အခန်း ၆
ကျောက်လင်း နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ နည်းနည်း နှမြောတသ ဖြစ်နေပုံရသည်။ သူ့အကြိုက် ဒီလို ပုရိသလှလှမျိုးကို ရှာတွေ့ဖို့ ခဲယဉ်းလှတာ။ သူ့ကို လွဲချော်သွားရင် အရမ်းနောင်တရလိမ့်မယ်။
ခဏတာ တွေးပြီးနောက် သူဟာ သူ့၏ မိန်းမစိုးတစ်ဦးကို အမိန့်ပေးလိုက်သည်။
"သူ့နောက်ခံကို စုံစမ်းလိုက်။ ဖခမည်းတော်၏ မိဖုရား မဟုတ်သရွေ့ ငါ့နန်းတော်ကို ပို့လိုက်"
သူ ပြောရင်း ချူဖုန်းချင်ဘက်ကို လက်လှမ်းလိုက်သည်။ ချူဖုန်းချင် မျက်မှောင်ကြုတ်ပြီး သူ၏ လက်ကောက်ဝတ်ပေါ်ရှိ ငွေအပ်ကို လက်ညှိုးတင်လိုက်သည်။ လက်ကို နည်းနည်းလေး ပိုနီးလာသည်နှင့်...
ကျောက်လင်း စကားဆုံးသည်နှင့် ဘေးဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာသည်။ "သတ္တမမင်းသားက ကျွန်တော်မျိုးရဲ့ ဇနီးကို ဘယ်ကို ပို့ဖို့ စီစဉ်နေတာလဲ?"
ဤအသံကို ကြားသည်နှင့် သတ္တမမင်းသား လက်ကို ရုပ်သိမ်းလိုက်သည်။ ကျီယွီကျင်းဟာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သူ့နောက်မှာ Feiyu ယူနီဖောင်းဝတ်ဆင်ထားတဲ့ Jinyiwei အများအပြား ရှိနေသည်။ ပန်းထိုးထားတဲ့ နွေဦးဓားတွေလည်း ကိုင်ဆောင်ထားကြသည်။ သူ ဘယ်အချိန်က ရောက်လာလဲဆိုတာ မည်သူမှ မသိလိုက်ချေ။
T/N - Feiyu (ဖေးယွီ) - တရုတ်နိုင်ငံ တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တွေ ဝတ်ဆင်တဲ့ ငါးမန်းတောင်အဆင် ဝတ်စုံတစ်မျိုး။
Jinyiwei (ကျင်ယီဝေ) - ဧကရာဇ်၏ ကိုယ်ရံတော်တပ်နှင့် ထောက်လှမ်းရေးလုပ်ငန်းတွေပါ လုပ်ဆောင်တဲ့ အစောင့်တပ်ဖွဲ့။
ချူဖုန်းချင်ဟာ ကျီယွီကျင်း ရောက်လာတာကို ပျော်သည်လို့ ပြောလို့မရသော်လည်း မသိစိတ်ကနေ သက်သာရာရသွားသလို ခံစားရပြီး ငွေအပ်ကို လွှတ်ချလိုက်သည်။
ဒုတိယမင်းသား ကျောက်ယီယွီဟာ သူသည် ကျီယွီကျင်း၏ ဇနီးဖြစ်ကြောင်း ကြားတဲ့အခါ သူ၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားတာကို မည်သူမှ သတိမပြုမိကြချေ။
ကျောက်လင်း ကျီယွီကျင်းကို ကြည့်လိုက်ပြီးနောက် ချူဖုန်းချင်ဘက်ကို လှည့်ကာ သူ့ကို မယုံကြည်နိုင်စွာ လက်ညှိုးထိုးပြပြီး ပြောသည်။
"သူက မင်း၏ ဇနီးလား? ဖခမည်းတော်က မင်းကို ရက်အနည်းငယ်အကြာက လက်ထပ်ခွင့်ပေးခဲ့တဲ့သူလား?"
ကျီယွီကျင်း သူတို့ကို ဦးညွှတ်အရိုအသေပြုသည်။ သူ အလွန်ယဉ်ကျေးသော်လည်း သူ့မျက်နှာပေါ်မှာ လေးစားမှု တစ်စွန်းတစ်စမျှ မရှိချေ။ သူ ချူဖုန်းချင်ရှေ့ကို လျှောက်သွားပြီး တစ်ဝက်တစ်ပျက် ထောက်မကာ ပြောသည်။
"မှန်ပါသည်။ ကျွန်တော်တို့ မနေ့ကမှ လက်ထပ်ခဲ့ကြတာ၊ ဒီနေ့တော့ နန်းတော်ကို ကျေးဇူးတင်ကြောင်း လာရောက်ဖော်ပြတာပါ"
ကျီယွီကျင်း၏ လက်မှာ ချူဖုန်းချင်၏ လက်ကို ထိလိုက်ပြီး ပူပြင်းတဲ့အပူသည် သူ့ကို မျက်မှောင်ကြုတ်စေသည်။ မူလက တစ်ဝက်တစ်ပျက် ထောက်မထားရာကနေ အခု တစ်ဝက်တစ်ပျက် ပွေ့ဖက်ထားတဲ့ ပုံစံကို ပြောင်းသွားပြီး ချူဖုန်းချင်၏ ကိုယ်အလေးချိန် အားလုံးနီးပါး သူ့အပေါ် ကျရောက်သွားသည်။
ချူဖုန်းချင် မျက်လုံးတွေ မြှင့်ကြည့်ပြီး ကျီယွီကျင်းကို ဘာမှမပြောဘဲ ကြည့်လိုက်သည်။ သို့သော် သူ အများပြည်သူရှေ့မှာ ဒီလိုလုပ်တာ မကောင်းဘူးလို့ ခံစားရသည်။ သူ နည်းနည်း ပိုမတ်မတ်ရပ်ပြီး ကျီယွီကျင်း၏ ချုပ်နှောင်မှုကနေ ရုန်းထွက်လိုက်သော်လည်း ချက်ချင်းပဲ ပြန်ပွေ့ဖက်ခံလိုက်ရသည်။
ကျီယွီကျင်း တိုးတိုးလေး ပြောလိုက်သည်။ "လိမ္မာပါ၊ မလှုပ်နဲ့"
သူတို့နှစ်ဦး လှုပ်ရှားလိုက်သည်နှင့် အပေါ်ရုံနေရာ အနည်းငယ် ရွှေ့သွားပြီး ကျီယွီကျင်း ချူဖုန်းချင်၏ လည်ပင်းပေါ်မှာ ပြီးခဲ့တဲ့ညက ထားခဲ့တဲ့ အမှတ်အသားကို ဖော်ပြလိုက်သည်။ ကျောက်ယီယွီ မတော်တဆ တစ်ချက်ကြည့်လိုက်သည်နှင့် သူ့မျက်လုံးတွေ ချက်ချင်း မှောင်မည်းသွားသည်။
"အာ၊ သူပဲ။ ဘုရင်ခံက ဒီလို မဟာပုရိသအလှကို ရတာ အရမ်းကံကောင်းတာပဲ" ကျောက်လင်း မျက်လုံးမှေးလိုက်ပြီး ရုတ်တရက် စိတ်ဝင်စားစရာတစ်ခုကို တွေးမိသည်။ "အာ၊ ငါ ရုတ်တရက် တစ်ခုခု သတိရလိုက်သည်။ တနည်းအားဖြင့် သူက ချူယင်ယင်လား? မြို့တော်၏ အကျော်ကြားဆုံး အလှပဂေးလား?"
သူဟာ ကျောက်ယီယွီဘက်ကို လှည့်ပြီး ရယ်မောရင်း ပြောသည်။ "ဒုတိယအစ်ကို၊ ခင်ဗျား သူ့ကို မြင်ဖူးလား? သူက ချူယင်ယင်၊ ခင်ဗျားအရင်က စေ့စပ်ခဲ့တဲ့သူ။ ခင်ဗျားတို့နှစ်ယောက် စာတွေတောင် ဖလှယ်ခဲ့ကြသည်လို့ ကြားသည်"
သူတို့ စာတောင် ဖလှယ်ခဲ့ကြသည်တဲ့လား?!
ချူဖုန်းချင် ကျောက်ယီယွီကို သေချာ စိုက်ကြည့်လိုက်သည်။ ဒီကောင်က သူ့အမနှင့် ဘယ်တုန်းက စာဖလှယ်ခဲ့ဖူးလဲ? ဘယ်လို ရူးသွပ်တဲ့ကောင်လဲ! သူ့အမက အရမ်းလိမ္မာပြီး ဆင်ခြင်တုံတရားရှိတာ၊ ဒီကောင် သူ့အမကို လှည့်ဖြားခဲ့တာ သေချာတယ်။
သူ့မျက်လုံးအရောင်သည် တခြားသူတွေထက် ဖျော့တော့ကာ သူ့မျက်လုံးတွေကနေ ဘာမှကြည့်လို့မရချေ။ သူ တစ်စုံတစ်ယောက်ကို စိုက်ကြည့်တဲ့အခါ ရှက်နေသလို၊ တစ်ခုခု ပြောချင်သလို ဖြစ်နေတတ်သည်။
သူ ခဏကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။ မဟုတ်ဘူး၊ ဆက်ကြည့်နေရင် တစ်ယောက်ယောက်ကို ရိုက်ချင်လာလိမ့်မယ်။ သို့သော် သူ တကယ် ဒေါသထွက်နေခဲ့ကာ သတ္တမမင်းသား ဒီကိစ္စကို ဆက်ပြောနေသည်ကို သူ ကြားသည်နှင့် ကျောက်ယီယွီကို မထိန်းနိုင်ဘဲ စိုက်ကြည့်မိသည်။
သူ့မျက်နှာ အခုနီရဲနေပြီး သူ့မျက်လုံးတွေသည် ဇီဝကမ္မမျက်ရည်တွေကြောင့် စိုစွတ်နေသည်။ အကြည့်ကို တစ်ခါတစ်ရံ ရှောင်ဖယ်နေပုံနှင့် ပေါင်းလိုက်တော့ သူတို့နှစ်ဦးကြားမှာ ပုံပြင်အချို့ ရှိနေသလိုမျိုး လူတွေကို အမြဲခံစားရစေသည်။
ကျီယွီကျင်း ဤသည်ကို မြင်ချိန် မျက်မှောင်ကြုတ်သွားသည်။ ဒီလူ ဘာဖြစ်တာလဲ? သူ သူ့ကိုပဲ ကြိုက်တာလို့ မပြောခဲ့ဘူးလား?
ကျောက်ယီယွီ ခဏရပ်နားလိုက်ပြီး မကြာမီပင် သူ့မျက်နှာပေါ်ကို မှိန်ဖျော့တဲ့အပြုံး ပြန်ရောက်လာသည်။ "သတ္တမအစ်ကို၊ မဟုတ်ကဟုတ်က မပြောပါနဲ့၊ ချူယင်ယင်နဲ့ ကျွန်တော် ဘယ်တုန်းကမှ စာတွေ အပြန်အလှန် မလုပ်ခဲ့ဖူးပါဘူး၊ စေ့စပ်မှုကလည်း အတိတ်က ကိစ္စပါပဲ၊ ဒါကြောင့် ဘုရင်ခံမင်းကြီး စိတ်ထဲ မထားပါနဲ့လို့ ပြောပါရစေ"
အိမ်ရှေ့မင်း ကျောက်ဟွာထင်း ကျောက်ယီယွီကို ကြည့်လိုက်သည်။ သူ့မျက်နှာ ရှည်လျားပြီး သူ့မျက်ဆံဖြူတွေမှာ သူ့မျက်ဆံနက်တွေထက် များစွာကြီးမားသည်၊ ထိုအရာများကို Sanpaku မျက်လုံးများဟု ခေါ်ဆိုကြသည်။ သူဟာ လူတွေကို ကြည့်တဲ့အခါတိုင်း မနှစ်မြို့ဖွယ်ကောင်းသော၊ ကောက်ကျစ်စဉ်းလဲသော ခံစားချက်ကို အမြဲပေးသည်။ သူ ပြုံးလျက် ဆိုသည်။ "ဒုတိယအစ်ကို ရင်ကွဲတာလား? ဒီလို အံ့ဩစရာကောင်းတဲ့ပုရိသတစ်ယောက်ကို တခြားသူလက်ထဲ လွှဲပေးလိုက်ရလို့ ခင်ဗျား အခု အရမ်းဒေါသထွက်နေမှာပဲ"
ကျောက်ယီယွီ မျက်မှောင်ကြုတ်လိုက်သည်။ "တော်ဝင်အစ်ကို၊ စကားကို ဂရုစိုက်ပါ။ ဖခမည်းတော်က ကျွန်တော်တို့ကို အမြန်ဆုံး ခေါ်ထားတာမို့ ကျွန်တော် အရင် ထွက်သွားပါတော့မယ်"
ဒီလိုပြောပြီးနောက် သူဟာ ချူဖုန်းချင်ဘက်ကို ခေါင်းညိတ်ပြပြီး လှည့်ကာ ထွက်သွားသည်။
ကျောက်ယီယွီ ဘာပြောပြော၊ လုပ်လုပ်၊ နွေဦးလေမှာ လွှမ်းခြုံထားသကဲ့သို့ ခံစားချက်ကို လူတွေကို ပေးသည်။
ချူယင်ယင်နှင့် ကျောက်ယီယွီ စေ့စပ်ခဲ့ကြသော်လည်း သူဟာ ဤလူနှင့် အဆက်အသွယ် အများကြီး မရှိခဲ့ချေ။ ဒါတွေဟာ သူ့ဖခင်နှင့် အစ်ကိုကြီး၏ အကြံအစည်တွေချည်းပဲဖြစ်သည်။ ဒီလူဟာ အမှန်တကယ်ပဲ ရုပ်ရည်နှင့် အမူအရာပိုင်းမှာ ရှားပါးတဲ့ ပါရမီရှင်တစ်ဦးပါ။ အနည်းဆုံးတော့ အပေါ်ယံအားဖြင့် သူ့ကို ဘာအပြစ်မှ ရှာမတွေ့နိုင်ချေ။ သို့သော် ချူဖုန်းချင်ဟာ သူ့ကို ပထမဆုံးအကြိမ် တွေ့ကတည်းက မသိစိတ်ကနေ မကြိုက်ခဲ့ဘဲ အကြောင်းပြချက်လည်းမရှိချေ။
ဒုတိယမင်းသား ထွက်သွားသည်နှင့် သတ္တမမင်းသားနှင့် အိမ်ရှေ့မင်းသားတို့လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ သတ္တမမင်းသား ထွက်သွားတဲ့အခါ ချူဖုန်းချင်ကို တစ်ချက်ကြည့်ဖို့ မမေ့ခဲ့ချေ။ သူ့၏ ပိန်ပါးတဲ့ ခါးကို မြင်လိုက်ရတဲ့အခါ ဤလူသည် အိပ်ရာပေါ်မှာ ဘယ်လောက် ဆွဲဆောင်မှုရှိလဲဆိုတာ သူ တွေးမိသည်။ သူ့အောက်မှာ ဖိထားပြီး မျက်လုံးတွေ မျက်ရည်နီရဲကာ အသံခြောက်ကပ်ကပ်နှင့် သူ့နာမည်ကို ခေါ်စေကာ သူ၏ လျစ်လျူရှုမှုကို ပျက်ပြယ်စေသည်...
လက်မခံချင်သော်လည်း ကျောက်လင်းသည် လက်သီးတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နာကျင်စွာ အံကျိတ်ကာ သည်းခံလိုက်၏။
ကျီယွီကျင်းဟာ မိန်းမစိုးတစ်ဦးဖြစ်သော်လည်း သူ့၏ လက်အောက်မှာ Xichang နှင့် Jinyiwei တို့ ရှိပြီး အလွန်အစွမ်းထက်သည်။ ဧကရာဇ်မင်း အသက်ကြီးလာသည်နှင့်အမျှ တရားရုံးဟာ အိမ်ရှေ့မင်းသား၊ ဒုတိယမင်းသားနှင့် သတ္တမမင်းသားတို့ အပါအဝင် အဖွဲ့အစည်းများစွာအဖြစ် တိတ်တဆိတ် ပိုင်းခြားခဲ့သော်လည်း ကျီယွီကျင်းဟာ မည်သည့်အဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်ချေ။
Xichang ဟာ ဧကရာဇ်မင်းကို တိုက်ရိုက်နာခံပြီး သူ့အတွက်သာ အလုပ်လုပ်သည်။ ဘယ်သူပဲဖြစ်စေ၊ ဧကရာဇ်ဖြစ်ချင်သူတိုင်း ကျီယွီကျင်းကို စည်းရုံးချင်ကြသည်။ သူ့ကို စည်းရုံးဖို့ မအောင်မြင်ရင်တောင် မည်သူမှ သူ့ကို စော်ကားရဲခြင်း မရှိချေ။
T/N- Xichang (စီချန်း) = နန်းတွင်းလျှို့ဝှက်စုံစမ်းရေးအဖွဲ့အစည်းတစ်ခု။ Jinyiwei ထက် ပိုမို ရက်စက်ကြမ်းကြုတ်ပြီး အာဏာကြီးမားသည်။
ယခု သတ္တမမင်းသားလိုပင် သူ ဘယ်လောက်ပဲ မလိုလားသည်ဖြစ်စေ ကျီယွီကျင်းကို တကယ် စော်ကားရဲခြင်း မရှိချေ။
"သူတို့ အဝေးကြီး ရောက်သွားပြီ၊ ဘာလို့ ဆက်ကြည့်နေသေးတာလဲ?" ကျီယွီကျင်းဟာ မျက်နှာပေါ်မှာ မနှစ်မြို့ဖွယ် အမူအရာနှင့် လက်တစ်ဖက်ကို ချူဖုန်းချင်၏ မျက်လုံးရှေ့မှာ ဖြည်းဖြည်းချင်း ထားလိုက်သည်။ "ဘာလဲ? မင်း၏ ချစ်သူဟောင်းကို မြင်လိုက်ရလား?"
ချူဖုန်းချင်: "........."
သူ "ဘာ" လို့ မေးတော့မလို လုပ်ပြီးမှ သူ ယခု ချူယင်ယင် ဖြစ်နေကြောင်း၊ ဒီချူယင်ယင်မှာ ယခင်က ကျောက်ယီယွီနှင့် စေ့စပ်ခဲ့ဖူးကြောင်း သတိရလိုက်သည်။
သူ့အမသည် မြို့တော်ကို ခဲယဉ်းစွာ ပြန်လာတတ်သော်လည်း မြို့တော်မှာ သူမနှင့်ပတ်သက်သော ဒဏ္ဍာရီတွေ အများကြီးရှိသည်၊ ဥပမာ- အလှဆုံးပုရိသဖြစ်ခြင်းနှင့် စေ့စပ်ခဲ့ခြင်း...
ချူဖုန်းချင် နှုတ်ခမ်းတွေကို ပေါ့ပေါ့တန်တန် စေ့လိုက်ပြီး ပြောသည်။ "ကျွန်တော်မှာ ချစ်သူဟောင်း မရှိပါဘူး။ သူနဲ့လည်း ဘာမှ မပတ်သက်ပါဘူး"
ဒီစကားတွေ ပြောပြီးနောက် ကျီယွီကျင်း၏ မျက်နှာအမူအရာ အနည်းငယ် ငြိမ်သက်သွားသည်။
ချူဖုန်းချင် မျက်လွှာချပြီး ပြောသည်။ "စိတ်မကောင်းပါဘူး"
သူ ခန်းမထဲတွင် သူ့ကို မစောင့်ခဲ့လို့ ပြဿနာတချို့ ဖြစ်စေခဲ့ပုံရသည်ဟု ဆိုလိုချင်တာဖြစ်သည်။။ "ခန်းမက အရမ်းမွှေးလွန်းတယ်၊ ကျွန်မ မခံနိုင်ဘူး"
ချူဖုန်းချင် မျက်မှောင်ကြုတ်လိုက်သည်၊ ခန်းမထဲက အနံ့ကြောင့် သူ ကြောက်ရွံ့နေဆဲဖြစ်ပုံရသည်။
"ကျွန်မ အစက ခင်ဗျားကို စောင့်ဖို့ အကာအကွယ်ရှိတဲ့ နေရာကို ရှာချင်ခဲ့တာ၊ မင်းသားတွေနဲ့ ကြုံရလိမ့်မယ်လို့ မထင်ခဲ့ဘူး"
ကျီယွီကျင်း မျက်ခုံးပင့်လိုက်သည် "အခု သိပြီဆိုတော့ ဘယ်လို ကျေးဇူးဆပ်မှာလဲ၊ ကျွန်တော့် သခင်မလေး?"
ချူဖုန်းချင်: "........."
ကျီယွီကျင်း သမ်းဝေလိုက်သည်။ သူ အိမ်တော်ကနေ နန်းတော်အထိ အိပ်လာခဲ့တာတောင် မလုံလောက်သေးဘူးထင်သည်။ သူ့မျက်လုံးအောက်မှာ မှောင်မိုက်ပြာလဲ့လဲ့တွေ ရှိနေသေးသည်။
သူ့လက်တွေသည် ချူဖုန်းချင်၏ မျက်လုံးတွေကို ဖုံးအုပ်ထားဆဲဖြစ်ကာ သူ့မျက်တောင်တွေက သူ့လက်ဖဝါးတွေကို ကလိနေသည်။ ကျီယွီကျင်း လက်တွေကို ဖြေလျှော့လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောသည် " ဒီနေ့ကိစ္စက မင်းနှင့် ဘာမှ မဆိုင်ပါဘူး အသက်ရှင်နေတဲ့သူတစ်ယောက် အပြင်မထွက်ရဘူးလား? တချို့လူတွေက သူတို့ရဲ့ ကိုယ်ပိုင်အရာတွေကို မထိန်းချုပ်နိုင်ဘူး လှပတဲ့ ပုရိသတွေကို မြင်ရင် သူတို့ မာကြောလာကြတာပဲ သူတို့က သားရဲတွေပဲ"
သူ့အသံမှာ ပျင်းရိပြီး ပေါ့ပေါ့ပါးပါးပဲ..."မင်းက ငါ ကျီယွီကျင်း၏ ဇနီးလို့ ပြောထားတဲ့အတွက် မင်း ဘယ်သွားသွား ဘယ်လောက်လှလှပပ ငါကျီယွီကျင်းက မင်းကို မကာကွယ်နိုင်ဘူးလို့ မထင်နဲ့"
သူ့ခံစားချက်တွေကို ပြန်မတုံ့ပြန်နိုင်ရင်တောင် သူ့မှာ ဒီလိုကောင်းမွန်တဲ့ အလှရှိနေတဲ့အတွက် သူ့ကို ကာကွယ်ပေးလိမ့်မည်။
ချူဖုန်းချင် အနည်းငယ် မှင်သက်သွားပြီး သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ ဒီလူက ကောလဟာလတွေ ပြောသလောက် မဆင်မခြင် မဟုတ်ဘူးလို့ ထင်ရသည်။
ကျီယွီကျင်း သူ့လက်ကို နဖူးပေါ်တင်လိုက်ရာ တကယ်ပဲ ပူနေသည်။ သူ ပြောသည် "မင်း ဖျားနေပြီ"
နောက်တစ်ခဏမှာ သူဟာ စက်ဆုပ်ခြင်းအရိပ်အယောင်နှင့် ပြောသည် "မင်း တကယ်ပဲ တို့ဖူးနှင့် လုပ်ထားတာပဲ"
ချူဖုန်းချင်: "........."
သူ ပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းလိုက်ပြီ။
"အိမ်ပြန်ကြစို့။ မင်္ဂလာဆောင်ပြီးပြီးချင်း ဇနီးပျောက်သွားရင် ကျွန်တော် ဇနီးစားသူဆိုပြီး မှတ်သားခံရလိမ့်မယ်"
ချူဖုန်းချင်: "........."
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့ပါးစပ်ကနေ ကောင်းတဲ့စကားလုံး ထွက်လာမှာ မဟုတ်ဘူး။
နန်းတော်ကနေ ထွက်လာပြီးနောက် Jinyiwei တွေ သူတို့နောက် မလိုက်တော့ဘူး။ လှည်းပေါ်ရောက်တော့ သူတို့ တခြားလှည်းတစ်စီးနှင့် ပြောင်းလာတာကို တွေ့လိုက်ရသည်။ နန်းတော်ကနေ ခုနက ထွက်လာတဲ့ လှည်းနှင့် နှိုင်းယှဉ်ရင် ဒီလှည်းက အလွန်ဇိမ်ရှိသည်။ လှည်းသည် နေရာကျယ်ပြီး အလယ်မှာ အပူပေးဖို့ မီးဖိုပိတ်တစ်ခုပါကာ အတွင်းမှာ အလီနတန်နွေးသည်။
ထိုင်ခုံတွေက သားမွေးထူထူတွေနှင့် ဖုံးအုပ်ထားပြီး လက်ဖက်ရည်နှင့် မုန့်တွေ တင်ထားတဲ့ စားပွဲသေးသေးလေးတစ်ခုလည်း ရှိသည်။
ချူဖုန်းချင် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး ပိုပြီး ခေါင်းမူးလာကာ ကျီယွီကျင်း၏ နှစ်ထပ်ပုံရိပ်ကိုတောင် သူ့ရှေ့မှာ မြင်နေရသည်။
ကျီယွီကျင်း လှည်းထဲရောက်သည်နှင့် မျက်လုံးတွေ မှိတ်လိုက်သည်။ သူ အိပ်ရေးမဝသေးဘူးထင်သည်။ နိုးနေဖို့ ကြိုးစားသော်လည်း ခဏလေး ထိုင်ပြီးသည်နှင့် နွေးထွေးတဲ့ လေထုထဲမှာ အိပ်ပျော်သွားသည်။ အခုအချိန်မှာ ကျီယွီကျင်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးတွေသည် ကျဉ်းမြောင်းပြီး ရှည်လျားသည်။ သူ ချူဖုန်းချင်၏ နီမြန်းနေတဲ့ နှုတ်ခမ်းတွေကို ကြည့်ပြီး ပြောလိုက်သည်။
"တော်ဝင်သမားတော်လီကို ခေါ်လိုက်ပါ"
တခြားတစ်ဖက်မှာ Jinyiwei လေ့ကျင့်ရေးစခန်းမှာ ကျီယွီကျင်းဆီကနေ ခုနကမှ ပြန်လာတဲ့ Jinyiwei အစောင့်တွေသည် သူတို့ပတ်ဝန်းကျင်က လူတွေကို စိတ်လှုပ်ရှားစွာ ပြောနေကြသည်။
"ဘုရင်ခံရဲ့ ဇနီးက အရမ်းလှတာပဲ! ကျွန်တော် တစ်ခါမှ ဒီလိုအလှမျိုး မမြင်ဖူးဘူး!"
"အာ ငါသာသိခဲ့ရင် ဒီနေ့ မင်းကို အစား မလုပ်ခိုင်းခဲ့ပါဘူး! ငါလည်း မြို့တော်၏ နံပါတ်တစ်အလှပဂေး ဘယ်လိုပုံလဲဆိုတာ ကြည့်ချင်သေးသည်!"
"ဟဲဟဲ၊ သူ့ကို မြင်ရတာကိုက ဆုလာဘ်ပဲ သိပ်မနာလိုပါနဲ့"
"ဂရုစိုက် မဟုတ်ရင် ခေါင်းဆောင်က မင်းမျက်လုံးတွေ ဖောက်ပစ်လိမ့်မယ် ဘုရင်ခံက သူ့ဇနီးကို ဘယ်လောက်ချစ်လဲဆိုတာ မင်း မမြင်ဖူးဘူး! ဒီနေ့ သတ္တမမင်းသားက ငါတို့ သခင်မကို လိုချင်ခဲ့တာ၊ ဒါပေမယ့် ခေါင်းဆောင်က စကားတစ်ခွန်းတည်းနှင့် ပြန်လှန်ပြောခဲ့တယ်"
"သတ္တမမင်းသားက ကျွန်တော်တို့ ဘုရင်ခံ၏ သခင်မကို တပ်မက်ခဲ့တာလား!?"
"မှန်တယ်၊ ဘုရင်ခံ အချိန်မီ မရောက်လာခဲ့ရင် သခင်မကို သတ္တမမင်းသားက နန်းတော်ကို ခေါ်သွားလောက်ပြီ"
"သူ အသက်မရှင်ချင်တော့ဘူး ထင်တယ် ငါတို့ သခင်က ဒီလို ငြိုငြင်တတ်ပြီး လက်စားချေတတ်တဲ့သူလေ သတ္တမမင်းသားတော့ ဒုက္ခရောက်ပြီ ထင်တယ်"
"မင်း ဘုရင်ခံကို လှောင်ပြောင်နေတာလား?"
ထိုလူ ကြောင်တောင်တောင် ဖြစ်သွားပြီး စိုးရိမ်တကြီး ပြောသည်။
"မဟုတ်ပါဘူး ကျွန်တော် ဘုရင်ခံကို ချီးမွမ်းနေတာပါ!"
"အမ်..." ကိုယ့်စကားကိုယ် နားထောင်ပြီး ကောင်းတဲ့စကားလုံးတွေ ပါလားဆိုတာ ကြည့်စမ်းပါဦး။
"မင်း ကျီယွီကျင်း လက်ထပ်တယ်လို့ ပြောလိုက်တာလား?"
"အမ်..." Jinyiwei အစောင့်တွေအားလုံး ခေါင်းလှည့်လိုက်ရာ ဘယ်သူလာနေသည်ကို မြင်လိုက်သည်နှင့် ချက်ချင်း မတ်တပ်ရပ်ပြီး အရိုအသေပြုကြသည် "သခင်!"
လီယွီဟာ Jinyiwei ၏ အကြီးအကဲမှည သူ၏ လက်ဝှေ့ယမ်းပြီး သူတို့ကို ထိုင်ခိုင်းလိုက်သည်။
"ကျွန်တော် ခုနက အပြင်ထွက်လုပ်စရာရှိလို့၊ ကျီယွီကျင်း လက်ထပ်တော့မှာလား?"
ပန်းထိုးဝတ်စုံဝတ် အစောင့်တစ်ဦးမှ ပြန်ဖြေသည်။ "သခင်ကို လျှောက်တင်ပါ၊ ဘုရင်ခံရဲ့ လက်ထပ်မှုကို အရှင်မင်းကြီးက ခွင့်ပြုခဲ့တာပါ၊ မင်္ဂလာပွဲကို မနေ့ကမှ ကျင်းပခဲ့တာပါ"
"ဟဲ၊ ဘုရားရေ၊ မိန်းမစိုးတစ်ယောက်ဖြစ်တဲ့ သူက ဘာလို့ ဇနီးယူတာလဲ?" လီယွီ မကျေမနပ် ပြောသည်။
"အမ်..." လက်အောက်ခံတွေ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ဘယ်သူက ဒီစကားကို ပြန်ဖြေရဲမှာလဲ?
လီယွီလည်း သူ ပြောခဲ့တဲ့စကားမှာ တစ်ခုခုမှားနေတာကို သဘောပေါက်သွားပြီး ညင်သာစွာ ချောင်းဆိုးလိုက်သည်။ "အဟမ်း၊ သူ့ကို ဒါတွေ မပြောနဲ့"
သူ မတ်တပ်ရပ်ပြီး ပြုံးလျက် ဆိုသည်။ "ငါ သူ့ကို သွားစရမယ်။ မင်းတို့ ဆက်ကစားကြ၊ ကင်းလှည့်ဖို့လည်း မမေ့နဲ့"
Jinyiwei တွေ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်ကြသည်။ သူက မိန်းမစိုး ဘုရင်ခံကိုတောင် သွားစရမှာတဲ့လား? သူ့မှာ ဇနီးတောင် မရှိသေးဘူးမှတ်လား? သခင်မဘုရင်ခံက မဟာပုရိသအလှပဂေးပဲ သူ ဂုဏ်မယူနိုင်ဘူးလား?
သို့သော် သူတို့ ဘာမှ မပြောရဲကြဘဲ လေးစားစွာ ပြန်ဖြေကြသည်။ "မှန်ပါ၊ သခင်"
ကျီမင်းသားအိမ်တော်တွင်
ကျီယွီကျင်း ချူဖုန်းချင်ကို လှည်းပေါ်ကနေ ချပေးပြီး မကြာခင်မှာပဲ တော်ဝင်သမားတော် ရောက်လာသည်။ တော်ဝင်သမားတော် လီသည် တော်ဝင်မိသားစုကိုသာ ဝန်ဆောင်မှုပေးရမှာ ဖြစ်သော်လည်း ကျီယွီကျင်းမှာ နည်းနည်း ထူးခြားသည်။ သူ တော်ဝင်မိသားစုဝင် မဟုတ်သော်လည်း အာဏာ အရမ်းကြီးမားပြီး သူလိုချင်တာ မှန်သမျှ လုပ်နိုင်သည်။
တော်ဝင်ဆရာဝန် လီသည် သူ့လက်ချောင်းထူထူတွေကို ချူဖုန်းချင်၏ လက်ကောက်ဝတ်ပေါ်ရှိ သွေးခုန်နှုန်းပေါ် တင်လိုက်သည်။ ခဏအကြာမှာ သူ၏ အိုမင်းတဲ့ မျက်လုံးတွေထဲမှာ အံ့သြမှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ သူ လက်ကို ရုပ်သိမ်းလိုက်ပြီး ထပ်မံ စမ်းသပ်ကြည့်သည်။
သွေးခုန်နှုန်း စမ်းသပ်ခြင်းက အတော်လေး အချိန်ယူခဲ့သည်။ ကျီယွီကျင်း ကုလားထိုင်ပေါ်မှာ ထိုင်ပြီး သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို သောက်နေ၏။ ခဏအကြာမှာ သူ လက်ဖက်ရည်ကို စိတ်ပျက်စွာ ပစ်ချလိုက်သည်။ ၎င်းဟာ ခါးတာလည်း မဟုတ်၊ ချိုတာလည်း မဟုတ်ဘဲ အရမ်းချဉ်ပြီး သောက်ရ ခက်ခဲလှသည်။ တရားရုံးရှိ အဲ့ဒီအဖိုးကြီးတွေ ဒီလိုအရာမျိုးကို နေ့စဉ်သောက်နေရတာ ခက်ခဲလိမ့်မမည်။
ကျီယွီကျင်း စိတ်ရှည်စွာ ခဏစောင့်နေခဲ့ပြီး တော်ဝင်သမားတော် မပြီးသေးတာကို တွေ့ရှိတဲ့အခါ သူ မေးလိုက်သည်။ "ပြီးပြီလား?"
တော်ဝင်သမားတော်လီဟာ သူ့လက်ဖဝါးနှင့် နဖူးက ချွေးအေးတွေကို သုတ်လိုက်ရာ သူ့မျက်လုံးတွေ မှေးမှိန်နေ၏။ သူ ပြောသင့်၊ မပြောသင့်... သူ ကျီယွီကျင်းကို ကြည့်လိုက်သည် ထားလိုက်ပါတော့၊ သူ မပြောတော့ဘူး။ သူဟာ မွေးကတည်းက သန္ဓေသားဘဝမှာ ပါလာတဲ့ မျိုးရိုးလိုက် အားနည်းချက်ကိုမကုသနိုင်ခဲ့ဘဲ နောက်မှ အပြစ်တင်ခံရပါက မတရားသဖြင့် သေဆုံးလိမ့်မမည်။
ဒါကြောင့် သူ ပြောလိုက်သည်။
"သခင်မ အအေးမိနေတာပါ။ ဒီလူအို ဆေးညွှန်းရေးပေးပါမယ်။ သောက်ပြီးရင် ကောင်းသွားပါလိမ့်မယ်"
"အင်း၊ ဆေးညွှန်းကို လောင်မိုကို ပေးပြီး ဆေးဝယ်ခိုင်းလိုက်"
"မှန်ပါ့"
တော်ဝင်သမားတော် လီ တုန်လှုပ်စွာ ဆေးညွှန်းကို ရေးလိုက်ပြီး ပြီးသည်နှင့် ကျီမင်းသားအိမ်တော်ကနေ ချက်ချင်း ထွက်သွားချင်သလိုမျိုး သူ၏ ဆေးပုံးကို စတင် ထုပ်ပိုးတော့သည်။
ကျီယွီကျင်း သူ့ကို တားလိုက်သည်။ "စောင့်ဦး၊ တော်ဝင်သမားတော် လီ၊ ဒီမိန်းမစိုးက မေးချင်တာက လူတစ်ယောက်၏ အသံကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းရှိလား? ယောက်ျားအသံကို မိန်းမအသံလို ပြောင်းတာမျိုးပေါ့"