Chapter 18
Viewers 2k

အပိုင်း  (၁၈)

 

အရာရှိများ: "..." 

 

ဒီအချိန်က ဘာစားရမှာကို ဆွေးနွေးရမဲ့ အချိန်လား။ ချိုခြင်း မချိုခြင်းကို ဆွေးနွေးနေရမဲ့ အချိန်လား။ အာ.. ဒီစုံတွဲက လူတွေကို ရူးသွပ်သွားစေတာဘဲ။

 

ကြားဖြတ်အနေဖြင့် ကျီယွီကျင်းသည် နှစ်ကြိမ် ရယ်မောလိုက်ပြီး ချူဖုန်းချင်သည် သူ့ကို အရူးတစ်ဦးကဲ့သို့ ကြည့်နေ၏။ ဤတစ်ကြိမ်တွင် ကျီယွီကျင်းသည် သူ၏အသံကို နှိမ့်လိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်ရန် သူ၏နားရွက်တွင် တိုးတိုးလေး ဆို၏ ။ "ဟားဟားဟား၊ ဖျားနာနေတဲ့ပျိုးပင်လေး၊ မင်းက ငါ့ကို တော်တော်သဘောကျစေတယ်။ မင်းသာ ယောက်ျားလေးဆိုရင် ငါက မင်းနဲ့ ညီအစ်ကိုတွေ သေချာပေါက် ဖြစ်လာမှာပဲ။" 

 

ချူဖုန်းချင်: "..."

 

ကံကောင်းထောက်မစွာဖြင့် လီယွီသည် ဤအရာကို မကြားခဲ့ရပေ။ မဟုတ်ပါက သူသည် ကျီယွီကျင်း၏ဦးနှောက်ကို လှုပ်ခါပြီး ၎င်းက ဘာနဲ့ပြုလုပ်ထားသည်ကို ရှာဖွေလိုမည်မှာ သေချာ၏။

 

ပထမဆုံးထိုင်ခုံတွင် ထိုင်နေသော အိမ်ရှေ့စံမင်းသားသည် ထရပ်နေသော အရာရှိများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျီယွီကျင်းကို ကြည့်၏။ သူသည် သူ၏နှုတ်ခမ်းများကို ကွေးလိုက်ပြီး နောက်ဆုံးတွင် ​​ပြောလာသည် ။"ဒီကိစ္စကို သတ္တမညီလေးက စတင်ခဲ့တာ မှန်ပါတယ်။ သတ္တမညီလေး၊ တောင်းပန်လိုက်ပါ။" 

 

ကျောက်လင်: "..."

 

သူ၏မျက်နှာသည် မီးသွေးကဲ့သို့ မည်းနေပြီး ဝိုင်ခွက်ကို ကိုင်ထားသော သူ၏လက်ဖဝါးပေါ်ရှိ သွေးပြန်ကြောများက ဖောင်းကြွနေသည်။ သူသည် စိတ်မပါသော်လည်း နောက်ဆုံးတွင် အိမ်ရှေ့စံမင်းသားကို မနာခံရန် မရဲပေ။ သူသည် သူ၏သွားများကို ကြိတ်ပြီး အေးစက်စွာဖြင့် "အုပ်ချုပ်ရေးမှူး၊ ကျွန်ုပ်ကို ခွင့်လွှတ်ပါ။" ဟုသာ ပြောနိုင်၏။

 

ကျီယွီကျင်းသည် သူ၏လက်ထဲရှိ ဖန်ခွက်ကို လှုပ်လိုက်ပြီး "ဒီအစေခံက ဒါကို လက်ခံဖို့ မရဲပါဘူး၊ ဒါပေမဲ့ ကျွန်ုပ်ရဲ့ ဇနီးကတော့..."

 

ကျောက်လင်: "ကျီယွီကျင်း၊ အလွန်အကျွံ မလုပ်နဲ့"

 

ကျီယွီကျင်းကလည်း ဘာမှမပြောဘဲ သူ၏မျက်နှာကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်​​နေသည် ။ 

 

ကျောက်လင်သည် လွတ်မြောက်ရန် လမ်းမရှိသည်ကို သိ၏။ သူသည် အရာရှိများ၏ ခြိမ်းခြောက်မှုများကို ကြည့်ပြီးနောက် ကျီယွီကျင်းဘေးတွင် ရပ်နေသော အိမ်ရှေ့စံကို ကြည့်၏။ သူသည် သူ၏မျက်လုံးများကို ပိတ်လိုက်ပြီး "အုပ်ချုပ်ရေးမှူးကတော်၊ ကျွန်ုပ်ကို ခွင့်လွှတ်ပါ။" ဟု သြဇာမရှိသောအသံဖြင့် ပြော၏။

 

ချူဖုန်းချင်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ကျီယွီကျင်းက သူ၏လက်ကို မြှင့်ကာ သူ၏လက်ထဲရှိ ဝိုင်ဖန်ခွက်ကို သောက်လိုက်၏။ ထို့နောက် အရာရှိများအားလုံး သူတို့၏နေရာများတွင် ဝင်ထိုင်ကြသည်။

 

ကျောက်လင်သည် ညစ်နွမ်းသောမျက်နှာဖြင့် အဝတ်လဲရန် အပြင်သို့ ထွက်သွားသည်။ ကျောက်ယွီယွီသည် သူ၏နှုတ်ခမ်းများကို စေ့ပြီး ကျီယွီကျင်း၏နေရာကို သူ၏မျက်လုံးထောင့်မှ ကြည့်နေရာ သူ၏မျက်လုံးများထဲတွင် ရန်လိုမှုအရိပ်အယောင်တစ်ခုရှိ၏။ သို့သော် သူသည် နူးညံ့သော အပြုံးသို့ လျင်မြန်စွာ ပြန်ပြောင်းသွားသည်။

 

ခန်းမသည် ဆူညံလာပြီးနောက် ချူဖုန်းချင်သည် "ရှင် ကျွန်မကို ဒီလိုကာကွယ်ပေးဖို့ မလိုပါဘူး။" ဟု ပြော၏။

 

ကျီယွီကျင်းသည် ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ပျင်းရိစွာဖြင့် ဆိုသည် ။  "နောက်ဆုံးတော့ မင်းက အုပ်ချုပ်ရေးမှူးကတော်ဖြစ်နေပြီ။ ငါက မင်းကို မကာကွယ်ရင် ဘယ်သူက ကာကွယ်ပေးမှာလဲ" 

 

သူသည် ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီးဖြင့် "မင်းက တကယ်ပဲ ရိုးသားမှုမရှိဘူး၊ မင်းကို ကာကွယ်ပေးတာက မှားနေတာလား" ဟု ပြော၏။

 

ချူဖုန်းချင်သည် သူ့ကို ကြည့်ရန် မျက်လုံးများကို မြှင့်လိုက်ပြီး သူ၏ပုံစံကို မြင်သောအခါ သူ့နှုတ်ခမ်းများကို စေ့ပြီး မရယ်ဘဲမနေနိုင်တော့ပေ။ "ဒီလိုဆိုရင် ခင်ဗျားက ခေါင်းမာတဲ့အမျိုးသမီးတစ်ယောက်လို ဖြစ်နေပြီ။"

 

ကျီယွီကျင်း: "..."

 

ကျီယွီကျင်းသည် သူ၏လက်ထဲရှိ ဝိုင်ကို ချလိုက်ပြီး သူ၏ပါးစပ်ထောင့်ကို မြှင့်ကာ နဖူးကို လက်ချောင်းဖြင့် ပုတ်လိုက်သည်။ "ဟေး၊ဖျားနာနေတဲ့ပျိုးပင်လေး၊ ငါ တွေ့လိုက်ရတာက မင်းက အခု ပိုရဲတင်းလာတာပဲ၊ ငါ့ကိုတောင် ရဲရဲကြီး နောက်ပြောင်ရဲတယ်။ ငါ့ကိုကြောက်လို့ ဘယ်သူကမှ စကားတစ်ခွန်းတောင် မပြောရဲခဲ့ဘူး။"

 

"ဪ၊ ငါ မေ့နေတယ်၊ မင်းက အဲဒါက ကြောက်တာမဟုတ်ဘဲ ရှက်တာလို့ ပြောခဲ့တယ်၊ ဟုတ်တယ်မလား"

 

သူ၏အတိတ်ကို ဆွဲထုတ်ခံလိုက်ရသော ချူဖုန်းချင် : "..." မဟုတ်ဘူး၊ သူ ဘာမှမကြားခဲ့ရဘူး။

 

တကယ်တော့ အောက်ရှိ အရာရှိများအားလုံးက ချူဖုန်းချင်အပေါ် အလွန်သိလိုစိတ်ရှိနေကြ၏။ လူတိုင်းက ကျီယွီကျင်းသည် မြို့တော်၏ ပထမဆုံး အလှပဂေးကို လက်ထပ်ခဲ့သည်ဟု ဆိုသော်လည်း မည်သူမျှ သူ့ကို တစ်ခါမျှ မမြင်ဖူးကြပေ။ သူသည် နောက်ဆုံးတွင် ပေါ်လာပြီး မျက်နှာဖုံးဖြင့်ပင် တင်းတင်းကျပ်ကျပ် ဖုံးအုပ်ထားသည်။သူ၏ဟန်ပန်သည် သာမန်လူတစ်ဦးနှင့် မတူကြောင်းကိုသာ မြင်တွေ့နိုင်၏။

 

လူတိုင်းက အလွန်သိလိုစိတ်ရှိသော်လည်း မည်သူမျှ ရှေ့သို့ သွား၍ မေးမြန်းရန် မရဲကြပေ။ ထိုသူသည် ကျီယွီကျင်း ဖြစ်သည်။ မင်းသားများကိုပင် ရိုက်နှက်ရဲသောသူကို သူတို့က ဘယ်လိုလုပ် စော်ကားရဲမှာလဲ ။ ဤအချိန်တွင် ချူဖုန်းချင်၏စစ်မှန်သောမျက်နှာကို မြင်တွေ့ခဲ့ရသော လီယွီသည် လူများက အလွန်လိုချင်သောကုန်ပစ္စည်းတစ်ခု ဖြစ်လာ၏။ လူတိုင်းက နှုတ်ခွန်းဆက်စကားပြောရန် အကြောင်းပြချက်အောက်တွင် သူ့ထံသို့ သွားရောက်ပြီး သတင်းများကို မေးမြန်းကြသည်။

 

သူတို့သည် ကျီယွီကျင်းကို မနှိုးဆွရဲသော်လည်း လီယွီကတော့ အဆင်ပြေ၏။ ထို့ကြောင့် လီယွီသည် သူ တစ်ခါမျှ မခံစားဖူးသော အပြုအမူကို ခံစားရ၏။ သူ၏ကလေးမျက်နှာသည် ချော့မော့ခံရသောကြောင့် နီရဲသွားပြီး သူသည် ထင်ပေါ်လာ၏။ သူ့ကို မေးခွန်းများမေးရန် လာသောလူများကို ရင်ဆိုင်ရာတွင် သူသည် နက်နဲဟန်ဆောင်ပြီး "အုပ်ချုပ်ရေးမှူးကတော်ရဲ့ ရုပ်ရည်ကို စကားအနည်းငယ်နဲ့ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ဘူး။ မဟုတ်ဘူး အဲဒီလိုမျိုး အလှအပကို ဖော်ပြဖို့ စကားလုံးတွေ မရှိဘူးလို့ ပြောသင့်တယ်။ အတိုချုပ်ပြောရရင် သူက တိုင်းပြည်တစ်ခုကို လဲပြိုစေနိုင်လောက်အောင် လှတယ်။ ဒီအလှအပကို ကောင်းကင်ဘုံမှာပဲ တွေ့နိုင်တယ်။ ဒါက ငါးတွေကို ရေအောက်ကို နစ်မြုပ်စေပြီး ငန်းတွေကို မြေပြင်ပေါ်ကို ကျစေနိုင်တယ်။ ဒါက လနဲ့ ပန်းတွေကို ရှက်ရွံ့စေနိုင်တယ်..." ဟု ပြော၏။

 

သူသည် စကားလုံးများစွာကို ပြောပြီး သူ၏မှင်အားလုံးကို အသုံးပြုလိုက်သည်။ သူ ဆက်မပြောနိုင်တော့သောအခါ သူသည် နှစ်ကြိမ် ချောင်းဆိုးလိုက်ပြီး ပြောလေသည် ။  "ဘယ်လိုပဲဖြစ်ဖြစ်၊ ခင်ဗျားတို့အားလုံး မမြင်ရတဲ့အတွက် ဒါက ဘဝရဲ့ ကြီးမားတဲ့ နောင်တတစ်ခုပဲ၊ အဟမ်း၊ အဟမ်း၊ အဟမ်း။" 

 

အရာရှိတစ်ဦးက သူ၏မာနကြီးသောရုပ်သွင်ကို မခံရပ်နိုင်ဘဲ "လီယွီ၊ မင်း ဘာလို့ အရမ်းမာနကြီးနေတာလဲ သူက မင်းရဲ့ဇနီးတောင် မဟုတ်ဘူး။ မင်းက အုပ်ချုပ်ရေးမှူးနဲ့အတူ ကြီးပြင်းလာခဲ့တာ။

 

အုပ်ချုပ်ရေးမှူးမှာတောင် ဇနီးရှိတယ်၊ မင်းမှာတော့ အစေခံတောင် မရှိဘူး။ အုပ်ချုပ်ရေးမှူးက မိန်းမစိုးတစ်ဦးဖြစ်ပေမယ့် မြို့တော်မှာ နာမည်ကြီးတဲ့ အလှပဂေးတစ်ဦးကို ပွေ့ဖက်ထားနိုင်တယ်။ မင်းရဲ့ ကြမ်းတမ်းတဲ့ခွန်အားက ဘာအသုံးဝင်လို့လဲ" ဟု ဆို၏။

 

လီယွီ: "..." 

 

"ဗွမ်း" "ဗွမ်း" 

အကြောင်းအရာတစ်ခုခုကြောင့် သူသည် မမြင်ရသော မြားများစွာက သူ၏နှလုံးသားကို ထိုးဖောက်နေသည်ဟု အမြဲခံစားရ၏။ သူသည် သူ၏ရင်ဘတ်ကို ထိလိုက်သည်။ ၎င်းက အလွန်ကြမ်းတမ်း၏။

 

ကျောက်ယွီယွီသည် သူ၏မျက်လုံးထောင့်မှ ကျီယွီကျင်း၏စားပွဲကို အမြဲကြည့်နေ၏။ ထိုလူနှစ်ဦး၏ အပြန်အလှန်ဆက်ဆံမှုကို မြင်သောအခါ ထူးဆန်းသောစိတ်ခံစားမှုတစ်ခုက မြင့်တက်လာသည်။ သူ၏ကိုယ်ထဲရှိ ထူးဆန်းသောစိတ်ခံစားမှုကို သတိထားမိသောအခါ သူသည် ခဏမျှ ကြောင်သွားပြီး သူ၏မျက်လုံးများကို လျှော့ချကာ ဝိုင်အငုံအနည်းငယ်ကို သောက်လိုက်သည်။

 

ဤအချိန်တွင် ဧကရာဇ်မင်းကြီးက တဖြည်းဖြည်းချင်း ရောက်လာပြီး အရာရှိများအားလုံးက "ဧကရာဇ်မင်းမြတ် အသက်ရှည်ပါစေ" ဟု အော်ဟစ်ကြသည်။ အခမ်းအနားပြီးနောက် ဧကရာဇ်မင်းကြီး ထိုင်လိုက်ပြီး မျက်နှာဖုံးစွပ်ထားသော ချူဖုန်းချင်ကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရ၏။

 

သူသည် ကျီယွီကျင်းကို ကြည့်ပြီး "ကျီကျင်း၊ ဒီလူက ဘယ်သူလဲ" ဟု မေး၏။

 

ကျီယွီကျင်းသည် ထရပ်ပြီး "ဧကရာဇ်မင်းမြတ်ကို ဖြေကြားပါမည်။ ဤအစေခံ၏ ဇနီးသည် ကျန်းနန်၌ ကြီးပြင်းလာသောကြောင့် ဧကရာဇ်မြို့၏ စည်းမျဉ်းများကို မသိပါ။ သူမသည် ဂုဏ်ရှိသောလူများကို စော်ကားမည်ကို ဤအစေခံက စိုးရိမ်သောကြောင့် သူမကို ကျွန်ုပ်၏ဘေးတွင် ခေါ်ဆောင်လာရန် ရဲဝံ့ခဲ့ပါသည်။ အရှင်မင်းမြတ်က နားလည်ပေးပါလိမ့်မည်ဟု ဤအစေခံက မျှော်လင့်ပါတယ်။" ဟု ပြန်ဖြေ၏။

 

သူ၏စကားများက ဧကရာဇ်မင်းကြီးကို အော်ဟစ်ရယ်မောစေ၏။ "ငါ နားလည်ပါတယ်၊ နားလည်ပါတယ်။ ကျီချင်းက ဒီဘက်ခြမ်းကို ဖော်ပြတာ ရှားပါတယ်။ အိမ်ထောင်ပြုခြင်းကို မင်းကို ပေးအပ်တာ ငါ မှန်တယ်လို့ ထင်ပါတယ်။"

 

ကျီယွီကျင်းကို မေးပြီးနောက် သူသည် နောက်ထပ်ဗလာနေရာတစ်ခုကို သတိထားမိပြီးနောက် သူ၏သားများကို ကြည့်ကာ "ရှောင်ချီ ဘယ်မှာလဲ" ဟု မေး၏။

 

ကျောက်ယွီယွီသည် ထရပ်ပြီး "အရှင်မင်းမြတ်ကို ဖြေကြားပါမည်။ လင်အာရဲ့အဝတ်အစားတွေက ဝိုင်နဲ့ စိုသွားပါတယ်။ အဝတ်လဲဖို့ သွားပြီး မကြာခင် ရောက်လာမှာပါ။" ဟု ပြန်ဖြေ၏။

 

ဧကရာဇ်မင်းကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ "ရှောင်ချီက အခု ပိုပိုပြီးစည်းကမ်းမရှိဖြစ်လာပြီ။"

 

အခြားတစ်ဖက်တွင် ကျောက်လင်သည် အပြင်သို့ ထွက်သွားသည်နှင့်တပြိုင်နက် လူငယ်မိန်းမစိုးတစ်ဦးကို ကန်ထုတ်လိုက်သည်။ သူသည် အလွန်ဒေါသထွက်နေသောကြောင့် မည်သည့်နေရာသို့ ထုတ်ဖော်ရမည်ကို မသိပေ။ သူ၏နန်းတော်သို့ ပြန်ရောက်သောအခါ အခုလေးတင်က ရှက်ရွံ့စရာကိစ္စကို တွေးတောမိပြီး သူ၏သွားများကို ချိုးလုနီးပါး ဖြစ်၏။ အခန်း၏ကြမ်းပြင်တွင် သူ ရိုက်ခွဲလိုက်သော ပစ္စည်းများ၏ အပိုင်းအစများက ပြည့်နေသည် ။

 

သူ၏ ထိုပုံစံကို မြင်ရသောအခါ သူ့ကို ခစားသော နန်းတွင်းအစေခံမများက သူ့ကို စော်ကားမည်ကို ကြောက်သောကြောင့် တုန်ယင်စွာဖြင့် သူ၏အဝတ်အစားများကို ချွတ်ပေးကြသော်လည်း သူတို့ ကြောက်လေလေ အမှားလုပ်မိရန် ပိုမိုလွယ်ကူလေလေဖြစ်သည်။

 

"အင့်" ကျောက်လင်သည် အသက်ရှုသွင်းလိုက်သည်။

 

အစေခံမက သူ့ကို အဝတ်အစားများ ချွတ်နေစဉ် သူ၏ဆံပင်များကို မတော်တဆ ဆွဲမိသွားခြင်း ဖြစ်သည်။ ထိုအစေခံမ၏ မျက်ဆံများသည် ကျုံ့သွားပြီး သူမသည် အလျင်အမြန်ပင် ဒူးထောက်လိုက်၏။ "အရှင်... အရှင်မင်းသား၊ ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ။ ကျွန်မလိုအစေခံတစ်​ယောက်က မရည်ရွယ်ပါဘူး။"

 

ကျောက်လင်သည် သူ၏ဆံပင်များကို မျက်နှာမဲ့စွာဖြင့် ဆွဲထုတ်လိုက်ပြီး သူ၏လက်ဖဝါးပေါ်တွင် ဆံပင်ပြတ်များရှိ၏။ "မင်းရဲ့အသက်ကို ချမ်းသာပေးရမလား ကောင်းပြီ၊ ငါ့ကို ကြမ်းပြင်ပေါ် ခေါင်းငုံ့ပြီး အကြိမ် ၅၀၀ ဝပ်တွားပါ၊ ငါ မင်းကို ချမ်းသာပေးမယ်။"

 

လူငယ်နန်းတွင်းအစေခံမသည် တုန်ယင်နေပြီး သူ၏ခေါင်းကို ကြမ်းပြင်နှင့် ရိုက်နေ၏။ ကျောက်လင်သည် ဒူးထောက်လိုက်ပြီး သူမ၏သွေးထွက်နေသောမျက်နှာကို ကြည့်နေသည် ။ သူ ခံစားခဲ့ရသော ဒေါသက အနည်းငယ် သက်သာသွားပြီး နန်းတွင်းအစေခံမနှင့်အတူ ဟန်ချက်ညီမှုအချို့ကို တွေ့ရှိလိုက်သည်။

 

သူသည် ခဏမျှ ကြည့်ပြီးနောက် ပျင်းရိသည်ဟု ခံစားရကာ အပြင်သို့ လက်ဝှေ့ယမ်းလိုက်သည်။ "လာကြစမ်း ၊ သူ့ကို ငါ့အတွက် ဆွဲထုတ်လိုက်ကြ ။"

 

"သူမ သေတဲ့အထိ ရိုက်ကြစမ်း ။"

 

"အား အရှင်မင်းသား၊ ကျွန်မအသက်ကို ချမ်းသာပေးပါ အရှင်မင်းသား၊ ကျွန်မအသက်ကို ချမ်းသာပေးပါ ကျေးဇူးပြုပြီး အရှင်မင်းသား၊ ကျွန်မကို ခွင့်လွှတ်ပါ။ ကျွန်မရဲ့ မိခင်အိုကြီးက သူမဆေးကုသမှုအတွက် ပိုက်ဆံတွေ ပြန်ယူလာဖို့ ကျွန်မကို စောင့်နေပါတယ်။ ကျေးဇူးပြုပြီး အရှင်မင်းသား၊ ကျွန်မကို သနားပေးပါ။ ကျေးဇူးပြုပြီး အရှင်မင်းသား"

 

သူမသည် သူမ၏ခေါင်းကို ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်လိုက်ရာ နစ်မြုပ်နေသောအသံတစ်ခု ထွက်ပေါ်လာ၏။ သို့သော်လည်း ကြီးမားသောနန်းတော်တစ်ခုလုံးတွင် လူငယ်နန်းတွင်းအစေခံမတစ်ဦး၏ အသက်က တကယ်ကို အရေးမပါပေ။ မည်သူမျှ သူမအတွက် စကားမပြောဝံ့ကြဘဲ သူမ၏စကားများကြောင့် မည်သူမျှ မသနားခဲ့ကြပေ။ မကြာမီပင် သူမကို မိန်းမစိုးလေးဦးက ဆွဲခေါ်သွားကြသည်။

 

အော်ဟစ်သံများက အခန်းတစ်ခုလုံးကို ပြည့်နှက်နေသော်လည်း ကျောက်လင်က ၎င်းတို့ကို နားမကြားသကဲ့သို့ ဖြစ်နေ၏။ နောက်ထပ်နန်းတွင်းအစေခံမတစ်ဦးက သူ့ကို အဝတ်အစားများ ဝတ်ပေးပြီးနောက် သူသည် သူ၏အဝတ်အစားများကို ခါလိုက်ပြီး ဖြည်းဖြည်းချင်း "ဆင်းရဲတဲ့ ဘဝလေး၊ မင်းက ဒီလောကမှာ ရှိနေရင်တောင် ဆင်းရဲတာပဲ။ ဒီနေ့ ငါက ကြင်နာမယ်၊ မင်းရဲ့မိဘတွေကိုပါ မင်းဆီကို ပို့ပေးမယ်။ မင်းရဲ့ နောက်ဘဝမှာ ကောင်းမွန်တဲ့မိသားစုတစ်ခုမှာ မွေးဖွားဖို့ သတိရလိုက်ပါ။" ဟု ပြော၏။

 

သူ့ကို ခစားသော နန်းတွင်းအစေခံမများနှင့် မိန်းမစိုးများက ကြမ်းပြင်ပေါ်၌ ဒူးထောက်နေကြ၏။ ဤအချိန်တွင် သူ၏ခန့်ညားသောမျက်နှာက အာဆူရပြိတ္တာပြည်ရှိ ယက္ခထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေ၏။

 

အလုပ်ပြီးသွားသောအခါ သူသည် နန်းတော်ဧည့်ခံပွဲသို့ ပြန်သွားရန် မလိုချင်တော့ပေ။ သူ၏ဖခင်က အခုဆိုရင် ထိုနေရာတွင် ရှိနေသင့်ပြီး သူ ထိုနေရာကို သွားပါက ဝေဖန်ခံရနိုင်သောကြောင့် မသွားခြင်းက ပို၍ကောင်းလိမ့်မည်။

 

သူသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူသည် နန်းတော်ဧည့်ခံပွဲ၌ ဖြစ်ပျက်ခဲ့သည်များကို တွေးလိုက်သည်နှင့်တပြိုင်နက် ခုလေးတင်က ဖိနှိပ်ထားသော ဒေါသက ထပ်မံထွက်ပေါ်လာ၏။ "တစ်နေ့ကျရင် ကျီယွီကျင်း ပြန်ပေးဆပ်စေရမယ်။ ငါက သာမန်မိန်းမစိုးတစ်ဦးကို ဘာမှမလုပ်နိုင်ဘူးဆိုတာမဖြစ်နိုင်ဘူး"

 

ထိုအချိန်တွင် မိန်းမစိုးတစ်ဦးက "အရှင်မင်းသား၊ လင်ယင်က ဆွေမျိုးတွေဆီကနေ ပြန်လာပါပြီ။" ဟု အစီရင်ခံရန် ရောက်လာ၏။

 

"အင်း။"

 

လင်ယင်သည် သူ ကလေးဘဝကတည်းက သူ့ကို အစေခံသော မိန်းမစိုးဖြစ်သည်။ ထိုလူနှစ်ဦးသည် အတူတကွ ကြီးပြင်းလာခဲ့သည်ဟု ဆိုနိုင်၏။

 

လင်ယင်သည် ကျောက်လင်ကို ထိုသို့မြင်သောအခါ တစ်စုံတစ်ဦးက သူ့ကို စော်ကားခဲ့သည်ကို သိရှိ၏။ သူသည် အလျင်စလိုမရှိဘဲ မိန်းမစိုးကို အကြောင်းအရာတစ်ခုလုံးအကြောင်း မေးမြန်း၏။ သူသည် နန်းတွင်းအစေခံမအကြောင်းကို ကြားသောအခါ လင်ယင်သည် မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်၏။ "သူမကို မြှုပ်နှံလိုက်၊ ပြီးတော့ ပါးစပ်ပိတ်နေနိုင်တဲ့သူတစ်ဦးကို သူမရဲ့မိခင်ဆီကို ပိုက်ဆံအချို့ ပို့ခိုင်းလိုက်ပါ။"

 

"ဟုတ်ကဲ့။"

 

လင်ယင်သည် သူ၏ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကျောက်လင်ထံသို့ လျှောက်သွားပြီး "အစေခံ လင်ယင်က သခင်ကို ဂါရဝပြုပါတယ်။ သခင် ကျန်းမာပါစေ။" ဟု ဆို၏။

 

ကျောက်လင်သည် သူ့ကို ကြည့်ပြီး "ထပါ။" ဟု ပြော၏။

 

လင်ယင်: "သခင်၊ ကျွန်ုပ် ဒီကိစ္စကို ကြားခဲ့ရပါတယ်။"

 

"ဟဲဟဲ။" ကျောက်လင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ "ဘာ မင်းလို ခွေးကျွန်ကလည်း ဒီမင်းသားကို လာနောက်ပြောင်ရဲလား"

 

"သခင်၊ ကျွန်ုပ်ရဲ့အသက်ကို ချမ်းသာပေးပါ။ ဒီအစေခံက မရဲပါဘူး။" လင်ယင်သည် ဤစကားကို တောင်းပန်ခြင်းအရိပ်အယောင်မရှိဘဲ ပြော၏။ သူသည် ကျောက်လင်ထံသို့ လျှောက်သွားပြီး ကျောက်လင်၏ခါးပတ်က ကောင်းစွာ မစည်းထားသည်ကို မြင်သောကြောင့် သူ၏လက်များကို သူ၏ခါးတွင် နောက်မှပတ်ကာ ခါးပတ်ကို စည်းပေး၏။ သူ၏နှာခေါင်းက သူ၏ဆံပင်များနှင့် ပွတ်တိုက်သွား၏။ လင်ယင်၏မျက်လုံးများ မှေးမှိန်သွားပြီး သူသည် ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီး သူ့ကို လွှတ်ပေးလိုက်သည်။

 

ကျောက်လင်သည်လည်း ဤသည်က အလွန်ပုံမှန်ဖြစ်သောအရာကဲ့သို့ပင် မည်သို့မျှ မသက်မသာ ခံစားရခြင်းမရှိပေ။

 

လင်ယင်သည် နောက်သို့ နှစ်လှမ်းဆုတ်လိုက်၏။ သူသည် ပျမ်းမျှမိန်းမစိုးတစ်ဦးထက် ပို၍ အရပ်ရှည်ပြီး ဖြူဖွေးသောမျက်နှာရှိကာ နှုတ်ခမ်းမွှေးမရှိပေ။ သူ၏အသံသည် သာမန်အမျိုးသားတစ်ဦးထက် အများကြီး ပို၍စူးရှသည်။ သူ၌ ပျမ်းမျှရုပ်သွင်ရှိပြီး ကျောက်လင်၏နူးညံ့သောမျက်နှာဘေးတွင် ရပ်နေသောအခါ ပို၍သာမန်ဖြစ်နေ၏။

 

သူသည် ကျောက်လင်ကို အရိုအသေပေးပြီး "သခင်နှင့် ကျီယွီကျင်းတို့ကြား ပဋိပက္ခက ချူယင်ယင်ကြောင့် အဓိက ဖြစ်ပါတယ်။ သခင် မတိုင်မီက စေလွှတ်ခဲ့တဲ့လူတွေအားလုံး အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့က ကျီအိမ်တော်ထဲကို ၀င်လို့မရပေမယ့် ကျီအိမ်တော်အပြင်ကနေ စတင်နိုင်ပါသေးတယ်။" ဟု ဆို၏။

 

ကျောက်လင်သည် မျက်တောင်ခတ်လိုက်ရာ သူ၏မျက်လုံးများတွင် စိတ်ဝင်စားမှုအရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာ၏။ "ဆက်ပြောပါ။"

 

"ဟုတ်ကဲ့။" လင်ယင်က ဆက်လက်ပြော၏။ "ဒီနေ့က ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့မှာ နန်းတော်ထဲမှာ ကိုယ်ပိုင်လူတွေ ရှိတယ်။ ကျွန်တော်တို့က လိမ်လည်မှုအနည်းငယ်နဲ့ ချူယင်ယင်ကို ဖမ်းနိုင်ပါတယ်။ သခင်က သူမကို အသုံးပြုပြီးရင် ပြန်ပို့ပေးနိုင်တယ်။ ဆေးသောက်ပြီးနောက် ချူယင်ယင်ကိုယ်တိုင်ကတောင် ဘာဖြစ်ခဲ့လဲဆိုတာ သိမှာမဟုတ်ဘူးလို့ ကျွန်တော် ပြောရဲတယ်။ ကျီယွီကျင်း သတိထားမိဖို့လည်း နောက်ကျနေပြီ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သခင်က ပိုဂရုစိုက်ရင်တောင် သူ သတိထားမိမှာ မဟုတ်ပါဘူး။"

 

"ဒါ မှန်တာပေါ့!" ကျောက်လင်သည် သူ၏လက်များကို ရိုက်လိုက်သည်။ "ဒီလိုမျိုးဆေးရှိတယ်ဆိုတာ ငါ တကယ်မေ့နေခဲ့တာပဲ။"

 

"လင်ယင်၊ ငါ မင်းကို တကယ်လွှတ်လို့မရဘူးပဲ" ကျောက်လင်သည် နှစ်ကြိမ် ရယ်မောလိုက်ပြီး လင်ယင်၏ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်၏။

 

လင်ယင်၏မျက်ဆံများသည် အနည်းငယ် ကျုံ့သွားပြီး သူ ပြုံးလိုက်၏။ "သခင် ကောင်းသရွေ့ အစေခံလည်း ကောင်းပါတယ်။ သခင် ပျော်နေသရွေ့ အစေခံက ဘာမဆို လုပ်ပေးနိုင်ပါတယ်။"

 

ကျောက်လင်: "သွားပြီး အရာအားလုံးကို အသင့်ပြင်ထားလိုက်ပါ။ ချက်ချင်း အရေးယူတာက အကောင်းဆုံးပဲ။"

 

လင်ယင်: "ဟုတ်ကဲ့၊ သခင်။"

 

နန်းတော်ဧည့်ခံပွဲ အလယ်ပိုင်းသို့ ရောက်သောအခါ ဧကရာဇ်မင်းကြီးက ဤဧည့်ခံပွဲကို ဘာကြောင့် ကျင်းပနေသည်ကို ခုလေးတင်မှ ပြန်မှတ်မိသွားသကဲ့သို့ ဖြစ်နေ၏။ သူသည် ဤအောင်ပွဲခံစစ်ပွဲမှ ပြန်လာသော ဗိုလ်ချုပ်များကို ခန်းမ၏အလယ်သို့ ဆင့်ခေါ်ပြီး ပစ္စည်းများစွာကို ဆုချ၏။

 

ချူဖုန်းချင်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဗိုလ်ချုပ်ကို မော့ကြည့်လိုက်၏။ သူသည် စစ်ပွဲ၏ရက်စက်ကြမ်းကြုတ်မှုကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် သူ၏စိတ်နှလုံးထဲတွင် သူ၏အစ်ကိုကြီးသည် အဆုံးအဖြတ်အရှိဆုံးသူ ဖြစ်၏။ စစ်ပွဲအကြောင်း ပြောသောအခါ သူကိုယ်တိုင်ကပင် မငိုဘဲ မနေနိုင်ပေ။ သူ၏အစ်ကိုကြီးက လျန်ချန်ရှိ သစ်ပင်နှင့် မြက်တိုင်းကို သူ အလွန်ရင်းနှီးသည်ဟု တစ်ချိန်က ပြောခဲ့ဖူး၏။ သူ ထိုနေရာတွင် ရှိနေသရွေ့ လျန်ချန်မြို့ကို ဘယ်တော့မှ မဖျက်စီးနိုင်ပေ။ သူသည် ကြမ်းတမ်းသော တာတာမြင်းစီးသူရဲများကို ပိတ်ဆို့ရန်အတွက် မင်မင်းဆက်၏ ခိုင်မာသောအုတ်ရိုးအဖြစ် အမြဲတမ်း ရှိနေလိမ့်မည်။

 

သူနှင့် သူ၏အစ်ကိုကြီးတို့သည် နှစ်နှစ်တိုင်တိုင် မတွေ့ဆုံရသေးပေ။ လွန်ခဲ့သောနှစ်နှစ်က သူ၏အစ်ကိုကြီးက ဤတစ်ကြိမ်တွင် ပြန်လာသောအခါ လျန်ချန်၏အထူးအဆန်းများကို သူ့အတွက် ယူလာမည်ဟု ပြောခဲ့သော်လည်း သူသည် သူ၏ကတိကို ဖောက်ဖျက်ခဲ့၏။ သူသည် လူများနှင့်ပေးထားသော ကတိကို စောင့်ထိန်းခဲ့သော်လည်း သူ့နှင့်ပေးထားသော ကတိကိုမူ မစောင့်ထိန်းခဲ့ပေ။

 

ချူစစ်တပ်သည် တာတာမြင်းစီးသူရဲများကို ခုခံခဲ့သော်လည်း အာဏာအတွက် ရုန်းကန်မှု၊ လူသား၏သဘာဝကျဆင်းမှု သို့မဟုတ် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သတင်းအတွက် လိုက်စားမှုတို့ကိုတော့ မခုခံနိုင်ခဲ့ပေ။

 

ကျီယွီကျင်းသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများကို စေ့လိုက်ကာ ဘာမှမပြောပေ။

 

ဆုများပေးအပ်ပြီးနောက် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းအဖွဲ့တစ်စု ရောက်လာကြသည်။

 

ချူဖုန်းချင်သည် သူ၏မျက်လုံးများကို လျှော့ချလိုက်ပြီး လက်ထောက်ဗိုလ်ချုပ်က မကြာသေးမီက ပြောခဲ့သည်ကို တွေးတောနေ၏။ ၎င်းက ကျီယွီကျင်း၏ ပြုလုပ်မှုအားလုံးဖြစ်၏။

 

ကျီယွီကျင်း...