Chapter 197
အချပ်ပို-၈။ နေ့ရက်အဆက်ဆက်
____
ဆောင်းဦးလေညင်းလေးက ထွက်ပြူလာကာ ပုစွန်လုံးခြေထောက်လေးက ယားယံနေပြီဖြစ်ပြီး နောက်ထပ်ရွှေရောင်ဆောင်းဦးလေး တစ်ခုပင်။
လင်းရုဖေးက လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖော်စပ်ထားခဲ့သည့် အဝါရောင်သေရည်အား အဖုံးဖွင့်လိုက်ကာ လမင်းကြီးအား ကြည်နူးမိနေရင်း တငုံမျှသောက်ရန်ပြင်၏။
သူက ခေါင်းအားငုံ့လိုက်ပြီး သေရည်ချိုင့်ပေါ်က ရွှံ့အားခါထုတ်လိုက်စဥ် ရေတစ်စက်စက်ကျနေသည့် ဝါးခြင်းတောင်းနှင့်အတူ ဖြေးဖြေးချင်းလျှောက်လာသည့် ကုရွှမ်းတုအား တွေ့လိုက်ရသည်။
“အဲ့ဒါ ဘာလဲ"လင်းရုဖေးက မော့ကြည့်ပြီးမေးလိုက်၏။
“ပုစွန်လုံးတွေ..."ကုရွှမ်းတုက အပြုံးလေးနှင့်ပြန်ဖြေသည်။
လက်ဆန့်ထုတ်လိုက်ပြီး ဝါးခြင်းတောင်းလေးအား သူ့အရှေ့က ကျောက်စားပွဲပေါ်တွင်တင်လိုက်ရင်း လင်းရုဖေးလက်ထဲက သေရည်ချိုင့်အား ယူလိုက်သည်။
လင်းရုဖေးက သိချင်မိစွာ အာရုံပြောင်းသွားမိသည်။သူက ဝါးခြင်းတောင်းလေးအား ဖွင့်ကြည့်လိုက်ရာ အထဲတွင် ပုစွန်လုံးလတ်လတ်ဆတ်ဆတ်လေးများအား တွေ့လိုက်ရချေ၏။သူ့တွင် အားနည်းသည့်ခန္ဓာကိုယ်ရှိသဖြင့် သေချာပေါက် ဤအအေးစာများအား လျှော့စားရမည်ဖြစ်၍ သူက အတိတ်တွင်လည်း တစ်ကောင်သို့မဟုတ် တစ်ကောင်ဝက်သာ အရသာခံလိုက်ရတာကြောင့် ယင်းမှထူးခြားသည့်အရာတစ်ခုမှမခံစားရချေ။ယခု သူက ထပ်မြင်ဖူးသွားသဖြင့် ယင်းအား အရသာခံလိုက်ရန် တစ်ဖန်ပြန်စိတိဝင်စားလာရ၏။
“ခင်ဗျား ဘယ်ကနေ ဖမ်းလာခဲ့တာလဲ"
လင်းရုဖေးက ပုစွန်လုံးလေး၏ကျောလေးအား လက်ကလေးနှင့်အသာပုတ်လိုက်ရင်း ဝါးခြင်းတောင်းထဲမှ မကျေနပ်သည့်အကြည့်နှင့် လက်မများယမ်းနေသည့်သူတို့လေးများအား ကြည့်လိုက်လေ၏။
သူက တစ်ခစ်ခစ်ရယ်မောရင်း မေးလိုက်သည်။
"အားအပြည့်နဲ့ပါလား..."
ခွန်းလွန်အနီးတွင် ရေကန်ကြီးများမရှိ၍ ပုစွန်လုံးများဖြစ်နေရင်တောင် မြစ်ပုစွန်လေးများသာ ဖြစ်မည်။ဝါးခြင်းတောင်းထဲမှ ပုစွန်လုံးများက ကြီးလွန်းလှကာ အနီးနားတွင် သေချာပေါက်ဖမ်းလို့ရမည်မဟုတ်။
“တောင်နံရံဘက် တစ်ချက်သွားကြည့်လိုက်တာ"
ကုရွှမ်းတုက အသေးစိတ်ရှင်းပြမနေတော့ဘဲ လင်းရုဖေးအား အပြုံးလေးနှင့်သာကြည့်လိုက်ပြီး:"ဒီည ပုစွန်လုံးစားကြရအောင်လေ"
“ဟုတ်ပါပြီ"
လင်းရုဖေးက အပြုံးလေးဖြင့်ခေါင်ငြိမ့်လိုက်သည်။
"ဒီအဝါရောင်သေရည်နဲ့ဆို ပြီးပြည့်စုံသွားပြီ"
ယနေ့ရာသီဥတုက ကောင်းမွန်လှ၏။ကောင်းကင်က ကြည်လင်နေပြီး လမင်းကလည်း ညယံတွင် ကောင်းကင်၌ထီးထီးကြီးရှိနေသည်။ခြံဝန်းထဲက သစ်ခွပန်းလေးများကလည်း ပွင့်လန်းကြကုန်ပြီဖြစ်ပြီး လင်းညင်းလေးက အမွှေးရနံ့တို့သင်းပျံ့နေ၏။
ပုစွန်လုံးစိမ်းစိမ်းများက ပေါင်းအိုးထဲထည့်လိုက်ပြီးသည်နှင့် မကြာမီ ဆွဲဆောင်မှုရှိစွာ အနီရောင်သန်းသွားလေ၏။အဝါရောင်သေရည်ကလည်း နွေးထွေးကာကောင်းမွန်သည်။ပါးစပ်ထဲဝင်သွားသည်နှင့် နူးည့သည့်အရသာအားပေးစွမ်းနေပြီး အရမ်းစပ်ရှရှဖြစ်မနေချေ။
လင်းရုဖေးက ခြံဝန်းထဲတွင်ထိုင်နေခြင်းဖြစ်ပြီး တစ်ခွက်လောက်သောက်ပြီး မကြာမီ သူ့၏ပါးဖျော့ဖျော့လေးက အနီရောင်ရိပ်လေးသန်းလာ၏။
သူ့အနောက်မှ ခြေသံဖွဖွထွက်လာပြီး သူ့ပုခုံးများမြုပ်ဝင်သွားရလေ၏။
ကုရွှမ်းတုက ခြုံလွှာတစ်ခုယူလာခဲ့ပြီး သူ့အပေါ် ဂရုတစိုက်လွှားပေးလာသည်။
“ညနက်ရင် လေတိုက်တယ်"
ကုရွှမ်းတုက လင်းရုဖေးဘေးတွင် ထိုင်ချလိုက်ရင်း အပြုံးလေးနှင့်ဆိုလာ၏။
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။
ကုရွှမ်းတုက ပုစွန်လုံးတစ်ခုကောက်ယူလိုက်ကာ တစ်ပိုင်းစီဖြဲလိုက်သည်။လင်းရုဖေးက ဤအရာမျိုးအား စားရသည်မှာရှားလှ၍ မည်သို့စားရသည်အား မသိကာ ဘေးကနေပင် စိတ်ဝင်စားစွာကြည့်နေရသည်။ကုရွှမ်းတု၏လက်ချောင်းများက ရှည်ရှည်သွယ်သွယ်လေးဖြစ်ကာ ပုစွန်လုံးအားအခွံခွာနေသောအချိန်တွင်ယင်းက မျက်စိကျေနပ်စရာပင်။ပုစွန်လုံးအသားနှင့် ပုစွန်လုံးအခွံက သူ့လက်ချောင်းထိပ်တွင် နှစ်ပိုင်းကွဲသွားပြီး မျက်စိအဖမ်းစားဆုံးဖြစ်သည့်အပိုင်းက အထဲက ရွှေဝါရောင်ပုစွန်လုံးဥလေးများပင်။
ကုရွှမ်းတုက ပုစွန်လုံးဥများအား ဆွဲထုတ်လိုက်ကာ ရှလကာရည်ထဲနစ်လိုက်ပြီး လင်းရုဖေးပါးစပ်ထဲသို့ ခွင့်ကျွေးလာ၏။လင်းရုဖေးက ပါးစပ်ဟလာပြီး ပုစွန်ဥလေးများအား ပါးစပ်ထဲသို့ယူလိုက်သည်။ချက်ချင်းပင် သူ့မျက်လုံးများကိုပင့်တင်၍ အံ့အားသင့်စွာ ချီးမွန်းလိုက်သည်။
"အရသာရှိလိုက်တာ.."
ကုရွှမ်းတုက မျက်လွှာချလိုက်ကာ:"အတိတ်တုန်းက ရှောင်ကျို့ဒါစားရတာကြိုက်မှန်း မသိခဲ့ဘူး"
လင်းရုဖေးက မေးထောက်လိုက်ပြီး စိတ်ကျေနပ်မှုမရသေးဟန် မျက်လုံးများပိတ်ထားလိုက်ကာ:"ဒုက္ခများလွန်းလို့လေ"
ကောင်းကင်ဘုံအုပ်ချုပ်သူ၏မှတ်ဥာဏ်များက ကမ္ဘာလောကမှလူသားများအကျိုးအား ဆောင်ရွက်နေခြင်းသာပင်။ကောင်းမွန်သည့်အချိန်များနှင့်ပွဲတော်များအတွင်းတောင်မှ အချိန်ပိုနည်းနည်းသာရှိ၍ ပုစွန်လုံးဆိုသည့် ပြဿနာကောင်လေးများနှင့်ထိတွေ့ခဲလေ၏။ယခုတွင်ဖြင့် သူက အရသာမှာအရမ်းကောင်းသည်ဟုခံစားရကာ အထူးသဖြင့် ပုစွန်လုံးဥလေးများပင်။ယင်းက လတ်ဆတ်ကာ နူးညံ့ပြီး အထူးရှာလကာရည်ထဲနှစ်လိုက်သည်နှင့် ပို၍ပင်အရသာရှိသွားမည်ဖြစ်သည်။
ကုရွှမ်းတုက ဆက်ခွာပေးနေချိန်တွင် လင်းရုဖေးက ဘေးတွင်ထိုင်နေကာ သူ့အားမမှိတ်မသုန်စိုက်ကြည့်နေ၏။သူက မူလတွင် သူကိုယ်တိုင်ပြုလုပ်ချင်ပါသော်လည်း ကုရွှမ်းတုကပြုံးရင်း သူ့လက်ဖမိုးလေးအားဖိကာ အခွံခွာသည့်အရာမျိုးက ဒုက္ခများသည်ဟုပြောလာ၏။ရှောင်ကျို့က သေရည် သောက်ပြီး စားဖို့စောင့်နေရုံလေးပင်..။
လင်းရုဖေးက အရှုံးပေးလိုက်ရုံသာတတ်နိုင်၏။ သေရည်ခွက်အားမပြီး သူက အဝါရောင်သေရည်နွေးနွေးလေးအား ပါးစပ်အပြည့်နှစ်ခွက်သောက်လိုက်ပြီးနောက် ဖူဟွားပြင်ပေးထားသည့် အရန်ဟင်းပွဲလေးများအားကောက်ဝါးလိုက်ကာ ဖုတ်ထားသည့်အစာသွပ်မုန့်လေးတစ်ဝက်အား ကိုက်ရန်ဦးတည်လိုက်ပြန်သည်။
သူက အမှန်ပင် ကျေနပ်သွားရလေ၏။
အဝါရောင်သေရည်က အရသာကောင်းမွန်ပြီး တွဲဖက်အနေနှင့် ကုရွှမ်းတု၏ပုစွန်လုံးသားလေးဖြစ်၍ မသိလိုက်စွာပင် သူက ချိုင့်တစ်ဝက်ခန့်သောက်ပြီးသွားချေပြီ။လင်းရုဖေး၏ပါးလေးများက ရဲနေသည်သာမက သူ၏မျက်လုံးလေးများကပါ ငွေ့ရည်ဖွဲ့နေ၏။သူ့မျက်နှာသွင်ပြင်ထဲတွင်ဖြင့် မူးယစ်နေသည့်ဟန် မသဲမကွဲလေးပေါ်နေသည်။
ကုရွှမ်းတုက ဘေးမှအပြုံးလေးနှင့်သာကြည့်နေသည်။သူက စကားတစ်ခွန်းမျှမဆိုကာ သူ့အားအစာကျွေးမည့်အပေါ်တွင်သာ အာရုံစိုက်ထားလေ၏။
ပုစွန်လုံးသုံးလေးကောင်ကုန်ပြီးနောက် လင်းရုဖေးမှာဗိုက်ပြည့်သွားသလို ခံစားရကာ စားနေသည်အားရပ်လိုက်ပြီး ခေါင်းငုံ့ကာ သေရည်သာပိုသောက်နေမိသည်။
လရောင်က ရေတံခွန်လေးနှယ်ဖြစ်နေကာ လေက သစ်ခွပန်းပွင့်လေးများအား သူ့ဆံပင်နှင့်ပုခုံးပေါ်သို့ လိမ့်ကျလာစေ၏။သူက သေရည်ခွက်အနားစွန်းလေးအား ထိတွေ့နေရင်းမှ ကုရွှမ်းတု၏အမည်အား မပီမပြင်ရေရွတ်နေ၏။
“ဘာဖြစ်လို့လဲ..."
ကုရွှမ်းတုက ခေါင်းလှည့်ပြီး သူ့အားအပြုံးလေးနှင့်ကြည့်လာသည်။
“ထပ်ပြီးမစားချင်တော့ဘူး ကျွန်တော် ဗိုက်ပြည့်နေပြီ"
လင်းရုဖေးက လေသံတိုးတိုးလေးနှင့် ဆိုလာသည်။
"ခင်ဗျားလည်း ခွာတာရပ်ပြီး ကျွန်တော်နဲ့ လာသောက်လေ..."
ကုရွှမ်းတုက ခေါင်းညိမ့်ပြလာကာ"ကောင်းပြီ"
ထိုလူနှစ်ယောက်က ခွက်ချင်းတိုက်လိုက်ပြီး ပြန်သောက်ကြလေ၏။လင်းရုဖေးက အနည်းငယ်ပူလာသဖြင့် ပုခုံးပေါ်ကခြုံလွှာအား ဖြေချပစ်လိုက်သည်။သို့သော်လည်း ကုရွှမ်းတုက သူ့အားတားလိုက်ပြီူ ပြောလာသည်။
"ရှောင်ကျို့က အားနည်းတယ်...အအေးမိမှာ ဂရုစိုက်ရမယ်လေ"
လင်းရုဖေးက ဤသည်အား ကြားသော် သူ့အားမျက်လုံးမှေးပြီးကြည့်လာ၏။သူ၏အကြည့်က ရန်စနေသည့်ဟန်၊ လက်ချောင်းထိပ်လေးများကမူ ကုရွှမ်းတုနှုတ်ခမ်းဆီသို့ လှမ်းလာသည်။သူက စိုစွတ်နေသည့်သေရည်တို့အား သုတ်ပစ်လိုက်ပြီး သူ့ပါးစပ်လေးထက်တင်ထားလိုက်ကာ သန့်ရှင်းသွားအောင် ပြင်းပြင်းထန်ထန်ပွတ်သတ်နေပေ၏။
"ကျွန်တော် အားနည်းတော့ရောဘာဖြစ်လဲ..အားနည်းရင် ထိတောင်မထိရဲတဲ့ကလေးတစ်ယောက်လို ဆက်ဆံရမယ်လို့ ပြောချင်တာလား"
ကုရွှမ်းတု၏မျက်လုံးများက မှောင်မိုက်သွားရကာ တိတ်ဆိတ်သွားလေ၏။
“ကုရွှမ်းတု"
လင်းရုဖေးက ရှေ့သို့လှမ်းလာပြီး သူ့အင်္ကျီလည်ပင်းအား ဆုပ်ကိုင်လိုက်ကာ သူ့မျက်နှာနှင့်နီးသွားသည်ထိ သူ့အားဆွဲချလိုက်သည်။သူတို့နှာခေါင်းများက ထိကပ်နေပြီး အသက်ရှူသံများက လောင်ကျွမ်းနေသည့်သေရည်ကြောင့် ပါးစပ်မှထွက်ပေါ်လာသည်။
"ကျွန်တော်က ရွှံ့စေးနဲ့လုပ်ထားတာမဟုတ်ဘူး...အဲ့ဒီလိုအရာတွေကြောင့် ကျိုးကြေသွားမှာမဟုတ်ဘူး"
“အဲ့ဒီလိုအရာတွေကြောင့် ကျိုးကြေသွားမှာမဟုတ်ဘူး...."
ကုရွှမ်းတုက စကားတစ်လုံးချင်းစီအား တစ်ကြိမ်တစ်လုံးစီ ဖိကာဖိကာပြောနေသည်က ဤစကားလုံးများအား ဝါးစားနေသည့်နှယ်ဖြစ်နေကာ သူ့မျက်လုံးထဲတွင်လည်း တက်ကြွနေသည့်မုန်တိုင်းတစ်ခုအစပျိုးလာ၏။
သို့သော်လည်းဘလင်းရုဖေးကမူ မေ့လွယ်ကာ သူ့မျက်လုံးရှေ့မှ မုန်တိုင်းတစ်ခုနှင့်မဆုံခင်အထိ ရန်ဆက်စနေဆဲပဲဖြစ်သည်။သူ၏အမြင်အာရုံက မိုက်ခနဲဖြစ်သွားသဖြင့် ကုရွှမ်းတုက သူ့အား မင်းသမီးလေးတစ်ပါးချီသလိုချီလိုက်သည်အား နားလည်သွားလေ၏။
“ခင်ဗျား ဘာလုပ်နေတာလဲ"လင်းရုဖေးက ဗလာဖြစ်စွာမေးလိုက်သည်။
ကုရွှမ်းတုက အပြုံးလေးဖြင့်နူးနူးညံ့ညံ့ပြောလာ၏။
"ရှောင်ကျို့ စကားကြီးစကားကျယ်မပြောသင့်ဘူး"
လင်းရုဖေး:"ဟမ်...."
ကုရွှမ်းတုက ဆိုသည်။
"ရှောင်ကျို့က ဒီလိုအရာတွေကြောင့် ကျိုးကြေမသွားဘူးလို့ ပြောလာမှတော့ ကိုယ်လည်းစစ်ကြည့်ရတာပေါ့"
လင်းရုဖေး၏မျက်လုံးများက အနည်းငယ်ပွင့်လာ၏။သူက ကုရွှမ်းတုမှာ သူ့အားတုန့်ပြန်ရန်အခွင့်ရေးပင်ပေးမလာကာ သူပြောသည့်အတိုင်းလုပ်လိုက်မည်ဟု မမျှော်လင့်ထားပုံရ၏။သို့သော်လည်း ကုရွှမ်းတု၏မျက်နှာပုံစံက သူ့အား အမှန်ပင် စိုးရိမ်စေလာပြီးအနည်းငယ်ကြောက်ရွံ့စေသည်။သူက တစ်ခဏအကြာတုန်းက ယုံကြည်ချက်ရှိရှိ ရန်သွားစလိုက်ပါသော်ငြား ယခုမူ ကြောက်မိလာ၏။
သူက လက်ဆန့်လိုက်ကာ ကုရွှမ်းတု၏အင်္ကျီလက်အနားလေးအား ဆွဲလိုက်ပြီး "ရွှမ်းတု"ဟု နူးနူးညံ့ညံ့ခေါ်၍ သနားညှာတာပေးရန် တောင်းဆိုမိသည်။
သို့သော်ငြား သူတစ်ခုမှမပြောလိုက်မိပါက အရာအားလုံးအဆင်ပြေသွားမှန်း မသိခဲ့ချေ။သို့သော်ငြား ဤညှာတာပေးရန်အတွက် တောင်းဆိုခြင်းက လောင်စာအားမီးညှိလိုက်သလိုဖြစ်သွားကာ အချိနိအတော်ကြာ ဖိနှိပ်ထားခဲ့ရသည့်တစ်ယောက်ယောက်အား လုံးဝ ရှို့မိသွားချေ၏။
“ဒီနေ့က နေ့ကောင်းလေးပဲ"
ကုရွှမ်းတုက ရေရွတ်လိုက်ပြီး:"လရောင်လေးက ပြီးပြည့်စုံတယ်"
ထိုသို့ပြောပြီးနောက် သူက ရှေ့သို့ခြေလှမ်းကြီးတစ်လှမ်းလှမ်းလိုက်ကာ အခန်းထဲသို့၀င်သွားတော့သည်။
ခြံဝန်းလေးက တဖန်ပြန်တိတ်ဆိတ်သွားသည်။လေညင်းလေး၊ လမင်းကြီး၊ ပုစွန်လုံးပိုင်းစများနှင့်သေရည်သာ ကျန်ခဲ့လေ၏။
ထိုညက လင်းရုဖေးမှာ အမှန်ပင် ဝမ်းနည်းပူဆွေးသွားရလေသည်။သူ ကျိုးကြေသွားတော့မည်ဖြစ်၍ သနားညှာတာပေးရန် အကြိမ်ရေဘယ်လောက်များများ တောင်းဆိုခဲ့မှန်းမမှတ်မိတော့သော်ငြား အချိန်အကြာကြီးဖိနှိပ်ထားခဲ့ရသည့် ထိုလူက ထိုအရာများအား လုံး၀ဂရုမစိုက်တော့ချေ။
နောက်တစ်နေ့သူနိုးလာစဥ် နေမင်းက မြင့်တက်နေပြီဖြစ်၏။လင်းရုဖေးက မျက်လုံးများဖွင့်လိုက်ချိန်တွင် တရားခံက ကုတင်စွန်းတွင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။
သူ့အား မျက်တောင်တဖြတ်ဖြတ်ခတ်ပြကာ လက်ထဲရှိဝါးခြင်းတောင်းလေးအား မြောက်ပြလာပြီး ပန်းလေးတစ်ပွင့်နှယ်ပြုံးပြလာပေသည်။
"ရှောင်ကျို့..ဒီညရော ပုစွန်လုံးစားချင်သေးလား...အခုလေးတင် ဖမ်းလာတာ..လတ်ဆတ်နေတာပဲ"
လင်းရုဖေးက သူ့မျက်နှာတစ်ခြမ်းအား မွေ့ရာထဲတွင်မြုပ်ထားလိုက်ပြီး သူ၏အက်ကွဲနေသည့် အသံက ခြင်တစ်ကောင်နှယ် တိုးလျလွန်းနေသည်။
"တော်ပြီ...ပုစွန်လုံးတွေကို ထပ်မစားချင်တော့ဘူး..."
သူသာ ယခုညတွင် ထိုအရာများအား စားနေဆဲဖြစ်ပါက သူ အိပ်ရာထဲတွင်သေသွားမည်အား စိုးမိပါသည်။
(t/n: မသိလောက်မယ့်သူများအတွက် ပုစွန်လုံးဆိုတာ တရုတ်မှာ ဆင်ဆာဖြတ်တယ်ကို ဗန်းစကားအနေနဲ့သုံးတာပါ..ဒါကြောင့် တစ်ခုခုကို ဆင်ဆာဖြတ်ထားရင် ပုစွန်လုံးဖြစ်သွားတယ်လို့ ပြောလိမ့်မယ်..။ဒါကြောင့် ဒီအပိုင်း ပုစွန်လုံးတွေမှာ ဖုန်းကွယ်ထားတဲ့အဓိပ္ပါယ်ရှိပါတယ်နော်....😉 )
_____
Translated By IQ-Team.