အပိုင်း ၁၉၃
Viewers 37k

Chapter 193
အချပ်ပို-၄။ တာ့ကျင့်ရှိ အတိတ်ကဖြစ်ရပ်အလီလီများ [၄] 

____


“သူမ မရှိတော့ဘူး..သူမ မရှိတော့ဘူး"

ပိုင်ကျင့်လွင်က အပေါ်ဝတ်ရုံလွှာပင် မဝတ်ရသေးကာ ညအိပ်ဝတ်ရုံနှင့် ပြေးလာသဖြင့် သူ ပရမ်းပတာဖြစ်နေမှန်း အကြည့်လေးတစ်ချက်နှင့်ပင် ပြောနိုင်၏။  

ရွှမ်ချင်းက ပိုင်ကျင့်လွင်ဆိုလိုသည့်အရာအား ချက်ချင်းနားလည်သွားရကာ မျက်မှောင်ကြုတ်လိုက်ပြီး:"မင်းရဲ့ အဲ့ဒီယုန်လေးလား" 

“ဟုတ်တယ် မနေ့ညတုန်းကအထိ သူမက ကျွန်တော့်အိပ်ရာခေါင်းရင်းမှာ ကောင်းကောင်းအိပ်နေတုန်းပါ..ဒီနေ့ ကျွန်တော်ထလာတော့ သူမ မရှိတော့ဘူး" 

ရွှမ်ချင်းက ဆိုလိုက်သည်။

"ကိုယ်တော်တစ်ချက်သွားစစ်ကြည့်ပေးမယ်" 

ထိုသို့ပြောပြီးနောက် နှစ်ဦးသား ပိုင်ကျင့်လွင်အခန်းဆီ ဦးတည်သွားလေ၏။ရွှမ်ချင်းက နေရာအား သေချာစစ်ဆေးကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ 

ပိုင်ကျင့်လွင်က မေးလာသည်။

"ဆရာတော်ရွှမ်ချင်း...တစ်ယောက်ယောက်က လာပြီး သူမကို ခေါ်ထုတ်သွားတာလား" 

ရွှမ်ချင်းက ခေါင်းခါပြလိုက်ကာ တွန့်ဆုတ်စွာဖြင့်ပြန်ဖြေလိုက်သည်။

"ဒီနေရာမှာ...အပြင်လူရဲ့အနံ့အသက်မရှိဘူး" 

ပိုင်ကျင့်လွင်က အံ့သြသွားရကာ:"ဘယ်လို..တစ်ယောက်ယောက်က ခမည်းတော်ဆီက စကားရပြီး သူမကို ကျွန်တော်ဘယ်လောက်ကြိုက်မှန်းသိသွားတာ နေမှာ...ဒါကြောင့်လည်း...." 

“မဟုတ်ဘူး...ဒီနေရာမှာ အပြင်လူရဲ့အငွေ့အသက်မရှိဘူး"

သို့သော်ငြား ရွှမ်ချင်းသည် ဖြစ်သွားသည့်အရာအား ပုံဖော်ကြည့်မိကာ သက်ပြင်းချလိုက်ပြီး "ကြည့်ရတာ သူမရဲ့ကိုယ်ပိုင်ဆန္ဒနဲ့ထွက်သွားတာ ဖြစ်နိုင်တယ်" 

ပိုင်ကျင့်လွင်က တောင့်ခဲသွားလေ၏။ 

ရွှမ်ချင်းသည်လည်း ကူကယ်ရာမဲ့သွားမိသည်။ 

ပိုင်ကျင့်လွင်က နေရာမှာတင် အချိိန်ခဏခန့်သတိမေ့သွားသလို ဖြစ်သွားပြီးမှ ရွှမ်ချင်း၏လေသံနှင့် အပြုအမူတို့မှတဆင့် သူဆိုလိုချင်သည်အား နားလည်သွားသည်။သူ့မျက်လုံးတွေက မယုံမကြည်နိုင်မှုကြောင့်အနည်းငယ်ပြူးကျယ်နေပြီး တုန်ယင်နေသည့်အသံဖြင့် ဆိုလာ၏။

"သူမကလေ...ကိုယ်တိုင် ထွက်သွားတယ်တဲ့လား"

သူ့မျက်လုံးတို့က ထိတ်လန့်မှုတချို့အား ပြလာပြီး"သူမက ကိုယ်တိုင် ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ...သူမက ယုန်ပုံစံဖြစ်နေတုန်းလေ...တခြားသူတွေသာ သူမကိုမြင်သွားရင် မိစ္ဆာတစ်ကောင်အနေနဲ့ အရိုက်ခံမှာမဟုတ်ဘူးလား" 

ရွှမ်ချင်းက ခေါ်လိုက်လေ၏။

"ကျင့်လွင်" 

ပိုင်ကျင့်လွင်က မော့ကြည့်လာသည်။ 

ရွှမ်ချင်းက သက်ပြင်းချလိုက်ပြီး"သူမက တကယ်တမ်း မင်းထင်သလောက် အားမနည်းပါဘူး" 

ပိုင်ကျင့်လွင်က ရွှမ်ချင်းအား အမူအရာကင်းမဲ့စွာကြည့်လာ၏။ 

ရွှမ်ချင်းက ဆက်ပြောလိုက်သည်။

"ကောင်းကင်ဘုံအုပ်ချုပ်သူက ယောင်ကွမ်းမှာ မဟာတည်ဆောက်ပုံကို အခြေတည်ပြီးကတည်းက အားနည်းလွန်းတဲ့ မိစ္ဆာတွေက ယောင်ကွမ်းမှာအသက်မရှင်နိုင်ကြဘူး...သူမက မင်းထင်သလောက် အများကြီးကာကွယ်ပေးဖို့မလိုအပ်ဘူး" 

ပိုင်ကျင့်လွင်၏မျက်နှာက ဖြူဖျော့သွားပြီး အကြိမ်ပေါင်းများစွာ တစ်ခုခုကို ပြောထုတ်ချင်ပါသော်လည်း အလုံးစုံမပြောလိုက်နိုင်ချေ။ရွှမ်ချင်းက သူ့အားကရုဏာသက်စွာကြည့်နေမိသည်မှာ ပိုင်ကျင့်လွင်က သူ့ဝတ်ရုံထောင့်နားလေးအား ပြင်းပြင်းထန်ထန် မဆုပ်ကိုင်လာခင်အထိပင်။

အဆုံးတွင်ဖြင့် ငိုသံလေးဖြင့် ဆယ်ကျော်သက်အရွယ် ပိုင်ကျင့်လွင်လေးကဆိုလာ၏။

"ရွှမ်ချင်း...ငါသူမကို မသွားစေချင်ဘူး...ကျေးဇူးပြုပြီး တောင်းဆိုပါတယ် သူမကို ကူရှာပေးပါနော်..."  

ရွှမ်ချင်းက သက်ပြင်းချလိုက်ပြီး"ကောင်းပြီလေ" 

ပိုင်ကျင့်လွင်၏ရွှေချောင်းကို ယူလိုက်ပြီးကတည်းက သူက ဆယ်စုနှစ်တစ်ခုစာအတွက် တာ့ကျင့်အင်ပါယာမိသားစု၏အရှုပ်အထွေးများတွင်၀င်ပါရန် ကံကြမ္မာငင်နေလေ၏။ယင်းက ကံကြမ္မာလား ကောင်းကင်ဘုံ၏ဆန္ဒလား သူမပြောနိုင်သော်ငြား ကြုံကြိုက်နေနှင့်ပြီးဖြစ်၍ သူ့လမ်းကြောင်းအတိုင်းလိုက်လိုက်ရုံသာတတ်နိုင်သည်။

ယုန်ဖြူလေးကထွက်သွားပြီးသော်ငြား ယင်းက သိသာစွာပင် သူ၏အငွေ့အသက်အား ဖုန်းကွယ်မထားခဲ့ချေ။ရွှမ်ချင်းက အချိန်တစ်ချို့ယူလိုက်ပြီးနောက် သူမအား ရှာဖွေနေတာကိုရပ်တန့်လိုက်ချိန်မှာ တာ့ကျင့်အင်ပါယာမြို့တော်အစွန်အဖျားလေးတွင်ဖြစ်၏။ယခုတစ်ကြိမ်၌ သူမက ယုန်မှလူသားအသွင်ပြောင်းထားလေပြီ။သူမပုံစံက နှစ်လိုဖွယ်ကောင်းကာ သနားစရာကောင်းသော်ငြား သူမအား ပြန်လိုက်ရန်တောင်းဆိုသည့် ပိုင်ကျင့်လွင်နှင့်ထိပ်တိုက်တွေ့သောအခါ သူမက မတူကွဲပြားသည့် စိတ်ဓါတ်ခိုင်မာမှုအား ပြလာသည်။ 

“ကျွန်မ ပြန်လိုက်မှာမဟုတ်ဘူး"

သူမက နားရွက်နားရှိ ဆံပင်စလေးအား သပ်တင်လိုက်ကာ နွေးထွေးသည့် အသံတိုးတိုးလေးနှင့်ပြောလာ၏။

"ကျွန်မရှင့်ကိုကြိုက်ပေမယ့် အဲ့ဒီနေရာကိုမကြိုက်ဘူး"  

ပိုင်ကျင့်လွင်က အံ့အားသင့်သွားလေသည်။ 

သူမက ဆက်ပြောလာသည်။

"ရှင်သွားနိုင်ပြီ...ကျွန်မ ပြန်လိုက်တော့မှာ မဟုတ်ဘူး" 

ပိုင်ကျင့်လွင်က တစ်ရှူးရှူးတစ်ရှဲရှဲဖြစ်လာပြီး:"မင်း စိုးရိမ်စရာမလိုဘူး...ငါမင်းကို ကာကွယ်နိုင်တယ်"  

သူမက မေးလာသည်။

"ကျွန်မကို ကာကွယ်မှာ...ဟုတ်လား"

သူမကခေါင်းကိုအသာတိမ်းစောင်းကာ ပြုံးလိုက်ပြီး:"ကောင်းပြီလေ...ကာကွယ်နိုင်တဲ့အချိန်ကျ ပြန်လာရှာပေါ့" 

ပိုင်ကျင့်လွင်က အံတင်းတင်းကြိတ်ရင်း အမြန်လှည့်ထွက်သွားတော့သည်။

ရွှမ်ချင်းက နောက်ကနေ သူ့လက်သီးများ ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်အား တွေ့လိုက်ရသည်။သူ၏လက်သည်းများက အရေပြားထိထိုးဖောက်သွားကာ လက်ချောင်းမှစီးကျလာသည့် သွေးစီးကြောင်းအနည်းငယ်ပင် မြင်လိုက်ရပေ၏။  

ရွှမ်ချင်းက မျက်လွှာချကာ အော်မီတော်ဖော်ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။အတွေးများက လှည့်ပတ်နေရင်းမှ သူက အချစ်ကိစ္စရှိသည့် လူများက အမှန်ပင် လူများအား ဒုက္ခဖြစ်စေကြောင်း တွေးမိလေ၏။ထိုပြဿနာအကြောင်းတရားများအား...သူဘယ်တော့မှ ထိတွေ့မည်မဟုတ်ချေ။ 

.............

အေးမြလှသည့် နွေဦးနေ့လေးတစ်နေ့။ 

ရွှမ်ချင်းတစ်ယောက် တာ့ကျင့်မှမထွက်ခွာမီ ပိုင်ကျင့်လွင်က သူ့အားသောက်ဖို့ရာ ဖိတ်ခေါ်လာ၏။ရွှမ်ချင်းက သေရည်အစား လက်ဖက်ရည်သာ သောက်ပြီး ပိုင်ကျင့်လွင်ကမူ ဝမ်းနည်းမှုအား ဖယ်ထုတ်ပစ်နေသည့်နှယ် တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်အား ထိုင်ကြည့်နေရသည်။  

ရွှမ်ချင်းက သူ့အားနှစ်သိမ့်ပေးရန် မကြိုးစားမိပါချေ။သူ့ရှေ့မှစားပွဲအား ငုံ့ကြည့်လိုက်ရာ ဖြေးဖြေးလေးတွားသွားလာသည့် အင်းဆက်တစ်ကောင်အား သတိထားမိသွား၏။သူ့လက်ချောင်းထိပ်လေးနှင့် ထိုအရာလေး၏ လမ်းအားပိတ်တားလိုက်သည်။အင်းဆက်လေးက အလွန်တုန်လှုပ်သွားရကာ ထိတ်လန့်တကြီး ပတ်ပတ်လည်အား တွားသွားတော့သည်။ထိုအရာလေး၏တောင်ပံအား အသာလေးဖိထားလိုက်ချိန်တွင် ရွှမ်ချင်း၏နှုတ်ခမ်းထောင့်လေးက ကော့ညွတ်သွားကာ ထို့နောက် ယင်းလေးကို သူ့လက်ချောင်းထိပ်လေးမှတဆင့် လက်ချောင်းလေးတစ်လျှောက်တွားသွားလာခွင့်ပေးထားလိုက်၏။ပြီးနောက် လက်ယမ်းလိုက်ရာ အင်းဆက်ပေါက်စလေးက စတင်တောင်ပံခတ်လာပြီး တခြားတစ်နေရာရာသို့ ဦးတည်သွားတော့သည်။

သူက ထိုအင်းဆက်ကလေးနှင့် ကစားနေသဖြင့် ပိုင်ကျင့်လွင်ဘေးတွင်ထိုင်နေဆဲဖြစ်သည့် သူ့အားနက်နက်ရှိုင်းရှိူင်းနှင့်အဓိပ္ပါယ်အပြည့်အကြည့်နှင့်ကြည့်နေသော ပိုင်ထျန်းရွေ့အား သတိမထားမိလိုက်ချေ။ 

“ငါသာ ရန်ပွဲမှာမပါလိုက်ရင် အရာအားလုံးအဆင်ပြေသွားမယ်လို့ထင်ခဲ့တာ" 

ပိုင်ကျင့်လွင်က အများကြီးသောက်ထားသဖြင့် ပုံမှန်ထက် ပိုစကားများနေ၏။သူက မျက်လုံးများအား မှေးကျဥ်းလိုက်ချိန်တွင် အကျိုးအကြောင်းဖြင့်ရှင်းပြ၍မရနိုင်သည့်အရှိန်အ၀ါတစ်ခုက လက်ရှိဧကရာဇ်နှင့် အနည်းငယ်ဆင်တူသွားသည်။

"တကယ် စိတ်ပျက်စရာပဲ" 

ဧကရာဇ်က ကြင်နာတတ်ကာ သူ့တွင်ကလေးပိုပြီးရှိလာလေလေ သေချာပေါက်ပိုကောင်းလေလေဖြစ်မည်ပင်။ပိုင်ကျင့်လွင်ပြီးနောက် ခြောက်ယောက်ခုနစ်ယောက်ခန့်က ညီမများသာဖြစ်သည်။သူ့ညီတော်များပါထပ်တိုးလိုက်ပါက နှစ်ဆယ့်လေးယောက်ထက်မနည်းပင်။အင်ပါယာမင်းသားများနှင့်မင်းသမီးအချို့က နန်းတွင်းသူများမှမွေးဖွားသည်ဖြစ်ပြီး သူတို့အမည်များပင် မမှတ်မိနိုင်တော့ပေ။  

သားတော်များနှင့်သမီးများက အင်ပါယာအတွက် ကောင်းသည့်အရာဖြစ်သင့်သော်လည်း ကလေးများက အတော် သနားစရာကောင်းပေ၏။ 

ပိုင်ကျင့်လွင်က စကားပြောနေပြီး ရွှမ်ချင်းကလည်း နားထောင်ပေးနေသည်။သူ့မျက်လုံးများက ပြုံးနေသော်ငြား သူ့ပါးစပ်မှ စကားတစ်ခွန်းမှထွက်မလာချေ။ယင်းက သူသည်ကား ဗုဒ္ဓရုပ်ထုတစ်ခုဖြစ်ကာ သူ့အားကိုးကွယ်သူတို့၏နေ့စဥ်ဒုက္ခတို့အား နားထောင်ပေးနေရသည့်နှယ်။  

သို့သော်ငြား ဗုဒ္ဓက သူ့အားကိုးကွယ်သူများအား မည်သို့များနှစ်သိမ့်ပေးနိုင်မည်နည်း။  

“ဆရာတော်ရွှမ်ချင်းက ဘယ်အချိန်မှာ ထွက်သွားတော့မှာများလဲ"ပိုင်ထျန်းရွေ့က ရုတ်တရက် ကောက်မေးလာ၏။ 

“ရက်အနည်းငယ်အတွင်း သွားတော့မလို့ပါ"

ရွှမ်ချင်းက ပြန်ဖြေသည်။

"ကိုယ်တော်က မိုးနည်းနည်းတိတ်သွားတဲ့ထိ စောင့်နေတာပါ" 

ပိုင်ထျန်းရွေ့က အပြင်ဘက်အား ကြည့်လိုက်သည်။နွေဦးမိုးက အဆက်မပြတ်သေးချေ။ရက်အနည်းငယ်ကြာသွားပြီသည်တောင်မှ သူက နေအားမမြင်ရသေးပေ။သူက အကြိမ်အနည်းငယ်ခန့် ညည်းညူလိုက်ချင်သေးသော်လည်း ယနေ့ရွှမ်ချင်း၏အဖြေအား နားထောင်ပြီးနောက် အမှန်ပင် နွေဦးမိုးအား ဆက်ကျနေစေရန် မျှော်လင့်မိသည်။ 

သုံးဦးသား သောက်နေကြပြီးစကားဆိုနေကြသော်ငြား လေထုက အသက်ဝင်နေသည်ဟု ဆုံးဖြတ်၍မရချေ။ရွှမ်ချင်းက အမြဲတစေ စကားအနည်းငယ်သာပြောပြီး ပိုင်ထျန်းရွေ့က သူ့စိတ်ထဲတစ်ခုခုရှိနေ၍ ပိုင်ကျင့်လွင်ကသာ စကားပြောဖို့ရာကျန်၏။သက်ဝင်တက်ကြွနေသည့် စားသောက်ပွဲတစ်ခုဖြစ်သင့်သော်လည်း သူတို့က အထီးကျန်အရိပ်အရောင်များနှင့်သာ အဆုံးသတ်သွားကြလေသည်။

နေမင်းကြီးက အနောက်ရပ်မှထွက်ပြူလာပြီဖြစ်ကာ ပိုင်ကျင့်လွင်က သောက်နေရာမှ စားပွဲပေါ်သို့လဲကျသွားသည်။ရွှမ်ချင်းက နှုတ်ဆက်စကားဆိုရန် ထရပ်လိုက်ပြီး သူကအနားယူရန်ပြန်တော့မည်ဖြစ်ကြောင်းဆိုလာ၏။ 

“ဆရာတော်ရွှမ်ချင်း"ပိုင်ထျန်းရွေ့က သူ့အားခေါ်လာသည်။။ 

ရွှမ်ချင်းက ပြန်လှည့်လိုက်သည်။

“ခင်ဗျားမှာ အရင်က အရမ်းကောင်းတဲ့မိတ်ဆွေရှိခဲ့ဖူးလား"ပိုင်ထျန်းရွေ့က မေးလာ၏။ 

“သေချာပေါက် ရှိတာပေါ့"ရွှမ်ချင်းက အပြုံးလေးနှင့်ပြန်ဖြေသည်။

ပိုင်ထျန်းရွေ့က မေးပြန်သည်။

"သူတို့က ဘယ်လိုလူမျိုးလဲ" 

ရွှမ်ချင်းက တစ်ခဏမျှစဥ်းစားနေပြီး:"ဘယ်လိုလူမျိုးလဲဆိုတော့...ပြောရမယ်ဆိုရင် သူတို့ကလောကရဲ့နှလုံးသားဖြစ်နိုင်တယ်.." 

ပိုင်ထျန်းရွေ့က ဆက်ပြောလာသည်။

"ခင်ဗျားကရော..." 

ရွှမ်ချင်းက ပြန်မေးလိုက်မိသည်။

"ကိုယ်တော်လား" 

ပိုင်ထျန်းရွေ့က သူ့အားမေးလာသည်။

"ခင်ဗျားမှာရော လောကအတွက်နှလုံးသားရှိလား" 

ရွှမ်ချင်းက မျက်တော်ခတ်လိုက်လေ၏။သူက ခေါင်းခါပြကာ တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

"လောကကြီးက ကြီးမားလှပါတယ်...ကိုယ်တော့်လိုမျိုး ဘုန်းကြီးတစ်ပါးက ဘယ်လိုများ အဲ့တာတွေအကုန်လုံးကို ဂရုစိုက်နေနိုင်မှာလဲ" 

ပိုင်ထျန်းရွေ့က ဆိုလိုက်သည်။

"ဒါဖြင့် ခင်ဗျားနှလုံးသားထဲမှာ ဘာရှိလဲ"

ပြောနေရင်းမှ သူ့မျက်လုံးများက ရွှမ်ချင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျသွားသည်။ 

ရွှမ်ချင်းက အနည်းငယ် တောင့်ခဲသွားရသော်ငြား ပြန်ပြုံးလိုက်ပြီး နွေးထွေးလှသည့်လေသံလေးနှင့်ပြန်ဖြေလာ၏။

"ဒီကိုယ်တော်ရဲ့နှလုံးသားထဲမှာဖြင့် သေချာပေါက် ဗုဒ္ဓဘုရားရှင်နဲ့ပြည့်နေပါတယ်"

ထို့နောက် သူက လှည့်ထွက်သွားပြီး ပြန်မလှည့်လာတော့ချေ။ 

ပိုင်ထျန်းရွေ့က ခွက်ထဲရှိသေရည်အား သောက်လိုက်ပြီး သူ့ဘေးရှိမူးနေသော အစ်ကိုအား တစ်ချက်ကြည့်လိုက်သည်။ရုတ်တရက် သူ့ခန္ဓာကိုယ်က အနည်းငယ်အေးစက်လာသည်အား ခံစားလိုက်ရသည်။ 

ဤနွေဦးက...ယခင်နှစ်များကထက် နည်းနည်းပိုချမ်းမည့်ပုံပင်။ 

သူက ပိုင်ထျန်းရွေ့က ရင်ထဲရှိ အတွေးများကြောင့်တစ်ခုခုဖြစ်နေသလား ဆိုတာလည်းမသိပေ။ 

ဤနွေဦးမိုးက မရပ်သွားမီအထိ သုံးလေးရက်ကြာပေ၏။ 

အစေခံမလေးက ဤမိုးသာဆက်ရွာနေလျှင် လူများက မှိုတက်ကုန်လာတော့မည်ဟုပင် ညည်းညူနေကြချေပြီ။ပိုင်ထျန်းရွေ့က သူမစကားများကို လက်ဖက်ရည်ခွက်အား လက်ချောင်းနှင့်ချိတ်ကိုင်ထားရင်းမှ လက်ဖက်ရည်ပူပူလေးကို တစ်ငုံမျှသောက်ကာနားထောင်နေ၏။ 

“မင်းလိုက်သွားပြီး သွားမစစ်ကြည့်ဘူးလား"

ပိုင်ကျင့်လွင်က အပြင်မှဝင်လာသည်နှင့်ကြုံသဖြင့် သူ၏ပျင်းပျင်းရိရိညီငယ်လေးအား သတိထားမိသွားကာ မေးလိုက်မိသည်။

"သူ ထွက်သွားပြီ" 

ပိုင်ထျန်းရွေ့က ပြန်ဖြေလာ၏။

"သူထွက်သွားရင် ထွက်သွားတာပေါ့ ကျွန်တော့်အလုပ်မဟုတ်ဘူး"

ထိုသို့ပြောလိုက်သောလည်း သူက ချက်ချင်းပင်ထရပ်လိုက်ပြီး ဘေးတွင်ထားထားသည့် ဆီစိမ်စက္ကူထီးအား ယူကာ အမြန်ထွက်သွားလေ၏။ 

ပိုင်ကျင့်လွင်က ဤသည်အား မြင်သော် ကူကယ်ရာမဲ့စွာသက်ပြင်းချမိလေသည်။

ရွှမ်ချင်းက သူ၏ဝါးခမောက်အား ဆောင်းကာ အင်ပါယာအိမ်တော်အပြင်ဘက်သို့ လျှောက်လာ၏။သူက တံခါးနားသို့ရောက်သော် ထီးကိုင်ထားသည့်ပိုင်ထျန်းရွေ့အား သတိထားမိသွားသည်။

ပိုင်ထျန်းရွေ့က ပင့်သက်ရှိုက်ကာ သူ့အားမေးလာ၏။

"မိုးရပ်သွားရင် ထွက်သွားမယ်လို့ပြောခဲ့တာမဟုတ်ဘူးလား"  

ရွှမ်ချင်းက ပြန်ဖြေလာသည်။

"ဒီမိုးဘယ်အချိိန်ရပ်မလဲ ကိုယ်တော်မသိဘူး" 

ပိုင်ထျန်းရွေ့က မျက်မှောင်ကြုတ်လိုက်မိသည်။ 

ရွှမ်ချင်းက ဆက်ပြောလာ၏။

''ကိုယ်တော့်မှာ လုပ်စရာအချို့ရှိနေတုန်းမို့လို့ ဆက်ပြီးနှောင့်နှေးနေရင် ကောင်းမှာမဟုတ်မှာ စိုးမိတယ်" 

ပိုင်ထျန်းရွေ့က အနည်းငယ်ပေါက်ကွဲသွားပုံရသည်။သူက ထီးလက်ကိုင်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ရင်း အံကြိတ်ကာဆိုသည်။

"ဒါဖြင့် ခင်ဗျားထွက်သွားသင့်တယ်" 

ရွှမ်ချင်းက လက်အုပ်ချီပြီး သူ့အားဦးညွတ်လိုက်ကာ လိုရာခရီးဆီသို့ ဦးတည်သွားရနိ နန်းတော်တံခါးအပြင်ဘက်သို့ ခြေလျင်ထွက်ခဲ့လေ၏။သူ့အနောက်မှ အသံဖွဖွတစ်ခုထွက်လာပြီး စိတ်ကောင်းဝင်မနေသည့် ဆယ်ကျော်သက်လေးက လက်ထဲရှိ ဆီစိမ်စက္ကူထီးအား မြေကြီးပေါ်သို့ လွှင့်ပစ်ကာ အကြိမ်အနည်းငယ်ခန့် နင်းခြေပစ်လိုက်သည်။  

ဟင်း...အဆုံးမှာတော့ သူက ကလေးသာသာပဲရှိသေးတာလေ...

ရွှမ်ချင်းက သူ့ခန္ဓာကိုယ်က မိုးရေကြောင့် တစ်ဖန်ပြန်စိုစွတ်သွားရင်းနေမှ တွေးလိုက်မိသည်။ 

အဆုံးတွင် ရွှမ်ချင်း၏ကျင့်ကြံခြင်းဘယ်လောက်မြင့်ကြောင်းကို နောက်ပိုင်းကျင့်ကြံခြင်းအဆင့်ရှစ်ရောက်လာသည့် ပိုင်ထျန်းရွေ့ပင် ပြောရန်ခက်လေ၏။ရွှမ်ချင်းနှင့်စကားစမြည်ပြောခြင်းမှ သူက ဤဘုန်းကြီးမှာ သူနှင့်တူညီသည့်မင်းဆက်မှလာသည်မဟုတ်ကြောင်း လေ့လာမိသည်မှာ ရွှမ်ချင်းက ကောင်းကင်ဘံအုပ်ချုပ်သူအကြောင်းကိုတောင် များစွာသိနေ၍ဖြစ်သည်။ 

သို့သော်လည်း သူ၏ကျင့်ကြံခြင်းဖြင့်ပင် ရွှမ်ချင်းကို မရှာနိုင်ဘဲ ပိုင်ကျင့်လွင်တစ်ယောက်သာ သူ့ကိုရှာတွေ့နိုင်၏။အနှစ်ချုပ်သော် ရွှမ်ချင်းနှင့် သူတို့ပိုင်မိသားစု၏မူလအစက သူ့လက်ထဲပိုက်ထားသည့် ရွှေချောင်းများကြောင့်သာဖြစ်ချေသည်။သို့သော်လည်း ရွှေက သူ့လက်ထဲသို့ ပိုင်ကျင့်လွင်ထည့်ပေးခြင်းသာဖြစ်ပြီး ပိုင်ထျန်းရွေ့ဆိုသည့် သူနှင့်ဘာမှမဆိုင်ချေ။ 

ပိုင်ထျန်းရွေ့က အလွန်အမင်းသဝန်တိုမိပါသော်လည်း သူဘာမျှမလုပ်နိုင်ချေ။ 

ဤဆယ်နှစ်အတောအတွင်း ရွှမ်ချင်းတာ့ကျင့်သို့ရောက်လာသည့်အကြိမ်က လက်တစ်ဖက်တည်းနှင့် ရေတွက်လို့ရပေသည်။သို့သော်လည်း သူရောက်လာသည့်အချိန်တိုင်း အသက်ကြီးကြီးမျက်နှာပုံစံသာ ရှိလေ၏။ပိုင်ထျန်းရွေ့ကသူ့အား မည်မျှရန်သွားစပါစေ စိတ်ဆိုးလာခြင်းမရှိချေ။နောက်ပိုင်း ပိုင်ထျန်းရွေ့ကသာ မောလာရကာ ရွှမ်ချင်း၏နှလုံးသားက အမှန်တကယ်ပင် ဗုဒ္ဓဘုရားရှင်သာရှိကြောင်း သဘောပေါက်သွားလေ၏။

___

Translated By IQ-Team.