Chapter 16
Viewers 2k

အပိုင်း  (၁၆)

 

အဆိုပါစကားကို ချူဖုန်းချင် သွယ်ဝိုက်ပြောဆိုလိုက်သည်။ သို့သော် လောင်မိုထံမှ မယုံသင်္ကာဖြစ်ဟန် မျက်နှာကိုသာ ရရှိလိုက်၏။

 

မိုအိမ်​တော်ထိန်းက အိပ်ယာပေါ်၌လဲလျောင်းနေ​သော ကျီယွီကျင်းကိုတစ်ချက်ကြည့်၏။ ပြီးနောက် ချူဖုန်းချင်အား တိမ်များဖုံးလွှမ်းနေသည့် မျက်ဝန်းတို့ဖြင့် နူးညံ့စွာပင် ကြည့်လေသည်။

 

ချူဖုန်းချင်သည် ဝန်မခံလိုသော်လည်း မိုအိမ်​တော်ထိန်း၏ မျက်ဝန်းအမူအရာကို နားလည်လိုက်သည်။ အဆိုပါအကြည့်မှာ အလွန်ပင် ပွင့်လင်း၏။ "မင်းတို့နှစ်ယောက်​က ​လင်မယား​တွေကို အပြင်လူလိုနေသေးတာလား?" ဟု ရှင်းရှင်းလင်းလင်း ဆိုနေ​ခြင်းပင်ဖြစ်သည်။

 

ချူဖုန်းချင်: "..."

သူနဲ့ကျီယွီကျင်းကြား​က ကိစ္စက မြစ်ဝါမြစ်ထဲ ခုန်ဆင်းရင်တောင်မှ မ​ပြေလည်နိုင်ဘူး။

 

မိုအိမ်​တော်ထိန်းက ရုတ်တရက်တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်လုံးများ ကျယ်သွား၏။ "သခင်မ၊ ကျွန်​တော်မျိုးက အစေခံတွေကို အခုပဲ ထွက်သွားခိုင်းလိုက်ပါ့မယ်။"

 

ချူဖုန်းချင်: "?"

 

လောင်မိုသည် ရှီချန်းမှ ပြောင်းရွှေ့လာသူဖြစ်သည်။ သူသည် နန်းတွင်းအမတ်ဖြစ်၏။ ထို့​ကြောင့်ပင် အတွင်းခန်းသို့ ဝင်ခွင့်ရခြင်းပင်ဖြစ်သည်။

 

လောင်မိုက ဦးညွတ်ကာ "သခင်မ၊ ရှက်မနေပါနဲ့။ မင်္ဂလာဦးဇနီးမောင်နှံတွေ ရှက်တာက ပုံမှန်ပါပဲ။" ဟု ဆိုလေသည်။

 

ချူဖုန်းချင်: "..."

ရှက်ရမည်​တဲ့လား။

 

ချူဖုန်းချင် စကားစပြောသည်နှင့်တပြိုင်နက် လောင်မိုနှင့် သူ၏လူများက သူ့အား မျက်စိတစ်ဖက်မှိတ်ပြကာ အလျင်အမြန်ပင် နောက်ဆုတ်၍ ထွက်သွားကြသည်။

 

ချူဖုန်းချင်သည် စကားမ​ပြောနိုင်​တော့ဘဲ ရှင်းပြဖို့နည်းလမ်းလည်း ရှာမတွေ့တော့ပေ။ သူသည် နောက်သို့လှည့်၍ အိပ်ယာပေါ်၌လဲလျောင်းနေ​သော ကျီယွီကျင်းကို ကြည့်လိုက်၏။ ကျီယွီကျင်းမှာ အသိစိတ်သိပ်မရှိဘဲ မီးလောင်ထားသည်​ကြောင့် မူးဝေနေသည်။

 

ချူဖုန်းချင်သည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်၏။ ကောင်းပြီ၊ သူက အထူးလူတစ်​ယောက်ဖြစ်တဲ့အတွက်ကြောင့်​တော့ ဟုတ်​ပေသည်လေ။

 

သူ၏လက်ရှည်အင်္ကျီလက်များကို လှန်တင်လိုက်၏။ ရေအေးတို့ကြောင့် သူ၏လက်ချောင်းများ နာကျင်လာ၏။ ပြီးနောက် ရေစို​နေသော မျက်နှာသုတ်ပဝါကို ညှစ်လိုက်သည်။

 

ကျီယွီကျင်း၏ အသက်ရှူသံက အနည်းငယ်လေးလံနေ၏။ ချူဖုန်းချင်သည် ကျီယွီကျင်း၏ နဖူးပေါ်သို့ ရေစိုနေသော မျက်နှာသုတ်ပဝါကို တင်ပေးလိုက်သည်။ သူ့ဆီသို့ ပိုနီးကပ်သွားသောအခါ သူ၏ မျက်တောင်များမှာ အတော်ပင်ရှည်​ကာ၊ နက်မှောင်ပြီး ရှည်လျား​၍၊ နူးညံ့​ပုံမရ​သည်ကို သူတွေ့ရလေ၏ ။

 

ချူဖုန်းချင်သည် မ​နေနိုင်ဘဲ ၎င်းကို လက်ဖြင့် ထိကြည့်လိုက်၏။ ထင်ထားသည်ထက် အများကြီး ပိုမိုနူးညံ့နေသည်ကို တွေ့ရှိရ၏။ သူ ထိလိုက်သောအခါ ကျီယွီကျင်း၏မျက်တောင်များ တုန်ယင်သွား၏။

 

ချူဖုန်းချင်သည် မျက်ခုံးများကို ပင့်၍ တုန်ရီနေ​သော မျက်တောင်များကို စိုက်ကြည့်နေ၏။ အနည်းငယ် သနားစရာကောင်းနေသလိုပင်။ သူ၏နှုတ်ခမ်းထောင့်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။ အခုတော့ သူ့ကို ​စနောက်လို့ရပြီ။

 

သူ ပိုမို​စနောက်သည်နှင့်အမျှ ပို၍ စိတ်လှုပ်ရှားရသည်။ အလွန်အမင်း စိတ်လှုပ်ရှားလာသည့်အချိန်တွင် သူ၏လက်ချောင်းများအောက်ရှိ မျက်လုံးများက တိတ်ဆိတ်စွာ ပွင့်လာသည်။

 

ချူဖုန်းချင် "..."

 

နှစ်ဦးသား အကြည့်ချင်းဆုံသွားကြ၏။ ပြီးနောက် သူသည် ချူဖုန်းချင်၏ လက်ချောင်းများကို ကြည့်ကာ တိတ်ဆိတ်သွားသည်။

 

ခဏအကြာတွင် ချူဖုန်းချင်သည် သူ၏ ဆိုးသွမ်းသောလက်ကို အမူအရာမရှိဘဲ ​ဆွဲထုတ်လိုက်၏။ ပြီး​နောက် ကျီယွီကျင်း၏နဖူးပေါ်မှမျက်နှာသုတ်ပဝါကို တည်ငြိမ်စွာယူ၍ အင်တုံထဲသို့ ထည့်လိုက်သည်။

 

ရေဖျန်းသံများကြားတွင် ချူဖုန်းချင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလေ၏။ သူဘယ်တုန်းက နိုးလာတာလဲ? သူသတိထားမိမှာမဟုတ်လောက်ပါဘူး၊ ဟုတ်တယ်​နော်?

 

ကျီယွီကျင်းသည် နှုတ်ခမ်းအောက်ပိုင်းကို ကွေးကာ သူ၏မျက်တောင်များကို လက်ဖြင့် ထိကြည့်လိုက်၏။ ဒီအရာက ဘာများပျော်စရာကောင်းလို့လဲ? သူသည် 'အချစ်' ဟူသော စကားလုံးကိုအားလုံး၏အောက်တွင် ပေါင်းစည်းလိုက်၏။ 'မိမိ နှစ်သက်ရ​သောသူက သူ၏မျက်တောင်များကို ဤမျှကြာကြာ ဆော့ကစားနေနိုင်သေးသည်​တကား။'

 

ကျီယွီကျင်း၏ အသံမှာ မီးလောင်ထားသည်​ကြောင့် သြသြကြီးဖြစ်နေ၏။ ၎င်းသည် သိသိကြီးဖြင့်ပင် မေးမြန်းလေသည် ။  "ပျော်စရာကောင်းလား?"

 

ချူဖုန်းချင်သည် ​​သူ ​ခုနကညှစ်လိုက်သော မျက်နှာသုတ်ပဝါကို ရေဇလုံထဲသို့ လွှတ်ချလိုက်သည်။ သူသည် ခဏမျှ ကြောင်အသွားသည်။ မျက်နှာသုတ်ပဝါကို ပြန်လည်ညှစ်လိုက်ပြီး "ဘာကိုလဲ?" ဟု ဟန်ဆောင်မသိချင်ယောင်​ဆောင်ကာ ​မေး၏။

 

သူ၏မျက်နှာတွင် မသိသာသော်လည်း သူ၏နားရွက်ဖျားများမှာ အနည်းငယ် ပူနေသည်။ မည်သို့ဆိုစေ ​စနောက်နေသည်ကို မိသွားခြင်းက အနည်းငယ် ရှက်စရာကောင်းသည် မဟုတ်လား။

 

ကျီယွီကျင်း၏အပြုံးက ပိုမိုကျယ်လာသည်။ သူသည် သူ၏လျှာဖျားကို ခံတွင်း​၏အပေါ်ဘက်သို့ ထိုးထည့်လိုက်ပြီး ပြုံးလျက် ပြော၏ ။ "ငါအိပ်နေတုန်း ငါ့ကို အခွင့်အရေးယူတာ၊ ပြီးတော့ တုံးအဟန်ဆောင်ရဲသေးတယ်။ ဘာလဲ? လုပ်ခဲ့တာကို တာဝန်ယူဖို့ မရဲဘူးလား?" 

 

ချူဖုန်းချင်: "..."

 

ကျီယွီကျင်းသည် ပေါ့ပေါ့ပါးပါးဖြင့် ပါးစပ်ကိုဖွင့်​လိုက်၏။ ​အခွင့်အရေးယူခံရဖို့ အဆင်သင့်ရှိဟန်ဖြင့် "ငါ့ကို တစ်ခါလောက် ထပ်ပြီး ​စနောက်ခွင့်ပြု​မယ်။ ငါ ဒီနေရာမှာပဲ လဲလျောင်းနေပါ့မယ်၊ မင်း လာမလား?" ဟု ပေါ့ပေါ့ပါးပါးပင် ပြုံးလျက်ဆို၏။

 

ချူဖုန်းချင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ "ဒီလူက အ​တော်​လေး စိတ်အနှောင့်အယှက်ဖြစ်စေတာဘဲ။"

 

သူသည် လက်ကိုဆန့်၍ မျက်နှာသုတ်ပဝါကို ညှစ်လိုက်ပြီး ၎င်းကို တိုက်ရိုက်ပစ်လိုက်သည်။ ကျီယွီကျင်းသည် မျက်နှာသုတ်ပဝါကို လျင်မြန်စွာ ဖမ်းလိုက်၏။ "ငါ့ကို အခွင့်အရေးယူပြီး​တော့ မင်းက ဒေါသထွက်နေတာလား? ချူယင်ယင်၊ မင်းမှာ အ​ကြောင်းပြချက်ရှိလား?"

 

ချူဖုန်းချင်သည် မျက်နှာတည်ဖြင့် ကျီယွီကျင်းထံသို့ လျှောက်လာပြီး သူနှင့် ရုတ်တရက် ပိုမိုနီးကပ်သွားအောင် လုပ်ခဲ့သည် ။

 

ကျီယွီကျင်းသည် လန့်သွားပြီး နောက်သို့လှဲလိုက်၏။ "မင်း ဘာလုပ်နေတာလဲ?"

 

ချူဖုန်းချင်သည် မျက်တောင်ခတ်လိုက်ပြီး အလေးအနက်ထားကာ "ငါ မင်းကို ပြန်ပေးမယ်။" ဟု ဆိုလေသည်။

 

ကျီယွီကျင်း: "ဘာကို ပြန်ပေးမှာလဲ?" 

 

အခွင့်အရေးယူတာကို!

ချူဖုန်းချင်: "..."

 

နှစ်ဦးသား အကြည့်ချင်းဆုံသွားကြ၏။ ကျီယွီကျင်းက သူ၏မျက်နှာကို ဤမျှ နီးကပ်​သော အကွာအဝေးမှ သေသေချာချာ စိုက်ကြည့်ဖူးသည်မှာ ပထမဆုံးပင်ဖြစ်သည်။ သူသည် အကြည့်ကို အနည်းငယ်​နိမ့်ချလိုက်ပြီး သူ၏ အနည်းငယ်ဖြူဖျော့နေသော နှုတ်ခမ်းများကို အလိုအလျောက် စိုက်ကြည့်မိ၏။

 

ကျီယွီကျင်း၏ မျက်လုံးများ ကျယ်လာ၏။ သူ၏ လည်​စေ့က အပေါ်နှင့်အောက်သို့ လျှောတိုက်သွား၏။ သူသည် ရုတ်တရက် ခေါင်းလှည့်ကာ၊ နောက်ကျောဘက်သို့ လှည့်လိုက်ပြီး ချူဖုန်းချင်ကို ကျောပေးလျက် "ငါ အိပ်တော့မယ်၊ မင်း အပြင်ထွက်​တော့။" ဟု တိုးတိုးလေး ဆိုလိုက်သည်။

 

ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်၏။ "ဒီလူက​တော့ တကယ်ဘဲ တစ်ခုခုဖြစ်နေပြီ။"

 

တံခါးကိုပိတ်လိုက်ပြီးနောက် ကျီယွီကျင်းသည် တံခါးဘက်သို့ လှည့်၍ ကြည့်လိုက်သည်။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ၊ လျင်မြန်စွာ ခုန်နေသော သူ၏နှလုံးကို လက်ဖြင့်ထိလိုက်ပြီး၊ သူ၏အကြည့်ကို ပြန်ရုပ်သိမ်းကာ သူ၏မျက်လုံးများကို သူ၏လက်မောင်းဖြင့် ဖုံးအုပ်လိုက်သည်။

 

ချူဖုန်းချင် အပြင်ထွက်လာပြီးနောက် လောင်မိုက ဆေးဝါးများကို ပြန်လည်ဝယ်ယူလာနှင့်ပြီးဖြစ်သည်။ သူသည် ဆေးမြစ်များကို ကြည့်လိုက်ပြီး အရည်အသွေးကောင်းမွန်သည်ကို တွေ့ရှိလေ၏။

 

သူလည်း ဆေးလုံးအချို့ကို ပြင်ဆင်ရမည်။ သူသည် နောက်ဆုံးဆေးလုံးကို ​ပြီးခဲ့သောတစ်ခါက ကျီယွီကျင်းအား ပေးခဲ့သည်။ အကယ်၍ သူ ထပ်ပြီး ဖျားနာခဲ့လျှင်... ဆေးမရှိပါက အန္တရာယ်ဖြစ်နိုင်သည် မဟုတ်ပါလော။

 

သို့သော် ထိုဆေးလုံးရှိ ဆေးဖက်ဝင်ပစ္စည်းအချို့မှာ အတော်ပင် တန်ဖိုးကြီး၏။ အခုတော့ သူ...

 

ချူဖုန်းချင်သည် သူ၏ အိတ်ကို စမ်းကြည့်လိုက်၏။ ပြားနေ​သော အိတ်​ကြောင့် သူ၏လက်က ရပ်တန့်သွား၏။ သူ၏မျက်နှာအမူအရာတွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။ ပိုက်ဆံရှားပါးခြင်း၏ အဓိပ္ပာယ်ကို ပထမဆုံးအကြိမ် နားလည်လိုက်လေသည်။

 

သူသည် ကျီယွီကျင်းထံမှ ပိုက်ဆံ မတောင်းနိုင်ပေ။ "ငါက ​ကျေးဇူးကြွေး​တင်​နေ​ပြီးပြီ၊ အဲ့​ကြောင့်သူ့ရဲ့ပိုက်ဆံကို ထပ်မသုံးနိုင်​ဘူး။"

 

သူ၏ခေါင်းပေါ်၌ 'ဆင်းရဲသား' ဟူသော စကားလုံးနှစ်လုံးကို မြင်နေရသကဲ့သို့ပင်။

 

သူ အပြင်ထွက်ပြီး ပိုက်ဆံရှာချင်မိ​သည်​။ ချူဖုန်းချင်သည် မျက်တောင်ခတ်လိုက်ပြီး အပြင်ထွက်၍ ဆေးကုသခြင်းနှင့် ပိုက်ဆံရှာခြင်းတို့၏ ဖြစ်နိုင်ခြေကို စတင်တွေးတောလေ၏။

 

"ထားလိုက်ပါတော့၊ ဆေးကိစ္စကိုတော့ နောက်မှပဲ စောင့်ကြည့်တာ​ပေါ့။"

 

အလျင်အမြန်ဆုံး လုပ်ရမည့်အလုပ်မှာ ထောင်သို့ သွားရန်ဖြစ်သည်။

 

ကျီယွီကျင်း၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် အမှန်တကယ်ပင် အလွန်အားကောင်းသည်။ တစ်ရက်တည်းနှင့်ပင် ဆေးစားပြီးနောက် သူ၏ ကိုယ်ပူခြင်း ပျောက်ကွယ်သွား၏။

 

နံနက်စာ စားနေစဉ်တွင် ချူဖုန်းချင်သည် ကျီယွီကျင်းအား နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ကြည့်နေသည်။ သူသည် အချိန်ကြာကြာ ဆေးကုပေးရန် ပြင်ဆင်ထားသော်လည်း ကျီယွီကျင်းက မနက်ဖြန်တွင် ထလာပြီး သူနှင့်အတူ နံနက်စာစားမည်ဟု မမျှော်လင့်ထား​ပေ။

 

"ကလေးဘဝကတည်းက ကျန်းမာရေးမကောင်းခဲ့လို့ သူက ကိုယ်ခန္ဓာကြံ့ခိုင်မှု အားကောင်းသူတွေကို အားကျတာလည်း ဖြစ်နိုင်ပါတယ်။" သူက အအေးမိတာက​တောင် ပြန်မကောင်းလာသေးပေမဲ့ ၊ သူ၏ဓားဒဏ်ရာ ​ဤမျှပြင်းထန်​နေတာက ဘာမှမဖြစ်သလိုမျိုး ဖြစ်နေသည်။

 

ချူဖုန်းချင်သည် သူ၏ လက်ကောက်ဝတ်ကိုကြည့်ပြီး၊ ကျီယွီကျင်း၏ လက်ကောက်ဝတ်ကို ကြည့်လိုက်ရာ သူ့ထက် အများကြီး ပိုထူနေသည်!

 

ကျီယွီကျင်းက ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်၏။ သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးသွားသည်။ "ဘာလို့ သူက ငါ့ကို ထပ်စိုက်ကြည့်နေရတာပါလိမ့်?"

 

ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်၏။ ပုံမှန်အားဖြင့် သူ၏ အစာစားချင်စိတ်သည် သိပ်မကောင်းလှပေ။ ဤတစ်ကြိမ်တွင်မူ ဒေါသထွက်နေသည်​ကြောင့် ဆန်ပြုတ်နှစ်ပန်းကန်၊ ဖက်ထုပ်သုံးလုံးနှင့် မုန့်အချို့ကို စားလိုက်၏။ မိုအိမ်​တော်ထိန်း​တောင် သူ့အား ဘေးတိုက်ကြည့်နေလေသည်။

 

ကျီယွီကျင်းသည် သူ၏ဗိုက်ကို တစ်ချက်ကြည့်လိုက်၏။ အစာမကြေဖြစ်မည်ကို စိုးရိမ်နေသော်လည်း သူ ကောင်းနေသည်ကို တွေ့သောအခါ အကြည့်ကို ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း နောက်တစ်ကြိမ်တွင် သူ၏ဗိုက်ကို မထိခိုက်စေရန် ဤမျှလောက် အများကြီး စားခွင့်မပြုသင့်​ကြောင်းကို စိတ်ထဲတွင် မှတ်ထားလိုက်လေသည်။

 

သူ့ရဲ့ဒဏ်ရာတွေ ​ပျောက်ကင်းသွားတာကို တော်တော်ပျော်နေပုံရတယ် ထမင်းတစ်ပန်းကန်တောင် ပိုစားလိုက်သေးတယ်။

 

နေ့လည်တွင် ရုတ်တရက် နန်းတော်မှ သတင်းစကား ရောက်လာ၏။ ရှီချန်းအုပ်ချုပ်ရေးမှူးအား သူ၏ဇနီးနှင့်အတူ နန်းတော်ပွဲသို့ တက်ရောက်ရန် ​တောင်းဆိုထား၏။

 

ချူဖုန်းချင်: "နန်းတော်ပွဲလား?" 'ဒီအချိန်မှာ နန်းတော်ပွဲကို ဘာဖြစ်လို့ ကျင်းပနေရတာလဲ?'

 

ကျီယွီကျင်းသည် သူ၏ခြေထောက်များကို စားပွဲပေါ်တင်ထား၏။ သူသည် တစ်ဝက်တစ်ပျက်သာ ၀တ်ဆင်ထားပြီး၊ တစ်ဝက်မှာ ပတ်တီးစည်းလျက် ပေါ်နေ၏။ သူ၏ဆံပင်နက်များက ပခုံးပေါ်တွင် ပြန့်ကျဲနေသည်။ သူက အထူးသဖြင့် လှောင်ပြောင်သောနည်းဖြင့် ပြုံးပြသော်လည်း စကားမပြောပေ။

 

ဤနန်းတော်ပွဲသည် အောင်ပွဲခံပွဲ ဖြစ်၏။

 

အောင်ပွဲခံ၍ ပြန်လာသည်။

 

Liangchen စစ်ပွဲသည် လုံးဝကိုပင် ပြက်လုံးတစ်ခုသာဖြစ်သည်။ ရှေ့တန်းမှ စစ်သည်များက သူတို့၏အသက်ဖြင့် မြို့ကို ကာကွယ်ခဲ့ကြသည်။ သို့သော် နောက်မှရောက်ရှိလာသော အင်အားဖြည့်တင်းမှုများက အောင်ပွဲကို ရယူသွားကြပြီး ရှေ့တန်းစစ်သည်များမှာ တိုက်ပွဲရှုံးနိမ့်သော အသုံးမကျသည့် စစ်သားများ ဖြစ်သွားကြသည်။

 

ကျီယွီကျင်းသည် ချူဖုန်းချင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်လုံးများ မဲမှောင်သွား၏။ သူ၏ညီဖြစ်သူမှာ ထိုစစ်ပွဲတွင် ပျောက်ဆုံးသွားခဲ့ပြီး စစ်ပြေးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၎င်းသည် ထွက်ပြေးတိမ်းရှောင်သူများစာရင်းတွင်ပင် ပါဝင်နေသည်။

 

ကျီယွီကျင်း: "ဒီည သွားစရာမလိုဘူး၊ ငါ သွားလိုက်မယ်၊ မင်းက မင်းရဲ့နေမကောင်းတဲ့ကိစ္စကို ဂရုစိုက်နေလိုက်။"

 

ချူဖုန်းချင်: "ရရဲ့လား? ဒါက အမိန့်ကို မနာခံတာ မဖြစ်ဘူးလား?"

 

သူက မသွားချင်ဘူးဆိုရင်တောင်​ပေါ့။

 

ကျီယွီကျင်းသည် ပြုံးလိုက်ပြီး အဝေးကိုကြည့်ကာ ထူးဆန်းသောအသံဖြင့် "အမိန့်မနာခံတာတွေက ဒီလောက် အများကြီး ဘယ်လိုရှိနိုင်မှာလဲ?" ဟု ဆို၏။

 

ကျီယွီကျင်းက ရပါတယ်ဟု ဆိုပြီး​နောက် ချူဖုန်းချင်က သဘာဝအတိုင်းပင် သဘောတူလိုက်သည်။

 

သူသည် ယနေ့တွင် အပြင်ထွက်၍ သူ၏ ယခင်သတင်းပေးသူကို ရှာဖွေလိုခဲ့သည်။ ထောင်ထဲသို့ ဝင်ရောက်ပြီး ဖခင်၏ရောဂါကို ကုသရန် နည်းလမ်းရှာဖွေရမည်။ ထို့​ကြောင့်သာ ယခင်က ဖြစ်ပျက်ခဲ့သည်များကို နားလည်နိုင်မည်။

 

ကျီယွီကျင်း၏အခန်းမှ ထွက်လာပြီးနောက် အခန်းသို့ ပြန်ရောက်သည်နှင့်တပြိုင်နက် အခန်းအပြင်ဘက်တွင် အစေခံနှစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရ၏။

 

"မြို့တံခါးအပြင်ဘက်မှာ လက်ဖွဲ့မုန့်တွေ ဝေနေတယ်တဲ့။ နောက်ကျရင် ကုန်သွားလိမ့်မယ်။ မြန်မြန်လုပ်!"

 

"လက်ဖွဲ့မုန့်တွေ? ဘာလက်ဖွဲ့မုန့်တွေလဲ? မင်း ရူးနေတာလား? မင်းရဲ့အလှည့်ကျတာဝန်ချိန်မှာ အပြင်ကို ထွက်ပြေးပြီး သေချင်လို့လား?!"

 

"ဟင်းပွဲတွေပို့ပေးတဲ့ ဝန်ထမ်းဟောင်းလေးဆီက ငါကြားတာပါ။ ဟင်းပွဲတွေ ချပြီးတာနဲ့ သူက ထွက်ပြေးသွားတယ်။ Liangchen မှာ စစ်ပွဲကို အကြီးအကျယ်နိုင်တဲ့အတွက်ကြောင့် လက်ဖွဲ့မုန့်တွေ ဝေတယ်လို့ ငါကြားတာပဲ။ ပျော်ရွှင်မှုကို လူတွေနဲ့ ဝေမျှမယ်ဆိုပြီးတော့လေ၊ ဒါပေမဲ့ အရေအတွက်ကတော့ ကန့်သတ်ထားတယ်တဲ့။ ခဏလောက် အပြင်ကို ခိုးထွက်ရအောင်၊ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ငါ့အစ်ကိုကို ငါ့ကို စောင့်ကြည့်ဖို့ ပြောလိုက်မယ်။ သွားမယ်! ​ပျော်စရာ​လေးတွေ သွားကြည့်ရအောင်!"

 

Liangchen! ''သူ၏အစ်ကို ပျောက်ဆုံးသွားခဲ့သည့် စစ်ပွဲ။"

 

ချူဖုန်းချင်သည် နှုတ်ခမ်းကို စေ့လိုက်ပြီး နောက်သို့လှည့်၍ အိမ်ထဲသို့ ဝင်သွား၏။ "ကျီယွီကျင်း၊ ငါ ဒီည ရှင်နဲ့အတူ နန်းတော်ပွဲကို လိုက်မယ်။"

 

ကျီယွီကျင်းသည် ၎င်းကို တစ်ချက်ကြည့်ကာ "သေချာရဲ့လား?" ဟုဆို၏။

 

ချူဖုန်းချင်သည် အနည်းငယ်ခေါင်းညိတ်ပြ၏။

 

ကျီယွီကျင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီး "ကောင်းပြီ၊ မင်း သဘောပါ။" ဟု ပြောလိုက်သည်။

 

နန်းတော်ပွဲအတွက် ဝတ်စုံသည် အတော်လေးကို တရားဝင်ဆန်သည်။ ကျီယွီကျင်းသည် အရောင်တောက်တောက် နီညိုရောင် ပြောင်လက်​နေ​သော ဝတ်စုံကို ဝတ်ဆင်ထားပြီး လင်ကွမ်း ခေါင်းစည်းတစ်ခုကိုလည်း ဝတ်ဆင်ထား၏။ ၎င်းက သူ၏လူဆိုးပုံစံကို ဖုံးအုပ်ထားပြီး သူ့ကို ပိုမို ဂုဏ်သိက္ခာရှိပြီး ခန့်ညား​စေ​လေ၏။

 

ချူဖုန်းချင်သည်လည်း ပထမအဆင့် အမျိုးသမီးများအတွက် အထူးချီးမြှင့်ထားသည့် ခမ်းနားထည်ဝါသော ရုံးအဝတ်အစားကို ဝတ်ဆင်ထားသည်။ ၎င်းက ကျီယွီကျင်း၏ အဝတ်အစားနှင့် လိုက်ဖက်ညီပြီး တောက်ပြောင်​သော အနီရောင်ဖြစ်သည်။ ၎င်းသည် ခမ်းနားထည်ဝါပြီး တည်ကြည်ကာ မြင့်မြတ်မှုတို့နှင့် ပြည့်နှက်နေ၏။

 

ကျီယွီကျင်းသည် သူ့ကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်သောအခါ အံ့အားသင့်သွားသည်။ ပြီးနောက် ပြုံးပြီး ပြောလေသည် ။  "မဆိုးဘူး၊ ဒီဝတ်စုံက မင်းနဲ့ လိုက်ဖက်တယ်။"