Chapter 7
Viewers 2k

တော်ဝင်သမားတော် လီသည် အချိန်အတော်ကြာ စဉ်းစားပြီးမှ "ကျွန်တော့် သခင်ကို လျှောက်ထားပါတယ်၊ ကျွန်တော် ဆေးပညာ လေ့ကျင့်လာတာ ဆယ်စုနှစ်ချီ ရှိပါပြီ၊ ဒီလို နည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးပါဘူး၊ ဒါက မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် မသိသေးသော ရိုးရာဆေးနည်းတချို့ ရှိကောင်း ရှိနိုင်ပါတယ်၊ ကျွန်တော် ပြန်ပြီး ကျမ်းဂန်တွေကို ရှာဖွေပြီးမှ သခင်ကို အစီရင်ခံပါ့မယ်" ဟု ပြောလိုက်သည်။

 

 

ကျီယွီကျင်း နားလည်ကြောင်း ခေါင်းညိတ်ပြပြီးနောက် သူ ထွက်ခွာသွားရန် လက်ဝေ့ယမ်းလိုက်သည်။

 

လူတိုင်း ထွက်ခွာသွားပြီးနောက် ကျီယွီကျင်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေသူကို ကြည့်လိုက်သည်။ သူ့​နေရာတွင်တခြားသူဆိုပါက ချူဖုန်းချင်သည် အမျိုးသားတစ်ဦးဖြစ်ကြောင်း သံသယဝင်မည် မဟုတ်ချေ။ အကြောင်းမှာ ထိုမျက်နှာက အလွန်ပြည့်စုံလှသောကြောင့်ပင်။ သို့သော် သူသည် အလားတူ နီးပါးတစ်ဦးကို မြင်ဖူးပြီး ထိုသူက အမျိုးသားဖြစ်ကာ သူသည် အမူအရာလည်း အလွန်မြင့်မြတ်သည်။

 

သူ တကယ်ပဲ မှားယွင်း ခန့်မှန်းခဲ့တာများလား။ ဒါဟာ အမြွှာယောက်ျားလေးနဲ့မိန်းကလေး မွေးဖွားပုံများလား။ အမြွှာတွေက စိတ်ချင်းဆက်သွယ်နိုင်သည်လား။

 

တကယ်တော့ အလွယ်ဆုံးနည်းလမ်းမှာ ထိုသူသည် အဝတ်အစားများကို ချွတ်၍ ကြည့်ခြင်းပင်။ သူ "ဟွန်း" ဟု အသံပြုသည်။ ရှုပ်ထွေးလှသည်။

 

ဧကရာဇ် လက်ထပ်ခွင့် ပေးခဲ့တုန်းက သူ အိမ်ထောင်ပြုခြင်းကို ငြင်းပယ်ရန် စာတစ်စောင် ပြန်ပို့ခိုင်းခဲ့သည်ကို သူ မှတ်မိသည်။ အလယ်မှာ ဘာမှားသွားခဲ့သည် မသိချေ။ သူမကို သယ်ဆောင်လာခဲ့ဆဲပင်။

 

ထားတော့၊ ဒါက နောက်မှ ပြောကြတာပေါ့။

 

ကျီယွီကျင်း ချူဖုန်းချင်၏ အပေါ်ဝတ်ကို တစ်ချက်ကြည့်သည်။ "သူမ"  ဒီနေ့ လဲကျခဲ့ပြီး အင်္ကျီက ညစ်ပတ်နေပုံရသည်။ အပေါ်ဝတ်နဲ့ အိပ်ရင် မသက်မသာ ဖြစ်မယ် မဟုတ်လား "သူမ" မနေ့ကလည်း ဒီလို ဝတ်ခဲ့ပုံရတယ်။

 

သူ စကတ်ပေါ်ရှိ အစွန်းအထင်းကို တစ်ချက်ကြည့်ပြီး ခံနိုင်ရည်မရှိစွာ လက်လှမ်းလိုက်သည်။ သူ၏ လက်မှ ကော်လံကို ထိမိသည်နှင့် တစ်ပြိုင်နက် ထိုသူသည် မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး သူ့ကို ရှုပ်ထွေးစွာ ကြည့်သည်။

 

ကျီယွီကျင်း- "......"

 

ချူဖုန်းချင်- "......"

 

ချူဖုန်းချင် မျက်မှောင်ကြုတ်သည်။ "ဘုရင်ခံ ကျွန်မ နေမကောင်းဘူး..."

 

ထိုအကြည့်က 'ခင်ဗျားက သားရဲမှန်း သိပါတယ်၊ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ သားရဲမှန်း မသိခဲ့ဘူး' ဟု ပြောနေဟန်တူသည်။

 

ကျီယွီကျင်း- "ငါ သိတယ်! စကတ်က ညစ်ပတ်နေတာ မြင်လို့ပါ"

 

ချူဖုန်းချင် သူ့ကို တုံ့ဆိုင်းစွာ တစ်ချက်ကြည့်သည်။ ကျီယွီကျင်းကတော့ စကားလုံးများ ဆုံးရှုံးသွားပြီး သူ၏ မျက်နှာ မှောင်ကျသွားသည်။

 

ဤအချိန်တွင် လောင်မို ရောက်လာသည်။ အိပ်ခန်းထဲတွင် နှစ်ဦးသား ထိုင်နေသည်ကို မြင်တော့ သူ ချက်ချင်း နောက်ဆုတ်သွားသည်။ "တောင်းပန်ပါတယ်၊ သခင်၊ တံခါးဖွင့်ထားတာ မြင်လို့ မခေါက်ဘဲ ဝင်လာတာပါ၊ ဘာမှ မမြင်ပါဘူး"

 

ချူဖုန်းချင် သူ့ကို 'ကြည့်ပါဦး' ဟု ပြောသကဲ့သို့ တစ်ချက်ကြည့်သည်။

 

ကျီယွီကျင်း- "ပြန်လာခဲ့" မိုအိမ်တော်ထိန်းသည် ကျီယွီကျင်း၏ မျက်နှာညိုမှိုင်းနေသည်ကို မြင်သောအခါ ရပ်တန့်သွားသည်။ မည်သူက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့သည်ကို သူ မသိချေ။ သူ ရိုသေစွာဖြင့် "သခင်၊ အခု စားချင်ပြီလား" ဟု လျှောက်ထားသည်။

 

ကျီယွီကျင်း မပီမသ "အင်း" ဟု ပြန်ဖြေသည်။

 

ချူဖုန်းချင်သည် သူ အိပ်ခန်းသို့ ရောက်နေပြီဖြစ်ကြောင်း ယခုမှ သဘောပေါက်သည်။ ၎င်းက ကျီယွီကျင်းသည် လက်ချက်ဖြစ်ကြောင်း ခန့်မှန်းရန် မလိုအပ်ချေ။ ကျီယွီကျင်း၏ မျက်နှာညိုမှိုင်းနေသည်ကို ကြည့်ကာ သူ၏နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်လာသည်။

 

မကြာမီပင် စားပွဲပေါ်တွင် အစားအစာများ ပြည့်နှက်နေသည်။ ကျီယွီကျင်း ခွက်ထဲမှ လက်ဖက်ရည်ကို သောက်ပြီး "ဖျားနေတဲ့ ကလေးလေး၊ အဲဒီမှာပဲ စားမလား၊ ဒါမှမဟုတ် ဆင်းလာစားမလား" ဟု ပြောသည်။

 

ချူဖုန်းချင် ခဏတာမျှ တအံ့တဩ ဖြစ်သွားပြီးမှ "ဖျားနေတဲ့ ကလေးလေး" ဆိုတာ သူ့ကို ရည်ညွှန်းတာကို သဘောပေါက်သည်။ သူ၏ နဖူးပေါ်ရှိ သွေးကြောများ အနည်းငယ် ဖောင်းကြွလာပြီးမှ "စားပွဲမှာပဲ စားမယ်" ဟု ပြန်ဖြေသည်။

 

စားပွဲပေါ်မှ အစားအစာတွေထဲမှာ အသားနှင့် ဟင်းသီးဟင်းရွက် နှစ်မျိုးလုံး ပါဝင်သည်။ ဟင်းပွဲတွေ များသော်လည်း တစ်ခါစားပမာဏကတော့ သိပ်မများချေ။ သူတို့နှစ်ယောက်တည်း အားလုံးကို ကုန်စင်အောင် စားနိုင်သည်။ ကျီအိမ်တော်၏ စားဖိုမှူးမှာ ထူးချွန်သော စားဖိုမှူးတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ ဟင်းပွဲတို မွှေးကြိုင်နေပြီး ပုံမှန်အားဖြင့် အစားအစာကို ဂရုမစိုက်တတ်သော သူတောင် စိတ်ဝင်စားသွားသည်။

 

ကျီယွီကျင်း ဟင်းချိုပန်းကန်လုံးတစ်လုံးကို သူ့ရှေ့ကို တွန်းပေးပြီး "မကြည့်နဲ့ အဲဒါတွေက မင်းအတွက် မဟုတ်ဘူး ဒါက မင်းအတွက်ပဲ"ဟု ပြောသည်။

 

ချူဖုန်းချင်- "..."

 

သူ့မျက်နှာအမူအရာ ပြောင်းသွားတာကို မြင်တော့ ကျီယွီကျင်း ပိုပြီး ကြမ်းတမ်းသောလေသံနှင့် "မင်းလို ဖျားနေသော ကလေးလေးကတောင် အရသာရှိတဲ့ အစားအစာနဲ့ အပူအစပ်တွေကို စားချင်သေးလား" ဟု ပြောလိုက်သည်။

 

ချူဖုန်းချင် ဇွန်းကို တင်းတင်းဆုပ်ထားတော့ သူ၏ ပါးလျသော လက်ဖမိုးမှာ သွေးကြောတချို့ ထွက်ပေါ်လာသည်။ ဘာကြောင့်ရယ်လို့တော့ မသိဘူး၊ ကျီယွီကျင်း သူ့​ပေါ်ရုတ်တရက် အများကြီးပိုကောင်းလာသလို ခံစားလိုက်ရသည်။

 

သူ မနေ့ကတည်းက အများကြီး မစားရသေးဘူး။ ပူဇော်ပွဲမှ သစ်သီးတချို့ကိုပဲ စားခဲ့ပြီး နန်းတော်မှာ ပေါင်မုန့်နှစ်ခု စားခဲ့သည်။ အစားအစာတွေ သူ့ရှေ့ ရောက်လာတော့မှ ဗိုက်ဆာလာသည်။ နွေးထွေးသော ကြက်ဟင်းချိုကို သောက်ပြီးနောက် သူ၏ ကိုယ်လက်အင်္ဂါတွေ အားလုံး နွေးထွေးလာသည်။

 

ကျီယွီကျင်း အရမ်းမြန်မြန်စားလိုက်သည်။ ချူဖုန်းချင် ဟင်းချိုတစ်ဝက်ပဲ ကုန်သေးသည်။ စားပွဲပေါ်မှ အစားအစာတွေ အားလုံး နီးပါး ကုန်နေပြီ။ သူ အသားစားရတာကို ကြိုက်သည်ဆိုတာကိုလည်း ချူဖုန်းချင် တွေ့လိုက်ရသည်။ သို့သော် နောက်ဆုံးမှာတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စားပွဲပေါ် ကျန်တာတွေ အားလုံးကို စားခဲ့သည်။

 

သူ စားပြီးနောက် ချူဖုန်းချင်ကို လာကြည့်သည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောဖို့ ပြင်နေချိန် လောင်မိုမှ "သခင်၊ လီယွီလူကြီးမင်း ရောက်နေပါသည်" လို့ လျှောက်တင်သည်။

 

"သူ ဘာလာလုပ်တာလဲ" လို့ ကျီယွီကျင်း မစဉ်းစားဘဲ ပြောသည်။ "သူ့ကို ပထုတ်ဖို့ ကူညီပေး"

 

လောင်မို မအံ့သြပါချေ၊ "မှန်ပါ့"

 

ချူဖုန်းချင် ခဏတာ ရပ်တန့်သွားသည်။ လီယွီ ကျင့်ယီဝေရဲ့ အကြီးအကဲပဲ။ သူနှင့် ကျီယွီကျင််သည် အထက်အောက် ဆက်ဆံရေး ရှိသည်လို့ ယူဆနိုင်သည်။

 

"ကျီယွီကျင်း မင်းက သစ္စာမရှိဘူး ငါ အခုမှ ပြန်ရောက်လာပြီး မင်းဆီ လာတာကို မင်းက ငါ့ကို မောင်းထုတ်ချင်နေသည်" လီယွီ၏ အသံမှာ အရမ်းကျယ်သည်။ သူ့အသံမှာ ခြံဝက်လောက် ဝေးသောနေရာကနေပင် ရှင်းရှင်းလင်းလင်း ကြားရသည်။

 

လောင်မို သူ့ကို တားလို့မရချေ။ မကြာခင်မှာပဲ သူတို့နှစ်ယောက်ရှေ့ကို ရောက်လာသည်။ လီယွီ၏ အရပ်မှာ သိပ်မမြင့်ချေ။ သူ၏ ကလေးမျက်နှာမှာ အထူးသဖြင့် ချစ်စရာကောင်းသည်။ ကျင့်ယီဝေ၏ အကြီးအကဲမှာ ဤမျှ... ကြင်နာသော ပုံစံရှိသည်လို့ စိတ်ကူးရန်ပင် ခက်သည်။

 

လီယွီ ချူဖုန်းချင်ကို ပထမဆုံးအကြိမ် မြင်တော့ အံ့သြစွာ အော်လိုက်သည်။ ကျီယွီကျင်းနှင့် ရှင်းရန်ပင် လုံးဝ ဂရုမစိုက်တော့ချေ။ သူ သူ့၏ ဖေယွီ ဝတ်စုံကို ဖြောင့်တန်းလိုက်ပြီး ချူဖုန်းချင်ကို အရိုအသေပေးသည်။ "ညီလေး လီယွီက မရီးကို နှုတ်ဆက်ပါသည်။"

 

"အဟွတ်" ချူဖုန်းချင် ချောင်းအနည်းငယ် ဆိုးလိုက်သည်။ လီယွီရဲ့ "မရီး" လို့ ခေါ်လိုက်တာက သူ့ကို ဟင်းချိုသီးမလို ဖြစ်သွားစေသည်။

 

ပြီးတော့ သူက ကျီယွီကျင်း၏ ပခုံးကို ပုတ်ပြီး ပြောသည်။ "ကျီယွီကျင်း၊ မင်း ဘယ်တုန်းက ဒီလိုလှပတဲ့ ဇနီးကို ရထားတာလဲ မင်း လက်ထပ်တာ ဘယ်သူမှ မပြောပြဘူးလား ပြီးတော့ ဘာလို့ ငါ့ကို ဖိတ်ပြီး အကြမ်းရည် မတိုက်တာလဲ"

 

ကျီယွီကျင်း သူ့ပခုံးပေါ်မှ လက်ကို တစ်ချက်ကြည့်ချိန် လီယွီ ချက်ချင်း ကြောက်လန့်သွားသည်။ သူ သူ့လက်ကို မြန်မြန် ပြန်ရုပ်လိုက်ပြီး သူ့ပခုံးပေါ် အဝတ်အစားတွေကို ဖြောင့်တန်းလိုက်သည် "ဟားဟား ကျွန်တော် အပြင်ထွက်တာ ကြာသွားလို့ စည်းကမ်းတချို့ မေ့သွားတယ်၊ ဘုရင်ခံ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ။"

 

ကျီယွီကျင်း နွားထိုးဝတ်စုံကို ချွတ်ပြီး သာမန်ဝတ်ရုံကို ဝတ်ထားသည်။ ဤဝတ်ရုံမှာ အနီရောင် မဟုတ်ဘဲ အပြာရင့်ရောင်ဖြစ်သည်။ လေးလံသော အရောင်က သူ့ရဲ့ မာနကို အနည်းငယ်မှ ဖိနှိပ်မထားနိုင်ဘူး။ သူ၏ မာနနှင့် ရက်စက်မှုသည် သူ့အရိုးထဲမှ လာသကဲ့သို့ပင်။

 

သူ့ရုပ်ရည်ကပင် မာနကြီးလွန်းသောကြောင့် လူတွေက တိုက်ရိုက် ကြည့်ရဲကြမှာ မဟုတ်ချေ။ သူသည် ရုပ်ရည်ချောမောစွာ မွေးဖွားလာသူဖြစ်ပြီး မြေခွေးမျက်လုံးတစ်စုံက အပေါ်ကို ကော့တက်နေသည်။ မျက်လုံးအဆုံးမှာ မှင်နီမှဲ့သေးသေးလေး ပါရှိသည်။ သို့သော် သူ့ရဲ့ စရိုက်ကြောင့် လူတွေက သူ့ရုပ်ရည်ကို မကြာခဏ လျစ်လျူရှုမိကြသည်။

 

ကျီယွီကျင်းက လီယွီရဲ့ မိုက်မဲမှုကို မခံနိုင်တော့တာကြောင့် လီယွီကို သူ့လည်ပင်းကနေ ဆွဲထုတ်သွားသည်။

 

ဆွဲခံရသော လီယွီသည် ချူဖုန်းချင်ကို နှုတ်ဆက်ဖို့ မမေ့ဘူး။ "မရီး၊ ကျွန်တော် အရင် သွားလိုက်ဦးမယ်။ နောက်နေ့ လာလည်ပါ့မယ်။"

 

အပြင်ရောက်ချိန် နှစ်ယောက်သား စာကြည့်ခန်းဆီ ရောက်လာသည်။

 

လီယွီ သူ့ရဲ့ ဝဝကစ်ကစ်မျက်နှာကို ရှုံ့လိုက်ပြီး တွန့်ကြေနေသော ဖေယွီဝတ်စုံကို ဖြောင့်တန်းလိုက်ကာ "မရီးရှေ့မှာ အနည်းဆုံး မျက်နှာလေးတော့ ချန်ထားခဲ့ပါဦးဗျာ"  ရေရွတ်လာသည်။

 

ကျီယွီကျင်း ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ သူ့မျက်နှာမှာ နောက်ပြောင်သော အရိပ်အယောင် လုံးဝမရှိချေ "စုံစမ်းတာ ဘယ်လိုလဲ"

 

လီယွီ- "ယွမ်ကန်ဘုရင်က စစ်သည်တော်တွေနဲ့ မြင်းတပ်တွေကို တိတ်တဆိတ် စုဆောင်းပြီး နေ့တိုင်း လေ့ကျင့်နေတယ် ပုန်ကန်မှုနဲ့ ပတ်သက်လို့တော့ ခိုင်မာတဲ့ အထောက်အထား မရှိသေးဘူး"

 

ကျီယွီကျင်း- "သူက သူစစ်သည်တွေကို ပျော်ဖို့အတွက် ထားတာပဲ"

 

လီယွီ- "ဟင်? ဒီလူ ရူးနေတာလား"

 

ကျီယွီကျင်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ လီယွီ မျက်တောင်ခတ်ပြီး ဒီလူက သူ့ကို ရယ်မောနေသည်ဆိုတာကို နားလည်သွားသည်။ သူက ဒေါသတကြီး ပြောသည်"ဒါပေမဲ့ သူ့တပ်ဖွဲ့က ဒီလောက် နည်းတာ ပုန်ကန်ဖို့အတွက် အရမ်းနည်းလွန်းတယ်၊ ဘယ်တပ်မဆို သူတို့ကို ဖျက်ဆီးပစ်ဖို့ လုံလောက်ပါတယ်"

 

ကျီယွီကျင်းက သူ့လက်ချောင်းနဲ့ စားပွဲကို ခေါက်လိုက်သည်။ "အဲဒါကိုပဲ စောင့်ကြည့်ထား"

 

"မင်း ပြောစရာတောင် မလိုဘူး၊ ငါ လူတွေ လွှတ်ပြီး သူ့ကို စောင့်ကြည့်ခိုင်းထားပြီးပြီ တစ်နေ့ သုံးကြိမ် အစီရင်ခံတယ်" လီယွီလည်း ကုလားထိုင်တစ်လုံး ရှာပြီး ထိုင်လိုက်သည် "ဟင်? ကျောက်လီ ဘယ်ရောက်သွားပြီလဲ"

 

"တောင်ဘက်က ကိစ္စက ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး"

 

လီယွီ အံ့သြသွားသည်။"အဲဒါ ခုထိ မရှင်းသေးဘူးလား ဘယ်လောက်ကြာနေပြီလဲ"

 

ကျီယွီကျင်း သူ့နားထင်ကို ဖိနှိပ်ရင်း ပြောသည် "ဒီလောက်ကြာနေပြီဆိုတော့ စုံစမ်းဖို့ ပိုခက်တာပေါ့"

 

"ရှီချန်က အုတ်ခဲလိုပဲ လိုအပ်သောနေရာတိုင်းကို ရွှေ့လို့ရသည် အခုဆို ဒါလီဘုရားကျောင်းက ကိစ္စတွေတောင် ငါတို့လက်ထဲ ရောက်နေပြီ" လီယွီ သက်ပြင်းချရင်း သူ့မျက်နှာအမူအရာကို ကြည့်ပြီး မေးသည် "မင်း ညက ထပ်ပြီး အိပ်မပျော်ဘူးလား"

 

ကျီယွီကျင်း ဘာမှမပြောချေ။

 

လီယွီသူ့နှုတ်ခမ်းတွေကို ရိုက်လိုက်ပြီး ဆက်မမေးတော့ချေ။ ခဏအကြာမှာ သူက မေးသည် "ဒါပေမဲ့ မင်းနဲ့ တတိယ ချူမယ်မလေးကြားမှာ ဘာတွေ ဖြစ်နေတာလဲ"

 

"ချူမိသားစုက အခုဆို လမ်းဖြတ်ကူးသော ကြွက်လိုပဲ လူတိုင်းက သူတို့နဲ့ ပတ်သက်ဖို့ ကြောက်ကြသည် မင်းကတော့ အတော်ဆုံးပဲ သူမကို အိမ်ခေါ်ပြီး မိသားစု ဖြစ်သွားတာပဲ"

 

"ပြီးတော့ အရှင်မင်းကြီးက မင်းကို ဘာလို့ လက်ထပ်ခွင့်ပေးတာလဲ မင်း ပြောကြည့်၊ မင်းက မိန်းမစိုးတစ်ယောက်ပါ၊ ဒါပေမဲ့ တတိယ ချူမယ်မလေးက မငိုဘူး၊ ဆူပူသောင်းကျန်းတာလည်း မလုပ်ဘဲ မင်းနဲ့ လက်ထပ်လိုက်တယ်၊ ပူးပေါင်းကြံစည်မှု မရှိဘူးလား" 

 

လီယွီ မေးခွန်းများ ဆက်တိုက် မေးသည်။

 

"သူမက မင်းကို အသုံးချပြီး ချူမိသားစုရဲ့ အမှုကို ပြောင်းပြန်လှန်ချင်တာများလား ဒါက နည်းနည်း ခက်တယ်၊ ဒါမှမဟုတ် သူမက ချူကျန်ယင်ကို ကယ်တင်ချင်တာများလား"

 

ကျီယွီကျင်း မျက်မှောင်ကြုတ်ချိန် လီယွီ မျက်လုံးပြူးသွားသည် "မင်းက သူ မင်းကို တခြားအကြောင်းပြချက်တွေကြောင့် လက်ထပ်တာကို မသိဘူးလို့ မပြောနဲ့နော်"

 

သူ့စကားကို ကြားတော့ ကျီယွီကျင်း၏ ပါးစပ်မှာ ကွေးညွတ်သွားသည် "သိရင် ဘာဖြစ်လဲ သူမက တကယ်ပဲ ငါ့ကို ထောင်ချောက်ဆင်နိုင်ရင် အဲဒါ သူမရဲ့ စွမ်းရည်ပဲလေ"

 

တကယ်တော့ သူမက ငါ့ကို ချစ်တာပဲ။ ဒါပေမဲ့ သူ့ရဲ့ဂုဏ်သတင်းအတွက် သူ ထုတ်ဖော်မပြောချင်ဘူး။ သူ့လို ဒီလောက် ချစ်သော မိန်းမတစ်ယောက် ရှိနေတာလည်း ခေါင်းကိုက်စရာပါပဲ။

 

လီယွီက ခဏတာ အံ့အားသင့်သွားပြီး ခက်ခဲစွာ ပြောသည် "မင်းက အလှနဲ့ထောင်ချောက်ထဲ ကျသွားတယ်လို့ မပြောနဲ့နော် မင်းက သူရဲကောင်းတစ်ယောက် မဟုတ်ဘူး မင်းက မိန်းမစိုးတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် အလှနဲ့ထောင်ချောက်ကို မကျော်ဖြတ်နိုင်ရတာလဲ တစ်ညပဲ ရှိသေးတာကို တခြားတစ်ယောက်ကို မြှားနတ်မောင် စေပြီးပြီလား"

 

ကျီယွီကျင်း သူ၏ ခြေထောက်ရှည်တွေကို ခုံပေါ် တင်ပြီး မာနကြီးစွာ ပြောသည် "ငါ သူ့ကို ချစ်မိသွားရင် မင်းကို အဖေလို့ ခေါ်မယ်"

 

လီယွီ သူ့ခေါင်းနောက်ကို ကုတ်ပြီး "ဒီလောက်ကြီးတော့ ယုံကြည်မှုမရှိပါနဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမက အရမ်းလှတယ် ဘာလို့ မင်းကို လက်ထပ်ရတာလဲ မင်းက မိန်းမစိုးဖြစ်လို့လား မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ် နူးညံ့မှုဒေသထဲကို မကျရောက်နဲ့ ပြန်ထွက်လာလို့ မရဘူးဖြစ်သွားလိမ့်မယ် မင်းက တခါတလေ အရမ်းမာနကြီးလွန်းတော့ နောက်ကျမှ ဒုက္ခရောက်လိမ့်မယ်"

 

ကျီယွီကျင်း သူ့မျက်လုံးကို ပျင်းရိစွာ လှန်ကြည့်ပြီး လီယွီကို ကြည့်သည် "မင်း အသက်ကြာကြာ ရှင်နေပြီလို့ ငါ ထင်တယ် ရှီချန်မှာ ရာထူးတွေ အများကြီး ရှိသေးတယ် မင်း ဒီကို ဘာလို့ ပြောင်းမလာတာလဲ"

 

လီယွီ မျက်တောင်ခတ်လိုက်ပြီး သူ့လက်နှစ်ဖက်နဲ့ သူ့ခြေထောက်ကြားကို အလျင်အမြန် ကာလိုက်ကာ မြှောက်ပင့်သော အပြုံးဖြင့် ပြောသည် "ဒါက ဒါက မဖြစ်နိုင်ပါဘူး ကျင့်ယီဝေက ကျွန်တော်မပါရင် မဖြစ်ပါဘူး ကျွန်တော် အရင် သွားလိုက်ပါဦးမယ်!"

 

ကျီယွီကျင်း ထွက်ခွာသွားပြီးနောက် ချူဖုန်းချင် ဟင်းချိုကုန်သွားချိန် လောင်မိုသည် ပြုတ်ထားသော ဆေးကို သူ့ကို ကမ်းပေးသည်။

 

ချူဖုန်းချင် အမည်းရောင် ဆေးခွက်ကို ကြည့်ပြီး ချက်ချင်း မသောက်သေးချေ။ ထို့အစား သေ မေးသည် "မိုအိမ်တော်ထိန်း၊ တော်ဝင်သမားတော်ရေးထားတဲ့ ဆေးစာကို ကျွန်မကို ပြပေးလို့ရမလား"

 

"ဟုတ်ကဲ့၊ ရပါတယ်၊ ခဏလေး စောင့်ပါ သခင်မ"  သူ ပြောရင်း အပြင်ထွက်သွားပြီး မကြာခင်မှာပဲ ဆေးစာတစ်စောင်နဲ့ ပြန်ရောက်လာသည်။

 

ချူဖုန်းချင် ငယ်စဉ်ကတည်းက ကိုယ်ခန္ဓာ အားနည်းခဲ့ပြီး ဆေးပညာမှာ သဘာဝအတိုင်း စိတ်ဝင်စားမှုရှိလို့ ဒီဘက်မှာ သင်ယူဖို့ ဆရာတစ်ယောက်ဆီ အထူးတပည့်ခံခဲ့ရသည်။ သူ တကယ်ကို ပါရမီပါပြီး အခုဆိုရင် သူ့ဆရာထက်တောင် တော်သည်လို့ သတ်မှတ်နိုင်သည်။ သူသည် ကျန်းနန်မှာ နာမည်ကြီး သမားတော်တစ်ဦးဖြစ်ပေမဲ့ သူက တခြားနာမည်တစ်ခုကို သုံးထားသောကြောင့် ဘယ်သူမှ သူ့ကို အဲဒီနာမည်ကြီးသမားတော်နဲ့ မဆက်စပ်နိုင်ဘူး။

 

ချူဖုန်းချင် ဆေးစာပေါ်မှ ဆေးအမည်တွေကို ကြည့်ပြီးနောက် စုတ်တံကို ကောက်ကိုင်ကာ ဆေးနှစ်မျိုး ထပ်ထည့်ပြီးမှ လောင်မိုကို ပြန်ပေးလိုက်သည် "နောက်တစ်ခါ ဒီဆေးစာအတိုင်း ဆေးညွှန်းကို သုံးပေးပါ"

 

တော်ဝင်သမားတော် လီသည် လေဖြတ်ခြင်းနဲ့ အအေးမိခြင်းကို ပယ်ရှားဖို့ ဆေးညွှန်းခဲ့ခြင်းဖြစ်ကာ သူ့ကိုယ်ခန္ဓာမှာ မခံနိုင်သောကြောင့် ဆေးဖက်ဝင် အပင်နှစ်မျိုးကို ထပ်ထည့်ပြီး အဆိပ်အတောက် ဖယ်ရှားပေးရန်နှင့် ချောင်းဆိုးရာကနေ ပန်းနာရင်ကျပ် မဖြစ်အောင် ချောင်းဆိုးပျောက်ပြီး အဆုတ်ကို စိုစွတ်စေမည့် ဆေးတစ်မျိုးကိုလည်း ထပ်ထည့်လိုက်သည်။

 

"ရပါတယ် သခင်မ" လောင်မိုက စကားနည်းသူဖြစ်သည်။ သူ အရာအားလုံးကို တိတ်တဆိတ် ပြင်ဆင်တတ်သည်။ အခု ချူဖုန်းချင် ဆေးပညာ တတ်သည်ကို မြင်တော့ သူက သိပ်ပြီး စူးစမ်းလိုစိတ် မရှိချေ။ မေးခွန်းတစ်လုံးမှလည်း မမေးချေ။

 

ဆေးစာကို သိမ်းပြီးနောက် လောင်မိေ "သခင်မ၊ ကိုယ်တိုင်း တိုင်းမယ့်သူ အပြင်မှာ စောင့်နေပါတယ် အခု တွေ့ချင်ပါသလား" ဟု လျှောက်ထားသည်။

 

ချုပ်ဖို့လား။ လောင်မိုက နေ့လယ်စာ မစားခင်က အဝတ်အထည်ဌာနက လူလာမယ်လို့ ပြောခဲ့ဖူးပုံရတယ်။

 

"အင်း၊ ဝင်ခိုင်းလိုက်" ဟု ချူဖုန်းချင် ပြောလိုက်သည်။

 

အဝတ်အစားများ တိုင်းတာပြီးနောက် ချူဖုန်းချင် "ဘယ်လောက်ကြာရင် ပြီးမှာလဲ" ဟု မေးသည်။

 

အဝတ်အထည်ဌာနမှ လူသည် "သခင်မ၊ အလုပ်ကို အမြန်လုပ်ရင် သုံးရက်အတွင်း ပြီးပါလိမ့်မယ်" ဟု လျှောက်ထားသည်။

 

သုံးရက်ဆိုတာ တကယ်တော့ အလွန်မြန်သည်။ ဒါပေမဲ့ ချူဖုန်းချင်လို အဝတ်အစား မရှိသောသူအတွက်တော့ နည်းနည်း ဒုက္ခရောက်သည်။ သုံးလေးရက်လုံး ဤမင်္ဂလာဝတ်စုံကိုပဲ ဝတ်လို့ မဖြစ်နိုင်ချေ။

 

သူ အရင်က ယူလာခဲ့သော အဝတ်အစားတွေက ယောကျ်ားဝတ်တွေချည်းပဲ။ ထို့ကြောင့် တစ်ထည်မှ မယူလာခဲ့ဘူး။ ချန်ဝမ်ကို သူ့အတွက် ပြင်ဆင်ခိုင်းဖို့တော့ မမေ့ခဲ့ချေ။ သူတွင် ရင်စည်းတချို့တော့ ရှိသည်။

 

ဤသည်မှာကလည်း သူ့အမှားပဲဖြစ်သည်။ အဲဒီတုန်းက ကိစ္စတွေ အများကြီး ရှိနေပြီး အလွန် ရှုပ်ထွေးနေတော့ သူ လုံးဝ မေ့သွားခဲ့သည်။

 

သူ့အရပ်နှင့် ဤမျှကြီးသော အမျိုးသမီးဝတ် အဝတ်အစား ရှာရသည်မှာ ခက်သည်။ သူ ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

 

ညဘက်တွင် ကျီယွီကျင်း အလုပ်သွားလုပ်ပြီး ည ၁၀ နာရီမှာ ပြန်လာခဲ့သည်။ ပြန်ရောက်ချိန် အိပ်ခန်းမီး လင်းနေတာကို မြင်တော့ ခဏတာ အံ့သြသွားသည်။ ပြီးမှ သူ မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့သည်ဆိုတာကို ပြန်သတိရသွားသည်။

 

သူ တံခါးဖွင့်လိုက်ချိန် ချူဖုန်းချင်မှာ ဆိုဖာသေးသေးလေးပေါ်မှာ စာအုပ်တစ်အုပ်ကို လက်ထဲမှာ ကိုင်ပြီး စိတ်ဝင်တစား ဖတ်နေသည်ကို တွေ့လိုက်ရသည်။ နေ့ဘက်က သူ၏ အေးစက်သော မျက်လုံးတွေသည် မီးရောင်အောက်မှာ နူးညံ့သွားပြီး သူ့မျက်နှာပေါ်မှာ သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။ ဤသည်မှယ "မီးရောင်အောက်မှာ ကြည့်လေ ကြည့်လေ လှလေပဲ" ဆိုသော ဆိုရိုးစကားကို တကယ်ပဲ ထင်ဟပ်နေသည်။

 

ပုံမှန်အားဖြင့် တိတ်ဆိတ်ခြောက်သွေ့နေသော အခန်းက လူတစ်ယောက် ရှိနေတာနှင့် လုံးဝ ကွဲပြားသော ခံစားမှုကို ပေးသည်။

 

အသံကြားတော့ ချူဖုန်းချင် တံခါးကို မော့ကြည့်လိုက်ချိန် သူ့နှုတ်ခမ်းမှ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ "ပြန်လာပြီလား"

 

သူ၏ မျက်နှာအမူအရာ အရမ်းမြန်မြန် ပြောင်းသွားတာကို မြင်တော့ ကျီယွီကျင်းလည်း မျက်မှောင်ကြုတ်သွားသည်။ ပြီးတော့ သူ ဝတ်ထားသော အနီရောင်ဝတ်စုံကို ကြည့်ပြီး "ဖျားနေတဲ့ ကလေးလေး၊ ဒါ ညစ်ပတ်နေတာ မတွေ့ဘူးလား။ ဘာလို့ အဝတ်မလဲတာလဲ" ဟု ပြောလိုက်သည်။

 

ဒါက ပြဿနာရှာသော ပုံစံမျိုးပဲ။

 

သူ ပြောတာကို ကြားတော့ ချူဖုန်းချင်၏ မျက်နှာမှာ ချက်ချင်း နီရဲသွားပြီး သူ၏ အေးစက်သော မျက်နှာက အနည်းငယ် ရှက်ရွံ့နေပုံရသည်။

 

ကျီယွီကျင်း မျက်ခုံးပင့်ပြီး ပြောသည်။ "မင်းမှာ အဝတ်အစား မရှိတာ ငါ မေ့သွားတယ်၊ ချူမိသားစုက ဒီလို အခြေအနေမျိုးထိ ဘယ်လိုရောက်သွားတာလဲ၊ အဝတ်တစ်ထည်တောင် မရှိရအောင်လား။"

 

သူ ပြောနေရင်း သူ့မျက်လုံးတွေထဲမှာ အရောင်တစ်ချက် လျှပ်ခနဲ လင်းသွားပြီး သူ သူ့ဗီရိုကို လက်ညှိုးထိုးပြသည်။ "မင်းကို အဝတ်တချို့ ငှားရမလား" ဟု ပြောလိုက်သည်။