အခန်းထဲရှိ လူတိုင်းသည် ချူဖုန်းချင်အား တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ ကျီယွီကျင်းသည် သူ ဝင်လာသည်ကို မြင်သောအခါ သူ၏ကြောက်မက်ဖွယ်ရာ ဒဏ်ရာအား သူ့နောက်တွင် ဝှက်ထားရန် ရည်ရွယ်ချက်ရှိရှိ ဘေးဘက်သို့ လှည့်လိုက်သည်။
သူ၏စကားကို ကြားပြီးနောက် ကျီယွီကျင်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ဘာလုပ်နိုင်လဲ။ ပန်းထိုးမို့လား။"
ချူဖုန်းချင် နှုတ်ခမ်းစေ့ပြီး သူ့အား လျစ်လျူရှုလိုက်သည်။ သက်ကြီးသမားတော်အချို့ထံ လျှောက်သွားပြီး "ကျွန်မ ဒဏ်ရာကို ချုပ်နိုင်တယ်" ဟု ပြော၏။
"သခင်မ"
သက်ကြီး သမားတော်နှစ်ဦးသည် သူ့အား ကြည့်လိုက်ပြီးနောက် ကျီယွီကျင်းအား ကြည့်လိုက်ကြ၏။ "ဒါ... သခင်မ၊ ဒါက စနောက်စရာ မဟုတ်ဘူး။"
သူတို့ ပြောသောစကားက သူ့အား ရည်ရွယ်သည်ဆိုသော်လည်း သူတို့၏ မျက်လုံးများက အမြဲ ကျီယွီကျင်းဆီသို့သာ ရောက်နေသည်။
ကျီယွီကျင်း မပြောသရွေ့ သမားတော်များ ဆုံးဖြတ်ချက် မချနိုင်သည်ကို ချူဖုန်းချင် သိသောကြောင့် သူ ကျီယွီကျင်းဘက်သို့ လှည့်ကြည့်ကာ "ကျွန်မ မနောက်ဘူး။ ကျွန်မရဲ့ ဒုတိယအစ်ကိုက သမားတော်တစ်ဦး။ ကျွန်မတို့ အတူတူ ကြီးပြင်းခဲ့ကြပြီး သူ ဆေးကုတိုင်း ကျွန်မ လိုက်ခဲ့တယ်။ ကျွန်မရဲ့ ဒုတိယအစ်ကိုက ကျွန်မကို ဘယ်တော့မှ ရှောင်ဖယ်တာမျိုးမရှိခဲ့ဘူး။ တစ်ခါတစ်လေ ကျွန်မကို သင်ပေးတယ်။ ကျွန်မရဲ့ ဒုတိယအစ်ကိုက ရွာသားတွေရဲ့ ပြင်ပဒဏ်ရာကို ကုသတဲ့အခါမှာ အပ်ချုပ်နည်းကို မကြာခဏ သုံးတယ်။ ကျွန်မ တကယ် လုပ်ဖူးပါတယ်။ ဒါ့ကြောင့်..."
"မင်း စိတ်ပူနေရင်..."
"မင်း အရင်က သူများရဲ့ ဒဏ်ရာကို ချုပ်ဖူးတယ်ပေါ့။ ယောကျ်ားလား၊ မိန်းမလား။ ဒဏ်ရာကရော ဘယ်နေရာမှာလဲ။"
ချူဖုန်းချင်: "?"
ချူဖုန်းချင် စကားမဆုံးမီ ကျီယွီကျင်း၏ မေးခွန်းများဖြင့် ဗုံးကြဲခံရပြီး စကားပြတ်သွားခဲ့သည်။ ချူဖုန်းချင်သာမက အခန်းထဲရှိ အခြားလူတိုင်းပါ အနည်းငယ် အံ့အားသင့်သွားကြသည်။
သို့သော် ပြဿနာအချို့အား ရှောင်ရှားရန်အတွက် ချူဖုန်းချင်က လိမ်ညာမှုအချို့အား ပြုလုပ်ခဲ့သည်။ "သူတို့က မိန်းကလေးတွေပါ။ ဒဏ်ရာတွေကလဲ အမျိုးမျိုးသော နေရာတွေမှာ" ဟု ပြော၏။
ကျီယွီကျင်း: "အင်း။"
လီယွီ၏ မျက်လုံးများက ကောင်းကင်သို့ လှန်တက်လုနီးပါး ဖြစ်နေပြီ။ ယခု မည်သည့်အချိန် ရှိနေပြီနည်း။ ဤလူကြီးသည် မနာလိုစိတ် ရှိနေဆဲလား။ သူ မကြာမီတွင် ဈေးပေါသောသားတစ်ဦးအား ရတော့မည်ဟု ထင်နေသော်လည်း သူသည် ဤကဲ့သို့သော သားကောင်းတစ်ဦးအား လုံးဝ မလိုချင်ပေ။
ကျီယွီကျင်း: "ကောင်းပြီ၊ မင်း လုပ်လိုက်။"
ချူဖုန်းချင်သည် လိုအပ်သည့်ပစ္စည်းများအား မိုအိမ်တော်ထိန်းအား တစ်ခုချင်းစီ ပြောပြ၏။ မိုအိမ်တော်ထိန်းသည် လိုအပ်သည့်ပစ္စည်းများကို အားလုံးနီးပါး စုဆောင်းနိုင်ရန် အချိန်အများကြီး မယူခဲ့ပေ၊ သို့သော် မေ့ဆေးကမူ မရှိချေ။
ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်၏။ မေ့ဆေးမပါဘဲ လုပ်၍ မရနိုင်ချေ။ အပ်တစ်ချောင်းစီက အသားနှင့်သွေးအား ဖြတ်သွားရလိမ့်မည်။ ဒဏ်ရာအား ချုပ်ပြီးသည့်အချိန်တွင် လူသည် နာကျင်မှုဖြင့် သေဆုံးရလိမ့်မည်။ ၎င်းသည် မတန်ပေ။
တော်ဝင်ဆေးပညာဌာနကလည်း နေရာတိုင်းတွင် ရှာဖွေနေကြပေမဲ့ ဤပစ္စည်းအား သိပ်မသုံးသောကြောင့် တော်ဝင်ဆေးပညာဌာနတွင် သိုလှောင်ထားခြင်း မရှိချေ။ ဤပစ္စည်းသည်လည်း ဈေးကွက်တွင် ရှားပါးသောကြောင့် လောလောဆယ် ရှာရန်ခက်ခဲပေသည်။
ကျီယွီကျင်း၏ ဒဏ်ရာက စောင့်၍မရနိုင်တော့ချေ။ ခဏလေးအတွင်းမှာပင် သူ၏နဖူးပေါ်တွင် ချွေးစေးများ ဖုံးလွှမ်းသွားခဲ့သည်။
ချူဖုန်းချင်က သူ၏အခြေအနေအား တစ်ချက်ကြည့်လိုက်ပြီး "ဒီထပ် စောင့်လို့ မရတော့ဘူး။"
တော်ဝင်သမားတော်: "ဒါပေမဲ့... မေ့ဆေးမပါရင် နာလွန်းလို့ သူ သေသွားလိမ့်မယ်။"
ချူဖုန်းချင်သည် ကျီယွီကျင်းအား နားမလည်စွာကြည့်လိုက်ရာ ကျီယွီကျင်းက ပြုံးပြီး "အဲ့လိုဘဲ လုပ်လိုက်" ဟု ပြော၏။
တော်ဝင်သမားတော်: "ဒါပေမဲ့..."
ကျီယွီကျင်းက သူ၏လက်အား ဝှေ့ယမ်းလိုက်သည်။ သူ၏မျက်လုံးအစွန်းရှိ နှင်းခဲအမှတ်အသားသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ တောက်ပစွာ နီရဲနေ၏။ သူ၏ကျဉ်းမြောင်းသော မျက်လုံးများက အနည်းငယ် မှိတ်ထားပြီး အလွန်မကောင်းဆိုးဝါးဆန်နေသည်။ သူ ပေါ့ပေါ့ဆဆ ပြောလိုက်သည်မှာ "ငါက အသက်ပြင်းတယ်။ ငါ မသေရင် ရပြီ။"
ချူဖုန်းချင်သည် သူ၏လက်မောင်းမှ ကျောက်စိမ်းပုလင်းတစ်လုံးအား ထုတ်ယူလိုက်သည်။ ရက်အနည်းငယ်အကြာက ပုလင်းထဲတွင် ဆေးလုံးအနည်းငယ် ရှိနေသေးသော်လည်း ယခုအခါ တစ်လုံးသာ ကျန်တော့သည်။ သူ ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးဆေးလုံးအား ထုတ်ယူလိုက်၏။
၎င်းသည် သေးငယ်သော အနက်ရောင်ဆေးလုံးလေး ဖြစ်သော်လည်း အခန်းတစ်ခုလုံးအား ဆေးနံ့ဖြင့် ချက်ချင်း ပြည့်စေခဲ့သည်။ ချူဖုန်းချင်က ၎င်းအား ကျီယွီကျင်း၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏။
ဆေးလုံးသည် သူ၏နှုတ်ခမ်းများပေါ်သို့ လျှောကျသွားသည်။ ချူဖုန်းချင်၏လက်က သူ၏နှုတ်ခမ်းများအား ထိမိသည်။ အနည်းငယ်အေးမြသော အထိအတွေ့က ကျီယွီကျင်းအား ခဏမျှ မှင်တက်စေခဲ့သည်။ ၎င်းအား မျိုချပြီးနောက် ချူဖုန်းချင်အား မော့ကြည့်ပြီး "မင်း ငါ့ကို ဘာတွေ ကျွေးလိုက်တာလဲ" ဟု မေး၏။
ချူဖုန်းချင်၏ အသံ အေးစက်နေသည်မှာ မှန်သော်လည်း သူ ညင်သာစွာ ပြောသောအခါ လူများအား အဆုံးမရှိသော နူးညံ့မှု ခံစားရစေခဲ့သည်။
"ကောင်းတဲ့အရာတစ်ခု။ မေ့ဆေးလောက် မကောင်းပေမဲ့ နာကျင်မှုကို သက်သာစေတယ်။ ကျွန်မရဲ့ ဒုတိယအစ်ကိုက ကျွန်မအတွက် ချန်ထားခဲ့တာ"
ချူဖုန်းချင် လက်ဆေးနေစဉ် လီယွီက ကျီယွီကျင်းအား ကြည့်လိုက်ရာ ကျီယွီကျင်းက ခေါင်းခါလိုက်သည်။
ထို့နောက် သူသည် ဓားပေါ်မှ လက်အား ချလိုက်ပြီး ချူဖုန်းချင်အား ပြုံးလျက် "မရီး၊ အဲ့လောက် ညင်သာမနေပါနဲ့။ ငါတို့နယ်စားက နာကျင်မှုကို မကြောက်ဘူး" ဟု ပြော၏။
ချူဖုန်းချင် ပစ္စည်းများအား သိမ်းဆည်းပြီးနောက် လူများအား ဖယ်ရှားရန် စတင်ခဲ့သည်။ အပြင်လူများအားလုံးအား မောင်းထုတ်ခဲ့ပြီး ကူညီရန် ရောက်လာသော သမားတော်နှစ်ဦးနှင့် ခေါင်းမာကာ မောင်းထုတ်မရသော လီယွီတို့မှလွဲ၍ ကျန်သူများအားလုံး ထွက်သွားကြ၏။
ချူဖုန်းချင်က သူ၏နောက်သို့ လိုက်သွား၏။ ကိရိယာအားလုံးအား ပိုးသတ်ပြီးနောက် သူ နှုတ်ခမ်းစေ့ပြီး ဝါဂွမ်းစတစ်ပိုင်းအား ကျီယွီကျင်း၏ ပါးစပ်ထဲသို့ ထည့်ပေးရင်း "ဆေးက နာကျင်မှုကို သက်သာစေလဲ မေ့ဆေးလောက်တော့ မကောင်းဘူး။ နည်းနည်း နာကျင်နိုင်တယ်" ဟု ပြော၏။
ကျီယွီကျင်းက ၎င်းအား ဘေးဘက်သို့ ထွေးထုတ်လိုက်ပြီး ပြုံးလျက် "မင်း ငါ့ပါးစပ်ထဲကို ပစ္စည်းတွေထည့်တတ်တဲ့ အကျင့်ရှိတာလား။ ဒါမှမဟုတ် ဒီအခွင့်အရေးကိုယူပြီး ငါ့ဆီကမျက်နှာသာ ယူနေတာလား။"
ချူဖုန်းချင်: "......"
သူသည် လီယွီကဲ့သို့ပင် မျက်လုံးများ လှန်ပစ်ချင်နေသည်။ တစ်ခါတစ်ရံ သူ၏အတွေးများအား တကယ် နားမလည်နိုင်ချေ။ ထားလိုက်ပါတော့။ သူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်တော့ပေ။
ကျီယွီကျင်း၏ ဒဏ်ရာက အလွန်ကို ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် ချူဖုန်းချင်ပင် ထိုကဲ့သို့ ကြီးမားသောဒဏ်ရာအား မြင်သောအခါ စကားမပြောနိုင်ဖြစ်သွားသည်။
"ဒါဆို စမယ်။"
"စပါ။"
အပ်ဝင်သွားသည်နှင့် ကျီယွီကျင်းက ညည်းတွားလိုက်သည်။ သူ၏လည်ပင်းရှိ သွေးကြောများ ဖောင်းကြွလာပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံး တင်းမာသွားသည်။ သက်ကြီးသမားတော်နှစ်ဦးက ကြည့်ရန်ပင် အနည်းငယ်ကြောက်နေကြသော်လည်း လီယွီကမူ လုပ်ငန်းစဉ်တစ်လျှောက်လုံး တည်ငြိမ်နေပြီး ကြောက်ရွံ့ခြင်း သို့မဟုတ် အံ့အားသင့်ခြင်း အမူအရာ လုံးဝမရှိပေ။ သူ ၎င်းမျိုး မြင်ဖူးနေကျ ဖြစ်ပုံရသည်။
ကျီယွီကျင်း၏ ကျောဘက်တွင် ချွေးစေးများ စိုရွှဲနေပြီး သူ၏ပါးလွှာသော အတွင်းခံအဝတ်အစားများ စိုစွတ်သွားသည်။ ချူဖုန်းချင်၏လက်များမှာ အလွန်တည်ငြိမ်သော်လည်း သူ၏နဖူးပေါ်တွင် ချွေးစေးအချို့ ပေါ်လာပြီး သူ၏နှုတ်ခမ်းများအား တင်းတင်းစေ့ထားသည်။
ကျီယွီကျင်း အစက မခံမရပ်နိုင်ဖြစ်ခဲ့သော်လည်း သူ ချူဖုန်းချင်၏ အမူအရာအား မတော်တဆ မြင်လိုက်ပြီးနောက် နာကျင်မှု သိပ်မရှိတော့ဟု ခံစားရသည်။ သူက ချူဖုန်းချင် သူ့အား စိတ်ပူနေမည်၊ သူ့အား သနားနေမည်၊ ထို့အပြင် တူညီသော ခံစားချက်ကိုပင် ခံစားရမည်ဟု ထင်နေခဲ့သည်။
သူ့နဖူးပေါ်က ချွေးတွေနဲ့ မျက်မှောင်ကြုတ်နေတာကို မြင်တော့ နောက်မှ ခိုးငိုနေမလား ဘယ်သူသိမှာလဲ။
အင်း၊ ခေါင်းကိုက်လိုက်တာ...
သမားတော်နှစ်ဦးသည် အစက ကြည့်ရန်ကြောက်ရာမှ စိတ်ဝင်တစား ကြည့်ရှုလာကြပြီး သူ၏အလှကြောင့် အံ့အားသင့်နေကြသည်။
သမားတော် ၁: "အံ့ဩစရာ၊ အံ့ဩစရာဘဲ! ဒီအပ်စိုက်နည်းက ဒဏ်ရာကို ကောင်းကောင်းမွန်မွန် ပိတ်စေနိုင်တယ်၊ ပြီးတော့ နောက်မှ ချုပ်ရိုးတွေကို ဖယ်ဖို့ ပိုလွယ်ကူလိမ့်မယ်။"
သမားတော် ၂: "အရမ်းကောင်းတယ်။ ကျွန်တော် ဆေးကုသမှုအတွေ့အကြုံ နှစ် ၂၀ ကျော် ရှိပြီ၊ ဒါပေမဲ့ ဒီလိုမျိုး ထူးဆန်းတဲ့အပ်စိုက်နည်းမျိုးကို တစ်ခါမျှ မမြင်ဖူးသေးဘူး။ သခင်မ၊ ကျွန်တော်တို့ ပိုပြီးရှင်းရှင်းလင်းလင်း မြင်ရအောင် ဖြည်းဖြည်းလေး လုပ်ပေးလို့ရမလား။"
ချူဖုန်းချင်: "......"
သူ တိုးတိုးလေး ပြောလိုက်သည် "ရှင်တို့ကို ဝက်သားနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို နောက်မှ ပြပါ့မယ်။"
ကျီယွီကျင်းက ကဲ့ရဲ့ပြုံးလိုက်ပြီး သူ၏မျက်လုံးများအား အနည်းငယ်မြှင့်ကာ သူတို့အား ကြည့်လိုက်သည်။ သူ၏အသံမှာ ကြမ်းတမ်းနေသည်။ "ဘာလဲ? ငါ့ကို ပန်းတစ်ပွင့်လို့ တကယ်ထင်နေတာလား။"
သမားတော်နှစ်ဦး တောင့်ခဲသွားပြီး ချွေးစေးတစ်စက် သူတို့နဖူးပေါ်မှ စီးကျလာသည်။ သူတို့ ခေါင်းငုံ့ကာ တစ်ခွန်းမျှ မပြောဝံ့တော့ချေ။ သူတို့ မြင်နေရသောအရာကြောင့် အလွန်စိတ်ဝင်စားလွန်း၍ ခဏမျှ အာရုံလွတ်သွားပြီး သူတို့ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မေ့လျော့သွားကြကာ ထိုသို့သော သတ်ဖြတ်သူနတ်ဘုရားတစ်ပါး ထိုနေရာတွင် ရှိနေသည်ကိုပင် မေ့လျော့သွားကြသည်။
နောက်ဆုံးတွင် ဒဏ်ရာချုပ်ရန် နာရီဝက်ပင် မကြာခဲ့ပေ။ ချူဖုန်းချင် သူ၏လက်များအား ဆေးကြောပြီးနောက် ကန်ထဲရှိ သွေးများစွာအား သူ၏မျက်လုံးနက်များဖြင့် ကြည့်လိုက်သည်။ ကျီယွီကျင်းသည် အလွန် သည်းခံနိုင်သူ ဖြစ်သည်။ သာမန်လူတစ်ဦးဆိုလျှင် ငိုယိုသံများက လမ်းများစွာအားပင် လှုပ်ခါသွားစေလိမ့်မည်။ သူ လုပ်နိုင်ရန် ကြိုးဖြင့် ချည်နှောင်ထားရပေလိမ့်မည်။
သို့သော် ကျီယွီကျင်းသည် ညည်းသံအနည်းငယ်သာ ထွက်ပေါ်ပြီး အခြားလှုပ်ရှားမှု မရှိပေ။ သူသည် တကယ်ကို လူမဟုတ်ပေ။
ချူဖုန်းချင်သည် သူ့အား ဆေးလိမ်းပေးပြီး ပတ်တီးစည်းပေးကာ “အနာကျက်တဲ့အထိ ရေမစိုစေနဲ့။ ဆေးကို နေ့တိုင်း လိမ်းပေး။ နောက်ပြီး အစားအသောက် ဆင်ခြင်ပါ” ဟု ဆို၏။
သူသည် ခဏရပ်ပြီး လှည့်ကြည့်ကာ “အိမ်တော်ထဲက အစားသောက်တွေက မသင့်တော်တာ များတယ်။ ဒါကြောင့် ဆန်ပြုတ်ပဲ သောက်” ဟု ဆက်ပြော၏။
ကျီယွီကျင်း: “...” အကြောင်းတစ်ခုခုကြောင့်၊ ဤမျှလောက် ကြမ်းတမ်းသည်ဟု သူ အမြဲ မခံစားခဲ့ရပေ။ ချူဖုန်းချင်က အရင်တစ်ခေါက်က သူ့ကို စားချင်တာစားခွင့်မပေးလို့ ငါ့ကိုလက်စားချေနေတာလား။
နောက်တစ်ခဏတွင် သူ၏အတွေးအား အတည်ပြုလိုက်၏။
“ဘယ်သူသိမှာလဲ ညကျရင် သူ အဖျားကြီးလာနိုင်တယ်။ အရေးပေါ်အခြေအနေအတွက် ဆေးရည်လေး ညွှန်းပေးဖို့ သမားတော်တွေကို ဒုက္ခပေးလိုက်ပါဦးမယ်”
ချူဖုန်းချင်သည် သူ့အား ကြည့်ပြီး မျက်နှာအေးစက်စက်နှင့် တည်ငြိမ်သောအသံဖြင့် “ကျစ်၊ လူမမာပေါက်လေး ” ဟု စကားလုံးအနည်းငယ် ပြောလိုက်သည်။
စာရေးသူတွင် ပြောစရာရှိသည် -
ကျီယွီကျင်း: “ငါ့ဇနီးက ငါ့ကို သနားနေတာ”
ချူဖုန်းချင်: ဒီအနာက တော်တော်မညီဘူး။ ငါ အလျားလိုက် ချုပ်လို့ မရဘူး။