သူ ရှူထုတ်လိုက်သောလေက ပူနေ၏။

 

 

သူ၏ ရှုပ်ထွေးနေသောစိတ်က အလျင်အမြန် အလုပ်လုပ်နေပြီး အကျိုးအပြစ်များကို ချိန်ဆနေသည်။

 

 

ရုတ်တရက် ကျောက်ပုံအပြင်ဘက်တွင် ခြေသံများစွာကို ကြားလိုက်ရသည်။ ချူဖုန်းချင် ဂရုတစိုက် နားထောင်ပြီး သူ၏အသက်ရှုသံကို အနိမ့်ဆုံးသို့ လျှော့ချလိုက်သည်။

 

 

အပြင်ဘက်ရှိ ခြေသံများ မှေးမှိန်သွားသောအခါ သူ အသက်ရှုထုတ်လိုက်သည်။ နောက်တစ်ခဏတွင် သူ  နောက်သို့လှည့်လိုက်ရာ ကျောက်လင်သည် သူ့ကို  အပြုံးတစ်ခုဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် သူ၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး "အလှပဂေးလေး၊ မင်းကို ခက်ခက်ခဲခဲ ရှာရအောင် လုပ်လိုက်တာပဲ။" ဟု ပြောလေသည်။

 

 

ချူဖုန်းချင် မတုံ့ပြန်မီ မိန်းမစိုးတစ်ဦးက ဆေးပုလင်းတစ်လုံးကို သူ၏ပါးစပ်ထဲသို့ လျင်မြန်စွာ လောင်းထည့်လိုက်ရာ သူ နောက်တစ်ခဏတွင် သတိလစ်သွားတော့သည်။

 

 

သူ ပြန်နိုးလာသောအခါ ထွင်းထုထားပြီး ကြီးမားသောခုတင်တစ်ခုပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်နေရန် အတတ်နိုင်ဆုံး ကြိုးစားသည်။

 

 

... အသံ ကြားသောအခါ ကျောက်လင်သည် ဖန်ခွက်ထဲရှိ နောက်ဆုံးသေရည်တစ်ငုံကို ပါးစပ်ထဲသို့ လောင်းထည့်ပြီး ရင်းနှီးသောလေသံဖြင့် "နိုးပြီလား လက်ဖက်ရည် သောက်ချင်လား" ဟု ပြောလာသည်။

 

 

ချူဖုန်းချင် သူ၏ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူ မည်မျှကြိုးစားနေပါစေ မည်သည့်အသံမှ မထွက်လာပေ။ သူ အချိန်ဖြုန်းခြင်းကို ရပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ခွန်အားကို အချိန်အတိုင်းအတာ တစ်ခုအထိ ချွေတာရမည်ဖြစ်သည်။

 

"ဪ၊ ငါ မေ့သွားတယ်။ မင်းက အခု ဘာအသံမှ မထွက်နိုင်ဘူးပဲ။" ကျောက်လင် လက်ထဲတွင် သေရည်ခွက်တစ်ခွက်ကို ကိုင်ထားပြီး သူ၏ဆီသို့ ယိုင်ထိုးလာသည်။ "လာ၊ တစ်ငုံလောက်သောက်ဦးမလား"

 

 

ချူဖုန်းချင်သည် သူ၏ခေါင်းကို လွှဲလိုက်ရာ ကျောက်လင်က "မင်း ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမဲ့ မင်းကို ပထမဆုံးအကြိမ် တွေ့တဲ့အချိန်ကတည်းက မင်းက ငါ့အပိုင် ဖြစ်ကိုဖြစ်လာရမယ်လို့ ငါ ခံစားခဲ့ရတာ မင်းက ငါ ကြိုက်တဲ့ပုံစံမျိုးလေးပဲ။ ဒါက ပေါ့ပေါ့တန်တန်လို့ ထင်ရပေမယ့် ငါက ဒီလို အပေါ်ယံအရာတွေကို ကြိုက်တယ်လေ။" ဟု ပြောလိုက်သည်။

 

 

သူ ပြောနေရင်း ချူဖုန်းချင်၏မေးစေ့ကို သူ၏လက်ချောင်းများဖြင့် ညှပ်ပြီး သေရည်ခွက်ကို နှုတ်ခမ်းများနှင့် ကပ်လိုက်သည်။ "အလိမ္မာလေး၊ သောက်လိုက်စမ်းပါ၊ ငါ့ကို အကြမ်းဖက်ရအောင် မလုပ်နဲ့။"

 

 

ပူပြင်းသောသေရည် သူ၏နှုတ်ခမ်းများမှ စီးဆင်းလာပြီး အချို့က သူ၏ပါးစပ်ထဲသို့ ဝင်သွားသည်။ အချို့ကမူ သူ့လည်ပင်းပေါ် စီးဆင်းသွားသည်။ သူ အသက်ရှူကျပ်ပြီး နှစ်ကြိမ် သုံးကြိမ် ချောင်းဆိုးမိသွားသည်။

 

 

သူ့လည်ပင်းပေါ်ရှိ သေရည်အချို့က အလင်းရောင်အောက်တွင် တောက်ပနေသည်။ ကျောက်လင် ထိုမြင်ကွင်းကြောင့် မှင်သက်သွား၏။ သူ၏ အနီရောင်နှုတ်ခမ်းများကို ဖွင့်လိုက်ပြီး "ငါက မင်းကို တစ်ခါ သုံးပြီးရင် ပြန်ပို့ပေးမလို့ အစက စိတ်ကူးထားတာ၊ ဒါပေမဲ့ အခုတော့ ငါ နောင်တရသွားပြီ။ ငါက မင်းကို ဒီမှာပဲ ဖမ်းချုပ်ထားချင်တယ်" ဟု ပြောလာသည်။

 

 

"စိတ်မပူပါနဲ့၊ ငါ ညင်သာပါ့မယ်။"

 

 

ချူဖုန်းချင်သည် ကျောက်လင်က သူ့ကို မည်သည့်ဆေးမျိုးကို ကျွေးခဲ့သည်ကို မသိပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ခန္ဓာကိုယ်ထဲတွင် ခွန်အားမရှိတော့။ သူ ငွေအပ်ကို ထိရန်ပင် ခွန်အားမရှိတော့ပေ။ အဆုံးမဲ့သောပူပြင်းမှုက သူ၏ဦးနှောက်ထဲသို့သာ လှုံ့ဆော်နေသည်။

 

 

ကျောက်လင်၏လက်ချောင်းများက သူ့အင်္ကျီကြယ်သီးများကို ထိတော့မတတ်ဖြစ်နေစဉ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

 

 

"သခင်၊ ရှီချန်းရဲ့အုပ်ချုပ်ရေးမှူး ရောက်လာပါပြီ။"

 

 

ကျောက်လင်၏မျက်နှာက ချက်ချင်း ညိုမည်းသွား၏။ "ထွက်သွား! သူ့ကို ထွက်သွားခိုင်းလိုက်! သူ မင်းသားရဲ့အိပ်ဆောင်ထဲကို ဝင်လာရဲမယ် မထင်ဘူး။"

 

 

သို့သော်လည်း နောက်တစ်ခဏတွင် အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာပြီး ကျောက်လင်၏အိပ်ဆောင်တံခါး ကန်ဖွင့်ခံလိုက်ရသည်။

 

 

ကျီယွီကျင်းသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် မြင်းရိုက်ကြိမ်ကို ကိုင်ထားကာ စကားတစ်လုံးချင်းစီကို ပြောလာသည်။ "ဒီနိမ့်ကျတဲ့အစေခံက သတ္တမမင်းသားကို နှုတ်ဆက်ဂါရဝပြုပါတယ်။"