Chapter 196
အချပ်ပို-၇။ ချီယွီ
နတ်ဆိုးမိစ္ဆာကြီးများ ပျံ့နှံ့လျက်ရှိသည့် ပုအယ်တိုက်ကြီးတွင်ဆိုရင်တောင်မှ ယဲ့မော့က တွေ့ရများသည့်မိစ္ဆာတစ်ကောင်မဟုတ်ပေ။သူတို့က အရေအတွက်နည်းသော်ငြား ကျင့်ကြံရန်အတွက်မွေးဖွားလာသည်ပင်။သူတို့က နတ်ဆိုးကြီးအဖြစ်ကြီးပြင်းလာသည်နှင့်အမျှ သူတို့က သေချာပေါက်လွှမ်းမိုးလာမည်ဖြစ်သည်။စိတ်မကောင်းစရာက ပုအယ်တိုက်ကြီးတွင် အရွယ်ရောက်သည်ထိကြီးထွားရန်က မလွယ်ကူရုံသာ။
ယောင်ကွမ်းနှင့်မတူသည်က ပုအယ်တိုက်ကြီးက စည်းမဲ့ကမ်းမဲ့နိုင်လေ၏။သတ်ဖြတ်ခြင်းနှင့်အသတ်ခံရခြင်းက စားသောက်နေသလိုပင် အဖြစ်များကာ ဤသည်ကြောင့်လည်း အသက်ရှင်သန်သွားသည့်မိစ္ဆာတိုင်းက လက်ရွေးစင်ထဲမှလက်ရွေးစင်တစ်ယောက်သာဖြစ်ကြသည်။သူတို့က အရေအတွက်အရမ်းနည်းသော်လည်း ယောင်ကွမ်းတိုက်ကြီးအား အချိန်ကြာကြာတိုက်ယူနိုင်ပေ၏။
ချီယွီက ထိုအချိန်က ငယ်သေးသော်ငြား မိစ္ဆာများက ယောင်ကွမ်းတိုက်ကြီးအပေါ်ဦးဆောင်ချင်သည့် အတိတ်ကဇာတ်လမ်းဟောင်းအချို့ကိုသိလေ၏။သို့သော်လည်း ကောင်းကင်ဘုံအုပ်ချုပ်သူတစ်ယောက်က မည်သည့်နေရာကမှန်းမသိ ရုတ်တရက်ပေါ်လာကာ ယောင်ကွမ်းတိုက်ကြီးတစ်ခုလုံးအားကာကွယ်ရန် မဟာတည်ဆောက်ပုံတစ်ခုအခြေချလိုက်ပြီး မိစ္ဆာများကျူးကျော်လာမှုအား ပြီးပြည့်စုံစွာ ဟန့်တားလိုက်မည်အား မည်သူကသိမည်နည်း။ဤတည်ဆောက်ပုံက ကျင့်ကြံခြင်းအဆင့်နိမ့်သည့် မိစ္ဆာအများစုအား ဟန့်တားနိုင်ကာ တည်ဆောက်ပုံအားကျော်ဖြတ်ကာ ယောင်ကွမ်းတိုက်ကြီးထဲဝင်သွားနိုင်သည့် မိစ္ဆာကြီးကြီးများပင်လျှင် သူတို့အား အလွယ်လေးအဆုံးသတ်နိုင်ပေသည့် အခြားသောကျင့်ကြံသူများရှိသေးလေ၏။
ဤတည်ဆောက်ပုံကြောင့် ကောင်းကင်ဘုံအုပ်ချုပ်သူဆိုသည့်အမည်နာမက ယောင်ကွမ်းတစ်ခွင်လုံးသာမက ပုအယ်တိုက်ကြီးအထိပါ ကျော်ကြားပျံ့နှံ့သွားလေ၏။မိစ္ဆာများက မတုံးအပါချေ။သူတို့က ကောင်းကင်ဘုံအုပ်ချုပ်သူဆိုသည့် စွမ်းအားကြီးပုဂ္ဂိုလ်ဆိုရင်တောင်မှ တိုက်ကြီးတစ်ခုလုံးအား ကာကွယ်ပေးနိုင်သည့် စွမ်းအားကြီးတည်ဆောက်ပုံတစ်ခုအခြေချရန်အတွက် သူက နာကျင်ဖွယ်တစ်ခုခုပေးဆပ်ထားရမှန်း သိကြလေ၏။
“ကောင်းကင်ဘုံအုပ်ချုပ်သူက အဲ့ဒီနေ့ပြီး ပျောက်သွားတာ အံ့သြစရာမရှိပါဘူး...တည်ဆောက်ပုံကိုအခြေချပြီးတာနဲ့ သူ့ရဲ့အသက်စွမ်းအင်ကလည်း ကြီးကြီးမားမားထိခိုက်သွားတာဖြစ်မယ်"
“ဟုတ်တယ်..အဲ့လို စွမ်းအားကြီးတည်ဆောက်ပုံဆိုတာ...သူ အဲ့လိုအရာကို ဘယ်လိုရယူခဲ့လဲဆိုတာ ငါမသိဘူး"
“ကောင်းကင်ဘုံအုပ်ချုပ်သူက အခုတကယ်ကြီးသေသွားတာဖြစ်မယ်..အဲ့လိုဆို ..ငါတို့အတွက် အခွင့်ရေးကောင်းပဲ.. "
ထိုသို့ပြောဆိုချက်များက ထိုအချိန်တွင် အတိုင်းအတာတစ်ခုထိ ကျယ်လောင်နေကြပြီး မိစ္ဆာဘုရင်သည်လည်း အတော်လေး အနားမရနိုင်ဖြစ်နေပေ၏။မိစ္ဆာဘုရင်တွင်လည်း အတွေးအချို့ရှိလေသည်။တကယ်တမ်း ကောင်းကင်ဘုံအုပ်ချုပ်သူသာ ထိုနေရာတွင်မရှိတော့ပါက သူက ယောင်ကွမ်းတိုက်ကြီးသို့ရောက်သွားသည်နှင့် သူ့အား မည်သူမှအနိုင်ယူနိုင်လိမ့်မည်မဟုတ်။သူက လက်တစ်ဖက်ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော မြို့များအားဖျက်ဆီးနိုင်တော့မည်ဖြစ်ကာ လူထောင်သောင်းတို့၏အသက်ကိုလည်း ယူလိုက်နိုင်ပေမည်ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာဘုရင်က သူ့လူများအား စုဝေးလိုက်ကာ ဤကိစ္စအပေါ်ရေရှည်စဥ်းစားကြရန် အစီအစဥ်ဆွဲလေ၏။
ထိုအချိန်တွင် ယဲ့မော့၏ကျင့်ကြံခြင်းက အစသာရှိသေးကာ ကံကောင်း၍ ဤဆွေးနွေးပွဲတွင်ပါဝင်ခွင့်ရလေ၏။သူက မိစ္ဆာများပြန်လည်သက်ဝင်လာခြင်ယအစအား တွေ့နိုင်တော့မည်ဖြစ်ကြောင်း တွေးမိလိုက်သော်ငြား ထိုဆွေးနွေးပွဲအတောအတွင်း အနီရောင်ဝတ်စုံတစ်ခုက လွင့်တည်လာခဲ့မည်အား မည်သူကထင်မည်နည်း။
ချီယွီက ခပ်ဝေးဝေးတွင်ဖြစ်၍ နောက်ကျောတစ်ခုသာ မြင်ရပေ၏။ထိုနောက်ကျောက အနီရောင်သစ်ရွက်တစ်ရွက် ခေါင်းပေါ်သို့ စိမ်ပြေနပြေကျလာသည်နှင့်တူပြီး ရုတ်တရက် ဓါးအား ဓါးအိမ်မှဖြုတ်လိုက်ပြီးနောက် တစ်ချက်သာလှုပ်ရှားသွားလေသည်။
ယင်းက လှုပ်ရှားမှုတစ်ခုတည်းသာ..။
တစ်ချက်လှုပ်ရှားပြီးသည်နှင့် သူတို့ရဲ့မယုံနိုင်ဖွယ်ဖြစ်နေသည့် မိစ္ဆာဘုရင်၏ခေါင်းက မြေပေါ်သို့တုန်ခနဲ ကျသွားကာ သွေးများပန်းထွက်လာသည်က နံနက်ခင်းနေမင်းကြီးအား အနီရောင်လွှမ်းသွားသည့်နှယ်။
အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားကာ မျက်လုံးများအားလုံးက အနီရောင်ဝတ်ထားသည့်လူအပေါ်ကျသွားကြသော်ငြား သူ၏ကိုယ်ဟန်က ပျင်းရိလေးတွဲ့နေဟန်။သူက လက်ထဲရှိဓါးရှည်အား ဖြေးဖြေးချင်းခါလိုက်ကာ ဓါးသွားပေါ်က လက်ကျန်သွေးများအား ခါချပစ်ကာ ဓားအိမ်ထဲသို့ပြန်ထည့်လိုက်လေ၏။ ပတ်ပတ်လည်ရှိလောင်ကျွမ်းမတတ်ဖြစ်နေသည့်အကြည့်တို့အား မခံစားရသည့်နှယ် သူ၏ကိုယ်နေဟန်ထားက သက်သက်သာသာဖြစ်နေသည်။
ထိုအနီရောင်ဝတ်ထားသည့်လူ ပြန်ထွက်သွားသည်ထိ မိစ္ဆာတစ်ကောင်မှအသံမထွက်ရဲကြ။မိစ္ဆာဘုရင်၏ခေါင်းက မြေပေါ်သို့လိမ့်သွားပြီး စင်မြင့်ထက်ကိုကျလာပြီး ရွှံ့တို့စွန်းထင်းသွားလေ၏။
ထိုအနီရောင်နှင့်လူက သူ့ဓါးအားစီးကာ သူတို့မြင်ကွင်းမှ ထိုသို့ပျောက်ကွယ်သွားလေသည်။
လူတစ်ယောက်အား သတ်ရန် ခြေလှမ်းဆယ်လှမ်းသာလိုပေသည်...မိုင်ပေါင်းတစ်ထောင်ဆိုတာစာမဖွဲ့ချေ...။
ထိုမျှသာ....။
အနီရောင်၀တ်နှင့်လူက ထွက်သွားပြီးနောက် တိတ်ဆိတ်မှုကညအချိန်အတော်ကြာကြီးနေမှ အဆုံးသတ်သွားကာ အုံးအုံးကျွတ်ကျွတ်ဖြစ်လာ၏။တစ်ချို့က ကြိမ်းမောင်းနေကြကာ တစ်ချို့က စူးစူးဝါးဝါးအော်ဟစ်နေကြပြီး တစ်ချို့ကလည်း သောကရောက်နေကြသည်....မိစ္ဆာများအားလုံး ဖရိုဖရဲဖြစ်သွားချေ၏။
“သူတို့ပြောတော့ ကောင်းကင်ဘုံအုပ်ချူပ်သူက ပျက်စီးသွားပြီဆို...သူက ဘာလို့အသက်ရှင်နေသေးတာလဲ"
“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ပြန်ရလာရုံမကပဲ ပိုတောင်တိုးတက်လာသေးတယ်"
“မိစ္ဆာဘုရင်...မိစ္ဆာဘုရင်ကြီး သေသွားပြီ"
“ကယ်ကြပါ....ကယ်ကြပါ...."
ဖရိုဖရဲဖြစ်နေကြသည့် အသံများက လောကတစ်ခွင်အပြည့်ဖြစ်နေကာ ချီယွီက သူ့ပုံစံလေးအားဖုန်းထားရင်း ထောင့်နားလေးတွင် တိတ်တိတ်လေးရပ်နေ၏။
မိစ္ဆာဘုရင်သေသွားပြီးပြီးချင်း နှစ်တစ်ရာကြာသည်ပြီးနောက် ဖရိုဖရဲဖြစ်မှုများက အစပျိုးလာသည်။စစ်သူကြီများက နယ်မြေပိုင်းခြားလာပြီး တိုက်ကြီးတစ်ခုလုံး ကစဥ့်ကလျားဖြစ်ကာ တစုတစည်းတည်းမရှိတော့ချေ။
ချီယွီသည်လည်း ကြီးပြင်းလာချေပြီ။နှစ်ပေါင်းတစ်ရာက သူ့အတွက် ကိုယ်တိုင်ကာကွယ်နိုင်ခြင်းမရှိသည့် မိစ္ဆာငယ်လေးမှ မိစ္ဆာအကြီးကြီးတစ်ကောင်အဖြစ်ကြီးလာရန် အချိန်လောက်ပေ၏၊ယဲ့မော့မျိုးနွယ်က ရှားပါးလှ၍ သူတို့အရွယ်ရောက်ပြီးသွားသည်နှင့် သူတို့ခွန်အားသည်လည်း အဆတစ်ရာဖွံ့ဖြိုးလာသည်။
ပုအယ်၏ကသောင်းကနင်းဖြစ်မှုကြီးက နောက်ဆုံး အနည်ကျသွားပြီးနောက် နောက်ထပ် မိစ္ဆာဘုရင်များထပ်ရှိမလာတော့သော်ငြား ဘုရင်အသစ်ခုနစ်ယောက်ရှိကာ ချီယွီက တစ်ယောက်အပါအဝင်ဖြစ်လေ၏။
ယဲ့မော့က အထီးအမခွဲထားသော်လည်း မျိုးပွားရန်က အထီးအမ မလိုချေ။သူတို့၏ကျင့်ကြံခြင်းအဆင့်က လုံလုံလောက်လောက်မြင့်နေသရွေ့ သူတို့၏ခန္ဓာကိုယ်အား ခွဲထုတ်နိုင်ကာ မျိုးပွားခြင်းအတွက် မိစ္ဆာဥအဖြစ်ပြောင်းလို့ရလေ၏။ဤအရာကြောင့် ယဲ့မော့များက မျိုးပွားရန် ဆန္ဒပြင်းပြင်းမရှိကြကာ ချီယွီသည်လည်း ဤဆုံးဖြတ်ချက်အတွက် အချိန်အတော်ကြာစဥ်းစားခဲ့ရလေ၏။
သို့သော်လည်း မွေးပြီးသိပ်မကြာမီ ဥလေးက အခိုးခံလိုက်ရသည်။ယဲ့မော့က ဒေါသတကြီးဖြစ်စွာ ယောင်ကွမ်းသို့ အပူတပြင်းဦးတည်လိုက်ရသည်။သူက ခြေလှမ်းလေးတစ်ချက်နောက်ကျသွားသည်နှင့် သူ့အရူးသားလေးက အခြားတစ်ယောက်အား သူ့အဖေအဖြစ်သတ်မှတ်ထားပြီးဖြစ်သည်အား မည်သူသိမည်နည်း။
သူ့လက်ထဲရှိ ကြောင်ပေါက်လေး၏လည်ပင်းသားလေးအား ညစ်လိုက်ရင်း ချီယွီက ယင်းလေးအား စိတ်တိုဒေါသထွက်စွာကြည့်လိုက်သည်။ပေါက်စလေးက ခေါင်းမာပြီးသူကျွေးသည့်အရာအား စားရန်ငြင်းဆန်နေ၍ ကူကယ်ရာမဲ့စွာ ချီယွီက လင်းရုဖေးနောက် တစ်ခဏကြာလျှောက်လိုက်ရတော့သည်။
သူက ထိုသို့ လိုက်သွားသည်နှင့် မယုံနိုင်ဖွယ်အရာတစ်ခုအား သိလိုက်ရလိမ့်မည်လို့ မည်သူကထင်မည်နည်း။ သူက အမှန်ပင် ကောင်းကင်ဘုံအုပ်ချုပ်သူ၏အသက်ရှူသံအား ခံစားမိခဲ့လေ၏။
ဤအသက်ရှူသံက ရင်းနှီးမနေသော်ငြား ဘယ်တော့မှမေ့သွားမည်မဟုတ်သည့် တစ်ခုပင်။လွန်ခဲ့သည့်နှစ်တစ်ရာက မတော်တဆမှုက သူ့မှတ်ဥာဏ်ထဲဝယ် ဖျောက်ဖျက်၍မရနိုင်သည့် လမ်းစတစ်ခုချန်ထားခဲ့လေ၏။သူသေသွားရင်တောင်မှ မေ့သွားမည်မဟုတ်ချေ။
သူ့အရှေ့က ဤလင်းကုန်းဇီက ...ကောင်းကင်ဘုံအုပ်ချုပ်သူနဲ့ဆက်နွှယ်မှုတစ်ခုရှိနေတာများ ဖြစ်နိုင်မလား။ချီယွီက စိတ်ရှုပ်ထွေးစွာတွေးလိုက်မိသည်...။သူက ကောင်းကင်ဘုံအုပ်ချုပ်သူ၏ဓါးအား အသုံးပြုပြီး ကောင်းကင်ဘုံအုပ်ချုပ်သူ၏အရှိန်အဝါတို့လည်း သယ်ထားပေ၏...ဤသည်က...မတော်တဆတစ်ခုတော့ မဖြစ်နိုင်ပေ။
သူက နောက်ဆုံး အသက်ရှူသံပိုင်ရှင်အား ဆုံလိုက်ရသည့် နေ့တစ်နေ့အထိပင်...။
ယင်းက အလွန်မှတ်မိနိုင်သည့် အနီရောင်ဝတ်စုံနှင့်တစ်ခုတည်းပင်။သူက လင်းမိသားစု၏အငယ်ဆုံးသားဘေးတွင်ရပ်နေပြီး ခေါင်းအနည်းငယ်စောင်းလိုက်ချိန်တွင် သူ့မျက်လုံးထဲတွင် နူးညံ့သည့်ချစ်မေတ္တာတို့ ခိုင်မြဲနေ၏။ချီယွီက သူ့မျက်နှာအားတစ်ခါမှမတွေ့ဖူးသော်လည်း ထိုရင်းနှီးသည့်အသက်ရှူသံမှ သူ၏ပုံစံအားသိနိုင်လေ၏။ဤသည်က လွန်ခဲ့သောနှစ်ရာပေါင်းအနည်းငယ်က သူ့လက်နှင့်မိစ္ဆာဘုရင်အား ခေါင်းဖြတ်ခဲ့သည့် ကောင်းကင်ဘုံအုပ်ချုပ်သူပင်။
ချီယွီက အလွန်အံ့သြသွားသည့်ပုံပြလိုက်မိသည်။
သူ့အကြည့်အား အာရုံခံမိသွားပုံရကာ ထိုလူက သူ့ခေါင်းအားဖြေးဖြေးချင်းလှည့်လာပြီး သူ့အားကြည့်လာ၏။နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြပြီး တစ်ယောက်က သတိလစ်မတတ်ထိတ်လန့်သွားရကာ တစ်ယောက်ကမူ ပျင်းရိငြီးငွေ့နေဟန်။
ထိုအနီရောင်ဝတ်ထားသည့်လူက သူ့အကြည့်အားရုတ်သိမ်းသွားပြီး မကြာမီ သူ့ပုံရိပ်က တဖြေးဖြေးလွင့်ပျယ်သွားလေ၏။
ချီယွီက သူ့လက်သည်းများအား မြေပေါ်သို့စိုးရိမ်တကြီး ကုတ်ခြစ်လိုက်မိသည်။
ဤသည်က ကုရွှမ်းတုနှင့် ပထမဆုံးတွေ့ဆုံခြင်းပင်။နှစ်ဦးသား မကြာခဏမတွေ့မိကြသည်က အချိန်အများစုတွင် သူ့စိတ်အာရုံက လင်းရုဖေးအပေါ်သာရောက်နေခြင်းကြောင့်ဖြစ်၏။
လင်းရုဖေးက ဘယ်သူလဲ။ဘာလို့ ကောင်းကင်ဘုံအုပ်ချုပ်သူက သူ့ဘေးတစ်ကောက်ကောက်လိုက်နေရတာလဲ။သူက ခွန်းလွန်ဂိုဏ်း၏အငယ်ဆုံးသားဆိုတာလေးပဲ မဟုတ်နိုင်ချေ။ချီယွီက ဤကိစ္စမှ ပုံမှန်မဟုတ်သည့် အငွေ့အသက်တစ်ခုအား ရလိုက်သော်ငြား အချိန်အတော်ကြာထိ စကားမစပ်မိချေ။
ထိုနေ့ထိပင်...ချီယွီက လင်းရုဖေးအားကူပြီး သေပြီးသားဓါးသမားနှင့်တွေ့ရန် ခေါ်သွားပေးသည့်အချိန်....။
“ဘာလို့အခုမှရောက်လာရတာလဲ"
အကွာအဝေးတစ်ခုတွင်ရပ်နေရင်း လင်းရုဖေးက ဓါးသမားနှင့်အတူယိမ်းထိုးနေသည်အား စောင့်ကြည့်နေပြီးမှ ချီယွီက အေးစက်စက်မေးလိုက်၏။
"မင်းရဲ့ကုန်းဇီလေးက ဒီလိုသေသွားမှာ မစိုးရိမ်ဘူးလား"
“မစိုးရိမ်ဘူး"
ကုရွှမ်းတုက ပြန်ဖြေလိုက်သည်။
"မင်းငါရှိနေမှန်းသိတယ်ပေါ့"
သူက ချီယွီ၏မျက်လုံးများနှင့် မဆုံခဲ့ဖူးသည့်နှယ် လေသံတိုးတိုးလေးဖြင့်ပြောနေ၏။ချီယွီက နှာတစ်ချက်ရှုံ့လိုက်ကာ သူအရူးမဟုတ်ကြောင်း ဆိုလိုက်သည်။လင်းရုဖေးက သူ့ကိုယ်သူစကားပြောရသည်အား အရမ်းကြိုက်ကတည်းက သူသည်လည်း စိတ်ကယောင်ချောက်ချားဖြစ်သည်အား မခံစားရတော့......။
ကုရွှမ်းတုက ရယ်မောလိုက်သော်ငြား စကားမဆိုလာချေ။
ထိုနေရာတွင် လင်းရုဖေးနှင့်ဓါးသမားတို့က သည်းကြီးမည်းကြီးတိုက်ခိုက်နေကြသည်။ချီယွီက ဤအတွေးအား တစ်ခဏမျှစဥ်းစားမိလိုက်သော်လည်း သူ့ရင်ထဲတွင်သံသယများနှင့် အသံထွက်လာ၏။
"မင်းက ကောင်းကင်ဘုံအုပ်ချုပ်သူ ဟုတ်တယ်မို့လား...."
ကုရွှမ်းတုက သူ့အားတစ်ချက်ကြည့်လာသည်။
ချီယွီက ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်ရာပေါင်းအနည်းငယ်က မင်းက ကိုယ်တိုင် မဟာတည်ဆောက်ပုံကိုအခြေတည်ခဲ့ပြီးတော့ မိစ္ဆာဘုရင်ကို ခေါင်းဖြတ်ခဲ့တယ်..အဲ့ဒီတုန်းက ငါလည်းရှိခဲ့တယ်..မင်းရဲ့အသက်ရှူသံကို မှတ်မိတယ်"
သူက ကုရွှမ်းတု၏အခြေအနေအား အကဲခတ်နေကာ မျက်လုံးများကျဥ်းမြောင်းလိုက်ပြီး:"ဘာလို့လုပ်ပြီးအခု မင်းမှာဝိဥာဥ်ပဲကျန်တော့တာလဲ"
ကုရွှမ်းတုက ပြုံးလိုက်ပြီး:"မပြောပြဘူး"
ချီယွီက သွားဖြဲပြလာ၏။
ကုရွှမ်းတုက ရယ်မောလိုက်ကာ"စနေတာပါ ငါတစ်ခုခုနဲ့ကြုံတွေ့ခဲ့ရလို့ ဒီနည်းအတိုင်းဖြစ်လာတာလေ...အခု မင်းသာလက်စားချေချင်ရင် ငါလည်းဘာမှမလုပ်နိုင်ဘူး"
ချီယွီက ယောင်ကွမ်းမဟာတည်ဆောက်ပုံအား ဖြတ်သွားနိုင်သဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်က အဆင့်ရှစ်အားချိုးဖောက်နိုင်ပြီးဖြစ်ရပေမည်။ယခုသူက ဝိဥာဥ်ပုံစံသာရှိနေသေး၍ သေချာပေါက် ဤမိစ္ဆာအားဘာမှမလုပ်နိုင်ချေ။သို့သော်လည်း ချီယွီက သူ့စကားများအား အေးစက်စက်ပြုံးလိုက်ပြီး သူနှင့်ကုရွှမ်းတုတို့မည်သည့်အချိန်ကများ ရန်ငြှိုးဟောင်းရှိသွားတာလဲဟု မေးလာလိမ့်မည်လို့ မည်သူကထင်မည်နည်း။
“ငါက မင်းတို့ပုအယ်တိုက်ကြီးရဲ့ မိစ္ဆာဘုရင်ကို သတ်ခဲ့တာလေ...ငါ့ကို ပုအယ်ရဲ့ရန်သူလို့ သတ်မှတ်ထားတာမဟုတ်ဘူးလား"ကုရွှမ်းတုက သိချင်သွားမိ၏။
“မင်းသာ သူ့ကိုမသတ်ခဲ့ရင် ငါက ဘယ်လိုလုပ်ဘုရင်ဖြစ်နိုင်မှာလဲ"
ချီယွီကပြုံးလိုက်ပြီး:"အဆုံးမှာ မင်းကိုတောင်ကျေးဇူးတင်ရဦးမယ်"
ကုရွှမ်းတုက မျက်ခုံးပင့်ပြလာ၏။
“ဒီကုန်းဇီလေးက မင်းအတွက် ဘယ်သူလဲ"
ချီယွီက မေးလိုက်သည်။
"သူက မင်းတပည့်လို့တော့လာမပြောနဲ့...ဘယ်သူကမှ သူတို့တပည့်ကို ဒီလိုမျက်လုံးမျိုးနဲ့ကြည့်မှာမဟုတ်ဘူး"
သူက ကုရွှမ်းတု၏မျက်လုံးများသည် သားရဲကြီးတစ်ကောင်က အချိန်တော်ကြာဆာလောင်နေပြီးမှ ရုတ်တရက် အသားလတ်လတ်ဆတ်ဆတ်အား တွေ့လိုက်ရသည့်နှယ် လောဘတကြီးဖြစ်နေ၏။ယင်းအား ပါးစပ်အပြည့်မျိုချလိုက်ချင်သော်ငြား ပြတ်ပြတ်သားသား မပြီးဆုံးသွားချင်ပေ။မည်သူမျှမရှိသည့်နေရာအား ရှာလိုက်ကာ ဆာလောင်မှုနှင့်စိတ်ပျက်အားငယ်မှုတို့အား ကြံ့ကြံ့ခံလိုက်သည်က အကောင်းဆုံးဖြစ်ပေမည်။အကောင်းဆုံးနည်းလမ်းက ဖြေးဖြေးချင်းဝါးစားကာ အရသာခံလိုက်ခြင်းပင်။
ကုရွှမ်းတုက မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီး"မှန်းကြည့်လေ"
ချီယွီက ဆိုလာ၏။
"ကျစ်...ပြဿနာတွေ"
သူက မှန်းပင်မမှန်းကြည့်ကာ အမြီးတစ်ယမ်းယမ်းနှင့် လျှောက်ထွက်သွားတော့သည်။
ကုရွှမ်းတုက သူ့နောက်ကျောအားကြည့်လိုက်ကာ သူ့ပုံစံက အလွန်သိသာနေ၍ ချီယွီဆိုသည့် အကျိုးအကြောင်းမသင့်လှသည့် မိစ္ဆာတစ်ကောင်ပင် တစ်ခုခုမြင်နိုင်လေ၏။
ထိုအရာပြီးနောက် ချီယွီက ကုရွှမ်းတုအား အကြိမ်အနည်းငယ်ခန့် တွေ့ခဲ့လေသည်။သို့သော်လည်း ဤသို့တွေ့ဆုံမှုများက အမှန်မထင်တွေ့ရခြင်းဖြစ်ကာ သူက ထွက်သွားတော့မည်ဟုရည်ရွယ်ထားသည့် တစ်နေ့ထိတိုင်ပင်။
သူ့လက်မောင်းထဲတွင် အကာင်ပေါက်ကလေးနှင့်အတူ ချီယွီက လူသားပုံစံပြောင်းသွားပြီဖြစ်ပြီး ကုရွှမ်းတုအား ထွက်သွားတော့မည်ဖြစ်ကြောင်း ဆိုလာ၏။
ကုရွှမ်းတုက ဆိုသည်။
"မင်းသွားမှာဖြင့်လည်း သွားတော့လေ ဘာလို့ငါ့ကိုလာနှုတ်ဆက်နေသေးတာလဲ"
ချီယွီက ဆို၏။
"မင်းရဲ့ကုန်းဇီလေးက ငါ့သားကိုဖျားယောင်းသွေးဆောင်ခဲ့တာကြောင့် မဟုတ်ဘူးလား..မဟုတ်ရင် ငါကဘာလို့ ဒီနေရာမှာအချိန်အကြာကြီးဖြုန်းနေရမှာလဲ"
သူက အံကြိတ်လိုက်ရင်း သူ၏ချွန်ထက်လှသည့်သွားစွယ်များအား ထုတ်ပြလိုက်ကာ:"ကောင်းကင်ဘုံအုပ်ချုပ်သူဆိုတဲ့မင်းကြောင့်သာမဟုတ်ရင် ငါသူ့ကို တစ်ကိုက်တည်းနဲ့မြိုချလိုက်ပြီးပြီ"
သူ့စကားများအားနားထောင်ပြီးနောက် ကုရွှမ်းတုက သူ့အားတည်တည်ကြည်ကြည်ကြည့်လိုက်ပြီး:"တကယ်တော့ ငါမင်းကိုမပြောရသေးတဲ့အကြောင်းအရာတစ်ခုရှိတယ်"
ချီယွီက မေးလိုက်သည်။
"ဘာလဲ"
ကုရွှမ်းတုက သက်ပြင်းချလိုက်ပြီး:"ငါက ကောင်းကင်ဘုံအုပ်ချုပ်သူမဟုတ်ဘူး"
ချီယွီက ကုရွှမ်းတုအား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး သူက အဓိပ္ပါယ်မရှိသည်တို့အားပြောနေသည်ဟုသာ တွေးလိုက်သည်။
"မင်းက ကောင်းကင်ဘုံအုပ်ချုပ်သူမဟုတ်ရင် ဒါဖြင့် မင်းကဘယ်သူလဲ"
ကုရွှမ်းတုက စကားကိုတစ်ခွန်းချင်းစီဖိပြီး ဆိုလာ၏။
"ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့လူ....."
ချီယွီ:"......"
ဒီလူက တကယ်ကို စိတ်ရောဂါဖြစ်နေတာပဲ။
ဤလူပြောလိုက်သည့် စကားလုံးလေးလုံးက အလွန်စိတ်တုန်လှုပ်သွားစေ၍ထင် ချီယွီက အချိန်အတော်ကြာတိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှဆိုမလာချေ။
ကုရွှမ်းတုက သူ့အား လက်ယမ်းပြလာပြီးတစ်ခစ်ခစ်ရယ်မောကာ သူ့အားအမြန်လုပ်ရန်အချက်ပြလိုက်သည်။
ချီယွီက ကျိန်ဆဲလိုက်ပြီး ပြောလာ၏။
"ကုရွှမ်းတု...မင်းက တကယ်ကို မစဥ်းစားဘဲစကားပြောရတာကို ကြိုက်တာပဲနော်...မင်းလုပ်ရတာကြိုက်တဲ့အရာတွေအကုန်လုံးက အဓိပ္ပါယ်မရှိတာတွေလုပ်မယ်...အဓိပ္ပါယ်မရှိတာတွေပြောမယ်..."
ကုရွှမ်းတုက သူ့ကိုယ်သူကာကွယ်ထားရန် အလွန်ပျင်းလွန်းလှ၍ မထူးခြားစွာပြန်ဖြေလာသည်။
"မင်းယုံသည်ဖြစ်ဖြစ် မယုံသည်ဖြစ်ဖြစ် မင်းသဘောပဲ"
ချီယွီ : "......"
သူက အခြားတစ်ခုခုပြောလိုက်ချင်ပါသော်လည်း စကားလုံးများက လျှာထိပ်သို့ရောက်လာသည်နှင့် ပြန်မြိုချလိုက်ရသည်။နောက်ဆုံး သူက စိတ်ညစ်စွာနှင့် လှည့်ထွက်သွားတော့သည်....သူက ကုရွှမ်းတု၏မျက်နှာအနေအထားမှ ဤလူက နောက်ပြောင်နေခြင်းမဟုတ်ကာ အလွန်တည်ငြိမ်နေကြောင်း တွေ့လိုက်ရသည်။
ကုရွှမ်းတုက ကောင်းကင်ဘုံအုပ်ချုပ်သူရဲ့လူလား...။ဒါပေမယ့် ကောင်းကင်ဘုံအုပ်ချုပ်သူက ယောကျ်ားတစ်ယောက်လေ...ဒါဖြင့် သူတို့နှစ်ယောက်က မဟုတ်လောက်ပါဘူး....နော်...။
ကုရွှမ်းတုကလင်းရုဖေးအား ကြည့်သည့်အကြည့်ကို ပြန်အမှတ်ရလိုက်သည်နှင့် ချီယွီ၏နားရွက်လေးများ ရဲတွတ်လာရသည်။သူက လောကတွင် မည်သို့များ ဤသို့ညစ်ညမ်းလှသည့်အရာမျိုးရှိနေနိုင်ရတာလဲဟု စဥ်းစားမိကာ တိတ်တိတ်လေးကျိန်ဆဲမိလိုက်၏။
ဤလူသားမျိုးနွယ်စုက သူတို့လိုသန့်စင်တဲ့မိစ္ဆာမျိုးနွယ်နှင့် မတူကြချေ။သူက နှစ်ပေါင်းရာချီရှင်သန်နေခဲ့သော်လည်း မိန်းကလေးတစ်ယောက်၏လက်ကိုပင် မကိုင်ဖူးသေးပေ......။
ဤအရာအားတွေးနေရင်းမှ ချီယွီက ရုတ်တရက်ဝမ်းနည်းသွားရသည်။သူက အရမ်းမြန်မြန်ကြီး ထွက်မသွားခဲ့သင့်ပေ။လင်းရုဖေးက ပြဿနာအိုးဖြစ်သော်ငြား သူ့အစေခံမလေးများက အမှန်ပင် ချစ်စရာကောင်းလေ၏။
─────────────────────────────────────────────────
Translated By IQ-Team.