Chapter 198 [Final Chapter of Story]
အချပ်ပို-၉။ ချယ်ရီပန်းပွင့်ဓားပြလေး
____
ကုရွှမ်းတုက ထိုချယ်ရီပန်းပွင့်တောထဲရောက်ကတည်းက အိပ်မက်မက်ခဲ့လေ၏။
ချယ်ရီပန်းပွင်တောအုပ်က ခွန်းလွန်တောင်ခြေတွင် တည်ရှိလေသည်။သေချာရေတွင်မည်ဆိုပါက နှစ်တစ်ရာသက်တမ်းရှိပြီဖြစ်၏။ခွန်းလွန်တောင်တန်းက ဝေးလံခေါင်ဖျားကာ တစ်နှစ်ပတ်လုံး လေနှင့်နှင်းများတိုက်နေတတ်သည်။ဤနေရာရှိနွေဦးက အလယ်ပိုင်းလွင်ပြင်ဒေသထက်ပင် ပိုတိုတောင်းလှ၍ ချယ်ရီပန်းပွင့်များက တစ်လဝက်သာ ပွင့်လေ၏။
ကံကောင်းစွာနှင့် ပန်းချစ်သူများစွာရှိ၍ ချယ်ရီပန်းပွင့်တောလေးက အထီးကျန်ဆန်မနေချေ။
ကုရွှမ်းတု၏ခန္ဓာကိုယ်အား ဖျက်ဆီးခံလိုက်ရကတည်းက သူက သူ့ဝိဥာဥ်အား ချယ်ရီပန်းပွင့်ပင်သို့ ပို့ထားရုံသာတတ်နိုင်၏။သို့သော်လည်း သူက ကံမကောင်းချေ။သူနေထိုင်ရာ ချယ်ရီပန်းပွင့်ပင်က သေးငယ်လှသည့်အပင်လေးဖြစ်ကာ ပါးပါးသေးသေးလေးဖြစ်၏။အပွင့်မဆိုထားနှင့် ယင်းအကိုင်းတွင် သစ်ရွက်တစ်ရွက်နှစ်ရွက်သာရှိကာ နွေဦးလေညင်းလေးက ဖြတ်ကျော်သွားသည်နှင့် ချယ်ရီပန်းပွင့်ပင်လေးက ယိုင်လွင့်သွားသည်က သနားစရာလေးပင်။
ဤသည်ကြောင့် ကုရွှမ်းတုမှာ ထိုလူနှင့်သူ၏တွေ့ဆုံမှုက အချိန်ကြာကြာယူလွန်းလှသည်ဟု တွေးမိချေ၏။သို့သော်လည်း တစ်ခုသောနွေဦးတွင် အဝတ်အစားသားသားနားနားနှင့် ကုန်းဇီပေါက်စလေးက ချယ်ရီပန်းပွင့်များအား ကြည့်ရန် တောင်အောက်ဆင်းလာပြီး လမ်းဘေးက သူ၏အသေးအဖွဲပင်လေးအား သတိထားမိသွားချေ၏။
ဤကုန်းဇီပေါက်စလေးက ခုနစ်နှစ်ရှစ်နှစ်အရွယ်သာရှိသေးသော်ငြား ကြည့်ကောင်းသည့်ပုံအား တွေ့နိုင်ပေသည်။သို့သော်လည်း သူ၏ပါးမို့မို့လေးများက သေးငယ်လှကာ ဖျော့တော့လွန်းလေပြီး သားမွေးခြုံလွှာလေးနှင့်ဖြစ်နေ၍ သူက ပိုပြီးပိန်သွယ်သွားသည့်ပုံပေါ်နေ၏။သူက ထူထပ်လှသည့် ချယ်ရီပန်းပွင့်တောထဲရပ်နေရင်းမှ သူ၏အနက်ရောင်မျက်ဝန်းတစ်စုံက ပန်းရောင်အဖူးလေးပေါ် ကျရောက်နေဟန်။
ဤနေရာရှိချယ်ရီပန်းပွင့်များက များပြားကာ အလွန်လှပကြသည်။မည်သူကများ သေနေပုံပေါ်သည့် လမ်းဘေးက ချယ်ရီပန်းပွင့်ပင်လေးအား အာရုံစိုက်နေမည်နည်း။ကုရွှမ်းတုက အကိုင်းပေါ်တွင်ထိုင်ကာကျွတ်ကျမတတ်မျက်လုံးများနှင့် ရင်ဘတ်အားအုပ်ကိုင်ထားနေရင်းမှ သူ့အတွေးများက ရောက်တတ်ရာရာသွားနေ၏။
မျှော်လင့်ထားသလိုပင် ဤကုန်းဇီပေါက်စလေးက ချယ်ရီပန်းပွင့်ပင်များထံမှ အဆွဲဆောင်ခံလိုက်ရလေသည်။သူက တောတစ်ခုလုံးလှည့်ပတ်သွားနေသည်က ချယ်ရီပန်းပွင့်တောထဲမှ မျောက်များမှအနိုင်ကျင့်ခံရသည်ထိပင်။ထို့နောက် မကျေနပ်သည့်မျက်နှာအမူရာဖြင့် သူက ထွက်သွားချင်ကြောင်းတစ်တွတ်တွတ်ပြောနေ၏။
အစေခံမလေးက ရယ်မောနေပြီး သူအားချော့မော့လိုက်ကာ သူ့အား သူ့ရဲ့အစေခံမလေးများက သွားပြီးဗိုလ်ကျသည့်မျောက်များအားဖမ်းကာ သင်ခန်းစာကောင်းကောင်းပေးလိုက်ရမလားဟု မေးလာ၏။
ကုန်းဇီပေါက်စလေးက သက်ပြင်းချကာ စိတ်ဝင်စားမှုနည်းနည်းနှင့် လက်ယမ်းပြလာပြီး"မလုပ်နဲ့ မလုပ်နဲ့...သူတို့ကို သွားခွင့်ပေးလိုက်ပါ...မျောက်အုပ်စုနဲ့ပြိုင်ပြီးအော်နေလို့ ဘာရမှာလဲ"
အစေခံမလေးက ရယ်မောလိုက်သလို ကုရွှမ်းတုလည်း လိုက်ရယ်မိလေ၏။
လူအချို့က နှစ်တစ်ရာကြာပြီးတာတောင်မှ အကြည့်လေးတစ်ချက်နှင့် မှတ်မိသွားနိုင်ပေ၏။
သူ့ရှေ့က ကုန်းဇီပေါက်စလေးက သူ ဖြစ်သည်။
ကုန်းဇီပေါက်စလေးက ခေါင်းငိုက်စိုက်နှင့် ပြန်လျှောက်လာ၏။သူက သူ့ဆီရောက်သည်နှင့် ရုတ်တရက်ရပ်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ကြည့်လာကာ"ဖူ ဟွား..."ဟုခေါ်လာလိမ့်မည်ဟု မည်သူကထင်မည်နည်း။
ဖူဟွားဟုခေါ်သည့် အစေခံမလေးက ဖြေရန်ရှေ့သို့လှမ်းလာ၏။
“ဒါကလည်း ချယ်ရီပန်းပွင့်ပင်မို့လား"
ကုန်းဇီပေါက်စလေး၏မျက်လုံးများက ချယ်ရီပန်းပွင့်ပင်ရှည်မျောမျောလေးထံ ကျသွားကာ မေးလိုက်သည်။
"ကျွန်တော်တို့ရဲ့ အိမ်ဝန်းလေးက ချယ်ရီပန်းပွင့်ပင် ပြတ်နေတာနဲ့ကြုံနေတာမို့လား"
ဖူဟွားက မေးလာ၏။
"သခင်လေးက ဒီတစ်ပင်ကို လိုချင်လို့လား..ဒါပေမယ့် ဒီတစ်ခုက နည်းနည်းသေးလွန်းတဲ့ပုံပဲ...အပွင့်လေးတစ်ပွင့်တောင်မရှိတာ...ဘာလို့ လှတဲ့တစ်ပင်ကို မရွေးတာလဲ..မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို ဝန်းထဲအပင်ကိုရွေ့ခိုင်းလိုက်မယ်..ဒါဆို ပန်းပွင့်လေးတွေလဲကြည့်လိူ့ရတာပေါ့"
ကုရွှမ်းတုက အစေခံမလေး၏စကားလုံးများက မှားယွင်းမနေကြောင်းတွေးမိရင်း ပြုံးလိုက်လေ၏။တကယ်တမ်း မည်သူကများ ထိုသို့ တစ်ဝက်သေနေသည့်အပင်အား သူတို့ဝန်းထဲစိုက်ချင်ပါမည်နည်း။ပိုလှသည့်တစ်ပင်က ပိုကောင်းမည်မဟုတ်လား။
သို့သော်လည်း ကုန်းဇီပေါက်စလေးက သူ့မျက်ခုံးများအားတွန့်ကြုတ်ကာ ဆိုလာ၏။
"မဟုတ်ဘူး..ဒီတစ်ခုကိုပဲလိုချင်တာ"
“ဘာလို့လဲ"သူ့အစေခံမလေးက အံ့အားသင့်သွားချေသည်။
“ဒီချယ်ရီပန်းပွင့်ပင်က ပေါက်ကာစပဲရှိသေးတာ...ချယ်ရီပန်းပွင့်တောထဲမှာသာ ဆက်ကြီးနေမယ်ဆိုရင် အများကြီး ကြီးမလာမှာစိုးမိတယ် ဒီလိုမျိုးသေသွားရတာက သနားစရာမကောင်းဘူးလား..ဘာလို့ ခြံဝန်းထဲရွေ့လိုက်ပြီး ကောင်းကောင်းပျိုးထောင်မပေးရမှာလဲ..နှစ်အနည်းငယ်အတွင်း ကြီးလာပြီးပန့်ပွင့်ချင်လည်းပွင့်လာနိုင်တာပေါ့"
ယခုအချိန်တွင် တောင်အောက်ရှိ ချယ်ရီပန်းပွင့်ပင်က နှစ်တစ်ရာခန့် ကြီးထွားပြီပြီဖြစ်၍ ချယ်ရီပန်းပွင့်ပင်သစ်လေးအဖို့ ကြီးထွားရန်က လွယ်ကူသည့်ကစ္စမဟုတ်ချေ။ကြီးထွားနေသည့် သစ်ပင်ကြီးများက အပင်သေးလေးများအတွက် နေရောင်ခြည်နှင့်မိုးအားကာထားသလိုဖြစ်နေကာ ဤချယ်ရီပင်ပေါက်လေး၏သွင်ပြင်အား ကြည့်လိုက်ခြင်းဖြင့် ယင်းလေးအတွက် ကြီးလာပြီးအပွင့်ပွင့်ရန် အခွင့်ရေးမရှိချေ။
သူ၏ကုန်းဇီပေါက်စလေးက ထိုသို့ပြောလာသဖြင့် ဖူဟွားလည်း မငြင်းဆန်နိုင်တော့ချေ။နောက်တစ်ရက်တွင် သူမက ချယ်ရီပန်းပင်လေးအား သူမတို့ကုန်းဇီလေး၏အိမ်ဝန်းထဲသို့ အမြစ်နှင့်အတူပို့ပေးရန် တစ်ယောက်ယောက်အား စေလွှတ်လိုက်လေသည်။
ဤချယ်ရီပန်းပွငိ့ပင်လေးက အလွန်သနားစရာကောင်း၍ထင် အပင်ရွေ့ကြသည့်လူများက အရွက်ကလေးကိုပင် မထိရဲကြကာ အလွန်ဂရုတစိုက်လုပ်ပေးကြလေ၏။
ထို့ကြောင့် ကုရွှမ်းတုမှာ ကုန်းဇီပေါက်စလေး၏အိမ်ဝန်းထဲသို့ ဦးတည်သွားရလေသည်။
ကုန်းဇီပေါက်စလေးက လင်းရုဖေးဟုခေါ်ကာ ခွန်းလွန်ဂိုဏ်းချုပ်၏အငယ်ဆုံးသားလည်း ဖြစ်သည်။သူက ကောင်းကင်ဘုံက ဂုဏ်ယူရသည့်သားတစ်ယောက်ဖြစ်သင့်ပါသော်လည်း အားနည်းကာ ဓါးရေးမကျင့်နိုင်ပေ။ကံကောင်းစွာနှင့် သူ၏အစ်ကိုအစ်မများက သူတို့နှလုံးသားတစ်ခုလုံးနှင့်အတူ သူ့အားအလိုလိုက်ထားကြလေ၏။
အချိန်အတော်ကြာပြီးနောက် ကုရွှမ်းတုမှာနောက်ဆုံး သူနှင့်ပြန်ဆုံရချေပြီ။သူက အတိတ်အားထပ်မမှတ်မိနိုင်၍သာ မဟုတ်ပါက သူ့အားမှတ်မိနိုင်ပေမည်။
ကုန်းဇီပေါက်စလေးက ဖြေးဖြေးချင်းအရွယ်ရောက်လာသော်ငြား ချယ်ရီပန်းပွင့်ပင်လေးက အားနည်းသည့်ပုံလေးနှင့် ရှိနေဆဲပင်။
မူလက ချယ်ရီပန်းပွင့်ပင်များမှာ နှစ်နှစ်သုံးနှစ်အတွင်း အပွင့်ပွင့်ကာအသီးသီးလာမည်ဖြစ်သော်ငြား အိမ်ဝန်းထဲက ဤတစ်ခုသည်ဖြင့် ဆယ်နှစ်နီးနီးကြာသွားပြီးသည်တောင် အကိုင်းလေးနှင့်အရွက်လေးကျိုးတို့ကျဲတဲသာရှိကာ သနားစဖွယ်ပုံလေးရှိနေသေး၏။
လင်းရုဖေးက ချောမောလှသည့်ကလေးလေးမှ နှစ်လိုဖွယ်ကောင်းသည့် ကောင်ငယ်လေးအဖြစ်ကြီးပြင်းလာသည်။သူ၏နေ့စဥ်လုပ်ငန်းက ရေပန်းလေးအားသယ်ကာ ချယ်ရီပန်းပွင့်ပင်လေးအား ရေလောင်းပေးခြင်းပင်။
နွေဦးရောက်နေပါက သူက ယင်းအား စကားအနည်းငယ်ခန့် တိုးတိုးလေးပြောတတ်ပေသည်။
“သူက ဘယ်လိုလုပ်ပြီး ပွင့်တောင်ပွင့်မလာရတာလဲ"
လင်းရုဖေးက သူ့ဝန်းထဲက ချယ်ရီပန်းပွင့်ပင်ရှည်ရှည်လိန်လိနိလေးအား ကြည့်ရင်း ဝမ်းပန်းတနည်း မျက်မှောင်ကြုတ်မိချေ၏။
သူ့လက်ချောင်းထိပ်လေးက ပင်စည်အား ထိတွေ့ကာလိမ့်ဆင်းသွားပြီး အရွက်များအား ထိပြီနောက် သက်ပြင်းချလိုက်ကာ"အရွက်ကလေးက နည်းလွန်းတယ်ဆိုရင်တောင်......"
ကုရွှမ်းတုက လင်းရုဖေးနှင့်မျက်စောင်းထိုးနေရာတွင်ရပ်နေပြီး သူ၏ကုန်းဇီပေါက်စလေးအား ကြည့်နေပေ၏။ကံမကောင်းစွာဖြင့် ကုန်းဇီပေါက်စလေးက ယခုအကြိမ်တွင် သူ့အား မမြင်နိုင်ပင်။
သူက ကုန်းဇီပေါက်စလေး၏စကားလုံးများအား နားထောင်လိုက်ရင်း တစ်ခဏမျှချင့်ချိန်စဥ်းစားနေပြီးနောက် မျက်ခုံးများစုတန်းသွားရကာ:"ဒါဖြင့်...ကိုယ်ပိုပြီးကြိုးစားကြည့်မယ်..."
ကုန်းဇီပေါက်စလေးက သူ့အသံအား ကြားသွားသည့်နှယ် အပြုံးလေးတစ်ခုပြလာရင်း သူ့ကိုယ်သူတီးတိုးရေရွတ်လိုက်လေသည်။
"မေ့လိုက်ပါတော့...မင်းကျေနပ်သလိုသာ လုပ်လိုက်ပါ"
သူ၏ကုန်းဇီပေါက်စလေးက ချယ်ရီပန်းပွင့်များအား မြင်ချင်နေသဖြင့် ကုရွှမ်းတုက သေချာပေါက်သူ့အား တောင်ခြေသို့ခေါ်သွားချင်ပြီး ဤခြောက်ကပ်ကပ်အပင်အားမမြင်စေချင်တော့ပေ။ထို့ကြောင့် သူကအလုပ်ကြိုးစားကာ အဆုံးတွင် ပန်းဖူးလေးတစ်ခုဖျစ်ညစ်ပွင့်လာရန် အားစိုက်ထုတ်လိုက်ရလေ၏။
ပန်းဖူးလေးက အကိုင်းရှည်ရှည်များပေါ် အထီးကျန်ရပ်နေကာ စစချင်းတွင် ယင်းက အလွန်သနားစရာကောင်းသည့်ပုံပေါ်သည်။
သို့သော်လည်း အနည်းဆုံးအနေနှင့် ယင်းအား အပွင့်တစ်ပွင့်အဖြစ် သတ်မှတ်၍ရလေသည်။
လင်းရုဖေးက သူ့မိသားစု၏ဂရုတစိုက်ပျိုးထောင်ထားသော ချယ်ရီပန်းပွင့်ပင်က နောက်ဆုံးအပွင့်ပွင့်လာသည်အား မြင်သော် သေချာပေါက် အပျော်လွန်သွားချေ၏။သို့သော်ငြား အဖူးလေးက ပွင့်လိုက်သည်နှင့် ရုတ်တရက် မိုးရွာပြီးကြွေကျသွားလေသည်။ပွင့်ဖတ်နူးနူးညံ့ညံ့လေးများက မိုးရေကြောင့်စိုစွတ်သွားရကာ လင်းရုဖေး၏အထိတ်တလန့်မျက်လုံးထဲတွင် ယင်းက ဖြေးဖြေးချင်း လွင့်မျောကာကြွေကျသွားပေ၏။
ကုန်းဇီပေါက်စလေးက ဤမြင်ကွင်းကြောင့် ချောက်ချားသွားရလေသည်။သူ့မျက်လုံးများက ပြုးကျယ်လာပြီး ပါးစပ်ဖွင့်ကာအော်တော့သည်။သို့သော်ငြား ကုရွှမ်းတုက တောက်တောက်ပပပြုံးပြီး လက်ချောင်းထိပ်လေးအားမြောက်လိုက်ရာ ကြွေကျသွားသည့်ပွင့်ဖတ်လေးက လင်းရုဖေး၏ပါးထက်သို့ လေတိုက်ရင်းရောက်သွားတော့သည်။
လင်းရုဖေးက သူ့မျက်လုံးထဲပန်းရောင်ဖျော့ဖျော့အရိပ်တစ်ခုဝင်မလာမီထိ တုန့်ပြန်ရန်အချိန်မမီလိုက်ပေ။သူက ရုတ်တရက်ဆန်လွန်းသည့်အခြေအနေကြောင့် တုန်လှုပ်သွားသည့်ပုံရကာ မျက်လုံးများအုပ်လိုက်ရင်း နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရာ သူ့နားထဲရယ်သံတိုးတိုးဖွဖွလေးက ပျောက်ကွယ်သွားလေ၏။
“ရှောင်ကျို့"တစ်ယောက်ယောက်က သူ့နာမည်အားခေါ်နေ၏။
သူက အနည်းငယ်လှုပ်ရှားလာပြီး သူ့ကိုယ်အားထိန်းထားကာ လောင်ကျွမ်းနေသည့်အသက်ရှူသံကာသူ့နားထဲရောက်လာ၏။ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူက တစ်ခုခုမြင်လိုက်ရသော်ငြား လင်းရုဖေးက ကစဥ့်ကလျားအိပ်မက်ကမ္ဘာသို့ ဝင်သွားလေပြီးဖြစ်၏။
အိပ်မက်ထဲတွင် သူက အနီရောင်ဝတ်စုံတစ်ခုအား တွေ့လိုက်ရသည်။
ဤတစ်ခဏ၌ လင်းရုဖေးက ဤသည်က သူတို့၏ပထမဆုံးတွေ့ဆုံမှုလားဟု တွေးမိလေ၏။
သို့သော်လည်း သူက ဤသည်က နှစ်ပေါင်းတစ်ရာကြာပြီးမှ ပြန်လည်တွေ့ဆုံရမှန်း မသိခဲ့ပါချေ။
(A/N): ပြီးပြီ ဒါက တရားဝင် အဆုံးသတ်ပါ...အဆုံးထိလိုက်ပါပေးကြလို့ မင်းတို့လေးတွေကို ကျေးဇူးတင်ပါတယ်..ပြီးတော့ စာရေးသူကိုလည်း တတ်နိုင်သလောက် supportလုပ်ပေးကြပါနော်..ဒီnovelကို လေးလလောက်နဲ့ပြီးမယ်လို့ လုံးဝမမျှော်လင့်ထားပေမယ့် မဖြုတ်ချလိုက်ဘဲနဲ့ လုပ်နိုင်သွားတဲ့အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတယ်...အနာဂတ်မှာ ကံဆုံလို့ပြန်တွေ့နိုင်ခဲ့ရင် နောက်ထပ် novelတစ်ခုမှာတွေ့ကြမယ်..ဒါပေမယ့် အခုအတွက် Satsukiလေး နှုတ်ဆက်ပါတယ်နော် ~ ❤
****
စာရေးသူမှာပြောစရာရှိတယ်~
ဒါက အတော်လေးများတဲ့ အဆုံးသတ်ပဲ..နောက်ထပ်စာအုပ်တစ်အုပ်မှာ တွေ့ကြမယ်နော်~ချစ်တဲ့~=3=
.......
ဒီဘာသာပြန်သူမှာလည်းပြောစရာရှိပါတယ် ~
တကယ်ကြီးပြီးပါပြီလို့ ...
ကျေးဇူးတင်ပါတယ် ❤️
See U AGAIN 😘
Translated By IQ-Team.